Contract, Real Estate and Legal Services

Contract, Real Estate and Legal Services Various Contracts, Law consultant

10/11/2023
E-commerce Registration အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်းမှတ်ပုံတင်စနစ်Online Sales မှတ်ပုံတင်ရာတွင်ပူးတွဲတင်ပြရမ...
03/10/2023

E-commerce Registration အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်းမှတ်ပုံတင်စနစ်

Online Sales မှတ်ပုံတင်ရာတွင်ပူးတွဲတင်ပြရမည့်အချက်များ

(၁) မှတ်ပုံတင်မည့်လိပ်စာသည် လုပ်ငန်းအမှန်တကယ်တည်ရှိကြောင်း ရပ်ကွက်ထောက်ခံစာနှင့် ရဲစခန်းထောက်ခံစာ

(၂) လုပ်ငန်းရှင်၏ ရပ်ကွက်/ကျေးရွာတွင်နေထိုင်ကြောင်း ထောက်ခံချက်

(၃) လုပ်ငန်းရှင်၏ မှတ်ပုံတင်မိတ္တူ (Color)

(၄) နိုင်ငံခြားသားဖြစ်ပါက Passport မိတ္တူ (Color)

(၅) လုပ်ငန်းရှင်၏ Passport Size Photo (Color)

(၆) ကုမ္ပဏီဖြစ်ပါက ကုမ္ပဏီမှတ်ပုံတင်လက်မှတ်

(၇) ပသကမှတ်ပုံတင်လက်မှတ် (ရှိပါက)

(၈) MSME/SME မှတ်ပုံတင်လက်မှတ် (ရှိပါက)

၃၁-၁၂-၂၀၂၃ ရက်နေ့အထိ မှတ်ပုံတင်ကြေးကင်းလွတ်ခွင့်ရပါမည်။ (Online Fee Ks 3000)

မှတ်ပုံတင်ကြေးကင်းလွတ်ခွင့်ဖြင့် မှတ်ပုံတင်သက်တမ်း (၆)လ ရရှိပါမည်။

******** ******** ********
လိုအပ်သည့်စာရွက်စာတမ်း များ ပြင်ဆင်ခြင်း

၁။ ကုမ္ပဏီ (သို့မဟုတ်) စီးပွားရေးအဖွဲ့ အစည်းအတွက် လျှောက်ထားခြင်းအတွက် ပူးတွဲတင်ပြရန် ကုမ္ပဏီမှတ်ပုံတင် လက်မှတ် PDF (သို့) JPEG ပြင်ဆင်ထားခြင်း။

၂။ ကုမ္ပဏီ (သို့မဟုတ်) စီးပွားရေးအဖွဲ့ အစည်းအတွက် လျှောက်ထားခြင်းအတွက် ပူးတွဲတင်ပြရန်SME မှတ်ပုံတင်လက်မှတ် PDF (သို့) JPEG ပြင်ဆင်ထားခြင်း။

၃။ ဆိုင်လိပ်စာမှန်ကန်ကြောင်း ရပ်ကွက်‌ထောက်ခံစာရယူ၍ PDF (သို့) JPEG ပြင်ဆင်ထားခြင်း။

၄။ ရဲစခန်းထောက်ခံစာ ရယူ၍ PDF (သို့) JPEG ပြင်ဆင်ထားခြင်း။

၅။ Passport Photo (JPEG File Format) ပြင်ဆင်ထားခြင်း။

၆။ လျောက်ထားသူ Online Shop Owner ၏ မှတ်ပုံတင် ပူးတွဲတင်ပြရန် မှတ်ပုံတင် ရှေခြမ်းနှင့် နောက်ခြမ်းတို့အား Scan ပြုလုပ် PDF (သို့) JPEG ပြင်ဆင်ထားရန်

၇။ နိုင်ငံခြားသား လျှောက်ထားသူများ Passport ရှေ့ခြမ်း စာမျက်နှာအား PDF (သို့) JPEG ပြင်ဆင်ထားရန်

၈။ လျှောက်ထားသူ Owner ၏ နေထိုင်ကြောင်း လိပ်စာမှန်ကန်ကြောင်း ရပ်ကွက် နှင့် ရဲစခန်းထောက်ခံစာများ ပူးတွဲတင်ပြရန် PDF (သို့) JPEF file format ပြင်ဆင်ထားရန်။

၉။ မိမိတို့ လျှောက်ထားမည့် Online Shop များ၏ LOGO များ တင်ပြရန် JPEG file format ဖြင့် ပြင်ဆင်ထားရန်။ Individual စီးပွားရေးလုပ်ငန်းများ လျှောက်ထားရန်အတွက် Company မှတ်ပုံတင်လက်မှတ် တင်ပြရန် မလိုအပ်ပါ။

လူကြီးမင်းတို့လုပ်ငန်းအတွက် ယုံကြည်စိတ်ချစွာအပ်နှံလို့ရပါပြီ အစလယ်အဆုံးအမြန်ဆုံးဆောင်ရွက်ပေးနေပါပြီ




အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းကို အရေးကြီးဝန်ဆောင်မှုဖြင့်သတ်မှတ်သည့်အမိန့်
21/07/2023

အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းကို အရေးကြီးဝန်ဆောင်မှုဖြင့်သတ်မှတ်သည့်အမိန့်

ကျွန်တော်တို့နှင့် မူပိုင်ခွင့်လျှောက်ထားသော မိတ်ဆွေများ ငွေသွင်းနိုင်ရန်အတွက် TM-2 form လက်မှတ်ထိုးရန် ကျွန်တော်တို့ဆက်...
27/04/2023

ကျွန်တော်တို့နှင့် မူပိုင်ခွင့်လျှောက်ထားသော မိတ်ဆွေများ ငွေသွင်းနိုင်ရန်အတွက် TM-2 form လက်မှတ်ထိုးရန် ကျွန်တော်တို့ဆက်သွယ်ဆောင်ရွက်နေပါပြီ။ ငွေသွင်းနှုန်းထားများလည်း အောက်မှာဖော်ပြထားပါသည်။

လူအများပြောနေကြ စိတ်ဝင်စားနေကြတဲ့ Cyber Law ဥပဒေမူကြမ်းအခြေအနေပဲရှိနေသေးတဲ့   အသေးစိတ် လေ့လာစေအလို့ငှါ
24/01/2022

လူအများပြောနေကြ စိတ်ဝင်စားနေကြတဲ့ Cyber Law
ဥပဒေမူကြမ်းအခြေအနေပဲရှိနေသေးတဲ့
အသေးစိတ် လေ့လာစေအလို့ငှါ

ပုဒ်မ-၅၀၅
05/02/2021

ပုဒ်မ-၅၀၅

 #လုံးဝအဖမ်းမခံရ လှိုင်မြို့နယ် ကတော့ ဒီလို စလုပ်ကြတယ် တစ်ယောက်ဆီတာဝန်အရ ဘာညာ လာတာနဲ့ ထွက်မလိုက်ဖို့ သံပုံးတီးပြီးအချက်ပ...
05/02/2021

#လုံးဝအဖမ်းမခံရ

လှိုင်မြို့နယ် ကတော့ ဒီလို စလုပ်ကြတယ်
တစ်ယောက်ဆီတာဝန်အရ ဘာညာ လာတာနဲ့ ထွက်မလိုက်ဖို့ သံပုံးတီးပြီးအချက်ပြပြီး တစ်လမ်းလုံးထွက်ဖို့ အဖြေအတည် ယူကြတယ်
စည်းလုံးကာကွယ်ကြမယ်
ဒီလိုဗ်
အကယ်၍ တစ်ယောက်ယောက်အိမ်ကိုတံခါးလာခေါက်ရင်
တစ်ရပ်ကွက်လုံးသိအောင်အချက်ပေးရမယ်
ဥပမာ အပြင်မှာလာခေါက်နေပီဟေ့ဆိုရင်
ပြတင်းပေါက်ဖွင့်ပီးဘယ်သူလဲဟေးးလို့အကျယ်ကြီး၃ခါအော်ကြမယ်
တခုခုအကြောင်းပြပီးခဏလိုက်ခဲ့ပါဆိုရင်တစ်ရပ်ကွက်လုံးလိုက်ကြမယ်
ခွေးကြောင်မချန်
ဒါမှအလွယ်တကူမဖမ်းနိုင်မှာ
စည်းလုံးကြပါ၊ ညီညွတ်ကြပါ။



ပြည်သူအချင်းချင်းကာကွယ်ကြပါစို့

သန်းခေါင်ကျော် လိုက်ဖမ်းတဲ့ စတိုင်လုပ်ကြအုန်းမယ်ထင်တယ်
အောက်တန်းစားတွေ ....အကယ်လို့ ခဏ လိုက်ခဲ့ပါ လာခေါ်ရင် မလိုက်ပါနဲ့

၁။ မိမိအခန်းကို မီးလင်းထိန်အောင်ဖွင့်ပါ (တခြားအခန်းတွေ မြင်နိုင်စေဖို့) မီးပြတ်တဲ့အချိန်ဆို power bank တွေနဲ့ မီးလင်းထိန်အောင်အရင်ဖွင့်ပါ
၂။ ဖမ်းခွင့် ဝရမ်းပါမပါမေးပါ
၃။ တံခါး မဖွင့်ပေးပါနဲ့ တိတ်တိတ်လေးမလိုက်သွားပါနှင့်
၄။ အတင်းအကြပ်ဖြစ်လာရင် သံပုံးတီးပြီး ပတ်ဝန်းကျင်ကို အသိပေးပါ ။
၅။ ပတ်ဝန်းကျင်အိမ်များမှလည် သံပုံပြန်တီးခြင်းဖြစ် ကူညီကြပါ။
၆။ အချင်းချင်းကူညီနိုင်လျှင် (လူအင်အားရှိလျှင်) ဝိုင်းဝန်းပေးပါ။ မကူညီရဲရင် (လူအင်အားနည်းလျှင်) video မှတ်တမ်းရအောင် ယူထားပါ။
အားလုံး သတိ ရှိကြပါ ......
ပြည်သူအချင်းချင်းကာကွယ်ကြပါစို့

မပြောလို့မပြီး မတီးလို့ မမြည်တဲ့မနေ့ညတည်းက သံဗုံးတီးရင်တိုင်လို့ရတယ်ဆိုပြီး ထွက်လာတည်း ဒီအကြောင်းအရာနဲ့ ပက်သက်ပြီး တစ်ခု...
05/02/2021

မပြောလို့မပြီး မတီးလို့ မမြည်တဲ့
မနေ့ညတည်းက သံဗုံးတီးရင်တိုင်လို့ရတယ်ဆိုပြီး ထွက်လာတည်း ဒီအကြောင်းအရာနဲ့ ပက်သက်ပြီး တစ်ခုခုရေးမယ်လို့ စဉ်းစားထားခဲ့တယ် ဒါပေမဲ့ ကိုယ့်ထပ် အတွေ့အကြုံပြည့်ဝတဲ့ ဆရာ ဆရာမတွေများရေးကြမလားရယ်ဆိုပြီး စောင့်ခဲ့သေးတယ် အမှတ်မမှားဘူးဆိုရင်တော့ ဘယ်သူမှသေချာရေးတာ မတွေ့မိဘူး အဲ့ဒီတော့ ကိုယ်တတ်သလောက် ကိုယ်နားလည်သလောက်ကိုပဲ အားလုံးနားလည်အောင်ရေးပေးလိုက်ပါတယ် တခြား လိုအပ်နေလို့ ထပ်ဖြည့်ချင်တဲ့ အကြောင်းအရာလေးတွေရှိရင်လည်း cmt မှာရေးထားခဲ့ပေးပါ။

-------------------------------------------

သံဗုံးတီးတာ ဖမ်းလို့ရသလား?

ဟုတ်ကဲ့ မဖြစ်ဖြစ်တဲ့ ဥပဒေတွေကနေ ရှာကြံပြီးစွဲထုတ်မယ်ဆိုရင်တော့ သံဗုံးတီးတာ ဖမ်းလို့ရပါတယ်

၁။ ပထမဦးဆုံးအနေနဲ့ ဖြစ်နိုင်ချေ အများဆုံးက ရဲအက်ဥပဒေ ရဲ့ ပုဒ်မ ၃၈(ခ)(၃), ၃၉ နဲ့ ပြစ်မှုပြစ်ဒဏ်အတွက်ဆိုဆိုရင် ပုဒ်မ ၄၈, ၄၉ ဖြစ်နိုင်ပါတယ် (အောက်ကပုံတွေမှာကြည့်ပေးပါ)

ရဲအက် ပုဒ်မ ၃၈(ခ)(၃) ဆိုရင် လူတွေ အော်ဟစ်ကြွေးကြော်တာ သီချင်းဆိုတာ တူရိယာတီးတာ ဘာညာအတွက် တားမြစ်နိုင်ပါတယ်။ ပြစ်မှုပြစ်ဒဏ်အတွက် တားမြစ်တာကို မလိုက်နာမှဆိုပြီးတော့ပါတဲ့ အတွက် အရင်ဆုံးတားမြစ်ရမယ် တားမြစ်တာကို ကလန်ကဆန်လုပ်မှ ပဲ အရေးယူခွင့်ရှိမယ်။ လိုက်ခဲ့ပါအုံး ရော့ အင့် ဆိုပြီးတော့တော့ ဖမ်းခွင့်မရှိဘူးလို့ ယူဆပါတယ်။ သီချင်းမဆိုဘူး သံဗုံးပဲတီးတာပဲလေ ဆိုရင်တောင် သံဗုံးကို တူရိယာထဲထည့် သတ်မှတ်ချင် သတ်မှတ်မှာပါ။ ကပ်သီးကပ်သတ် ဖမ်းခဲ့ရင်တောင် သူတို့က သံဗုံးတီးတာကို တားမြစ်တယ် လို့ အရင် တားမြစ်ချက်တစ်ခုခု ထွက်ပြီးကာမှ ဒီ ရဲအက်နဲ့ ဖမ်းလို့ရမှာပါ၊ ဖမ်းသည့်တိုင်အောင် အာမခံပေးရမယ့်ပုဒ်မပါ၊ အာမခံနဲ့ ပြန်ကိုလွှတ်ရပါမယ်၊

ရဲအက် ပုဒ်မ ၃၄(၇)ကို ကြည့်ကြည့်ပါ၊
ငြိမ်းချမ်းသာယာမှု ပျက်ပြားစေ/ပြည်သူ့နှောက်ယှက်မှုဖြစ်စေရန် ရုန်းရင်းဆန်ခတ်ပြုခြင်း၊ စည်းကမ်းမဲ့ပြုခြင်း ဆိုတာကို သတိပြုရပါမယ်၊
ဒါပေမယ့် ပုဒ်မသေးသေးတွေမို့ အာမခံရကိုရ,ရပါမယ်၊ ချုပ်ထားလို့မရပါဘူး၊

ရဲအက်ဥပဒေက 1945 ခုနှစ်တည်းက ဥပဒေဖြစ်နေတော့ amend လုပ်ထားတာတွေလည်း ရှိချင်ရှိအုံးမှာပါ လောလောဆယ် MLIS ကို ပိတ်ချထားကြတဲ့အတွက် ရှိတဲ့ source ကနေရှာပြီးတင်ရတာဖြစ်လို့ လွဲနေတာတွေပါရင် ထောက်ပြပါအုံး၊ ပြင်ပေးပါအုံး။

၂။ နောက်တစ်ခုက ရပ်ကွက် (သို့မဟုတ်) ကျေးရွာအုပ်ချုပ်ရေးဥပဒေ။ အခု ၅၀၀၀ ဆိုပြီးပြောနေကြတဲ့ဟာ

သူကလည်း အဓိကက အသံချဲ့စက်ဖွင့်တာကိုပဲပြောထားပါတယ်။ သံဗုံးတီးတာ အသံချဲ့စက်မဟုတ်ပါ။ သံဗုံးတီးတာကို record လုပ်ပြီး အသံချဲ့စက်နဲ့ဖွင့်မယ် ဆိုရင်တော့ အရေးယူလို့ရပါတယ်။ ပြီးရင် သီချင်းကို အသံချဲ့စက်နဲ့ ဖွင့်မယ်ဆို အရေးယူလို့ရပါပြီ။ ဒါကလည်း ပြစ်ဒဏ်အနေနဲ့ ကြည့်မယ်ဆိုရင်က ၅၀၀၀ ထပ်မပိုတဲ့ငွေဒဏ်ပဲဆောင်ရမှာပါ။ ၅၀၀၀ မပေးနိုင်မှ ၇ ရက်ပေါ့နော်။ အာမခံ ရ/မရ ဖြည့်ပေးကြပါ။

၃။ နောက်ဆုံးတစ်ခုကတော့ ရာဇသတ်ကြီး ပုဒ်မ ၂၆၈ ပါ

ဒီဟာကတော့ မနေ့ကထွက်နေတဲ့ ဖောင် နဲ့ အဓိကသက်ဆိုင်ပါလိမ့်မယ်ထင်ပါတယ်၊ တိုင်တန်းမယ့်သူရှိမှဖြစ်ပါမယ်၊ ဝရမ်းပါမှရမယ့်ပုဒ်မမို့လို့ ဝရမ်းမပါဘဲ ဖမ်းဆီးခွင့်မရှိ၊ ဝရမ်းနဲ့သာ လာဖမ်းနိုင်ပါတယ်၊ ဒါမှမဟုတ် တရားရုံးသမ္မန်စာနဲ့ မခေါ်သ၍ လိုက်သွားစရာမလိုပါဘူး၊ ပုဒ်မ၃၆၈ အရ အများပြည်သူနှောက်ယှက်မှုဖြစ်တဲ့အတွက် လူတစ်ဦးတစ်ယောက်တည်း အနှောက်အယှက်ဖြစ်ရုံနဲ့တော့ ဒီ ဥပဒေနဲ့ တရားစွဲလို့မရပါဘူး။ အများပြည်သူဆိုတဲ့ အတွက် တစ်ယောက်ထပ်ပိုတဲ့အများ လူအများအပြားက အနှောက်အယှက်ဖြစ်တယ်လို့ ခံယူမှပဲ ဥပဒေအရ ဆက်လက်ဆောင်ရွက်လို့ရမှာပါ။

ဟုတ်ပြီ တိုင်ခံရလို့လာဖမ်းပြီဆိုရင် ဝရမ်းပါမှရပါတယ်။ ရဲတွေအနေနဲ့ ဝရမ်းမပါလာရင် လူတစ်ယောက်ကို ဖမ်းဖို့မပြောနဲ့ အဲ့ဒီလူ အိမ်ကို ခြေချခွင့်မရှိပါဘူး။ အဲ့ဒီလို ဖမ်းဖို့လာပြီဆို ဝရမ်းတောင်းပါ ကိုယ်တစ်ယောက်တည်းတီးတာမဟုတ်တဲ့အတွက် လူအယောက် ၂၀၀၀ တီးရင် ၂၀၀၀ စာ ဝရမ်းကို သူတို့ထုတ်ရမှာပါ။ တကူးတကကြီးကို ဝရမ်းထုတ်လာပြီဆိုရင် လိုက်သွားပါ... အာမခံရတဲ့အမှုဖြစ်ပါတယ်။ အာမခံရခွင့်ရှိတဲ့အတွက် ရဲတွေအနေနဲ့ အဲ့ဒီသူကို ဘယ်နည်းနဲ့မှ အချုပ်အနှောင်နဲ့ထားခွင့်မရှိပါဘူး။ အာမခံနဲ့ လွှတ်ကိုလွှတ်ပေးရမှာပါ။

ဒီနေရာမှာတစ်ခုရှိတာ လူတွေစည်းလုံးဖို့လိုပါတယ် ဥပဒေက ကိုယ့်ကိုကာကွယ်ပေးထားသည့်တိုင်အောင် ကိုယ့်အချင်းချင်းရိုင်းပင်းကူညီမှ ဖိနှိပ်ချင်တဲ့လူတစ်စုကို တွန်းလှန်လို့ရမှာပါ။ တစ်ယောက်ကိုတော့ လာဖမ်းသွားပြီဆိုပြီး ကြောက်နေရင်တော့ ဒီ campaign ဟာလည်း ဘာမှမကြာလိုက်ပဲပျောက်သွားမှာပါ။

ပြိုင်တူတွန်းကြပါ။ ရွေ့ကိုရွေ့ပါတယ်။

Crd:

Soft Opening ကာလအတွင်း Online Filing System (WIPO File) မှတစ်ဆင့်  Withdrawal Request လုပ်ဆောင်ပုံ အဆင့်ဆင့်Crd: IP page
04/01/2021

Soft Opening ကာလအတွင်း Online Filing System (WIPO File) မှတစ်ဆင့် Withdrawal Request လုပ်ဆောင်ပုံ အဆင့်ဆင့်

Crd: IP page

"ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဉပဒေဆိုင်ရာ သိကောင်းစရာများ"မူပိုင်ခွင့်ဌာန
17/12/2020

"ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဉပဒေဆိုင်ရာ သိကောင်းစရာများ"

မူပိုင်ခွင့်ဌာန

Address

Between 30 And 31 Street, 70street
Mandalay
05021

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00

Telephone

+959974718161

Website

Alerts

Be the first to know and let us send you an email when Contract, Real Estate and Legal Services posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Contract, Real Estate and Legal Services:

Share

Category