10/31/2026
***** “သက်တမ်းလွန်နေထိုင်ခြင်း (Overstayed) နှင့် တရားမဝင်ရောက်ရှိ/နေထိုင်ခြင်း (Unlawful Presence) အကြောင်း သိကောင်းစရာများ” *****
ယေဘုယျအားဖြင့် ဗီဇာသက်တမ်းလွန်နေထိုင်ခြင်း (Overstayed) အချိန်ကာလဟာ နိုင်ငံကူးလက်မှတ်ပေါ်ရှိ “CBP” တံဆိပ်တုံး ရဲ့ “Admitted Until” ရက်စွဲ ရဲ့ နောက်တစ်နေ့က စတင်ပါတယ်။အကယ်၍ အမေရိကန် ပြည်ထောင်စုသို့ တရားဝင်ဗီဇာ (ဥပမာ ခရီးသွားဗီဇာ သို့မဟုတ် ကျောင်းသားဗီဇာ) ဖြင့် ဝင်ရောက်ခဲ့ပေမယ့် Overstayed နေထိုင်ပါက ဗီဇာပျက်ပြယ်သွားမှာ ဖြစ်ပြီး အမေရိကန် သို့ နောက်တစ်ချိန်ချိန်မှာ ပြန်လာလိုပါက နေရပ်နိုင်ငံမှာရှိတဲ့ အမေရိကန် သံရုံးက ဗီဇာအသစ် ရယူရန် လိုအပ်ပါတယ်။ သို့သော်၊ Overstayed ရာဇဝင် ကြောင့် ဗီဇာရဖို့ ပို၍ခက်ခဲနိုင်ပါတယ်။
**** "Overstayed / Unlawful Presence နှင့် The Visa Waiver Eligible Countries" ****
သတိပြုရမှာက ၊ ဗီဇာကင်းလွတ်ခွင့်အစီအစဉ် “Visa Waiver Program” ကို အသုံးပြု၍ အမေရိကန်ပြည် ထောင်စုသို့ ဝင်ရောက်ခဲ့သော်လည်း ၊ ရက်ပေါင်း ၉၀ ထက်ပို၍ နေထိုင်ပါက {အရည်အချင်းပြည့်မီသော နိုင်ငံများ (the visa waiver eligible countries) မှ ဖြစ်သည့်တိုင်အောင်} နောက်တစ်ချိန်ချိန်မှာ ဗီဇာကင်း လွတ်ခွင့်အစီအစဉ်ကို အသုံးပြု ခွင့်မရှိ တော့ပါဘူး။ အမေရိကန်ပြည် သို့ ပြန်လည်ဝင်ရောက်လိုပါက ဒေသခံ အမေရိကန်သံရုံး သို့မဟုတ် ကောင်စစ် ဝန်ရုံးမှ တဆင့် ဗီဇာ လျှောက်ထားရန် လိုအပ်ပါတယ်။ “Visa Waiver Program” ဆောင်းပါးနှင့်ပတ်သက်၍ အသေး စိတ်အချက်အလက်များ ကိုယခင်ပို့စ် များမှာ ဖော်ပြခဲ့ပြီး ဖြစ်သလို အောက်ပါလင့်ခ် မှာလည်း ဖတ်ရှု နိုင်ပါတယ်။
https://www.aicservice.org/blog-3-1/hr6uvuz0fb39hluqjl75o6uc3it0a3-ydzya-nnkkm-7afgr-3mzac-nlrf9-p753k-pfrsw-2995s-659hj-bt46k-me6xl-kl5sw-2ywex-a4y9c
**** “Overstayed” နှင့် “Unlawful Presence” ဆိုတာအတူတူပဲ မဟုတ်ဘူးလား? ****
အလွန်ဆင်တူပေမယ့် မရောထွေးဖို့ လိုအပ်ပါတယ်။ အထက်မှာဖော်ပြခဲ့တဲ့အတိုင်း၊ “Overstayed” အချိန်ဟာ “CBP” တံဆိပ်တုံးရဲ့“Admitted Until”ရက်စွဲရဲ့နောက်တစ်နေ့ကစတင်ပြီး၊ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဌာနရဲ့ အရေးယူခံ ရနိုင်ပါတယ်။(ဥပမာ-အမေရိကန်ဗီဇာ-ထုတ်မပေးခြင်း)။“Overstayed”အနေနဲ့နေထိုင်မယ်ဆိုရင်တော့၊ တရား မဝင်နေ ထိုင်ခြင်း “Unlawful Presence” ဖြစ်သွားပြီး၊ “DHS” ရဲ့အရေးယူခံရနိုင်ပါတယ်။ ဆိုလိုတာက "ဗီဇာသက်တမ်း လွန်နေ ထိုင်ခြင်း" ကို နိုင်ငံခြားရေးဝန်ကြီးဌာနက အရေးယူနိုင်ပြီး၊ “တရားမဝင်နေထိုင်ခြင်း” ကို “DHS” က အရေးယူနိုင်ပါတယ်။ အမေရိကန်ပြည်ထောင်စုဥပဒေ- ပုဒ်မ 8 USC 1227(a)(1)(C)(i) အရ၊ Nonimmigrant Visa ဖြင့်ဝင်ရောက်ခဲ့ပြီး ၊ ၎င်း၏ Visa Status ကိုထိန်းသိမ်းရန်ပျက်ကွက်သူ (သို့) ပုဒ်မ 1258 အရ ထိုကဲ့သို့သော “Visa Status” အဆင့်အတန်း ၏ စည်းကမ်းချက်များကို လိုက်နာရန် ပျက်ကွက်သူ မည်သည့် နိုင်ငံခြားသားကိုမဆို ပြည်နှင်ဒဏ်ပေးနိုင်ခွင့် ရှိပါတယ်။
**** “Unlawful Presence” အချိန်ကာလ တွေကို ဘယ်လိုတွက်ချက်ပါသလဲ?****
အမေရိကန် လူဝင်မှုကြီး ကြပ်ရေး ဥပဒေ-INA §212(a)(9)(B)(i)(I) and (II) အရ “overstayed” ရက်ပေါင်း ၁၈၀ ရက် မှ ၃၆၅ ရက်အတွင်း ဖြစ်ခဲ့ရင် အမေရိကန်ပြည်ထောင်စုသို့ သုံးနှစ် ဝင်ရောက်ခွင့်မရှိပါ။ တစ်နှစ်ထက်ပို၍ နေထိုင်ပါက ၁၀ နှစ် ပြန်လာခွင့် မရှိတော့ပါ။ ထို့အပြင် “Green Card” လျှောက်ထားချိန်တွင် ၊ ဗီဇာ“overstayed” နေဖြစ်ပါက၊ငြင်း ပယ်ခံရနိုင်ပါတယ်။ ဒါပေမယ့် လူတချို့အတွက်တော့ ခြွင်းချက်အနည်းငယ် ရှိပါတယ်။ ၎င်းပုဂ္ဂိုလ်များအနေဖြင့်၊ အမေ ရိကန်ပြည်ထောင်စုသို့ တရားဝင်ဗီဇာ (သို့) ဗီဇာကင်းလွတ်ခွင့်အစီအစဉ်ဖြင့် ဝင်ရောက်ပြီးနောက်၊ နေထိုင်ခွင့်ကျော်လွန်သွားချိန်အတွင်း ၊ အမေရိကန်နိုင်ငံသားနှင့် အိမ်ထောင်ပြုခဲ့ပါက ၊ အိမ်ထောင်ရေး အခြေပြု ဂရင်းကတ်လျှောက် ထားခွင့်ရှိပါတယ်။ သို့သော်၊ အမေရိကန်မှာ ဆက်လက်နေထိုင်ခွင့်ရနိုင်ဖို့ ဗီဇာ ကင်းလွတ်ခွင့်လျှောက်လွှာ “waiver application” ကို သီးခြားလျှောက်ထားရမှာပါ။ သတိပြုရမှာက၊ ဒီကင်းလွတ်ခွင့်လျှောက်လွှာ ကို USCIS မှအလွယ်တကူ ခွင့်မပြုပါဘူး။ ဒီအခြေအနေနဲ့ ကြုံတွေ့ ခဲ့ပါက၊ အတွေ့အကြုံများစွာရှိတဲ့ ရှေ့နေ(သို့မဟုတ်) ဥပဒေ အကြံပေးတွေ ရဲ့ အကူအညီတွေကို ရယူသင့်ပါတယ်။
**** "Green card လျှောက်ထားဆဲကာလအတွင်း အမေရိကန်ပြင်ပသို့ ခရီးသွားခွင့်" ****
အထက်ဖော်ပြပါ ပုဂ္ဂိုလ်များအတွက် “Green card” လျှောက်ထားဆဲကာလအတွင်း၊ အမေရိကန်ပြင်ပသို့ ခရီးသွား လိုပါက “Advance Parole Travel Document” လျှောက်ထားပြီး၊ ခွင့်ပြုချက်ဖြင့်ခရီးသွား နိုင်ပါတယ်။
**** တရားမဝင် ဝင်ရောက်ခြင်း “Illegal Entry”****
တရားမဝင် ရောက်ရှိနေထိုင်ခြင်း “Unlawful Presence” နှင့် အလွန်ဆင်တူပေမယ့် မရောထွေးဖို့လိုအပ်ပါတယ်။ အထူး သဖြင့်၊ “Illegal Entry” တွေရဲ့ အကျိုးဆက်တွေဟာ အရမ်းရှုပ်ထွေးပါတယ်။ အမေရိကန်ပြည်ထောင်စုသို့ တရားမဝင် ဝင်ရောက်ခဲ့ပါက (“Overstay” ဗီဇာသက်တမ်းလွန်ခြင်းမဟုတ်) အမေရိကန်မှ ထွက်ခွာခြင်းမရှိဘဲ ဂရင်းကတ်လျှောက်ထား ခွင့်မရှိပါ။ အလုပ်နှင့်သက်ဆိုင်သော မေးခွန်းများအတွက် “CB” ကိုအသုံးမပြု ဘဲ ရုံးဖုန်းနံပါတ်သို့ ဆက်သွယ်ပါ။
“ပြည်နှင်ဒဏ်ပေးခံရနိုင်ခြင်း” နှင့်ပတ်သက်၍ အချက်အလက်များကို အောက်ပါလင့်ခ်များမှာလည်း ဖတ်ရှုနိုင် ပါတယ်။
https://www.aicservice.org/blog-3-1/hr6uvuz0fb39hluqjl75o6uc3it0a3-ydzya-nnkkm-7afgr-3mzac-nlrf9-p753k-pfrsw-2995s-659hj-bt46k-me6xl-kl5sw-2ywex-a4y9c-x9yba-dxr6d-r95ns-yabmg-czh7y-39c3k-ttmr2-akfrk-cafej-bkcj4-w4rby
https://www.aicservice.org/blog-3-1/hr6uvuz0fb39hluqjl75o6uc3it0a3-ydzya-nnkkm-7afgr-3mzac-nlrf9-p753k-pfrsw-2995s-659hj-bt46k-me6xl-kl5sw-2ywex-a4y9c-x9yba-dxr6d-r95ns-yabmg-czh7y-39c3k-ttmr2
https://www.aicservice.org/blog-3-1/hr6uvuz0fb39hluqjl75o6uc3it0a3-ydzya-nnkkm-7afgr-3mzac-nlrf9-p753k-pfrsw-2995s-659hj-bt46k-me6xl-kl5sw-2ywex-a4y9c-x9yba-dxr6d-r95ns-yabmg-czh7y-39c3k-ttmr2-akfrk
မှတ်ချက်**** စာရေးသူ သည် အမေရိကန် စစ်မှုထမ်းဟောင်း ၊ USCIS အရာရှိဟောင်းနှင့် အမေရိကန် လူဝင်မှုကြီးကြပ်ရေး ဥပဒေအကြံပေး တစ်ဦး ဖြစ်ပါသည်။
အမေရိကန်ပြည်ထောင်စု လူဝင်မှုကြီးကြပ်ရေးကိစ္စများနှင့် ပတ်သက်၍ လိုအပ်ပါက “American Immigration Consulting (AIC) ®” ထံ ၊ ဖုန်းနံပါတ် 531-530-7773 ဖြင့် ဆက်သွယ်နိုင်ပါသည်။ “AIC®” ရဲ့ ဝန်ဆောင်မှုအချက် အလက်များကို https://www.aicservice.org/services တွင်လည်း ကြည့်ရှုနိုင်ပါတယ်။