Shwe Myanmar San Law Firm

Shwe Myanmar San Law Firm Local Law Firm provide services for Corporate Sectors, Litigation, Tax, Labor & Real Estate.

ယနေ့ကျရောက်သည့် ကဆုန်လပြည့်နေ အခါသမယတွင် ကျက်သရေ မင်္ဂလာအပေါင်းနှင့် ပြည့်စုံကြပါစေကြောင်း Shwe Myanmar San Law Firm မှ ...
30/04/2026

ယနေ့ကျရောက်သည့် ကဆုန်လပြည့်နေ အခါသမယတွင် ကျက်သရေ မင်္ဂလာအပေါင်းနှင့် ပြည့်စုံကြပါစေကြောင်း Shwe Myanmar San Law Firm မှ ဆုတောင်းမေတ္တာပို့သအပ်ပါသည်။ 🪷

☸️ ရုံးပိတ်ရက် အသိပေးကြေညာခြင်း 👷၂၀၂၆ ခုနှစ်၊ ဧပြီလ (၃၀) ရက် (ကြာသပတေးနေ့) မှ မေလ (၃) ရက် (တနင်္ဂနွေနေ့) အထိသည် အများပြည...
30/04/2026

☸️ ရုံးပိတ်ရက် အသိပေးကြေညာခြင်း 👷

၂၀၂၆ ခုနှစ်၊ ဧပြီလ (၃၀) ရက် (ကြာသပတေးနေ့) မှ မေလ (၃) ရက် (တနင်္ဂနွေနေ့) အထိသည် အများပြည်သူတို့၏ အလုပ်ပိတ်ရက်များဖြစ်ပါသဖြင့် Shwe Myanmar San Law Firm ၏ ရုံးအား ပိတ်ထားမည်ဖြစ်ပြီး၊ ဆွေးနွေးမှုများကို ဖုန်းဖြင့်ဖြစ်စေ၊ page ၏ Chat Box မှဖြစ်စေ၊ မေးမြန်းစုံစမ်းဆွေးနွေးနိုင်မည်ဖြစ်ပါကြောင်း လေးစားစွာဖြင့် အသိပေးအပ်ပါသည်။ 📣


25/04/2026

“လူတစ်ယောက်ကွယ်လွန်သွားတဲ့အခါ ကျန်ရစ်တဲ့အမွေပစ္စည်းတွေကို ဘယ်သူတွေက ဆက်ခံခွင့်ရှိသလဲ?” 🤔

ဒီအကြောင်းအရာလေးကို Shwe Myanmar San Law Firm ရဲ့ “၁ မိနစစာ ဥပဒေ” ဆိုတဲ့အစီအစဉ်လေးမှာဝင်ရောက်ကြည့်ရှုနိုင်ပါပြီ ⚖️

⚠️ Disclaimer : ယခု ဗီဒီယိုအား ဥပဒေဆိုင်ရာ ဗဟုသုတနှင့် သတင်းအချက်အလက် ဖြန့်ဝေရန်အတွက်သာ ရည်ရွယ်ပြီး တရားရုံးနှင့် ဥပဒေရေးရာ ကိစ္စရပ်များအတွက် Shwe Myanmar San Law Firm မှ လိုင်စင်ရ ဝါရင့်ရှေ့နေများကသာ ကိုင်တွယ်ဆောင်ရွက်ပေးလျက်ရှိပါသည်။

မူပိုင်ခွင့် (Copyright) ဆိုတာ ဘာလဲ?🔸မူပိုင်ခွင့်ဆိုသည်မှာ မိမိကိုယ်တိုင် တီထွင်ဖန်တီးထားသော အနုပညာလက်ရာများ၊ စာပေနှင့် ...
22/04/2026

မူပိုင်ခွင့် (Copyright) ဆိုတာ ဘာလဲ?
🔸မူပိုင်ခွင့်ဆိုသည်မှာ မိမိကိုယ်တိုင် တီထွင်ဖန်တီးထားသော အနုပညာလက်ရာများ၊ စာပေနှင့် အသိပညာဆိုင်ရာ ရလဒ်များကို ဥပဒေကြောင်းအရ အကာအကွယ်ပေးထားခြင်း ဖြစ်ပါတယ်။
ဥပမာအားဖြင့်
* စာပေလက်ရာများ (စာအုပ်၊ဆောင်းပါး၊ ကွန်ပျူတာဆော့ဖ်ဝဲ)

* အနုပညာလက်ရာများ (ဓာတ်ပုံ၊ ပန်းချီ၊ ဒီဇိုင်း၊ ဗိသုကာလက်ရာ)

* အသံနှင့် ရုပ်သံလက်ရာများ (သီချင်း၊ ရုပ်ရှင်၊ ဗီဒီယို) တို့ ပါဝင်ပါတယ်။

🔸မိမိဖန်တီးထားသော အရာကို အခြားသူတစ်ဦးက ခွင့်ပြုချက်မရှိဘဲ ကူးယူခြင်း၊ ပြုပြင်ခြင်း သို့မဟုတ် စီးပွားရေးအရ အမြတ်ထုတ်ခြင်းတို့မှ ကာကွယ်ရန် မူပိုင်ခွင့်မှတ်ပုံတင်ခြင်း သည် အလွန်အရေးကြီးပါတယ်။

🔸ဒါကြောင့် လူကြီးမင်းတို့ရဲ့ စာပေနှင့် အနုပညာလက်ရာများ၊ ဖန်တီးမှုများကို ကာကွယ်နိုင်ရန်အတွက် အောက်ဖော်ပြပါ ဝန်ဆောင်မှုများကို ကျွန်တော်တို့ရဲ့ Shwe Myanmar San Law Firm မှ ဆောင်ရွက်ပေးလျက်ရှိပါတယ်ခင်ဗျာ။
©️မူပိုင်ခွင့် မှတ်ပုံတင်ခြင်းဆိုင်ရာ လုပ်ငန်းစဉ်များကို အစအဆုံး တာဝန်ယူ ဆောင်ရွက်ပေးခြင်း။
©️မူပိုင်ခွင့်ဥပဒေနှင့် ပတ်သက်၍ သိရှိလိုသည်များကို အသေးစိတ် အကြံပေးဆွေးနွေးခြင်း။
©️မိမိ၏ မူပိုင်ခွင့်ကို ချိုးဖောက်ခံရပါက ဥပဒေကြောင်းအရ သတိပေးစာ (Legal Notice) ပေးပို့ခြင်း။
©️မိမိလက်ရာကို အခြားသူများအား အသုံးပြုခွင့်ပေးရာတွင် ခိုင်မာသော စာချုပ်စာတမ်းများ ချုပ်ဆိုပေးခြင်း။
©️မူပိုင်ခွင့်ဆိုင်ရာ အငြင်းပွားမှုများအတွက် တရားရင်ဆိုင်ရာတွင် ဥပဒေအရ အကာအကွယ်ပေးခြင်း။
စတဲ့ ဝန်ဆောင်မှုများနှင့်အတူ အခြားသော ဥပဒေဝန်ဆောင်မှုများ လဲ ဆောင်ရွက်ပေးနေတာဖြစ်တဲ့အတွက်ကြောင့် အကြံဉာဏ်များရယူလိုပါက Shwe Myanmar San Law Firmမှာ စိတ်ချလက်ချ လာရောက် ဆွေးနွေးတိုင်ပင် အပ်နှံနိုင်ပါတယ်ခင်ဗျာ။လူကြီးမင်းတို့စိတ်တိုင်းကျ မှန်ကန်တိကျစွာ ဆောင်ရွက်ပေးနေပါတယ်ခင်ဗျာ။
အသေးစိတ်စုံစမ်းမေးမြန်းလိုပါက
✉️Page Chat box မှဖြစ်စေ
📞 09421115345တို့ကိုဖြစ်စေဆက်သွယ်မေးမြန်းနိုင်ပါတယ်ခင်ဗျာ။


💦 သင်္ကြန်ဆုတောင်း 🔫မြန်မာသက္ကရာဇ် (၁၃၈၇) ခုနှစ်မှ (၁၃၈၈) ခုနှစ်သို့ ကူးပြောင်းသည့် မြန်မာ့ရိုးရာ အတာသင်္ကြန် နှစ်သစ်ကူး...
13/04/2026

💦 သင်္ကြန်ဆုတောင်း 🔫

မြန်မာသက္ကရာဇ် (၁၃၈၇) ခုနှစ်မှ (၁၃၈၈) ခုနှစ်သို့ ကူးပြောင်းသည့် မြန်မာ့ရိုးရာ အတာသင်္ကြန် နှစ်သစ်ကူး အခါသမယတွင် မြန်မာပြည်သူပြည်သားအားလုံး ဘေးဘယာဝေးကွာ၍ ကောင်းကျိုးလိုအင်ဆန္ဒများ ပြည့်ဝကြပါစေကြောင်း Shwe Myanmar San Law Firm မှ ဆုမွန်ကောင်း တောင်းအပ်ပါသည်။ 🙏

💦 ရုံးပိတ်ရက် အသိပေးကြေညာခြင်း 🔫၂၀၂၆ ခုနှစ်၊ ဧပြီလ (၁၁) ရက် (စနေနေ့) မှ ဧပြီလ (၁၉) ရက် (တနင်္ဂနွေနေ့) အထိသည် နှစ်သစ်ကူး ...
09/04/2026

💦 ရုံးပိတ်ရက် အသိပေးကြေညာခြင်း 🔫

၂၀၂၆ ခုနှစ်၊ ဧပြီလ (၁၁) ရက် (စနေနေ့) မှ ဧပြီလ (၁၉) ရက် (တနင်္ဂနွေနေ့) အထိသည် နှစ်သစ်ကူး ရုံးပိတ်ရက်များဖြစ်ပါသဖြင့် Shwe Myanmar San Law Firm ၏ ရုံးအား ပိတ်ထားမည်ဖြစ်ပြီး၊ ဆွေးနွေးမှုများကို page ၏ Chat Box မှတစ်ဆင့် မေးမြန်းစုံစမ်းဆွေးနွေးနိုင်မည်ဖြစ်ပါကြောင်း လေးစားစွာဖြင့် အသိပေးအပ်ပါသည်။ 📣

ပျော်ရွှင်စရာ မဟာသင်္ကြန်အခါသမယ ဖြစ်ကြပါစေကြောင်း Shwe Myanmar San Law Firm မှ ထပ်လောင်း၍ ဆုမွန်ကောင်း တောင်းအပ်ပါသည်။ 🙏


၂၀၂၆ ခုနှစ်၊ ဧပြီလအတွင်း ပြုလုပ်မည့် တရားလွှတ်တော်ရှေ့နေ အသိအမှတ်ပြုလက်မှတ်ပေးအပ်ပွဲ တက်ရောက်ရန် ကြေညာချက် အား သက်ဆိုင်သ...
06/04/2026

၂၀၂၆ ခုနှစ်၊ ဧပြီလအတွင်း ပြုလုပ်မည့် တရားလွှတ်တော်ရှေ့နေ အသိအမှတ်ပြုလက်မှတ်ပေးအပ်ပွဲ တက်ရောက်ရန် ကြေညာချက် အား သက်ဆိုင်သူများ သိရှိစေရန် တင်ပြအပ်ပါသည်။

Source - www.unionsupremecourt.gov.mm


28/03/2026

မြန်မာဗုဒ္ဓဘာသာဝင်တွေ သေတမ်းစာရေးခွင့်ရှိလား? ❌✅

ဒီအပတ်ရဲ့ "သိလိုရာမေး" အစီအစဉ်မှာတော့ -
📌 မြန်မာဗုဒ္ဓဘာသာဝင်တွေ သေတမ်းစာရေးခွင့်ရှိသလား?
📌 သေတမ်းစာရေးခွင့်မရှိရင် အမွေကို ဘယ်လိုစီမံမလဲ? စတဲ့ အကြောင်းအရာတွေကို ဥပဒေဗဟုသုတအနေနဲ့ တင်ဆက်ပေးထားပါတယ်။ ⚖️✨

⚠️ Disclaimer : ယခု ဗီဒီယိုအား ဥပဒေဆိုင်ရာ ဗဟုသုတနှင့် သတင်းအချက်အလက် ဖြန့်ဝေရန်အတွက်သာ ရည်ရွယ်ပြီး တရားရုံးနှင့် ဥပဒေရေးရာ ကိစ္စရပ်များအတွက် Shwe Myanmar San Law Firm မှ လိုင်စင်ရ ဝါရင့်ရှေ့နေများကသာ ကိုင်တွယ်ဆောင်ရွက်ပေးလျက်ရှိပါသည်။


#သိလိုရာမေး

မင်္ဂလာပါ 🙏 ဒီအပတ်မှာတော့ အရေးကြီးကုန်စည်နဲ့ ဝန်ဆောင်မှုဥပဒေအကြောင်းကို ရှင်းပြပေးသွားမှာဖြစ်ပြီး မြန်မာနိုင်ငံမှာ အရေးက...
25/03/2026

မင်္ဂလာပါ 🙏 ဒီအပတ်မှာတော့ အရေးကြီးကုန်စည်နဲ့ ဝန်ဆောင်မှုဥပဒေအကြောင်းကို ရှင်းပြပေးသွားမှာဖြစ်ပြီး မြန်မာနိုင်ငံမှာ အရေးကြီးကုန်စည်နဲ့ အရေးကြီးဝန်ဆောင်မှုတွေအဖြစ် သတ်မှတ်ကြေညာထားတဲ့ ကုန်စည်တွေ၊ လုပ်ငန်းတွေကို ပြောပြပေးသွားမှာဖြစ်ပါတယ်။ 📣

📦 အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေကို ၂၀၁၂ ခုနှစ်၊ ဩဂုတ်လ (၁၀) ရက်နေ့မှာ ပြဌာန်းခဲ့ပါတယ်။

🔶 ပုဒ်မ (၃) အရ ဥပဒေရဲ့ ရည်ရွယ်ချက်တွေကတော့ -
🔸 နိုင်ငံသားတွေရဲ့ အကျိုးစီးပွါးကို အထောက်အကူပြုမယ့် ကုန်စည်နဲ့ ဝန်ဆောင်မှုတွေကို ကာကွယ်နိုင်ရန်၊
🔸 နိုင်ငံသားတွေရဲ့ အကျိုးစီးပွါးကို ထိခိုက်စေနိုင်တဲ့ ကုန်စည်နဲ့ ဝန်ဆောင်မှုတွေကို ကန့်သတ်တားဆီးနိုင်ရန်၊
🔸 ဘေးအန္တရာယ်၊ ကူးစက်ရောဂါနဲ့ အခြားမလိုလားအပ်တဲ့ ကိစ္စရပ်တွေပေါ်ပေါက်နိုင်တဲ့ ကုန်စည်နဲ့ တိရစ္ဆာန်တွေကို ပြည်တွင်းမှာ သယ်ဆောင်တာ၊ ပြည်တွင်းကို တင်သွင်းတာနဲ့ ပြည်ပကို တင်ပို့တာ၊ စတာတွေကို တားဆီးနိုင်ဖို့ ဖြစ်ပါတယ်။

🔶 ပုဒ်မ (၄) အရ ပြည်ထောင်အစိုးရအဖွဲ့အနေနဲ့ အရေးကြီးကုန်စည်အဖြစ် ကြေညာထားတဲ့ ကုန်စည်တွေ၊ တိရစ္ဆာန်တွေနဲ့ သက်ဆိုင်တဲ့ ကိစ္စရပ်တွေ၊ အရေးကြီးဝန်ဆောင်မှုအဖြစ် ကြေညာထားတဲ့ ဝန်ဆောင်မှုဆိုင်ရာ ကိစ္စရပ်တွေနဲ့ ပတ်သက်တဲ့ တားမြစ်မိန့်၊ စည်းမျဉ်းသတ်မှတ်မိန့်၊ ကြီးကြပ်မိန့်၊ ကာကွယ်မိန့်နဲ့ လိုအပ်သလိုဆောင်ရွက်စေနိုင်တဲ့ အမိန့်ထုတ်ပြန်နိုင်ခွင့်ကို သက်ဆိုင်ရာ ဝန်ကြီးဌာနတွေကို ပေးအပ်နိုင်ပါတယ်။

🔶 အရေးကြီးကုန်စည်နဲ့ ဝန်ဆောင်မှုဥပဒေအရ တားမြစ်မိန့်ထုတ်ပြန်ခဲ့တဲ့ ကုန်စည်တွေကို ဖော်ပြပေးသွားပါမယ်။

🔶 COVID - 19 ဆိုင်ရာ ကျန်းမာရေးအထောက်အကူပြု ပစ္စည်းများ၊ ဆေးဝါးများ၊ စားသုံးကုန်ပစ္စည်းများ
🔸 စီးပွါးရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရဲ့ အမိန့်ကြော်ငြာစာအမှတ် (၂၁/ ၂၀၂၀) အရ Corona Virus 2019 (COVID - 19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ကျန်းမာရေးအထောက်အကူပြု ပစ္စည်းတွေ၊ ဆေးဝါးတွေနဲ့ စားသုံးကုန်ပစ္စည်းတွေကို အရေးကြီးကုန်စည်အဖြစ် သတ်မှတ်ခဲ့ပြီး စျေးကွက်အတွင်း စျေးမြှင့်ပြီး ရောင်းချ/ ဖြန့်ဖြူးတာ (သို့) စျေးကစားဖို့အတွက် ရည်ရွယ်ပြီး သိုလှောင်တာတွေကို တားမြစ်မိန့် ထုတ်ပြန်ခဲ့ပါတယ်။

🔶 ဝါသီးနှံနှင့် ဝါဂွမ်းများ
🔶 စီးပွါးရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရဲ့ အမိန့်အမှတ် (၁/ ၂၀၂၂) အရ ဝါသီးနှံနှင့် ဝါဂွမ်းတို့ကို အရေးကြီးကုန်စည်အဖြစ် သတ်မှတ်ခဲ့ပြီး စျေးကွက်အတွင်း စျေးမြှင့်ပြီး ရောင်းချ/ ဖြန့်ဖြူးတာ (သို့) စျေးကစားဖို့အတွက် ရည်ရွယ်ပြီး သိုလှောင်တာတွေကို တားမြစ်မိန့် ထုတ်ပြန်ခဲ့ပါတယ်။

🔶 အီလက်ထရောနစ် စီးကရက်၊ အပူပေးအငွေ့ရှုစက်နှင့် အီလက်ထရောနစ် ရှီရှား
🔸 ကျန်းမာရေးဝန်ကြီးဌာနရဲ့ အမိန့်အမှတ် (၁/ ၂၀၂၆) အရ အီလက်ထရောနစ် အငွေ့ရှုစက် (Electronic Smoking Device) တွေဖြစ်တဲ့ အီလက်ထရောနစ် စီးကရက် (Electronic Cigarette) နဲ့ အီလက်ထရောနစ် ရှီရှား (Electronic Shisha)၊ အပူပေးအငွေ့ရှုစက် (Heated Smoking Device) အစရှိတဲ့ ပစ္စည်းတွေနဲ့ အလားတူပစ္စည်းတွေ၊ ဆက်စပ်ပစ္စည်းတွေကို အရေးကြီးကုန်စည်အဖြစ် သတ်မှတ်ခဲ့ပြီး တားမြစ်မိန့် ထုတ်ပြန်ခဲ့ပါတယ်။

🔶 အရေးကြီးကုန်စည်နဲ့ ဝန်ဆောင်မှုဥပဒေအရ အရေးကြီး ဝန်ဆောင်မှုတွေအဖြစ် ကြေညာခဲ့တဲ့ ဝန်ဆောင်မှုတွေကို ဖော်ပြပေးသွားပါမယ်။

🔶 ဆင့်ပွါးစျေးကွက်ဖြန့်ချိရေးလုပ်ငန်း
🔸 စီးပွါးရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရဲ့ အမိန့်ကြော်ငြာစာအမှတ် (၄၆/ ၂၀၁၈) အရ ဆင့်ပွါးစျေးကွက်ဖြန့်ချိရေး (Multi Level Marketing - MLM) လုပ်ငန်းတွေ လုပ်ကိုင်ဆောင်ရွက်တာကို တားမြစ်မိန့်ထုတ်ပြန်ခဲ့ပြီး အရေးကြီးဝန်ဆောင်မှု လုပ်ငန်းအဖြစ် သတ်မှတ်ခဲ့ပါတယ်။

🔶 အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်း
🔸 စီးပွါးရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရဲ့ အမိန့်ကြော်ငြာစာအမှတ် (၅၀/ ၂၀၂၃) အရ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းကို အရေးကြီးဝန်ဆောင်မှု လုပ်ငန်းအဖြစ် သတ်မှတ်ခဲ့ပြီး အဆိုပါလုပ်ငန်းကို မှတ်ပုံတင်လက်မှတ် လျှောက်ထား ရရှိပြီးမှ လုပ်ကိုင်ရမယ်လို့ အမိန့် ထုတ်ပြန်ခဲ့ပါတယ်။

🔶 ဆက်သွယ်ရေးကွန်ရက်ကိုအသုံးပြု၍ ရုပ်ရှင်ကားထုတ်လွှင့်ပြသခြင်းလုပ်ငန်း
🔸 ပြန်ကြားရေးဝန်ကြီးဌာနရဲ့ အမိန့်ကြော်ငြာစာအမှတ် (၃၁/ ၂၀၂၄) အရ မည်သူမဆို ဆက်သွယ်ရေးကွန်ရက်ကိုအသုံးပြု၍ ရုပ်ရှင်ကားထုတ်လွှင့်ပြသခြင်းလုပ်ငန်းကို အရေးကြီး ဝန်ဆောင်မှုအဖြစ် သတ်မှတ်ခဲ့ပြီး အဆိုပါလုပ်ငန်းကို မှတ်ပုံတင်လက်မှတ် လျှောက်ထား ရရှိပြီးမှ လုပ်ကိုင်ရမယ်လို့ အမိန့် ထုတ်ပြန်ခဲ့ပါတယ်။

🔶 ရွှေရောင်းဝယ်ခြင်းလုပ်ငန်း
🔸 သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနရဲ့ အမိန့်ကြော်ငြာစာအမှတ် (၃၈/ ၂၀၂၄) အရ ဓာတ်သတ္တု (ရွှေ) ရောင်းဝယ်ခြင်းလုပ်ငန်းကို အရေးကြီးဝန်ဆောင်မှုအဖြစ် သတ်မှတ်ခဲ့ပါတယ်။

🔶 ဒါ့အပြင် ပြည်ထောင်စုအစိုးရအဖွဲ့အနေနဲ့ သက်ဆိုင်ရာ ဝန်ကြီးဌာနတွေအပေါ် အရေးကြီးကုန်စည်နဲ့ အရေးကြီး ဝန်ဆောင်မှုတွေအနေနဲ့ သတ်မှတ်ပြီး အမိန့်ထုတ်ပြန်နိုင်ခွင့်ကို အပ်နှင်းထား တာတွေလည်း ရှိပါတယ်။

🔶 တိရစ္ဆာန်တစ်မျိုးမျိုးကို အရေးကြီးကုန်စည်အဖြစ် သတ်မှတ်ကြေညာပိုင်ခွင့်
🔸 ပြည်ထောင်စုအစိုးရအဖွဲ့ရဲ့ အမိန့်ကြော်ငြာစာအမှတ် (၃၄/ ၂၀၁၉) အရ တိရစ္ဆာန်တစ်မျိုးမျိုးကို အရေးကြီးကုန်စည်အဖြစ် သတ်မှတ်ကြေညာပြီး တားမြစ်မိန့်၊ စည်းမျဉ်းသတ်မှတ်မိန့်၊ ကြီးကြပ်မိန့်၊ ကာကွယ်မိန့်နဲ့ လိုအပ်သလိုဆောင်ရွက်စေနိုင်တဲ့ အမိန့်ထုတ်ပြန်နိုင်ခွင့်ကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနကို အပ်နှင်းခဲ့ပါတယ်။

🔶 တေးသံသွင်းလုပ်ငန်းလုပ်ကိုင်ခွင့်ကို အရေးကြီးဝန်ဆောင်မှုအဖြစ် သတ်မှတ်ကြေညာပိုင်ခွင့်
🔸 ပြည်ထောင်စုအစိုးရအဖွဲ့ရဲ့ အမိန့်ကြော်ငြာစာအမှတ် (၂၉/ ၂၀၂၀) အရ တေးသံသွင်းလုပ်ငန်းလုပ်ကိုင်ခွင့်ကို အရေးကြီးဝန်ဆောင်မှုအဖြစ် သတ်မှတ်ကြေညာပြီး ဝန်ဆောင်မှုနဲ့ ပတ်သက်တဲ့ တားမြစ်မိန့်၊ စည်းမျဉ်းသတ်မှတ်မိန့်၊ ကြီးကြပ်မိန့်၊ ကာကွယ်မိန့်နဲ့ လိုအပ်သလိုဆောင်ရွက်စေနိုင်တဲ့ အမိန့်ထုတ်ပြန်နိုင်ခွင့်ကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနကို အပ်နှင်းခဲ့ပါတယ်။

🔶 ပုဒ်မ (၅) - မည်သူမဆို ပုဒ်မ (၄) အရ ထုတ်ပြန်တဲ့ အမိန့်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရရင် အနည်းဆုံး ထောင်ဒဏ် (၆) လကနေ အများဆုံး ထောင်ဒဏ် (၃) နှစ်အထိချမှတ်ခံရမှာဖြစ်တဲ့အပြင် ကျပ် (၅) သိန်းထက်မပိုတဲ့ ငွေဒဏ်ကိုလည်း ချမှတ်ခံရပါမယ်။

🔶 ပုဒ်မ (၇) အရ ယခုဥပဒေပါ ပြစ်မှုတွေဟာ ရဲအရေးယူပိုင်ခွင့်ရှိတဲ့ ပြစ်မှုတွေ ဖြစ်ပါတယ်။

⚖️ အချုပ်အားဖြင့်ဆိုရရင်တော့ -

🔸 အရေးကြီးကုန်စည်အဖြစ် ကြေညာထားတဲ့ ကုန်စည်တွေကို တင်သွင်းခြင်း၊ တင်ပို့ခြင်း၊ ရောင်းဝယ်ခြင်း၊ လက်ဝယ်ထားခြင်း၊ သိုလှောင်ခြင်း၊ သယ်ဆောင်ခြင်း၊ ဖြန့်ဖြူးခြင်း၊ အသုံးပြုခြင်း၊ စားသုံးခြင်းတို့ကို ပြုလုပ်ခဲ့ရင်ဖြစ်စေ၊

🔸 အရေးကြီးကုန်စည်အဖြစ် ကြေညာထားတဲ့ တိရစ္ဆာန်တွေကို သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်း၊ စေခိုင်းခြင်း၊ မွေးမြူခြင်း၊ တင်သွင်းခြင်း၊ တင်ပို့ခြင်း၊ ရောင်းဝယ်ခြင်း၊ လက်ဝယ်ထားခြင်း၊ သိုလှောင်ခြင်း၊ သယ်ဆောင်ခြင်း၊ ဖြန့်ဖြူးခြင်း၊ အသုံးပြုခြင်း၊ စားသုံးခြင်းတို့ကို ပြုလုပ်ခဲ့ရင်ဖြစ်စေ၊

🔸 အရေးကြီးဝန်ဆောင်မှုအဖြစ် ကြေညာထားပြီး၊ ကန့်သတ်ထားတာ၊ တားမြစ်ထားတာ ဒါမှမဟုတ် မှတ်ပုံတင်လက်မှတ်မရသေးတာ၊ အစရှိတဲ့ စည်းမျဉ်းတွေကို ဖောက်ဖျက်ပြီး ဝန်ဆောင်မှုတွေကို ပြုလုပ်ခဲ့ရင်ဖြစ်စေ၊ ယခုဥပဒေနဲ့ အရေးယူခံရမှာဖြစ်ပါတယ်။

🔹မှတ်ချက် ။ ။ အထက်ပါ အကြောင်းအရာတွေနဲ့ ဥပမာတွေဟာ လူအများနားလည်လွယ်အောင် သုံးသပ်ဝေမျှထားခြင်းသာဖြစ်ပြီး အသေးစိတ် သိရှိလိုပါက -
✉️ Page ရဲ့ Chat box ကနေဖြစ်စေ၊
☎️ ဖုန်းနံပါတ် - 09421115345 ကို ဖုန်းခေါ်ဆိုပြီးဖြစ်စေ၊ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်ခင်ဗျာ။

၂၀၂၆ ခုနှစ်၊ ပြည်ထောင်စု၏ အကောက်အခွန်ဥပဒေအား အများသိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။ Source - www.ird.gov.mm
22/03/2026

၂၀၂၆ ခုနှစ်၊ ပြည်ထောင်စု၏ အကောက်အခွန်ဥပဒေအား အများသိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။

Source - www.ird.gov.mm


🔷 လုပ်ငန်းတစ်ခု ရပ်ဆိုင်းတဲ့အခါ လုပ်ငန်းဖျက်သိမ်းခြင်း (Liquidation) နဲ့ လူမွဲခံယူခြင်း (Insolvency) ဆိုပြီးတော့ သုံးနှု...
18/03/2026

🔷 လုပ်ငန်းတစ်ခု ရပ်ဆိုင်းတဲ့အခါ လုပ်ငန်းဖျက်သိမ်းခြင်း (Liquidation) နဲ့ လူမွဲခံယူခြင်း (Insolvency) ဆိုပြီးတော့ သုံးနှုန်းတာ တွေ့ဖူးကြမှာပါ။ ဒီနှစ်ခုက ဆက်စပ်မှုရှိပေမဲ့ ဥပဒေကြောင်းအရရော၊ လက်တွေ့လုပ်ဆောင်ပုံအရပါ ကွာခြားချက်လေးတွေရှိပါတယ်။ 🔷

🔶 🔶 🔶 လုပ်ငန်းဖျက်သိမ်းခြင်းဆိုတာ ကုမ္ပဏီတစ်ခုရဲ့ တည်ရှိမှုကို ဥပဒေအရ အဆုံးသတ်လိုက်တာ ဖြစ်ပါတယ်။ ကုမ္ပဏီမှာရှိတဲ့ ရပိုင်ခွင့်တွေကို ရောင်းချပြီး ပေးရန်ရှိတာတွေကို ပေးဆပ်ကာ ကုမ္ပဏီကို မှတ်ပုံတင်စာရင်းကနေ ပယ်ဖျက်လိုက်ခြင်းလို့ မှတ်ယူနိုင်ပါတယ်။

🔶 အကြွေးရှိလို့ပဲဖြစ်ဖြစ်၊ အကြွေးမရှိဘဲ ဒါရိုက်တာတွေ၊အစုရှယ်ယာရှင်တွေက ဆက်မလုပ်ချင်တော့လို့ပဲဖြစ်ဖြစ် ဖျက်သိမ်းနိုင်ပါတယ်။ ဆိုလိုတာက အမြတ်ထွက်နေတဲ့ ကုမ္ပဏီလည်း ဖျက်သိမ်းလို့ရပါတယ်။

🔶 သူရဲ့ရည်ရွယ်ချက်ကတော့ လုပ်ငန်းကို လုံးဝပိတ်သိမ်းဖို့ဘဲဖြစ်ပါတယ်။ ဒါရိုက်တာများ၊ အစုရှယ်ယာရှင်များ သို့မဟုတ် တရားရုံးက ဖျက်သိမ်းဖို့ဆောင်ရွက်နိုင်ပါတယ်။

🔶 🔶 🔶 လူမွဲခံယူခြင်းမှာ လုပ်ငန်းတစ်ခုက မိမိပေးဆပ်ရမယ့် အကြွေးတွေကို သတ်မှတ်ချိန်အတွင်း မပေးဆပ်နိုင်တော့တဲ့ "ငွေကြေးမတတ်နိုင်မှု" အခြေအနေတစ်ရပ်ကို ဆိုလိုတာပါ။

🔶 အဓိကကတော့ ပေးရန်ရှိတဲ့ အကြွေးတွေက ပိုင်ဆိုင်မှုထက် များနေတာ ဒါမှမဟုတ် လက်ငင်းပေးနိုင်ခြင်းမရှိတာကြောင့် ဖြစ်ပေါ်လာရတာပါ။

🔶 သူက အကြွေးရှင်များကို ပြန်ဆပ်ရန် (သို့) လုပ်ငန်းပြန်လည် နာလန်ထူရန် ရည်ရွယ်ပါတယ်။ အကြွေးရှင်များ သို့မဟုတ် ကုမ္ပဏီကိုယ်တိုင် တရားရုံးမှတစ်ဆင့် ဆောင်ရွက်နိုင်ပါတယ်။

🔶 ထူးခြားချက်မှာ ကုမ္ပဏီကို ချက်ချင်းဖျက်သိမ်းခြင်းထက် "ပြန်လည်ထူထောင်နိုင်ရေး" (Rehabilitation) ကို ဦးစားပေးထားခြင်းပါ။ ဒီအချက်ကြောင့် လုပ်ငန်းပြန်လည်ရှင်သန်နိုင်ခြေရှိသလို၊ ပြန်လည်ရှင်သန်ရန် မဖြစ်နိုင်တော့ပါက ကုမ္ပဏီဖျက်သိမ်းခြင်းသို့ ဦးတည်မှာဖြစ်ပါတယ်။

🔶 လုပ်ငန်းပြန်လည်ထူထောင်ရေး ပြုလုပ်နေစဉ်ကာလအတွင်း အကြွေးရှင်များက ကုမ္ပဏီကို တရားစွဲဆိုခြင်း သို့မဟုတ် ပိုင်ဆိုင်မှုများ သိမ်းဆည်းခြင်းမှ ဥပဒေအရ ယာယီတားမြစ်ထားပြီး ကာကွယ်မှုပေးထားပါတယ်။

🔶 🔶 🔶၂၀၁၇ ခုနှစ် မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ နဲ့ ၂၀၂၀ ခုနှစ် လူမွဲခံယူခြင်းဆိုင်ရာဥပဒေ တို့အရ (၂)ခု စလုံးမှာ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်အဆင့်ဆင့် ရှိကြပါတယ်။ စာရင်းရှင်းလင်းဖျက်သိမ်းသူ နှင့် တရားရုံးကနေတစ်ဆင့် သွားရမယ့်လုပ်ငန်းစဉ်များအတွက် လူမွဲခံယူခြင်းဆိုင်ရာ ကျွမ်းကျင်သူ (Insolvency Practitioner)တွေရဲ့ အကူအညီနဲ့ ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။

🔹မှတ်ချက် ။ ။ အထက်ပါ အကြောင်းအရာတွေနဲ့ ဥပမာတွေဟာ လူအများနားလည်လွယ်အောင် သုံးသပ်ဝေမျှထားခြင်းသာဖြစ်ပြီး အသေးစိတ် သိရှိလိုပါက -
✉️ Page ရဲ့ Chat box ကနေဖြစ်စေ၊
☎️ ဖုန်းနံပါတ် - 09421115345 ကို ဖုန်းခေါ်ဆိုပြီးဖြစ်စေ၊ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်ခင်ဗျာ။

Address

No. (141-145), Bo Aung Kyaw Street
Yangon
11101

Telephone

+9595015397

Website

http://www.smslawfirmmyanmar.com/, http://www.smslawfirmmya

Alerts

Be the first to know and let us send you an email when Shwe Myanmar San Law Firm posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Shwe Myanmar San Law Firm:

Share