Legal Counsel in Myanmar

Legal Counsel in Myanmar Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Legal Counsel in Myanmar, Lawyer & Law Firm, Seikkantha Street, Pazundaung.

အနည်းဆုံးအခကြေးငွေနှုန်းထားပြင်ဆင်သတ်မှတ်ကြေညာခြင်းအမိန့်ကြော်ငြာစာအမှတ် (၁/၂၀၂၃)=====================================တစ...
07/10/2023

အနည်းဆုံးအခကြေးငွေနှုန်းထားပြင်ဆင်သတ်မှတ်ကြေညာခြင်းအမိန့်ကြော်ငြာစာအမှတ် (၁/၂၀၂၃)
=====================================
တစ်ရက် (၈နာရီ )အတွက် ၅၈၀၀ကျပ် သတ်မှတ်လိုက်ပါသည်။

12/03/2023

အရောင်းအဝယ်စာချုပ်များချုပ်ဆိုကြရာတွင်ဝယ်…..
* နှစ်ဦးသဘောတူ အိမ်ခြံမြေအရောင်းအဝယ်စာချုပ်များချုပ်ဆိုရာတွင် စရန်ပေးစာချုပ်များချုပ်ဆိုပြီး ရောင်းသူမှ ဆက်လက်မရောင်းချလိုခြင်းများနှင့် ဝယ်သူမှဆက်လက်မဝယ်ယူလိုခြင်းများရှိတတ်ပါသည်။
* စရန်ပေးစာချုပ်များသည် ဥပဒေအရစည်းနှောင်မှုအားနည်းသည်ဟုဆိုကာ စရန်ပေးစာချုပ်များကို ပေါ့ပေါ့ဆဆပဲတွေးထင်သူများ အများအပြားရှိနေပါသည်။
* တိုက်ခန်းတစ်ခန်းဝယ်ယူရာတွင်ဖြစ်စေ၊ အိမ်ခြံမြေဝယ်ယူရာတွင်ဖြစ်စေ စာချုပ်စာတမ်းများ ခိုင်မာစွာချုပ်ဆို ရေးသည် အလွန်ပင်အရေးကြီးသော အချက်ဖြစ်ပါသည်။
* စာချုပ်ဆိုသည်မှာ သတ်မှတ်ထားသော အဖိုးစားနားပါပြီး အပြန်အလှန် ဆောင်ရွက်ပေးရမည့် ကတိပါဝင် နေခြင်းကိုဆိုလိုသည်။ ပဋိညာဥ်အက်ဥပဒေပုဒ်မ - ၅၂ အရ“အပြန်အလှန်ကတိများကို ပဋိညာဉ်တွင် အတိအလင်း သတ်မှတ်ထားလျှင် ထိုအတိုင်းဆောင်ရွက်ရမည်”ဟု ဖော်ပြထားသည်။ အရောင်းအဝယ်စာချုပ်တစ်စောင် ချုပ်သည့်အခါသည့်အခါ စရန်ငွေပေးချေရန်အတွက် စရန်ပေးစာချုပ်များချုပ်ကြသည်မှာ လုပ်ရိုးလုပ်စဉ် ဖြစ်ပေသည်။ အရောင်းအဝယ်ကိစ္စတစ်ခုတွင် စရန်ငွေချေပြီးမှ စာချုပ်ဝင်တစ်ဖက်က စာချုပ်ပါ လိုက်နာရန် အချက်များကို ငြင်းဆန်သည်များရှိတတ်သည်။ ဥပမာ - စရန်ငွေရပြီးမှ ရောင်းသူမှ ရောင်းရန်ပြောထားသည့် ပစ္စည်းကို ဆက်လက်ရောင်းချရန်လည်းကောင်း၊ ဝယ်သူမှလည်း စရန်ငွေပေးပြီးသည့်တိုင် ဆက်လက်ဝယ်ယူရန် လည်းကောင်း ပြုလုပ်လိုခြင်းမရှိတော့သည့် အခြေအနေများနှင့် ကြုံရတတ်သည်။
*ထိုကဲ့သို့ စာချုပ်ဝင်တစ်ဖက်က စာချုပ်ပါစည်းကမ်းချက်များကို ချိုးဖောက်သည့်အတွက် နစ်နာသွားသည့် ဘက်ကိုမည်ကဲ့သို့ ကုစားပေးမည်နည်းဆိုသည်မှာလည်း မေးသင့်သည့်မေးခွန်းတစ်ခုပင်ဖြစ်သည်။ အချို့ကိစ္စ များတွင် ရောင်းသူ၊ ဝယ်သူ နှစ်ဖက်နားလည်မှုအရ နှစ်ဖက်စာချုပ်ဖျက်သိမ်းလိုက်ကြသည်မျိုးလည်းရှိသည်။ အချို့နှစ်ဖက်ပြေလည်မှုမရသူများကတော့ တရားရုံးမှာဖြေရှင်းကြရတော့သည်။
* ထိုသို့ ပဋိညာဥ်ပျက်တဲ့အခါ ပေးချေရမည့်လျော်ကြေးကို ပဋိညာဥ်ထဲတွင် အတိအလင်းဖော်ပြထားခြင်းမျိုး ပါရှိခဲ့လျှင် ပဋိညာဥ်ပျက်ကွက်မှုကြောင့် အမှန်တကယ်နစ်နာမှုရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ထိုလျော်ကြေး အတိုင်း ပျက်ကွက်သူမှ ပေးလျော်ရမည်ဖြစ်သည်။ ဥပမာ - ရောင်းသူဘက်မှ ပျက်ကွက်လျှင် စရံငွေ ၂ဆပေးလျော်ရမည် ဟူ၍လည်းကောင်း၊ ဝယ်သူမှပျက်ကွက်လျှင် စရံငွေအဆုံးဟူ၍လည်းကောင်း သတ်မှတ်ထားခြင်းမျိုးကိုဆိုလိုသည်။
*အထက်တွင်ဖော်ပြခဲ့သလိုပင် ၂၀၀၁/စာ -၂၅၉ (ဒေါ်နီ(ခ)ဒေါ်မီမီလေးနှင့် ဒေါ်အေး) စီရင်ထုံးတွင် ရောင်းသူမှ စာချုပ်ပါ စည်းမျဉ်းများကို လိုက်နာခြင်းမရှိသဖြင့် စရန်ငွေ၏ နှစ်ဆကိုဝယ်သူထံပေးလျော်ရန် ပြဆိုထားသဖြင့် စရန်ပေးစာချုပ်များချုပ်ဆိုရာတွင် မပေါ့ဆသင့်ကြောင်း တင်ပြအပ်ပါသည်။

ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေကို အမိန့်ကြော် ငြာစာအမှတ် ၈/၂၀၂၃ဖြင့် ၁.၄.၂၀၂၃ ရက်နေ့တွင် စတင်အာဏာတည်မည်ဖြစ်ကြောင်း သတ်မ...
12/03/2023

ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေကို အမိန့်ကြော် ငြာစာအမှတ် ၈/၂၀၂၃ဖြင့် ၁.၄.၂၀၂၃ ရက်နေ့တွင် စတင်အာဏာတည်မည်ဖြစ်ကြောင်း သတ်မှတ်လိုက်ပါသည်။

19/02/2023

—အလုပ်သမားဥပဒေအကြောင်းသိကောင်းစရာများ
အလုပ်ရှင်တစ်ယောက်အနေနှင့် အလုပ်သမားရုံးမှာ ငွေကုန်အချိန်ကုန်ခံပြီး ဖြေရှင်းနေရပါသလား? အလုပ်သမား တစ်ယောက်အနေနဲ့ အလုပ်သမား ဥပဒေအကြောင်းနားမလည်လို့ နစ်နာမှုများ ပေါ်ပေါက်နေပါလား? အလုပ်ရှင်နှင့် အလုပ်သမားအကြား နှစ်ဦးနှစ်ဖက်အကျိုးစီးပွား ထိခိုက်နစ်နာမှုမရှိစေရန် နားလည်သိထား သင့်သော အကြောင်းအရာများ များစွာရှိနေသည်အနက်မှ အရေးကြီးသော အချက်အလက်များကို ပြောပြပေးလိုက်ပါတယ်။ အစကောင်းမှ အနှောင်းသေချာဆိုသလို အလုပ်စတင်ခန့်အပ်လိုက်သည့် အချိန် လုပ်ဆောင် ရမည့် အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူစာချုပ် သည် ဥပဒေအရ ချုပ်ဆိုဖို့ ပြောထားသည် ဆိုပါစေဦးတော့ အလုပ်ရှင်ဖြစ်စေ၊ အလုပ်သမားဖြစ်စေ နှစ်ဦးနှစ်ဖက်နစ်နာမှု မရှိစေရေးအတွက် ချုပ်ဆိုထားသင့်သည်။
အလုပ်ရှင်အလုပ်သမား အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူစာချုပ်သည် ချုပ်ဆိုဖို့လိုပါသလား?
အလုပ်ရှင်အလုပ်သမား အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူစာချုပ် ချုပ်ဆိုရန် အချက်ကို အရေးအကြီးဆုံး အချက်အနေဖြင့် ထည့်သွင်းစဥ်းစား ရမည်ဖြစ်သည်။ အဆိုပါစာချုပ်သည် အလုပ်ခန့် ထားသည့်ကာလအတွင်း ရသင့်ရထိုက်သော အခွင့်အရေးများ၊ အခြေခံစည်းကမ်းချက်များနှင့် အလုပ်အကိုင်အခြေအနေများအား ရှင်းလင်းစွာ ဖော်ပြပါရှိသည်။ စာချုပ် တွင် လုပ်ခလစာ၊ ခွင့်ရက်များ၊ အလုပ်ချိန်၊ အချိန်ပို၊လိုက်နာရမည့် စည်းကမ်းများ၊အလုပ် ရပ်ဆိုင်းခြင်း၊ နှုတ်ထွက်ခြင်းနှင့် နစ်နာကြေးများ စသည့်ဖြင့် တိကျစုံလင်စွာ ပါရှိမည်။ အလုပ်ရှင်၊ အလုပ်သမား အငြင်းပွားဖွယ်ရာ ကိစ္စရပ်များ ပေါ်ပေါက်လာသည့်အခါ ဥပဒေ နှင့် အညီ အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူစာချုပ်ဖြင့် ကိုင်တွယ်ဖြေရှင်းမှသာနှစ်ဦးနှစ် ဖက် နစ်နာမှုမရှိစေဘဲ သင့်လျော်မှန်ကန်သည့် အဖြေရမည်မှာ မလွဲပေ။ အလုပ်သမား (၅) ဦးနှင့် အထက်ရှိသော စက်ရုံ၊ အလုပ်ရုံ နှင့် အလုပ်ဌာနများ၌ အဆိုပါစာချုပ် ချုပ်ဆိုရမည်။ ချုပ်ဆိုရန် ပျက်ကွက်ခဲ့သော အလုပ်ရှင် များသည် ထောင်ဒဏ် (၆)လ (သို့) ငွေဒဏ် (သို့) ဒဏ်နှစ်ရပ်လုံး ကျခံရမည်ဖြစ်သဖြင့် အထူးဂရုပြုသင့်သည်။

🤝 အလုပ်ရှင်အလုပ်သမား အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူစာချုပ် ဘယ်လိုချုပ်ကြမလဲ?

အဆိုပါစာချုပ်အား အတည်ပြုအလုပ်ခန့် လိုက် သည့် အချိန်မှစ၍ ရက်ပေါင်း (၃၀) တွင်းချုပ်ဆိုရမည်။ အဆိုပါစာချုပ်သည် နှစ်ဦးနှစ်ဖက်၏ သဘောဆန္ဒဖြင့် လက်မှတ် ရေးထိုးထားသော စာချုပ်ဖြစ်ရမည်။ သို့သော် စာချုပ်ရဲ့ပုံစံ (သို့) စာချုပ်ပါ အချက်အလက် များမှာ ဥပဒေနှင့်အညီ ဝန်ကြီးဌာန၏ သတ် မှတ်ဘောင် အတွင်း၌သာ ဖြစ်ရမည်။ (အ ချက်အလက်များအား အလုပ်အနေအထားနှင့် လိုက်လျောညီထွေစွာ ဥပဒေဘောင်အတွင်းမှ ပြင်ဆင်ခွင့် ရှိသည်။) သတ်မှတ်ထားသော စံနှုန်းနှင့် မညီသော၊ ခံစားခွင့်အောက်လျော့နေသော စာချုပ်များသည် အလိုအလျောက် ပျက်ပြယ်မည်ဖြစ်သည်။ စာချုပ်ချုပ်ဆိုပြီးလျှင် သက်ဆိုင်ရာမြို့နယ်အလုပ်သမား။ ညွှန်ကြားရေး ဦးစီးဌာန၌ မှတ်ပုံတင်မှသာ တရားဝင်မည်ဖြစ်သည်။

—အလုပ်ပိတ်ရက်နှင့် ခွင့်ရက်များအား အလုပ် ခန့်ထားမှုဆိုင်ရာ သဘောတူစာချုပ်နှင့် အညီ သတ်မှတ်ပုံ

အလုပ်သမားတိုင်းသည် အစိုးရမှ တရားဝင် သတ်မှတ်ပေးထားသော အများပြည်သူအားလပ်ရက်များတွင် လစာငွေအပြည့် အလုပ် ပိတ်ရက်အနေဖြင့် ခံစားခွင့်ရှိသည်။ လိုအပ်မှုကြောင့် ၎င်းရက်များတွင် အလုပ်ဆင်း‌ပေးရသော အလုပ်သမားများအား လုပ်ခလစာ နှစ်ဆ ပေးရမည်။

ခွင့်ရက်အမျိုးအစားများအနေဖြင့်

• လုပ်သက်ခွင့် - တဆက်တည်လုပ်သက် ၁၂လရှိသူများအား နှစ်တစ်နှစ်လျှင် လစာငွေအပြည့်ဖြင့် ခွင့်၁၀ရက်
• ရှောင်တခင်ခွင့် -တစ်နှစ်လျှင်လစာငွေအပြည့်ဖြင့် စုစုပေါင်း ၆ရက် (တစ်ခါလျှင် ၃ ရက်ထက်ပိုမယူရ)
• ဆေးခွင့် - တစ်နှစ်လျှင်လစာငွေအပြည့်ဖြင့် ရက်ပေါင်း ၃၀ ထက်မပိုသောခွင့် (လုပ်သက်အနည်းဆုံး ၆လ ရှိသော အလုပ်သမားများသာ)
• မီးဖွားခွင့် - လစာငွေအပြည့်ဖြင့် မီးမဖွားခင် ရက်သတ္တပတ် ၆ပတ် နှင့် ဖွားပြီး ၈ပတ်
• နာရေးခွင့် - ဥပဒေအရ ဖော်ပြထားခြင်းမရှိသော်လည်း အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူစာချုပ် ချုပ်ဆိုရာတွင်ပါဝင်လာပြီး နှစ်ဦးနှစ်ဖက်သဘောဆန္ဒဖြင့် သတ်မှတ်ကြသည်။
(နှစ်တစ် နှစ် အတွင်းအဆိုပါ ခွင့်အားမယူပါက နောက် နှစ်တွင်ပေါင်းပြီးယူခွင့် မရှိချေ)

အလုပ်သမားတစ်ယောက်လျှင် အနည်းဆုံးအခြေခံလစာ၊ အလုပ်ချိန်နှင့် အချိန်ပိုကြေး ဘယ်လို သတ်မှတ် ထားသလဲ?

၂၀၁၈ ခုနှစ်မှ စ၍ အနည်းဆုံးအခြေခံလစာအား အလုပ်သမားတစ်ဦးလျှင် ၁ နာရီ ၆၀၀ ကျပ်နှုန်းဖြင့် ၈နာရီ (တစ်ရက်) တွက် ၄၈၀၀ကျပ် ဆိုပြီး အတိအလင်း သတ်မှတ်ခဲ့သည်။အလုပ်ချိန်အားတစ်ရက် လျှင်၈နာရီနှုန်း ဖြင့် ရက်သတ္တပတ်လျှင် ၄၈ နာရီထက် ပို၍ အလုပ်မလုပ်စေရ။ နှစ်ဦးသဘောဆန္ဒအရ အချိန်ပိုလုပ်ပါက ရက်သတ္တပတ်လျှင် ၁၂ နာရီ ထက်ပို၍ မလုပ်ရပါ။ အထူးကိစ္စရပ်များ။ အတွက် ၁၆ နာရီ အထိ လုပ်ခွင့်ပေးထားပြီး လုပ်ခဲ့သော အချိန်ပိုနာရီတိုင်းအတွက် အချိန်ပို လုပ်ခကြေးအား ထပ်ပေါင်းထည့်ပေးရမည်။ အလုပ်သမားတစ်ဦးအား တစ်ဆက်တည်း ၅ နာရီထက် ပိုမခိုင်းရ။ ရက်သတ္တပတ်လျှင် အနည်းဆုံးတစ်ရက်ကို လစာငွေအပြည့်ဖြင့် အလုပ်ပိတ်ရက်အဖြစ်ထားရှိရမည်။
အချိန်ပိုဆင်းလျှင် နာရီလိုက် အချိန်ပိုကြေး တွက်ချက်ပုံသည် လခစား၊ နေ့စား နှင့် ယူနစ် အလိုက်ရှင်းပေးရသော အလုပ်သမားများကြား မတူညီကြပေ။
လခစားအလုပ်သမားတစ်နာရီအချိန်ပိုကြေး = အခြေခံလစာ × ၁၂လ/ ၅၂ ပတ် × ၄၄(သို့) ၄၈ နာရီ ×၂ဆ

နေ့စားအလုပ်သမား တစ်နာရီအချိန်ပိုကြေး = နေ့စားခ × ၆ရက် / ၄၄(သို့) ၄၈ နာရီ ×၂ဆ

ယူနစ်အလိုက်ရှင်းပေးရသော အလုပ်သမားများကြား = ပျမ်းမျှနေ့စဥ်ဝင်ငွေ × ၆ရက် / ၄၄(သို့) ၄၈ နာရီ ×၂ဆ
တစ်နာရီအချိန်ပိုကြေး
အလုပ်ရှင်က အလုပ်သမားများ ရသင့်ရ။ ထိုက်သောအခကြေးငွေများအား ပေးရန် ပျက်ကွက်ခဲ့ပါက တရားမ ကြောင်းအရ စွဲဆို ခံရနိုင်သည်။ ထို့အပြင်အလုပ်ရှင်သည် အနည်းဆုံး အခြေခံလစာနှင့် အခြားခံစား ခွင့်အောက် လျော့နည်းပေးခဲ့တာမျိုးရှိခဲ့ပါက ၁နှစ်ထက်မပိုသောထောင်ဒဏ် (သို့) ၅သိန်း ထက်မပိုသောငွေဒဏ် (သို့) ဒဏ်နှစ်ရပ်လုံး‌ကျခံရမည်ဖြစ်သည်။
အထက်ပါ အချက်များသည် အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူစာချုပ်တွင် အတိအလင်းပါရှိထားပြီး အငြင်းပွားမှုတစ်စုံတစ်ရာပေါ်ပေါက်လာပါက အဆိုပါ စာချုပ်အားအခြေခံ၍ ဆုံးဖြတ်ပေးမည်ဖြစ်သည်။ အဆိုပါ စာချုပ် သည် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ အမိန့်ကြော်ငြာစာအမှတ် (၁၄၀/၂၀၁၇)ဖြင့်ထုတ်ပြန်ထားသော စာချုပ်ပုံစံအတွင်း ကျရောက်ရမည်ဖြစ်ပြီး မှတ်ပုံတင်ထားမှသာ တရားဝင် ဖြစ်သည်။ အလုပ်ရှင် အလုပ်သမားနှစ်ဦးသဘောတူညီချက်ဖြင့် လက်မှတ်ရေးထိုးချုပ်ဆိုထားသော်လည်း သတ်မှတ်ထားသော အခွင့်အရေးများအောက်လျော့နည်းနေပါက စာချုပ် သည် အလိုလျောက် ပျက်ပြယ်မည် ဖြစ်ပြီး အဆိုပါစာချုပ်သည် စာရွက်သက်သက်သာ ဖြစ်သွားပေလိမ့်မည်။

#အလုပ်သမားဥပဒေ

Lawyer & law firm

Address

Seikkantha Street
Pazundaung

Website

Alerts

Be the first to know and let us send you an email when Legal Counsel in Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share