23/06/2026
လူသစ်ဘတ်ရိုက်ထားတဲ့သူတိုင်းက ပန်းရောင်
ကတ်ကိုမဖြစ်မနေရိုက်ရမယ်လို့မဆိုလိုပါဘူး
ဒါပင်မဲ့ ပန်းရောင်ကတ်ရှိထားတဲ့အားသာချက်ကိုပြောပါပေးပါမယ်
🔺ပန်းရောင်ကတ်နဲ့ဝေါပါမစ်ကတ်ကမတူပါဘူးန်ော
▪️ဝေါပါမစ်ကတ်က အလုပ်သမားဝန်ကြီးဌာနကထုပ်ပေးတဲ့ကတ် အလုပ်လုပ်ခွင့်ကတ်
▪️ပန်းရောင်ကတ်က ကိုယ်မည်သူမည်ဝါဖြစ်ကြောင်းကိုပြည်ထဲရေးဝန်ကြီးဌာနက အသိအမှတ်ပြုထုပ်ထားပေးတဲ့ကတ်
ဘတ်ရိုက်ထားပြီး Passport စာအုပ်အနီရော Ci စာအုပ်အစိမ်းရောမရှိထားသေးပဲ ပါမစ်စာရွက်လေး ပါမစ်ကတ်လေးနဲ့နေနေတဲ့သူတွေကပန်းရောင်ကတ် ရိုက်ထားသင့်ပါတယ် ပန်းရောင်ကတ်ရှိထားတယ်ဆိုလျှင်အဲ့ပန်းရောင်ကတ်နဲ့ ပြည်တွင်းထိုင်းနိုင်ငံအတွင် ကားလက်မှတ်ဖြတ်လို့ရတယ် ၊ လေယာဉ်လက်မှတ်ဖြတ်လို့ရတယ် ကားစီးလေယာဉ်စီးလို့ရပါတယ်
တစ်ချို့ ဖူးကတ်တို့ မဲ့ဆောက်တို့ ၊ ရနောင်းတို့လိုဝေးတဲ့နေရာတွေကိုတောင်Passport မရှိပဲပန်းရောင်ကတ်လေးအသုံးပြုပြီးလေယာဉ်နဲ့သွားလို့ရပါတယ် ( နယ်ကျော်ခွင့်စာရွက်တော့ လိုရမယ်ရထုပ်သွားပါ အပန်းမကြီးပါဘူး )
ပန်းရောင်ကတ်မှာ ကိုယ်ပိုင်နံပါတ် 13 လုံးပါရှိပါတယ် (ဥပမာ) အားဖြင့်လွယ်လွယ်ပြောရရင် မှတ်ပုံတင်နံပါတ်လိုပါပဲ ဒီကိုယ်ပိုင်နံပါတ် 13 လုံးကိုနှိပ်ထည့်လိုက်ရင် ထိုင်းနိုင်ငံရဲ့အစိုးရပိုင်းဆိုင်ရာအချက်အလတ်တွေနေရာမှာ ဒီလူဟာဘယ်သူ ဘယ်ဝါဆိုတာအလွယ်တစ်ကူသိရပါတယ်
🔺ကိုယ်မှာ Passport စာအုပ်မရှိသေးဘူးဆိုတဲ့သူတွေကတော့ ဘယ်သူမဆို ပန်းရောင်ကတ်
ရိုက်ထားသင့်ပါတယ် ဘယ်နေရာသွားသွားပန်းရောင်ကတ်ကိုအိတ်ထဲထည့်သွားပါ
🔺လမ်းမှာမတော်တစ်ဆမှုဖြစ်ရင်တောင် အဲ့ပန်းရောင်ကတ်လေးကနေတစ်ဆင့် ကိုယ့်ရဲ့ဆွေးမျိုး ( သို့မဟုတ် ) ကိုယ်အလုပ်အပ်ထားတဲ့ပွဲစားတွေဆီဆက်သွယ်ပေးလို့ရပါတယ် အရမ်းအရေးပါတာပါ
🔺ဆေးရုံဆေးခန်းသွားပြတဲ့အခါတွေမှာလဲPassport မရှိတဲ့သူတွေက ပန်းရောင်ကတ်ကိုအသုံးပြုပြီးဆေးရုံပြလို့ရပါတယ် ငွေရှိတိုင်းလဲပြစရာဘာအထောက်အထားမှမရှိရင်ဘယ်ဆေးရုံကမှလက်မခံပါဘူး ( ကျန်းမာရေးအရေးပေါ်ကိစ္စတွေဟာလူတိုင်းဖြစ်တက်ပါတယ် )
🔺မတော်တစ်ဆ ကိုယ့်မတရားအနိုင်ကျင့်ခံရတာ အခန်းပစ္စည်းအဖောက်ခံရတာလား စာရွက်စာတမ်းမစုံရင်တောင် ပန်းရောင်ကတ်လေးနဲ့ရဲစခန်းသွားအမှုဖွင့်လို့ရပါတယ်
🔺 ဆိုင်ကယ် ၊ ကား ယာဉ်မောင်လိုင်စင်လုပ်ဖို့လား Passport မရှိလဲပန်းရောင်ကတ်နဲ့ရပါတယ်
🔺အလုပ်ရသွားလို့သူဌေးက ဘဏ်နဲ့မှလစာလွဲမယ်ဆိုရင် ဘဏ်ဖွင့်အုံးမလား သူဌေးထောက်ခံစာလက်မှတ်လေးနဲ့ပန်းရောင်ကတ်ကိုအသုံးပြုပြီးဘဏ်ဖွင့်လို့ရပါတယ်
🔺တစ်ချို့ ဖုန်းဆိုင် ၊ ဆိုင်ကယ်ဆိုင်တွေဆို ပန်းရောင်ကတ်ရှိယုံနဲ့အရစ်ကျလပေးနဲ့ဝယ်လို့ရပါတယ်
🔺ပိုက်ဆံချမ်းသာလို့ ရွှေစုချင်သေးတာလားရတယ် Passport မသုံးပဲ ပန်းရောင်ကတ်ပြပြီး ရွှေရောင်း ရွှေဝယ်လုပ်လို့ရသေးတယ်
🔺လင်းနဆို ဘယ်သွားသွား ပန်းရောင်ကတ်လေးနဲ့ယာဉ်မောင်းလိုင်စင်ကို သယ်သွားတယ် ဟိုရုံးဒီရုံးဝင် အထောက်အထားပြရတာလား တစ်ကူးတစ်
ကPassport ထုပ်မပြဘူး ပန်းရောင်ကတ်သို့မဟုတ် ယာဉ်မောင်းလိုင်စင်ပြလိုက်တယ် အိုကေဆိုပြေပဲ
လင်းနတို့ရုံးနဲ့ဘတ်ရိုက်ထားသူတွေဆို အခုပန်းရောင်ကတ်ခေါ်ရိုက်ပေးနေတာ ပိုက်ဆံထပ်မပေးရပါဘူး အလကားခေါ်ရိုက်နေတာပါ ဘာဖိုးမှထပ်မကောက်ပါဘူး ဒါတောင်ကတ်ရိုက်တာကိုအရေးထားပြီးလာမရိုက်ကြပါဘူး
ပန်းရောင်ကတ်ရဲ့အရေးပါပုံတွေကို လင်းန ခဏခဏ ရှင်းပြပေးနေပါရက်နဲ့ ဒီနေ့ 23/6/2026 ရက်နေ့ပန်းရောင်ကတ်ချိန်းပြီးမလာဖြစ်ကြတဲ့သူများ နောက်တစ်ခေါက် ကတ်ရိုက်လျှင်ကတ်ရိုက်ခ 1000 + ကျန်းမာရေးအာမခံ 6 လစာအသစ်ပြန်ဝယ်ခ 990 ကုန်ပါမယ်ဗျာ ကတ်ရိုက်ဖို့ခယူအလကားမရပါဘူး ငွေပေးရတာပါ ပိုက်ဆံမပေးရဘူးဆိုတိုင်း လာချင်လာမလာချင်ရင်မလာဘူးဆိုသူများ အလကားထပ်မခေါ်ရိုက်ပေးတော့ပါဘူးန်ော
ပန်းရောင်ကတ်မရသေးတဲ့သူတွေက ကတ်ရချင်လွန်းလို့ ကတ်ရိုက်ဖို့စာရင်းကျတဲ့သူတွေကျတော့လဲ ပန်းရောင်ကတ်ကိုအရေးမပါတော့သလိုပုံစံတွေနဲ့လာမရိုက်ကြဘူးကွယ်။