Labor Law Clinic Mae Sot

Labor Law Clinic Mae Sot คลินิกฎหมายแรงงานแม่สอด ให้คำปรึกษาแนะนำด้านกฎหมายและให้ความช่วยเหลือโดยไม่มีค่าใช้จ่

In cooperation with government agencies and private sectors, the Labor Law Clinic in Mae Sot seeks to promote and protect the human rights of labor, to increase the standard of human rights of Thai labor and migrant workers in Mae Sot and surrounding areas, to provide legal aid and to provide knowledge and understanding on labor law and human rights to migrant workers.

ဘတ်သစ်ဖွင့်ရက် ထုတ်ပြန်အလုပ်သမားဝန်ကြီးဌာန အလုပ်အကိုင်ရှာဖွေခန့်ထားရေးရုံးမှ အလုပ်ရှင်များ၊ သို့မဟုတ် အလုပ်အကိုင်ရှာဖွေရ...
09/12/2025

ဘတ်သစ်ဖွင့်ရက် ထုတ်ပြန်

အလုပ်သမားဝန်ကြီးဌာန
အလုပ်အကိုင်ရှာဖွေခန့်ထားရေးရုံးမှ အလုပ်ရှင်များ၊ သို့မဟုတ် အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီ သို့မဟုတ် အလုပ်ရှင်များထံမှ တရားဝင်ကိုယ်စားလှယ်များ အားလုံးသိစေရန်။

ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၁၁ ရက်နေ့ အစိုးရအဖွဲ့၏ ဆုံးဖြတ်ချက်အရ တရားမဝင်နေထိုင်သည့် နိုင်ငံခြားသား သုံးနိုင်ငံသား ဖြစ်ကြသော လာအို၊ မြန်မာနှင့် ဗီယက်နမ်နိုင်ငံသားတို့အား အလုပ်လုပ်ခွင့်လျှောက်လွှာများ
(ဘတ်စာရင်း) တင်သွင်းရန် အသင့်ပြင်ထားကြဟု တိုက်တွန်းထားပါသည်၊၊

စာရင်းတင်သွင်းခြင်း နှင့် ဝန်ဆောင်ခပေးချေခြင်းကို
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၂ ရက်မှ ၂၆ ရက်အထိ (၁၅)ရက် ဖွင့်လှစ်ပေးထားပြီး စာရင်းတင်သွင်းခြင်းကို အောက်ပါ ဝက်ဘ်ဆိုက်မှတစ်ဆင့် တင်သွင်းနိုင်သည်။

www.eworkpermit.doe.go.th

လူဟောင်းသမား ( 13 ဖေဖော်ဝါရီ 2025) ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၈ ရက် အစိုးရအဖွဲ့၏ ဆုံးဖြတ်ချက်၊ အရ၂၀၂၇ ခုနှစ်၊ ဖေဖေ...
09/12/2025

လူဟောင်းသမား ( 13 ဖေဖော်ဝါရီ 2025)
ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၈ ရက် အစိုးရအဖွဲ့၏ ဆုံးဖြတ်ချက်၊ အရ
၂၀၂၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက်နေ့အထိ ဗီဇာရရှိဖို့ အခုဒီဇင်ဘာ 13 ရက်နေ့ နောက်ဆုံးထားပြီး ပါမစ်လျှောက်ထားရမည်။

လက်ရှိထိ သက်တမ်းတိုးခြင်းဆိုင်ရာကိစ္စရပ်နှင့်ပတ်သက်၍ အချိန်တိုးမြှင့်ထားခြင်းမရှိသဖြင့် 13ဒီဇင်ဘာ 2025 နေ့ ထိ သက်တမ်းဆက်ခြင်း မလုပ်နိုင်ခဲ့ပါက အထောက်ထားမဲ့ ဖြစ်သွားမည်။

ပြည်ထဲရေးဝန်ကြီးဌာန၏ ကြေညာချက်အကျဉ်းချုပ်  (နောက်ဆုံးရသတင်း!)လာအို၊ မြန်မာနှင့် ဗီယက်နမ် အလုပ်သမားများအတွက် မှတ်ပုံတင်ဖွ...
09/12/2025

ပြည်ထဲရေးဝန်ကြီးဌာန၏ ကြေညာချက်အကျဉ်းချုပ် (နောက်ဆုံးရသတင်း!)
လာအို၊ မြန်မာနှင့် ဗီယက်နမ် အလုပ်သမားများအတွက် မှတ်ပုံတင်ဖွင့်လှစ်ခြင်းနှင့် ပတ်သက်၍

✅ ဘယ်သူတွေက ဘတ်စာရင်းတင်ခွင့်ရလဲ။
1.လက်ရှိ အလုပ်ရှင်နှင့် အလုပ် လုပ်ကိုင်နေဆဲဖြစ်ပြီး ဗီဇာသက်တမ်း ကုန်ဆုံးသွားသူ နှင့်
ပတ်စ်ပို ရှိ ဗီဇာ ပါမစ်ရှိ သို့ အလုပ်ရှင်ပြောင်းလဲရာတွင် ကျဲ့အော့ သက်တမ်းကုန်ဆုံးသူ
2.ပတ်စ်ပို့ စီအို ရှိ ဗီဇာ ပါမစ်ရှိ သို့ ပြီးခဲ့သည့် 13 ဖေဖော်ဝါရီတွင် သက်တမ်းတိုးရန် စာရင်းတင်ထားခြင်းမရှိသူ(တရားဝင်စနစ်မှ တရားမဝင်နေထိုင်လုပ်ကိုင်နေသူ)
3. ထိုင်းနိုင်ငံသို့ လာရောက်ပြီး ဗီဇာကုန်(ရက်ကျော်)နေထိုင်သူ
4.နိုင်ငံသို့ တရားမဝင် လာရောက်နေထိုင် တရားမဝင် အလုပ် လုပ်ကိုင်သူ
(ဥပမာ- ဗီဇာသက်တမ်းကုန်ဆုံးသွားသူ၊ တရားမဝင် ရွှေ့ပြောင်းနေထိုင်သူ သို့မဟုတ် ရေရှည်နေထိုင်သူ) အသက် ၁၈ နှစ်နှင့်အထက် လာအို၊ မြန်မာနှင့် ဗီယက်နမ် အလုပ်သမားများ ဖြစ်ကြသည်၊၊

✅ လုပ်ထုံးလုပ်နည်းများနှင့် အချိန်
၁။ ကြေညာချက်ထုတ်ပြန်ပြီးသည်နှင့် အလုပ်သမားများသည် ၎င်းတို့၏ အလုပ်ရှင်များ အလုပ်အကိုင်ဌာနသို့ အလုပ်လုပ်ခွင့်လျှောက်လွှာ (စာရင်း) ကို ၁၅ ရက် အတွင်း လျှောက်ထားတင်ပြရမည်။
၂။ အလုပ်ရှင်မှ လျှောက်လွှာတင်သွင်းပြီးသည်နှင့် အလုပ်သမားဝန်ကြီးဌာန၏ ကြေညာချက်နှင့်အညီ ၆၀ ရက် အတွင်း လူဝင်မှုကြီးကြပ်ရေးဌာနတွင် ကိုယ်ရေးအချက်အလက်များစုဆောင်းခြင်း(လက်ဗွေနှိပ် မျက်နှာစကင်ဖတ်ခြင်း )ပြုလုပ်ရမည်။
၃။ အထက်ပါ အချက် နှစ်ချက်ကို သတ်မှတ်ရက်အတွင်း ပြီးစီးအောင်ဆောင်ရွက်ပြီးပါက "နိုင်ငံကူးလက်မှတ်/CI" အသစ်ကို လုပ်ဆောင်ရန်နှင့် ဗီဇာတုံးထုခြင်းကို ၁၂၀ ရက် အတွင်း ဆောင်ရွက်ရမည်။
အထက်ပါ အချက်သုံးချက်ဆောင်ရွက်ပြီးသည်နှင့် အလုပ်အကိုင်ဦးစီးဌာန သို့ ကိုယ်ရေးအချက်အလက်တို့က ထပ်မံ အပ်ဒိတ်လုပ်ရမည် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်အဆင့်အားလုံးပြီးသည်နှင့် နိုင်ငံခြားသားတို့ကို 1 နှစ်သက်တမ်းရှိ အလုပ်လုပ်ခွင့်ပါမစ် ဖြင့် နေထိုင်အလုပ် လုပ်ကိုင်ခွင့်ပြုမည်ဖြစ်သည်။

✅ မှီခိုသူများ (ကလေးများ) တွင် အသက် ၁၈ နှစ်အောက် ကလေးများသည် ၎င်းတို့၏မိဘများနှင့်အတူ နေထိုင်ခွင့်ရှိသည်။
အထက်ပါ ကိစ္စရပ်များ လုပ်ဆောင်ပြီးပါက မြို့နယ်ရုံးတွင် (Tor. 38/ပြုလုပ် ပန်းရောင်ကဒ်)ရိုက်ရမည် ကြားကာလအတွင်း ကျန်းမာရေးစစ် ကျန်းမာရေးအာမခံဝယ် ဝယ်ယူရမည်။

မှတ်ချက်// ကလေး 18 နှစ်ပြည့်ပြီး အလုပ် လုပ်မည်ဆိုပါက ဆိုင်ရာဌာနတွင် အချက်အလက် အပ်ဒိတ်လုပ်ရမည်။

ဘတ်သစ်ကိစ္စ လိုရင်းတိုရှင်း==========၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ (၁၁) ရက်နေ့ အစိုးရအဖွဲ့ (ကက်ဘိနက်) ဆုံးဖြတ်ချက်အရ မြန်မာ၊ လာ...
04/12/2025

ဘတ်သစ်ကိစ္စ လိုရင်းတိုရှင်း

==========

၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ (၁၁) ရက်နေ့ အစိုးရအဖွဲ့ (ကက်ဘိနက်) ဆုံးဖြတ်ချက်အရ

မြန်မာ၊ လာအို၊ ဗီယက်နမ် (ကမ္ဘောဒီးယား မပါဝင်ပါ) နိုင်ငံမှ အသက် (၁၈) နှစ်အထက် နေထိုင်ခွင့်/အလုပ်လုပ်ခွင့် သက်တမ်းကုန်ဆုံးနေသူများ၊ Overstay ဖြစ်နေသူများ၊ တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာသူများဖြစ်တဲ့ တရားမဝင် နေထိုင်နေသော ရွှေ့ပြောင်းလုပ်သားများအား တရားဝင်နေထိုင် လုပ်ကိုင်ခွင့်ရရှိစေရန် အထောက်အထားပြုလုပ် ပေးသွားမည်(ဘတ်ရိုက်ပေးမည်)ဖြစ်သည်။

လုပ်ဆောင်ရမည့် အဆင့် (၅) ဆင့်ရှိပါတယ်။
#အဆင့် (၁) စာရင်းသွင်းခြင်း
အလုပ်ရှင် (သို့မဟုတ်) တရားဝင်လိုင်စင်ရ အကျိုးဆောင်ကုမ္ပဏီ ကိုယ်စားလှယ်တို့မှ အလုပ်သမားအတွက် အွန်လိုင်းမှတဆင့် (၁၅) ရက်အတွင်း အလုပ် လုပ်ခွင့်လျှောက်ထားမှု (အမည်စာရင်းတင်သွင်း)ပြုလုပ်ရမည်။

#အဆင့် (၂) ကျန်းမာရေးစစ်ဆေးခြင်း
ဥပဒေပြဌာန်းချက်နှင့်အညီ အစိုးရက သတ်မှတ်ထားတဲ့အတိုင်း ဆေးစစ်ရမည် လူမှုဖူလုံရေး ဝင်ရမည့် အလုပ်အမျိုးအစားဆိုပါက လူမှုဖူလုံရေးဝင်ပြီး မဝင်ရသည့် အလုပ်အမျိုးအစားဆိုပါက ကျန်းမာရေးအာမခံ မဖြစ်မနေ ဝယ်ယူရမည်။

#အဆင့် (၃) ကိုယ်ရေးအချက်အလက် ကောက်ယူခြင်း
လဝက(တောမော)ရုံး သို့မဟုတ် သတ်မှတ်ထားသော နေရာများတွင် မျက်နှာဖတ်ခြင်း၊ လက်ဗွေနှိပ်ခြင်းများ ပြုလုပ်ရပါမည်။

#အဆင့် (၄) ခွင့်ပြုချက် စောင့်ဆိုင်းခြင်း
ကျန်းမာရေးစစ်ဆေးချက်၊ ကျန်းမာရေးအာမခံ လူမှုဖူလုံရေး အစသည့် စာရွက်စာတမ်းများကို (၆၀) ရက်အတွင်း ဖြည့်စွတ်တင်ပြရမည်။
ထို့နောက် အတည်ပြုချက်ရရှိရန် (၃၀) ရက် စောင့်ဆိုင်းရပါမည်။
ခွင့်ပြုချက်ရရှိပါက (၁) နှစ် အလုပ်လုပ်ခွင့် ရရှိပါမယ်။

#အဆင့် (၅) ဗီဇာတုံးထုခြင်း
နိုင်ငံကူးလက်မှတ် (Passport) လျှောက်ထားပြီး သို့ ရရှိထားသူများသည် ရရှိထားသည့် နိုင်ငံကူးလက်မှတ်ထဲတွင် ဗီဇာတုံးထုခြင်းကို လူဝင်မှုကြီးကြပ်ရေးရုံးတွင် သွားရောက်တုံးထုရပါမည်။

အချိန်ကာလနှင့် ဆောင်ရွက်မှု အဆင့်ဆင့်သည် အလုပ်သမားဝန်ကြီးဌာနနှင့် ပြည်ထဲရေးဝန်ကြီးဌာနတို့၏ ညွှန်ကြားချက်အတိုင်းဖြစ်သည်။

မှတ်ချက်// လူသစ်ဘတ်အတွက် အမည်စာရင်း တင်သွင်းခြင်းကို မည်သည့်နေ့တွင် ခွင့်ပြုမည်ကို ထုတ်ပြန်ချက်ထဲ တိတိကျကျဖော်ပြထားခြင်း မရှိသေး
သဖြင့် စောင့်ဆိုင်းရဦးမည်ဖြစ်သည်။

ဘုရင်မင်းမြတ် မဟာဝဇီရာလောင်ကွန်း ဘောဒင်ဒရာဒေဘာယာဝရန်ကွန်းမှ အောက်ပါအတိုင်း တော်ဝင် အမိန့်အဖြစ် ကြေငြာခဲ့သည်-အလုပ်သမားကာက...
08/11/2025

ဘုရင်မင်းမြတ် မဟာဝဇီရာလောင်ကွန်း ဘောဒင်ဒရာဒေဘာယာဝရန်ကွန်းမှ အောက်ပါအတိုင်း တော်ဝင် အမိန့်အဖြစ် ကြေငြာခဲ့သည်-
အလုပ်သမားကာကွယ် စောင့်ရှောက်ရေးအက်ဥပဒေကို ပြင်ဆင်ရန် အမျိုးသားလွှတ်တော်၏တင်ပြလျှောက်ထားထားမှုကို စိစစ်ပြီးနောက် သင့်လျော်သဖြင့် ဘုရင်းမင်းမြတ်မှ လက်မှတ်ရေးထိုးအတည်ပြုခဲ့သည်
ထိုင်းနိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၆ နှင့် ၄၀ တို့နှင့် ဆက်စပ်၍ ပြဋ္ဌာန်းထားသည့်အတိုင်း လူပုဂ္ဂိုလ်အခွင့်အရေးနှင့် လွတ်လပ်ခွင့်များကို ကန့်သတ်ခြင်းနှင့်ပတ်သက်သည့် ပြဋ္ဌာန်းချက်အချို့ ပါဝင်ပြီး ဥပဒေပြဋ္ဌာန်းချက်များအရ ထိုသို့ကန့်သတ်ခြင်းကို ခွင့်ပြုထားသည်။
ဤဥပဒေအရ လူပုဂ္ဂိုလ်အခွင့်အရေးနှင့် လွတ်လပ်ခွင့်များကို ကန့်သတ်ရန် အကြောင်းပြချက်နှင့် လိုအပ်ချက်မှာ အလုပ်အကိုင်လုံခြုံရေးနှင့် ပိုမိုကောင်းမွန်သော ဘဝအရည်အသွေးကို သေချာစေရန်အတွက် နိုင်ငံလူဦးရေ၏ အများစုဖြစ်သော အလုပ်သမားများ ဝန်ထမ်းများ၏ လူနေမှုဘဝကာကွယ်မှုကို မြှင့်တင်ရန်ဖြစ်သည်။
သာသနာသက္ကရာဇ် ၂၅၄၁ ခုနှစ် (၁၉၉၈ ခုနှစ်) တွင်ပြဌာန်းထားသည့် အလုပ်သမားကာကွယ်စောင့်ရှောက်ရေးဥပဒေ ပုဒ်မ ၄/၁ ကို ပြန်လည်ပြင်ဆင်ပြဌာန်းလိုက်သည်မှာ
"ပုဒ်မ ၄၁: ကိုယ်ဝန်ဆောင် အမျိုးသမီးဝန်ထမ်း(အလုပ်သမား)တစ်ဦးသည် ရက်ပေါင်း ၁၂၀ ထက် မပိုသော မီးဖွားခွင့်ခံစားခွင့်ရှိသည်။
ပုဒ်မ ၅: အလုပ်သမားကာကွယ်စောင့်ရှောက်ရေးဥပဒေ ပုဒ်မ ၄၃ ၏ အပိုဒ်၄အဖြစ်"ကလေးသည် မွေးဖွားပြီးနောက် ပုံမှန်မဟုတ်ခြင်း သို့မဟုတ် မသန်စွမ်းမှုဖြစ်ခြင်း အစရှိသည့် နောက်ဆက်တွဲအဖြစ်ပေါ််လာသည့် ပြဿနာကို အခြေခံ၍ မီးဖွားခွင့်ကို အမျိုးသမီးဝန်ထမ်းတစ်ဦးသည် နောက်ထပ် ၁၅ ရက် ထပ်မံခွင့်ယူနိုင်သည် သို့သော် ခွင့်ယူခြင်းဆိုင်ရာကိစ္စရပ်နှင့်ပတ်သက်၍ ဥပဒေပြဌာန်းချက်ပါအတိုင်း ဆရာထောက်ခံစာနှင့်တကွတင်ပြရမည်။
အိမ်ထောင်ဖက် (ခင်ပွန်း) သည်လည်း မီးဖွားသည့်ဇနီးသည်ကို အနီးကပ်ပြုစုနိုင်ရန်အတွက် ရက်ပေါင်း ၁၅ ရက် အနားယူခွင့် (ခွင့်ယူခွင့်) ရရှိနိုင်မည်ဖြစ်သည် ထိုခွင့်ကိုမီးမဖွားခင်ကြိုတင်ခွင့်ယူနိုင်သလိုမီးဖွားပြီးမှလဲခွင့်ယူနိုင်သည်။
အလုပ်ရှင်မှဖြစ်သူမှလည်း အလုပ်သမား ဝန်ထမ်းအား ပြဌာန်းချက်ပါ အခွင့်အတိုင်း နားခြင်းကို ခွင့်ပြုပေးရမည်ဖြစ်ပြီး လုပ်အားခလည်း ပေးရမည်ဖြစ်သည်။
ဤဥပဒေသည်၊ ထုတ်ပြန်ပြဌာန်းသည့်နေ့မှစ၍ ရက်ပေါင်း) ၃၀ အကြာတွင် အကျုံးကျင့်သုံးသွားမည်ဖြစ်ပါသည်။
#အလုပ်သမား
#ရွှေ့ပြောင်းအလုပ်သမား
#အခွင့်အရေး
#အလုပ်သမားဥပဒေ
#မီးဖွားခွင့်

နိုင်ငံခြားသားလုပ်သားအလုပ်အကိုင်စီမံခန့်ခွဲမှုကော်မတီ (FMO) ၏ တင်ပြခဲ့သည့် အချက်လက်နှင့် ပတ်သက်၍ ပြီးခဲ့သည့် ကက်ဘိနက်အဖွ...
07/11/2025

နိုင်ငံခြားသားလုပ်သားအလုပ်အကိုင်စီမံခန့်ခွဲမှုကော်မတီ (FMO) ၏ တင်ပြခဲ့သည့် အချက်လက်နှင့် ပတ်သက်၍ ပြီးခဲ့သည့် ကက်ဘိနက်အဖွဲ့၏ ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၁၉ ရက်နေ့ အစိုးရအဖွဲ့၏ အတည်ပြုဆုံးဖြတ်ချက်အရ အလုပ်သမားရှားပါးမှုပြဿနာကို ဖြေရှင်းရန် ဆောင်ရွက်ချက်များကို ပူးတွဲစဉ်းစားသုံးသပ်ခဲ့ပြီး နိုင်ငံတကာဆက်ဆံရေး၊ လက်ရှိပြည်တွင်းလုပ်သားရှားပါးမှုအခြေအနေနှင့် လက်ရှိစီးပွားရေးအခြေအနေတို့နှင့် ကိုက်ညီမှုရှိစေရန် ဆောင်ရွက်ချက်များကို ပြန်လည်သုံးသပ်ခဲ့သည်။


ဤအစည်းအဝေးတွင် အဓိကကျသော အကြောင်းအရာသုံးခုသည် အောက်ပါအတိုင်းဖြစ်သည်-

၁။ အသက် ၁၈ နှစ်နှင့်အထက်ရှိပြီး ထိုင်းနိုင်ငံတွင် နေထိုင် အလုပ် လုပ်ကိုင်ခွင့် လက်မှတ်အထောက်အထား ရှိသော်လည်း အလုပ်လုပ်ခွင့်လက်မှတ် သို့မဟုတ် ခွင့်ပြုချက်သက်တမ်း ကုန်ဆုံးသွားသော လာအို၊ မြန်မာနှင့် ဗီယက်နမ်နိုင်ငံသားနှင့် ပြဌာန်းချက်မထုတ်ပြန်မီအတွင်း တရားမဝင်ရောက်ရှိပြီး အလုပ်ရှင်နှင့် အလုပ် လုပ်ကိုင်လျှက်ရှိသော ရွှေ့ပြောင်းလုပ်သားများကို နေထိုင် အလုပ် လုပ်ကိုင်ခွင့်ပြုအဖြစ် သက်ညှာဖြေလျှော့ ပေးထားသည်။

ကမ္ဘောဒီးယားရွှေ့ပြောင်းလုပ်သားများအတွက်မှာမူ အလုပ်အကိုင်ဌာနမှ ချမှတ်ထားသော လမ်းညွှန်ချက်များကို လိုက်နာရမည်။

၂။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၂၄ ရက်နေ့ ရက်စွဲဖြင့် ကက်ဘိနက်အဖွဲ့၏ အတည်ပြု ဆုံးဖြတ်ချက်အရ ၂၀၂၆ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့အထိ အလုပ် လုပ်ခွင့် ရရှိထားသည့် ရွှေ့ပြောင်းအလုပ်သမား နှင့် ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် သက်တမ်းကုန်ထားသည့် ရွှေ့ပြောင်းအလုပ်သမားတို့အား နောက်ထပ် ၁ နှစ် နေထိုင် အလုပ် လုပ်ကိုင်ခွင့်ပြုသည် ထိုခွင့်ပြုချက်နှင့်အညီ သတ်မှတ်ထားသည့် အချိန်ကာလ အတွင်းစာရွက်စာတမ်းသက်တမ်းမကုန်ဆုံးမီ အထောက်အထားစာရွက်စာတမ်းများနှင့်အတူ နေထိုင် အလုပ် လုပ်ကိုခွင့်သက်တမ်းတိုးလျှောက်လွှာများကို တင်သွင်းခွင့်ပြုသည်။

၃။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၂၄ ရက်၊ ပြဌာန်းချက်နှင့် ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၄ ရက် အပါဝင်၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၈ ရက်နေ့တွင် အစိုးရအဖွဲ့၏ ဆုံးဖြတ်ချက်များနှင့်အညီ အလုပ်ရှင်များ အနေဖြင့် နိုင်ငံခြားသားများကို အလုပ်သမားအဖြစ်ခန့်အပ်ရာတွင် အလုပ်သမားအာမခံကြေး အဖြစ် နိုင်ငံခြားသား အလုပ်သမားတစ်ဦးလျှင် ၁,၀၀၀ ဘတ် အမြင့်ဆုံးအားဖြင့် ၁၀၀,၀၀၀ သိန်းဘတ် တင်သွင်း ရမည်ဖြစ်ဆိုသည့် ပြဌာန်းချက်ကို ပြန်လည်ပြင်ဆင်သည့်အနေဖြင့် နိုင်ငံခြားသားလုပ်သားများကို ၎င်းတို့၏ မူလနိုင်ငံသို့ ပြန်လည်ပို့ဆောင်ရာတွင် တင်သွင်းထားသည့် အာမခံငွေထက်ပိုလွန်ပါက ကုန်ကျစရိတ်များကို အလုပ်ရှင်များကတာဝန်ယူ ဆောင်ရွက်ရမည် ဖြစ်သည်။

အသေးစိပ်သိရှိလိုပါက အလုပ်သမားဝန်ကြီးဌာန ဝက်ဘ်ဆိုက် doe.go.th သို့မဟုတ် ဘန်ကောက်အလုပ်အကိုင်ရုံး ဧရိယာ ၁-၁၀ သို့မဟုတ် ခရိုင်အသီးသီးရှိ အလုပ်အကိုင်ရှာဖွေခန့်ထားရေး ရုံးများတွင် မေးမြန်းစုံစမ်းနိုင်သလို သို့မဟုတ် အလုပ်သမားဝန်ကြီးဌာန၏ hotline၊ ၁၅၀၆ -၂ ကိုနှိပ်၍၊ ဖုန်းခေါ်ဆိုနိုင်သည်။

“ตรีนุช” นั่งประธาน คบต. ทบทวน - ขยายเวลาทำงานแรงงานต่างด้าว - ผ่อนผันต่อใบอนุญาต - ลดหลักประกันนายจ้าง แก้ปัญหาขาดแคลนแรงงาน

วันที่ 7 พฤศจิกายน 2568 เวลา 10.00 น. นางสาวตรีนุช เทียนทอง รัฐมนตรีว่าการกระทรวงแรงงาน เป็นประธานการประชุมคณะกรรมการนโยบายการบริหารจัดการการทำงานของคนต่างด้าว (คบต.) ครั้งที่ 7/2568 โดยมี พันตำรวจโท วรรณพงษ์ คชรักษ์ ปลัดกระทรวงแรงงาน นายสมชาย มรกตศรีวรรณ ผู้ตรวจราชการกระทรวงแรงงาน รักษาราชการแทน อธิบดีกรมการจัดหางาน ผู้บริหารกระทรวงแรงงาน และผู้แทนจากหน่วยงานที่เกี่ยวข้อง อาทิ กระทรวงกลาโหม กระทรวงมหาดไทย กระทรวงสาธารณสุข กองอำนวยการรักษาความมั่นคงภายในราชอาณาจักร สภาความมั่นคงแห่งชาติ สภาหอการค้าแห่งประเทศไทย ร่วมประชุม ณ ห้องประชุม ศ.นิคม จันทรวิทุร ชั้น 5 กรมสวัสดิการและคุ้มครองแรงงาน อาคารกระทรวงแรงงาน

นางสาวตรีนุช เทียนทอง รัฐมนตรีว่าการกระทรวงแรงงาน เปิดเผยว่า วันนี้ (วันที่ 7 พฤศจิกายน 2568) ที่ประชุมคณะกรรมการนโยบายการบริหารจัดการการทำงานของคนต่างด้าว ได้ร่วมกันพิจารณาและทบทวนมาตรการแก้ไขปัญหาการขาดแคลนแรงงานตามมติคณะรัฐมนตรีเมื่อวันที่ 19 สิงหาคม 2568 เพื่อให้สอดคล้องกับบริบทความสัมพันธ์ระหว่างประเทศ รวมถึงสถานการณ์การขาดแคลนแรงงานภายในประเทศและสภาพทางเศรษฐกิจในปัจจุบัน โดยที่ประชุมได้ร่วมกันพิจารณาและทบทวน 3 แนวทางสำคัญ ดังนี้
1. อนุญาตให้แรงงานต่างด้าว สัญชาติ ลาว เมียนมา และเวียดนาม ที่มีอายุ 18 ปีขึ้นไป และมีหลักฐานการอนุญาตให้อยู่หรือทำงานในประเทศไทยแต่การอนุญาตทำงานหรือการอนุญาตให้อยู่ในราชอาณาจักรสิ้นสุด รวมถึงคนต่างด้าวสัญชาติ ลาว และเมียนมาที่เข้าเมืองผิดกฎหมายก่อนที่ประกาศจะมีผลบังคับใช้และต้องการทำงาน สามารถอยู่ในราชอาณาจักรเป็นการชั่วคราวเพื่อทำงานได้ 1 ปี
ในส่วนคนต่างด้าวสัญชาติกัมพูชา ต้องเป็นคนที่อยู่หรือเคยอยู่และทำงานในราชอาณาจักรแล้วเท่านั้น และต้องดำเนินการตามแนวทางที่กรมการจัดหางานกำหนด
2. ผ่อนผันให้คนต่างด้าวตามมติคณะรัฐมนตรีเมื่อวันที่ 24 กันยายน 2567 ที่ได้รับอนุญาตถึง 31 มีนาคม 2569 และวันที่ 4 กุมภาพันธ์ 2568 ที่ได้รับอนุญาตถึง 13 กุมภาพันธ์ 2569 อยู่และทำงานได้ต่อไปเป็นระยะเวลา 1 ปี โดยให้ยื่นคำขอต่ออายุใบอนุญาตทำงาน พร้อมเอกสารหลักฐาน ก่อนที่ใบอนุญาตทำงานหมดอายุ เพื่อป้องกันการขาดแคลนแรงงานอันจะส่งผลกระทบต่อการประกอบธุรกิจของนายจ้าง สถานประกอบการ
3. แก้ไขการเก็บหลักประกันในการนำคนต่างด้าวมาทำงานกับนายจ้างในประเทศ (กรณีหลักประกันของนายจ้าง) ตาม มติ ครม. เมื่อวันที่ 24 กันยายน 2567 วันที่ 4 กุมภาพันธ์ 2568 และมติวันที่ 8 กรกฎาคม 2568 โดยให้นายจ้างวางหลักประกัน 1 พันบาท ต่อการจ้างคนต่างด้าว 1 คน สูงสุดไม่เกิน 1 แสนบาท เพื่อช่วยบรรเทาและลดภาระต้นทุนให้กับนายจ้าง สถานประกอบการ โดยนายจ้างต้องรับผิดชอบค่าใช้จ่ายส่งคนต่างด้าวกลับไปยังประเทศต้นทาง กรณีมีค่าใช้จ่ายเกินหลักประกันที่วางไว้

ด้านนายสมชาย มรกตศรีวรรณ ผู้ตรวจราชการกระทรวงแรงงาน รักษาราชการแทน อธิบดีกรมการจัดหางาน กล่าวเพิ่มเติมว่า มาตรการทั้ง 3 แนวทางนี้เป็นการบริหารจัดการแรงงานต่างด้าวอย่างเป็นระบบ เพื่อตอบโจทย์การขาดแคลนแรงงานและช่วยลดภาระให้กับนายจ้างได้อย่างแท้จริง โดยกรมการจัดหางานจะเร่งรัดสรุปผลการพิจารณาทั้งหมดเพื่อเสนอต่อคณะรัฐมนตรีให้ความเห็นชอบโดยเร็วที่สุดต่อไป โดยแรงงานต่างด้าวกลุ่มดังกล่าวจะได้รับการผ่อนผันก็ต่อเมื่อคณะรัฐมนตรีมีมติเห็นชอบ และประกาศกระทรวงมหาดไทย รวมถึงประกาศกระทรวงแรงงานมีผลบังคับใช้แล้วเท่านั้น

อย่างไรก็ดี ในระหว่างนี้ ขอให้นายจ้าง สถานประกอบการ และแรงงานต่างด้าว ติดตามข่าวสารและรายละเอียด แนวทางการปฏิบัติจากกรมการจัดหางานอย่างใกล้ชิด ที่เว็บไซต์กรมการจัดหางาน doe.go.th หรือสอบถามข้อมูลเพิ่มเติมได้ที่ สำนักงานจัดหางานกรุงเทพมหานครพื้นที่ 1 – 10 หรือสำนักงานจัดหางานจังหวัดทั่วประเทศ หรือที่สายด่วนกระทรวงแรงงาน โทร. 1506 กด 2 กรมการจัดหางาน

အလုပ်သမားဝန်ကြီးဌာန၏  e-Workpermit စနစ်တွင် ဝန်ဆောင်မှုရယူသူများအတွက် ရင်ဆိုင်ရသည့်ပြဿနာကို အလုပ်အကိုင်ရှာဖွေရေးဦးစီးဌာန...
30/10/2025

အလုပ်သမားဝန်ကြီးဌာန၏ e-Workpermit စနစ်တွင် ဝန်ဆောင်မှုရယူသူများအတွက် ရင်ဆိုင်ရသည့်ပြဿနာကို အလုပ်အကိုင်ရှာဖွေရေးဦးစီးဌာနမှ အောက်ပါအတိုင်း အစီစဉ်ချမှတ်လိုက်ပါသည်။

၁။ e-Workpermitစနစ်အသုံးပြုနေစဉ် အခက်ခဲပြဿနာရှိပါက အလုပ်ရှင်/လုပ်ငန်းရှင်နှင့် နိုင်ငံခြားသားတို့သည် တွေ့ရှိသည့်ပြဿနာကို ဖော်ပြသည့် အထောက်အထားများကို စခရင်ရှော့ (Capture) ရိုက်ယူပြီး သိမ်းဆည်းထားရမည်။

၂။ အလုပ်အကိုင်ရှာဖွေရေးဦးစီးဌာန (DOEL) တာဝန်ရှိသူများနှင့် ဆက်သွယ်၍ အလုပ်ရှင်/လုပ်ငန်းရှင်နှင့် နိုင်ငံခြားသားတို့သည် အပိုဒ်(၁)တွေ့ရှိသည့် ပြဿနာကို ဖော်ပြသည့် အထောက်အထားများနှင့်အတူ ခရိုင်/အလုပ်အကိုင်ရှာဖွေခန့်ထားရေးရုံးများ (၁-၁၀) သို့ ဆက်သွယ်ရမည်။

၃။ တာဝန်ရှိသူမှ အထောက်အထားစာရွက်စာတမ်းများကို စစ်ဆေးခြင်း ခရိုင် (၁-၁၀) မှ တာဝန်ရှိသူများသည် အထောက်အထားစာရွက်စာတမ်းများကို စစ်ဆေးမည်ဖြစ်ပြီး၊ စနစ်မှတစ်ဆင့် ဆက်လက်ဆောင်ရွက်၍ရပါက အလုပ်ရှင်/လုပ်ငန်းရှင်နှင့် နိုင်ငံခြားသားထံသို့ ပြန်လည်လွှဲပြောင်းပေးမည်။

ဆောင်ရွက်ခြင်းစတင်နိင်မည့်ရက် ၂၀၂၅ ခုနှစ် အောက်တိုဘာ ၂၉ ရက် မှ ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၂၈ ရက် အထိ။

เพื่อแก้ไขข้อขัดข้อง ของประชาชนผู้รับบริการในระบบ e-Workpermit กรมการจัดหางานจึงมีมาตรการดังต่อไปนี้

1.กรณีพบข้อขัดข้อง ในงานใช่งานระบบ ให้นายจ้าง / สถานประกอบการ และคนต่างด้าวเก็บหลักฐานที่แสดงให้เห็นถึงข้อขัดข้อง โดยวิธีการจับภาพหน้าจอ (Capture)

2.ติดต่อ จนท.กรมการจัดหางาน นายจ้าง / สถานประกอบการ และคนต่างด้าว ติดต่อ ณ ศจจ./สจจ.ที่1-10 พร้อมเอกสารหลักฐานที่แสดงให้เห็นถึงข้อขัดข้อง ตามข้อที่ 1

3.จนท.ตรวจสอบเอกสารหลักฐาน จนท. ศจจ.1-10/สจจ. ตรวจเอกสารหลักฐาน หากพบว่าไม่สามารถดำเนินการผ่านระบบได้ ให้กับ นายจ้าง / สถานประกอบการ และคนต่างด้าว

เริ่มดำเนินการ ตั้งแต่วันที่ 29 ต.ค. 68 - 28 ม.ค. 69

ကြေညာချက်မဲဆောက်မြို့၊မြို့တော်စည်ပင်သာယာရေးကော်မတီမှ ထုတ်ပြန်‌ကြေညာသည်။အကြောင်းအရာ။  ။ မီးရှူးမီးပန်းနှင့် ဗြောက်အိုး ဗ...
22/10/2025

ကြေညာချက်
မဲဆောက်မြို့၊မြို့တော်စည်ပင်သာယာရေးကော်မတီမှ ထုတ်ပြန်‌ကြေညာသည်။

အကြောင်းအရာ။ ။ မီးရှူးမီးပန်းနှင့် ဗြောက်အိုး ဗြောက်ဗုံး
၊ မီးရှူးပန်းများ၊ မီးပုံးများ နှင့်ပတ်သက်၍ ပူးပေါင်းဆောင်ရွက်ရန်
******************************************
နှစ်စဉ်ကျင်းပမြဲဖြစ်သည့် လွိုင်ကထုံး (Loi Krathong) ပွဲတော်ကာလအတွင်း မဲဆောက်မြို့တော်စည်ပင်သာယာရေးနယ်မြေ၏ နေရာအနှံ့အပြားတွင် လွိုင်ကထုံးပွဲတော်များကို အသီးသီးကျင်းပကြပါသည်။
ပြည်သူများသည်လည်း ပွဲတော်ကျင်းပရာ‌ နေရာများတွင် ပါဝင်ဆင်နွှဲရန် နေရာဒေသအသီးသီးသို့ နှစ်သက်ရာ နေရာများကို သွားရောက်လည်ပတ်၍ပါဝင်ဆင်နွဲကြပါသည်။
ထိုသို့သွားရောက်၍ပါဝင်ဆင်နွဲကြရာတွင် ပွဲတော်ကို ဂုဏ်ပြုသောအားဖြင့် မီးပုံးများ၊လွှတ်တင်ခြင်း မီးရှူး မီးပန်းများ၊ဗြောက်အိုး ဗြောက်ဗုံးများ ဖောက်ခြင်း အစရှိသည်များကို ပြုလုပ်‌လေ့ရှိကြ ပါသည်။

ထိုသို့ပြုလုပ်ခြင်းကြောင့် မီးဘေးအန္တရာယ်ကဲ့သို့သော မတော်တဆမှု များဖြစ်ပေါ်လာနိုင်သည့်အတွက် လူမှုအသိုင်းအဝိုင်းနှင့် အများပြည်သူတို့၏ အသက်အိုးအိမ်စည်းစိမ်များ ဆုံးရှုံးနစ်နာမှု ‌မဖြစ်စေရန် မဲဆောက်မြို့
မြို့တော်စည်ပင်သာယာရေးကော်မတီမှ သုံးသပ်ပြီးဖြစ်သည့်အားဖြင့် မီးပုံးများ၊‌လွှတ်တင်ခြင်း မီးရှူး မီးပန်းများ၊ဗြောက်အိုး ဗြောက်ဗုံးများ ဖောက်ခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သည့် ပြင်းထန်သော ဘေးအန္တရာယ်နှင့် မတော်တဆမှုများကို ကာကွယ်ရန်နှင့် လျှော့ချရန်အတွက် မဲဆောက်မြို့တော်စည်ပင်သာယာရေးကော်မတီမှ ပြည်သူလူထုအား ၂၀၂၅ ခုနှစ် နိုဝင်ဘာလ ၃ ရက်နေ့မှ ၅ ရက်နေ့အထိ လွိုင်ကထုံးပွဲတော်ကာလအတွင်းမီးပုံးများ၊လွှတ်တင်ခြင်း မီးရှူး မီးပန်းများ၊ဗြောက်အိုး ဗြောက်ဗုံးများ ရောင်းချခြင်းနှင့် ဖောက်ခြင်းကို ရှောင်ရှားရန် ပူးပေါင်းဆောင်ရွက်ရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။

ထုတ်ပြန်သည့်နေ့: ၂၀၂၅ ခုနှစ် အောက်တိုဘာလ ၂၁ ရက်

(နိုင် ကွန်လ် ခ‌ရေလ်ဝီရာ့)

မဲဆောက်မြို့တော် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ
#เทศบาลนครแม่สอด

အကြောင်းအမျိုးမျိုးကြောင့် တရားမဝင် ဝင်ရောက်လာတဲ့ အထောက်အထားမဲ့ နိုင်ငံခြားသား ရွှေ့ပြောင်အလုပ်သမားများအတွက် ပန်းရောင်ကဒ...
25/09/2025

အကြောင်းအမျိုးမျိုးကြောင့် တရားမဝင် ဝင်ရောက်လာတဲ့ အထောက်အထားမဲ့ နိုင်ငံခြားသား ရွှေ့ပြောင်အလုပ်သမားများအတွက် ပန်းရောင်ကဒ် အစီစဉ်လာပါပြီ

ဘယ်နေ့စာရင်းတင်ရမလဲ။ 10 -24 ရက် အောက်တိုဘာလ ၂၀၂၅ )နိမ်လစ်တင်ရမယ်)

ပါမစ်ကဘယ်နေ့လုပ်ရမလဲ 25 /10 /2025 -23 /12/2025 ရက်အတွင်း ဝါစ့်ပါမစ်ငွေသွင်း၊ ဝါစ့်ပါမစ်တင်ရမယ်

ကျန်းမာရေးကဘယ်နေ့စစ်ရမလဲ။
သွေးစစ်၊ ကျန်းမာရေးအာမခံဝယ်၊
24/12/2025- 22/1/2026 အတွင်း

တောမောင်းမှာ တုံထုလက်ဗွေနှိပ်
24/12/2025- 22/1/2026 အတွင်း

ပန်းရောင်ကဒ်ရိုက်ရိုက်

24/12/2025 22/1/20256 အတွင်း

သက်တမ်းဘယ်လောက်ရမလဲ

သက်တမ်း 1နှစ် ( 9 ရက် အောက်တိုဘာ 2026 )
ထိရမယ် ပြီးရင်သက်တမ်းဆက်

“ဖုန်ကဝင်” သည် အလုပ်သမားရှားပါးမှုကို ကိုင်တွယ်ဖြေရှင်းရန်နှင့်  နိုင်ငံခြားအလုပ်သမားများ၏ အလုပ်အကိုင်ကို မြှင့်တင်ရန်အတ...
27/08/2025

“ဖုန်ကဝင်” သည် အလုပ်သမားရှားပါးမှုကို ကိုင်တွယ်ဖြေရှင်းရန်နှင့် နိုင်ငံခြားအလုပ်သမားများ၏ အလုပ်အကိုင်ကို မြှင့်တင်ရန်အတွက် မြန်မာစစ်ရှောင်များကို အလုပ်လုပ်ခွင့် ပြုရန် ထိုင်းအစိုးရသဘောတူ

ဩဂုတ်၂၆၊ ၂၀၂၅

ထိုင်း-မြန်မာ နယ်စပ်တွင်တည်ရှိသောက္ခသည် စခန်းတွေမှာ ရှိတဲ့ မြန်မာစစ်ရှောင်တွေကို အလုပ်လုပ်ခွင့် ပြုဖို့ ထိုင်းအစိုးရအဖွဲ့က ဩဂုတ်လ ၂၆ ရက်မှာ မူအားဖြင့် သဘောတူလိုက်ခြင်းဖြစ်သည်ဟု အလုပ်သမားဝန်ကြီးဌာန ဝက်ဆိုက်ဒ်တွင်ဖော်ပြထားပါတယ်။

အဆိုပြုချက်ကို ထိုင်းပြည်ထဲရေး ဝန်ကြီးနဲ့ လက်ရှိ ယာယီဝန်ကြီးချုပ်အဖြစ် တာဝန်ယူထားသူ ဖုန်သမ် ဝီချာယာချိုင်က လက်မှတ်ရေးထိုးအတည်ပြုလိုက်ခြင်းဖြစ်ပြီး ဤအတည်ပြုချက်ကြောင့် မဲ့‌ဟောင်စောင် တာခ် ကန်ချနာ့ရီ နှင့် ရာတ်ချဘူရီ ခရိုင် ၄ခုတွင် ရှိသော မြန်မာ့စစ်ရှောင်ဒုက္ခသည် စခန်း ၉ ခုမှာ ယာယီ ခိုလုံနေထိုင်ကြသည့်ဒုက္ခသည်များကို နိုင်ငံခြားသားအလုပ်သမား စီမံခန့်ခွဲမှုနှင့်အညီ ခရိုင်အုပ်ချုပ်ရေးဦးစီးဌာန ခွင့်ပြုမိန့်ရရှိသည့်နေ့မှစ၍ အထူးကိစ္စရပ်အဖြစ် ၁ နှစ်ထက်မပိုသော တရားဝင်နေထိုင်ခွင့် အလုပ် လုပ်ကိုင်ခွင့် ပေးသွားမည်ဖြစ်သည်။

ဒါဟာလူသားချင်းစာနာမှုအပြင် ထိုင်းနိုင်ငံရဲ့ အကျိုးစီးပွားအတွက်ပါ အထောက်အကူဖြစ်စေမယ်လို့ မျှောလင့်ရပသည် မြန်မာဒုက္ခသည်တွေကို တရားဝင်အလုပ်လုပ်ခွင့် ပြုခြင်းသည် ထိုင်းနိုင်ငံအတွက် လုံခြုံရေး၊အလုပ်သမားလိုအပ်ချက်၊ စီးပွားရေး၊ ပြည်သူ့ကျန်းမာရေး နိုင်ငံတကာဆက်ဆံရေး တို့ အတွက် များစွာ အကျိုးရှိကြောင်း ပြည်ထဲရေးဝန်ကြီး Phumtham Wechayacha ကပြောပါသည်။

ဒုက္ခသည်များအနေဖြင့် ကန်သတ်နယ်မြေမှ ထွက်ခွာခွင့် တောင်းခံပြီး အလုပ်လုပ်ခွင့် လျှောက်လွှာတင်ရမည်ဟု အလုပ်သမားဝန်ကြီး မစ္စတာ ဖုန်ကဝင်က ဆက်လက်ပြောသည်။

အလုပ် လုပ်ခွင့်ပါမစ်ရရှိသော နိုင်ငံခြားသားများသည် နိုင်ငံခြားသားများအတွက် တားမြစ်ထားသည့် အလုပ်အကိုင်မှအပ ဝန်ဆောင်မှုလုပ်ငန်းနှင့် ဈေးရောင်း အစရှိသည့် မည်သည့်အလုပ်ရှင်နှင့်မဆို လုပ်ကိုင်ခွင့်ရှိသည်။

လက်ရှိမှာ ထိုင်းနိုင်ငံ အတွင်း လုပ်သားလိုအပ်ချက် ရှိနေသလို မြန်မာနိုင်ငံသားများ အတွက်လည်း အလုပ်အကိုင်အခွင့်အလမ်းများ ဖြစ်စေတယ်လို့လည်း ထုတ်ပြန်ချက်မှာဖေါ်ပြထားပါတယ်။

ယခုအစိုးရအဖွဲ့ရဲ့ အတည်ပြုချက်ကို ထိုင်းဘုရင်ထံပေးပို့သွားပြီး ထိုင်းဘုရင်မှ လက်မှတ်ထိုးအတည်ပြု ပြီးပါက သက်ဝင်ကျင့်သုံးသွားမည်ဖြစ်သည်၊၊

“พงศ์กวิน” ดันจ้างงานแรงงานต่างด้าวในพื้นที่พักพิง แก้ปัญหาขาดแคลนแรงงาน สร้างความมั่นคงทางแรงงาน

26-08-2025
นายพงศ์กวิน จึงรุ่งเรืองกิจ รัฐมนตรีว่าการกระทรวงแรงงาน เปิดเผยว่า ที่ประชุมคณะรัฐมนตรี (ครม.) วันนี้ได้มีมติเห็นชอบแนวทางบริหารจัดการการทำงานของคนต่างด้าวที่พำนักอยู่ในพื้นที่พักพิงชั่วคราวสำหรับผู้หนีภัยการสู้รบจากเมียนมา เพื่อแก้ปัญหาการขาดแคลนแรงงาน และขับเคลื่อนเศรษฐกิจของประเทศ โดยผ่อนผันให้คนต่างด้าวที่อาศัยอยู่ในพื้นที่พักพิงชั่วคราวสำหรับผู้หนีภัยการสู้รบจากเมียนมาทั้ง 9 แห่งใน 4 จังหวัด ได้แก่ แม่ฮ่องสอน ตาก กาญจนบุรี และราชบุรี ซึ่งกรมการปกครองได้จัดทำทะเบียนเรียบร้อยแล้ว โดยได้รับอนุญาตให้อยู่ในราชอาณาจักรเป็นกรณีพิเศษเพื่อทำงานได้ไม่เกิน 1 ปี นับตั้งแต่วันที่มีคำสั่งอนุญาต

นายพงศ์กวิน กล่าวเพิ่มเติมว่า คนต่างด้าวกลุ่มเป้าหมายจะต้องขออนุญาตออกนอกเขตพื้นที่ควบคุม และยื่นคำขออนุญาตทำงาน ซึ่งคนต่างด้าวที่ได้รับอนุญาตสามารถทำงานกับนายจ้างได้ทุกประเภทที่ไม่มีประกาศห้ามคนต่างด้าวทำ และมีสิทธิทำงานกรรมกรและงานขายของหน้าร้านกับนายจ้างตามประกาศกรมการจัดหางานว่าด้วยเงื่อนไขการรับคนต่างด้าวเข้าทำงาน

ด้านนายสมชาย มรกตศรีวรรณ อธิบดีกรมการจัดหางาน กล่าวว่า คนต่างด้าวที่ประสงค์จะทำงาน ต้องยื่นคำขออนุญาตออกนอกพื้นที่ควบคุม และยื่นคำขออนุญาตทำงานพร้อมเอกสารและหลักฐานที่กำหนดตามแบบคำขอ อาทิ หลักฐานการทำประกันสุขภาพแรงงานต่างด้าวกับกระทรวงสาธารณสุข และต้องชำระค่าธรรมเนียมการยื่นคำขอและค่าธรรมเนียมใบอนุญาตทำงานตามกฎหมาย อย่างไรก็ตาม ในการขออนุญาตทำงานครั้งแรก จะได้รับการยกเว้นค่าธรรมเนียมใบอนุญาตทำงาน เพื่อช่วยลดภาระค่าใช้จ่ายให้กับแรงงาน

ทั้งนี้ ครม.ให้ความเห็นชอบในหลักการร่างประกาศของกระทรวงแรงงาน จำนวน 1 ฉบับ และร่างประกาศของกระทรวงมหาดไทย จำนวน 1 ฉบับ โดยการดำเนินการตามมาตรการนี้จะสามารถดำเนินการได้หลังจากประกาศทั้งสองฉบับมีผลบังคับใช้แล้ว หากมีข้อสงสัยสามารถสอบถามข้อมูลเพิ่มเติมได้ที่ สำนักงานจัดหางานกรุงเทพมหานครพื้นที่ 1 – 10 หรือสำนักงานจัดหางานจังหวัดทั่วประเทศ หรือที่สายด่วนกระทรวงแรงงาน โทร 1506 กด 2 กรมการจัดหางาน หรือสายด่วนกรมการจัดหางาน โทร. 1694

https://www.doe.go.th/prd/main/news/param/site/1/cat/7/sub/0/pull/detail/view/detail/object_id/94509

အမြဲလိုလို ပြဿနာကြီးတစ်ခုအဖြစ် ရင်ဆိုင်နေရတဲ့ အလုပ်ထွက်စာ သို့ ဘိုင်ကျဲ့အော့ ကိစ္စအတွက်ဝမ်းသာစရာနိုင်ငံခြား အလုပ်သမားမျာ...
21/08/2025

အမြဲလိုလို ပြဿနာကြီးတစ်ခုအဖြစ် ရင်ဆိုင်နေရတဲ့ အလုပ်ထွက်စာ သို့ ဘိုင်ကျဲ့အော့ ကိစ္စအတွက်ဝမ်းသာစရာ

နိုင်ငံခြား အလုပ်သမားများ အလုပ်ပြောင်း သဌေးပြောင်းရာတွင် အလုပ်ပြောင်းစာ ဘိုင်ကျက်အော စာရွက်
မလိုအပ်တော့ပါ

ခရိုင်နယ်မြေဒေသအလိုက် တည်ရှိသော အလုပ်အကိုင်ရှာဖွေရေးရုံးများအားလုံးနှင့် ဘန်ကောက် အလုပ်အကိုင်ရှာဖွေရေးရုံးများ နယ်မြေ 1-10
အလုပ်အကိုင်ရှာဖွေခန့်ထားမှုဦးစီးဌာနသည် အလုပ်ရှင်/စက်မှုလုပ်ငန်းများနှင့် နိုင်ငံခြားသားများထံမှ တိုင်ကြားစာများကို လက်ခံရရှိခဲ့ပါသည်။

အချို့သော ခရိုင်နယ်မြေဒေသတွင်ရှိသော အလုပ်အကိုင်ရှာဖွေရေးရုံးများနှင့် ဘန်ကောက်ရှိ အလုပ်အကိုင်ရှာဖွေရေးရုံးများသည် နိုင်ငံခြားသားများနှင့် အလုပ်ရှင်များအကြား အလုပ်ရှင်ပြောင်းလဲမှု ဆောင်ရွက်ရာတွင် အလုပ်ရှင်သစ်ဖြစ်စေ အလုပ်အကိုင်ရှာဖွေရေးရု့းမှ ဖြစ်စေ ယခင်အလုပ်ရှင်ထံမှ အလုပ်သမားကို အလုပ်မှရပ်စဲကြောင်း (ကျဲ့အောက်) အထောက်အထားများ တောင်းခံလျက်ရှိနေပါသည်။

နိုင်ငံခြားသား အလုပ်သမားများ အလုပ်ရှင်ပြောင်းလဲရာတွင် (ဘိုင်ကျန့်အော့) စာရွက်မလိုအပ်တော့ဘဲ စာရွက်စာတမ်း အလွယ်တကူ ဆောင်ရွက်နိုင်ပြီဖြစ်ကြောင်း အလုပ်အကိုင် ဦးစီးဌာန၊ နိုင်ငံခြားအလုပ်သမား ညွှန်ကြားမှု ဦးစီးဌာနရုံး ထုတ်ပြန်လိုက်ပါသည်။

အလုပ်ရှင်/စက်မှုလုပ်ငန်းများနှင့် နိုင်ငံခြားသားများထံမှ တိုင်ကြားချက်အရ ဘန်ကောက်မြို့ အလုပ်ရုံရုံးနှင့် အချို့သော အလုပ်ရှင်ရုံးများက နိုင်ငံခြားသား အလုပ်သမားများ အလုပ်ရှင်ပြောင်းလဲရာတွင် ယခင်အလုပ်ရှင်ထံမှ ထွက်ခွာကြောင်း စာရွက်စာတမ်းများ တောင်းခံနေသည်ကို တွေ့ရှိရသည်။

သို့ဖြစ်ရာ အဆိုပါ ကိစ္စနှင့်ပတ်သက်၍ နိုင်ငံခြားသား အလုပ်အကိုင် စီမံခန့်ခွဲမှုဆိုင်ရာ တော်ဝင်အမိန့် (B.E. 2560) အရ နိုင်ငံခြားသား အလုပ်သမား တစ်ဦး၏ အလုပ်ရှင် ပြောင်းလဲမှုအတွက် ယခင်အလုပ်ရှင်ထံမှ ထွက်ခွာကြောင်း စာရွက်စာတမ်း များ တောင်းခံရန် မလိုအပ်ကြောင်း ညွှန်ကြားရေးမှူးချုပ်ရုံးမှ ရှင်းလင်းအသိပေးထားပြီးဖြစ်သည်။

အလုပ်ရှင်အသစ်နှင့် နိုင်ငံခြားသား အလုပ်သမားသည် ဥပဒေအရ သတ်မှတ်ထားသော ပုံစံများ (ဥပမာ- အလုပ်အကိုင် အကြောင်းကြားချက် ပုံစံ (ဖောင်ဘော်တော ၅၂) နှင့် အလုပ်ပါမစ် ပြင်ဆင်ရန် ပုံစံ (ဖောင်ဘော်တော ၄၄) စသည် ကိုသာ ကိုက်ညီသော အချိန်ကာလအတွင်း တင်သွင်းဆောင်ရွက်ကြရန် လိုအပ်ပြီး ယခင်အလုပ်ရှင်၏ အလုပ်ပြောင်း ထောက်ခံစာ (ဘိုင်ကျန့်အော့) ယူဆောင်စရာမလိုအပ်တော့ကြောင်း အသိပေးထုတ်ပြန်ကြေညာအပ်ပါသည်။

ထို့ကြောင့် ဥပဒေအရ လိုအပ်သည်ထက်ပို၍ စာရွက်စာတမ်းများ တောင်းခံခြင်းသည် လုပ်ပိုင်ခွင့်ကို အလွဲသုံးစားပြုခြင်းဖြစ်ပြီး အများပြည်သူအတွက်
မလိုလားအပ်သော ဝန်ထုပ်ဝန်ပိုး ဖြစ်စေပါသည် အလုပ်ရှင် အပြောင်းအလဲ၏ အကြောင်းကြားစာ( ဘိုင်ကျဲ့အော့)သည် နိုင်ငံခြားသားများ အလုပ်ရပ်စဲခြင်းဆိုင်ရာကိစ္စကို မူလအလုပ်ရှင်၏ အကြောင်းကြားစာ မလိုအပ်ကြောင်း ကျွန်ုပ်တို့ အလေးပေးဖော်ပြလိုပါသည်။

((အနှစ်ချုပ် ဘိုင်ကျဲ့အော့ စာရွက်မလိုတော့ဘဲ အလုပ်မှ ထွက်လာသည့်အလုပ်သမား သတ်မှတ်ရက်အတွင်းအလုပ်ရှင်အသစ်ရပါက အလုပ်ရှင်တာဝန်အဖြစ် ကျဲ့ခေါက်ရမည်ဖြစ်ပြီး ကျဲ့အော့စာရွက်မလိုတော့ပါ))

เรื่อง การเรียกเอกสารหลักฐานประกอบการเปลี่ยนนายจ้าง
เรียน จัดหางานจังหวัดทุกจังหวัด และผู้อำนวยการสำนักงานจัดหางานกรุงเทพมหานครพื้นที่ ๑ - ๑๐

ด้วยกรมการจัดหางาน ได้รับเรื่องร้องเรียน/ร้องทุกข์จากนายจ้าง/สถานประกอบการ และคนต่างด้าว ว่าสำนักงานจัดหางานจังหวัดและสำนักงานจัดหางานกรุงเทพมหานครพื้นที่บางแห่ง เรียกเอกสารหลักฐาน การแจ้งคนต่างด้าวออกจากงานของนายจ้างรายเก่าจากคนต่างด้าวและนายจ้างสถานประกอบการที่ไป ดำเนินการแจ้งเปลี่ยนนายจ้าง

กรมการจัดหางานขอเรียนให้ทราบว่า พระราชกำหนดการบริหารจัดการการทำงานของคนต่างด้าว พ.ศ. ๒๕๖๐ และที่แก้ไขเพิ่มเติม มาตรา ๑๓ กำหนดให้นายจ้างที่รับคนต่างด้าวเข้าทำงานจะต้องแจ้งให้ นายทะเบียนทราบภายใน ๑๕ วันนับแต่วันที่จ้างคนต่างด้าว โดยใช้แบบแจ้งการจ้างคนต่างด้าวทำงาน แบบ บต. ๕๒ พร้อมแนบเอกสารหลักฐานตามที่ระบุท้ายแบบเพื่อประกอบการแจ้ง และมาตรา ๖๔/๒ กำหนดให้คนต่างด้าว จะต้องแจ้งให้นายทะเบียนทราบถึงผู้ที่เป็นนายจ้างภายใน ๑๕ วันนับแต่วันที่เข้าทำงาน โดยใช้แบบแจ้งเข้าทำงานของ คนต่างด้าว แบบ บต. ๕๕ พร้อมแนบเอกสารหลักฐานตามที่ระบุท้ายแบบเพื่อประกอบการแจ้ง ทั้งนี้ สำหรับคนต่างด้าว ที่ได้รับอนุญาตให้ทำงานจากนายทะเบียนเรียบร้อยแล้ว จะต้องยื่นคำขอเปลี่ยนรายการในใบอนุญาตทำงาน โดยใช้ แบบ บต. ๔๔ พร้อมเอกสารหลักฐานตามที่ระบุท้ายแบบและชำระค่าธรรมเนียมการเปลี่ยนรายการ ซึ่งเมื่อพิจารณาแบบฟอร์มทั้ง ๓ แบบดังกล่าวแล้ว ไม่พบว่ามีแบบฟอร์มใดกำหนดให้ใช้เอกสารหลักฐานการแจ้ง คนต่างด้าวออกจากงานของนายจ้างรายเดิมประกอบการแจ้งเปลี่ยนนายจ้าง และการแจ้งคนต่างด้าวออกจากงาน ไม่ใช่หน้าที่ของคนต่างด้าวและนายจ้างรายใหม่ที่รับคนต่างด้าวเข้าทำงาน

ดังนั้น การเรียกเอกสารหลักฐาน ที่เกินกว่าที่กฎหมายกำหนด จึงเป็นกรณีการใช้อำนาจหน้าที่ในการเรียกเอกสารหลักฐานโดยมิชอบ และสร้างภาระ เกินความจำเป็นให้กับประชาชน จึงขอเน้นย้ำทำความเข้าใจให้ทราบว่าการแจ้งเปลี่ยนนายจ้างไม่จำเป็นต้องใช้ เอกสารหลักฐานการแจ้งคนต่างด้าวออกจากงานของนายจ้างรายเดิม

ထိုင်းနိုင်ငံအတွင်း အထောက်အထား မပြည့်စုံသူများနှင့် အထောက်ထားမဲ့သူများအား တရားဝင်ဖြစ်စေရန်အထောက်သစ်ပြုလုပ်ပေးမည်။၁၉ဩဂုတ်...
20/08/2025

ထိုင်းနိုင်ငံအတွင်း အထောက်အထား မပြည့်စုံသူများနှင့် အထောက်ထားမဲ့သူများအား တရားဝင်ဖြစ်စေရန်အထောက်သစ်ပြုလုပ်ပေးမည်။

၁၉ဩဂုတ် ၂၀၂၅

အလုပ်သမားဝန်ကြီးဌာနက သတင်းထုတ်ပြန်ချက်များအရ အလုပ်သမားများနှင့် သက်ဆိုင်သော အချက်အလက်အချို့ကို လိုရင်းကျ အချက်အလက်တို့ကိုကောက်နှုတ်ဖော်ပြလ်ိုက်သည်

အလုပ်သမားဝန်ကြီးဌာန အလုပ်သမားဝန်ကြီးမှ နေရပ်ပြန် ကမ္ဘောဒီယား အလုပ်သမားများနေရာတွင် အလုပ်သမားပြတ်လပ်မှု ပြသာနာကို အစားထိုး ဖြေလျှော့စေနိုင်ရန် MOU စနစ်ဖြင့် သိရီလင်္ကာအလုပ်သမားများကို ခေါ်ယူဖြည့်ဆည်းသွားမည်။

ထိုင်းနိုင်ငံအတွင်းရှိ တရားဝင် နေထိုင် လုပ်ကိုင်ခွင့်အထောက်ထားများ အကြောင်းအမျိုးမျိုးဖြင့် တရားဝင်စနစ်မှ တရားမဝင်စနစ်ထဲသသို့ ကျရောက်နေသည့်
နိုင်ငံခြားသား အလုပ်သမားမျာကို အထောက်ထား မှန်ကန်အောင် ပြုလုပ်မည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်ပြီး အစိုးရအဖွဲ့က အတည်ပြု သဘောတူ ညီမှုရရှိခဲ့ကြောင်း သတင်းဖော်ပြထားပါတယ်။

အထောက်ထားမမှန်ကန်သည့် အလုပ်သမားများအတွက် သတင်းထုတ်ပြန်ချက် လုပ်ငန်းစဉ်များအရ အလုပ်ရှင်မှ လုပ်သားလိုအပ်ချက် အလုပ်လုပ်ကိုင်ခွင့် အမည်စာရင်း လျှောက်လွှာတင်သွင်းပြီး (၁၅) ရက်အတွင်းအလုပ်ပါမစ်ကြေးကို ပေးသွင်းရမည်။ (အမည်စာရင်းတင်ရန်ခွင့်ပြုချိန် ( ၁၅ ) ရက် )

ဆေးစစ်ချက်၊ကျန်းမာရေးအာမခံ စသည့် စာရွက်စာတမ်းများကို လိုအပ်သလို ပြင်ဆင်ပြီး (၆၀) ရက်အတွင်း ခရိုင်အလုပ်ရုံး သို့မဟုတ် ဘန်ကောက်အလုပ်ရှာဖွေရေးရုံးသို့ တင်ပြရမည်။ (သွေးစစ်ပကန်ဝယ် ပြီးဝပ်ပါမစ်လျှောက်ရန်ခွင့်ပြုချိန် ( ၆၀ ) ရက်)

ထိုသို့ စာရင်းတင်ထား‌ေသာ နိုင်ငံခြားသားအလုပ်သမားများသည် ရက် (၆၀) အတွင်း လူဝင်မှုကြီးကြပ်ရေးရုံးသို့ ကိုယ်တိုင်သွားရောက်၍ လက်ဗွေ့နှိပ် ကိုယ်ရေးအချက်အလက်များ မှတ်ပုံတင်ရမည် (တောမောမှာ လက်ဗွေနှိပ်ရန်ခွင့်ပြုချိန် ( ၆၀) ရက်)

မိသားစုဝင်များ၏ အခွင့်အရေး - အသက် (၁၈) နှစ်အောက် သားသမီးများသည် မိဘ၏ နေထိုင်ခွင့်အရ ယာယီနေထိုင်ခွင့် ရရှိမည်ဖြစ်ပြီး အသက် (၁၈) နှစ်ပြည့်ပါက ကိုယ်ပိုင်အလုပ်လုပ်ကိုင်ခွင့် လျှောက်ထားနိုင်ပြီး အလုပ်သမား ဝပ်ပါမစ်လျှောက်နိုင်ရန် ရက်ပေါင်း ၆၀ အထူးနေထိုင်ခွင့်ပေးမည်ဖြစ်ကြောင်းသိရပါတယ်။

"พงศ์กวิน" เผย ครม. เห็นชอบผ่อนผัน-นำเข้าแรงงานศรีลังกาทดแทน แก้ปัญหาขาดแคลนแรงงาน

นายพงศ์กวิน จึงรุ่งเรืองกิจ รัฐมนตรีว่าการกระทรวงแรงงาน เปิดเผยว่า วันนี้ (วันที่ 19 สิงหาคม 2568) ที่ประชุมคณะรัฐมนตรีได้มีมติเห็นชอบมาตรการแก้ไขปัญหาการขาดแคลนแรงงาน เพื่อส่งเสริมการเติบโตทางเศรษฐกิจและเพิ่มความสามารถในการแข่งขันของประเทศ โดยมาตรการนี้จะช่วยตอบสนองความต้องการแรงงานของนายจ้างและสถานประกอบการทั้งในภาคการผลิตและบริการ มีรายละเอียด ดังนี้
1. เห็นชอบแนวทางการบริหารจัดการคนต่างด้าวที่มีสถานะไม่ถูกต้อง โดยผ่อนผันให้แรงงานต่างด้าว 4 สัญชาติกัมพูชา ลาว เมียนมา และเวียดนาม ที่มีอายุ 18 ปีขึ้นไป และมีหนังสือเดินทางหรือเอกสารใช้แทนหนังสือเดินทางที่หมดอายุหรือมีรอยตราประทับ แต่การอนุญาตทำงานหรือการอนุญาตให้อยู่ในราชอาณาจักรสิ้นสุดลง แต่ไม่ได้เดินทางออกนอกราชอาณาจักร (Overstay) หรือระยะเวลาการอนุญาตยังไม่สิ้นสุดลง แต่ทำงานกับนายจ้างโดยไม่ได้รับอนุญาต นอกจากนี้ยังรวมถึงคนต่างด้าว 3 สัญชาติ (กัมพูชา ลาว และเมียนมา) ที่เข้าเมืองผิดกฎหมายก่อนที่คณะรัฐมนตรีจะให้ความเห็นชอบและต้องการทำงาน อนุญาตให้อยู่ในราชอาณาจักรเป็นการชั่วคราวเพื่อทำงานได้ 1 ปี
2. เห็นชอบแนวทางการนำเข้าแรงงานต่างชาติอื่นๆ ผ่านระบบ MOU เพื่อเป็นทางเลือกเพิ่มเติมให้กับนายจ้าง
และสถานประกอบการในการบริหารจัดการกำลังคน ในระยะแรกจะเริ่มนำเข้าแรงงานสัญชาติศรีลังกา

ด้านนายสมชาย มรกตศรีวรรณ อธิบดีกรมการจัดหางาน กล่าวว่า กรมการจัดหางานได้กำหนดแนวทางการดำเนินการบริหารจัดการคนต่างด้าวที่มีสถานะไม่ถูกต้อง ดังนี้
1. นายจ้าง ยื่นบัญชีรายชื่อพร้อมคำขออนุญาตทำงานแทนคนต่างด้าว และชำระเงินค่าธรรมเนียมใบอนุญาตทำงาน เป็นเวลา 15 วัน

2. จัดเตรียมเอกสารตามที่กำหนดในแบบคำขอ เช่น ใบรับรองแพทย์ หลักฐานการประกันสุขภาพ หรือหลักฐานการขึ้นทะเบียนเป็นผู้ประกันตน แล้วแต่กรณี ยื่นให้สำนักงานจัดหางานจังหวัด สำนักงานจัดหางานกรุงเทพมหานครพื้นที่ ภายใน 60 วัน

3. ให้คนต่างด้าวต้องไปดำเนินการจัดเก็บข้อมูลอัตลักษณ์บุคคลที่กองบังคับการตรวจคนเข้าเมือง 1 สำนักงานตรวจคนเข้าเมือง ตรวจคนเข้าเมืองจังหวัด หรือสถานที่อื่นที่สำนักงานตรวจคนเข้าเมืองกำหนด ภายใน 60 วัน กรณีคนต่างด้าวสัญชาติกัมพูชา ต้องรายงานตัวต่อเจ้าพนักงานตรวจคนเข้าเมืองครั้งแรกภายใน 60 วัน และหลังจากนั้นให้รายงานตัวทุก 60 วัน

4. ให้คนต่างด้าวสัญชาติลาว เมียนมา และเวียดนาม หนังสือเดินทางหรือเอกสารใช้แทนหนังสือเดินทางที่ยังไม่หมดอายุ สามารถขอรับการตรวจอนุญาตให้อยู่ในราชอาณาจักรเป็นการชั่วคราวเท่าระยะเวลาที่ได้รับอนุญาตทำงาน ณ สถานที่ที่สำนักงานตรวจคนเข้าเมืองกำหนด กรณีไม่มีหนังสือเดินทางหรือเอกสารใช้แทนหนังสือเดินทาง ให้ดำเนินการเพื่อให้ได้มาซึ่งเอกสารดังกล่าวและไปขอรับการตรวจลงตรา สำหรับการจัดทำหรือปรับปรุงทะเบียนประวัติและออกบัตรประจำตัวคนซึ่งไม่มีสัญชาติไทย ให้กรมการปกครองและกรุงเทพมหานครดำเนินการตามกฎหมายปกติ

นอกจากนี้ สำหรับผู้ติดตามซึ่งเป็นบุตรของแรงงานต่างด้าวที่มีอายุไม่เกิน 18 ปีบริบูรณ์ จะมีสิทธิอยู่ในราชอาณาจักรตามสิทธิของบิดาหรือมารดา โดยให้ผู้ติดตามหรือบิดามารดาจัดทำหรือปรับปรุงทะเบียนประวัติ นับตั้งแต่บิดาหรือมารดาได้รับอนุญาตทำงาน หากผู้ติดตามมีอายุครบ 18 ปี และประสงค์จะทำงาน จะได้รับอนุญาตให้อยู่ในประเทศเป็นกรณีพิเศษอีก 60 วัน เพื่อยื่นขออนุญาตทำงาน

ทั้งนี้ การดำเนินการของคนต่างด้าวทั้ง 2 กลุ่มจะสามารถเริ่มดำเนินการได้หลังจากประกาศกระทรวงมหาดไทยและประกาศกระทรวงแรงงานมีผลบังคับใช้แล้ว หากมีข้อสงสัยสามารถสอบถามข้อมูลเพิ่มเติมได้ที่ สำนักงานจัดหางานกรุงเทพมหานครพื้นที่ 1 – 10 หรือสำนักงานจัดหางานจังหวัดทั่วประเทศ หรือที่สายด่วนกระทรวงแรงงาน โทร 1506 กด 2 กรมการจัดหางาน หรือสายด่วนกรมการจัดหางาน โทร. 1694” นายสมชาย กล่าว

ที่อยู่

ซอยโรงเรียนวัดบุญญาวาส บ้านเลขที่ 2/2 ถนนอินทรคีรี
Mae Sot
63110

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Labor Law Clinic Mae Sotผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ ธุรกิจของเรา

ส่งข้อความของคุณถึง Labor Law Clinic Mae Sot:

แชร์