11/08/2026
Advance Men Engagement Training
(Eastern Shan)
▪️ မြန်မာနိုင်ငံမှာ အမျိုးသမီးတွေကို အိမ်တွင်းအကြမ်းဖက်တာ၊ အရွယ်မတိုင်မှီ အိမ်ထောင်ချပေးတာနဲ့ ဂျဲန်ဒါအကြမ်းဖက်ခံရမှုတွေကို တရားနည်းလမ်းတကျဖြေရှင်ရမဲ့အစား အန္တရာယ်ရှိတဲ့ ရိုးရာဓလေ့နည်းလမ်းနဲ့ ခပ်လွယ်လွယ်ဖြေရှင်းဖို့ ကြိုးစားနေကြတာဟာ ယနေ့တိုင် စိုးရိမ်စရာပြဿနာတစ်ခုအဖြစ် ရှိနေဆဲဖြစ်ပါတယ်။
▪️ ဒီလို အန္တရာယ်ရှိတဲ့ အလေ့အထတွေ၊ အပြုအမူတွေရဲ့ နောက်ကွယ်မှာ ကျား/မဆိုင်ရာ ပုံသေသတ်မှတ်ချက်တွေ၊ မညီမျှတဲ့ အာဏာဆက်ဆံရေးတွေနဲ့ “အမျိုးသားဆိုရင် ဒီလိုဖြစ်ရမယ်”၊ အမျိုးသမီးဆိုရင် ဒီလိုဖြစ်ရမယ်” ဆိုတဲ့ Gender Stereotype အတွေးအမြင်တွေ ရှိနေတတ်ကြပါတယ်။
▪️ ဒီလို အတွေးအခေါ် ဓလေ့ အယူအဆတွေ လျော့နည်းသွားပြီး ဂျဲန်ဒါအခြေပြုအကြမ်းဖက်မှုတွေ လျော့နည်းသွားအောင် TFP က အမျိုးသမီးများနှင့်သာမက 👉🏻 အမျိုးသားတွေနဲ့ပါ အတူတကွ လက်တွဲပြီး လုပ်ဆောင်နေပါတယ်။
▪️ တလောက ရှမ်းပြည်နယ်အရှေ့ပိုင်းမှာ ကျင်းပပြုလုပ်ခဲ့တဲ့ Advanced Men Engagement Training မှာ S*x & Gender, Man Box, Power & Gender Stereotypes, Domestic Violence, Early Marriage, GBV နဲ့ Survivor-Centred Response စတဲ့ အကြောင်းအရာတွေကို လေ့လာဆွေးနွေးခဲ့ကြပြီး၊ ကိုယ့်ရပ်ရွာထဲမှာ အပြောင်းအလဲတစ်ခု ဖန်တီးဖို့ ကိုယ်တိုင် ဘယ်လိုပါဝင်နိုင်မလဲဆိုတာကိုလည်း ပြန်လည်စဉ်းစားခဲ့ကြပါတယ်။
📍 GBV ကာကွယ်တားဆီးရေးဆိုတာ အကြမ်းဖက်မှုဖြစ်ပြီးမှ စတင်တာ မဟုတ်ပါဘူး။
👉🏻 အကြမ်းဖက်မှုကို ခွင့်ပြုနေတဲ့ အတွေးအမြင်တွေကို ပြောင်းလဲတဲ့နေရာကနေ စတင်ပါတယ်။ 👈🏼
💙 အတွေးအမြင်ပြောင်းလဲရင် — အပြုအမူပြောင်းလဲနိုင်တယ်။ 💙
💙 အပြုအမူပြောင်းလဲရင် — လူမှုအသိုင်းအဝိုင်းလည်း ပြောင်းလဲနိုင်တယ်။ 💙
▪️ အမျိုးသားတွေဟာ ဘေးကနေ ကြည့်နေသူတွေပဲ ဖြစ်နေစရာမလိုပါဘူး။
👉 “အန္တရာယ်ဖြစ်စေတဲ့ အယူအဆတွေကို မေးခွန်းထုတ်ပြီး ပြောင်းလဲနိုင်တယ်။”
👉 မှားယွင်းတဲ့ အယူအဆတွေကို ထောက်ပြပြောဆိုနိုင်တယ်။
👉 GBV ဖြစ်ရပ်တွေမှာ ပိုမိုလုံခြုံပြီး သင့်လျော်တဲ့ တုံ့ပြန်မှုတွေကို ပံ့ပိုးပေးနိုင်တယ်။
👉 ပြီးတော့ GBV Change Agents နဲ့ Male Champions တွေအဖြစ် အပြောင်းအလဲကို ကိုယ်တိုင် ဦးဆောင်နိုင်ပါတယ်။
Real change begins when we choose to be part of the solution.
---
▪️ In Myanmar, domestic violence, early marriage, and other forms of gender-based violence (GBV) remain serious concerns. Too often, harmful traditional practices and informal “solutions” are used instead of safe, appropriate, and rights-based responses.
▪️ Behind many of these harmful practices are gender stereotypes, unequal power relationships, and deeply rooted ideas about how men and women are “supposed” to behave.
▪️ That’s why TFP works with both women and men to challenge these attitudes and create change.
👉🏻 Through our Advanced Men Engagement Training in Eastern Shan State, participants explored S*x & Gender, the Man Box, Power & Gender Stereotypes, Domestic Violence, Early Marriage, GBV, and Survivor-Centred Response. They also reflected on how they can contribute to positive change in their own communities.
📍 Because GBV prevention doesn’t start only after violence happens.
👉🏻It starts by changing the attitudes and beliefs that allow violence to happen in the first place.👈🏼
💙 Change the mindset.
💙 Change the behaviour.
💙 Change the community.
📍 Men don’t have to remain bystanders.
👉 Challenge harmful beliefs.
👉 Speak up against harmful attitudes.
👉 Support safer responses to GBV.
👉 Become Change Agents and Male Champions for a safer community.
Real change begins when we choose to be part of the solution.