07/03/2026
🟥သိထားသင့်တဲ့ ၂၀၂၆ "ယစ်မျိုးဥပဒေ" အသစ်နှင့် တားမြစ်ချက်များ🟥
၂၀၂၆ ခုနှစ်၊ မတ်လ (၇) ရက်နေ့တွင် အတည်ပြုပြဋ္ဌာန်းလိုက်သည့် ယစ်မျိုးဥပဒေ (အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ ဥပဒေအမှတ် ၁၃/၂၀၂၆) အရ အောက်ပါအချက်များကို အထူးသတိပြုရန် လိုအပ်ပါကြောင်း Great Golden Myanmar Law Firm မှ အကျဉ်းချုပ်ေရးသားဖော်ပြ ပေးလိုက်ပါတယ်။
🍺 "ယစ်မျိုး" ဆိုတာ ဘာလဲ?
ဥပဒေအရ အရက်၊ ဘီယာ၊ ဝိုင်၊ ထန်းရည်၊ တည်အရက် နှင့် အစိုးရမှ သတ်မှတ်ထားသော အယ်လ်ကိုဟောပါဝင်သည့် အရည်များကို ဆိုလိုသည်။
🚫 အဓိက တားမြစ်ချက်များ (အများပြည်သူ သတိပြုရန်)
၁။ လိုင်စင်မရှိဘဲ လုပ်ကိုင်ခြင်း - ယစ်မျိုးလိုင်စင်မရှိဘဲ ထုတ်လုပ်ခြင်း၊ ပုလင်းသွတ်ခြင်း၊ ဖြန့်ဖြူးခြင်းနှင့် ရောင်းချခြင်းများကို လုံးဝ (လုံးဝ) မပြုလုပ်ရပါ။
၂။ အရက်အတု/ပြုပြင်ထားသောအရက် - မူလသတ္တိပျက်ပြယ်ပြီး အရက်ကို သောက်သုံးနိုင်ရန် ပြုပြင်ပြောင်းလဲခြင်း၊ ထိုသို့ပြုပြင်ထားသည်ကို လက်ဝယ်ထားခြင်း သို့မဟုတ် သယ်ယူပို့ဆောင်ခြင်း မပြုရ။
၃။ သတ်မှတ်လူပုဂ္ဂိုလ်များကို ရောင်းချခြင်း - အောက်ပါပုဂ္ဂိုလ်များကို အရက်ရောင်းချခြင်း၊ ပေးကမ်းခြင်း မပြုရ-
သာသနာ့ဝန်ထမ်းများ။
စိတ်ပေါ့သွပ်သူများ။
အသက် (၁၈) နှစ်မပြည့်သေးသူများ။
၄။ ကြော်ငြာခြင်း - အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်း၊ ဆိုင်းဘုတ်၊ လက်ကမ်းစာစောင် သို့မဟုတ် အခြားနည်းလမ်းတစ်ခုခုဖြင့် ယစ်မျိုးကို ကြော်ငြာခြင်း မပြုရ။
🚨ပြစ်ဒဏ်များ
ယစ်မျိုးဥပဒေပါ တားမြစ်ချက်များကို ဖောက်ဖျက်ကျူးလွန်ပါက-
အနည်းဆုံး ထောင်ဒဏ် (၆) လမှ အများဆုံး (၃) နှစ်အထိ ဖြစ်စေ၊
အနည်းဆုံး ငွေဒဏ် ကျပ် (၁၀) သိန်းမှ အများဆုံး ကျပ် (၃၀၀) သိန်းအထိ ဖြစ်စေ၊
ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ခံရနိုင်သည့်အပြင် သက်ဆိုင်ရာ ယစ်မျိုးပစ္စည်းများကိုလည်း ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းခြင်း ခံရမည်ဖြစ်သည်။
Great Golden Myanmar Law Firm ၏အကြံပြုချက်: လုပ်ငန်းရှင်များအနေဖြင့် မိမိတို့၏ ယစ်မျိုးလိုင်စင် စည်းကမ်းချက်များကို တိကျစွာ လိုက်နာရန်နှင့် အများပြည်သူများအနေဖြင့်လည်း ဥပဒေနှင့်အညီ နေထိုင်ကြပါရန် Great Golden Myanmar Law Firm မှတိုက်တွန်းနှိုးဆော်အပ်ပါသည်။
#ယစ်မျိုးဥပဒေ #ဥပဒေဗဟုသုတ