တရားစောင့်နတ်သမီးဥပဒေအကျိုးဆောင်

  • Home
  • Myanmar
  • Mandalay
  • တရားစောင့်နတ်သမီးဥပဒေအကျိုးဆောင်

တရားစောင့်နတ်သမီးဥပဒေအကျိုးဆောင် We are coporate lawyers and give legal services especially for coporation and businesses. Reasonable Price with the best service is our goal.

မိမိတို့ "တရားစောင့်နတ်သမီး ဥပဒေအကျိုးဆောင်" မိသားစုနှင့်အတူ လက်တွဲဆောင်ရွက်ခဲ့သည့် ကာလအတွင်း ဥပဒေလုပ်ငန်းများအပေါ် ရိုး...
25/08/2026

မိမိတို့ "တရားစောင့်နတ်သမီး ဥပဒေအကျိုးဆောင်" မိသားစုနှင့်အတူ လက်တွဲဆောင်ရွက်ခဲ့သည့် ကာလအတွင်း ဥပဒေလုပ်ငန်းများအပေါ် ရိုးသားဖြောင့်မတ်စွာ၊ စည်းကမ်းသေဝပ်စွာဖြင့် တာဝန်ကျေပွန်စွာ ထမ်းဆောင်ပေးခဲ့သည့်အတွက် ဝမ်းမြောက်စွာ မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါသည်။

ရှေ့ဆက်သွားမည့် အသက်မွေးဝမ်းကျောင်း ခရီးလမ်းနှင့် လူမှုဘဝခရီးစဉ်တစ်လျှောက်တွင်လည်း အောင်မြင်မှုပေါင်းများစွာဖြင့် လှပတင့်တယ်ပါစေကြောင်းနှင့် လိုအင်ဆန္ဒများအားလုံး အစဉ်ပြည့်ဝပါစေကြောင်း "တရားစောင့်နတ်သမီး ဥပဒေအကျိုးဆောင်" မိသားစုမှ ဝမ်းမြောက်စွာ ဆုမွန်ကောင်းတောင်းရင်း နှုတ်ဆက်လိုက်ရပါသည်။

20/08/2026

"အကုန်ငါပဲ လုပ်နေရတယ်..." ဆိုပြီး စိတ်ဓာတ်ကျနေသူများအတွက် 🥺💔

#အကုန်ငါပဲလုပ်နေရတယ်

17/08/2026

ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရဲ့ ပထမဆုံးသင်တန်းဆင်းလက်မှတ်ပေးတဲ့ငွေကြေးခဝါချမှုဆိုင်ရာသင်တန်းမှာ သင်ကြားခဲ့ရတဲ့အရာတွေဖြစ်ပါတယ်

အသိပညာသစ်များ တိုးပွားခဲ့သည့်နေ့ 💡ဒီနေ့မှာတော့ ရှေ့နေတစ်ယောက်အနေနဲ့ မဖြစ်မနေ သိထားသင့်တဲ့ ပြည်ထောင်စုတရားလွှတ်တော်ချုပ်က...
15/08/2026

အသိပညာသစ်များ တိုးပွားခဲ့သည့်နေ့ 💡

ဒီနေ့မှာတော့ ရှေ့နေတစ်ယောက်အနေနဲ့ မဖြစ်မနေ သိထားသင့်တဲ့ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ကနေ ပထမဆုံး certificate ပေးအပ်ပြီး ဖွင့်လှစ်တဲ့ "ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဆိုင်ရာ" သင်တန်းကို တက်ရောက်ခွင့်ရခဲ့ပါတယ်။

သင်တန်းမှာ ငွေကြေးဆိုင်ရာ ဥပဒေစိန်ခေါ်မှုများ၊ သတင်းအချက်အလက် စိစစ်ခြင်းနှင့် ဥပဒေဘောင်အတွင်း စနစ်တကျ ကာကွယ်ဆောင်ရွက်ရမည့် နည်းလမ်းများစွာကို သီအိုရီရော လက်တွေ့ပါ လေ့လာခွင့်ရခဲ့လို့ အင်မတန် အကျိုးရှိခဲ့ပါတယ်။

အသိပညာဗဟုသုတများစွာ မျှဝေပေးခဲ့ကြတဲ့ ဆရာ/ဆရာမများနှင့် သင်တန်းဖြစ်မြောက်အောင် စီစဉ်ပေးခဲ့သူများအားလုံးကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ကြောင်း မှတ်တမ်းတင်အပ်ပါတယ်။ 🤝

ရှေ့ဆက်ပြီးတော့လည်း ဒီငွေမည်း ငွေဖြူဆိုင်ရာ ဗီဒီယိုတွေပြုလုပ်တင်ပြပေးသွားပါမယ်

⚖️ သင်တို့၏ စီးပွားရေးလုပ်ငန်းများ ဥပဒေကြောင်းအရ ခိုင်မာလုံခြုံဖို့ "တရားစောင့်နတ်သမီး" က အမြဲအနားမှာ ရှိနေပါမည်။

Your Trusted Legal Partner – Lady Justice Legal Service

တရားစောင့်နတ်သမီး ဥပဒေအကျိုးဆောင်

၆၈လမ်း၊ ၁၀၂(အေ)လမ်းထောင့်၊ ချမ်းမြသာစည်မြို့နယ်၊ မန္တလေးမြို့။ ဖုန်း/Viber - ၀၉ ၇၇၅ ၇၇၅ ၆၁၃
အမှတ်(၂၀)၊ ဦးဘဟန်လမ်း၊ သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်မြို့။ ဖုန်း/Viber - ၀၉ ၇၇၅ ၇၇၅ ၆၂၃

11/08/2026

ကုမ္ပဏီတစ်ခုမှာ အောင်မြင်တဲ့ Corporate Lawyer တစ်ယောက်ဖြစ်ဖို့ ဘာအရည်အချင်းတွေ အဓိက လိုအပ်မလဲ? ⚖️ တရားဥပဒေအပြင် ဘာတွေပါ ကျွမ်းကျင်ထားရမလဲဆိုတာ ဗီဒီယိုထဲမှာ ကြည့်လိုက်ပါနော်။

#ဥပဒေဗဟုသုတ #ရှေ့နေ

30/07/2026

လုပ်ငန်းရှင်တိုင်း သိထားသင့်တဲ့ အခွန်အမှား (၄) ချက် ⚠️
စီးပွားရေးလုပ်နေရင်း မလိုလားအပ်တဲ့ ဒဏ်ကြေးနဲ့ အတိုးတွေ မပေးရအောင် ဒီအချက်တွေကို သတိထားဖို့ လိုပါတယ်နော်။
သင့်လုပ်ငန်းမှာရော ဒီထဲက ဘယ်အချက်ကို အမှားမှားယွင်းယွင်း လုပ်မိနေပြီလဲ? Comment မှာ ပြောပြခဲ့ပါဦး👇
အခွန်၊ စာရင်းကိုင်နဲ့ လုပ်ငန်းလိုင်စင်ဆိုင်ရာ အသိပညာတွေကို အမြဲလေ့လာချင်ရင်တော့ Follow လုပ်ထားဖို့ မမေ့နဲ့နော် ✨

#အခွန် #အခွန်ဥပဒေ #လုပ်ငန်းရှင် #စီးပွားရေး #စီးပွါးရေး

24/07/2026

💡 အွန်လိုင်းလိုင်စင် လျှောက်တော့မယ်ဆိုရင် ဒါလေးတွေ ကြိုတင်ပြင်ဆင်ထားကြနော်!
အွန်လိုင်းမှာ လိုင်စင်လျှောက်တဲ့အခါ လိုအပ်တဲ့ သက်ဆိုင်ရာ ထောက်ခံစာနဲ့ အခြားလိုင်စင် အထောက်အထားတွေ မပြည့်စုံရင် လျှောက်လွှာ ကြန့်ကြာတတ်တာမို့ မလျှောက်မှီ လိုအပ်ချက်တွေကို သေချာစစ်ဆေးပြီးမှ လျှောက်ကြဖို့ အကြံပြုချင်ပါတယ်။

#အွန်လိုင်းလိုင်စင် #လုပ်ငန်းလိုင်စင် #လိုင်စင်လျှောက်ထားခြင်း

21/07/2026

စီးပွားရေးလုပ်နေတယ်... ကုမ္ပဏီမထောင်ရသေးဘူးဆိုရင် ဒီဗီဒီယိုကို အဆုံးထိ ကြည့်သွားပါ! 💡🔍

အပြင်မှာ ကိုယ်ပိုင်စီးပွားရေးလုပ်တဲ့အခါ ဘယ်လောက်ပဲ အဆင်ပြေပြေ၊ မမျှော်လင့်တဲ့ အန္တရာယ်နဲ့ အရှုံးဆိုတာ မနက်ဖြန်မှာ ဖြစ်လာနိုင်ပါတယ်။

ဒီလိုအချိန်မှာ ကုမ္ပဏီထောင်ထားခြင်းရဲ့ အကြီးမားဆုံး အကျိုးကျေးဇူး ကတော့...

🛡️ "တာဝန်ကန့်သတ်ချက်ရှိခြင်း" (Limited Liability) ဆိုတဲ့ ဥပဒေအရ အကာအကွယ်ကို ရရှိတာပဲ ဖြစ်ပါတယ်။

ကုမ္ပဏီထောင်လိုက်တာနဲ့ လုပ်ငန်းနဲ့ သင်ဟာ ဥပဒေအရ သီးခြားစီ ဖြစ်သွားလို့ လုပ်ငန်းမှာ ဘာပဲဖြစ်ဖြစ် သင့်ရဲ့ အိမ်၊ ခြံ၊ မြေနဲ့ ကိုယ်ပိုင်ပိုင်ဆိုင်မှုတွေကို ဥပဒေအရ လာရောက် ထိပါးလို့ မရတော့ပါဘူး။

ဘေးကင်းကင်းနဲ့ စီးပွားရေးကို ရေရှည်ချဲ့ထွင်ချင်ရင်တော့ အစကတည်းက တရားဝင် ကုမ္ပဏီအဖြစ် စနစ်တကျ ရပ်တည်ထားဖို့ တိုက်တွန်းပါရစေ။ ✨

တရားစောင့်နတ်သမီး ဥပဒေအကျိုးဆောင်

၆၈လမ်း၊ ၁၀၂(အေ)လမ်းထောင့်၊ ချမ်းမြသာစည်မြို့နယ်၊ မန္တလေးမြို့။ ဖုန်း/Viber - ၀၉ ၇၇၅ ၇၇၅ ၆၁၃

အမှတ်(၂၀)၊ ဦးဘဟန်လမ်း၊ သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်မြို့။ ဖုန်း/Viber - ၀၉ ၇၇၅ ၇၇၅ ၆၂၃

#ကုမ္ပဏီမှတ်ပုံတင် #ဥပဒေအသိပညာ

🤝 Happy Star Music School နှင့်အတူ  ပူးတွဲပုံဖော်ခွင့်ရရှိခဲ့ခြင်းအတွက် ဂုဏ်ယူဝမ်းမြောက်ခြင်း။ ဂီတအနုပညာမျိုးဆက်သစ်များက...
17/07/2026

🤝 Happy Star Music School နှင့်အတူ ပူးတွဲပုံဖော်ခွင့်ရရှိခဲ့ခြင်းအတွက် ဂုဏ်ယူဝမ်းမြောက်ခြင်း။

ဂီတအနုပညာမျိုးဆက်သစ်များကို အကောင်းဆုံး ပြုစုပျိုးထောင်ပေးနေသော Happy Star Music School ၏ ရေရှည်ဖွံ့ဖြိုးတိုးတက်မှု ခရီးလမ်းအတွက် လိုအပ်အပ်သော —

✅ အလုပ်ရှင်-အလုပ်သမား သဘောတူစာချုပ် (Employment Contracts) နှင့်
✅ ဆရာဖြစ်သင်တန်း စာချုပ် (Teacher Training Contracts) များကို
ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ အပြန်အလှန်ယုံကြည်မှုရှိရှိ၊ ခိုင်မာတိကျစွာ ရေးဆွဲချုပ်ဆိုပေးခဲ့ရသည့်အတွက် Lady Justice Legal Service အဖွဲ့သားများအားလုံးမှ အထူးပင် ဂုဏ်ယူဝမ်းမြောက်မိပါသည်။

လုပ်ငန်းတစ်ခု ရေရှည်တည်တံ့ခိုင်မြဲဖို့နဲ့ လုပ်ငန်းခွင်အတွင်း အပြန်အလှန် နားလည်မှုရှိရှိ ပူးပေါင်းဆောင်ရွက်နိုင်ဖို့ရာမှာ ခိုင်မာတိကျတဲ့ စာချုပ်စာတမ်းများ ရှိထားခြင်းက အဓိကသော့ချက်ဖြစ်ပါတယ်။
Happy Star Music School အနေနဲ့ အနာဂတ်မှာ ပိုမိုအောင်မြင်ပြီး ဂီတလောကအတွက် ထူးချွန်ထက်မြက်တဲ့ လူငယ်ဆရာ/ဆရာမကောင်းများစွာကို စဉ်ဆက်မပြတ် မွေးထုတ်ပေးနိုင်ပါစေကြောင်း Lady Justice Legal Service မှ ဆုမွန်ကောင်းတောင်းအပ်ပါသည်။

⚖️ သင့်လုပ်ငန်းအတွက် ခိုင်မာတဲ့ ဥပဒေပိုင်းဆိုင်ရာ ကာကွယ်မှုတွေ လိုအပ်နေပြီလား? လုပ်ငန်းသဘောတူစာချုပ်များ၊ အလုပ်ခန့်ထားမှုစာချုပ်များနှင့် ဥပဒေရေးရာ အကြံပေးမှုများအတွက် Lady Justice သို့ အချိန်မရွေး ဆက်သွယ်ဆွေးနွေးနိုင်ပါသည်။

တရားစောင့်နတ်သမီး ဥပဒေအကျိုးဆောင်

၆၈လမ်း၊ ၁၀၂(အေ)လမ်းထောင့်၊ ချမ်းမြသာစည်မြို့နယ်၊ မန္တလေးမြို့။ ဖုန်း/Viber - ၀၉ ၇၇၅ ၇၇၅ ၆၁၃

အမှတ်(၂၀)၊ ဦးဘဟန်လမ်း၊ သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်မြို့။ ဖုန်း/Viber - ၀၉ ၇၇၅ ၇၇၅ ၆၂၃
#ဥပဒေအကြံပေး #စာချုပ်ချုပ်ဆိုခြင်း

🤝 ဂုဏ်ယူဝမ်းမြောက်ကြောင်း အသိပေးအပ်ပါသည်။🤝"မြတ်မဟာအထူးကုဆေးခန်း" ၏ အနာဂတ်စီးပွားရေး ခြေလှမ်းသစ်များအတွက် အရေးပါလှသော အကျ...
16/07/2026

🤝 ဂုဏ်ယူဝမ်းမြောက်ကြောင်း အသိပေးအပ်ပါသည်။🤝

"မြတ်မဟာအထူးကုဆေးခန်း" ၏ အနာဂတ်စီးပွားရေး ခြေလှမ်းသစ်များအတွက် အရေးပါလှသော အကျိုးတူလုပ်ငန်းစာချုပ် (Partnership Agreement) ကို ကျွန်ုပ်တို့ "တရားစောင့်နတ်သမီး ဥပဒေအကျိုးဆောင်" ထံသို့ စိတ်ချယုံကြည်စွာ အပ်နှံဆောင်ရွက်ခဲ့သည့်အတွက် အထူးပင် ဂုဏ်ယူဝမ်းမြောက်ရပါသည်၊၊

ကျန်းမာရေးစောင့်ရှောက်မှု ကဏ္ဍတွင် ပြည်သူများအား အရည်အသွေးမြင့် ဝန်ဆောင်မှုပေးအပ်မည့် ဆေးခန်းကြီးနှင့်တကွ တာဝန်ရှိသူများအားလုံးကို ကျေးဇူးအထူးတင်ရှိပါသည်။ "မြတ်မဟာအထူးကုဆေးခန်း" ၏ လုပ်ငန်းဆောင်တာများ ဥပဒေဘောင်အတွင်း ပိုမိုခိုင်မာအောင်မြင်ပြီး တိုးတက်စည်ပင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။

Your Trusted Legal Partner – Lady Justice Legal Service
တရားစောင့်နတ်သမီး ဥပဒေအကျိုးဆောင်
၆၈လမ်း၊ ၁၀၂(အေ)လမ်းထောင့်၊ ချမ်းမြသာစည်မြို့နယ်၊ မန္တလေးမြို့။ ဖုန်း/Viber - ၀၉ ၇၇၅ ၇၇၅ ၆၁၃
အမှတ်(၂၀)၊ ဦးဘဟန်လမ်း၊ သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်မြို့။ ဖုန်း/Viber - ၀၉ ၇၇၅ ၇၇၅ ၆၂၃

#မြတ်မဟာအထူးကုဆေးခန်း

Address

Corner Of 68x102A Street, Chan Mya Tha Si Township
Mandalay
05041

Opening Hours

Monday 09:00 - 18:00
Tuesday 09:00 - 18:00
Wednesday 09:00 - 18:00
Thursday 09:00 - 18:00
Friday 09:00 - 18:00
Saturday 09:00 - 18:00

Telephone

+959775775613

Alerts

Be the first to know and let us send you an email when တရားစောင့်နတ်သမီးဥပဒေအကျိုးဆောင် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to တရားစောင့်နတ်သမီးဥပဒေအကျိုးဆောင်:

Shortcuts

Share

Category