22/03/2026
ဒေါ်လာ ၅ သိန်းတန် အိမ်တစ်လုံးဆိုပါစို့။
ဈေးနှုန်းလည်း အတူတူပဲ။ ဒါပေမဲ့ ငွေရေးကြေးရေး အခြေအနေကတော့ ၅ နှစ်အတွင်းမှာ လုံးဝကို ကွာခြားသွားပါပြီ။
၂၀၂၁ ခုနှစ်တုန်းက ဒီအိမ်ကိုဝယ်ခဲ့မယ်ဆိုရင်
- အတိုးနှုန်း ၃% ပဲ ရှိတဲ့အတွက် တစ်လကို ဒေါ်လာ ၁,၆၈၆ ပဲ ပေးရပါတယ်။
၂၀၂၆ ခုနှစ်မှာဝယ်မယ်ဆိုရင်တော့
- အတိုးနှုန်းက ၆.၇၅% ဖြစ်သွားတဲ့အတွက် တစ်လကို ဒေါ်လာ ၃,၂၄၃ အထိ ပေးနေရမှာပါ။
ဆိုလိုတာက အိမ်တစ်လုံးတည်းကိုပဲ အရင်ကထက် တစ်လကို ဒေါ်လာ ၁,၅၅၇ ပိုပေးနေရတာ ဖြစ်ပါတယ်။
တစ်နှစ်ဆိုရင် ဒေါ်လာ ၁၈,၆၈၄ တောင် ပိုကုန်ကျမှာပါ။
နှစ် ၃၀ ချေးငွေသက်တမ်းတစ်လျှောက် တွက်ကြည့်မယ်ဆိုရင် ၂၀၂၁ ခုနှစ်က ဝယ်ခဲ့တဲ့သူထက် အတိုးသက်သက်တင် ဒေါ်လာ ၅၆၀,၅၂၀ ပိုပေးရမှာ ဖြစ်ပါတယ်။
အိမ်ကလည်း ဒီအိမ်ပဲ၊ ပတ်ဝန်းကျင်ကလည်း ဒီအတိုင်းပဲ၊ အိမ်အကျယ်အဝန်းကလည်း မပြောင်းလဲပါဘူး။
ဒါပေမဲ့ "အတိုးနှုန်း" တစ်ခုတည်း ပြောင်းလဲသွားရုံနဲ့ အရင်ကသာ ဝယ်ခဲ့မယ်ဆိုရင် သာမန်ဝင်ငွေရှိရင် ပေးနိုင်မယ့် လစဉ်ကြေးဟာ အခုဆိုရင် ဝင်ငွေ အလွန်ကောင်းတဲ့သူတွေမှ ဝယ်နိုင်တဲ့ အခြေအနေ ဖြစ်သွားပါပြီ။
ဒါကြောင့်လည်း အတိုးနှုန်း ၃% နဲ့ ရထားတဲ့သူတွေက အိမ်
ပြန်မရောင်းကြတာပါ။
ဘာလို့ ရောင်းမှာလဲ?
တစ်လ ၁,၆၈၆ ပေးရတဲ့အိမ်ကနေ တန်းဖိုးတူတဲ့ တခြားအိမ်တစ်လုံးအတွက် တစ်လ ၃,၂၄၃ ပေးရမယ့်ဘက်ကို ပြောင်းတာဟာ ဘယ်လိုလုပ် အဓိပ္ပါယ်ရှိမှာလဲလေ။
ဒါကြောင့်ပဲ အိမ်အရောင်းအဝယ်ဈေးကွက်က ရပ်တန့်နေတာဖြစ်ပြီး first time buyer တွေအတွက် ဝယ်ဖို့ခက်ခဲနေတာ ဖြစ်ပါတယ်။ အိမ်အရောင်းအဝယ်နှုန်းဟာလည်း နှစ်ပေါင်း ၃၀ အတွင်း အဆိုးဆုံးအခြေအနေကို ရောက်နေရတာပါ။
Houston area အတွင်းမှာပဲ ရောင်းဖို့ list လုပ်ထားတဲ့ အိမ်ပေါင်း ၁၅၀၀၀ ကျော်ရှိတယ်။ ဆိုလိုတာက ခုချိန်ဟာ demand ထက် supply က ပိုများနေတဲ့ buyer market ဖြစ်နေပြီ။
၂၀၂၁ မှာ အိမ်ဝယ်ခဲ့သူတွေဟာ ကံကောင်းရုံတင်မဟုတ်ဘဲ အတိုးအရမ်းနဲတဲ့ အခွင့်အရေးကောင်းကို လက်ဦးမှုယူထားနိုင်ခဲ့တာပါ။ အဲဒီအချိန်ကို လွတ်သွားတဲ့သူတွေကတော့ အခုချိန်မှာ လစဉ် ပိုပေးနေရပါတယ်။
တကယ်လို့ သင်ဟာ ၂.၅% ကနေ ၃.၅% ကြား အတိုးနှုန်းနဲ့ အိမ်ဝယ်ထားတယ်ဆိုရင် ဘာပဲလုပ်လုပ် အဲဒီနှုန်းထားကို လက်လွှတ်မခံခင် သေချာစဉ်းစားပါ။
အဲဒီအတိုးနှုန်းဟာ သင့်အတွက် တန်ဖိုးရှိတဲ့ ပိုင်ဆိုင်မှု (Asset) တစ်ခုပါ။ အဲဒီအတိုးနှုန်းကို တန်ဖိုးရှိတဲ့အရာတစ်ခုလိုပဲ ထိန်းသိမ်းထားသင့်ပါတယ်။
Texas မှာ အိမ်ဝယ်မယ် ရောင်းမယ်ဆိုရင် လက်တို့လိုက်နော်။ အကောင်းဆုံးဖြစ်အောင် ကူညီပေးနိုင်ပါတယ်။