Yay Kyi Yar - ရေကြည်ရာ

เส้นทาง

Yay Kyi Yar - ရေကြည်ရာ ❝ ရေကြည်ရာ၊ မြက်နုရာ ပြောင်းရွှေ့နေထိုင်လိုသူများအတွက် ယုံကြည်အားထားရာဟာ Yay Kyi Yar Myanmar Co., Ltd ပါ ❞

29/09/2026

ကြိုမသိနိုင်တဲ့ အနာဂတ်အစား ပိုသေချာတဲ့ ဆုံးဖြတ်ချက်ကို ရွေးချယ်ခဲ့သူ 🧗‍♂️ #ပြည်ပရောက်လူငယ်များ #ဘန်ကောက်သံရုံး #ပတ်စပို့လဲ #ရေကြည်ရာ #ပြည်ပရောက်မြန်မာ #ပြည်ပပတ်စပို့လဲ

25/09/2026

အညွန့်တလူလူနဲ့ ဆက်လွင့်နိုင်ဖို့ လိုအပ်တဲ့အရာအတွက် Flash Plan ဆိုတာ ပေါ်ပေါက်လာခဲ့တာပါ #ပြည်ပရောက်လူငယ်များ #ဘန်ကောက်သံရုံး #ပတ်စပို့လဲ #ရေကြည်ရာ #ပြည်ပရောက်မြန်မာ #ပြည်ပပတ်စပို့လဲ

15/09/2026

🧠 အချက်အလက်တွေနဲ့ ချိန်ထိုးတတ်တဲ့သူတွေက အခြားသူတွေထက် ရလဒ်ကောင်းတွေကို အမြဲပိုရတတ်တဲ့အကြောင်း ဒီဗီဒီယိုလေးက သက်သေပဲ #ဘန်ကောက်သံရုံး #ပတ်စပို့လဲ #ရေကြည်ရာ #ပြည်ပရောက်မြန်မာ #ပြည်ပပတ်စပို့လဲ

15/09/2026

💃 လူငယ်အမျိုးသမီးလေးတယောက် ပြောပြတဲ့ Flash Plan ရဲ့ စိတ်လုံခြုံမှုအကြောင်း #ဘန်ကောက်သံရုံး #ပတ်စပို့လဲ #ရေကြည်ရာ #ပြည်ပရောက်မြန်မာ #ပြည်ပပတ်စပို့လဲ

14/09/2026

လူငယ်တွေ ပျော်စရာခရီးလေးထွက်ပြီး.... ရည်မှန်းချက်တူတဲ့ Community လေးနဲ့အတူ အနာဂတ်အတွက် ကိုယ်လိုချင်တဲ့ စာအုပ်အသစ်လေးကိုပါရလိုက်တာ ဘယ်လောက်တောင်ကောင်းလိုက်မလဲ 🩵 #ဘန်ကောက်သံရုံး #ပတ်စပို့လဲ #ရေကြည်ရာ #ပြည်ပရောက်မြန်မာ #ပြည်ပပတ်စပို့လဲ

14/09/2026

ချီတုံချတုံ ဖြစ်နေမယ့်အစား နောက် ( ၅ ) နှစ် အတွက် သေချာနေတဲ့ ရလဒ်တခုခု ဆုပ်ကိုင်ထားသင့်ပါတယ်တဲ့ 🧠.... သင်ဆိုရင်ရော 💡... #ဘန်ကောက်သံရုံး #ပတ်စပို့လဲ #ရေကြည်ရာ #ပြည်ပရောက်မြန်မာ #ပြည်ပပတ်စပို့လဲ

12/09/2026

Passport လဲမယ့် ပြည်ပရောက်မြန်မာနိုင်ငံသားအားလုံးအတွက် 🏆 #ဘန်ကောက်သံရုံး #ပတ်စပို့လဲ #ရေကြည်ရာ #ပြည်ပရောက်မြန်မာ #ပြည်ပပတ်စပို့လဲ

12/09/2026

သိချင်နေကြတယ်ဟုတ်....... ဒါလေးကြည့်လိုက်နော် 😊 #ဘန်ကောက်သံရုံး #ပတ်စပို့လဲ #ရေကြည်ရာ #ပြည်ပရောက်မြန်မာ #ပြည်ပပတ်စပို့လဲ

ကမ္ဘာ့နိုင်ငံအနှံ့နှံ့မှာ ရောက်နေကြတဲ့ မြန်မာနိုင်ငံသားတွေ ကိုင်ကြတဲ့ Passport အမျိုးအစားတွေကို ရေးပေးသွားပါမယ်။ကဲ….. “ ...
03/09/2026

ကမ္ဘာ့နိုင်ငံအနှံ့နှံ့မှာ ရောက်နေကြတဲ့ မြန်မာနိုင်ငံသားတွေ ကိုင်ကြတဲ့ Passport အမျိုးအစားတွေကို ရေးပေးသွားပါမယ်။

ကဲ….. “ Passport ဆိုတာဘာလဲ ” ကနေ စလိုက်ကြရအောင်နော် 📕

အားလုံးသိကြသလိုပါပဲ Passport ဆိုတာ Proof of Identity မည်သူ မည်ဝါ၊ မည်သည့် နိုင်ငံသားဖြစ်ကြောင်း သက်သေခံအမှတ်အသားတခုဖြစ်ပြီး အရွယ်အစားအနေနဲ့ဆိုရင် စာအုပ်အသေးစားလေးသာသာရှိကြပါတယ်။ မိခင်နိုင်ငံကနေ ကမ္ဘာပေါ်မှာရှိတဲ့ တခြားနိုင်ငံတွေဆီကို တရားဝင် ၀င်/ထွက် သွားလာနိုင်ဖို့အတွက် အသုံးပြုနိုင်ပါတယ်။

နိုင်ငံတကာကို ခရီးသွားကြတဲ့အခါ “ Who you are? ” ဆိုတဲ့ ကိုယ်ရေးအချက်အလက်နဲ့ နိုင်ငံသားဖြစ်တည်မှုကို အတည်ပြုပေးတာမို့ မဖြစ်မနေရှိထားဖို့ အရေးကြီးလှသလို ကလေးငယ်လေးကစလို့ အသက်အရွယ်အားလုံး ဒီစာအုပ်ရှိမှသာ လေကြောင်း (သို့) နယ်စပ်ဂိတ်တွေ၊ ဆိပ်ကမ်းတွေကနေတဆင့် တရားဝင် သွားလာနိုင်မှာပါ။

နိုင်ငံတကာမှာ ပတ်စပို့အမျိုးအစားတွေကို အခုလိုမျိုး အကြမ်းဖျင်းတော့ သတ်မှတ်ထားကြပါတယ်။

🔷 သာမန်နိုင်ငံကူးလက်မှတ် (Ordinary Passport)

နိုင်ငံသားတိုင်းနီးပါး ထုတ်ယူလို့ရတဲ့ စာအုပ်အမျိုးအစားဖြစ်သလို အလည်ခရီးသွားဖို့၊ ပညာသင်ကြားဖို့ နဲ့ စီးပွားရေးနွယ်တဲ့ ခရီးသွားလာဖို့ စတဲ့ ရည်ရွယ်ချက်မျိုးတွေနဲ့ အသုံးပြုလို့ရတာပါ။ Regular Passport လို့လည်း လူသိများကြပြီး အဖုံးအရောင်တွေက မြန်မာမှာဆို အမြဲမြင်တွေ့နေကျ အနီရောင်၊ အမေရိကန်ဆို အပြာရင့်ရောင်၊ တောင်အာဖရိကဆို အနက်ရောင် စသဖြင့် ကွာခြားကြပါတယ်။ အနီရောင်၊ အစိမ်းရောင်၊ အပြာရောင်တွေကတော့ ကမ္ဘာပေါ်က ပတ်စပို့တိုင်းလိုလိုမှာ အရင့်၊ အဖျော့လေးတွေနဲ့ တွေ့ရသလို အနက်ရောင်၊ အညိုရောင်တို့ကိုလည်း မြင်တွေ့ဖူးကြမှာပါ။

🔷 သံတမန်နိုင်ငံကူးလက်မှတ် (Diplomatic Passport)

သံအမတ်များ၊ သံရုံးဝန်ထမ်းများ၊ နိုင်ငံတခု၏ အကြီးအကဲများက မိခင်နိုင်ငံကိုယ်စားပြုအနေနဲ့ နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေးဆိုင်ရာ တရားဝင်လုပ်ငန်းများ ဆောင်ရွက်ဖို့ ခရီးသွားလာတဲ့အခါ အသုံးပြုကြပါတယ်။ သံတမန်ရေးဆိုင်ရာ ဗီယင်နာကွန်ဗန်းရှင်း ( Vienna Convention 1961) အရ နိုင်ငံတကာဥပဒေအောက်မှာရှိတဲ့ အထူးအခွင့်အရေးများနဲ့ အကာအကွယ်တွေကို ရရှိကြတာမို့ သံတမန်ဆိုင်ရာအသိအမှတ်ပြုခံရသူများကို နိုင်ငံခြားတိုင်ပြည်တခုမှာ ဘယ်လိုအခြေအနေမျိုးကြောင့်ဖြစ်စေ ဖမ်းဆီးထိန်းသိမ်းတာမျိုးပြုလုပ်လို့လည်း မရကြပါဘူး။ လစာအပေါ်ဝင်ငွေအခွန်၊ ပြည်ပကနေ တင်သွင်းလာတဲ့ ကုန်ပစ္စည်းအပေါ် အကောက်ခွန်ကင်းလွတ်ခွင့်တွေလည်း ရရှိကြပြီးတော့ နိုင်ငံတကာလေဆိပ်အဝင်တွေမှာလည်း (Priority Lane) အထူးဦးစားပေးလမ်းကြောင်းတွေ စီစဉ်ပေးခံရပါသေးတယ်။

🔷 အရာထမ်း/အမှုထမ်းနိုင်ငံကူးလက်မှတ် (Official/Service Passport)

နိုင်ငံတခုရဲ့ အစိုးရဝန်ထမ်းများ၊ စစ်ဘက်ဆိုင်ရာဝန်ထမ်းများ၊ အစိုးရဝန်ထမ်းမဟုတ်သော်ငြား အစိုးရလုပ်ငန်းစဉ်အောက်မှာရှိနေတဲ့ ကိစ္စရပ်တခုခုနဲ့ ခရီးသွားရောက်ရသူများ နဲ့ လက်ရွေးစင်အားကစားသမားများ အတွက် ထုတ်ပေးတာဖြစ်လို့ ပြည်ပကို နိုင်ငံကိုယ်စားပြုသွားရောက်ရသူများအားလုံး အသုံးပြုရပါတယ်။ အစိုးရအစီအစဉ်နဲ့ ခရီးသွားလာရသူများလို့ ဆိုရမှာပါ။ အားသာချက်တွေကတော့ ဗီဇာလုပ်ငန်းစဉ်တွေ ပိုမိုလွယ်ကူစေသလို အစိုးရလုပ်ငန်းနဲ့ ခရီးသွားလာနေကြသူတွေမို့ ပြည်ပနိုင်ငံတွေကို ဝင်ရောက်တဲ့အခါမှာလည်း အဆင်ပြေကြပါတယ်။ စာအုပ်အဖုံးအရောင်ကလည်း အစိုးရနဲ့နွယ်တဲ့ တရားဝင်လုပ်ငန်းစဉ်အတွက် ခရီးသွားလာနေရကြောင်း ပေါ်လွင်နေစေမှာဖြစ်ပါတယ်။ ဒီစာအုပ်နဲ့ ကိုယ်ရေးကိုယ်တာကိစ္စတွေအတွက် ခရီးသွားလာခွင့်မပြုထားသလို ပုဂ္ဂိုလ်ရေးခရီးစဉ်တွေမှာ အသုံးပြုမယ်ဆို စည်းကမ်းချိုးဖောက်ရာကျအုံးမှာပါ။

📌 အနှစ်ချုပ်ပြရရင် နိုင်ငံတကာမှာ နိုင်ငံသားအများစုကိုင်ကြတဲ့ Passport စာအုပ်တွေကို Ordinary လို့ သတ်မှတ်ကြပြီး အများအားဖြင့် (၅) နှစ် ၊ (၁၀) နှစ် သက်တမ်းရှိကြပါတယ်။

မြန်မာနိုင်ငံသားတွေအနေနဲ့ အောက်ပါ (၇) မျိုးထဲမှ တခုခုကို ကိုင်ဆောင်ထားမယ်ဆိုရင်ကို နိုင်ငံတကာစံနှုန်းအရ သာမန်နိုင်ငံကူးလက်မှတ် (Ordinary Passport / Regular Passport) ကို ကိုင်ဆောင်ထားတယ်လို့ပဲ နိုင်ငံတကာက အသိအမှတ်ပြုမှာပါ။

(၁) PB – စီးပွားရေးနိုင်ငံကူးလက်မှတ် (Passport for Business)
(၂) PT – အမှီအခိုပြု နိုင်ငံကူးလက်မှတ် (Passport for Dependent)
(၃) PJ – အလုပ်နိုင်ငံကူးလက်မှတ် (Passport for Job)
(၄) PR – ဘာသာရေးနိုင်ငံကူးလက်မှတ် (Passport for Religious)
(၅) PS – သင်္ဘောသားနိုင်ငံကူးလက်မှတ် (Passport for Seaman)
(၆) PE – ပညာရေးနိုင်ငံကူးလက်မှတ် (Passport for Education)
(၇) PV – အလည်အပတ်နိုင်ငံကူးလက်မှတ် (Passport for Visit)

ဒါကြောင့်မလို့ PV/PJ ဆိုတာ မြန်မာနိုင်ငံသားတွေပဲသိတဲ့ သာမန်နိုင်ကူးလက်မှတ် (Ordinary / Regular Passport) စာအုပ်တအုပ်ရဲ့ အမည်တခုမျှသာဖြစ်ကြောင်းနဲ့ နိုင်ငံတကာကို ခရီးသွားလာဖို့အတွက်ဆိုရင် သက်တမ်းရှိတဲ့ ပတ်စပို့ တခုခု ကိုင်ဆောင်ထားဖို့ကသာ Myanmar Passport Holder တိုင်းအတွက် အဓိက အရေးကြီးတာပါ ✅

အပေါ်မှာဖတ်ခဲ့တဲ့ စာအုပ်အမျိုးအစားတွေကို ကြားဖူးကောင်းကြားဖူးကြပေမယ့်လို့
မကြားဖူးလောက်တဲ့ Passport စာအုပ်ထူးထူးဆန်းဆန်းတွေအကြောင်း နည်းနည်းဆက်ပြောပြအုံးမယ်

🔷 Special passport / Public Affairs Passport

သံတမန်လည်းမဟုတ်၊ အမှုထမ်းအရာထမ်းလည်းမဟုတ်၊ သာမန်နိုင်ငံသားလည်းမဟုတ်တဲ့သူတွေဟာ (ဥပမာ ။ လွှတ်တော်အမတ်လိုမျိုးပေါ့) သံရေးတမန်ရေးဆွေးနွေးရတဲ့ ခရီးစဥ်မျိုးမဟုတ်ပဲ သုတေသနပြုလုပ်ဖို့နဲ့ ဥပဒေရေးရာ လေ့လာရေးခရီးစဥ်တွေအတွက် အခုလိုစာအုပ်အမျိုးအစားကို အသုံးပြုပြီး ခရီးသွားကြပါတယ်။

🔷 ကမ္ဘာ့အဆင့် ပုဂ္ဂိုလ်တွေ နဲ့ နိုင်ငံမဲ့ ဒုက္ခသည်တွေကိုင်တဲ့ Passport မဟုတ်ပေမဲ့ Passport စာအုပ်တအုပ်လို အသုံးပြုနိုင်တဲ့ Travel Documents တွေ အကြောင်းလည်း နည်းနည်း ဆက်ဖတ်ကြည့်သွားပါအုံး။

🇺🇳 နာမည်လေးက LAISSEZ-PASSER (LP) တဲ့။ ဒီစာအုပ်ကလည်း တော်တော်ကို ထူးထူးဆန်းဆန်းပဲ။ နိုင်ငံတခုကနေ ထုတ်ပေးတာမျိုးမဟုတ်ပဲ နိုင်ငံတကာအသိအမှတ်ပြုအဖွဲ့အစည်းကြီးတွေ (ဥပမာ ။ United Nations လို့ခေါ်တဲ့ UN , EU တို့လို အဖွဲ့အစည်း) ကထုတ်ပေးထားတာပါ။ တာ၀န်ထမ်းဆောင်နေသူတွေ၊ အဖွဲ့၀င်တွေဟာ ဒီစာအုပ်လေးနဲ့ နိုင်ငံတော်တော်များများကို ဗီဇာတွေ၊ ပတ်စပို့တွေမလိုပဲ တာ၀န်အရ ၀င်ထွက်သွားလာခွင့်ရှိတာကလည်း သူ့ရဲ့ ထူးခြားချက်လို့ဆိုရပါမယ်။

🕊️ နောက်တမျိုးကတော့ မြန်မာတွေနဲ့လည်း သိပ်မစိမ်းတဲ့ Travel Documents for Refugees ဆိုတဲ့ ဒုက္ခသည်တွေအတွက် ပတ်စပို့စာအုပ်လိုအသုံးပြုပြီး နိုင်ငံတကာဗီဆာတွေပါလျှောက်လို့ရတဲ့ ခရီးသွားခွင့် အထောက်အထားစာအုပ်လေးပါ။ နိုင်ငံရပ်ခြားကို ရောက်နေပြီး မိခင်နိုင်ငံကို မပြန်တော့ပဲ ဒုက္ခသည်အဖြစ် ခိုလှုံထားတော့ မိခင်နိုင်ငံရဲ့ပတ်စပို့သုံးလို့မရတာ့သလို ရောက်နေတဲ့ နိုင်ငံမှာလည်း နိုင်ငံသားကမဖြစ်သေးဘူး၊ ဒါပေမဲ့ နိုင်ငံတကာကို ခရီးတွေသွားလာလို့ရအောင် လက်ခံထားတဲ့ နိုင်ငံကနေ တာ၀န်ယူထုတ်ပေးထားတာမျိုးပါ။ ဒီစာအုပ်ကို များသောအားဖြင့် ခိုလှုံထားတဲ့ နိုင်ငံတွေမှာ အမြဲတမ်းနေထိုင်ခွင့်ရပြီးနောက် သတ်မှတ်ချက်အားလုံးပြည့်မှီချိန်မှသာ လျှောက်ထားလို့ရပါတယ်။ ဒ့ါအပြင် ဒီစာအုပ်အသုံးပြုပြီး မိခင်နိုင်ငံကို လုံး၀ပြန်ခွင့်မရှိကြောင်း တားမြစ်ထားကြပါသေးတယ်။

🇲🇲 အရေးပေါ် သို့မဟုတ် ယာယီနိုင်ငံကူးလက်မှတ် (Emergency or Temporary Passport)

အရေးတကြီး ခရီးသွားဖို့ လိုအပ်နေသူတွေကို ထုတ်ပေးတဲ့ သက်တမ်းတို Passport တမျိုးဖြစ်ပြီး ဖြစ်တတ်တဲ့ အခြေအနေတွေကတော့ ပြည်ပမှာရောက်ရှိနေတုံး နိုင်ငံကူးလက်မှတ် ပျောက်ဆုံးသွားတဲ့အခါ နိုင်ငံအလိုက် သက်ဆိုင်ရာသံရုံးတွေအနေနဲ့ အရေးပေါ်အခြေအနေတွေမှာ မိခင်နိုင်ငံပြန်ဖို့အတွက် ခရီးသွားလာခွင့် စာရွက်စာတမ်းကို ထုတ်ပေးကြရပါတယ်။မြန်မာနိုင်ငံသားတွေအတွက်လည်း ဒါမျိုးစာအုပ်ရှိပါတယ်။
အားလုံးကြားဖူးပြီး နားရည်၀နေတဲ့ Certificate of Identity (CI) စာအုပ်လေးကို ပြည်ပရောက်နေတဲ့ မြန်မာနိုင်ငံသားတွေ အိမ်ပြန်လို့ရအောင် အရေးပေါ်အနေနဲ့ ထုတ်ပေးပါတယ်။ အိမ်ပြန်ဖို့ အရေးပေါ်ထုတ်လာခဲ့တဲ့ CI တွေကို မြန်မာနိုင်ငံရောက်တာနဲ့ သိမ်းဆည်းလိုက်ပြီး ထိုင်းနိုင်ငံမှာ ရွှေ့ပြောင်းမြန်မာလုပ်သားတွေအတွက် ထုတ်ပေးတဲ့ CI စာအုပ်လေးကတော့ ဗီဇာ နဲ့ စာအုပ်သက်တမ်းရှိသရွေ့ မြန်မာနဲ့ ထိုင်း နှစ်နိုင်ငံ အ၀င်အထွက်ပြုလုပ်လို့ရပါတယ် 🇲🇲🇹🇭

😱 မြန်မာမဟုတ်တဲ့ အခြားနိုင်ငံအများစုက ထုတ်ပေးတဲ့ CI စာအုပ်ဟာ သူတို့နိုင်ငံတွင်းမှာ နေထိုင်နေကြပြီး Travel Documents နဲ့ ပတ်စပို့စာအုပ်ထုတ်ပေးလို့မရကြတဲ့ နိုင်ငံမဲ့သမားတွေကို နိုင်ငံတကာခရီးသွားလို့ရနိုင်အောင် ထုတ်ပေးထားတာပါ။ ထူးခြားချက်ကတော့ မိခင်နိုင်ငံကို လုံး၀ ပြန်ခွင့်မပြုထားတာကြောင့် မြန်မာနိုင်ငံသားတွေကိုထုတ်ပေးတဲ့ CI နဲ့ မတူညီတဲ့ ဖြစ်စဥ်လေးလို့ ဆိုနိုင်ပါတယ်။
နောက်ပြီး “ထိုင်း” မှာလည်း Temporary Passport ကို ထုတ်ပေးပါတယ်။ ပတ်စပို့သက်တမ်းတိုးထားလို့ ပတ်စပို့ကပြန်မရသေးဘူး၊ ခရီးကသွားရတော့မယ်ဆိုရင် သက်တမ်း ၁ နှစ်ရှိတဲ့ ယာယီစာအုပ်ထုတ်ပေးကြပီး e-Passport သက်တမ်းတိုးပီးတဲ့အခါမှာ ယာယီစာအုပ်က အလိုအလျောက် ဖျက်သိမ်းသွားပါတယ်။
(ဒီနေရာမှာ ထိုင်းနိုင်ငံသားတွေအပါ နိုင်ငံတိုင်းနီးပါးအသုံးပြုနေကြတဲ့ e-Passport ဆိုတာ နိုင်ငံတကာ အရပ်ဘက်လေကြောင်း အဖွဲ့အစည်း (International Civil Aviation Organization - ICAO) က သတ်မှတ်ထားတဲ့ စံချိန်စံနှုန်းတွေအတိုင်း နည်းပညာဆိုင်ရာ သတ်မှတ်ချက်တွေပါဝင်တဲ့ Electronic Passport လို့ သိကြပါတယ်။)

✨ နိဂုံးချုပ်အနေနဲ့ Passport တခုခုသာရှိထားမယ်ဆိုရင် သံရုံးတွေမှာ Visa လျှောက်လို့ရမယ်၊ Visa free ရတဲ့ နိုင်ငံတွေကို လည်ပတ်နိုင်ပါမယ်။ ဒါလေးတွေကိုတော့ အမြဲဂရုစိုက်ပေးဖို့ လိုပါမယ်။

✅ ပတ်စပို့သက်တမ်းက အနည်းဆုံး (၆) လထက်မနည်း ရှိထားရပါမယ်။ စာရွက်အလွတ် (၂) ရွက် အနည်းဆုံး ကျန်နေဖို့ကလည်း အရေးကြီးပါတယ်။ တချို့သံရုံးတွေဆို စာရွက်အလွတ် (၄) ရွက် လောက်ကျန်ရမယ်ဆိုပြီးတောင် သတ်မှတ်ထားကြသေးလို့ပါ။

✅ မြန်မာမှာ ခုတလော ပိုပြီး ခေတ်စားလာတဲ့ (၁) နှစ်ပဲ သက်တမ်းရှိတဲ့ စာအုပ်အမျိုးအစားတွေအကြောင်း လာပါပြီ
ယာယီအတွက် သက်တမ်း ( ၁ ) နှစ်သာ ရတာမို့ နိုင်ငံတကာမှာ ကြာကြာနေဖို့ ပလန်ရှိထားသူတွေဆိုရင် ( ၁ ) နှစ်စာအုပ်ကနေ ( ၅ ) နှစ်စာအုပ်ကို သက်တမ်းထပ်တိုးပြီး ပြည်ပမှာ နေသင့်ပါတယ်။

🩵 တကယ်တော့လေ ဘယ်စာအုပ်အမျိုးအစားပဲရှိရှိ နိုင်ငံတကာမှာ ကြာကြာနေဖို့က သက်တမ်းအပြည့်ရတဲ့ စာအုပ်ရှိထားဖို့ကသာ အရေးကြီးဆုံးပါပဲနော်….

#ဘန်ကောက်သံရုံး #ပတ်စပို့လဲ #ရေကြည်ရာ #ပြည်ပရောက်မြန်မာ #ပြည်ပပတ်စပို့လဲ

ဒီကာလ အများစုက Passport လဲဖို့ စိတ်ချရတာ လိုက်ရှာနေကြတယ် တချို့က DTV နောက် ( ၆ )လ ထပ်ရဖို့ တွေးပူနေကြတယ် Smart ကျတဲ့သူတွ...
03/09/2026

ဒီကာလ အများစုက Passport လဲဖို့ စိတ်ချရတာ လိုက်ရှာနေကြတယ်

တချို့က DTV နောက် ( ၆ )လ ထပ်ရဖို့ တွေးပူနေကြတယ်

Smart ကျတဲ့သူတွေက ရေကြည်ရာကို အချိန် ( ၁ ) ရက် ပေးလိုက်ကြတယ်

သင်ကရော…. 💡

#ပတ်စပို့လဲ #ရေကြည်ရာ #ပြည်ပရောက်မြန်မာ

ที่อยู่

Chiang Mai
50100

เวลาทำการ

จันทร์ 09:00 - 22:00
อังคาร 09:00 - 22:00
พุธ 09:00 - 22:00
พฤหัสบดี 09:00 - 22:00
ศุกร์ 09:00 - 22:00
เสาร์ 09:00 - 22:00
อาทิตย์ 09:00 - 22:00

เว็บไซต์

แจ้งเตือน

เป็นคนแรกที่รู้ข่าว: เราจะส่งอีเมลแจ้งเมื่อ Yay Kyi Yar - ရေကြည်ရာ โพสต์ข่าวสารและโปรโมชั่น อีเมลของคุณจะไม่ถูกนำไปใช้เพื่อวัตถุประสงค์อื่น และคุณสามารถยกเลิกการรับข่าวสารได้ทุกเมื่อ

ทางลัด

แชร์