07/06/2026
မြေပိုခိုးယူ
••••ရောင်းစားထားသူရဲ့
“မြေပါမစ်မူရင်း”ကိုမှဝယ်လိုက်မိသူ
•••••••••••••••••••••••••••••••••••••
•••••••••••••••••••••••••••••
•••••••••••••••••••••••
💕💕💕💕💕💕💕💕💕💕💕💕💕
လွှတ်တော်ရှေ့နေ မောင်ကောင်းဖေ
🈴09251015089
အခုတစ်လောအိမ်ခြံမြအရောင်းအဝယ်တွေပြန်လည်နှိုးထလာပြီးအထင်နဲ့
အိမ်ခြံမြေကွက်ရောင်းလိုသူ
အချို့ဟာဈေးကောင်းပေးဝယ်သည်
ဆိုတဲ့ အိမ်ခြံမြေပွဲစားတွေနဲ့
ဆက်သွယ်စုံစမ်းလာကြတာကို
တွေ့ ရပါတယ်။
မြေကွက်ပြန်ရောင်းချင်အောင်လည်းအိမ်ခြံမြေ ၊အကျိုးဆောင်များဟာအွန်လိုင်းမှာရောင်းမယ့်မြေကွက်ကို
ရောင်မယ့်မြို့နယ်မြေပုံပေါ်မှာ
လမ်းညွန်မြှားပြပြီး
ရောင်းနေကြတာကိုတွေ့ တယ်။
ဒါနဲ့ တင်အားမရသေးလို့ မြေကွက်နဲ့ အိမ်ကိုပါOnline အွန်လိုင်းပေါ်မှာ ဓါတ်ပုံရိုက်ပြီး တင်ထားကြတယ်။
ဈေးနှုန်းကိုတော့ ရောင်းချင်သူအပ်ထားတဲ့နှုန်းထက် ၃ဝသိန်းမှ ၄၅ သိန်းလောက်ပိုတင်ထားကြတယ်လေ။
ဒါကလည်းအဆိုးမဆိုနိုင်ပါဘူး။
ပွဲစားပါဆိုမှပွဲခမကျန်ဘဲနဲ့
ဘယ်သူလုပ်ပေးချင်မှာလဲ
မဟုတ်ဘူးလား
Online ,Tik Tok ဆိုတာကတော့
လူငယ် လူလတ်များ
အများဆုံး
အသုံးပြုကြတာပါ။
လူကြီးပိုင်းတွေကတော့
အာမခံချက်ခိုင်ခိုင်မာမာနဲ့အထောက်အထားပြည့်စုံတဲ့
ကြေးမုံ/မြန်မာ့အလင်း
သတင်းတွေမှာပါတဲ့
အိမ်ခြံမြေကြော်ငြာတွေကိုဘဲ
ကြည့်ပြီးဆက်သွယ်စုံစမ်းကြည့်တာများပါတယ်။
ကြေးမုံ/မြန်မာ့အလင်း
သတင်စားတွေမှာ
ကြည့်လိုက်ရင်လည်း ၊
ဈေးကောင်းပေးဝယ်သည်
ဆိုတဲ့ကြော်ငြာတွေကလည်း ၊
တစ်နေ့ တစ်မျိုးမရိုးရအောင်ကြော်ငြာကြတယ်။
ရောင်းချင်သူတွေကလည်း
ဈေးကောင်းပေးမယ်ဆိုတော့
အားကိုးကြတာပေါ့။
တကယ်ဆက်သွယ်ကြည့်လိုက်တဲ့အခါ
မှန်းချက်နဲ့ နှမ်းထွက် က မကိုက်ပါဘူး ဝယ်ရင်းဈေးထက် ၂၅ သိန်း
၇၅သိန်းလောက်အထိ
ဈေးနှိမ့်ခံရတယ်။
လွန်ခဲ့တဲ့ နှစ်က ဝယ်ထားတဲ့
မြေကွက်ကိုဈေးလျော့ပြီး
ပြန်ရောင်းတာတောင်
ဝယ်စဉ်က စျေး
ကြီးမိသွားတာလို့
ပြောသေးတယ်။
တကယ်တန်းကျတော့
သူပြောသလိုကိုယ်လည်း
ဝယ်စဉ်ကအဲဒီလို
ပေါ့ပေါ့ဆဆနဲ့
ဝယ်ခဲ့တာမျိုးတော့
မဟုတ်ပါဘူး
” ပိုက်ဆံ” က
အလွယ်တကူနှိုက်ယူလို့ရတဲ့
ငွေတွင်းရှိတာမှမဟုတ်တာ
ဈေးမှန်ရဖို့ရပ်ကွက်အနှံ့ တောနင်းရှာဝယ်ယူရတာလေ။
အခုလည်းကြည့်ပါဦး။
" နှင်းနှင်း " တစ်ယောက်
မိမိရဲ့မိသားစုအတွက်
ငွေအရေးကြီးတာနဲ့
လွန်ခဲ့တဲ့ နှစ်က
ဝယ်ထားတဲ့
ဒဂုံ(အရှေ့)က မြေကွက်ကို
(၅၀)သိန်းလောက်အရှုံးခံပြီး
ရောင်းမယ်ဆိုပြီး
သတင်းစာနဲ့
အွန်လိုင်း မှာကြော်ငြာနေတဲ့အကျိုးဆောင်ပွဲစားတစ်ချို့နဲ့ ဆက်သွယ်ကြည့်ပါတယ်။
နောက်ဆုံး ဒဂုံ(အရှေ့)က
အကျိုးဆောင်တစ်ဦးနဲ့
ချိတ်ဆက်မိလို့
သူကဝယ်သူကိုခေါ်လာပါတယ်။
နှစ်ဘက်ရောင်းဈေးညှိနှိုင်းပြီး ပြေလည်တာနဲ့ မြေကွက်ရှိတဲ့နေရာကိုလိုက်ပြပါတယ်။
ဝယ်သူကလည်း
အရှေ့လှည့်မို သဘောကျပါတယ်။
ပွဲစားနဲ့ ရောင်းသူဝယ်သူတွေမြေကွက်အနေအထားကြည့်ပြီး
စကားပြောဆိုနေစဉ်မှာ
အသက် (၃၅) နှစ်ကျော်
လူငယ်တစ်ဦးသူတို့နားကို
ရောက်လာပါတယ်။
“အစ်ကိုတို့ အခုအရောင်းအဝယ်လုပ်မှာကမြေကွက်နံပါတ်ဘယ်လောက်လဲဟင်
မြေကွက်နံပါတ် " 009” လေ။
ဘာဖြစ်လို့လဲ
ကျွန်တော် (20 'x 60 ')
ဝယ်ထားတာလည်းအဲဒီနံပါတ်ဖြစ်နေတယ်။
" ဟိုက်”
…ဒါဆိုရင် ညီလေး
အလိမ်ခံလိုက်ရပြီထင်တယ်
မဖြစ်နိုင်ပါဘူးဗျာ
ရောင်းသွားတဲ့သူတွေပြောတာက “
မြေကွက်ရဲ့ခေါင်းရင်းက
ပိုနေတဲ့မြေကွက်ကို
ရောင်းတာလို့ပြောတယ်
ဟု… ငြင်းခုံနေပါတယ်။
သူပြောပုံထောက်ရင် " 009
"မြေကွက်ပါမစ်ကို အဆင့်ဆင့်ရောင်းဝယ်ကြရင်း
ပါမစ်မိတ္တူကူးယူထားသူ
တစ်ဦးကမြေပိုအကြောင်းပြပြီး
ရောင်းသွားခြင်းကို
ဝယ်ထားမိသူတစ်ဦး
ဖြစ်နေတာကိုတွေ့
ရပါတယ်။
မြေပို ဝယ်ထားသူက
အဲဒီလိုလာပြောတဲ့အတွက်
မြေကွက်ဝယ်ယူဖို့
လိုက်လာတဲ့ သူတွေက
မဝယ်ရဲတော့ဘဲ
ကျွန်တော်တို့ အိမ်ပြန်ပြီး
ပြန်စဉ်းစားလိုက်ပါဦးမယ်
ဆိုပြီး
ပြန်သွားကြပါတော့တယ်။
အခုရောင်းမယ့် “ နှင်းနှင်း " က
မြေချပါမစ်မူရင်းနဲ
စာချုပ်အဆက်အစပ်တွေပြပေမဲ့အရှုပ်အရှင်းမကင်းဘူးဆိုပြီး
နောက်ဆုတ်သွားကြတာဖြစ်ပါတယ်။
ရောင်းသူ "နှင်းနှင်း” မှာတော့
အမှန်အကန်မြေချပါမစ်မူရင်းနဲ့
စာချုပ်အဆက်အစပ်တွေပြနိုင်ပါလျက်
အရောင်းအဝယ်လုပ်ရာမှာပွဲပျက်သွားတော့နောက်ထပ်ပြန်ရောင်းဖို့
အခက်အခဲတွေ့သလို
စိတ်ညစ်ရပြီလေ။
009 မြေကွက်မိတ္တူနဲ့
မြေပိုဝယ်ထားမိသူမှာလည်း
အလိမ်ခံလိုက်ရလေခြင်း…ဆိုပြီး
လိမ်ရောင်းသွားတဲ့သူတွေကို
ပြဿနာရှင်းပေးဖို့
လိုက်ရှာနေလောက်ပြီ။
“မောင်ကောင်းဖေ”လည်း ယခင်က
မြေနဲ့ အိမ်ရောင်းချင်သူများ
အလုပ်လာအပ်ရင်မိတ္တူ
တစ်စုံကူးပေးခဲ့ပါလားလို့
တောင်းခဲ့ဘူးတယ်။
အခုတော့ဖြင့်
အိမ်ခြံမြေမြေကွက်ရောင်းချင်သူများ
အနေနဲ့ အိမ်ခြံမြေနဲ့ပတ်သက်တဲ့
မြေချပါမစ်မိတ္တူတို့ ၊
စလစ်မိတ္တူ၊
ဂရန်မိတ္တူတို့ကို
အိမ်ခြံမြေအကျိုးဆောင်တွေကို
မပေးခဲ့ချင်ကြတာ
ဒါကြောင့်ပါလားလို့
သင်ခန်းစာတစ်ခုရလိုက်ပါတော့တယ်။
✍️စာဖတ်သူပရိသတ်များ ရွှင်လန်းကျန်းမာ သုခအဖြာဖြာနှင့် ပြည့်စုံနိုင်ကြပါစေ✍️
#လွှတ်တော်ရှေ့နေမောင်ကောင်းဖေ
#မောင်ကောင်းဖေ
#အိမ်ခြံမြေစာချုပ်စာတမ်း
#တိုက်ခန်းစာချုပ်စာတမ်း
#အရောင်းမြေပုံ
#အရောင်းအဝယ်စာချုပ်
#စည်ပင်မြေယာဌါန
#အိမ်ခြံမြေပါမစ်
#အိမ်ခြံမြေဗဟုသုတ
#အိမ်ခြံမြေစာရေးဆရာ
#ယနေ့ရန်ကုန်အိမ်ခြံမြေအပြောင်းအလဲရောင်းကြဝယ်ကြကိုယ်တွေ့ကြုံရသည့်ဖြစ်ရပ်များ
#မြေရှင်သူဌေးကြီးဖြစ်ပါရစေ
#အိမ်ခြံမြေရောင်းဝယ်ငှါးသိထားရမည့်အချက်များ
#တိုက်ခန်းအိမ်ခြံမြေရောင်းဝယ်ငှါးသိထားရမည့်အချက်များ