Gyoseishoshi Office Pacific(မြန်မာဘာသာVer.)

電話する アクセス ウェブサイト

Gyoseishoshi Office Pacific(မြန်မာဘာသာVer.) Gyoseishoshi Office Pacific(မြန်မာဘာသာVer.)、法務サービス、東京都、Chofuの連絡先、地図と道順、お問い合わせフォーム、営業時間、サービス、評価、写真、動画、お知らせ。

ကျွန်တော်ကတော့ Gyoseishoshi Office Pacific မှ Yoheita Fujiwara ဖြစ်ပါတယ်။ဂျပန်နိုင်ငံတွင်းနေထိုင်ခွင့်在留資格နှင့် ပတ်သက်၍ မြန်မာဘာသာဖြင့် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးတိုင်ပင်နိုင်ပါသည်။

🇲🇲 မြန်မာသံရုံး (တိုကျို) မှ အသိပေးကြေညာချက်   ミャンマー大使館発表20260930၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ (၁) ရက်နေ့မှစတင်၍ မြန်မာနိုင်ငံက...
2026/11/01

🇲🇲 မြန်မာသံရုံး (တိုကျို) မှ အသိပေးကြေညာချက်
ミャンマー大使館発表20260930

၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ (၁) ရက်နေ့မှစတင်၍ မြန်မာနိုင်ငံကူးလက်မှတ် (Passport) သက်တမ်းတိုးလျှောက်ထားရာတွင် အောက်ပါစာရွက်စာတမ်းများကို ပူးတွဲတင်ပြရမည်ဖြစ်ပါသည်။

လစာဝင်ငွေခွန် ၂% ထမ်းဆောင်ထားသည့် အထောက်အထား 💴
အနီးစပ်ဆုံး (၃) လစာ မိသားစုလွှဲပို့ငွေ အထောက်အထား 🏦

【Work Visaသမားများအတွက် 入管ရဲ့ ထုတ်ပြန်ချက်】၂၀၂၆ ခုနှစ် ဧပြီလ ၁၅ ရက်နေ့နောက်ပိုင်း လျှောက်ထားသည့် Work Visaလျှောက်ထားသူမျ...
2026/10/24

【Work Visaသမားများအတွက် 入管ရဲ့ ထုတ်ပြန်ချက်】

၂၀၂၆ ခုနှစ် ဧပြီလ ၁၅ ရက်နေ့နောက်ပိုင်း လျှောက်ထားသည့် Work Visaလျှောက်ထားသူများအတွက် Category 3 နှင့် 4 တွင် ပါဝင်သော ကုမ္ပဏီ/အဖွဲ့အစည်းများအနေဖြင့် အောက်ပါစာရွက်စာတမ်းများကို ထပ်မံတင်ပြရန် လိုအပ်မည်ဖြစ်သည်။

📌 ထပ်မံလိုအပ်မည့် စာရွက်စာတမ်းများ
① ကုမ္ပဏီ/အဖွဲ့အစည်း၏ ကိုယ်စားလှယ်ဆိုင်ရာ ဝန်ခံချက်လွှာ (Declaration)
② ဘာသာစကား ကျွမ်းကျင်မှု ထောက်ခံစာ (CEFR B2 Level နှင့် ညီမျှသော)

💡 ဂျပန်စာအရည်အချင်း (CEFR B2 Level) ဟု သတ်မှတ်ပေးသည့် စာမေးပွဲနှင့် အထောက်အထားများ
・JLPT N2 သို့မဟုတ် N1
・BJT (Business Japanese) ရမှတ် ၄၀၀ နှင့်အထက်
・JPT ရမှတ် ၅၂၅ နှင့်အထက်
・EJU (ဂျပန်စာ) ရမှတ် ၂၀၀ နှင့်အထက်
・ဂျပန်နိုင်ငံရှိ တက္ကသိုလ် သို့မဟုတ် အသက်မွေးဝမ်းကျောင်းကောလိပ် (Senmon) ဆင်းဖြစ်ခြင်း
・ဂျပန်နိုင်ငံရှိ အထက်တန်းကျောင်း ပြီးမြောက်ထားခြင်း
・ဂျပန်နိုင်ငံတွင် ကာလရှည်ဗီဇာဖြင့် နှစ်ပေါင်း ၂၀ ထက်မက နေထိုင်ထားခြင်း
⚠️ သက်ဆိုင်သည့် လျှောက်လွှာများ
・COE (ဗီဇာသစ်လျှောက်ထားခြင်း)၊ ဗီဇာအမျိုးအစားပြောင်းလဲခြင်း (Change of Status)
・အလုပ်ပြောင်းခြင်း သို့မဟုတ် အလုပ်အကိုင်အမျိုးအစား ပြောင်းလဲ၍ ဗီဇာသက်တမ်းတိုးခြင်း

※ ယခင်အလုပ်ဟောင်းအတိုင်း ဆက်လက်လုပ်ကိုင်ပြီး သက်တမ်းတိုးသူများအတွက် တင်ပြရန် မလိုပါ။
ဗီဇာလျှောက်ထားမှုနှင့် ပတ်သက်၍ အခက်အခဲ သို့မဟုတ် မရှင်းလင်းသည်များရှိပါက ကျွန်ုပ်တို့၏ စာရွက်စာတမ်းကူညီဆောင်ရွက်ပေးရေးရုံး (Gyoseishoshi Office) သို့ Message သို့မဟုတ် ဝက်ဘ်ဆိုက်မှတစ်ဆင့် အလွယ်တကူ ဆက်သွယ်မေးမြန်းနိုင်ပါသည်။

🔻 အသေးစိတ် အချက်အလက်များနှင့် ဗီဇာနှင့်ပတ်သက်ပြီး တိုင်ပင်ဆွေးနွေးလိုပါက
🏢 Gyoseishoshi Office Pacific
👤 行政書士 藤原洋平太 (Gyoseishoshi Yoheita Fujiwara)
📞 TEL: 090-8111-7505
⏰ ရုံးချိန်: ရုံးဖွင့်ရက် (တနင်္လာ မှ သောကြာ) 10:00 〜 18:00

#ဂျပန်ဗီဇာ #ဂျပန်အလုပ်အကိုင်

Tokuteigino အမှတ် (၁) (SSW No. 1)  အချို့အလုပ်အကိုင်အမျိူးအစားများအတွက် ဂျပန်စာအရည်အချင်း စည်းမျဉ်းသစ်မော်တော်ယာဉ်သယ်ယူပ...
2026/10/10

Tokuteigino အမှတ် (၁) (SSW No. 1) အချို့အလုပ်အကိုင်အမျိူးအစားများအတွက် ဂျပန်စာအရည်အချင်း စည်းမျဉ်းသစ်

မော်တော်ယာဉ်သယ်ယူပို့ဆောင်ရေး (🚍/タクシー) နှင့် ရထားပို့ဆောင်ရေးကဏ္ဍများအတွက် SSW 1 ဂျပန်စာအရည်အချင်းသတ်မှတ်ချက်ကို "JLPT N3" မှ "B1 Level (သို့မဟုတ်) ထိုထက်မြင့်သောအဆင့်" သို့ ပြောင်းလဲသတ်မှတ်လိုက်ပါသည်။

စတင်ကျင့်သုံးမည့် အချိန်ဇယားမှာ အောက်ပါအတိုင်း ဖြစ်ပါသည် -

🔹 ၁။ COE (Certificate of Eligibility) လျှောက်ထားခြင်း
👉 ၂၀၂၇ ခုနှစ် ဧပြီလ ၁ ရက်နေ့ မှစတင်၍ လျှောက်ထားသည့် စာရွက်စာတမ်းများအတွက် B1 Level သို့မဟုတ် ထိုထက်မြင့်သော ဂျပန်စာအရည်အချင်း အထောက်အထား လိုအပ်ပါမည်။

🔹 ၂။ ဗီဇာအမျိုးအစားပြောင်းလဲခြင်း နှင့် သက်တမ်းတိုးခြင်း
👉 လက်ရှိတွင် စိစစ်ညှိနှိုင်းနေဆဲဖြစ်ပြီး၊ အသေးစိတ်ကို နောက်ပိုင်းတွင် ထပ်မံထုတ်ပြန်ပေးပါမည်။

💡 အကြံပြုချက်
အထက်ပါကဏ္ဍများတွင် SSW 1 ဗီဇာဖြင့် ဂျပန်နိုင်ငံသို့ လာရောက်လုပ်ကိုင်ရန် ပြင်ဆင်နေသူများအနေဖြင့် ၂၀၂၇ ခုနှစ် ဧပြီလ မတိုင်မီ B1 အဆင့် (JLPT N3 / JFT-Basic စသည်) ရရှိစေရန် ကြိုတင်ပြင်ဆင် လေ့လာထားကြပါရန် တိုက်တွန်းအပ်ပါသည်။

🔻 အသေးစိတ် အချက်အလက်များနှင့် ဗီဇာနှင့်ပတ်သက်ပြီး တိုင်ပင်ဆွေးနွေးလိုပါက
🏢 Gyoseishoshi Office Pacific
👤 行政書士 藤原洋平太 (Gyoseishoshi Yoheita Fujiwara)
📞 TEL: 090-8111-7505
⏰ ရုံးချိန်: ရုံးဖွင့်ရက် (တနင်္လာ မှ သောကြာ) 10:00 〜 18:00

#ဂျပန်ဗီဇာ #ဂျပန်အလုပ်အကိုင်

📢 Tokuteigino အမှတ် (၂) (SSW No. 2) အတွက် ဂျပန်စာအရည်အချင်း စည်းမျဉ်းသစ်SSW 2 အတွက်COEလျှောက်ထားရာတွင် ဂျပန်စာအရည်အချင်း...
2026/10/08

📢 Tokuteigino အမှတ် (၂) (SSW No. 2) အတွက် ဂျပန်စာအရည်အချင်း စည်းမျဉ်းသစ်

SSW 2 အတွက်COEလျှောက်ထားရာတွင် ဂျပန်စာအရည်အချင်း B1 Level (သို့မဟုတ်) ထိုထက်မြင့်သော အဆင့် လိုအပ်မည်ဖြစ်ပါသည်။

စတင်ကျင့်သုံးမည့် အချိန်ဇယားမှာ အောက်ပါအတိုင်း ဖြစ်ပါသည် -

🔹 ၁။COEလျှောက်ထားခြင်း
👉 ၂၀၂၇ ခုနှစ် ဧပြီလ ၁ ရက်နေ့ မှစတင်၍ လျှောက်ထားသည့် စာရွက်စာတမ်းများအတွက် B1 Level သို့မဟုတ် ထိုထက်မြင့်သော ဂျပန်စာအရည်အချင်း အထောက်အထား လိုအပ်ပါမည်။

🔹 ၂။ ဗီဇာအမျိုးအစားပြောင်းလဲခြင်း နှင့် သက်တမ်းတိုးခြင်း
👉 လက်ရှိတွင် စိစစ်ညှိနှိုင်းနေဆဲဖြစ်ပြီး၊ အသေးစိတ်ကို နောက်ပိုင်းတွင် ထပ်မံထုတ်ပြန်ပေးပါမည်။

💡 အကြံပြုချက်
SSW 2 သို့ ပြောင်းလဲရန် စိတ်ကူးရှိသူများအနေဖြင့် ၂၀၂၇ ခုနှစ် ဧပြီလ မတိုင်မီ ဂျပန်စာ B1 အဆင့် (JLPT N3 / JFT-Basic စသည်) ရရှိစေရန် ကြိုတင်ပြင်ဆင် လေ့လာထားကြပါရန် တိုက်တွန်းအပ်ပါသည်။

🔻 အသေးစိတ် အချက်အလက်များနှင့် ဗီဇာနှင့်ပတ်သက်ပြီး တိုင်ပင်ဆွေးနွေးလိုပါက
🏢 Gyoseishoshi Office Pacific
👤 行政書士 藤原洋平太 (Gyoseishoshi Yoheita Fujiwara)
📞 TEL: 090-8111-7505
⏰ ရုံးချိန်: ရုံးဖွင့်ရက် (တနင်္လာ မှ သောကြာ) 10:00 〜 18:00
#ဂျပန်ဗီဇာ #ဂျပန်အလုပ်အကိုင်

📢 JFT-Basic နှင့်ပတ်သက်ပြီးမကြာသေးမီက လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန (入管) မှ အသိပေးကြေညာချက် ထွက်ရှိလာခဲ့ပါသည်။JLPT စာမေးပွ...
2026/10/07

📢 JFT-Basic နှင့်ပတ်သက်ပြီးမကြာသေးမီက လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန (入管) မှ အသိပေးကြေညာချက် ထွက်ရှိလာခဲ့ပါသည်။

JLPT စာမေးပွဲကို လျှောက်ထားသူ လွန်စွာများပြားသည့်အတွက် ၂၀၂၆ ခုနှစ်၊ ဒီဇင်ဘာလ စာမေးပွဲတွင် N1 မှ N5 အထိ အဆင့်အားလုံး လျှောက်လွှာပိတ်ရက် မတိုင်မီမှာပင် လျှောက်လွှာလက်ခံခြင်း ပိတ်သိမ်းသွားခဲ့ပါသည်။ JLPT N4 သို့မဟုတ် N5 ဖြေဆိုရန် အဆင်မပြေဖြစ်နေသူများအတွက် JFT-Basic စာမေးပွဲကို ဖြေဆိုရန် အကြံပြုအပ်ပါသည်!
✨ 💡 JFT-Basic ၏ ထူးခြားချက်များ 💡 ✨
1️⃣ တစ်လလျှင် အကြိမ်ရေများစွာ ကျင်းပပေးခြင်း
📌 စာမေးပွဲကို အခြေခံအားဖြင့် တစ်နိုင်ငံလုံးရှိ စာမေးပွဲစင်တာ ၁၁ နေရာတွင် တစ်လလျှင် အကြိမ်ရေများစွာ ကျင်းပပေးနေပါသည်။
2️⃣ "Tokuteigino 1" နှင့် "Ikuseishuuro" ဗီဇာ လျှောက်ထားရာတွင် အသုံးပြုနိုင်ခြင်း
✅ JFT-Basic အောင်မြင်မှု (A2.2 သို့မဟုတ် A1) ဖြင့် ဗီဇာလျှောက်ထားရန် လိုအပ်ချက်ကို ပြည့်မီစေပါသည်။
🎓 ※ "ကျောင်းသား" ဗီဇာ လျှောက်ထားရာတွင်လည်း A1 အဆင့်ရှိကြောင်း သက်သေပြနိုင်သည့် စာမေးပွဲများတွင် ပါဝင်ပါသည်။
3️⃣ စာမေးပွဲရလဒ်ကို ချက်ချင်း သိရှိနိုင်ခြင်း
⚡ စာမေးပွဲဖြေဆိုပြီးပါက ရလဒ်ကို ချက်ချင်းသိရှိနိုင်သည့်အပြင်၊ စာမေးပွဲဖြေဆိုပြီး ၅ ရက် (ရုံးဖွင့်ရက်) အတွင်း Prometric ဝဘ်ဆိုက်တွင် တရားဝင်အောင်လက်မှတ် (判定結果通知書) ထွက်ရှိမည်ဖြစ်၍ Login ဝင်ရောက် စစ်ဆေးနိုင်ပါသည်။ စာရွက်ဖြင့် လိုအပ်ပါကလည်း Print ထုတ်ယူ၍ အသုံးပြုနိုင်ပါသည်။
💻 အင်တာနက်မှတစ်ဆင့် လွယ်ကူစွာ လျှောက်ထားနိုင်ပါသည်။ JLPT စာမေးပွဲဖြေဆိုရန် နေရာမရရှိဘဲ အခက်အခဲဖြစ်နေသူများ
JFT-Basic စာမေးပွဲကို လျှောက်ထားဖြေဆိုကြပါရန် တိုက်တွန်းအပ်ပါသည်!
🌐 အသေးစိတ် အချက်အလက်နှင့် လျှောက်ထားရန် စာမျက်နှာ
👉 https://www.jpf.go.jp/jft-basic/index.html

🔻 အသေးစိတ် အချက်အလက်များနှင့် ဗီဇာနှင့်ပတ်သက်ပြီး တိုင်ပင်ဆွေးနွေးလိုပါက
🏢 Gyoseishoshi Office Pacific
👤 行政書士 藤原洋平太 (Gyoseishoshi Yoheita Fujiwara)
📞 TEL: 090-8111-7505
⏰ ရုံးချိန်: ရုံးဖွင့်ရက် (တနင်္လာ မှ သောကြာ) 10:00 〜 18:00

#ဂျပန်စာစာမေးပွဲ #ကျွမ်းကျင်လုပ်သား #育成就労 #ဂျပန်စာသင်ယူခြင်း #出入国在留管理庁 #ဂျပန်ဗီဇာ

2026/09/28
ဒီနေ့လည်း အမြဲတမ်းနေထိုင်ခွင့် PR (永住許可)ကို 入管 သို့ အောင်မြင်စွာ လျှောက်ထားခဲ့ပါတယ်။ 📄✨လျှောက်ထားခ ကြေးများ💴 မတက်မီ (値上が...
2026/09/24

ဒီနေ့လည်း အမြဲတမ်းနေထိုင်ခွင့် PR (永住許可)ကို 入管 သို့ အောင်မြင်စွာ လျှောက်ထားခဲ့ပါတယ်။ 📄✨

လျှောက်ထားခ ကြေးများ💴 မတက်မီ (値上がり前) အချိန်မီ အဆင်ပြေချောမွေ့စွာ လျှောက်လွှာတင်နိုင်ခဲ့သည့်အတွက် ဝမ်းသာရသလို၊ ပူးပေါင်းကူညီပေးခဲ့ကြသော လျှောက်ထားသူနှင့် မိသားစုဝင်များအားလုံးကိုလည်း အထူးပင် ကျေးဇူးတင်ရှိပါတယ်။

အဆင်ပြေချောမွေ့စွာနဲ့ 許可 ရလဒ်ကောင်းများ ရရှိပါစေကြောင်း ကျွန်ုပ်တို့ ရုံးအဖွဲ့သားများအားလုံးမှ လှိုက်လှဲစွာ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။🙏🌸

🇲🇲 ဂျပန်နိုင်ငံရောက် မြန်မာများအတွက် အမြဲတမ်းနေထိုင်ခွင့် (PR) နှင့် အခြားမည်သည့်နေထိုင်ခွင့်(ဗီဇာ)ဆိုင်ရာ ကိစ္စရပ်များမဆိုကို လူကြီးမင်းတို့ စိတ်တိုင်းကျ ဆောင်ရွက်ပေးလျက်ရှိပါသည်။

📩 နေထိုင်ခွင့်(ဗီဇာ)နှင့် ပတ်သက်၍ အသေးစိတ် အချက်အလက်များ တိုင်ပင်ဆွေးနွေးလိုပါက စိတ်ချယုံကြည်စွာ ဆက်သွယ်နိုင်ပါသည်။

🔻 ဆွေးနွေးတိုင်ပင်လိုပါက ဆက်သွယ်ရန်
Gyoseishoshi Office Pacific
行政書士 藤原洋平太 (Gyoseishoshi Yoheita Fujiwara)
📞 TEL: 090-8111-7505
⏰ ရုံးချိန်: ရုံးဖွင့်ရက် (တနင်္လာ မှ သောကြာ) 10:00 〜 18:00

#行政書士 #永住許可申請
#入管手続き #ビザ申請 #ミャンマー #မြန်မာ #ဂျပန်ဗီဇာ #အမြဲတမ်းနေထိုင်ခွင့်

📣 ဂျပန်ရောက် မြန်မာနိုင်ငံသားများအတွက် မြန်မာသံရုံး (တိုကျို) မှ အသိပေးကြေညာချက်24.9.2026ဂျပန်နိုင်ငံတွင် ရောက်ရှိနေထိုင...
2026/09/24

📣 ဂျပန်ရောက် မြန်မာနိုင်ငံသားများအတွက် မြန်မာသံရုံး (တိုကျို) မှ အသိပေးကြေညာချက်
24.9.2026

ဂျပန်နိုင်ငံတွင် ရောက်ရှိနေထိုင်ပြီး ကောင်စစ်ဆိုင်ရာကိစ္စရပ်များ လျှောက်ထားသူများအနေဖြင့် လူကိုယ်တိုင်ဖြစ်စေ၊ စာတိုက်မှဖြစ်စေ လျှောက်ထားရာတွင် နိုင်ငံသားစိစစ်ရေးကတ်ပြား (မိတ္တူ) နှင့် အိမ်ထောင်စုဇယား (မိတ္တူ) တို့ကို မဖြစ်မနေ ပူးတွဲတင်ပြရမည်ဖြစ်ပါသည်။

⚠️စာတိုက်မှပေးပို့လျှောက်ထားသူများတွေအတွက်အဆိုပါမိတ္တူများထည့်သွင်းရမည်ဖြစ်ကြောင်း၊မပြည့်စုံလျှင်လက်ခံဆောင်ရွက်ပေးမည်မဟုတ်ဘဲ မူလပိုင်ရှင်ထံ ပြန်လည်ပေးပို့သွားမည် ဖြစ်ကြောင်း အသိပေးထားပါသည်။

#ဂျပန်ရောက်မြန်မာများ #မြန်မာသံရုံးတိုကျို #ကောင်စစ်ဝန်ဆောင်မှု #သန်းခေါင်စာရင်းမိတ္တူ #မှတ်ပုံတင်မိတ္တူ

住所

〒182-0007
Tokyo Chofu
東京都

営業時間

月曜日 09:00 - 18:00
火曜日 09:00 - 18:00
水曜日 09:00 - 18:00
木曜日 09:00 - 18:00
金曜日 09:00 - 18:00
土曜日 09:00 - 18:00

電話番号

+819081117505

アラート

Gyoseishoshi Office Pacific(မြန်မာဘာသာVer.)が新しいニュースやキャンペーンを投稿したら、いち早くメールでお知らせします。メールアドレスが他の目的に使われることはなく、いつでも配信を停止できます。

ショートカット

共有する

カテゴリー

近くの法律事務所