04/15/2026
“ဘာကြောင့် Form I-864, Affidavit of Support, တင်ရတာလဲ?”
အမေရိကန်လူဝင်မှုကြီးကြပ်ရေးဥပဒေ (INA) 213A နှင့် အမေရိကန် ပြည်ထောင်စုဥပဒေ-ပုဒ်မ 8 CFR 213a အရ၊ “Form I-864”, ထောက်ပံ့မှုကျမ်းကျိန်လွှာ, ကို Form I-130, I-140 ကဲ့သို့သော Immigrant Application များ နှင့်အတူ တင်ရလေ့ရှိပါတယ်။ အထူးသဖြင့် ဤပုံစံတင်ပြခြင်း ဟာ “အမေရိ ကန်ပြည်ထောင်စုသို့ တရားဝင်အမြဲတမ်းအဖြစ် ရွှေ့ပြောင်းနေထိုင်လိုသူအား ထောက်ပံ့ရန် “U.S. Petitioner” မှာ လုံလောက်သော ဝင်ငွေ (သို့) ပိုင်ဆိုင်မှု ရှိကြောင်း ဖော်ပြတာ” ဖြစ်ပါတယ်။
"အရေးကြီးသော အချက်အလက်များ"
Immigrant Application များနှင့်အတူ ဤပုံစံ ကို တင်သွင်းပြီးသည်နှင့် တစ်ပြိုင်နက်၊ လက်မှတ်ရေး ထိုးသူ “U.S. Petitioner” ဟာ ၎င်းစပွန်ဆာပေးထားသည့် မိသားစုဝင် သို့မဟုတ် အခြားပုဂ္ဂိုလ် တစ် ဦးဦး ကို အမေရိကန်နိုင်ငံသား ဖြစ်လာသည်အထိ (သို့) Social Security Work Credits 40 (များသော အားဖြင့် ၁၀ နှစ်) ရရှိသည်အထိ တာဝန် ရှိသူဖြစ်လာကြောင်း သတိပြုရန်လိုအပ်ပါတယ်။ အထက် ဖော်ပြပါ ဥပဒေအရ၊ ၎င်း စပွန်ဆာပေးထားသော မိသားစုဝင် (သို့)အခြားပုဂ္ဂိုလ် တစ်ဦးဦး ဟာ ဖက်ဒရယ် / ပြည်နယ် “Means-tested Public Benefits” များ ကို အကျိုးခံစားခွင့် / လျှောက်ထားခွင့် မရှိပါ။ USCIS ရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်အရ Federal “Means-tested Public Benefits” ဆိုတာ၊ ဥပမာအားဖြင့် Food stamps, Medicaid, Supplemental Security Income (SSI), Temporary Assistance for Needy Families (TANF), and the State Child Health Insurance Program (SCHIP) တွေ ဖြစ်ပါတယ်။
"အဲဒီအကျိုးခံစားခွင့်တွေကို အသုံးပြုနေတယ်ဆိုတာ အစိုးရက နောက်ပိုင်းမှာ တွေ့ရှိခဲ့ရင် ဘာဆက်ဖြစ်နိုင်မလဲ?"
အကယ်၍ ၎င်း စပွန်ဆာ ပေးထားသော မိသားစုဝင် တစ်ဦးဦး ဟာ အထက်ဖော်ပြပါ “Means-tested Public Benefits” တစ်ခုခုကို ရရှိခံစားနေကြောင်း အစိုးရက နောက်ပိုင်းမှာ တွေ့ရှိခဲ့ရင်၊ ဖော်ပြပါ ဥပဒေ ပုဒ်မ 8 CFR 213a အရ၊ ထိုအကျိုးခံစားခွင့်များ၏ ကုန်ကျစရိတ်အားလုံးကို ပြန်ပေးဆပ်ရန် တောင်းဆိုနိုင်ပါတယ်။ အထူးသဖြင့် ၊ ၎င်းကုန်ကျစရိတ်ကို ပြန်မပေးဆပ်ပါက တရားစွဲ ဆိုနိုင်ပါ တယ်။
"ဒီ ပုံစံ, Form I-864 ကို ဘယ်သူတွေ တင်သွင်းဖို့ လိုအပ်ပါသလဲ?"
အထက်ဖော်ပြပါ ဥပဒေအရ၊ အောက်ပါပုဂ္ဂိုလ်များ ဟာ Form I-864 ကို တင်ပြရန် လိုအပ်ပါ တယ်။
• ခေါ် ယူသူ အမေရိကန်နိုင်ငံသား ၏ (မိဘများ၊ အိမ်ထောင်ဖက်များနှင့် အသက် ၂၁ နှစ်အောက် အိမ်ထောင်မရှိသော ကလေးများ)
• ဂရင်းကတ်ကိုင်ဆောင်သူ၏ အိမ်ထောင်ဖက် နှင့် အိမ်ထောင်မရှိသော သားသမီးများ (အသက်အရွယ်မရွေး)
• ခေါ် ယူသူ အမေရိကန်နိုင်ငံသား ၏ အရွယ်ရောက်ပြီးသော သားသမီးများ (အရွယ်ရောက်ပြီးသူ ဆိုသည်မှာ အသက် ၂၁ နှစ် သို့မဟုတ် ၂၁ နှစ် အထက်)
• ခေါ် ယူသူ အမေရိကန်နိုင်ငံသားများ၏ အိမ်ထောင်သည်သားသမီးများ၊ ၎င်းတို့၏ အိမ်ထောင်ဖက်များနှင့် လက်မထပ်ရသေးသော အရွယ်မရောက်သေးသော ကလေးများ
• ခေါ် ယူသူ အမေရိကန်နိုင်ငံသား ၏ ညီအစ်ကိုမောင်နှမများ
အသေးစိတ်အချက်အလက်များကို အောက်ပါလင့်ခ် မှာလည်း ဖတ်ရှု နိုင်ပါတယ်။
https://www.ariyanimmigrationconsulting.org/blog-3-1/e6zw8nstkl3ttkl-kw64r-jp8ml-ml88x
အလုပ်နှင့် သက်ဆိုင်သော မေးခွန်းများအတွက် “Messenger” ကို ရုံးဖုန်းနံပါတ်သို့ ဆက်သွယ်ပါ။
မှတ်ချက်**** စာရေးသူ သည် အမေရိကန် စစ်မှုထမ်းဟောင်း ၊ USCIS အရာရှိဟောင်းနှင့် လူဝင်မှုကြီးကြပ်ရေး ဥပဒေအကြံပေး တစ်ဦး ဖြစ်ပါသည်။
အမေရိကန်ပြည်ထောင်စု လူဝင်မှုကြီးကြပ်ရေးကိစ္စများနှင့် ပတ်သက်၍ လိုအပ်ပါက “Ariyan Immigration Consulting (AIC)” ထံ ၊ ဖုန်းနံပါတ် 531-530-7773 ဖြင့် ဆက်သွယ်နိုင်ပါသည်။ “AIC” ရဲ့ ဝန်ဆောင်မှုအချက် အလက်များကို https://www.ariyanimmigrationconsulting.org/services တွင်လည်း ကြည့်ရှုနိုင်ပါတယ်။