𝐉-𝐁𝐫𝐢𝐝𝐠𝐞 𝐍𝐰𝐚𝐲

𝐉-𝐁𝐫𝐢𝐝𝐠𝐞 𝐍𝐰𝐚𝐲 ဂျပန်နိုင်ငံဗီဇာအမျိုးမျိုးဝန်ဆောင်မှု

永住おめでとう 🍾🎉㊗️ဂျပန်နိုင်ငံကြီးရဲ့နေထိုင်ခွင့်နဲ့ ပတ်သတ်ပြီး တစ်နေ့တခြားတင်းကြပ်လာတဲ့သတင်းတွေကြားက 🇷🇺Russia နိုင်ငံသားရဲ့ P...
06/08/2026

永住おめでとう 🍾🎉㊗️

ဂျပန်နိုင်ငံကြီးရဲ့နေထိုင်ခွင့်နဲ့ ပတ်သတ်ပြီး တစ်နေ့တခြားတင်းကြပ်လာတဲ့သတင်းတွေကြားက
🇷🇺Russia နိုင်ငံသားရဲ့ PR ရရှိကြောင်း Hagaki လေးရောက်လာမှပဲ သက်ပြင်းချနိုင်တော့တယ် 🎊

PRနဲ့ပတ်သတ်ပြီးနောက်ဆုံး update အကျဉ်းချုပ်

1. ဝင်ငွေသတ်မှတ်ချက် တိုးမြှင့်ခြင်း
အမြဲတမ်းနေထိုင်ခွင့် လျှောက်ထားသူများသည် ပုံမှန်အားဖြင့် ဂျပန်အိမ်ထောင်စုများ၏ ပျမ်းမျှနှစ်စဉ်ဝင်ငွေထက် မနည်းသော ဝင်ငွေ စိစစ်မှု ရှိရပါမည်။ ထို့အပြင် အနာဂတ်တွင် လူမှုဖူလုံရေးစရိတ်အပေါ် မှီခိုမှုမရှိစေရန် မျှော်မှန်းပင်စင်ရရှိနိုင်မည့် ပမာဏကိုလည်း စိစစ်ပါမည်။
(ဒီနှစ် ၁၀ လပိုင်းကစပြီး အတည်ဖြစ်ဖို့များတယ်လို့လဲခန့်မှန်းနေကြ)
2025 ခုနှစ်မှာ ဂျပန်အိမ်ထောင်စုတွေရဲ့ပျမ်းမျှနှစ်စဉ်ဝင်ငွေကတော့
575万円ပါ။

2. မကောင်းသော မှတ်တမ်းများ
အခွန်၊ လူမှုဖူလုံရေးကြေး (Social Insurance) မပေးဆောင်ခြင်း၊ ဥပဒေချိုးဖောက်ခြင်း၊ သို့မဟုတ် ဂျပန်နိုင်ငံ၏ စနစ်များကို နားလည်မှုအားနည်းခြင်း စသည့် အချက်များရှိပါက စိစစ်ရေးတွင် အမှတ်လျှော့ခံရမည် ဖြစ်သည်။ (ဤအချက်ကို ၂၀၂၇ ခုနှစ် ဧပြီလမှ စတင်ကျင့်သုံးမည်)။

3.ဂျပန်လူမျိုး/ PRရရှိထားသူ၏ အိမ်ထောင်ဘက်များအတွက်
ယခင်က အိမ်ထောင်သက် (၃) နှစ်နှင့် ဂျပန်တွင် နေထိုင်ခွင့် (၁) နှစ်ရှိရုံဖြင့် လျှောက်ထားနိုင်ခဲ့သော်လည်း၊ အနာဂတ်တွင် အိမ်ထောင်သက် (၅) နှစ်နှင့် ဂျပန်တွင် နေထိုင်ခွင့် (၃) နှစ် အထိ သတ်မှတ်ချက် တိုးမြှင့်သွားမည် ဖြစ်သည်။ (ပုံမှန်လူများအတွက်ကတော့ ဂျပန်တွင် ၁၀ နှစ် နေထိုင်ရမဲ့ စည်းမျဉ်းက အတူတူပဲဖြစ်ပြီး အထူးကင်းလွတ်ခွင့်များကို ပြန်လည်ပြင်ဆင်မည်)။

4.အမြဲတမ်နေးထိုင်ခွင့် ပြန်လည်ရုပ်သိမ်းခြင်း
၂၀၂၇ ခုနှစ် ဧပြီလမှစ၍ အခွန် သို့မဟုတ် လူမှုဖူလုံရေးကြေးများကို တမင်မပေးဆောင်ဘဲ နေသူများ၏ အမြဲတမ်နေးထိုင်ခွင့်ကို ပြန်လည်ရုပ်သိမ်းနိုင်မည့် လမ်းညွှန်ချက်သစ်များကိုလည်း စတင်ကျင့်သုံးမည်ဖြစ်သည်။

#永住権 #永住許可
#日本経済新聞

ပေါင်မုန့်စက်ရုံခေါ်စာလေးကပိတ်သွားလို့ အသားထုတ်စက်ရုံခေါ်စာလေးထပ်တင်ပေးပါမယ်🥓🍖အလုပ်အမျိုးအစား -အသားထုတ်လုပ်ခြင်းနှင့် ပြ...
29/07/2026

ပေါင်မုန့်စက်ရုံခေါ်စာလေးကပိတ်သွားလို့ အသားထုတ်စက်ရုံခေါ်စာလေးထပ်တင်ပေးပါမယ်🥓🍖

အလုပ်အမျိုးအစား -အသားထုတ်လုပ်ခြင်းနှင့် ပြုပြင်ထုတ်လုပ်ခြင်း
လုပ်ငန်းတည်နေရာ -Koga City, Ibaraki Prefecture
လုပ်ငန်းအကြောင်းအရာ -အကင်ဆိုင်၊Fast Food နှင့် Izakayaဆိုင်များအတွက် အသားပြုပြင်မွမ်းမံ ထုတ်လုပ်ဖြန့်ဖြူးရေး
အလုပ်ခန့်မည့်ပုံစံ- စာချုပ်ဝန်ထမ်း
ဗီဇာအမျိုးအစား - 特定技能(飲食料理品製造業分野)
စားသောက်ကုန်ထုတ်အတွေ့အကြုံရှိသူ
ခေါ်ယူမည့်ဦးရေ 20名

時給 :1,150円
月給:184,000 円〜(時給×160 時間)
残業手当: 別途支給(実労働時間に応じて計算)
昇給 あり(業績・貢献度に応じる)
交通費 支給あり(規定内)
賞与 なし

勤務時間 8:30〜17:30
休 憩  45 分
実働時間 8 時間 15 分

ကုမ္ပဏီမှ အဆောင်ရှိပါတယ်
အဆောင်ခ တစ်လလျှင် 35,000円

အလျှောက်များတဲ့ခေါ်စာတွေဖြစ်တာမို့လို့ CV form ရှိသူဦးစားပေးပါ။

  #募集しています

ဘိုးဘွားစောင့်ရှောက်ရေးအလုပ်ခေါ်စာလေးပါ🙋‍♀️🤍အခြေခံလစာ~ ၂၄ သောင်း ( အိမ်လခထောက်ပံ့ကြေး ၂သောင်းပါပြီး)🤍ညဆိုင်းရှိ      ~ တ...
06/07/2026

ဘိုးဘွားစောင့်ရှောက်ရေးအလုပ်ခေါ်စာလေးပါ🙋‍♀️

🤍အခြေခံလစာ~ ၂၄ သောင်း ( အိမ်လခထောက်ပံ့ကြေး ၂သောင်းပါပြီး)
🤍ညဆိုင်းရှိ ~ တစ်ကြိမ်လျှင် ယန်း 9,000 ( အလုပ်စဝင်ဝင်ချင်းမှာတော့ညဆိုင်းမရှိပါ)
🤍လမ်းစရိတ် ~ တစ်လလျှင် အများဆုံး ယန်း ၃ သောင်းအထိထောက်ပံ့ပေးပါသည်။
🤍လစာတိုး ~ ရှိ
🤍ဘောနပ်စ် ~ တစ်နှစ်လျှင်(၂)ကြိမ် (会社の業務成績により)
🤍Kaigo နဲ့ပတ်သတ်တဲ့資格ယူချင်သူတွေအတွက် စာမေးပွဲဖောင်ကြေးအား company မှ ကုန်ကျခံပေးပါမည်။
🤍အင်တာဗျူး( ၂)ကြိမ်~ online တစ်ကြိမ်/
လူတွေ့ (သို့) online

施設①の勤務時間 〜早 7:00~16:00
       日 9:00~18:00
       遅 11:00~20:00
       夜勤 17:30~翌9:30
-------------------------------------
施設②の勤務時間 〜早 7:00~16:00(休憩60分)
日 8:45~17:45(休憩60分)
遅 11:00~20:00(休憩60分)
夜勤 17:00~翌9:00(休憩120分)
仕事内容 〜
食事介助(口に食べ物を運ぶ、食器を取ってあげる等)
トイレ介助(トイレに連れて行く、座らせる)
移動介助や入浴介助(一緒に歩いて移動する、お風呂の時体を洗う)
季節に合わせての行事、レクリエーションの計画や実行(カラオケやクリスマスやお花見、お祭り等)
利用者様が楽しく安全な日々を送るのを手助けするお仕事です。

#求人募集 #介護求人

ဂျပန်ဗီဇာကြေးတွေ ဒီနှစ် 10 လပိုင်း 1ရက်နေ့ကစပြီးတော့တက်တော့မယ်ဆိုတာ 入管ကအတည်ပြုလိုက်ပါပြီ ❗️❗️ပြောင်းလဲလာမည့် နှုန်းထားသစ...
03/07/2026

ဂျပန်ဗီဇာကြေးတွေ ဒီနှစ် 10 လပိုင်း 1ရက်နေ့ကစပြီးတော့တက်တော့မယ်ဆိုတာ 入管ကအတည်ပြုလိုက်ပါပြီ ❗️❗️

ပြောင်းလဲလာမည့် နှုန်းထားသစ်များ -

-၃ လ သို့မဟုတ် ၃ လအောက် ဗီဇာရလျှင်:
နယူကန်သို့ လူကိုယ်တိုင်လျှောက်ပါက : 10,000 Yen | အွန်လိုင်းမှလျှောက်ပါက: 10,000 Yen

-၃ လထက်ကျော်ပြီး ၆ လအောက် ဗီဇာရလျှင်:
လူကိုယ်တိုင်: 18,000 Yen | အွန်လိုင်း: 15,000 Yen

-၆ လထက်ကျော်ပြီး ၁ နှစ်အောက် ဗီဇာရလျှင်:
လူကိုယ်တိုင်: 25,000 Yen | အွန်လိုင်း: 21,000 Yen

-၁ နှစ် ဗီဇာရလျှင်:
လူကိုယ်တိုင်: 33,000 Yen | အွန်လိုင်း: 27,000 Yen

-၁ နှစ်ထက်ကျော်ပြီး ၃ နှစ်အောက် ဗီဇာရလျှင်:
လူကိုယ်တိုင်: 48,000 Yen | အွန်လိုင်း: 42,000 Yen

-၃ နှစ်မှ ၅ နှစ်အောက် ဗီဇာရလျှင်:
လူကိုယ်တိုင်: 64,000 Yen | အွန်လိုင်း: 56,000 Yen

-၅ နှစ်နှင့် အထက် ဗီဇာရလျှင်:
လူကိုယ်တိုင်: 75,000 Yen | အွန်လိုင်း: 65,000 Yen

(ဗီဇာသက်တမ်း ရှည်ရှည်ရလေလေ ဗီဇာကြေး ပိုပေးရလေလေ ဖြစ်ပြီး၊ အွန်လိုင်းကနေ လျှောက်ရင်တော့ လူကိုယ်တိုင်ထက် စရိတ်ပိုသက်သာမှာပါ)

အဆမတန် အတိုးဆုံးကတော့ PR ဗီဇာကြေးပါပဲ
အရင် ယန်း၁ သောင်းကနေ အခု သောင်း ၂၀ အထိ🥲

၁၀လပိုင်းမှာသက်တမ်းကုန်မဲ့သူတွေက အခုနေလျှောက်လို့
ကံကောင်းပြီး ဗီဇာစောစောရခဲ့ရင် လက်ရှိစျေးနဲ့ပဲမှီနိုင်ပါသေးတယ်🍀
゚viralシ

ဒီနှစ် 10 လပိုင်းကစပြီး ဗီဇာကြေးတွေတိုးဖို့ကသေချာသလောက်ရှိနေပြီထင်တယ်🥲နေထိုင်ခွင့်ကာလအလိုက် ပြောင်းလဲကောက်ခံသွားမဲ့နှုန်...
24/06/2026

ဒီနှစ် 10 လပိုင်းကစပြီး ဗီဇာကြေးတွေတိုးဖို့ကသေချာသလောက်ရှိနေပြီထင်တယ်🥲

နေထိုင်ခွင့်ကာလအလိုက် ပြောင်းလဲကောက်ခံသွားမဲ့နှုန်းထားတွေကတော့ပုံထဲမှာတွေ့ရတဲ့အတိုင်းပါပဲ

နေထိုင်ခွင့်ကာလအနည်းဆုံးဖြစ်တဲ့ သက်တမ်း(၃)လအောက်သမားတွေက ယန်း 1 သောင်း
အများဆုံး (၅)နှစ်အထက်သမားတွေက ယန်း 7 သောင်းခွဲ
အမြဲတမ်းနေထိုင်ခွင့်သမားတွေကတော့ 20万円

နေထိုင်ခွင့်သက်တမ်းများလေ ဗီဇာကြေးလဲလိုက်များလေပဲ 🥹

#読売新聞オンライン

မေးနေကြတဲ့ တိုခုတေးဂိနိုးစားသောက်ကုန်  အလုပ်ခေါ်စာလေးလာပါပြီ🙋‍♀️-Training ၃ နှစ်ပြီးဆုံးထားသူများ- N3 နဲ့ စားသောက်ကုန်စာ...
11/06/2026

မေးနေကြတဲ့ တိုခုတေးဂိနိုးစားသောက်ကုန် အလုပ်ခေါ်စာလေးလာပါပြီ🙋‍♀️

-Training ၃ နှစ်ပြီးဆုံးထားသူများ
- N3 နဲ့ စားသောက်ကုန်စာမေးပွဲအောင်မြင်ထားသူ ( N3 level စကားပြောနိုင်ပါက N4 နဲ့လဲလျှောက်ထားနိုင်ပါတယ်)

လစာ ~ ယန်း 260,000 မှ~(အချိန်ပို နာရီ ၄၀ ခန့်ပါပြီး)
လစာတိုး ရှိ/ အရင်အလုပ်ကလစာအပေါ်မူတည်ပြီး လစာညှိနှိုင်းနိုင်ပါတယ်

အလုပ်အမျိုးအစား ~အစားအသောက်ထုတ်လုပ်ရေး (ပေါင်မုန့်နှင့် ကိတ်မုန့်/မုန့်ချိုများ ထုတ်လုပ်ခြင်း) နှင့် ဆက်စပ်လုပ်ငန်းများ

  #特定技能  #求人募集

စားသောက်ဆိုင်အလုပ်ခေါ်စာလေးပါ~🥩🍷🍽️TVနဲ့ Magazine တွေမှာပါဖူးတဲ့ နာမည်ကြီးတဲ့စားသောက်ဆိုင်ပါ။ဆိုင်မှာ T-bone steak(အမေရိက...
05/06/2026

စားသောက်ဆိုင်အလုပ်ခေါ်စာလေးပါ~🥩🍷🍽️

TVနဲ့ Magazine တွေမှာပါဖူးတဲ့ နာမည်ကြီးတဲ့စားသောက်ဆိုင်ပါ။
ဆိုင်မှာ T-bone steak(အမေရိကန် Prime Angus နွားသား),lobster နဲ့
ဥရောပမှတင်သွင်းတဲ့ ဝက်ပေါင်ခြောက်နဲ့ ဝိုင်ကို အဓိကထားပြီးတော့အသုံးပြုပါတယ်။
အနှစ် (၇၀) သက်တမ်းရှိတဲ့ company ကြီးမှလုပ်ငန်းလည်ပတ်ပါတယ်

မြန်မာလူမျိုးဝန်းထမ်းမရှိသေးတဲ့အတွက် လူရချင်ပါတယ် လာလျှောက်ကြပါ 🥹

လစာ,လုပ်ငန်းအကြောင်းအရာတွေက ပုံထဲမှာရေးပေးထားပါတယ်
ထပ်သိချင်တာရှိရင်လဲ cb မှာမေးလို့ရပါတယ် 🤍

#外食業界 #特定技能

အလည်ဗီဇာတွေက တင်လို့ကိုမနိုင်တော့ဘူးဗျို့ဒီနေ့လဲ ထိုင်းကတစ်ယောက် ကမ္ဘောဒီးယားကတစ်ယောက် approved😉ထိုင်းကအစ်ကိုက ပထမဆုံးအက...
22/05/2026

အလည်ဗီဇာတွေက တင်လို့ကိုမနိုင်တော့ဘူးဗျို့
ဒီနေ့လဲ ထိုင်းကတစ်ယောက် ကမ္ဘောဒီးယားကတစ်ယောက် approved😉

ထိုင်းကအစ်ကိုက ပထမဆုံးအကြိမ်မှာတင်အောင်မြင်ပေမဲ့
ကမ္ဘောဒီးယားကမောင်လေးကတော့ ပထမအကြိမ်က cambodia agency အပ်တာမအောင်မြင်လိုက်ဘဲ ဒုတိယတစ်ခေါက်မှာ ကောင်မလေးရဲ့ဖိတ်ခေါ်စာနဲ့အတူ ကိုယ်တွေရုံးကိုအပ်လိုက်တာ ဗီဇာရသွားခဲ့ပါပြီ 👏
ဒီနေ့ကတော့ပျော်စရာတွေနဲ့ပြည့်နေပါတယ်🥰


အသက် (၁)နှစ်ကနေ (၁၆)နှစ်အတွင်းကလေးလေးတွေလဲနေထိုင်ခွင့်ကဒ်မှာဓာတ်ပုံပါမှရတော့မယ်နော်အရင်ကအသက် (၁)နှစ်ကနေ (၁၆)နှစ်အတွင်းကလ...
22/05/2026

အသက် (၁)နှစ်ကနေ (၁၆)နှစ်အတွင်းကလေးလေးတွေလဲနေထိုင်ခွင့်ကဒ်မှာဓာတ်ပုံပါမှရတော့မယ်နော်

အရင်ကအသက် (၁)နှစ်ကနေ (၁၆)နှစ်အတွင်းကလေးတွေဆိုရင် နေထိုင်ခွင့်ကဒ်မှာ ဓာတ်ပုံမလိုခဲ့ပေမဲ့ အခု 2026.06.14 ကနေစပြီးတော့ ဗီဇာသက်တမ်းတိုးတဲ့အခါ၊ ဗီဇာပြောင်းလဲလျှောက်ထားတဲ့အခါတွေမှာ ဓာတ်ပုံပါတင်ပေးရတော့မှာပါ

လက်ရှိဗီဇာမတင်ရသေးတဲ့ကလေးလေးတွေရော တင်ထားဆဲကလေးလေးတွေရော ဗီဇာကျလာနိုင်မဲ့အချိန်က 6လပိုင်း 13 ရက် ဖြစ်နေရင်တောင်မှဓာတ်ပုံတင်ပေးဖို့နယူကန်ဘက်ကနေတောင်းဆိုလာနိုင်တာမို့လို့ ဖေဖေမေမေတွေ သတိထားနိုင်အောင်တင်ပေးလိုက်ရခြင်းဖြစ်ပါတယ်
🤍🤍🤍

Tokuteigino ゆで太郎 ဆိုင်အလုပ်ခေါ်စာ❗️❗️နေရာ- Higashi Kamagaya, Chibaအခြေခံလစာ - 205,200円အဆောင်ရှိအဆောင်လခထောက်ပံ့မှုရှိလစာ...
14/05/2026

Tokuteigino ゆで太郎 ဆိုင်အလုပ်ခေါ်စာ❗️❗️

နေရာ- Higashi Kamagaya, Chiba
အခြေခံလစာ - 205,200円
အဆောင်ရှိ
အဆောင်လခထောက်ပံ့မှုရှိ
လစာတိုး ရှိ
ဘောနပ်စ် မရှိ
#ယောက်ျားလေးသာလက်ခံပါမည်

၃လတစ်ခါ ညဆိုင်းအလဲရှိပါတယ်။ ၃လလုံးတောက်လျှောက် ညဆိုင်းဝင်နိုင်တဲ့သူမှသာလျှင်အဆင်ပြေပါမယ်❗️

လက်ရှိဆိုင်မှာလုပ်နေတဲ့သူတွေအနေနဲ့ ညဆိုင်းတစ်နေ့ (၈) နာရီ(အချိန်ပိုကြေးမပါ) အခွန်,အိမ်လခဖြတ်ပြီး 17,18သောင်း ခန့်ကျန်ပါတယ်။

နေ့ဆိုင်းဆိုလျှင် အချိန်ပိုတစ်လနာရီ(၂၀) မှာ သောင်း(၂၀) ခန့်ကျန်ပါတယ်။

#ညဆိုင်းအဆင်ပြေမှလျှောက်ပေးပါ

住所

601 Yaesu Central Square, Tokyo Midtown Yaesu, 2-1-4 Yaesu
Chuo-ku, Tokyo
104-0028

営業時間

月曜日 09:30 - 18:30
火曜日 09:30 - 18:30
水曜日 09:30 - 18:30
木曜日 09:30 - 18:30
金曜日 09:30 - 18:30

電話番号

08034248013

ウェブサイト

アラート

𝐉-𝐁𝐫𝐢𝐝𝐠𝐞 𝐍𝐰𝐚𝐲がニュースとプロモを投稿した時に最初に知って当社にメールを送信する最初の人になりましょう。あなたのメールアドレスはその他の目的には使用されず、いつでもサブスクリプションを解除することができます。

事業に問い合わせをする

𝐉-𝐁𝐫𝐢𝐝𝐠𝐞 𝐍𝐰𝐚𝐲にメッセージを送信:

ショートカット

共有する