12/08/2026
စက်ရုံ/ဂိုဒေါင်တစ်နေရာ မငှားခင် မဖြစ်မနေ စစ်ဆေးရမည့် အချက် (၅) ချက် 🏭🔍
လုပ်ငန်းတိုးချဲ့ဖို့၊ ပစ္စည်းတွေ သိုလှောင်ဖို့ စက်ရုံ သို့မဟုတ် ဂိုဒေါင် ငှားရမ်းတော့မယ်ဆိုရင် စာချုပ်မချုပ်ခင်မှာ အသေးစိတ် စစ်ဆေးဖို့ လိုအပ်ပါတယ်။ မစစ်ဆေးဘဲ အလွယ်တကူ ငှားရမ်းမိပါက နောက်ပိုင်းမှာ လုပ်ငန်းနှောင့်နှေးတာ၊ ငွေကြေးဆုံးရှုံးတာတွေ ကြုံတွေ့ရနိုင်ပါတယ်။
ဒါကြောင့် စက်ရုံ/ဂိုဒေါင် မငှားခင် မြန်မာရိကြာ မှ မဖြစ်မနေ စစ်ဆေးသင့်တဲ့ အချက် (၅) ချက်ကို ဝေမျှပေးလိုက်ပါတယ်။ 💡
၁။ မီးနှင့် ရေ ရရှိနိုင်မှုအခြေအနေ (Electricity & Water Supply)
စက်ရုံ/ဂိုဒေါင် လုပ်ငန်းတွေမှာ မီးနဲ့ ရေဟာ အသက်ပါပဲ။
- Transformer ပါဝင်မှုရှိ/မရှိ နှင့် (KVA)အသုံးပြုနိုင်သောမီး ပမာဏ မိမိလုပ်ငန်းနဲ့ လုံလောက်မှု ရှိမရှိ စစ်ဆေးပါ။
- မီးလိုင်း သွယ်တန်းထားမှု မီးဘေးအန္တရာယ် ကင်းရှင်းရေး စစ်ဆေးပါ။
- အဝီစိတွင်း သို့မဟုတ် ဂျိုးဖြူရေ ရရှိနိုင်မှုအပြင်၊ ရေအားကောင်းမကောင်းကိုပါ သေချာစစ်ဆေးရပါမယ်။
၂။ လမ်းပန်းဆက်သွယ်ရေးနှင့် ကွန်ကရစ်ခိုင်မာမှု (Access & Concrete Floor)
ကုန်တင်ကားကြီးများ၊ Trailer ကားများ အလွယ်တကူ ဝင်/ထွက်သွားလာနိုင်သည့် လမ်းအကျယ် ရှိရပါမည်။
- စက်ရုံ/ဂိုဒေါင် အတွင်းပိုင်း ကြမ်းခင်း (Concrete Floor) သည် ကုန်ပစ္စည်းအလေးချိန်နှင့် စက်ပစ္စည်းအလေးချိန်ကို ခံနိုင်ရည် ရှိ/မရှိ စစ်ဆေးပါ။
- တံခါးအမြင့်နှင့် အကျယ်သည် မိမိ ကုန်တင်/ကုန်ချ လုပ်ငန်းများနှင့် ကိုက်ညီမှုရှိ မရှိ စစ်ဆေးရပါမယ်။
၃။ မီးဘေးအန္တရာယ် ကာကွယ်ရေးစနစ် (Fire Safety)
မီးဘေးအန္တရာယ် စိတ်ချရမှုရှိမှသာ မိမိကုန်ပစ္စည်းများနှင့် ဝန်ထမ်းများအတွက် စိတ်အေးရမှာပါ။
- Fire Hose Cabinet, Sprinkler, Fire Extinguisher စတဲ့ မီးငြှိမ်းသတ်ရေး စက်ပစ္စည်းများ တပ်ဆင်ထားမှု ရှိမရှိ။
- မီးဘေးထွက်ပေါက် (Emergency Exit) သီးသန့် ပါရှိမှု ရှိမရှိ စစ်ဆေးပါ။
၄။ အမိုး အကာနှင့် ရေဝပ်မှု ရှိ/မရှိ (Roofing & Drainage System)
မိုးရာသီမှာ ကုန်ပစ္စည်းများ ရေစိုပျက်စီးမှု မရှိစေဖို့—
- အမိုး ယိုစိမ့်မှု ရှိမရှိ စစ်ဆေးပါ။
- စက်ရုံ/ဂိုဒေါင် ပတ်ဝန်းကျင် ရေနုတ်မြောင်းများ ပိတ်ဆို့မှု ရှိမရှိနှင့် မိုးသည်းထန်စွာ ရွာပါက ရေဝပ်လေ့ရှိမရှိ ပတ်ဝန်းကျင်ကို စုံစမ်းစစ်ဆေးသင့်ပါတယ်။
၅။ ဥပဒေရေးရာ ခိုင်မာမှုနှင့် စာချုပ်ပါ အချက်အလက်များ (Legal & Lease Terms)
အရေးကြီးဆုံး အချက်ကတော့ ပိုင်ဆိုင်မှုနဲ့ စာချုပ်ခိုင်မာရေးပါ။
- ငှားရမ်းသူသည် အမှန်တကယ် ပိုင်ဆိုင်သူ သို့မဟုတ် တရားဝင် ဝရမ်းရှိသူ ဟုတ်/မဟုတ် စစ်ဆေးပါ။
- စက်မှုဇုန် ကော်မတီ၏ စည်းကမ်းချက်များနှင့် ညီညွတ်မှု ရှိမရှိ။
- စာချုပ်တွင် အနည်းဆုံး ငှားရမ်းခွင့် သက်တမ်း၊ စက္ကူစရိတ်/ အခွန်အခ မည်သူက ကျခံမည်ဆိုသည့် အချက်များကို အသေးစိတ် ရှင်းလင်းစွာ ချုပ်ဆိုရပါမည်။
🤝 အထက်ပါ အချက်အလက်များကို အသေးစိတ် စိစစ်ပြီး မှန်ကန် စိတ်ချရသော စက်ရုံ/ဂိုဒေါင်များကိုမှ ငှားရမ်းလိုပါက မြန်မာရိကြာ သို့ ဆက်သွယ်လိုက်ပါ။
ကျွမ်းကျင်သူများမှ စာချုပ်စာတမ်း ခိုင်မာရေးအထိ အစအဆုံး ကူညီဆောင်ရွက်ပေးနေပါသည်။ ✨
စက်ရုံ/ဂိုဒေါင် အရောင်း/အငှား စုံစမ်းရန် သို့မဟုတ် လာရောက်အပ်နှံရန် -
☎️ 𝗙𝗼𝗿 𝗖𝗵𝗶𝗻𝗲𝘀𝗲 - 𝟬𝟵 𝟮𝟱𝟯 𝟴𝟴𝟴𝟴 𝟵𝟵,
☎️ 𝗛𝗼𝘁𝗹𝗶𝗻𝗲 𝗣𝗵𝗼𝗻𝗲 - 𝟬𝟵 𝟵𝟳𝟰 𝟭𝟭𝟳 𝟵𝟰𝟴, 𝟬𝟵 𝟵𝟳𝟰 𝟭𝟭𝟳 𝟴𝟬𝟮
📍𝗢𝗳𝗶𝗶𝗰𝗲 𝗔𝗱𝗿𝗲𝘀𝘀 - 𝗨-𝟯, 𝗡𝗼-𝟮𝟳 , 𝗡𝗮𝘄𝗮𝗱𝗮𝘆 𝗦𝗵𝗼𝗽 𝗛𝗼𝘂𝘀𝗲, 𝗡𝗮𝘄𝗮𝗱𝗮𝘆 𝗛𝗼𝘂𝘀𝗶𝗻𝗴, 𝗛𝗹𝗮𝗶𝗻𝗴 𝗧𝗵𝗮𝗿𝘆𝗮𝗿 𝗧𝗼𝘄𝗻𝘀𝗵𝗶𝗽,𝗬𝗮𝗻𝗴𝗼𝗻, 𝗠𝘆𝗮𝗻𝗺𝗮𝗿
လူကြီးမင်းများပိုင်ဆိုင်သော အိမ်ခြံမြေ၊ ကွန်ဒို၊ တိုက်ခန်း၊ ဆိုင်ခန်း၊ စက်ရုံ နှင့် ဂိုထောင် များကို ရောင်း/ငှား ခြင်း၊ ဝယ်ယူ/ငှားရမ်းခြင်း များပြုလုပ်လိုပါက မြန်မာရိကြာ အိမ်ခြံမြေအကျိုးဆောင် ကုမ္ပဏီမှ အိမ်ခြံမြေ ဥပဒေညွှန်းတမ်းများ နဲ့အညီ ကျွမ်းကျင်ပညာရှင်များဖြင့် အမြန်ဆုံး အကျိုးဆောင် ပေးဖိုအသင့်ရှိနေပါတယ်။
❝ သင့်အိမ်မက်တွေစတင်ရာ အိမ်ခြံမြေမှာ 𝗠𝗬𝗔𝗡𝗠𝗔𝗥 𝗬𝗜 𝗝𝗜𝗔 ❞
#မြန်မာရိကြာ #စက်မှုဇုန် #စက်ရုံအငှား #အိမ်ခြံမြေဗဟုသုတ #စက်မှုဇုန်ရောင်းဝယ်ငှား