H & H

Call Directions Website Contact the practice

H & H ⚖️ 𝙷&𝙷 𝙻𝚎𝚐𝚊𝚕 𝚂𝚎𝚛𝚟𝚒𝚌𝚎𝚜
✓ 𝙾𝚗𝚕𝚒𝚗𝚎 𝙽𝚘𝚝𝚊𝚛𝚢
✓ 𝙼𝚊𝚛𝚛𝚒𝚊𝚐𝚎 𝚁𝚎𝚐𝚒𝚜𝚝𝚛𝚊𝚝𝚒𝚘𝚗
✓ 𝙰𝚏𝚏𝚒𝚍𝚊𝚟𝚒𝚝 & 𝙳𝚘𝚌𝚞𝚖𝚎𝚗𝚝 𝚂𝚎𝚛𝚟𝚒𝚌𝚎𝚜
𝟶𝟿 𝟺𝟻𝟶 𝟷𝟷𝟽 𝟶𝟽𝟿 | 𝟶𝟿 𝟼𝟽𝟼 𝟶𝟶𝟼 𝟼𝟿𝟷
Trust Legal Partner since 2019.

09 450117079 [email protected]

🏦 ဘဏ်ပိတ်ရက် ကြေညာချက်၂၀၂၆ ခုနှစ်၊ အောက်တိုဘာ ၁ ရက် (ကြာသပတေးနေ့) သည် Central Bank of Myanmar ၏ Bank Holiday ဖြစ်သဖြင့် ...
25/09/2026

🏦 ဘဏ်ပိတ်ရက် ကြေညာချက်
၂၀၂၆ ခုနှစ်၊ အောက်တိုဘာ ၁ ရက် (ကြာသပတေးနေ့) သည် Central Bank of Myanmar ၏ Bank Holiday ဖြစ်သဖြင့် မြန်မာနိုင်ငံရှိ ဘဏ်အားလုံး ပိတ်မည် ဖြစ်ပါသည်။
ငွေလွှဲ၊ ငွေသွင်း/ထုတ် နှင့် ဘဏ်ဝန်ဆောင်မှုများကို ကြိုတင်စီစဉ်ထားရန် အကြံပြုအပ်ပါသည်။
H&H Legal Services
&

📢 ဘုရားဖူးခရီးသွားများအတွက် DPTOA အသိပေးချက်ဘုရားဖူးခရီးစဉ်များ ဘေးကင်းလုံခြုံစွာ သွားလာနိုင်ရေးအတွက် ပြည်တွင်းဘုရားဖူးန...
24/09/2026

📢 ဘုရားဖူးခရီးသွားများအတွက် DPTOA အသိပေးချက်

ဘုရားဖူးခရီးစဉ်များ ဘေးကင်းလုံခြုံစွာ သွားလာနိုင်ရေးအတွက် ပြည်တွင်းဘုရားဖူးနှင့် ခရီးသွားဝန်ဆောင်မှုအသင်း (DPTOA) က အောက်ပါအချက်များကို အသိပေးထားပါသည်—

🔹 ခရီးသည်များ၏ ဖုန်းအတွင်း ဥပဒေနှင့်မညီသော ဓာတ်ပုံ၊ ဗီဒီယိုများ မပါရှိစေရန် သတိပြုရန်
🔹 ခရီးသွားရာတွင် NRC သို့မဟုတ် ခရီးသွားထောက်ခံစာ ယူဆောင်ရန်
🔹 ဘုရားဖူးယာဉ်များကို နံနက် ၅ နာရီနှင့် နောက်ပိုင်း ထွက်ခွာရန်
🔹 ခရီးစဉ်ရေးဆွဲရာတွင် စုရပ်သို့ ည ၈ နာရီမှ ၁၀ နာရီအတွင်း ပြန်လည်ရောက်ရှိနိုင်ရန် စီစဉ်ရန်
🔹 ခရီးသွားလမ်းညွှန် (Guide) များအနေဖြင့် လမ်းခရီးရှိ စစ်ဆေးရေးအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်ရန်

📌 အထက်ပါအချက်များသည် DPTOA ၏ အသိပေးချက်အပေါ် အခြေခံ၍ အကျဉ်းချုပ်ဖော်ပြထားခြင်း ဖြစ်ပါသည်။

Source Credit: ပြည်တွင်းဘုရားဖူးနှင့် ခရီးသွားဝန်ဆောင်မှုအသင်း (DPTOA) ၏ စက်တင်ဘာ ၂၁၊ ၂၀၂၆ အသိပေးချက်ကို ကိုးကားဖော်ပြပါသည်။

Disclaimer: ဤ Post သည် အများပြည်သူသိရှိနိုင်ရန် ဥပဒေ/ခရီးသွားဆိုင်ရာ အသိပညာပေးအနေဖြင့် မျှဝေခြင်းသာဖြစ်ပြီး တစ်ဦးချင်းအတွက် ဥပဒေအကြံပေးချက်အဖြစ် မယူဆသင့်ပါ။ သက်ဆိုင်ရာ စည်းမျဉ်း၊ ညွှန်ကြားချက်များကို မူရင်းအဖွဲ့အစည်းထံတွင် ထပ်မံစစ်ဆေးပါ။




21/09/2026

📄 Passport နဲ့ Certificate မှာ နာမည်မတူရင် ဘာဖြစ်နိုင်လဲ?
Visa၊ Immigration၊ Education နဲ့ နိုင်ငံခြားအသုံးပြုမယ့် စာရွက်စာတမ်းတွေမှာ Name / DOB / Passport No. စတဲ့ အချက်အလက်တွေကို အသုံးမပြုခင် သေချာစစ်ဆေးထားပါ။
အချက်အလက်မကိုက်ညီမှုရှိရင် သက်ဆိုင်ရာ နိုင်ငံ၊ Embassy ဒါမှမဟုတ် လက်ခံမယ့်အဖွဲ့အစည်းရဲ့ လိုအပ်ချက်အတိုင်း အရင်စစ်ဆေးပြီးမှ ဆောင်ရွက်ပါ။
⚖️ H&H Legal Services
📩 DM for Enquiries
H&H Legal Services
📩 m.me/handhonlinelawfirm
🟣 viber.me/959450117079
09450117079
09676006691
https://maps.app.goo.gl/zgjsZtxoHPjGeVLh6

20/09/2026

💍 နှစ်ပတ်လည် “ရတု” အခေါ်အဝေါ်များ

လက်ထပ်ပြီး ဘယ်နှစ်နှစ်ပြည့်ပြီလဲ? 💍🤍

နှစ်တွေကြာလာတာနဲ့အမျှ
လင်မယားနှစ်ဦးရဲ့ အတူတကွဖြတ်သန်းလာခဲ့တဲ့ အချိန်တွေကို အမှတ်တရအဖြစ် သတ်မှတ်ခေါ်ဝေါ်ကြတဲ့ “ရတု” အခေါ်အဝေါ်များ ရှိပါတယ်။

🤍 အစောပိုင်းနှစ်များ

၁ နှစ်မြောက် — စက္ကူ ရတု
၂ နှစ်မြောက် — ဂွမ်း ရတု
၃ နှစ်မြောက် — သားရေ ရတု
၄ နှစ်မြောက် — ပိုး ရတု
၅ နှစ်မြောက် — သစ်သား ရတု
၆ နှစ်မြောက် — သကြား ရတု
၇ နှစ်မြောက် — သက္ကလပ် ရတု
၈ နှစ်မြောက် — ကြေး ရတု
၉ နှစ်မြောက် — ဥဿဖရား ရတု
၁၀ နှစ်မြောက် — သံဖြူ ရတု

💍 ဆက်လက်ခိုင်မြဲလာတဲ့ နှစ်များ

၁၁ နှစ်မြောက် — သံမဏိ ရတု
၁၂ နှစ်မြောက် — ချည် ရတု
၁၃ နှစ်မြောက် — ဇာပန်း ရတု
၁၄ နှစ်မြောက် — ဆင်စွယ် ရတု
၁၅ နှစ်မြောက် — သလင်း ရတု

၂၀ နှစ်မြောက် — ကြွေ ရတု
၂၅ နှစ်မြောက် — ငွေ ရတု
၃၀ နှစ်မြောက် — ပုလဲ ရတု
၃၅ နှစ်မြောက် — ကျောက်စိမ်း ရတု
၄၀ နှစ်မြောက် — ပတ္တမြား ရတု
၄၅ နှစ်မြောက် — နီလာ ရတု
၅၀ နှစ်မြောက် — ရွှေ ရတု
၅၅ နှစ်မြောက် — မြ ရတု
၆၀ နှစ်မြောက် — စိန် ရတု
၇၅ နှစ်မြောက် — ဒုတိယ စိန် ရတု
၉၀ နှစ်မြောက် — နဝရတ် ရတု

---

💍 ရတုတစ်ခုချင်းစီက အမှတ်တရတစ်ခုပါ

၁ နှစ်ကနေ ၅၀ နှစ်၊ ၆၀ နှစ်အထိ…

အတူတူဖြတ်သန်းလာခဲ့တဲ့ နှစ်တွေ ပိုများလာလေလေ
အမှတ်တရတွေကလည်း ပိုတန်ဖိုးရှိလာလေလေပါပဲ။ 🤍

အထူးသဖြင့် Silver Anniversary, Golden Anniversary စတဲ့ နှစ်ပတ်လည်အမှတ်တရတွေမှာ ကိုယ်ပိုင်အမည်၊ ရက်စွဲ၊ မင်္ဂလာနေရာတို့နဲ့ Marriage Certificate / Anniversary Certificate ကို အမှတ်တရအဖြစ် Custom ပြုလုပ်ထားနိုင်ပါတယ်။

📩 H&H Legal Services
Marriage Certificate • Marriage Signing • Custom Certificate Services

ကိုယ့်ရဲ့ ဘယ်နှစ်မြောက် ရတုကို ရောက်နေပြီလဲဆိုတာ ပြန်တွက်ကြည့်လိုက်ပါဦး။ 💍

လက်ထပ်ခြင်းရဲ့ အမှတ်တရကို… စာရွက်တစ်ရွက်ထက် ပိုတန်ဖိုးရှိအောင် သိမ်းထားနိုင်ပါတယ်။ 🤍💍 Handmade Marriage Certificate Coll...
19/09/2026

လက်ထပ်ခြင်းရဲ့ အမှတ်တရကို… စာရွက်တစ်ရွက်ထက်
ပိုတန်ဖိုးရှိအောင် သိမ်းထားနိုင်ပါတယ်။ 🤍
💍 Handmade Marriage Certificate Collection
မင်္ဂလာနေ့ရက်မှာ လက်မှတ်ရေးထိုးပြီးတဲ့နောက်
နှစ်ဦးသားအတွက် အမှတ်တရအဖြစ် သိမ်းဆည်းထားနိုင်မယ့်
Handmade Marriage Certificate Collection လေးပါ။
✨ Handmade Design
✨ Elegant & Premium Look
✨ မင်္ဂလာအခမ်းအနားနဲ့ လိုက်ဖက်တဲ့ Design မျိုးစုံ
✨ Couple အတွက် အမှတ်တရသိမ်းဆည်းထားနိုင်
✨ ကိုယ်နှစ်သက်တဲ့ပုံစံ၊ အရောင်၊ စာသားနဲ့ လိုအပ်သလို Customization ပြုလုပ်နိုင်
📚 လက်ရှိ Collection မှာ Design ၃၆ မျိုး ရှိပြီး
တစ်ပုံချင်းစီမှာ ကိုယ်ပိုင် Style ကိုယ်ပိုင် ဟန် နဲ့ အလှဆင်ထားပါတယ်။
Ready-made Design ကြိုက်တဲ့သူတွေအတွက်လည်း ရွေးချယ်နိုင်သလို
ကိုယ့်မင်္ဂလာနေ့ရက်နဲ့ ကိုယ့်စိတ်ကြိုက်ဖြစ်စေချင်သူတွေအတွက်လည်း Custom ပြုလုပ်ပေးနိုင်ပါတယ်။

🤍 Your Marriage. Your Memory. Your Certificate.
📩 Design တွေကြည့်ပြီး မိမိကြိုက်နှစ်သက်တဲ့ပုံစံကို ရွေးချယ်နိုင်ပါတယ်။

H&H Legal Services
📩 m.me/handhonlinelawfirm
🟣 viber.me/959450117079
09450117079
09676006691





18/09/2026

⚖️ Online Notary Service
အိမ်ကနေ မထွက်ဘဲ Notary ပြုလုပ်နိုင်ပါပြီ။ ပြည်တွင်း၊ ပြည်ပ မြန်မာနိုင်ငံသားများအတွက် မြန်ဆန်ပြီး ယုံကြည်စိတ်ချရသော ဝန်ဆောင်မှု။
Messenger မှာ “NOTARY” လို့ပို့ပြီး စုံစမ်းလိုက်ပါ။

18/09/2026

💍 Marriage Signing Service — မင်္ဂလာနေ့ရက်ကို စနစ်တကျ ပြင်ဆင်ထားပါ။
လက်ထပ်ဖို့ ပြင်ဆင်နေပြီလား?
တရားရုံးလက်ထပ်ခြင်းနဲ့ သက်ဆိုင်တဲ့ လုပ်ငန်းစဉ်တွေ၊ စာရွက်စာတမ်းဆိုင်ရာ ကိစ္စတွေကို စနစ်တကျ ဆောင်ရွက်လိုသူများအတွက်—
⚖️ H&H Legal Services မှ
Marriage Signing Service ကို
One Stop Service ဖြင့် ဝန်ဆောင်မှုပေးနေပါပြီ။
📍 တရားရုံးလက်ထပ်ခြင်း
🏨 ဟိုတယ်
💐 မင်္ဂလာခန်းမ
📍 မိမိတို့ရွေးချယ်ထားသော မင်္ဂလာနေရာများတွင်
လိုအပ်သည့် ဝန်ဆောင်မှုများကို အဆင်ပြေစွာ စီစဉ်ဆောင်ရွက်နိုင်ရန် ကူညီပေးပါသည်။
လက်ထပ်ခြင်းဟာ အရေးကြီးတဲ့ ဘဝမှတ်တိုင်တစ်ခုပါ။
စာရွက်စာတမ်းနဲ့ လုပ်ငန်းစဉ်တွေကိုလည်း ကြိုတင်စနစ်တကျ ပြင်ဆင်ထားနိုင်ဖို့ အရေးကြီးပါတယ်။
📩 Marriage Signing Service အကြောင်း အသေးစိတ်သိရှိလိုပါက H&H Legal Services သို့ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။




15/09/2026

Online Notary လိုအပ်ပေမယ့် ကိုယ်တိုင်လာရောက်ဖို့ အခက်အခဲရှိပါသလား? 📄⚖️
H&H Legal Services ရဲ့ Online Notary Service မှာ လိုအပ်တဲ့ စာရွက်စာတမ်းတွေကို Online ကနေ စတင်ပေးပို့ပြီး လိုအပ်ချက်အလိုက် ဆောင်ရွက်နိုင်ပါတယ်။
📄 Document Review
🌐 Translation
⚖️ Notary
📑 Certification / Document Services
အောက်ပါစာရွက်စာတမ်းအမျိုးအစားတွေမှာ Notary သို့မဟုတ် သက်ဆိုင်ရာ Certification လိုအပ်လာနိုင်ပါတယ်—
• Passport / ID Documents
• Birth Certificate
• Degree / Diploma / Transcript
• Marriage Certificate
• Police Clearance
• Affidavit / Declaration
• Bank / Financial Documents
• Power of Attorney (POA)
• Property / Supporting Documents
⚠️ အရေးကြီးချက်
စာရွက်စာတမ်းလိုအပ်ချက်တွေဟာ အသုံးပြုမယ့် နိုင်ငံ၊ Embassy၊ ရုံး/အဖွဲ့အစည်းနဲ့ လုပ်ငန်းစဉ်အလိုက် ကွာခြားနိုင်ပါတယ်။
ဒါကြောင့် Notary မလုပ်ခင် သက်ဆိုင်ရာ Requirement ကို အရင်စစ်ဆေးထားဖို့ အရေးကြီးပါတယ်။
Online Notary / Translation / Document Services လိုအပ်နေပါက H&H Legal Services သို့ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။
⚖️ H&H Legal Services
Professional • Confidential • Reliable

📌 ဥပဒေဆိုင်ရာ ဗဟုသုတမျှဝေခြင်း⚠️ Disclaimer အောက်ဖော်ပြပါ ဆောင်းပါးအား ဥပဒေပညာ လေ့လာသူများ၊ ရှေ့နေရှေ့ရပ်များနှင့် စိတ်ဝ...
13/09/2026

📌 ဥပဒေဆိုင်ရာ ဗဟုသုတမျှဝေခြင်း

⚠️ Disclaimer အောက်ဖော်ပြပါ ဆောင်းပါးအား ဥပဒေပညာ လေ့လာသူများ၊ ရှေ့နေရှေ့ရပ်များနှင့် စိတ်ဝင်စားသူများအတွက် ဗဟုသုတရရှိစေရန် ရည်ရွယ်၍ မူရင်းအတိုင်း ပြန်လည်မျှဝေခြင်း ဖြစ်ပါသည်။ အကြောင်းအရာများသည် မူရင်းရေးသားသူ၏ ရေးသားပြုစုထားခြင်း
ဖြစ်ပြီး MZTK Legal Store ၏ ကိုယ်ပိုင်ရေးသားချက် မဟုတ်ပါ။

Source: The Standard Time Daily
Credit: ရေးသားသူ – ရှေ့နေမောင်ဝ

━━━━━━━━━━━━━━

ကောက်ချက်မရှိဘဲ ဆုံးဖြတ်လျှင်

တရားမမှုများအား ကြားနာသည့် တရားသူကြီးများသည် အဆိုလွှာနှင့် ချေပလွှာတို့အပေါ် အခြေပြု၍ရုံးကောက်ချက်များ သို့မဟုတ် ငြင်းချက်များ ထုတ်ပေးကြရပါသည်။ ကောက်ချက် နှစ်မျိုးရှိ၏။

ဥပဒေကောက်ချက်နှင့် အကြောင်းခြင်းရာ ကောက်ချက်ဟူ၍ ဖြစ်ပါသည်။ထိုကောက်ချက်များ ထုတ်ခြင်း ပြုခဲ့သော်လည်း ဖြေကြားခြင်းမရှိဘဲ ဆုံးဖြတ်နိုင်ခြင်း ရှိ၊ မရှိပြဿနာကို နှောင်း
အတိတ်က ဇာတ်လမ်းတစ်ပုဒ်နှင့် တင်ပြပေးချင်ပါသည်။

မူလရုံးတရားသူကြီးများသည် ကောက်ချက်များကို အမှုတစ်ခုလုံးအား အဆုံးအဖြတ်ပေးနိုင်ရန် လိုအပ်သလို ထုတ်ကြပါသည်။ ထုတ်ပေးသည့်ကောက်ချက်များအနက်မှ ငြင်းချက်အချို့ကို ပြင်ဆင်ပေးရန်၊ ထုတ်ပယ်ပေးရန်၊ နောက်ထပ်ငြင်းချက်ထုတ်ပေးရန် နှစ်ဖက်အမှုသည်တို့က တရားရုံးသို့ တင်ပြလျှောက်ထားနိုင်ကြပါသည်။

တရားရုံးကလည်း လျှောက်ထားချက်များကိုလက်ခံဆောင်ရွက်နိုင်ခွင့်ရှိပါသည်။မောင်၀တို့ နေ့စဉ်ကျင့်သုံးနေကြရသော တရားမကျင့်ထုံး ဥပဒေအမိန့် ၁၄၊ နည်းဥပဒေ ၅ တွင်
အောက်ပါအတိုင်း ပြဋ္ဌာန်းထားပါသည်-

(၁) တရားရုံးသည် ဒီကရီမချမှတ်မီ မည်သည့်အခါမဆို သင့်သည်ထင်မြင်သည့် စည်းကမ်းချက်များသတ်မှတ်၍ ငြင်းချက်များကို ပြင်ဆင်ခြင်း သို့မဟုတ်နောက်ထပ် ငြင်းချက်များထုတ်ခြင်း ပြုနိုင်သည်။

ထို့ပြင်အမှုသည်များအကြား အငြင်းပွားသည့်အကြောင်းအရာများကို ဆုံးဖြတ်ရန်အတွက် လိုအပ်လျှင်လည်း ဆိုခဲ့သည့်အတိုင်း ငြင်းချက်များကို ပြင်ဆင်ခြင်း သို့မဟုတ် နောက်ထပ် ငြင်းချက်များ ထုတ်ခြင်းပြုရမည်။

(၂) ငြင်းချက်တစ်ခုခုကို မှားယွင်းစွာ ထုတ်ထားသည်ဟူ၍သော်လည်းကောင်း၊ မှားယွင်းစွာ ထည့်သွင်းထားသည်ဟူ၍သော်လည်းကောင်း၊ ထင်မြင်လျှင်တရားရုံးသည် ဒီကရီကို မချမှတ်မီ မည်သည့်အခါ၌မဆိုယင်းငြင်းချက်ကို ထုတ်ပယ်ခြင်းလည်း ပြုနိုင်သည်။

မောင်၀ကိုယ်တိုင် ဤအမိန့် ၁၄၊ နည်းဥပဒေ ၅ပြဋ္ဌာန်းချက်အရ လျှောက်ထားမှု အတွေ့အကြုံ လေးကိုဖောက်သည်ချပေးလို၏။ ငွေပေးငွေယူမူဖြစ်ပါသည်။

မောင်၀က တရားပြိုင်၏ ရှေ့နေဖြစ်၏။ တရားလိုပြသက်သေများစစ်ဆေးဆဲတွင် ပြောင်းရွှေ့သွားပြီဖြစ်သောတရားသူကြီး ထုတ်ပေးခဲ့သည် ငြင်းချက်တစ်ခုအားမှားယွင်းနေ၍ ပြင်ပေးရန် လျှောက်ထား၏။

ထိုအမှုအား လက်ရှိကြားနာစစ်ဆေးနေသည့်ခရိုင်အဆင့် တရားသူကြီးသည် မောင်၀၏ လျှောက်လွှာကို ဖတ်ပြီး ဘယ်လိုပြင်ချင်တာလဲ၊ ပြင်ချင်တဲ့ပုံစံကိုတစ်ပါတည်း ရေးသားဖော်ပြရန် တောင်းဆိုပါသည်။

ဝါကျအထားအသိုပြဿနာကြောင့် မှားယွင်းနေခြင်းဖြစ်ရာ ချက်ချင်းပြင်၍ တင်ပြ၏။ တစ်ဖက်ရှေ့နေကြီးသို့ မိတ္တူပေး၏။ တစ်ဖက်ရှေ့နေကြီးကလည်း လျှောက်လွှာ လက်ထဲ ရောက်သည်နှင့် ကန့်ကွက်ပါသည်ဟု တင်ပြ၏။

တရားသူကြီးက ချက်ချင်းပင် လျှောက်လဲချက်ပေးရန် တောင်းဆိုသဖြင့် နှစ်ဖက်လျှောက်လဲကြ၏။ ထိုနေ့ မွန်းလွဲ ၂ နာရီအမိန့်ချပေးပါသည်။ မောင်၀လျှောက်ထားခြင်း ပယ်ချခံရ၏။

ထိုကိစ္စအတွက်အထက်တရားရုံး အဆင့်ဆင့်သို့ တက်ရောက်ခွင့် ရှိသော်လည်း ကြန့်ကြာ မှုမဖြစ်စေရန် မောင်၀ စွန့်လွှတ်ခဲ့ပါသည်။

ထိုအမှု အပြီးသတ်လျှောက်လဲချက် တင်သွင်းသည့်နေ့တွင် တရားလို၏ရှေ့နေကြီးသည် မောင်၀ကပြင်ဆင်ပေးရန် လျှောက်ထားသည့် ကောက်ချက်သည်မှားယွင်းနေကြောင်း တရားခွင် ရှေ့၌ ထုတ်ဖော်ဝန်ခံလာ၏။

ဟိုတစ်ချိန်က ဘာကြောင့် ကန့်ကွက်တာလဲဟုသာမေးခွန်းဖြင့် တုံ့ပြန်မိပါသည်။ ထိုရှေ့နေ ကြီးသည်တစ်ဖက်မှ တင်ပြချက်တိုင်းအား ကန့်ကွက်ရမည်ဟုသင်ပေးသော အလုပ်သင် ဆရာ၏ တပည့်ဖြစ်ပုံရပါသည်။

ဒေါ်အုန်းရင်သည် ဦးဘိုးခွေးနှင့် ဒေါ်လှခင်တို့၏သမီးအရင်း ဖြစ်ပါသည်။ ဦးဘိုးခွေး ကွယ်လွန်ပြီးနောက်ဒေါ်လှခင်သည် ဦးထွန်းတင်နှင့် နောက်အိမ်ထောင်ပြု၏။ သားသမီး မရရှိ။ ဒေါ်လှခင် ကွယ်လွန်သောအခါဦးထွန်းတင်သည် ဒေါ်ငွေချီနှင့် နောက်အိမ်ထောင်ပြုပါသည်။

သားသမီး မထွန်းကား။ ဦးထွန်းတင် ကွယ်လွန်ပြီးနောက် ဒေါ်အုန်းရင်က ဒေါ်ငွေချီအပေါ် အမွေမှုတရားစွဲဆို၏။ ဤသည်ကား ဒေါ်အုန်းရင်အဆိုပြုချက်ဖြစ်ပါသည်။ ဒေါ်အုန်းရင် စွဲဆိုသော အမှုကို မူလရုံးက ပလပ်ခဲ့ပါသည်။

မူလရုံးတရားသူကြီးသည် ကောက်ချက် လေးခုထုတ်ပေးခဲ့သော်လည်း ထိုကောက်ချက်များ အားလုံးအပေါ် အဖြေပေးခဲ့ခြင်းမရှိဘဲ အမှုတစ်ခုလုံးအားအဆုံးအဖြတ်ပြုခဲ့ပါသည်။ ဒေါ်အုန်းရင်၏ ရှေ့နေကြီးက နိုင်ငံတော်တရားရုံးချုပ်၌ လျှောက်လဲရာတွင်ထိုအချက်ကို အလေးပေးလျှောက်လဲခဲ့ပါသည်။

နိုင်ငံတော် တရားရုံးချုပ်သည် မူရုံးအမှုတွဲပေါ်ပေါက်ချက်များကို သေချစွာစိစစ်ခဲ့ပါသည်။ ဦးထွန်းတင်သည် ဒေါ်လှခင် ကွယ်လွန်ပြီးနောက် ဒေါ်ငွေချီနှင့်လက်ထပ်ခြင်းမပြုမီ ဒေါ်အုန်းရင်၏ သက်သေဦးလှမောင်၏ထွက် ဆိုချက်အရ မိန်းမတစ်ဦးနှင့် လက်ထပ်ပေါင်းခဲ့
ကြောင်း ပေါ်ပေါက်နေ၏။

ဦးထွန်းတင်၏ ဒုတိယဇနီးဆိုသူ သက်ရှိထင်ရှား ရှိနေသေးလျှင် အမွေစားအမွေခံ
တစ်ယောက်ဖြစ်သည်မှာ ယုံမှားဖွယ်မရှိဟု တရားရုံးချုပ် တရားသူကြီးက ရှုမြင်ပါသည်။

အမွေစား အမွေခံ စုံလင်အောင်ပါဝင်ခြင်း မရှိသည့် အမှုမျိုးတွင် အမွေပုံပစ္စည်းကို ရုံးတော်မှ အုပ်ထိန်းစီမံခန့်ခွဲသည့် ဒီကရီချမှတ်ခြင်း မပြုနိုင်ဟု သုံးသပ်မှုပြုခဲ့ပါသည်။ မူလရုံးအမိန့်ကို ဆက်လက်အတည်ပြုခဲ့ပါသည်။ ထိုအမှုတွင် အောက်ပါအတိုင်း ထုံးဖွဲ့ချက် ပြုခဲ့သည်ကို တွေ့ရ၏။

တရားရုံးအနေဖြင့် အမှုတွင် ပေါ် ပေါက်လျက်ရှိသော အဓိကပြဿနာကို ဖြေရှင်းကာ အဆုံးအဖြတ်ပြုခဲ့လျှင် ထုတ်နုတ်ခဲ့သော ကောက်ချက် အားလုံးအပေါ်ဖြေဆိုခြင်းမရှိစေကာမူ ၎င်း၏စီရင်ချက်သည် တရားဥပဒေအရ မှားယွင်းချွတ်ချော်သည်ဟု မဆိုနိုင်ချေ။

အမှန်အားဖြင့်ဆိုလျှင် နှစ်ဖက်အမှုသည်များသည် မိမိတို့အငြင်းပွားနေသောအချက်ကို ကောင်းစွာ သဘောပေါက်ကြသဖြင့် ထိုအငြင်းပွားနေသောအချက်နှင့်ပတ်သက်၍ သက်သေထူခဲ့ကြပြီး တရားရုံးအနေနှင့်လည်း ထိုအချက်ကိုပင် အဆုံးအဖြတ်ပြုခဲ့လျှင် အမှု၌
ကောက်ချက်မရှိစေကာမူ တရား ရုံး၏ ဆုံးဖြတ်ချက်သည်ပျက်ပြယ်ခြင်းမရှိပေ။

အဓိက ပြဿနာကို ဖြေရှင်းဆုံးဖြတ်ပေးခြင်းဖြစ်ဖိုတော့ လိုပေမည်။

ကိုးကား -
- ဒေါ်အုန်းရင် နှင့် ဒေါ်ငွေချီ ၁၉၆၆ ၊ မ တ စ ၊ ၈၉၃။

ရေး-ရှေ့နေမောင်ဝ

━━━━━━━━━━━━━━

📖 Reference

ဒေါ်အုန်းရင် နှင့် ဒေါ်ငွေချီ၊ ၁၉၆၆၊ မ တ စ၊ ၈၉၃။

Source: The Standard Time Daily

Writer: ရှေ့နေမောင်ဝ

🙏 မူရင်းရေးသားသူအား Credit အပြည့်အစုံဖြင့် ပြန်လည်မျှဝေပါသည်။
MZTK Legal Store

13/09/2026

📚❤️ 2027 MZTK Diary Pre-order စနေပါပြီ!

အလုပ်၊ ရုံးကိစ္စနဲ့ နေ့စဉ်အစီအစဉ်တွေကို တစ်အုပ်တည်းနဲ့ စနစ်တကျ စီမံချင်သူများအတွက် MZTK Diary 2027 ကို Pre-order မှာယူနိုင်ပါပြီ။

✨ Pre-order Price — 22,000 Ks
🏷️ Regular Price — 23,500 Ks

လက်ဆောင်အပါဝင်

- 🖊️ Ball Pen
- 🔖 Bookmark Card

📦 Waiting Time — Last week of Sep

📩 မှာယူလိုပါက Messenger တွင် “2027 Diary Pre-order” လို့ မန့်ပေးပါ သို့မဟုတ် DM စာပို့ပါ။

#ဒိုင်ယာရီ

Address

Building(8), Hninsi Street, Sittaung Yeikmon Housing, Dagon Myothit Seikkan Township
Yangon
11441

Alerts

Be the first to know and let us send you an email when H & H posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to H & H:

Shortcuts

Share