04/16/2026
အိမ်ဝယ်ဖို့နှင့် Refinance အတွက်အရေးကြီးတဲ့အရာထပ်ပြောပါမယ် 🏠🇺🇸(သိပေမယ့် လိုက်မလုပ်တဲ့သူတွေအများကြီးရှိသေးတယ်)
1) Credit Score ကောင်းရပါမယ်
ကိုယ်ရဲ့credit Score ကောင်းရင်အတိုးသက်သာမယ်၊
Fees သက်သာမယ်၊ နှစ်ပေါင်း ၃၀ အတွက်လစဉ်အိမ်လခသက်သာမယ်။ Credit Score ကောင်းအောင်လုပ်ထားကြပါ။
2) Income ဝင်ငွေနှင့်အလုပ်အကိုင်
လစဉ်ဝင်ငွေကောင်းရပါမယ်။ ဝင်ငွေကိုကြည့်ပြီး ဘဏ်ချေးငွေပေးသည့်အတွက်အလွန် အရေးကြီးပါတယ်။ အလုပ်အကိုင် ၂နှစ်ရှိပါမယ်။ မိမိရဲ့အလုပ်အကိုင်မှာ permanent full time ဖြစ်ရပါမယ်။
W2 လုပ်သူများ ၂နှစ်အပြည့်ဖြစ်ရပါမယ်။ Form 1099 self employed လုပ်သူများ၂နှစ်အပြည့်ဖြစ်ရပါမယ်။
W2 ကို ၁နှစ်လုပ်၊ 1099 ကို ၁နှစ်လုပ်ရင် ဘဏ်ချေးငွေ မရနိုင်ပါ။
3) 2 years Tax Return
ဝင်ငွေကောင်းရသလို၊ tax return မှာလည်း မိမိရဲ့ဝင်ငွေကို ပြရပါတယ်။ အထူးသဖြင့် 1099 Self Employed လုပ်သူများ ဝင်ငွေအမြတ်များများ ပြရပါမယ်။ Refund ပိုက်ဆံရယူချင်သည့်အတွက် အရှုံးပြခြင်း၊ အခွန်လျှော့နည်းလိုသည့်အတွက် ဝင်ငွေနည်းနည်းသာပြလျှင် ဘဏ်ချေးငွေရယူဖ်ု့ ခဲယဉ်းပါသည်။
4) Down Payment and Closing Costs
အိမ်ဝယ်ဖို့ပိုက်ဆံလိုအပ်ပါသည်။ ကိုယ်ဝယ်မည့်အိမ်တန်ဖိုးရဲ့ Down Payment & Closing costs စုထား၊ ရှိထားဖို့တော့လိုပါတယ်။
**ယေဘူရအနေဖြင့် ၃သိန်းတန်အိမ်ဝယ်ရင်
down payment 3.5% ($10,500) နှင့်
closing cost 4% ($12,000)
စုစုပေါင်း $22,500 လောက်လိုပါသည်။
အိမ်စျေးကြီးလျှင် (သို့) down payment ပိုပေးရရင် ဒီထက်မကပိုက်ဆံပိုလိုအပ်မည်။
Zero down ပြောရင်လည်းပိုက်ဆံလိုပါသည်။ First time homebuyers grant ရနိုင်သော်လဲ မိမိမှာပေးရမည့် Fees တွေရှိသေးပါတယ်။ US မှာဘယ်အရာမှ FREE မရပါ။
နောက်ဆက်ရေးပါဦးမီ ✍️🧑🏻💻
အိမ်ခြံမြေရောင်းဝယ်သည်။ ဘဏ်ချေးငွေအကျိုးဆောင်ပေးပါသည် 💸😊
📱(817)360-6862