MTWL Legal

MTWL Legal Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from MTWL Legal, Lawyer & Law Firm, 64(A) Street, Between 20 & 21 Streets, Mandalay.

🎉 ဂုဏ်ယူဝမ်းမြောက်ဖွယ်ရာ သတင်းကောင်း 🎉ကျွန်ုပ်တို့ MTWL Legal အနေဖြင့် APAC Insider မှ တရားဝင် ထုတ်ပြန်ကြေညာလိုက်သော APA...
10/07/2026

🎉 ဂုဏ်ယူဝမ်းမြောက်ဖွယ်ရာ သတင်းကောင်း 🎉

ကျွန်ုပ်တို့ MTWL Legal အနေဖြင့် APAC Insider မှ တရားဝင် ထုတ်ပြန်ကြေညာလိုက်သော APAC Legal Awards 2026 တွင် ဆုကြီး (၂) ဆုကို ဂုဏ်ယူစွာဖြင့် ဆွတ်ခူးရရှိခဲ့ပါသည်။

ရရှိခဲ့သော ဆုများမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

• 🏆 Best Cross-Border Legal Advisory Firm 2026

• 🏆 State-Level Real Estate Advisory Excellence Award 2026

ယခုကဲ့သို့ ဂုဏ်သိက္ခာကြီးမားသော ဆုများရရှိခြင်းသည် စီးပွားရေးလုပ်ငန်းရှင်များအတွက် အကောင်းဆုံးသော ဥပဒေရေးရာ အကြံပေးဝန်ဆောင်မှုများပေးအပ်ရန် ကျွန်ုပ်တို့၏ စဉ်ဆက်မပြတ် ကြိုးစားအားထုတ်မှုများကို အသိအမှတ်ပြုခံရခြင်းပင် ဖြစ်ပါသည်။ ကျွန်ုပ်တို့အား ယုံကြည်စွာ လက်တွဲလုပ်ကိုင်နေကြသော လုပ်ငန်းရှင်မိတ်ဆွေများအားလုံးကို အထူးပင် ကျေးဇူးတင်ရှိပါသည်။

APAC Insider ၏ Official Winners List တွင် MTWL Legal ကို ဂုဏ်ပြုဖော်ပြထားမှု အပြည့်အစုံကို အောက်ပါလင့်ခ်များမှတစ်ဆင့် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

🔗 Official Winners List (Hall of Fame) တွင် ဝင်ရောက်ကြည့်ရှုရန် -
https://apacinsider.digital/hall-of-fame/legal-awards-2026/

🔗 Official Press Release သတင်းထုတ်ပြန်ချက်ကို ဖတ်ရှုရန် -
https://apacinsider.digital/apac-insider-magazine-celebrates-the-awardees-within-the-apac-legal-awards-2026/

English Below👇🏻👇🏻🔻

🎉 Exciting News! 🎉
We at MTWL Legal are incredibly proud to announce that we have officially won two prestigious awards at the APAC Legal Awards 2026, presented by APAC Insider!

We have been honored with the following awards:

• 🏆 Best Cross-Border Legal Advisory Firm 2026

• 🏆 State-Level Real Estate Advisory Excellence Award 2026

Receiving these distinguished awards is a testament to our unwavering commitment to providing the best legal advisory services for entrepreneurs and business owners. We would like to extend our deepest gratitude to all our valued clients and business partners for your continued trust and collaboration.

You can view MTWL Legal's full feature on the APAC Insider Official Winners List through the links below:

🔗 View the Official Winners List (Hall of Fame):
https://apacinsider.digital/hall-of-fame/legal-awards-2026/

🔗 Read the Official Press Release:
https://apacinsider.digital/apac-insider-magazine-celebrates-the-awardees-within-the-apac-legal-awards-2026/

“သဗ္ဗညုတ မြတ်စွာဘုရားရှင်၏ ဖွား၊ ပွင့်၊ ဟော၊ စံ ဆိုအပ်သော ထူးခြားသည့်နေ့ထူးနေ့မြတ် 'ကဆုန်လပြည့် ဗုဒ္ဓနေ့”ယခုလို မင်္ဂလာရ...
30/04/2026

“သဗ္ဗညုတ မြတ်စွာဘုရားရှင်၏ ဖွား၊ ပွင့်၊ ဟော၊ စံ ဆိုအပ်သော ထူးခြားသည့်နေ့ထူးနေ့မြတ် 'ကဆုန်လပြည့် ဗုဒ္ဓနေ့”

ယခုလို မင်္ဂလာရှိသော ကဆုန်လပြည့် ဗုဒ္ဓနေ့နှင့် ညောင်ရေသွန်ပွဲတော် အခါသမယတွင် ကျွန်ုပ်တို့၏ လုပ်ငန်းမိတ်ဖက်များနှင့် (၇)ရက်သားသမီးများအားလုံး ဘေးရန်ခပ်သိမ်း ငြိမ်းအေးကြပါစေကြောင်း ဆုတောင်းမေတ္တာ ပို့သအပ်ပါသည်။ ဤနေ့ထူးနေ့မြတ်မှ စတင်၍ လုပ်ငန်းဆောင်တာအဝဝ အောင်မြင်ဖြစ်ထွန်းပြီး အေးချမ်းသာယာသော နေ့ရက်များကို ပိုင်ဆိုင်နိုင်ကြပါစေလို့ MTWL Legal မှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ် 🙏🏻

နွေဦးကဗျာ ပိတောက်ဝါနဲ့အတာရေစင် သွန်းဖျန်းရင်း...လူကြီးမင်းတို့ရဲ့ စိတ်နှလုံးများ အေးမြကြည်လင်ပါစေကြောင်း ဆုမွန်ကောင်းတော...
12/04/2026

နွေဦးကဗျာ ပိတောက်ဝါနဲ့
အတာရေစင် သွန်းဖျန်းရင်း...
လူကြီးမင်းတို့ရဲ့ စိတ်နှလုံးများ အေးမြကြည်လင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါတယ်….

ခေတ်စနစ်တွေ ဘယ်လိုပဲ ပြောင်းလဲပါစေ...
လူကြီးမင်းတို့ရဲ့ အကျိုးစီးပွားနဲ့ ရပိုင်ခွင့်တွေအတွက် စိတ်ချယုံကြည်ရတဲ့ 'Legal Counsel' အဖြစ် MTWL Legal က အမြဲရှိနေပါမယ်….

“သင့်လုပ်ငန်းက ကျွမ်းကျင်မှုအပေါ်မှာပဲ ရပ်တည်နေတာလား... စနစ် (System) အပေါ်မှာ ရပ်တည်နေတာလား?"လုပ်ငန်းရှင်တော်တော်များမျ...
12/04/2026

“သင့်လုပ်ငန်းက ကျွမ်းကျင်မှုအပေါ်မှာပဲ ရပ်တည်နေတာလား... စနစ် (System) အပေါ်မှာ ရပ်တည်နေတာလား?"

လုပ်ငန်းရှင်တော်တော်များများဟာ ကိုယ့်ပညာရပ်မှာ ထူးချွန်ပေမယ့် "စီမံခန့်ခွဲမှုနဲ့ ဥပဒေရေးရာ" အပိုင်းမှာ ဟာကွက်တွေရှိနေတာကြောင့် လုပ်ငန်းချဲ့ထွင်ဖို့ (Scale-up) လုပ်တဲ့အခါ ရှေ့မတိုးသာ၊ နောက်မဆုတ်သာ အခြေအနေနဲ့ ကြုံတွေ့နေရတတ်ပါတယ်။

တကယ်တော့ လုပ်ငန်းတစ်ခု အောင်မြင်ဖို့ဆိုတာ ပညာရပ်ပိုင်း ကျွမ်းကျင်ရုံနဲ့ မလုံလောက်ပါဘူး။
🔹 စနစ်မကျတဲ့ စာချုပ်စာတမ်းများ (Legal Risk)
🔹 ရှုပ်ထွေးလှတဲ့ ဝန်ထမ်းရေးရာ ပြဿနာများ (HR Issues)
🔹 အားနည်းတဲ့ စီမံခန့်ခွဲမှုပုံစံ (Management Flaws)
ဒီအချက်တွေက သင့်လုပ်ငန်းရဲ့ တိုးတက်မှုကို တဖြည်းဖြည်း တိုက်စားနေတတ်ပါတယ်။ ဒါဟာ မသိမသာနဲ့ အချိန်ကြာလာရင် လုပ်ငန်းတစ်ခုလုံးကို ပြိုလဲစေနိုင်တဲ့ အချက်တွေပဲ ဖြစ်ပါတယ်။

ဒီလိုအခက်အခဲတွေကို အမြစ်ပြတ်ဖြေရှင်းနိုင်ဖို့ MTWL Legal က အသင့်ရှိနေပါတယ်။ ကျွန်တော်တို့ဆီမှာ...
✨ Commercial Law အထူးပြု ရှေ့နေများနှင့် စီမံခန့်ခွဲမှုပညာရှင်များ ကိုယ်တိုင် ပါဝင်ပြီး၊
✨ သင့်လုပ်ငန်းရဲ့ အားနည်းချက်တွေကို ရှာဖွေဖော်ထုတ်ပေးမယ့် Business Diagnostic ကို ပြုလုပ်ပေးမှာပါ။
✨ တစ်ဦးချင်းစီရဲ့ လုပ်ငန်းသဘာဝအလိုက် Tailor-made Solutions တွေကို စနစ်တကျ ရေးဆွဲအကောင်အထည်ဖော်ပေးမှာ ဖြစ်ပါတယ်။
အခုပဲ သင့်လုပ်ငန်းအတွက် "၃၀ မိနစ် အခမဲ့ ဆွေးနွေးတိုင်ပင်ခွင့် (Free Consultation Session)" ကို ရယူလိုက်ပါ။

ဒီ ၃၀ မိနစ်အတွင်းမှာ...
၁။ သင့်လုပ်ငန်း လက်ရှိကြုံတွေ့နေရတဲ့ အခက်အခဲတွေကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးနိုင်မယ်။
၂။ ရှေ့နေနှင့် ပညာရှင်များဆီကနေ ပထမအဆင့် လမ်းညွှန်ချက် (Initial Roadmap) ကို ရရှိမယ်။

မိတ်ဆွေရဲ့ လုပ်ငန်းကို စနစ်တကျနဲ့ ခိုင်ခိုင်မာမာ ပြန်လည်တည်ဆောက်ဖို့ အခုပဲ Messenger မှာ "Consultation" လို့ စာပို့ပြီး Appointment ရယူလိုက်ပါ။

——————
“MTWL Legal as Your Legal Counsel”

ဥပဒေ ဆိုင်ရာ အကူအညီ နှင့် အကြံပေးဆွေးနွေးမှုများအတွက် MTWL Legal Page Messenger သို့မဟုတ် Email ([email protected]) မှတစ်ဆင့် ဆက်သွယ်နိုင်ပါတယ်။

Happy International Women’s Day!we recognize that true progress is built on the protection of women’s rights. Today, we ...
08/03/2026

Happy International Women’s Day!

we recognize that true progress is built on the protection of women’s rights. Today, we honor the resilience and achievements of women in every sector of society.

Happy Chinese New Year! 🏮🧧Hope this year brings y’all happiness, blessings, good vibes, and lots of wins. May fortune fo...
17/02/2026

Happy Chinese New Year! 🏮🧧

Hope this year brings y’all happiness, blessings, good vibes, and lots of wins. May fortune follow y’all everywhere you go! 🎈🎊

Gōngxǐ fācái 🎉

လူကြီးမင်းတို့အနေနဲ့ လုပ်ငန်းကို ပြည်တွင်းမှာသာမက ထိုင်း၊ အင်ဒိုနီးရှား၊ ကမ္ဘောဒီးယား စတဲ့ နိုင်ငံတကာဈေးကွက်တွေဆီ ခြေဆန့...
06/02/2026

လူကြီးမင်းတို့အနေနဲ့ လုပ်ငန်းကို ပြည်တွင်းမှာသာမက ထိုင်း၊ အင်ဒိုနီးရှား၊ ကမ္ဘောဒီးယား စတဲ့ နိုင်ငံတကာဈေးကွက်တွေဆီ ခြေဆန့်ဖို့ စိတ်ကူးရှိပေမယ့်... ဘယ်ကစရမလဲ ဝေခွဲမရ ဖြစ်နေပါသလား?

ဒီအခက်အခဲအားလုံးကို ဖြေရှင်းပေးနိုင်တာကတော့ MTWL Legal ရဲ့ "Treasurer Package" ပဲ ဖြစ်ပါတယ်။

လူကြီးမင်းတို့ လုပ်ငန်းရဲ့ Corporate Secretariat အဖြစ် တာဝန်ယူပေးမှာဖြစ်ပြီး "ကျနော့်ရှေ့နေလာမှ စကားပြောမယ်" လို့ ယုံကြည်ချက်ရှိရှိ ပြောနိုင်အောင် ကျွန်တော်တို့က အနီးကပ် ဝန်းရံပေးသွားမှာပါ။

✨ Treasurer Package မှာ ဘာတွေပါဝင်သလဲ?

✅ Multi-Country Setup - မြန်မာ၊ ထိုင်း၊ ကမ္ဘောဒီးယား၊အင်ဒိုနီးရှားနိုင်ငံတွေမှာ လုပ်ငန်းမှတ်ပုံတင်ခြင်း (DICA, BOI, DBD)။

✅ Legal Representation - ဗီဇာ၊ အလုပ်သမားကတ် (Non-B, Smart Visa) နဲ့ အစိုးရရုံးဌာနဆိုင်ရာ ကိစ္စရပ်အားလုံးကို ကိုယ်စားလှယ်အဖြစ် ဆောင်ရွက်ပေးခြင်း။

✅Contract & Policy - လုပ်ငန်းဆိုင်ရာ စာချုပ်စာတမ်းများ ရေးသားခြင်း၊ အကြံပေးခြင်းနှင့် Whistleblower Policy များ ချမှတ်ပေးခြင်း။

✅Problem Solving - ရှယ်ယာရှင်များကြား ညှိနှိုင်းပေးခြင်းနှင့် အငြင်းပွားမှုများကို ဒေသခံလိုင်စင်ရရှေ့နေများနှင့် ပူးပေါင်းဖြေရှင်းပေးခြင်း။

✅Systematic Management - လုပ်ငန်းအဆင့်မြှင့်တင်ရန် လိုအပ်သော အသိအမှတ်ပြုလက်မှတ်များရယူခြင်းနှင့် စနစ်တကျလည်ပတ်နိုင်အောင် စီမံပေးခြင်း။

🎯 ဘယ်သူတွေအတွက်လဲ?

✔️နိုင်ငံရပ်ခြားမှာ လုပ်ငန်းချဲ့ထွင်ချင်ပေမယ့် ဥပဒေနဲ့ စိမ်းနေသူများ။
✔️မိမိကိုယ်စား လုပ်ငန်းကို တိကျသေချာစွာ စီမံခန့်ခွဲပေးမယ့် ဥပဒေအကျိုးဆောင် လိုအပ်သူများ။
✔️စီးပွားရေးအမြင်ရော၊ ဥပဒေအမြင်ပါ ပေါင်းစပ်ပြီး အကာအကွယ်ယူလိုသော လုပ်ငန်းရှင်များ။

လုပ်ငန်းတစ်ခု စတင်ပြီဆိုတာနဲ့ အောင်မြင်မှုနောက်မှာ စိန်ခေါ်မှုတွေက ကပ်ပါလာမြဲပါ အထူးသဖြင့် မြန်မာ၊ ထိုင်း၊အင်ဒိုနီးရှား၊ ကမ္ဘောဒီးယား စတဲ့ နိုင်ငံစုံမှာ လုပ်ငန်းချဲ့ထွင်ချင်ပေမယ့်...

📍နိုင်ငံတစ်ခုချင်းစီရဲ့ မတူညီတဲ့ ဥပဒေနဲ့လုပ်ထုံးလုပ်နည်းတွေကို နားမလည်တာ။
📍စာချုပ်စာတမ်း အမှားအယွင်းကြောင့် နောင်တစ်ချိန်မှာ ကြီးမားတဲ့ ဆုံးရှုံးမှုတွေ ကြုံရမှာ စိုးရိမ်ရတာ။
📍အစိုးရရုံးဌာနတွေနဲ့ ချိတ်ဆက်ဖို့ အချိန်မပေးနိုင်တာ။
📍လုပ်ငန်းတွင်း အငြင်းပွားမှုတွေ ဖြစ်လာရင် ဘယ်သူ့ကို အားကိုးရမှန်း မသိတာ။

"ပြဿနာတက်မှ ရှေ့နေရှာမယ်" ဆိုတဲ့ အတွေးက သင့်လုပ်ငန်းကို အန္တရာယ်တွင်းထဲ တွန်းပို့နေတာနဲ့ တူပါတယ်။ အရေးကြုံလာတဲ့အခါ ဥပဒေကြောင်းအရ အကာအကွယ်မရှိရင် သင့်ရဲ့ အရင်းအနှီးတွေ၊ ဂုဏ်သိက္ခာတွေနဲ့ အပင်ပန်းခံ တည်ဆောက်ခဲ့ရတဲ့ လုပ်ငန်းကြီးတစ်ခုလုံး ခဏလေးအတွင်း ပြိုလဲသွားနိုင်ပါတယ်။ နိုင်ငံရပ်ခြားမှာ လုပ်ငန်းလုပ်ကိုင်ရင်း ဥပဒေအကျပ်အတည်းဖြစ်တာဟာ လုပ်ငန်းရှင်တစ်ယောက်အတွက် အိပ်မက်ဆိုးတစ်ခုပါပဲ။

📍 ဝန်ဆောင်မှုရယူရန်
Messenger: MTWL Legal Page
Email: [email protected]
——————
“MTWL Legal as Your Legal Counsel”

ဥပဒေ ဆိုင်ရာ အကူအညီ နှင့် အကြံပေးဆွေးနွေးမှုများအတွက် MTWL Legal Page Messenger သို့မဟုတ် Email ([email protected]) မှတစ်ဆင့် ဆက်သွယ်နိုင်ပါတယ်။


⚖️ Hiring Permanent Paralegals MTWL Legal တွင် အမြဲတမ်းဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်ရန် အရည်အချင်းရှိသော Paralegal (၂) ဦး ...
02/02/2026

⚖️ Hiring Permanent Paralegals

MTWL Legal တွင် အမြဲတမ်းဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်ရန် အရည်အချင်းရှိသော Paralegal (၂) ဦး ကို ခေါ်ယူခန့်အပ်လိုပါတယ်….

✅ သတ်မှတ်ချက်များ
▫️LL.B ဥပဒေဘွဲ့ ရရှိပြီးသူဖြစ်ရမည်။ (ကျောင်းတက်ဆဲသူများ မဟုတ်ရပါ။)
▫️Microsoft Office (Word, Excel) ကျွမ်းကျင်ရမည်။
▫️အင်္ဂလိပ်စာ အသင့်အတင့် (သို့မဟုတ်) ကျွမ်းကျင်ရမည်။
▫️ကိုယ်ပိုင် Laptop ရှိရမည်။

💼 အဓိကတာဝန်များ
▫️Legal Research လုပ်ခြင်းနှင့် စာချုပ်စာတမ်းများ (Drafting) ပြင်ဆင်ခြင်း။
▫️အမှုတွဲများနှင့် ရုံးလုပ်ငန်းများကို စီမံခန့်ခွဲခြင်း။
▫️Client များနှင့် ဆက်သွယ်ချိတ်ဆက်ခြင်း။

✨ ရရှိမည့် အကျိုးကျေးဇူးများ
▫️Permanent Position (အမြဲတမ်းဝန်ထမ်း) ဖြစ်ခြင်း။
▫️စီနီယာရှေ့နေများထံမှ တိုက်ရိုက် Mentorship ရယူနိုင်ခြင်း။
▫️စွမ်းဆောင်ရည်အပေါ် မူတည်၍ တိုးတက်မည့် လစာနှင့် ခံစားခွင့်များရှိခြင်း။

📍Location - Fully Remote (online)
📩 Apply Now: Page Messenger
(CV၊ Cover Letter နှင့် ဘွဲ့လက်မှတ်/Transcripts များ ပူးတွဲတင်ပြရန်။)

Take the next step in your legal career with MTWL Legal.

မိတ်ဆွေအနေဖြင့် လုပ်ငန်းများကို နိုင်ငံခြားမှာ စတင်ဖို့ဘဲဖြစ်ဖြစ်၊ တိုးချဲ့ဖို့ဘဲဖြစ်ဖြစ် စဉ်းစားနေပါသလား။ ဒါဆိုရင်တော့ ...
25/01/2026

မိတ်ဆွေအနေဖြင့် လုပ်ငန်းများကို နိုင်ငံခြားမှာ စတင်ဖို့ဘဲဖြစ်ဖြစ်၊ တိုးချဲ့ဖို့ဘဲဖြစ်ဖြစ် စဉ်းစားနေပါသလား။

ဒါဆိုရင်တော့ ကျွန်တော်တို့ MTWL Cambodia ၏ အကူအညီနှင့် ကမ္ဘောဒီးယားနိုင်ငံမှာ စျေးကွက်ချဲ့ထွင်နိုင်ပြီဖြစ်ပါတယ်။

▪️၁၀၀% နိုင်ငံခြားသားပိုင်ကုမ္ပဏီတည်ထောင်ကာ လုပ်ငန်းလုပ်ကိုင်ရာတွင် ကန့်သတ်ချက်များနည်းခြင်း
▪️ခမာငွေကြေးအပြင် အမေရိကန်ဒေါ်လာကိုပါ ကိုင်ဆောင်အသုံးပြုနိုင်ခြင်း
▪️Personal/Corporate Bank Account များကို ABA, WOORI အစရှိသည့် Foreign Bank များတွင်လည်း ဘဏ်အကောင့်ဖွင့်နိုင်ခြင်း
▪️ငွေလဲနှုန်းတည်ငြိမ်မှုရှိခြင်း
▪️ပို့ကုန်/သွင်းကုန်လုပ်ငန်းအတွက် အလားအလာကောင်းများရှိခြင်း
▪️အရှိန်အဟုန်နှင့် ကြီးထွားလာနေသော စီးပွါးရေးနယ်မြေဖြစ်ခြင်း စတဲ့ စတဲ့ အချက်တွေကြောင့် ကမ္ဘောဒီးယားဟာ မိတ်ဆွေတို့ရဲ့ လုပ်ငန်းများချဲ့ထွင်ဆောင်ရွက်ဖို့ အောင်မြင်ဖို့ ဘူမိနက်သန်ဖြစ်နိုင်ပါတယ်။

ဒီအတွက် မိတ်ဆွေရဲ့ စီးပွါးရေးလုပ်ငန်းများကို စတင်အကောင်အထည်ဖော်ဖို့ အခွင့်အလမ်းကို လက်လွှတ်မခံဘဲ ကျွန်တော်တို့ MTWL Cambodiaအား ဆက်သွယ်လိုက်ပါ။ 💼

“Let us handle the setup while you focus on success.”
___________________
ဆက်သွယ်ရန်

Page messenger (or)
[email protected]

စာချုပ် Review လုပ်ခြင်းဟာ သင့်လုပ်ငန်းအတွက် အခိုင်မာဆုံးသော "အာမခံချက်" ပါ💯စာချုပ်ပါ အချက်အလက်တွေကို သေချာမစစ်ဘဲ "ယုံကြ...
21/01/2026

စာချုပ် Review လုပ်ခြင်းဟာ သင့်လုပ်ငန်းအတွက် အခိုင်မာဆုံးသော "အာမခံချက်" ပါ💯

စာချုပ်ပါ အချက်အလက်တွေကို သေချာမစစ်ဘဲ "ယုံကြည်မှု" တစ်ခုတည်းနဲ့ လက်မှတ်ထိုးလိုက်ခြင်းဟာ သင့်လုပ်ငန်းအတွက် အန္တရာယ်ရှိနိုင်ပါတယ်❗️

စာ”တစ်”ကြောင်း၊ အပိုဒ်ခွဲ”တစ်”ခု အမှားကြောင့် နောက်နောင်မှာ ကိုယ့်အတွက်၊ကိုယ့်လုပ်ငန်းအတွက် ကြီးမားတဲ့ ငွေကြေးဆုံးရှုံးမှုတွေ၊ တရားစွဲဆိုခံရနိုင်ခြင်းနှင့် လုပ်ငန်းဂုဏ်သိက္ခာထိခိုက်နိုင်ခြင်းတို့ကို ကြုံတွေ့ရနိုင်ပါတယ် 🚨

ဒီလို နစ်နာမှုတွေ မဖြစ်ရအောင် MTWL Legal ကနေပြီး သင့်စာချုပ်ကို ဥပဒေကြောင်းအရ အစအဆုံး အနုစိတ် စစ်ဆေးပေးလျက်ရှိပါတယ် 💯
(၁)စာချုပ်ထဲမှာ ဖုံးကွယ်ထားတဲ့ ဘေးထွက်ဆိုးကျိုးတွေကို ရှာဖွေပေးခြင်း။
(၂)ကိုယ့်ဘက်က မတရား နစ်နာစေမယ့် အချက်တွေကို ပြန်လည်ပြင်ဆင်ပေးခြင်း။
(၃)တည်ဆဲဥပဒေတွေနဲ့ ကိုက်ညီမှု ရှိ/မရှိ သေချာစေခြင်း။
(၄)အဓိပ္ပာယ် နှစ်ခွထွက်နေတဲ့ စာသားတွေကို တိကျရှင်းလင်းအောင် ပြုလုပ်ပေးခြင်း။

📍 MTWL Legal က ဘာတွေကို Review လုပ်ပေးသလဲ?
✅ ရှယ်ယာရှင်စာချုပ်၊ အစုစပ်လုပ်ငန်းစာချုပ်၊ NDA များ။
✅ အိမ်/ခြံ/မြေ အရောင်းအဝယ်၊ ငှားရမ်းမှုနှင့် စက်ပစ္စည်းဝယ်ယူမှုစာချုပ်များ။
✅ ဝန်ထမ်းခန့်အပ်မှုစာချုပ်နှင့် လုပ်ငန်းအပ်နှံခြင်းစာချုပ်များ။
✅ လက်ထပ်/ကွာရှင်း၊ အမွေဆက်ခံခြင်းနှင့် အပေး/အလှူစာချုပ်များ။

📍 ဝန်ဆောင်မှုရယူရန်
Messenger: MTWL Legal Page
Email: [email protected]

——————
“MTWL Legal is Your Legal Counsel”

ဥပဒေ ဆိုင်ရာ အကူအညီ နှင့် အကြံပေးဆွေးနွေးမှုများအတွက် MTWL Legal Page Messenger သို့မဟုတ် Email ([email protected]) မှတစ်ဆင့် ဆက်သွယ်နိုင်ပါတယ်။


#စာချုပ်စစ်ဆေးခြင်း

Address

64(A) Street, Between 20 & 21 Streets
Mandalay

Website

Alerts

Be the first to know and let us send you an email when MTWL Legal posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to MTWL Legal:

Shortcuts

Share