Nava - นาวา

Nava - นาวา NAVA | Visa Assistance in Thailand
Your trusted partner for hassle-free visa assistance in Thailand.

We make the process smooth and stress-free, so you can focus on what matters.

☔  Nava မှ အထူးအစီအစဉ်  အနေဖြင့် Rainy Season Promotion လေး လာပါပြီရှင် ☔၁၄ ရက် Visa (Arrival) သို့မဟုတ် TR Visa ဖြင့် ထ...
07/07/2026

☔ Nava မှ အထူးအစီအစဉ် အနေဖြင့်
Rainy Season Promotion လေး လာပါပြီရှင် ☔

၁၄ ရက် Visa (Arrival) သို့မဟုတ်
TR Visa ဖြင့် ထိုင်းနိုင်ငံသို့ ရောက်ရှိနေပြီး
နောက်ထပ် (၁) လ သက်တမ်းတိုးရန် လိုအပ်ပါက
Nava သို့ ဆက်သွယ်ပြီး အဆင်ပြေ လွယ်ကူစွာ
ဆောင်ရွက်နိုင်ပါပြီ။ ယခု ဇူလိုင် (July) လ
တစ်လလုံးအတွက် Rainy Season Promotion အနေဖြင့် ယခင်ကျသင့်ငွေ 3,900 THB အစား
3,700 THB နှုန်းထားဖြင့် ရယူနိုင်မှာ ဖြစ်ပါတယ်။
Customer ပေါင်းရာနဲ့ချီ ဝန်ဆောင်မှုပေးခဲ့တဲ့ လုပ်သက်တစ်လျှောက်မှာ ပေါ်လစီတွေ
ဘယ်လိုပဲပြောင်းပြောင်း စာရွက်စာတမ်း
လွဲချော်တာမျိုးကြောင့် သက်တမ်းတိုးလို့မရတဲ့ ပြဿနာမျိုး လုံးဝမရှိခဲ့တာမို့ စိတ်ချယုံကြည်စွာ
အပ်နှံနိုင်ပါတယ်။
ယခုအထူးနှုန်းထားကိုပထမဦးဆုံး ဆက်သွယ်
လာမည့် အယောက် (၃၀) သာ ကန့်သတ်ထားတာမို့
အမြန်ဆုံး Nava ရဲ့ Page Messenger ကနေ
ဆက်သွယ်စုံစမ်းနိုင်ပါပြီရှင်✨

🌲အေးချမ်းသာယာလှပတဲ့ ချင်းမိုင်မြို့လေးမှာ ဆေးကုသမှုခံယူဖို့ ရောက်ရှိနေကြတဲ့ လူကြီးမိဘများနှင့် လူနာများအတွက် Medical Vis...
03/07/2026

🌲အေးချမ်းသာယာလှပတဲ့ ချင်းမိုင်မြို့လေးမှာ ဆေးကုသမှုခံယူဖို့ ရောက်ရှိနေကြတဲ့ လူကြီးမိဘများနှင့် လူနာများအတွက် Medical Visa (ဆေးဗီဇာ) သက်တမ်းတိုးခြင်း လုပ်ငန်းစဉ်များကို Nava မှ အခမဲ့ တိုင်ပင်ဆွေးနွေးပေးနေပါပြီ ခင်ဗျာ။ 🩺
ချင်းမိုင်မှာ Medical Letter (ဆေးစာ) ရှိရုံနဲ့တင် ဗီဇာသက်တမ်းကို (၃) လအထိ တိုးမြှင့်လို့ ရပါတယ်။ 📄✨
ယခု June လအတွင်းမှာပဲ ကျွန်တော်တို့ Nava အနေနဲ့ Medical Letter အသုံးပြုပြီး လူနာ (၄) ဦးနှင့် လူနာစောင့် (၁) ဦး၊ စုစုပေါင်း (၅) ဦးတို့ရဲ့ ဗီဇာသက်တမ်းတိုးခြင်းလုပ်ငန်းစဉ်ကို အောင်မြင်စွာ ဝန်ဆောင်မှုပေးနိုင်ခဲ့ပါတယ်ဗျာ။ 🤝💯
လူကြီးမိဘများအနေနဲ့ လူဝင်မှုကြီးကြပ်ရေး ကောင်တာမှာ အချိန်အကြာကြီး ထိုင်စောင့်နေရခြင်းမျိုး မရှိစေဘဲ "ရောက်တာနဲ့ Face Scan ဖတ်၊ စာအုပ်ချက်ချင်းပြန်ယူ" စနစ်နဲ့ အမြန်ဆုံးနဲ့ အဆင်အပြေဆုံးဖြစ်အောင် ကျွန်တော်တို့ဘက်က တာဝန်ယူ ဆောင်ရွက်ပေးခဲ့တာ ဖြစ်ပါတယ်ခင်ဗျာ။ ⚡🛂
ဆေးဗီဇာအတွက် လိုအပ်တဲ့ စာရွက်စာတမ်းဆိုင်ရာ ကိစ္စရပ်များကို လူကြီးမိဘများ စိတ်မပူရလေအောင် အခမဲ့ ဆွေးနွေးတိုင်ပင်ပေးနေတာမို့ အသေးစိတ်ကို Navaရဲ့ Page Messengerမှာ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ် ခင်ဗျာ။

Nava ရဲ့ June လအတွင်း“ အောင်မြင်စွာ ဝန်ဆောင်မှု” ပေးခဲ့သော မှတ်တမ်း များ 🤩  June လ တစ်လအတွင်းမှာ Nava ကနေ ဧည့်သည်တော် အယ...
01/07/2026

Nava ရဲ့ June လအတွင်း“ အောင်မြင်စွာ ဝန်ဆောင်မှု”
ပေးခဲ့သော မှတ်တမ်း များ 🤩

June လ တစ်လအတွင်းမှာ Nava ကနေ
ဧည့်သည်တော် အယောက် 100 ကျော် (100+) ကို
Ed Visa, Ed To Ed , Visa Cancelation process, Visa Extension နှင့် Driving License အစရှိသည့်
ဝန်ဆောင်မှုများ အောင်မြင်စွာ ဝန်ဆောင်မှုပေးနိုင်ခဲ့
ပါတယ်ခင်ဗျာ။

ထိုင်းနိုင်ငံ ဗီဇာကိစ္စရပ်တွေ ဒါမှမဟုတ် ဗီဇာသက်တမ်းတိုးခြင်း (Extension of Stay) တွေနဲ့ ပတ်သက်လို့ အကူအညီ လိုအပ်နေတယ်ဆိုရင် ကျွန်တော်တို့ဆီကို အချိန်မရွေး ဆက်သွယ်မေးမြန်းနိုင်ပါတယ်။
လူကြီးမင်းတို့ရဲ့ အခက်အခဲတွေကို အကောင်းဆုံး
ကူညီဖြေရှင်းပေးဖို့ ကျွန်တော်တို့ အမြဲတမ်း
အသင့်ရှိနေပါတယ်ခင်ဗျာ။

In june,

we’ve helped over 100+ clients secure their
Ed Visa(legal stay), visa cancel process &
driving licenses here in Thailand.

💼 If you need any assistance with your Thailand Visa or Extension of Stay, please feel free to reach out to us. We are here to help !

💬 Send us a message on Messenger
to get started!


ကျွန်တော်တို့ Nava နဲ့အတူ ရေရှည်လက်တွဲပေးကြတဲ့ Partners များနှင့် ယုံကြည်စိတ်ချစွာ အမြဲအားပေးကြတဲ့ ကျေးဇူးရှင် Customers...
30/06/2026

ကျွန်တော်တို့ Nava နဲ့အတူ ရေရှည်လက်တွဲပေးကြတဲ့ Partners များနှင့် ယုံကြည်စိတ်ချစွာ အမြဲအားပေးကြတဲ့ ကျေးဇူးရှင် Customers များအတွက် မေတ္တာလက်ဆောင် ထီလက်မှတ်လေးများ ပေးအပ်ခဲ့တဲ့ မှတ်တမ်းပုံရိပ်လေးတွေကို ပျော်ရွှင်စွာ ဝေမျှပေးလိုက်ရပါတယ်ခင်ဗျာ။ 🎁🎟️
✨ July လ အစ မှာ ထီဆုကြီးတွေ အသီးသီးဆွတ်ခူးပြီး ကံထူးနိုင်ကြပါစေကြောင်း Nava မှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ခင်ဗျာ။ 🥳🎉

service Visa
#𝑻𝒉𝒂𝒊𝒍𝒐𝒕𝒕𝒆𝒓𝒚

license

🌹 အမေစု အသက် (၈၁) နှစ်ပြည့်  မွေးနေ့ အထိမ်းအမှတ် 🌹ပြည်သူ လူထု ရဲ့ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် (အမေစု) ၏ အသက် (၈၁) နှ...
19/06/2026

🌹 အမေစု အသက် (၈၁) နှစ်ပြည့်
မွေးနေ့ အထိမ်းအမှတ် 🌹

ပြည်သူ လူထု ရဲ့ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် (အမေစု) ၏ အသက် (၈၁) နှစ်ပြည့် မွေးနေ့ကို
ဂုဏ်ပြုကြိုဆိုသောအားဖြင့် Nava Visa Service မှ အထူးအစီအစဉ်တစ်ရပ် ပြုလုပ်ထားပါသည်။

ဇွန်လ ၁၉ ရက်နေ့မှ ဇွန်လ ၂၉ ရက်နေ့အထိ

Nava Visa Service ၏ မည်သည့်
ဝန်ဆောင်မှုကို မဆို အသုံးပြုသူတိုင်းအား 🎟️
ထိုင်းထီလက်မှတ် (၁) စောင်စီ လက်ဆောင်ပေးသွားမည်ဖြစ်ပါသည်။

Nava Visa Service ကို အစဉ်တစိုက် အားပေးကြသော မိတ်ဆွေများအားကျေးဇူးအထူးတင်ရှိပါသည် ခင်ဗျ

အမေစု၏ (၈၁) နှစ်ပြည့် မွေးနေ့မှစ၍ ကျန်းမာချမ်းသာပြီး သက်တော်ရာကျော်ရှည်လျားစွာ အချုပ် အနှောင် ကြားမှ အမြန်ဆုံး လွတ်မြောက် နေထိုင်နိုင်ပါစေကြောင်း Nava Visa Service မိသားစုမှ ဆုမွန်ကောင်းတောင်းအပ်ပါသည်။

#အမေစုမွေးနေ့


✨ ၁၅ လ ဗီဇာတုံး တစ်ခါထဲရမယ့်  Nava ရဲ့ Premium ED Visa 🎓✨▫️နိုင်ငံပြင်ပ ထွက်စရာမလိုဘူး။▫️အရင်နှစ်တွေမှာ ED Visa နဲ့ 2နှစ...
17/06/2026

✨ ၁၅ လ ဗီဇာတုံး တစ်ခါထဲရမယ့်
Nava ရဲ့ Premium ED Visa 🎓✨

▫️နိုင်ငံပြင်ပ ထွက်စရာမလိုဘူး။

▫️အရင်နှစ်တွေမှာ ED Visa နဲ့ 2နှစ် 3နှစ် နေဖူးသူတွေလည်း ပြည်ပထွက်စရာမလိုဘဲ 12လ Stamp ရယူနိုင်ပါတယ်။

▫️Immigration ကိုလည်း တစ်ကြိမ်သာသွားဖို့လို
ပါမယ်။

▫️ကျောင်းမှ တရားဝင်အသိအမှတ်ပြုပေးထားသောကျောင်းသားကဒ်လည်း ရပါမယ်။

▫️Visa ရဖို့အတွက် တစ်ရက်ထဲ၊ တစ်ရက်ထဲ
မှာမှ အချိန်နာရီပိုင်းလေးပဲပေးရုံနဲ့ အသစ်လျှောက်
မယ့် သူတွေအတွက်ဆို ( ၁၅ )လတုံး၊ ED သက်တမ်း
တိုးမယ့်သူတွေ အတွက်ဆို 12 လတုံး
တစ်ခါထဲရပါမယ်။

▫️အရင်ကျောင်းက ဗီဇာကို Cancel မလုပ်ရသေး
လို့ ဆိုသူတွေ အတွက်လည်း အပိုငွေ
ထပ်မပေးရဘဲ အရင်ကျောင်းဗီဇာ Cancel
လုပ်ပေးတာက စလို့ ED Visa 12 Months Stamp
ရတဲ့အထိ Nava က One Stop Service
ပေးသွားမှာပါ။

ဒါတွေ အပြင် Visa Fee ထဲမှာ အသွား-အပြန် Transportation ပါ ပါပြီးသားမို့ သွားရေးလာရေး
အတွက် စိတ်ပူစရာမလိုပါဘူး🚘

✈️မိမိအစီအစဉ်နဲ့ မိမိသွားချင်တဲ့ သူတွေ အတွက်လည်း Transportation ခ ပြန်အမ်းမယ့်အပြင် Buriram ရောက်တာနဲ့ အခက်အခဲမရှိရအောင် Immigration နဲ့ ကျောင်းသွားဖို့အတွက် Pick Up Service လေးပါ
ဒေါင့်စေ့အောင်ပြင်ဆင်ပေးထားပါတယ်ခင်ဗျာ။

ဗီဇာ Process တွေအတွက်လည်း အချိန် နာရီပိုင်းလေးပေးရုံနဲ့ Nava ရဲ့ ကျွမ်းကျင်ဝန်ထမ်းတွေက တာဝန်ယူဆောင်ရွက်ပေးမယ့် အပြင် ငွေပေးချေမှုအပိုင်းမှာ
လည်း အဆင်ပြေလွယ်ကူအောင် နှစ်ကြိမ်ခွဲသွင်းပြီး
ပေးချေလို့ရတာမို့ အိုကေမှာ စိုပြေဗျာ။

🔹Nava ရဲ့ Premium ED Visa Rate🔹

✨ED Visa အသစ် : 58000 THB
✨ED To ED Visa : 47000 THB

အချိန်နာရီပိုင်းလေးပေးရုံနဲ့ အဆင်ပြေလွယ်ကူတဲ့ Navaရဲ့ Premium ED Visa ကို စိတ်ဝင်စားရင်
အခုပဲ Nava ရဲ့ Page Messenger မှာ စုံစမ်းလိုက်လို့
ရပါပြီနော်

June is off to an incredible start ❗️June လအစ 12 ရက်အတွင်းမှာNava ကနေ ဧည့်သည်တော် အယောက် ၄၀ကျော်ကို Ed Visa, Visa Cancel...
14/06/2026

June is off to an incredible start ❗️

June လအစ 12 ရက်အတွင်းမှာ
Nava ကနေ ဧည့်သည်တော် အယောက် ၄၀
ကျော်ကို Ed Visa, Visa Cancelation process, Visa Extension နှင့် Driving License အစရှိသည်များ အောင်မြင်စွာ
ဝန်ဆောင်မှုပေးနိုင်ခဲ့ပါတယ်ခင်ဗျာ။

ထိုင်းနိုင်ငံ ဗီဇာကိစ္စရပ်တွေ ဒါမှမဟုတ် ဗီဇာသက်တမ်းတိုးခြင်း (Extension of Stay) တွေနဲ့ ပတ်သက်လို့ အကူအညီ လိုအပ်နေတယ်ဆိုရင် ကျွန်တော်တို့ဆီကို အချိန်မရွေး ဆက်သွယ်မေးမြန်းနိုင်ပါတယ်။ လူကြီးမင်းတို့ရဲ့ အခက်အခဲတွေကို အကောင်းဆုံး ကူညီဖြေရှင်းပေးဖို့ ကျွန်တော်တို့ အမြဲတမ်း အသင့်ရှိနေပါတယ်ခင်ဗျာ။

Between June 1-12 ,
we’ve helped over 40 clients secure their
Ed Visa(legal stay), visa cancel process &
driving licenses here in Thailand.

💼 If you need any assistance with your Thailand Visa or Extension of Stay, please feel free to reach out to us. We are here to help !

💬 Send us a message on Messenger
to get started!


With Deepest Sympathy 🙏Honoring the life and legacy ofHer Royal Highness Princess ✨
12/06/2026

With Deepest Sympathy 🙏

Honoring the life and legacy of
Her Royal Highness Princess ✨


အချိန် 2နာရီပဲပေးပြီး ထိုင်းလိုင်စင် လုပ်ကြမယ်⚠️အချိန်၂နာရီပဲပေးပြီး Navaမှာ ယာဉ်မောင်းလိုင်စင်ဝန်ဆောင်မှုရယူပါ 🇹🇭ပန်းရေ...
11/06/2026

အချိန် 2နာရီပဲပေးပြီး ထိုင်းလိုင်စင် လုပ်ကြမယ်

⚠️အချိန်၂နာရီပဲပေးပြီး Navaမှာ ယာဉ်မောင်းလိုင်စင်ဝန်ဆောင်မှုရယူပါ 🇹🇭

ပန်းရောင်ကဒ်မရှိသေးတဲ့ သူတွေ အတွက်လည်း ဝန်ဆောင်မှု ပေးတဲ့အပြင်

📌TR Visa
📌Arrival Visa
📌ED Visa
📌DTV Visa
📌Retirement Visa
📌Guardian Visa
📌Non LA Visa

အစရှိတဲ့ ဗီဇာအမျိုးမျိုးကိုင်ဆောင်သူတွေ အတွက်လည်း လွယ်ကူ မြန်ဆန်စွာ ဝန်ဆောင်မှုပေးပါတယ်ခင်ဗျာ။

🔰မြန်မာလိုင်စင်ထဲကနာမည် စာလုံးပေါင်းနဲ့ Passport ထဲက နာမည် စာလုံးပေါင်းမတူတာ

🔰ပန်းရောင်ကဒ်နဲ့ Work permit နာမည်စာလုံးပေါင်းမတူတာ

🔰ပန်းရောင်ကဒ်နဲ့ မြန်မာလိုင်စင် နာမည် စာလုံးပေါင်းမတူတာ

ဒါတွေအတွက်လဲ ထောက်ခံစာတွေယူပြီး
လိုင်စင်ရသည်အထိ ဆောင်ရွက်ပေးပါတယ်ခင်ဗျာ။

🔺Urgent လိုချင်တဲ့သူတွေ အတွက်လည်း ဝန်ဆောင်မှုရှိတာမလို့ အသေးစိတ်ကို Nava ရဲ့ Chat Box မှာ မေးမြန်းစုံစမ်းနိုင်ပါတယ်ဗျ။

💥Nava ရဲ့ လူကြိုက်အများဆုံးနဲ့ ရောင်းအားအကောင်းဆုံးဝန်ဆောင်မှု ဖြစ်တာမို့ ယုံကြည်စိတ်ချစွာ ဝန်ဆောင်မှုယူနိုင်ပါပြီဗျာ🙆‍♀️💥

ပုံကတော့ မနေ့က Nava မှ ထိုင်းလိုင်စင်ဝန်ဆောင်မှုပေးခဲ့တဲ့ အောင်မြင်မှုမှတ်တမ်းလေးတွေပါဗျ

သာယာပျော်ရွှင်တဲ့ နေ့ရက်လေးဖြစ်ပါစေခင်ဗျာ🙏

Passport စာအုပ်ရှိရုံနဲ့ Extension ကို ခေါင်းကိုက်စရာမလိုပဲ အလွယ်တကူတိုးလို့ရပါပြီခင်ဗျာ...🤓🔹အလည်ဗီဇာကလည်းကုန်တော့မယ် 🔹ရ...
09/06/2026

Passport စာအုပ်ရှိရုံနဲ့ Extension ကို ခေါင်းကိုက်စရာမလိုပဲ အလွယ်တကူတိုးလို့ရပါပြီခင်ဗျာ...🤓
🔹အလည်ဗီဇာကလည်းကုန်တော့မယ် 🔹ရက်30Extensionတိုးဖို့ စာရွက်စာတမ်းကိစ္စတွေ TM30 ပြသာနာတွေနဲ့ ခေါင်းရှုပ်နေပြီလား 🤯
🔹Nava နဲ့ဗီဇာသက်တမ်းတိုးဝန်ဆောင်မှုယူပြီး စိတ်ရှုပ်စရာတွေကို ခုပဲ ဝဲလိုက်ပါ။
🔹Passport လေးယူလာရုံနဲ့ အိုကေ စိုပြေစေရမယ်🇹🇭

📌Nava မှာ Customerလေးတွေ အမေးများတဲ့မေးခွန်းလေးတွေကိုလည်း Q & A Session အနေနဲ့ အောက်မှာ ဖြေထားပေးပါတယ်ခင်ဗျာ။

▪️Q : 14 Days (Visa On Arrival) နဲ့ လာရင် ချင်းမိုင်မှာ ဘယ်နှစ်ကြိမ်အထိသက်တမ်းတိုးလို့ရလဲ🤔
▪️A : 1 ကြိမ်ကနေ 10 ကြိမ်ထိတိုးလို့ရပါတယ်။
🔰ဒါပေမယ့် ရက် 30 "ဗီဇာExtension တုံးတွေ အရမ်းများရင်" လုံးဝမကောင်းပါ။🙅‍♀️
🔰မဖြစ်မနေတိုးရမယ့် အခြေအနေကလွဲရင်အကြိမ်ရေ များစွာမတိုးသင့်ပါ။ 🙅‍♀️
🔰များသောအားဖြင့်က 1 ကြိမ်ကနေ 2ကြိမ်ထိ တိုးကြတာများပါတယ်။
🔰နောက်အကြိမ်တွေအတွက်လည်း မဖြစ်မနေ လိုအပ်တယ်ဆိုရင်တော့ Navaကိုဆက်သွယ်လို့ရပါတယ်။

▪️Q : Extension တုံးများရင် ဘာဖြစ်လဲ🤷‍♂️
▪️A : ရေတိုနေမယ့်သူအတွက်က ခဏတာဖြေရှင်းနည်းဖြစ်လို့ အဆင်ပြေပေမယ့် ရေရှည်နေမယ့်သူတွေ အတွက်ကျ Long Term Visa တစ်ခုခုပြောင်းတဲ့အချိန် Extension တုံးအရမ်းများရင် နိုင်ငံအတွင်းမှာပြောင်းလို့မရတာမျိုး၊ ရခဲ့ရင်တောင် ငွေကုန်ကြေးကျ ပိုများတာမျိုး ဖြစ်နိုင်ပါတယ်။

▪️Q : Service မအပ်ဘဲ ကိုယ်တိုင်သွားတိုးလို့ရလား?
▪️A : 14 ရက်ဗီဇာနဲ့ လာရင် ပထမအကြိမ်ကိုယ်တိုင်တိုးလို့ရပါတယ် သံရုံးထောက်ခံစာလေးတော့ လိုမယ်နော်📜
🔰Tourist Visa ဆိုရင်တော့ ပထမအကြိမ်+ဒုတိယအကြိမ်ထိ ကိုယ်တိုင်တိုးလို့ရပါတယ်
🔰ထုံးစံအတိုင်း TR ဒုတိယအကြိမ်ဆိုရင်တော့ သံရုံးထောက်ခံ လေး လိုမယ်နော်။📜
🔰နောက်အကြိမ်တွေက Service ယူကိုယူရပါတယ်။

▪️Q : ကိုယ်တိုင်လည်း တိုးလို့ရရဲ့သားနဲ့ ဘာလို့ ဝန်ဆောင်မှုယူကြတာလဲ
▪️A : များသောအားဖြင့်...စာရွက်စာတမ်းကိစ္စ ၊TM30 ကိစ္စတွေ လိုက်လုပ်ဖို့အချိန်မပေးနိုင်သူတွေ ၊ ခေါင်းရှုပ်မခံချင်သူတွေ ဝန်ဆောင်မှုလာယူကြပါတယ်။

▪️Q : Nava ကိုဘာလို့ရွေးချယ်သင့်တာလဲ
▪️A : ဗီဇာဝန်ဆောင်မှုယူတယ်ဆိုတာ ခေါင်းမစားချင်လို့ဟုတ်❗
🔰Navaနဲ့သာဆိုရင် ဘာဆိုဘာမှ ခေါင်းရှုပ်စရာမလိုဘဲ ဗီဇာတိုးမယ့်နေ့မှ Passport ယူလာရုံနဲ့ လွယ်လင့်တကူ ဗီဇာတိုးနိုင်မယ်။
🔰Nava မှာ ဗီဇာဝန်ဆောင်မှုယူတာနဲ့ Customer Service ပါ Add on ပါ​တဲ့အပြင် ဗီဇာဝန်ဆောင်မှုလုပ်ငန်းမှာ နှစ်နဲ့ချီ ရပ်တည်လာတာဖြစ်လို့ ဗီဇာနဲ့ ပတ်သက်ပြီး သိလိုသမျှတွေကို ထိထိရောက်ရောက် ဖြေကြားပေးနိုင်ပါတယ်။
🔰ထိုင်းနှစ်ရှည်ဗီဇာတွေနဲ့ပတ်သက်ပြီးသိချင်တဲ့မေးခွန်းတွေ၊ ယာဉ်မောင်းလိုင်စင်နဲ့ပတ်သက်ပြီး သိလိုသမျှတွေ ၊ စာရွက်စာတမ်းနဲ့ပတ်သက်တဲ့မေးခွန်းတွေကို အခမဲ့ဆွေးနွေးအကြံပေးနေတာမို့ Purchase Service+Free consultation ပါ။
🔰Navaမှာ ဝယ်လိုက်ရတဲ့ Service က ပေးရတာထက် ပြန်ရတာပိုတော့ တန်နေပြီမို့ ဗီဇာသက်တမ်းတိုး ဝန်ဆောင်မှုဆိုရင် Nava ကို ဆက်သွယ်ဖို့ သတိရပေးကြပါဗျ 📞

⭐Q and A session လေးကနေတဆင့် ဗဟုသုတတွေ တိုးပွားနိုင်ကြပါစေ🎈
⭐ထပ်ဆင့်သိချင်တာလေးတွေရှိရင်လည်း Chat Box မှာစာလေးပို့ပြီး မေးလို့ရပါတယ်။ ⭐အမေးများတဲ့ မေးခွန်းလေးတွေကိုတော့ အများသိရအောင် ခုလိုပဲပြန်တင်ပေးပါမယ်။

🇹🇭ရေခြားမြေခြားမှာ အစစအရာရာ အဆင်ပြေကြပါစေဗျ 🙏

ที่อยู่

Chiang Mai

เวลาทำการ

จันทร์ 09:00 - 17:00
อังคาร 09:00 - 17:00
พุธ 09:00 - 17:00
พฤหัสบดี 09:00 - 17:00
ศุกร์ 09:00 - 17:00

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Nava - นาวาผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ทางลัด

แชร์