Burma Lawyers' Council

Burma Lawyers' Council Everyone should know the concept of legal knowledge.

အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီက ထုတ်ပြန်သည့် “ပြည်ထောင်စုအတိုင်ပင်ခံကောင်စီဥပ‌ဒေ”နှင့်စပ်လျဥ်း၍ ထုတ်ပြန်ကြေညာခ...
04/02/2026

အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီက ထုတ်ပြန်သည့် “ပြည်ထောင်စုအတိုင်ပင်ခံကောင်စီဥပ‌ဒေ”နှင့်စပ်လျဥ်း၍
ထုတ်ပြန်ကြေညာချက်

ရက်စွဲ - ၂၀၂၆ ဖေဖော်ဝါရီလ (၄) ရက်

၁။ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီက “ပြည်ထောင်စုအတိုင်ပင်ခံကောင်စီ ဥပဒေ”ကို (၃.၂.၂၀၂၆) ရက်နေ့တွင် ထုတ်ပြန်ထားကြောင်းတွေ့ရှိရသည်။

၂။ ယင်းထုတ်ပြန်မှုတွင် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီက နိုင်ငံတော် သမ္မတကို “ပြည်ထောင်စုအတိုင်ပင်ခံကောင်စီ” ဖွဲ့စည်းရန် ခိုင်းစေထားသည်။

၃။ “ပြည်ထောင်စုအတိုင်ပင်ခံကောင်စီ”သည် ပြည်ထောင်စု၏ လုံခြုံရေးနှင့်တရားဥပဒေ စိုးမိုးရေးဆိုင်ရာ ကိစ္စရပ်များ၊ နိုင်ငံတကာဆက်ဆံရေးဆိုင်ရာကိစ္စရပ်များ၊ ငြိမ်းချမ်းရေးဆိုင် ရာကိစ္စရပ်များ၊ ဥပဒေပြဌာန်းရေးဆိုင်ရာကိစ္စရပ်များကို အကြံပေးခြင်း၊ ညှိနှိုင်းဆောင်ရွက် ခြင်းတို့ကို ပြုလုပ်နိုင်ကြောင်း ဖော်ပြထားသည်ကို တွေ့ရှိရသည်။

၄။ “ညှိနှိုင်းဆောင်ရွက်ခြင်း” ဆိုသော စကားရပ်သည် မြန်မာနိုင်ငံ၏ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးတို့၌ အတိုင်းအဆမရှိ ဝင်ရောက်စွက်ဖက်ခြင်းကို ခွင့်ပြုထား သည်ဟု မှတ်ယူရမည်ဖြစ်သဖြင့် ယင်းဥပဒေသည် မြန်မာနိုင်ငံသားအားလုံး၏ အချုပ်အခြာ အာဏာကို စစ်တပ်အပါအဝင် (တဦး၊တယောက်/ တသင်းတဖွဲ့) ထံသို့ အပြီးအပိုင် အပ်နှင်း လိုက်သည့် ရာသက်ပန် စစ်အာဏာရှင်စနစ် ကြီးစိုးရေးကို ဦးတည်သည့် လုပ်ရပ် ဖြစ်ကြောင်း မြန်မာနိုင်ငံရှေ့ နေများကောင်စီက သုံးသပ်သည်။

၅။ မြန်မာနိုင်ငံ၏ အနာဂတ်ကာလ ရွေးကောက်ပွဲများမှ ပေါ်ပေါက်လာမည့် လွှတ်တော် များ၊ အစိုးရများ၊ တရားစီရင်ရေးအဖွဲ့အစည်းများအားလုံးကို “ပြည်ထောင်စု အတိုင်ပင်ခံ ကောင်စီ” က ဝင်ရောက်စွက်ဖက်ခွင့်၊ လွှမ်းမိုးချုပ်ကိုင်ခွင့်၊ ထိန်းချုပ်ခွင့် ရယူလိုက်ခြင်းဖြစ် သည်။

၆။ မြန်မာနိုင်ငံ၌ မှီတင်းနေထိုင်ကြသည့် တိုင်းရင်းသားအားလုံး၏ အချုပ်အခြာအာဏာ သည် “စစ်အုပ်ချုပ်ရေးစနစ်၏စည်းမျဥ်းခံ” အဆင့်သို့ရောက်ရှိသွားပြီး မည်သည့်အခါတွင်မျှ ဖက်ဒရယ် ဒီမိုကရေစီ ရှင်သန်ကြီးထွားတော့မည်မဟုတ်ပါကြောင်းနှင့် နောင်ခေတ်အဆက် ဆက် အာဏာရှင်စနစ်သက်ဆိုးရှည်စေမည့် အစီအမံလုပ်ရပ်ဖြစ်ပါကြောင်း သုံးသပ်ထုတ်ပြန် အပ်ပါသည်။

ဦးမြင့်သိဏ်းအောင်
အထွေထွေအတွင်းရေးမှူး

ဆက်သွယ်ရန် -
- + 66 650797982
- [email protected]

31/01/2026

Five years on: the ongoing revolution (Live Streaming Talkshow)
31 January 2026, Myanmar Time (07:00)PM
"ရန်ကုန်ဟာ တော်လှန်‌ဆဲ ပုန်ကန်ဆဲ"
တော်လှန်စစ် (၅) နှစ်ပြည့်စကားဝိုင်း
၃၁.၁.၂၀၂၆
ည (၇) နာရီ မြန်မာစံတော်ချိန်
The speaker List
(1) Ga Dh Mar (Yangon 4 Brother)
(2) Buu Thee (SC Strike)
(3) Yan Naing (Yangon 4 Brother)
(4) Panda (Confederation of Trade Unions Myanmar- CTUM)
(5) Peter (SC Strike)
(6) Khet Sit (Myanmar Labour Alliance - MLA)
(7) Drone (Yangon Drone)
(😎 Poung Yoe (Confederation of Trade Unions Myanmar - CTUM)
Watch Live on the following pages
-Khit Thit Media
-PVTV
-Myanmar Labour News
-The Justice
-Red Peacock
-Mizzima
-Federal FM
-ThanLwin Khet
-NUCC
-BLC
-CTUM
-GSCB
-AJAY
-Yangon 4 Brothers
-SC Strike
-AFFM
-BWFM
-IWFM
-Youth Union
စမ်းချောင်းပင်မသပိတ်
CTUM
MLA
Yangon Drone
Yangon 4 Brothers

03/01/2026
မြန်မာနိုင်ငံ၏ဥပဒေမှန်သမျှကိုဆန့်ကျင်ချိုးဖောက်၍ နိုင်ငံတော်အာဏာကို မတရားသဖြင့် ရယူထားသည့် စစ်ကော်မရှင်၏ ရွေးကောက်ပွဲသည်...
02/01/2026

မြန်မာနိုင်ငံ၏ဥပဒေမှန်သမျှကိုဆန့်ကျင်ချိုးဖောက်၍ နိုင်ငံတော်အာဏာကို မတရားသဖြင့် ရယူထားသည့် စစ်ကော်မရှင်၏ ရွေးကောက်ပွဲသည် တရားဝင်မှုမရှိကြောင်း ဥပဒေရေးရာသုံးသပ်ထုတ်ပြန်ချက်

(မြန်မာနိုင်ငံရှေ့နေများကောင်စီ၏ ထုတ်ပြန်ချက်များ၊ ဥပဒေရေးရာသုံးသပ် ချက်များကို ရယူလိုပါက [email protected] သို့ ဆက်သွယ် တောင်းယူနိုင်ပါသည်။)

စစ်ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ကျင်းပသည့် ရွေးကောက်ပွဲများနှင့်စပ်လျဥ်း၍ ထုတ်ပြန်ကြေညာချက်၂၀၂၅ ဒီဇင်ဘာ...
31/12/2025

စစ်ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ကျင်းပသည့် ရွေးကောက်ပွဲများနှင့်စပ်လျဥ်း၍ ထုတ်ပြန်ကြေညာချက်

၂၀၂၅ ဒီဇင်ဘာ ၃၁

၁။ မြန်မာနိုင်ငံရှေ့နေများကောင်စီသည် စစ်ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ခန့် အပ်မှုဖြင့် ဦးသန်းစိုး ဥက္ကဌအဖြစ်တာဝန်ယူဆောင်ရွက်သော ပြည်ထောင်စုရွေးကောက်ပွဲကော် မရှင်က အပိုင်း (၃) ပိုင်းခွဲကျင်းပသည့် ရွေးကောက်ပွဲများနှင့်စပ်လျဥ်း၍ အောက်ပါအတိုင်း ကြေ ညာချက်ထုတ်ပြန်အပ်သည်။ (ဥပဒေ‌ရေးရာသုံးသပ်ချက်ပူးတွဲဖေါ်ပြသည်)
၂။ စစ်ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် -
(က) မြန်မာနိုင်ငံ၏ မည်သည့်ဥပဒေကိုမျှ လေးစားလိုက်နာခြင်းမရှိဘဲ (သို့မဟုတ်) ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအပါအဝင် ဥပဒေမှန်သမျှကို ချိုးဖောက်၍ နိုင်ငံတော် အာဏာကို မတရားသဖြင့် သိမ်းယူခဲ့ခြင်း။
(ခ) နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစု ကြည်အပါအဝင် တရားဝင်အစိုးရ ခေါင်းဆောင်များကို ဥပဒေမဲ့ ဖမ်းဆီးထိန်းသိမ်းခဲ့ခြင်း။
(ဂ) ပြစ်မှုဥပဒေတွင်ပြဌာန်းထားသည့် သေဒဏ်အထိ ထိုက်သင့်သော နိုင်ငံ‌တော် သစ္စာ ဖောက်ဖျက်ပုန်ကန်မှုကို ကျူးလွန်ခဲ့ခြင်း။
(ဃ) ၎င်း၌ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲရလဒ်များကို ပယ်ဖျက်ပိုင်ခွင့် အခွင့်အာဏာ မရှိဘဲ ၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲရလဒ်များကို ပယ်ဖျက်ခဲ့ခြင်း (သို့မဟုတ်) ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲရလဒ်သည် ပျက်ပြယ်မှုမရှိ တရားဝင်ဆဲဖြစ်ခြင်း။
(င) ၎င်း၏ အာဏာသိမ်းမှုသည် ဥပဒေမဲ့ဖြစ်ခြင်းကြောင့် ၎င်းတည်ထောင်သည့် နိုင်ငံ တော်စီမံအုပ်ချုပ်ရေးကောင်စီသည်လည်းကောင်း၊ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေး ကော်မရှင်သည်လည်းကောင်း၊ မြန်မာနိုင်ငံ၏ မည်သည့်ဥပဒေနှင့်မျှ တရားဝင်မှုမရှိခြင်း။
(စ) ၎င်းကိုယ်တိုင် တရားဝင်မှုမရှိသောကြောင့် ၎င်း၏ အမိန့်ဖြင့် တည်ထောင်ခန့်အပ် သည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည်လည်း တရားဝင်မှုမရှိခြင်း။
(ဆ) တရားဝင်မှုမရှိသည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကျင်းပသည့် ပါတီ စုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲသည် ပျက်ပြယ်ပြီးဖြစ်ခြင်း။
(ဇ) စစ်ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ဥပဒေမဲ့အာဏာသိမ်းမှု နောက်ဆက် တွဲအဖြစ် တိုင်းပြည်ဘဏ္ဍာငွေများကို ဥပဒေမဲ့ သုံးစွဲခြင်းနှင့် တာဝန်ယူမှု တာဝန်ခံမှုမရှိဘဲ ပြည် သူလူထု၏ ဘဏ္ဍာငွေများကို သုံးစွဲခြင်းတို့မှာ ကြီးလေးသော ရာဇဝတ်မှုများဖြစ်ခြင်း။
(စျ) ပြည်သူလူထုကို စစ်ရေးပစ်မှတ်အဖြစ်သတ်မှတ်၍ စာသင်ကျောင်း၊ ဆေးရုံနှင့် အများ ပြည်သူနေထိုင်ရာဒေသများကို လေကြောင်းတိုက်ခိုက်မှုများ၊ ပြည်သူလူထုကို အစုလိုက်အပြုံ လိုက်ရက်စက်စွာ သတ်ဖြတ်မှုများအတွက် စစ်ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ တာ ဝန်ရှိမှုသည် ငြင်းကွယ်၍မရခြင်း။
၃။ ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်နေ့တွင် ကျင်းပခဲ့သည့် ပါတီစုံဒီမိုကရေစီ အထွေ‌ ထွေထွေရွေးကောက်ပွဲ အပိုင်း (၁) သည်လည်းကောင်း၊ ၂၀၂၆ ဇန်နဝါရီလတွင် ကျင်းပမည့် ပါတီ စုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း (၂) နှင့် အပိုင်း (၃) သည်လည်းကောင်း၊ မြန်မာ နိုင်ငံ၏ မည်သည့် ဥပဒေနှင့်မျှ တရားဝင်မှုမရှိပါသောကြောင့်၊ အဆိုပါရွေးကောက်ပွဲ များကြောင့် ပေါ်ပေါက်လာမည့် တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော်များ၊ ပြည်သူ့လွှတ်တော် နှင့်အမျိုးသား လွှတ်တော်၊ ပြည်ထောင်စုလွှတ်တော်၊ ပြည်ထောင်စုအစိုးရတို့သည် တရားဝင်မှုမရှိဘဲ ဥပဒေမဲ့ အာဏာသိမ်းခြင်းကြောင့် ဖြစ်ပေါ်လာသည့် နိုင်ငံတော် သစ္စာဖောက်ဖျက် ပုန်ကန်မှုနှင့် ဆက် နွယ်သော ရာဇဝတ်မှုများဖြစ်သည့်အပြင် တရားဥပဒေစိုးမိုးရေးကိုဆန့်ကျင်၍ နိုင်ငံတော်နှင့် နိုင်ငံသားတို့အား ဥပဒေနှင့် ယဥ်ကျေးစွာနေထိုင်ခြင်းထက် ဥပဒေမဲ့ ရိုင်းစိုင်းသည့် လူမှုဝန်းကျင် ကို ဖြစ်ပေါ်စေနိုင်ကြောင်း ထုတ်ပြန်ကြေညာအပ်ပါသည်။

ဦးမြင့်သိဏ်းအောင်
အထွေထွေအတွင်းရေးမှူး
မြန်မာနိုင်ငံရှေ့နေများကောင်စီ

Joint Statement condemning the Military’s Sham Election,which risks further threatening the Rights and Safety of Women, ...
12/12/2025

Joint Statement condemning the Military’s Sham Election,which risks further threatening the Rights and Safety of Women, LGBTQIA+, Persons with Disabilities, and Labours

အမျိုးသမီးများ၊ LGBTQIA+များ၊ မသန်စွမ်းသူများနှင့် အလုပ်သမားများ၏ အခွင့်အရေးနှင့် လုံခြုံရေးဆိုင်ရာ ပိုမိုထိခိုက် ဆိုးရွ...
12/12/2025

အမျိုးသမီးများ၊ LGBTQIA+များ၊ မသန်စွမ်းသူများနှင့် အလုပ်သမားများ၏ အခွင့်အရေးနှင့် လုံခြုံရေးဆိုင်ရာ ပိုမိုထိခိုက် ဆိုးရွာလာနိုင်သောကြောင့် အကြမ်းဖက်စစ်တပ်၏ အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်ကန်ကွက်ကြောင်း ထုတ်ပြန်ကြေညာချက်

ที่อยู่

Mae Sot
63110

เบอร์โทรศัพท์

+66980818663

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Burma Lawyers' Councilผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ ธุรกิจของเรา

ส่งข้อความของคุณถึง Burma Lawyers' Council:

แชร์