25/01/2022
သိထားသင့်ပါကြောင်း
---------------
၆၆(ဃ) နှင့် အသရေဖျက်မှု ပုဒ်မ ၅၀၀ အကြောင်း
ဒီမိုကရေစီနိုင်ငံသားများ သိသင့်သော ဗဟုသုတ👩⚖️👩⚖️
(အများပြည်သူအတွက် ဥပဒေအသိပညာ
ကျယ်ပြန့်စွာသိမြင်စေရန်အတွက်သာ)
အသရေဖျက်မှု(ပုဒ်မ ၅၀၀) နဲ့ ၆၆(ဃ)ဥပဒေ
•အသရေဖျက်မှု(ပုဒ်မ ၅၀၀) နဲ့ ၆၆(ဃ)မှာ
ဘာတွေတူလို့ ဘာတွေမတူသလဲ ဆိုတာ
ဉာဏ်မှီသလောက် သုံးသပ်ကြည့်ရအောင်…⚖️⚖️
•ပထမဆုံး သိထားရမှာက ပါးစပ်နဲ့ပြောတဲ့ အသရေဖျက်မှုဟာ ရိုးရိုး ပုဒ်မ ၅၀၀ ဖြစ်ပါတယ်…
•အကယ်၍ ပုံနှိပ်မီဒီယာပေါ်ရောက်သွားပြီ သတင်းစာ ဂျာနယ် မဂ္ဂဇင်း၊ ပါလာပြီဆိုရင် ပုဒ်မ ၂၅ သတင်းမီဒီယာ ဥပဒေပုဒ်မ ပုဒ်မ၂၅ ထပ်တိုးပါတယ်…
•ဆိုရှယ်မီဒီယာ ဖေ့စ်ဘုတ် အွန်လိုင်းပေါ်အထိရောက်သွားမယ်ဆိုရင် ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ) ဖြစ်သွားပါပြီဒါကိုအရင်ဆုံး သိထားကြဖို့လိုပါတယ်…
•ပါးစပ်ကပဲပြောပြော စာနဲ့ပဲပြောပြော အွန်လိုင်းပေါ်ရောက်တဲ့အဆင့်ရောက်ရင်တော့ အသရေဖျက်မှု သတ်
မှတ်ဖွင့်ဆိုချက် ရာဇသတ်ဥပဒေပုဒ်မ ၅၀၀ နဲ့စပါတယ်…
•အခြေအနေပေါ်မူတည်ပြီး ပုဒ္မ ၅၀၀/ ပုဒ္မ ၂၅/ ပုဒ်မ၆၆(ဃ) ဆိုပြီး ကွဲပြားသွားတာကို သိရပါမယ်။
•အွန်လိုင်းပေါ်မှာ ရိုင်းစိုင်းသည့် ကောမန့်များပေးခြင်း
cbတွင် ရိုင်းစိုင်းသည့်စကားများပြောဆိုခြင်း
အုပ်စုဖွဲ့၍ ရိုင်းစိုင်းသည့် စကားများပြောဆို ခြင်း များသည် ဆက်သွယ်ရေး ပုဒ်မ ၆၆(ဃ)နှင့်
တိုက်ရိုက်အကြုံး ၀င်ပါသည်။
•ဒီလောက်ဆိုရင် ကွဲလွဲချက်လေးတွေ
ရိပ်မိလောက်ပြီ ထင်ပါတယ်။
•ဟုတ်ပြီ နောက်ထပ် ဘာတွေမတူသေးလဲ
ဘာတွေကွဲလွဲသေးလဲ ဆက်ကြည့်လိုက်ရအောင်။
•လူတစ်ယောက်က လူတစ်ယောက်ကို
ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ) နဲ့စွဲတဲ့အမှုကို
ဒါလဲ အသရေဖျက်မှုပဲဆိုပြီး ပုဒ်မ ၅၀၀ နဲ့ ပြစ်ဒဏ်သတ်မှတ်လို့ မရသလို ၆၆(ဃ) ကို ပုဒ်မ ၅၀၀ အသရေဖျက်မှုနဲ့ပဲတရားလိုက စွဲချင်စွဲလို့ရပါတယ်။
•ဒီလိုပြောင်းလဲဖို့ တရားလိုရဲ့ သဘောဆန္ဒနဲ့ပဲ
ပြောင်းလွှဲစွဲဆိုလို့ ရပါတယ်။
•ပါးစပ်ပြော စာပြော အွန်လိုင်းမှာပြောတဲ့ ပြစ်မှုတွေကို အသရေဖျက်မှုရာဇသတ်ကြီးပုဒ်မ ၄၉၉ နဲ့ပဲ
အကြုံးဝင်/မဝင် ၄၉၉ ပါ ပြစ်မှုအင်္ဂါရပ်များအရ
ညီမ/ညီ စစ်ဆေးရပါတယ်။
•ပြစ်ဒဏ်မတူပါဘူး ပြစ်မှုထင်ရှားရင်
၆၆(ဃ) = ထောင်ဒဏ်သုံးနှစ်အထိ
(သို့မဟုတ်) ငွေဒဏ် (သို့မဟုတ်)
ပြစ်ဒဏ်နှစ်ရပ်စလုံး။
•ပုဒ်မ ၅၀၀ = ထောင်ဒဏ် နှစ်နှစ်အထိ (သို့မဟုတ်) ငွေဒဏ် (သို့မဟုတ်) ပြစ်ဒဏ်နှစ်ရပ်စလုံး
ကျခံရမှာ ဖြစ်ပါတယ်။
•၆၆ဃ ဟာ ရဲအရေးပိုင်အဖြစ်
သတ်မှတ်ထားတာကြောင့်
ပြစ်မှုကျူးလွန်ကြောင်း သိရှိသူ
မည်သူမဆို တိုင်ကြားနိုင်ခွင့်ရှိပြီး
ပုဒ်မ ၅၀၀ မှာတော့ နစ်နာသူ
ကာယကံရှင်ကိုယ်တိုင်သာလျှင်
တိုင်ကြား စွဲဆိုရမှာဖြစ်ပါတယ်။
•ဒါ့ကြောင့်… စိတ်ခံစားမှု တစ်ခုကြောင့်
မနာလို မရှုစိမ့် ဣဿာ မစ္ဆရိယစိတ်ကလေး
တစ်ခုဖြစ်ပေါ်လာပြီး…
(တဒင်္ဂအတွင်းစကားလေးတစ်ခွန်း
စာကြောင်းလေး တစ်ကြောင်းနဲ့
သူတစ်ပါး လူပုဂ္ဂိုလ်/အဖွဲ့အစည်း
ဂုဏ်သရေ ထိခိုက်နစ်နာအောင်
မဆင်မခြင် ပြုမိခြင်းကြောင့်
;စာတစ်ကြောင်း…ထောင်(၃)နှစ်မဖြစ်စေကြဖို့…
လေ့လာမှတ်သားမိသမျှကို မျှဝေ လိုက်ရပါတယ်။
#မူရင်းပို့စ် cred:& ဦးကံပေါက်
#ဥပဒေရေးရာဗဟုသုတများ