AGGA Legal

AGGA Legal Aggregated for Greatness

ကုမ္ပဏီ စတင်တည်ထောင်မည့်သူများ သိထားလိုက်နာရန် လိုအပ်သည့်“ကုမ္ပဏီများအဖွဲ့အစည်းများအနေဖြင့် မှတ်ပုံတင်အရာရှိက ထုတ်ပြန်သေ...
01/09/2025

ကုမ္ပဏီ စတင်တည်ထောင်မည့်သူများ သိထားလိုက်နာရန် လိုအပ်သည့်
“ကုမ္ပဏီများအဖွဲ့အစည်းများအနေဖြင့် မှတ်ပုံတင်အရာရှိက ထုတ်ပြန်သောအမိန့်၊ ညွှန်ကြားချက်နှင့် အသိပေးကြေညာချက်များကို အလေးထား လိုက်နာရန်ကိစ္စ”

Online shop registration လျှောက်သူများ သတိပြုသင့်သည့် အချက်❗️eComReg System တွင် လုပ်ငန်းမှတ်ပုံတင်လျှောက်ထားတင်ပြသည့် အ...
30/07/2025

Online shop registration လျှောက်သူများ သတိပြုသင့်သည့် အချက်❗️

eComReg System တွင် လုပ်ငန်းမှတ်ပုံတင်လျှောက်ထားတင်ပြသည့် အချက်အလက် မပြည့်စုံလျှင်ငှါနမှ Turndown ချပြီး ရက် ၃၀ အတွင်း ပြန်လည်တင်ပြဆောင်ရွက်ရမည်ဖြစ်တယ်။ထိုသတ်မှတ်ရက်အတွင်း လိုအပ်ချက်များကို ပြန်လည်ပြင်ဆင်၍ဆောင်ရွက်ခြင်းမရှိပါက စနစ်မှ အလိုအလျောက် ပယ်ဖျက်ခြင်းများလည်း ပြုလုပ်ဆောင်ရွက်သွားမည်ဖြစ်ပါတယ်။
ဒါ့ကြောင့် Online Sales Registration Certificate လျှောက်ထားသူများအနေနဲ့ သတ်မှတ်ရက်များအတွင်း သတိပြုဆောင်ရွက်ကြရန်နှင့် စနစ်မှအလိုအလျောက် Auto Cancel ပြုလုပ်ခြင်းများလည်း ၂၀၂၄ ခုနှစ် ဩဂုတ်လ (၁၉) ရက်နေ့မှ စတင်၍ ဆောင်ရွက်နေပြီဖြစ်ကြောင်းလည်းထပ်မံအသိပေးအပ်လိုပါတယ်ခင်ဗျာ။

မိတ်ဆွေများအနေနဲ့ မိမိတို့၏ Online Sales Registration Certificates လျှောက်ထားခြင်းနဲ့ပတ်သက်ပြီးလိုအပ်သည်များကို အသေးစိတ်ထပ်မံသိရှိလိုပါက ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။ကျွန်တော်တို့ Agga Legal မှ Online Sales Registration များလည်းဆောင်ရွက်ပေးလျက်ရှိပါတယ်ခင်ဗျာ။
☎️ 09400299186/ 09400299187
🏠 လမ်း ၆၀၊ ၃၁ x ၃၂ ကြား
ရတနာတိုင်းပြည်အိမ်ရာ။

◻️“ထပ်တူဖြစ်နေသော (သို့) ဆင်တူရိုးမှား (သို့) ထင်ယောင်ထင်မှားဖြစ်နေသော အမှတ်တံဆိပ်တွေ လျှောက်ထားရာမှာ မည်သူက အမှတ်တံဆိပ်...
27/06/2025

◻️“ထပ်တူဖြစ်နေသော (သို့) ဆင်တူရိုးမှား (သို့) ထင်ယောင်ထင်မှားဖြစ်နေသော အမှတ်တံဆိပ်တွေ လျှောက်ထားရာမှာ မည်သူက အမှတ်တံဆိပ်ကို ပိုင်ဆိုင်ခွင့်ရမလဲ”

ဒီမေးခွန်းက ကျွန်တော်တို့ မိတ်ဆွေများ အလွန်အမေးများတဲ့ မေးခွန်းတစ်ခုပဲ ဖြစ်ပါတယ်။

🔸Trademark (ကုန်အမှတ်တံဆိပ်) နဲ့ Service mark (ဝန်ဆောင်မှုအမှတ်တံဆိပ်) တွေဟာ မိမိတို့ လုပ်ငန်းရဲ့ တန်ဖိုးကြီးမားတဲ့ ပိုင်ဆိုင်မှုတွေ ဖြစ်ကြတာ မိတ်ဆွေတို့ သိထားပြီးဖြစ်ပါတယ်။

🔸ယင်းအမှတ်တံဆိပ်တွေကို လျှောက်ထားရာတွင် ယခုအခါမှာ First to use စနစ်မှ First to file စနစ်သို့ ပြောင်းလဲကျင့်သုံးလျက်ရှိပါတယ်။

🔸အမှတ်တံဆိပ်များအား ပိုင်ဆိုင်ခွင့်ကို ဥပဒေအရ အကာအကွယ်ရယူရာမှာ ဆင်တူရိုးမှား၊ ထင်ယောင်ထင်မှား ဖြစ်နေသော အမှတ်တံဆိပ်များသည် မှတ်ပုံတင်ခွင့်ကို ငြင်းပယ်ခြင်း ခံရလေ့ ရှိပါတယ်။

🔸ထိုကဲ့သို့ ကိစ္စများ ကြုံတွေ့လာလျှင် မည်သူ့အမှတ်တံဆိပ်က မှတ်ပုံတင်ခွင့်ရရန် အလေးသာမလဲဆိုတာကို မိတ်ဆွေတို့ လေ့လာနိုင်ဖို့ ကျွန်တော်တို့ AGGA Legal မှတင်ပြလိုက်ပါတယ်ခင်ဗျာ။

🔺ကုန်အမှတ်တံဆိပ် မူပိုင်ခွင့်ဥပဒေ အခန်း-၈ရဲ့ ပုဒ်မ-၁၉ နဲ့ ပုဒ်မ-၂၀ တို့မှာ ထိုအကြောင်းအရာများနဲ့ပတ်သတ်ပြီး ပြဌာန်းထားရှိပါတယ် ခင်ဗျာ။

▫️ပုဒ်မ-၁၉ တွင် ပြဌာန်းထားသည်မှာ

မှတ်ပုံတင်အရာရှိသည်-

(က) ထပ်တူဖြစ်သော သို့မဟုတ် အလားတူသော အမှတ်တံဆိပ်များကို မတူညီသောနေ့ အသီးသီးတွင် တစ်ဦးထက်ပိုသူများက မှတ်ပုံတင် လျှောက်ထားရာ၌ အဆိုပါ လျှောက်ထားချက်များအပေါ် အငြင်းပွားဖွယ်ရာ ဖြစ်ပေါ်လာခဲ့လျှင် မှတ်ပုံတင်ပေးရန် သတ်မှတ်ချက်များနှင့် ညီညွတ်သော လျှောက်ထားချက်ကို ဦးစွာတင်သွင်းသူအား မှတ်ပုံတင်ခွင့်ပြုရမည်။

(ခ) ပုဒ်မခွဲ (က) အရ လျှောက်ထားရာတွင် လျှောက်ထားသူ အသီးသီးက ဦးစားပေးအခွင့်အရေး သို့မဟုတ် ကုန်စည်ပြပွဲဆိုင်ရာ ဦးစားပေးအခွင့်အရေးကို တောင်းဆိုရာ၌ လျှောက်ထားချက်များအပေါ် အငြင်းပွားဖွယ်ရာ ဖြစ်ပေါ်ခဲ့လျှင် မှတ်ပုံတင်ပေးရန် သတ်မှတ်ချက်များနှင့် ညီညွတ်သော အမှတ်တံဆိပ် လျှောက်ထားချက်တွင် ဦးစားပေးအခွင့်အရေးနေ့ အစောဆုံး ပါရှိသူကိုသာ မှတ်ပုံတင်ခွင့်ပြုရမည်။

▫️ပုဒ်မ-၂၀ အရ

ထပ်တူဖြစ်သော သို့မဟုတ် အလားတူသော အမှတ်တံဆိပ်များကို မှတ်ပုံတင်ပေးရန် တစ်ဦးထက် ပိုသူများက တစ်နေ့တည်းတွင် လျှောက်ထားလာပါက သို့မဟုတ် တူညီသော ဦးစားပေးနေ့ကို တောင်းဆို လျှောက်ထားလာပါက-

(က) မှတ်ပုံတင်အရာရှိသည် လျှောက်ထားသူအချင်းချင်း ဆွေးနွေးညှိနှိုင်းပြီး အမှတ်တံဆိပ် လျှောက်ထားသူအဖြစ် သတ်မှတ်ပေးစေလိုသူ၏ အမည်ကို သတ်မှတ်သည့်ကာလအတွင်း ပြန်လည်တင်ပြရန် လျှောက်ထားသူအားလုံးကို ညွှန်ကြားရမည်။

(ခ) လျှောက်ထားသူများသည် မှတ်ပုံတင်အရာရှိ၏ညွှန်ကြားချက်နှင့်အညီ ၎င်းတို့အချင်းချင်းဆွေးနွေး ညှိနှိုင်းချက်အရ အမှတ်တံဆိပ် လျှောက်ထားသူအဖြစ် သတ်မှတ်ပေးရန် သဘောတူညီခြင်းခံရသူ၏ အမည်ကို မှတ်ပုံတင်အရာရှိထံ ပြန်လည်တင်ပြရမည်။

(ဂ) ပုဒ်မခွဲ (က) အရ ညွှန်ကြားသော်လည်း လျှောက်ထားသူများသည် ယင်းတို့အချင်းချင်း သဘောတူညီမှု မရရှိခဲ့လျှင် မှတ်ပုံတင်အရာရှိ၏ သတ်မှတ်သည့် နည်းလမ်းနှင့်အညီ ဆုံးဖြတ်ခြင်းကို လိုက်နာရမည် ဟူ၍ ပြဌာန်းထားပါတယ်။

🔸ထို့ကြောင့် မိမိတို့ရဲ့ အခွင့်အရေး ထိခိုက်နစ်နာမှုမရှိစေရန် မိမိတို့ လုပ်ငန်းရဲ့ ပိုင်ဆိုင်မှုဖြစ်တဲ့ ကုန်အမှတ်တံဆိပ် (Trademark) တွေ၊ ဝန်ဆောင်မှုအမှတ်တံဆိပ် (Service mark) တွေကို အချိန်နှင့်တပြေးညီ မှတ်ပုံတင်လျှောက်ထားကြဖို့ ဥပဒေအကြံပေး၊ တိုက်တွန်းလိုက်ပါတယ် ခင်ဗျာ။

📌အမှတ်တံဆိပ်များ မှတ်ပုံတင်ခြင်းနှင့် စပ်လျဉ်း၍ ကျွန်တော်တို့ AGGA Legal တွင် ဥပဒေအကြံ
ဥာဏ်များ ရယူနိုင်ပါတယ်ခင်ဗျာ။

AGGA Legal Law Firm
09-400-299-186
09-400-299-187

လမ်း၆၀၊ ၃၁x၃၂ လမ်းကြား၊ ရတနာတိုင်းပြည်အိမ်ရာ
မန္တလေး။

“အစုစပ်စာချုပ်နှင့် အစုရှယ်ယာရှင်များသဘောတူညီချက်စာချုပ်တို့၏ ကွာခြားချက်”အစုစပ်လုပ်ငန်းနှင့် အစုစပ်စာချုပ်၏သဘောတရားအား ...
06/06/2025

“အစုစပ်စာချုပ်နှင့် အစုရှယ်ယာရှင်များသဘောတူညီချက်စာချုပ်တို့၏ ကွာခြားချက်”

အစုစပ်လုပ်ငန်းနှင့် အစုစပ်စာချုပ်၏သဘောတရားအား ကျွန်ုပ််တို့ AGGA Legal မှ ရေးသားထားသည့် အောက်ပါဖော်ပြချက်တွင် ဖတ်ရှုနိုင်ပါသည်။

https://www.facebook.com/share/p/1CYCPSb3BL/?mibextid=wwXIfr

အစုစပ်စာချုပ်နှင့် အစုရှယ်ယာရှင်များသဘောတူညီချက်စာချုပ်တို့သည် ဥပဒေကြောင်းအရ မတူညီစွာ ဖွဲ့စည်းထားသည့် လုပ်ငန်းအမျိုးအစားနှစ်ခု၏ သဘောတူညီချက်စာချုပ်များဖြစ်ကြပါသည်။ အစုစပ်စာချုပ်ဆိုသည်မှာ အစုစပ်လုပ်ငန်းတစ်ခု၏ အစုဝင်များကြားချုပ်ဆိုသည့် စာချုပ်တစ်ခုဖြစ်ပြီး အစုရှယ်ယာရှင်များသဘောတူညီချက်စာချုပ် ဆိုသည်မှာ ကုမ္ပဏီတစ်ခု၏ အစုရှယ်ယာရှင်များကြား ချုပ်ဆိုသည့် စာချူပ်တစ်ခုဖြစ်ပါသည်။ ဤနေရာတွင် တစ်ခုသတိပြုရန်မှာ ကုမ္ပဏီသည် အစုစပ် လုပ်ငန်းကဲ့သို့မဟုတ်ပဲ သီးခြားတည်ရှိနိုင်သည့် တရားဝင်အဖွဲ့အစည်းတစ်ခု (Separate Legal Entity) ဖြစ်ပါသည်။ ဆိုလိုသည်မှာ အစုစပ်လုပ်ငန်းတစ်ခုတွင် အစုဝင်များ၏ ဥပဒေအရတာဝန်ယူမှု ( Liability) သည် အကန့်အသတ်မဲ့ဖြစ်ပြီး ကုမ္ပဏီကဲ့သို့ Separate Legal Entity တွင် အစုရှယ်ယာရှင်များ၏ Liability သည် အကန့်အသတ်တစ်ခုထိသာ တည်ရှိမည်ဖြစ်ပါသည်။ အစုစပ်လုပ်ငန်းတစ်ခု၏ အစုဝင်များသည် ၎င်းတို့၏ တူညီသော စီးပွါးရေး ရည်မှန်းချက်နှင့် အကျိုးအမြတ်များအတွက် အဆိုပါအစုစပ်လုပ်ငန်းအား ပူးပေါင်းလုပ်ကိုင်ကြပြီး လုပ်ငန်း၏ အရှုံးအမြတ်အားလုံးအား မျှခံကြရပါ သည်။ ကုမ္ပဏီတစ်ခုရှိ အစုရှယ်ယာရှင်များသည် ၎င်းတို့ရင်းနှီးမြုပ်နှံထားသည့် အစုရှယ်ယာပိုင်ဆိုင်မှုပေါ်မူတည်၍ အရှုံးအမြတ်နှင့် ကုမ္ပဏီ၏ အုပ်ချုပ်ရေးတွင်ပါဝင်ပတ်သက်မှုသည်။ အကန့်အသတ်ရှိနိုင်ပါသည်။ သို့ဖြစ်ပါ၍ အစုစပ်စာချုပ်နှင့် အစုရှယ်ယာရှင်များသဘောတူညီချက်စာချုပ် တို့သည် မတူညီစွာဖွဲ့စည်းထားသည့် လုပ်ငန်းအမျိုးအစားနှစ်ခု၏ သဘောတူညီချက်စာချုပ်များဖြစ်ပါသည်။ သို့ဖြစ်ပါ၍ လူကြီးမင်းတို့အနေဖြင့် မိမိပြု လုပ်လိုသည့် လုပ်ငန်းအမျိုးအစား၊ သဘောသဘာဝအပေါ်မူတည်၍ သင့်လျော်သည့် သဘောတူညီ ချက်စာချုပ်ပြုလုပ်ရန်လိုအပ်ပါသည်။

ဆက်လက်၍ အစုရှယ်ယာရှင်များသဘောတူညီချက်စာချုပ်အကြောင်း ဆက်လက်ဖော်ပြသွားမည်ဖြစ်ပါသည်။ အစုရှယ်ယာရှင်များသဘောတူညီချက်စာချုပ်အား အင်္ဂလိပ်၊ မြန်မာနှစ်ဘာသာဖြင့် ရေးသားလေ့ရှိပြီး သီးသန့်သတ်မှတ်ထားသည့် ဘာသာစကားသတ်မှတ်ချက်မရှိပါ။

အစုရှယ်ယာရှင်များသဘောတူညီချက်စာချုပ်တွင် အဓိကဖော်ပြလေ့ရှိသည်များမှာ ကုမ္ပဏီ၏ ပြုလုပ် မည့်လုပ်ငန်းနှင့် ရည်မှန်းချက်၊ ရှယ်ယာရှင်များ၏ တာဝန်ဝတ္တရားများ၊ ရှယ်ယာလွှဲပြောင်းခြင်း၊ ရောင်းချခြင်းနှင့် သက်ဆိုင်သည့် ဖော်ပြချက်များ အစရှိသဖြင့်ပါဝင်ပါသည်။ ထို့ပြင်အဆိုပါအစုရှယ်ယာရှင် များသည် ကုမ္ပဏီ၏ အုပ်ချုပ်ရေးပိုင်းတွင်ပါဝင်မှုရှိမည်၊ မရှိမည်၊ ကုမ္ပဏီ၏ အုပ်ချုပ်မှုပုံစံ (ဘုတ်အဖွဲ့ဖွဲ့ စည်းမှုပုံစံ၊ ဘုတ်အဖွဲ့၏ဆုံးဖြတ်ချက်ချမှုပုံစံ)၊ အငြင်းပွါးမှုပေါ်ပေါက်လာခဲ့လျှင် ဖြေရှင်းနိုင်ရန်ကြိုတင်သတ်မှတ်ချက်များ အစရှိသ၍လည်းပါဝင်ကြပါသည်။

အစုရှယ်ယာရှင်များသဘောတူညီချက်စာချုပ်သည် ကုမ္ပဏီ၏ ဖွဲ့စည်းမှုပုံစံအတွက်လည်းကောင်း၊ အစုရှယ်ယာရှင်များအနေဖြင့််လည်း အဆိုပါကုမ္ပဏီ၏ အုပ်ချုပ်ရေးတွင်ပါဝင်ထမ်းဆောင်သည်ဖြစ်စေ၊ ရင်းနှီးမြှုပ်နှံရုံသက်သက်ဖြစ််စေ အရေးကြီးသည့် စာချုပ်စာတမ်းတစ်ခုဖြစ်ပါသည်။ လူကြီးမင်းတို့အတွက် ကုမ္ပဏီနှင့်် ပတ်သက်သော အကြံညဏ်များပေးခြင်း၊ အစုရှယ်ယာရှင်များသဘောတူညီချက်စာချုပ်တို့အား သုံးသပ်ပေးခြင်း၊ ရေးဆွဲပေးခြင်းတို့အား ကျွန်ုပ်တို့ AGGA Legal မှတာဝန်ယူဆောင်ရွက်ပေးလျက်ရှိပါသည်။

ဆက်သွယ်ရန်လိပ်စာ

AGGA Legal Law Firm
09-400-299-186
09-400-299-187
60th street, between 31st & 32nd streets,
Yadanar Tine Pyi Housing Mandalay.
Yadanar Tine Pyi Housing, Mandalay.

“မြန်မာဗုဒ္ဓဘာသာဝင် မင်္ဂလာမောင်နှံများ လက်ထပ်ထိမ်းမြားရာတွင် ပြုလုပ်ချုပ်ဆိုသင့်သည့် လက်ထပ်စာချုပ်များ” နှင့် စပ်လျဉ်း၍...
23/05/2025

“မြန်မာဗုဒ္ဓဘာသာဝင် မင်္ဂလာမောင်နှံများ လက်ထပ်ထိမ်းမြားရာတွင် ပြုလုပ်ချုပ်ဆိုသင့်သည့် လက်ထပ်စာချုပ်များ” နှင့် စပ်လျဉ်း၍ AGGA Legal မှ အကြံပြုဆွေးနွေးခြင်း

မြန်မာဓလေ့ထုံးတမ်းဥပဒေအရ မြန်မာဗုဒ္ဓဘာသာဝင်နှစ်ဦး တရားဝင်အကြင်လင်မယားမြောက်ရန်မှာ မည်သည့်အခမ်းအနားမှ မလိုပါ။

သို့ရာတွင် ယနေ့ခေတ်မင်္ဂလာမောင်နှံများသည်

▪️လက်ထပ်မင်္ဂလာအခမ်းအနားပွဲများကျင်းပခြင်း၊

▪️လက်ထပ်ထိမ်းမြားကတိသစ္စာပြုလွှာများ ပြုလုပ် ခြင်း၊

▪️နှစ်ဦးသဘောတူလက်ထပ်ထိမ်းမြားခြင်းစာချုပ်များ ချုပ်ဆိုခြင်း စသည်တို့ကို ပြုလုပ်လေ့ရှိကြပါသည်။

📌လက်ထပ်ထိမ်းမြားကတိသစ္စာပြုလွှာ(အရပ်အခေါ် လက်ထပ်စာချုပ်) ဆိုသည်မှာ ကျမ်းသစ္စာအက်ဥပဒေ နှင့် တရားမကျင့်ထုံးဥပဒေ ပုဒ်မ-၁၃၉ အရ ကျမ်းကျိန်လွှာ ပြုလုပ်ပေးပိုင်ခွင့်ရှိသော အခွင့်ရအရာရှိများ၊ တရားသူကြီးများ ရှေ့တွင် မင်္ဂလာမောင်နှံနှစ်ဦး ကျမ်းကျိန်ဆိုပြီး ထိုကတိသစ္စာပြုလွှာတွင် လက်မှတ်ရေးထိုးကြခြင်း ဖြစ်ပါသည်။

📌 နှစ်ဦးသဘောတူ လက်ထပ်ထိမ်းမြားခြင်း စာချုပ် ဆိုသည်မှာ ရှေ့နေရှေ့ရပ်များ၊ ရပ်ကွက်လူကြီးများ၊ရပ်မိရပ်ဖ ဂုဏ်သရေရှိလူကြီးများ၏ ရှေ့မှောက်တွင် မင်္ဂလာမောင်နှံနှစ်ဦး လက်မှတ်ရေးထိုး စာချုပ်ချုပ်ဆိုခြင်းဖြစ်ပါသည်။

🔺မင်္ဂလာမောင်နှံများသတိပြုကြရမည်မှာ -
လက်ထပ်ထိမ်းမြား ကတိသစ္စာပြုလွှာအမည်ပါ လက်ထပ်စာချုပ်များကို မိမိတို့သဘောအတိုင်း လက်မှတ်ရေးထိုးခြင်း ပြုလုပ်မည်ဆိုပါက တရားဝင်မည် မဟုတ်ပါ။ တရားရုံးရှိ တရားသူကြီးများရှေ့မှောက်တွင် ကျမ်းကျိန်ဆို လက်မှတ်ရေးထိုးမှသာ ထိုကတိသစ္စာပြုလွှာသည် တရားဝင်မှုရှိမည်ဖြစ်ပါသည်။

🔺တရားရုံးတွင် ကျမ်းကျိန်ဆို၍ လက်ထပ်ထိမ်းမြားခြင်း မပြုလုပ်လိုလျှင် နှစ်ဦးသဘောတူ လက်ထပ် ထိမ်းမြားခြင်းစာချုပ်ဖြင့် မည်သည့်ပုဂ္ဂိုလ်ရှေ့တွင်မဆို သက်သေထား၍ လက်မှတ်ရေးထိုး လက်ထပ် ထိမ်းမြားခြင်း ပြုနိုင်ပါသည်။

သို့ရာတွင် ယနေ့ခေတ်၌ မင်္ဂလာမောင်နှံအများစုသည် တရားရုံးရှိ တရားသူကြီးရှေ့မှောက်တွင်သာ လက်ထပ်ထိမ်းမြား ကတိသစ္စာပြုလွှာပြုလုပ်လေ့ရှိကြပါသည်။

📌အကြောင်းမှာမူ အမွေကိစ္စရပ်များ၊ စီးပွါးရေးဆိုင်ရာလုပ်ငန်းများ၊ နိုင်ငံခြားသို့ မိမိ၏ ဇနီးသို့မဟုတ် ယောကျာ်း အား ခေါ်ဆောင်လိုခြင်း အစရှိသည့်ကိစ္စရပ်များနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာဌာနများသို့ တင်ပြရန်လိုအပ်လာပါက ထိုကတိသစ္စာပြုလွှာသည်သာ တရားဝင်အကြင်လင်မယား ဖြစ်သည် ကို သက်သေပြနိုင်သော တရားဝင်စာချုပ်စာတမ်းတစ်ခုဖြစ်သောကြောင့်ဖြစ်ပါသည်။

ထို့ကြောင့် လက်ထပ်ထိမ်းမြားကြမည့် မြန်မာဗုဒ္ဓဘာသာဝင် မင်္ဂလာမောင်နှံများအနေဖြင့် တရားရုံးရှိ တရားသူကြီးများ ရှေ့မှောက်တွင် ကျမ်းကျိန်ဆို၍ လက်ထပ်ထိမ်းမြား ကတိသစ္စာပြုလွှာ ပြုလုပ်ကြရန် AGGA Legal အနေဖြင့် အကြံပြုချင်ပါသည် ခင်ဗျာ။

လက်ထပ်ထိမ်းမြားမည့်မင်္ဂလာမောင်နှံများအတွက်

▪️ တရားရုံးတော်တွင် “လက်ထပ်ထိမ်းမြားကတိသစ္စာပြုလွှာ” ပြုလုပ်ခြင်း

▪️မင်္ဂလာမောင်နှံများ စီစဉ်ထားသည့်နေရာတွင် လက်မှတ်ရေးထိုးခြင်း အစရှိသည်များကို ကျွန်တော်တို့ AGGA Legal မှ ဝန်ဆောင်မှုပေးလျက်ရှိပါသည်။

ဆက်သွယ်ရန်

ဖုန်းနံပါတ် - 09-400299186, 09400299187

လိပ်စာ - အခန်းအမှတ်-(G-4), လမ်း၆၀၊ ၃၁ နှင့် ၃၂လမ်းကြားရှိ ရတနာတိုင်းပြည်အိမ်ရာ၊ မန္တလေးမြို့။

“စီးပွါးရေး လုပ်ကိုင်သူတိုင်း သိထားသင့်တဲ့ အစုစပ်လုပ်ငန်း(Partnership) အကြောင်း AGGA Legal မှ ရှင်းလင်းဖော်ပြခြင်း”🔸အစုစ...
16/05/2025

“စီးပွါးရေး လုပ်ကိုင်သူတိုင်း သိထားသင့်တဲ့ အစုစပ်လုပ်ငန်း(Partnership) အကြောင်း AGGA Legal မှ ရှင်းလင်းဖော်ပြခြင်း”

🔸အစုစပ်လုပ်ငန်းနဲ့ ပတ်သက်ပြီး ပထမဆုံးသိထားရမှာကတော့ အစုစပ်လုပ်ငန်းအက်ဥပဒေ (၁၉၃၂) ပဲဖြစ်ပါတယ်။

🔸အစုစပ်လုပ်ငန်းအက်ဥပဒေ ပုဒ်မ-၄ မှာ
အစုစပ်လုပ်ငန်းရဲ့ အဓိပ္ပါယ်ကို လူအားလုံးကဖြစ်စေ၊၄င်းတို့အနက်မှတစ်ဦးဦးကဖြစ်စေ၊လုပ်ကိုင်သည့်လုပ်ငန်းမှ ရရှိသောအကျိုးအမြတ်ကိုခွဲဝေယူရန် သဘောတူသူတို့တစ်ဦးနှင့်တစ်ဦး ဆက်ဆံလုပ်ကိုင်ခြင်းဟု ဖော်ပြထားပါတယ်။

▫️အကြမ်းအားဖြင့်မှတ်ရလျှင် အစုစပ်လုပ်ငန်းဆိုတာ တစ်ဦးထက်ပိုတဲ့ လူတစ်စုက အရင်းအနှီးတွေ၊ လုပ်အားတွေ၊ အရင်းအမြစ်တွေကို စုပြီး လုပ်ငန်းလုပ်ဆောင်ကြရာမှ ရရှိလာသော အကျိုးအမြတ်ကို ခွဲဝေယူဖို့ သဘောတူညီချက်ထားရှိပြီး လုပ်ကိုင်ကြတဲ့ လုပ်ငန်းမျိုးပဲဖြစ်ပါတယ်။

🔸အစုစပ်လုပ်ငန်းရဲ့ ထူးခြားချက်တွေကတော့

- အစုစပ်လုပ်ကိုင်သူ အစုဝင် (Partners) တွေဟာ လုပ်ငန်းကို ပူးပေါင်းပိုင်ဆိုင်ကြပါတယ်။

- အမြတ်ခွဲဝေယူရာမှာ အစုဝင်တိုင်းသည် တူညီသည့် အချိုးနဲ့ခွဲဝေယူခြင်းမျိုးဖြစ်ရန်မလိုပဲ စာချုပ်ပါ အချိုးအစားအတိုင်းခွဲဝေယူရမှာ ဖြစ်ပါတယ်။

- ဥပဒေအရ တာဝန်ယူမှု (Liability) သည် ယေဘုယျအားဖြင့် Unlimited Liability ဖြစ်ပါတယ်။ ထို့ကြောင့် အစုစပ်လုပ်ငန်းနဲ့ဆိုင်တဲ့ ပေးရန်ရှိတဲ့ ကြွေးမြီတွေကို ပေးဆပ်ကြရမည်ဆိုလျှင် အစုစပ်ဝင်များသည် ပူးပေါင်း၍ (သို့) အခြေအနေအရ တစ်ဦးတည်းကဖြစ်စေကာမူ တာဝန်ယူ၍ ပေးဆပ်ရန်တာဝန်ရှိပါတယ်။ မြီရှင်သည် အစုဝင်တစ်ဦးထံမှ ယင်းလုပ်ငန်း နှင့်သက်ဆိုင်သည့် ကြွေးမြီများကို အခြားတစ်ဦးထံ တောင်းယူနိုင်ပါတယ်။

- အစုစပ်လုပ်ငန်းတွင် အစုဝင်တို့သည် မိမိတို့လုပ်ငန်းနှင့်ပတ်သက်ပြီး ဆုံးဖြတ်ချက်ချရန်အတွက် တန်းတူအခွင့်အရေး ရရှိကြပါတယ်။

🔸 အထက်ပါအချက်တွေကြောင့် အစုစပ်လုပ်ငန်း လုပ်ကိုင်တော့မယ်ဆိုလျှင် ပါတနာများကြား Agreements ဆိုတဲ့ သဘောတူညီချက်ဟာ အလွန်ပဲ အရေးကြီးပါတယ်။

▫️ယေဘုယျအားဖြင့်တော့ သဘောတူညီချက်ဟု ဆိုရာတွင် စာဖြင့်ရေးသားထားတဲ့ သဘောတူညီချက် (Written Agreement)ကို ပြုလုပ်နိုင်သလို နှုတ်သဘောတူညီချက် (Oral Agreement)ပေါ်မှာ အခြေခံပြီးတော့လည်း လုပ်ငန်း လုပ်ဆောင်နိုင်ပါတယ်။

-သဘောတူညီချက်တွင် အခြေခံအားဖြင့်
လုပ်ငန်းဆောင်ရွက်ရန် အရင်းအနှီး၊ လုပ်ငန်းအတွင်း တာဝန်ဝတ္တရားများခွဲဝေခြင်း၊ အမြတ်/အရှုံးစီမံခွဲဝေခြင်း၊ အငြင်းပွါးမှုဖြေရှင်းခြင်း၊ အခွန်ကိစ္စမည်ကဲ့သို့ဆောင်ရွက်မည်၊ ကုန်အမှတ်တံဆိပ်ပိုင်ဆိုင်ခြင်းဆိုင်ရာကိစ္စရပ်များ၊ အစုစပ်လုပ်ငန်းရပ်စဲရန်အခြေအနေများ စတဲ့ သဘောတူညီချက်တွေ အဓိကအားဖြင့် ပါဝင်ရပါမယ်။

- အစုစပ်လုပ်ငန်းလုပ်ကိုင်ဖို့ အရင်းအနှီးထည့်ဝင်ရာမှာ အစုစပ်လုပ်ကိုင်သူတွေရဲ့သဘောတူညီချက်နဲ့ ငွေကြေးတတ်နိုင်သူက ငွေကြေးထည့်ဝင်နိုင်သလို လုပ်အားနဲ့နေရာထည့်ဝင်နိုင်တဲ့သူက လုပ်အားနဲ့နေရာကိုထည့်ဝင်ပြီး လုပ်ငန်းဆောင်ရွက်နိုင်ပါတယ်။

🔸အစုစပ်လုပ်ငန်းဟာ အစုဝင်များကြား သဘောတူညီမှုပေါ်အခြေခံလုပ်ကိုင်ခြင်း ဖြစ်သည့်အတွက် ပဋိညာဉ် (Contract) ရဲ့ သဘောတရားတွေကို ထည့်သွင်းစဉ်းစားရပါမယ်။

🔸၁၉၃၂ခုနှစ် အစုစပ်လုပ်ငန်းအက်ဥပဒေရဲ့ ပုဒ်မ ၅ အရ မိသားစုအတွင်းစုပေါင်းစီးပွါးရေးလုပ်ငန်းများ၊ လင်နဲ့မယား နှစ်ဦးပေါင်း လုပ်ကိုင်ကြတဲ့လုပ်ငန်းများကို အစုစပ်လုပ်ငန်းဟူ၍ သတ်မှတ်ခြင်းမရှိပါ။

🔸အစုစပ်လုပ်ငန်းကို မှတ်ပုံတင်ရန်လိုအပ်ပါသလား?

- အစုစပ်လုပ်ငန်းတွေကို မှတ်ပုံမတင်မနေရလို့ ဖော်ပြထားတာမျိုးမရှိပါဘူး။ သို့‌ရာတွင် အစုစပ်လုပ်ငန်းကို မှတ်ပုံမတင်သည့်အတွက် အစုစပ်လုပ်ငန်းနဲ့ပတ်သက်သော တရားစွဲဆိုမှုများ၊ အစုဝင်အချင်းချင်း တရားစွဲခွင့်များ ရရှိမည်မဟုတ်ကြောင်း အစုစပ်လုပ်ငန်း အက်ဥပေပုဒ်မ-၆၉ မှာ ဖော်ပြထားပါတယ်။

- အစုစပ်လုပ်ငန်းကို မှတ်ပုံတင်လိုပါက ၁၉၅၆ အမိန့်ပြန်တမ်းအရ ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်၊ ပုသိမ်၊ ကျောက်ဖြူ နှင့် ထားဝယ်မြို့တို့မှာ မှတ်ပုံတင်နိုင်ပါတယ်။

🔸အစုစပ်လုပ်ငန်းက ဘယ်လိုအချိန်မှာ ရပ်တန့်သွားတာလဲ?

- အစုစပ်လုပ်ငန်းတွေဟာ ယေဘုယျအားဖြင့်အစုစပ်လုပ်ကိုင်သူတွေက ဖျက်သိမ်းရန်သဘောတူထားသည့်အချိန်တွင် ရပ်စဲသွားပါတယ်။

- ၁၉၃၂ခုနှစ် အစုစပ်လုပ်ငန်းအက်ဥပဒေ ပုဒ်မ-၄၂ အရ အစုစပ်လုပ်ငန်းတစ်ခုဟာ သတ်မှတ်ထားသည့်အချိန်ကာလရောက်ရှိခြင်း၊ သတ်မှတ်ထားသောလုပ်ငန်းဆောင်တာများ ဆောင်ရွက်ပြီးစီးသွားခဲ့ခြင်း၊အစုဝင်တစ်ဦးတစ်ယောက် သေဆုံးသွားသည့်အချိန် နှင့် အစုဝင်တစ်ဦးတစ်ယောက် ဒေဝါလီခံရသည့်
အချိန်များတွင် ရပ်စဲသွားမှာဖြစ်ပါတယ်။

🔷 လူကြီးမင်းတို့ရဲ့ အစုစပ်လုပ်ငန်းနှင့် ပတ်သက်သော ဥပဒေ အကြံဉာဏ်များရယူခြင်း၊ အစုစပ်လုပ်ငန်းစာချုပ်များ သုံးသပ်ပေးခြင်း၊ စာချုပ်ရေးဆွဲခြင်းတို့အား ကျွန်တော်တို့ AGGA Legal မှ တာဝန်ယူဆောင်ရွက်ပေးလျက်ရှိပါတယ်။

🔷 ဆက်သွယ်ရန်လိပ်စာ

AGGA Legal Law Firm
09-400-299-186
09-400-299-187
60th street, between 31st & 32nd streets,
Yadanar Tine Pyi Housing, Mandalay.

📢 အိမ်ခြံမြေကွက်များ မဝယ်ခင် သိသင့်သိထိုက်သော အချက်အလက်များထဲမှ ပထမဦးဆုံးအနေဖြင့် လုပ်ဆောင်သင့်သည့် အချက်အား ဖော်ပြလိုပါ...
09/05/2025

📢 အိမ်ခြံမြေကွက်များ မဝယ်ခင် သိသင့်သိထိုက်သော အချက်အလက်များထဲမှ ပထမဦးဆုံးအနေဖြင့် လုပ်ဆောင်သင့်သည့် အချက်အား ဖော်ပြလိုပါတယ်။

ပထမဆုံးအနေဖြင့် မိတ်ဆွေတို့သည် အိမ်ခြံမြေကွက်များ မဝယ်ခင် ရောင်းချသူ၏ မြေပိုင်ဆိုင် မှုသည် ခိုင်မာမှုရှိ/မရှိ မဝယ်ယူခင် စစ်ဆေးသင့်ပါတယ်။ မိတ်ဆွေများအနေနှင့် ရင်းနှီးပြီးသောသူ ထံတွင် ဝယ်ယူမည် ဆိုသော်ငြား ဝယ်ယူပြီးမှ အရှုပ်အရှင်းများ မဖြစ်စေရန် လုပ်ဆောင်သင့်သည့် အချက်ဖြစ်တယ်။
✅ မိမိဝယ်ယူလိုသော မြေကွက်ပိုင်ရှင်သည် ဘယ်သူ ဘယ်ဝါဖြစ်သည်
✅ ဝယ်ယူလိုက်သော မြေကွက်မှာ အရှုပ်အရှင်း ကင်းသည်၊ မကင်းသည်
✅ မြေအမျိုးအစား၊ မြေဧရိယာအကျယ်အဝန်း တိကျမှန်ကန်မှုရှိသည်/မရှိသည်
✅ မြေပိုင်ဆိုင်မှုအထောက်အထားများ
✅ စာရွက်စာတမ်းများ မူရင်းစစ်မှန်မှုရှိသည်/မရှိသည်
✅မြေပုံ/မြေရာဇဝင် စသည်တို့အား စည်ပင်သာယာရုံး (သို့) မြေစာရင်းရုံးများတွင် သေချာစွာ စစ်ဆေးပြီးမှသာလျှင် ဝယ်ယူသင့်ပါတယ်။
ဒါကြောင့် မိတ်ဆွေတို့ဝယ်ယူလိုသောမြေကွက်များအား မဝယ်ယူခင် စာရွက်စာတမ်းများ မှန်ကန်မှု ရှိသည်ကို သေချာစေရန် ရှေ့နေ ရှေ့ရပ်များဖြင့် စစ်ဆေးသင့်ပါတယ်။ ကျွန်တော်တို့ Agga Legal မှလည်း မိတ်ဆွေတို့ဝယ်ယူထားသည့် မြေကွက်များအတွက် စစ်ဆေးသည်မှစ၍ မိတ်ဆွေတို့၏ အမည်ပေါက်ပြောင်းသည်အထိ ဝန်ဆောင်မှုပေးလျက်ရှိပါတယ်။
အထက်ပါအကြောင်းအရာနှင့် ပတ်သက်ပြီး ဆောင်ရွက်လိုပါက
ဆက်သွယ်ရန်
📞 ဖုန်းနံပါတ် - 09400299186, 09400299187
🏠 လိပ်စာ - အခန်းနံပါတ် G-4, လမ်း ၆၀၊ ၃၁ လမ်းနှင့် ၃၂လမ်းကြား၊ ရတနာတိုင်းပြည်အိမ်ရာ၊ မန္တလေးမြို့။

ကျွန်တော်တို့ AGGA Legal သည် အထွေထွေဥပဒေဝန်ဆောင်မှု၊ စီးပွါးရေးဥပဒေဝန်ဆောင်မှု အစရှိသည့်ဝန်ဆောင်မှုများ ဆောင်ရွက်ပေးလျက်...
02/05/2025

ကျွန်တော်တို့ AGGA Legal သည် အထွေထွေဥပဒေဝန်ဆောင်မှု၊ စီးပွါးရေးဥပဒေဝန်ဆောင်မှု အစရှိသည့်ဝန်ဆောင်မှုများ ဆောင်ရွက်ပေးလျက်ရှိပြီး

ကုမ္ပဏီတည်ထောင်လုပ်ငန်းလုပ်ကိုင်သူများအတွက်
▪️လုပ်ငန်းစတင်သည်မှစ၍ အကြံပေးဆောင်ရွက်ခြင်း
▪️ ကုမ္ပဏီမှတ်ပုံတင်ပေးခြင်း
▪️ကုမ္ပဏီဆိုင်ရာအချက်အလက်များပြောင်းလဲပေးခြင်း
▪️နှစ်စဉ်အစီရင်ခံစာတင်ပေးခြင်း
▪️ဒါရိုက်တာအပြောင်းအလဲပြုလုပ်ခြင်း
▪️အစုရှယ်ယာအလွှဲအပြောင်းပြုလုပ်ခြင်း
▪️ဆိုင်းငံ့ခံရခြင်း(Suspended) ဖြစ်ခြင်းမှဖြေပေးခြင်း
▪️ဥပဒေဆိုင်ရာလိုက်နာရန်ကိစ္စရပ်များဆောင်ရွက်ပေးခြင်း
▪️စည်ပင်နှင့်လုပ်ငန်းလိုင်စင်အမျိုးမျိုးလျှောက်ထားပေးခြင်း
▪️အလုပ်သမားခန့်ထားမှုဆိုင်ရာစာချုပ်ရေးသားချုပ်ဆိုပေးခြင်း
▪️အစုစပ်စာချုပ်၊ အစုရှယ်ယာရှင်များသဘောတူညီချက်စာချုပ် ရေးသားချုပ်ဆိုပေးခြင်း
▪️စီးပွါးရေးဆိုင်ရာ စာချုပ်အမျိုးမျိုးကို ရေးသားပေးခြင်း ၊ သုံးသပ်ပေးခြင်း ( မြန်မာ၊အင်္ဂလိပ်)
▪️ကုန်အမှတ်တံဆိပ်မှတ်ပုံတင်ပေးခြင်း
▪️အခွန်ထမ်းမှတ်ပုံတင်ပေးခြင်း
▪️ပို့ကုန်/သွင်းကုန်လိုင်စင်လျှောက်ထားပေးခြင်းများအပြင်
အထွေထွေဥပဒေဝန်ဆောင်မှုများဖြစ်သော
▪️လက်ထပ်ကျမ်းကျိန်ပြုလုပ်ပေးခြင်း
▪️အထွေထွေဥပဒေအကြံပေးခြင်း
▪️ရာဇဝတ်/တရားမမှုများလိုက်ပါဆောင်ရွက်ပေးခြင်း အစရှိသည့် ဝန်ဆောင်မှုများပေးလျက်ရှိပါသည်။

ဆက်သွယ်ရန်

ဖုန်းနံပါတ် - 09-400299186, 09-400299187

လိပ်စာ - အခန်းအမှတ်-(G-4), လမ်း၆၀၊ ၃၁ နှင့် ၃၂လမ်းကြားရှိ ရတနာတိုင်းပြည်အိမ်ရာ၊ မန္တလေးမြို့။

၂၀၂၅ ခုနှစ်၊ မေလ (၁) ရက်နေ့တွင် ကျရောက်သော အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့အား ကျွန်တော်တို့ AGGA Legal မှ ဂုဏ်ပြုကြိုဆို အ...
01/05/2025

၂၀၂၅ ခုနှစ်၊ မေလ (၁) ရက်နေ့တွင် ကျရောက်သော အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့အား ကျွန်တော်တို့ AGGA Legal မှ ဂုဏ်ပြုကြိုဆို အပ်ပါသည်။

ကျွန်တော်တို့ AGGA Legal ဥပဒေအကျိုးဆောင် ကုမ္ပဏီ ရုံးခန်းအား လမ်း၆၀၊ ၃၁ နှင့် ၃၂လမ်းကြားရှိ ရတနာတိုင်းပြည်အိမ်ရာ သို့ ပြ...
30/04/2025

ကျွန်တော်တို့ AGGA Legal ဥပဒေအကျိုးဆောင် ကုမ္ပဏီ ရုံးခန်းအား လမ်း၆၀၊ ၃၁ နှင့် ၃၂လမ်းကြားရှိ ရတနာတိုင်းပြည်အိမ်ရာ သို့ ပြောင်းရွှေ့ဖွင့်လှစ်ထားကြောင်း လူကြီးမင်းတို့အား အသိပေးကြေညာအပ်ပါသည် ခင်ဗျာ ။

ဆက်သွယ်ရန်

ဖုန်းနံပါတ် - 09-400299186, 09400299187

လိပ်စာ - အခန်းအမှတ်-(G-4), လမ်း၆၀၊ ၃၁ နှင့် ၃၂လမ်းကြားရှိ ရတနာတိုင်းပြည်အိမ်ရာ၊ မန္တလေးမြို့။

Address

60th Street, Between 31st & 32nd Streets, Yadanar Tine Pyi Housing
Mandalay

Opening Hours

Monday 09:00 - 16:00
Tuesday 09:00 - 16:00
Wednesday 09:00 - 16:00
Thursday 09:00 - 16:00
Friday 09:00 - 16:00

Telephone

+959400299186

Website

Alerts

Be the first to know and let us send you an email when AGGA Legal posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to AGGA Legal:

Share

Category