11/28/2024
ဂျပန်မှာကျောင်းတက်ဖို့ ဘာတွေပြင်ဆင်ထားသင့်လဲ
ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ ဂျပန်နိုင်ငံမှာ ကျောင်းတက်ချင်တဲ့ လူငယ်အများစုရှိမယ်လို့ယုံကြည်ပါတယ် ဒါကြောင့် သိထားသင့်တဲ့အချက်လေးတွေ၊ ကြိုတင်ပြင်ဆင်ထားရမဲ့အချက်တွေကို ပြောပြပေးပါမယ်ဗျ
အရင်ဆုံး ဆုံးဖြတ်ရမှာက ကိုယ်က Undergraduate, Graduate, Specialized Studies ဘယ် Level နဲ့ Join မှာလဲ ဆိုတာပါ။
ဂျပန်တက္ကသိုလ်အများစုက English, Japanese ဘာသာစကားနှစ်မျိုးလုံးနဲ့ သင်ကြားပေးပေမဲ့ ဒါဟာ နိုင်ငံတကာကလာတဲ့ Graduate Students တွေအတွက်ပဲဖြစ်ပါတယ်။ ပြောချင်တာက Undergraduate Students တွေဆိုရင်တော့ ဂျပန်ဘာသာစကားတတ်မြောက်ထားဖို့လိုပါမယ်။
ဂျပန်မှာ Research University တွေဖြစ်တဲ့ University of Tokyo, Kyoto University Waseda University တို့လို နာမည်ကြီးတက္ကသိုလ်တွေလည်းရှိတာမို့ ပါရဂူဘွဲ့ယူမဲ့သူတွေအတွက် အဆင်ပြေပါတယ်။
ကဲ.... ကျောင်းဝင်ခွင့်နဲ့ပတ်သက်တာလေးတွေပြောပြပါမယ်ဗျ။
ဝင်ခွင့်သတ်မှတ်ချက်တွေကတော့ တစ်ကျောင်းနဲ့တစ်ကျောင်း မတူကြပါဘူး။ အခြေခံအားဖြင့်တော့ ဝင်ခွင့် စာမေးပွဲဖြေရမယ်၊ Japanese သို့မဟုတ် English ဘာသာစကားကျွမ်းကျင်တတ်မြောက်မှုစစ်ဆေးမယ်၊ အင်တာဗျူးဖြေဆိုရမယ် ဒါတွေပါပဲ။
ကျောင်းတွေမှာ English ဘာသာစကားနဲ့ သင်ကြားတာရှိပေမဲ့လည်း ကိုယ့်ပညာရေးလမ်းကြောင်း၊ နေ့စဥ်လူနေမှုဘဝအတွက် ဂျပန်ဘာသာစကား တတ်မြောက်ထားတာက ပိုအဆင်ပြေစေပါလိမ့်မယ်။ အနည်းဆုံး N3 level အထိ သင်ယူလေ့လာခဲ့ဖို့ အကြံပေးချင်ပါတယ်။
ဂျပန်ရောက်မှ ဂျပန်ဘာသာစကားသင်မယ်ဆိုလည်း ရပါတယ် ဒီမှာ အနီးကပ်သင်ပေးတဲ့ Language School တွေရှိပါတယ် ဒါပေမဲ့ ကုန်ကျစရိတ်ချင်းတော့ တူမှာမဟုတ်ဘူးပေါ့နော် ဒါကြောင့် ဂျပန်မှာကျောင်းတက်မှာ သေချာပြီဆိုရင် ကြိုတင် လေ့လာသင်ယူခဲ့တာက ပိုအဆင်ပြေစေပါလိမ့်မယ်။
English ဘာသာစကားနဲ့သင်ကြားတဲ့ ဘာသာရပ် (Major) ကိုတက်ဖို့လျှောက်ထားတယ်ဆိုရင်တော့ TOEFL သို့မဟုတ် IELTS Scores ပြပေးနိုင်ဖို့ လိုပါမယ်။
တချို့သော Undergraduate Program တွေလျှောက်မယ်ဆိုရင်တော့ EJU (Examination for Japanese University Admission for International Students) ဖြေဆိုရပါမယ်။ ဂျပန်ဘာသာစကား၊ သိပ္ပံနဲ့ သချႅာ ဘာသာရပ်တွေကို အဓိကစစ်ဆေးတဲ့ ဝင်ခွင့်ဖြေဆိုမှုပါ။
ကျောင်းတက်တာဆိုတော့ ပိုက်ဆံအများကြီးကုန်တယ်လေ ဒါကြောင့် Scholarship လျှောက်ဖို့ လိုတာပေါ့ ဟုတ်တယ်မလား
MEXT Scholarship - ဂျပန်အစိုးရကပေးအပ်တဲ့ ပညာသင်ဆုတွေရှိပါတယ်။ ကျောင်းစရိတ်၊ နေထိုင်စရိတ်၊ လေယာဥ်လက်မှတ်ခ ဒါတွေအားလုံးအတွက် ပေးတာပါ။ ပညာသင်ဆုသာရလိုက်ရင် အေးအေးဆေးဆေး ကျောင်းတက်လို့ရပြီဆိုတော့ လျှောက်တဲ့သူတွေအများကြီးရှိတာပေါ့ သိတယ်မလား။ Scholarship ရဖို့ မလွယ်ပါဘူး၊ ပြိုင်ဆိုင်မှုပြင်းထန်ပါတယ် ရသွားရင်လည်း သာယာပြီလေ။ ဆိုတော့ အစွမ်းကုန် ကြိုးစားပြီးမှ Scholarship လျှောက်ဖို့ တိုက်တွန်းချင်ပါတယ်။
တက္ကသိုလ်တွေမှာလည်း နိုင်ငံတကာကျောင်းသားတွေကိုပေးတဲ့ Scholarship အစီအစဥ်တွေရှိသလို JASSO နဲ့တခြားအဖွဲ့အစည်းတွေကထောက်ပံ့တဲ့ ပညာသင်ဆုအစီအစဥ်တွေလည်းရှိပါတယ်။
ကိုယ့်ဘက်ကသာသေချာပြင်ဆင်ထားမယ်ဆိုရင် ကိုယ်နဲ့ထိုက်တန်တဲ့ ပညာသင်ဆု မရစရာဘာအကြောင်းရှိလဲ ဗျာ ဟုတ်တယ်မလား။
ကဲ ဗီဇာကိစ္စဆက်ပြောကြရအောင်
ကျောင်းဝင်ခွင့်ရပြီဆိုရင် ကိုယ့်နိုင်ငံမှာရှိတဲ့ ဂျပန်သံရုံး သို့မဟုတ် ဂျပန်ကောင်စစ်ဝန်ရုံးမှာ ကျောင်းသားဗီဇာ လျှောက်ထားရပါမယ်။ ကျောင်းခေါ်စာ၊ ပညာသင်စရိတ်အတွက် သက်သေပြရမဲ့ Show Money နဲ့ တခြား စာရွက်စာတမ်းတွေလိုအပ်ပါတယ်။ ပြည့်ပြည့်စုံစုံဖြစ်အောင် ပြင်ဆင်ထားဖို့မမေ့ပါနဲ့။
ဗီဇာရပြီ၊ ဂျပန်ရောက်ပြီ ဘယ်မှာ နေမလဲ?
တက္ကသိုလ်အများစုက နိုင်ငံတကာကျောင်းသားတွေအတွက် အဆောင်စီစဥ်ထားပေးတာရှိပါတယ်။ ကျောင်းအနီးနားတဝိုက်မှာ အခန်းငှားနေမယ်ဆိုလည်း ရပါတယ်။ ကုန်ကျစရိတ်ကွာခြားတာတော့ရှိမှာပေါ့နော်။
ဂျပန်မှာ ကျန်းမာရေးအာမခံစနစ်ရှိပါတယ်။ ကျန်းမာရေးအာမခံ ရယူထားတာက ပိုအဆင်ပြေမယ်လို့ အကြံပေးချင်ပါတယ်ဗျ။
ဂျပန်နိုင်ငံရဲ့ ယဥ်ကျေးမှု၊ အလေ့အထ စတာတွေကို ကြိုတင်လေ့လာထားပါ ဒါမှ ဂျပန်မှာ ပျော်ရွှင်တဲ့ ကျောင်းသားဘဝ ပိုင်ဆိုင်နိုင်ပါပြီ။
တိုကျိုလို မြို့ကြီးမှာ နေမယ် ကျောင်းတက်မယ်ဆိုရင်တော့ ကုန်ကျစရိတ်နဲ့ပတ်သက်ပြီး တွက်ဆထားရပါမယ်။ အခန်းခ၊ အစားအသောက်၊ နေ့စဥ်ကုန်ကျမဲ့အသုံးစရိတ်တွေက တခြားမြို့တွေထက် များတာမို့ ဘတ်ဂျက်ကို သေချာလေး ချိန်ဆဖို့ လိုအပ်မယ်ဆိုတာလေး ပြောရင်းနဲ့ အဆုံးသတ်ပါရစေ။
ဂျပန်မှာကျောင်းတက်ဖို့ သိချင်တယ်၊ Agency Service လိုအပ်တယ်ဆိုရင် gmail: [email protected], Viber: +19133253353 တို့ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်။ ဂျပန်မှာကျောင်းတက်ဖို့ လိုအပ်တဲ့လုပ်ငန်းစဥ်တွေအားလုံးကို မှန်ကန်တဲ့နှုန်းထားတစ်ခုနဲ့ ကူညီဆောင်ရွက်ပေးနေတာမို့ Ace Education ကို ယုံကြည်စိတ်ချစွာ ဆက်သွယ်ဆောင်ရွက်နိုင်ပါတယ် ခင်ဗျာ။
“Let’s Build Your Dream Together”