ZO Real Estate & Soil Test

ZO Real Estate & Soil Test Authorized member of (Civil Engineering' Construction Co-operative Ltd) C.E.C.C

😇😇အရှေဒဂုံ၊ ‌‌ေမြာက်ဒဂုံ၊အင်းစိန်၊တောင်ဒဂုံ၊ သာကေတ၊ တောင်ဥကလာ၊မြောက်ဥကလာ၊သန်လျင်၊ရွှေပြည်သာ လှိုင်သာယာ၊ ထောက့်ကြန့်၊ပဲခူ...
27/02/2026

😇😇အရှေဒဂုံ၊ ‌‌ေမြာက်ဒဂုံ၊အင်းစိန်၊တောင်ဒဂုံ၊ သာကေတ၊ တောင်ဥကလာ၊မြောက်ဥကလာ၊သန်လျင်၊ရွှေပြည်သာ လှိုင်သာယာ၊ ထောက့်ကြန့်၊ပဲခူး၊မှော်ဘီ
တို့တွင်ပြုလုပ်ထားသောsoil testများဖြစ်ပါတယ်🎉💕

🙏ဝန်ဆောင်မှုပေးလျက်ရှိပါတယ်နော်🙏

28/09/2025

Postတွေမတင်ဖြစ်ပေမယ့်
လုပ်နေဆဲပါနော်
အင်ယာကိုယ်တိုင်ဦးစီးပီးလုပ်ကိုင်နေပါတယ်ရှင့်

31/07/2025

အိမ်က ၂ထပ် or ၃ထပ်ဆောက်ချင်တာပါ
လောလောဆယ် ငွေမနိုင်သေးလို့ ၁ထပ်ဘဲဆောက်ပီး နောက်မှ ဆက်ဆောက်မယ်ဆိုတဲ့ အိမ်ရှင်တွေ ဒီစာကိုဖတ်ကြည့်ကြပါ။
(စာရှည်ပေမဲ့ သေချာပေါက် ကျေနပ်ကြပါလိမ့်မယ်။
အများနားလည်အောင် engineering တွေမပါဘဲ အရိုးရှင်းဆုံး ရေးပေးထားပါတယ်)

ဟုတ်ပီ ခင်ဗျားတို့က Foundationကို ၂ထပ်စာ or ၃ထပ်စာ ချထားမယ် လောလောဆယ် ၁ထပ်ကလေးဘဲဆောက်မယ်ဆိုတဲ့သဘောပြောတာနားလည်ပါတယ်။

ဒါပေမဲ့ foundationကိုဘယ်လိုချခဲ့မှာလဲ။
ဘာမြေအမျိုးအစားမို့ ဘယ်နှစ်ပေအနက်ထိချပီး ဘယ် Size တွေသုံးခဲ့မှာလဲ။
ကျွမ်းကျင်တဲ့ ပညာရှင်နဲ့ရော တွက်ချက်ထားလား စတဲ့အချက်တွေအပေါ်မူတည်ပါတယ်။
ကန်ထရိုက်ကို ၃ထပ်စာ Foundation
ချပေးခဲ့ပါ ဘယ်လောက်ဆိုပီး စျေးဖြတ် ဆောက်ခိုင်းလိုက်တယ်။
ဘာတွက်ချက်မှုမှ မပါဘူး ဆောက်သွားတယ်။

ပြဿနာစပါပီ။
နောက်ကျန်တဲ့အထပ်တွေထပ်ဆောက်တော့ အရင်ကန်ထရိုက်နဲ့ မလုပ်ဖြစ်ဘဲ နောက်တစ်ဦး ပြောင်းလုပ်တယ် ဆိုပါစို့။
နောက်လူကလည်း သူချခဲဲ့တဲ့ Foundation မဟုတ်တဲ့အတွက် ဘယ်နှစ်ပေမှာ ဘယ် Size ချထားတယ်ဆိုတာလောက်ဘဲ အိမ်ရှင်က ပြောပြသလောက်သာသိရမှာပါ။
သံ ဘယ်နှစ်ချောင်းပါလဲ၊
အောက်ခံ မြေသားက ဘယ်လိုလဲ ၊
တူးတုန်းက ရေထွက်နေလား ဆိုတာ
အသေးစိတ် သူမသိပါဘူး။
အဲတော့ ထပ်တင်လိုက်တယ် ထားပါစို့။
ကံမကောင်းစွာနဲ့ Footing ကျွံဝင်သွားတာ ၊
အဆောက်အဦး စောင်းသွားတာ ၊
အပေါ် Weight ကို မထမ်းနိုင်လို့
မူလအဆောက်အဦးမှာ အက်ကြောင်းလိုက်တာတွေ ဖြစ်လာပြီဆို ဘယ်သူ့အပြစ်တင်ကြမလဲ။
ရှေ့လူကိုလား နောက်လူကိုလား။
အိမ်ရှင် တိုင်ပတ် သွားမှာပါ။

ဆိုလိုချင်တာပါ မိမိမြေအမျိုးအစားနဲ့ သုံးမဲ့အဆောက်အဦးက ဘာလဲဆိုတာ တတ်သိ ပညာရှင်နဲ့ တိုင်ပင်ပါ။
သာမန် လူနေအိမ်နဲ့ စျေးဆိုင်ဖွင့်ဖို့ဆောက်တဲ့ အဆောက်အဦးချင်းတောင် တင်တဲ့ Weight မတူပါဘူး။ ​

အိမ်မှာ လူဘယ်နှစ်ယောက် ဘာတွေတင်မယ်ကအစ တွက်ချက်ရပါတယ်။
အပေါ်အမိုး Slab လေးပေါ် ရေကန်ဘဲတင်မှာလား။
အမိုးပေါ်မှာ အပင်လေး စိုက်ဦးမှာလား။
စတဲ့ အသုံးပြုမှု အမျိုးမျိုးပေါ်လိုက်ပီး အလေးချိန် ကွာသွားမှာပါ။

လူနေအိမ်အတွက် ကန်ထရိုက်တွေအများဆုံးသုံးပေးတဲ့ Foundation က တစ်တိုင် တစ်ခွာလို့ အရပ်ခေါ် ခေါ်ကြတဲ့ ISO Footing တွေပါ။
သူ့မှာ မြေသားအလိုက် ဘယ်နှစ်ပေပတ်လည်ဆို အလေးချိန် ဘယ်နှစ်တန်ခံမလဲဆိုတာ တွက်ချက်လို့ရပါတယ်။

တိုင် တစ်လုံးချင်း စီက ဆင်းလာမဲ့အလေးချိန်ကို သူ့ ရဲ့ တစ်ပေပတ်လည် ခံနိုင်အားနဲ့ စားပီး ဘယ် Size အသုံးပြုရမလဲတွက်ရတာပါ။
ထု အထူ အတွက်လည်း သတ်မှတ်ထားတဲ့ သတ်မှတ်ချက်တွေ ရှိပါတယ်။

​ခင်ဗျားတို့ မေးချင်လိမ့်မယ် အဲ့လောက် အရေးကြီးသလား။
ဟုတ် ကြီးပါတယ်။
မူလအသက်က Foundationပါ။
သူက အဆောက်အဦးတစ်ခုလုံးရဲ့ အလေးချိန်ကို မြေကြီးထဲ ညီမျှစွာဖြန့်ပေးရမှာပါ။

Foundation မှာ အဓိက စစ်ရမဲ့အချက်တွေရှိတယ်

၁။ လုံလောက်တဲ့ Footing Size ရှိရဲ့လား

၂။ မြေကြီး ခံနိုင်အား (လုံလောက်တဲ့ ​မြေသား မာကျောမှု)

၃။ မြေသားထဲ အိကျမှု ပမာဏ
( ညီမျှစွာ အိကျတာလား။
တစ်ခြမ်းစောင်း ကျွံသလား စစ်ရမယ်)

၄။ Footing အောက်ခံ ကွန်ကရစ်သားရဲ့ မာကျောမှု ပြည့်ရမယ်။

Footingက ​လုံလောက်တဲ့ Size မပြည့်ရင် အောက်ကို ကျွံ ဝင်သွားမှာပါ။
မြေသား ညံ့ရင် ညံ့သလောက် အဆောက်အဦးမှာ စောင်းသွားနိုင် တယ်။
စောင်းတဲ့အထိ ဖြစ်ဖို့ က အတော်ရှားပါတယ်။
စောင်းသွားရင် တော်တော် အသုံးမကျလို့ပါ။
အများဆုံးဖြစ်တာက အဆောက်အဦးနံရံတွေ အက်ကြောင်းကွဲကြီးတွေ လိုက်လာတာပါ။
အုတ်စီတာ ညံံ့လို့ ဘိလပ်မြေခိုလို့ မဟုတ်ပါ။
Footing ကျွံနေလို့ နံရံတွေကွဲတာပါ။
နံရံ ကွဲတိုင်းတောင် Footing ကျွံတာမဟုတ်ပါ။
တစ်ခြားအကြောင်းပြချက်တွေ ရှိပါသေးတယ်။


#မြေကြီးခံနိုင်အား။
မြေကြီးခံနိုင်အားကိုတော့ အများစုက အတွေ့အကြုံနဲ့ ကြည့်ပီး ဒီလိုမြေသားဆို ဒီလောက်ဘဲတူးမယ် ဘာညာနဲ့ဆုံးဖြတ်ကြတယ်။
တကယ်က မှားပါတယ်။
တိတိကျကျ သိချင်ရင် Soil Test စစ်ရပါမယ်။
Soil Test စစ်တာတောင် Company ပေါ်မူတည်ပီး တိကျမှု ပမာဏကွာပါသေးတယ်။
ဆိုတော့ သာမန် အထပ်နိမ့်ပီး
လူနေ နည်းတဲ့ အဆောက်အဦးတွက်က ဆိုးဆိုးဝါးဝါး မြေမညံ့ရင် လုပ် နေကျ Size ကလေးတွေက လုံလောက်နေတာကြောင့်မို့ ဘာမှမဖြစ်တာပါ။
အတွေ့အကြုံကြောင့် သာမန်အခြေအနေမှာ ok နေတာလို့ ဆိုရမှာပါ။
ပီးတော့ ဆောက်ပြီး ပီးချင်း ဘာမှမဖြစ်ဘူးဆိုတာ အဆောက်အဦးကို ဘာဝန်မှ မထမ်းခိုင်းရသေးပါဘူး။
ဥပမာ လူတစ်ယောက်က ဆန်အိတ်တစ်အိတ် ထမ်းထားနိုင်တယ်ဆိုပါစို့။
ဟုတ်ပီ အချိန်ဘယ်လောက်ကြာကြာထမ်းထားနိုင်မလဲ။
အချိန်ကြာလာတာနဲ့အမျှ ငြောင်း(ညောင်း)လာမှာပါ။
နောက်ဆုံး လွတ်ချလိုက်ရတော့ပါတယ်။
အဲ့တာကိုအဆောက်အဦးမှာ Creep Effect လို့ခေါ်ပါတယ်။
အဆောက်အဦးကို အသုံးပြုမှု သက်တမ်းအတွင်းကျမှ OK လား မ Ok ဘူးလား ဆုံးဖြတ်ရမှာပါ။
၅နှစ်ကျမှ ကျွံလာတာလား ၁၀နှစ်လားပေါ့။
RC အဆောက်အဦးတွေရဲ့ သက်တမ်းကို အကြမ်းအားဖြင့် နှစ်-၅၀ ဝန်းကျင် သတ်မှတ်ထားပါတယ်။
ဆောက်ပြီး ပီးချင်း ကြည့်ရုံနဲ့ မရပါဘူး။

(မြေသားကျွံဝင်မှု မညီတာ)
အဆောက်အဦးတိုင်းရဲ့ footingတွေက အမြဲကျွံဝင်ပါတယ်။
မကျွံဘူးဆိုတာမရှိပါ။
၂ထပ်RCတိုက်ကလေးက အနည်းဆုံး တန်၅၀ကနေ ရာချီ ထောင်ချီထိလေးနိုင်ပါတယ်။
ဒါပေမဲ့ မြေထဲကျွံကျမှုကသတ်မှတ်ထားတဲ့ limitအတွင်းဝင်ရပါမယ်။ အကြမ်းမျဥ်းသတ်မှတ်ထားတာကတော့ ၁လက်မခွင့်ပြုပါတယ်။

၁လက်မကျော်ရင်တော့ နည်းနည်းပြသနာရှိလာပါပီ။
footing ဆယ်လုံးရှိလို့ အကုန်လုံးစီညီတူကျွံရင် ပြဿနာမရှိသေးပါဘူး။
ဒါပေမဲ့ ကျွံတဲ့ဟာက ကျွံ၊ မကျွံတဲ့ဟာက မကျွံဘဲ တင်းခံတဲ့အခါ နံရံအက်ကြောင်းလိုက်လာတာပါ။


ဘယ်မှာအဖြစ်များလဲဆိုတော့ ခြံစည်းရိုးနား တိုင်ကပ်ချရတဲ့အခါ ၄ပေပတ်လည်footingချမဲ့နေရာက မလွတ်လို့ ရသလိုချတော့ တိုင်နဲ့ ခွာနဲ့ center မကျတာတွေမှာ အဖြစ်များပါတယ် ။
ဥပမာ လူ့​ခြေဖဝါးလိုပေါ့။ ဖနောင့်ဘက်ဖိနင်းလိုက်သလို မြေကျွံတာပါ။ အဲ့footingတစ်ခွာတည်းမှာကို ကျွံကျမှုက မညီတော့ပါဘူး။
အဲ့လိုနေရာတွေအတွက်က ထပ်စောင်းလုပ်ပေးရမဲ့ အချက်တွေရှိပါတယ်။

နောက်ဆုံးအချက်ကတော့ ကွန်ကရစ်သားခံနိုင်ရည်ပါ။
အများဆုံး လောင်းပေးနေတဲ့ ကွန်ကရစ် အချိုး ကြားဖူးနားဝရှိပါလိမ့်မယ် 1:2:4 တို့ 1:3:6တို့ ပါ။ ဒါတွေရှင်းပြနေရင်ကြာသွားပါလိမ့်မည်။
ဆိုတော့ သာမန်အားဖြင့်
မြေကျင်းတူးထားတာ အနက်ညီညာရဲ့လား။

footing formworkပါရဲ့လား။ (တစ်ချို့ မြေကျင်းကျကျနန တူးထားရင် formwork မရိုက်ဘဲလောင်းကျပါတယ် ဒါပေမဲ့ ကွန်ကရစ်ထဲပါတဲ့ရေကို မြေကြီးကတိုက်ရိုက်စုပ်နိုင်တဲ့အတွက် ကွန်ကရစ်မာကျောမှုကျသွားမှာပါ။ ပလတ်စတစ်စ ကာလောင်းရင်လည်းရပါတယ် ဒါပေမဲ့ နောက်ထပ် ဆိုးကျိုးတွေရှိသေးတဲ့အတွက် formworkကာပီးမှ လောင်းတာဘဲကောင်းပါတယ်။

ကာဗာဘလောက်တုံးခံရဲ့လား။ (အုတ်ခဲမသုံးပါနဲ့။အုတ်ခဲ ခံနိုင်ရည်နဲ့ ကွန်ကရစ်ခံနိုင်ရည်မတူပါဘူး ။ ကွန်ကရစ်ဘလောက်တုံးလေးတော့ ကြိုလုပ်ထားပါ။)

သံချီထားတာ တောင့်တောင့်တင်းတင်းရှိလား။ (တစ်ချို့ခွာတွေ ချည်ထားတာ ရွဲပလဲနေတာပါဘဲ😅)

လောင်းမဲ့ကွန်ကရစ်က ရေအချိုးအစားထည့်တာမှန်ရဲ့လား။ ရေအများကြီးနဲ့ ပျော့ပျော့ကြီးလောင်းရင် သေချာပေါက် ခံနိုင်အားကျပါပီ။( ဘိလပ်မြေနဲ့ ရေအချိုးဆိုတာ အင်ဂျင်နီယာအသုံးအနှုန်းတွေမို့ ရှင်းပြရင်စာရှည်သွားမှာပါ။)

ပြောမယ်ဆိုရင် လိုက်နာရမဲ့အချက်တွေအများကြီးပါ။ ဒါတွေက မြေကြီးထဲမြှပ်ထားခဲ့ရတော့ ပြန်စစ်ဖို့ခဲယဥ်းပါတယ်။ ဆိုလိုတာက အပေါ်အဆောက်အဦးပိုင်းက ဖြစ်သမျှဟာ ပြင်ဆင်ဖို့ လွယ်နိုင်ပါတယ်။ မြေကြီးအောက်ထဲက အပိုင်းကို သေချာလေး စနစ်တကျလုပ်ခဲ့စေချင်ပါတယ်။

ကဲ အနှစ်ချုပ်ရရင် အခုလိုနောက်မှ ထပ်ဆောက်မဲ့ အဆောက်အဦးတွေမှာ တစ်ခုခုပြဿနာဖြစ်တာနဲ့ ရှေ့လူ နောက်လူ ဘယ်သူမှ အပြစ်တင်လို့မရတော့ပါဘူး။ ( အဲ့လူတွေမနည်းလိုက်ရှာရလိမ့်မယ်😅)

ခံရမှာက အိမ်ရှင်ပါဘဲ။ ကန်ထရိုက်တွေမှာ စည်းရှိတဲ့လူရှိသလိူ မရှိတဲ့လူက မရှိပါဘူး။ မလုံလောက်တာသိသိနဲ့ ရှေ့ကန်ထရိုက်က သူလက်ထဲအဆင်ပြေပီးရော။ နောက်လူ ဆက်ဆောက်မှ ဖြစ်ရင်သူရှင်းဆိုပီး foundationချပေးသွားရင် နစ်နာမှာက အိမ်ရှင်ပါဘဲ။

သေချာတာကတော့ အင်ဂျင်နီယာဆီ structure design အပ်လိုက်ပါ။ပီးမှ သူတွက်ချက်ပေးတဲ့အတိုင်း ကြိုက်ရာ ကန်ထရိုက်နဲ့ဆောက်ပါ။ အိမ်ရှင်က design စာရွက်အတိုင်းစစ်ရုံဘဲ။ (မိမိနားလည်ရင် စစ် ။ နားမလည်ရင် စစ်ဆေးသူအကူတောင်းပါ။ များသောအားဖြင့် Structure designer က အကူအညီပေးပါတယ်။)

design ခများမှာမပူပါနဲ့။ အိမ်တစ်လုံးလုံးရဲ့ 2%မှ အများဆုံး5%ဘဲကုန်တာပါ။ သိန်းတစ်ရာမှ ၂သိန်းပတ်ချာလည်ပေါ့။ အိမ်ရှင် ခေါင်းပြားအောင်အိပ်လို့ရတယ်( ခေါင်းအေးအေးအိပ်လို့ရတာပြောတာ😆)။ ကိုယ့်တစ်သက်တာ နေမဲ့အဆောက်အဦးအတွက် မနမြောပါနဲ့။ အိမ်ဆောက်ဖို့ရှာထားရတဲ့ငွေက မနည်းပါဘူး။

designမတွက်ဘဲ ရမ်းဆော်ရင် လိုတဲ့နေရာ မထည့်မိဘဲ မလိုတဲ့နေရာထည့်မိမှ မိအေးနှစ်ခါနာမှာပါ။
designအပ်ထားတော့ လိုတိုးပိုလျော့ တစ်ခါတည်း ပေးလိုက်တာမို့ ဆောက်လုပ်ရေးကုန်ကျစရိတ်မှာသက်သာပီးသားပါ။ safeဖြစ်ပီးသားပါ။

နောက်ဆုံး အကြံပြုချင်တာကတော့ အကြမ်းထည်ကို ခိုင်အောင်ဆောက်ပါ။ နောက်မှ ရေမီးဆေးက မကြိူက်ဖြုတ်လဲလို့လွယ်တယ်။ အကြမ်းထည်ကိုခိုင်အောင်မလုပ်ထားရင် ဖြုတ်လဲဖို့မလွယ်ပါဘူး။

အားလုံးသော အိမ်ရှင်များ လက်ရာကောင်းမွန်​ေသာ ကန်ထရိုက်နဲ့ ဆုံတွေ့ပြီး အိမ်ကြီးအိမ်ကောင်းများပိုင်ဆိုင်နိုင်ပါစေ။
(စာရှည်သွားရင်ခွင့်လွှတ်ပါ။ စေတနာပိုသွားလို့ပါ။အများ နားလည်အောင် အကြမ်းရေးပေးထာပါတယ်။တစ်ချက်ချင်း အသေးစိတ်ရေးရင် ကောင်းကျိုး ဆိုးကျိုး ပိုတိကျပါတယ် )

Credit , original uploader
Crd U Soe Min

**မော်လမြိုင် ကမ်းနားလမ်း၊ မြေစမ်းခြင်း soil test လုပ်ငန်းပြီးစီးခြင်း**🙌 **Soil Test အပ်နှံလိုပါက ဆက်သွယ်ရန်:**  📞 **09...
27/04/2025

**မော်လမြိုင် ကမ်းနားလမ်း၊ မြေစမ်းခြင်း soil test လုပ်ငန်းပြီးစီးခြင်း**🙌

**Soil Test အပ်နှံလိုပါက ဆက်သွယ်ရန်:**
📞 **09421046273**
ကျွန်ုပ်တို့သည် Report ထွက်သည်အထိ **One-Stop Service** ဖြင့် တာဝန်ယူလုပ်ဆောင်ပေးပါတယ်ရှင့်။

**တောင်ငူမြို့နယ်၊ ကန်တော် ဗလီ Soil Test လုပ်ငန်း ပြီးစီးခြင်း 🙌 **Soil Test အပ်နှံလိုပါက ဆက်သွယ်ရန်:**  📞 **09421046273...
22/04/2025

**တောင်ငူမြို့နယ်၊ ကန်တော် ဗလီ Soil Test လုပ်ငန်း ပြီးစီးခြင်း 🙌

**Soil Test အပ်နှံလိုပါက ဆက်သွယ်ရန်:**
📞 **09421046273**
ကျွန်ုပ်တို့သည် Report ထွက်သည်အထိ **One-Stop Service** ဖြင့် တာဝန်ယူလုပ်ဆောင်ပေးပါတယ်ရှင့်။

**သဲဖြူ၊ ထန်းတပင် မြို့နယ် အသင်းတော် (church) မှ Soil test လုပ်ငန်း ယုံကြည်စွာ အပ်နှံပေးသော ဆရာ၊ ဆရာမ အားလုံး ကို ကျေးဇူ...
21/04/2025

**သဲဖြူ၊ ထန်းတပင် မြို့နယ် အသင်းတော် (church) မှ Soil test လုပ်ငန်း ယုံကြည်စွာ အပ်နှံပေးသော ဆရာ၊ ဆရာမ အားလုံး ကို ကျေးဇူး အထူး တင်ပါတယ်၊
🙌May God bless you 🙌


**Soil Test အပ်နှံလိုပါက ဆက်သွယ်ရန်:**
📞 **09421046273**
ကျွန်ုပ်တို့သည် Report ထွက်သည်အထိ **One-Stop Service** ဖြင့် တာဝန်ယူလုပ်ဆောင်ပေးပါတယ်ရှင့်။

**Soil Test လုပ်ငန်း အားယုံကြည်စွာ အပ်နှံပေးပါသော မြောက်ဒဂုံမြို့နယ်မှ အစ်မကို အထူးကျေးဇူးတင်ရှိပါတယ်။ 😍**  6 Storeyed R...
13/12/2024

**Soil Test လုပ်ငန်း အားယုံကြည်စွာ အပ်နှံပေးပါသော မြောက်ဒဂုံမြို့နယ်မှ အစ်မကို အထူးကျေးဇူးတင်ရှိပါတယ်။ 😍**

6 Storeyed R.C Building အတွက် Soil Test ဝန်ဆောင်မှုကို ယုံကြည်စွာ တာဝန်ယူလုပ်ဆောင်ပေးပါတယ်။ 🏢

**Soil Test အပ်နှံလိုပါက ဆက်သွယ်ရန်:**
📞 **09421046273**
ကျွန်ုပ်တို့သည် Report ထွက်သည်အထိ **One-Stop Service** ဖြင့် တာဝန်ယူလုပ်ဆောင်ပေးပါတယ်ရှင့်။

**🚨📢 Soil Investigation for 3-Storeyed R.C Building Pre-School Project! 📢🚨**  **လှည်းကူးမြို့နယ်မှ လုပ်ငန်းရှင်များအား အ...
13/12/2024

**🚨📢 Soil Investigation for 3-Storeyed R.C Building Pre-School Project! 📢🚨**

**လှည်းကူးမြို့နယ်မှ လုပ်ငန်းရှင်များအား အထူးကျေးဇူးတင်ရှိပါတယ်!**
ကျွန်ုပ်တို့၏ **Soil Test ဝန်ဆောင်မှု** ကို ယုံကြည်စွာ အပ်နှံပေးသော လုပ်ငန်းရှင်များအားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်။

**Soil Test အပ်နှံလိုပါက ဆက်သွယ်ရန်:**
📞 **09421046273**
ကျွန်ုပ်တို့သည် **Report ထွက်သည်အထိ One-Stop Service** ဖြင့် တာဝန်ယူလုပ်ဆောင်ပေးပါတယ်။

**ကျေးဇူးပြု၍ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။**
အားလုံးပဲ ယုံကြည်စွာ အပ်နှံနိုင်ပါတယ်ရှင့်။

---
**

Soil Test လုပ်ငန်း အားယုံကြည်စွာ အပ်နှံပေးပါသော ၊ဒဂုံဆိပ်ကမ်းမြို့နယ် မှ  လုပ်ငန်းရှင်ကြီးများ အား အထူးပင် ကျေးဇူးတင်ရှိ...
05/12/2024

Soil Test လုပ်ငန်း အားယုံကြည်စွာ အပ်နှံပေးပါသော ၊ဒဂုံဆိပ်ကမ်းမြို့နယ် မှ လုပ်ငန်းရှင်ကြီးများ အား အထူးပင် ကျေးဇူးတင်ရှိပါတယ်။

Soil Test အပ်နှံ ချင်သော လုပ်ငန်းရှင်များ 09421046273 သို့ဆက်သွယ်နိုင်ပါတယ်။
Report ထွက်သည်အထိ one stop service တာဝန်ယူ လုပ်ဆောင်ပေးပါတယ်ရှင့်

08/11/2024

အသိပေးချက်**
လူကြီးမင်းတို့ရှင့်၊

ဒေါပုံမြို့နယ်၏ တချို့နေရာများတွင် **Pile Foundation** ပြုလုပ်မှသာ စည်ပင်သာယာရေးက လက်ခံမည်ဖြစ်ပါသည်။ ထို့ကြောင့် **Soil Test** မပြုလုပ်မီ **Structure Designer** နှင့် သေချာစွာ ဆွေးနွေးတိုင်ပင်ပြီး စနစ်တကျ ဆောင်ရွက်ကြပါရန် အသိပေးအပ်ပါတယ်ရှင့်။

အကောင်းဆုံးသော အဆောက်အအုံဒီဇိုင်းနှင့် လုံခြုံမှုကို ရရှိစေရန် ကျွန်ုပ်တို့အဖွဲ့က ကူညီဆောင်ရွက်ပေးပါမည်။

**ကျေးဇူးပြု၍ ဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင့်။**
📞 **09421046273**

💪အနယ်နယ် အရပ်ရပ်က လူကြီးမင်းတို့ အဆောက်အဦး အတွက်  Soil test လုပ်ငန်းများ လိုအပ် ခဲ့ရင် အသက်သာဆုံးနှုန်းထားနဲ့ အမြန် ဆုံး...
08/11/2024

💪အနယ်နယ် အရပ်ရပ်က လူကြီးမင်းတို့ အဆောက်အဦး အတွက် Soil test လုပ်ငန်းများ လိုအပ် ခဲ့ရင် အသက်သာဆုံးနှုန်းထားနဲ့ အမြန် ဆုံး report ရရှိစေရန် ဆက်သွယ်နိုင်ပါတယ်။

Contact - 09421046273, 0943185429

Address

Phan Chat Street, Innsein Township
Yangon
11011

Telephone

+95943185429

Website

Alerts

Be the first to know and let us send you an email when ZO Real Estate & Soil Test posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to ZO Real Estate & Soil Test:

Share

Category