Trip Trek Your best consultant and one-stop service provider for Travel & Tour along with visa and ticketing !

ထိုင်းနိုင်ငံ ချင်းမိုင်မြို့လေးရဲ့ International School နဲ့ Bilingual School တွေမှာ ကျောင်းထားမယ့်ကျောင်းသားတွေအတွက် အခ...
14/07/2025

ထိုင်းနိုင်ငံ ချင်းမိုင်မြို့လေးရဲ့ International School နဲ့ Bilingual School တွေမှာ ကျောင်းထားမယ့်
ကျောင်းသားတွေအတွက် အခြေခံ လိုအပ်ချက်လေးများနဲ့ ကျောင်းစရိတ် Average ဘယ်လောက်ကျမလဲ ☺️

မင်္ဂလာပါရှင်

Trip Trek Education Service နဲ့ လက်ရှိ ချိတ်ဆက်ထားတဲ့ ကျောင်း ၅ကျောင်း ရှိပါတယ်ရှင့်

- Unity Concord International School (UCIS)
- Americana Chinese International School (ACIS)
- Ambassador Bilingual School (ABS)
- Ambassador Bilingual Academy (ABA)
- British Concordance International School (BCIS)

Basic Requirements:

1) Passport

2) Birth Certificate (မွေးစာရင်း)
* Notary ပြန်
* MOFA ရုံး တံဆိပ်ထု
* Thai Embassy Yangon တံဆိပ် (legalized stamp) ဒါမှမဟုတ်ရင် Bangkok Myanmar သံရုံး တုံး (or) Chiangmai Myanmar Consulate တုံး

3) အိမ်ထောင်စုစာရင်း
* Notary ပြန်
* MOFA ရုံး တံဆိပ်ထု

**** Guardian visa လျှောက်မယ်ဆိုရင်

* Thai Embassy Yangon တံဆိပ် (legalized stamp) ဒါမှမဟုတ်ရင် Bangkok Myanmar သံရုံး တုံး (or) Chiangmai Myanmar Consulate တုံး

4) Transcript (နောက်ဆုံးတက်ခဲ့တဲ့ အတန်း နှစ်တန်း ရဲ့ အမှတ်စာရင်း) နဲ့ အောင်လက်မှတ်

Eng လိုမဟုတ်ရင် Notary ပြန်ရပါမယ်။
မူကြိုတက်မယ့်ကလေးအတွက်မလိုပါဘူး။

……. 🌸

Average Cost 💰

International School ( UCIS,ACIS နဲ့ BCIS)တွေမှာ ကျေင်းသားရဲ့ အသက် နဲ့ ကိုယ်သင်ယူမည့် အတန်းပေါ်မူတည်၍ တစ်နှစ်ကိုပျမ်းမျှ 250000 Baht မှ 400000. Baht ခန့် ကျသင့်ပြီ

Bilingual School ( ABA နဲ့ ABS). တို့မှာ 200000 Baht မှ 250000 Bahtခန့် ရှိပါမယ်။

🔖ကျောင်းစရိတ် Obligatory Fees တွေက

1. ကျောင်းဝင်ခွင့် စားမေးပွဲကြေး (Entrance Exam Fee)
2.ကျောင်းဝင်ကြေး (Entrance Fee)
3. ဗီဇာအတွက် စာရွက်စာတမ်း (Documents Fee for Visa Application)
4.တစ်နှစ်စာ ကျောင်းလခ (Tuition Fee)
5. နေ့လည်စာ (Lunch Fee)
6. ကျောင်းတွင်း အစီအစဉ်များအတွက် (Activity Fee)
7.ကျောင်းအတွက် အထွေထွေထိန်းသိမ်းပြင်ဆင်စရိတ် (Capital Improvement Fee)
8. ကျောင်းဝတ်စုံ (Uniform Fee)
9. ကျောင်းသင်ရိုးဖတ်စာအုပ်. (Book Fee)
10. အာမခံ (Accident Insurance Fee)

စရိတ်တွေ ဖြစ်ပါတယ်။
....🌸

တခြား ရွေးချယ်စရာ Optional fees လေးတွေက ဒီမှာပါ။

1. School Bus Fee
ကျောင်းကားခကတော့ နေရာ အကွာအဝေးပေါ်မူတည်ပါတယ်။

2. Developing English Proficiency
အင်္ဂလိပ်စာ အားနည်းသော ကလေးများအတွက်
International School တွေမှာ 40000 Baht မှ 80000 Baht ဝန်းကျင်၊ Bilingual School ‌တွေက 20000 Bathခန့် ကျသင့်မည့် English စာသင်ကြားစရိတ်လေး ရှိပါမယ်။ တနှစ်အတွက်ပါ။

3.ကျောင်းမှစီစဉ်ပေး‌သောအဆောင် ထားချင်ရင် စားစရိတ် ပါ အပါ တနှစ် 300000 Baht ခန့်ရှိပါမယ်။

…… 🌸

Trip Trek မှာ ကျောင်းအပ် ဝန်ဆောင်မှူအတွက် အောက်ပါ ဝန်ဆောင်မှုလေးတွေကို extra charges မယူပဲ ဝန်ဆောင်မှူ ပေးပါတယ် 😇

🍀School Tour

ချင်းမိုင်ကိုလာပြီး ကျောင်းတွေကို ကိုယ်တိုင် ကြည့်ချင်ရင် School Visit စီစဉ်ပေးပါတယ်။
Flight + Hotel + Transportation + School Appointment

🍀 Online Discussion with School
(With translator )

မိမိကလေးလေးရဲ့ အသက်၊ နောက်ဆုံးပြီးခဲ့တဲ့အတန်း နှင့် တက်လိုသောကျောင်း ကိုပြေပေးရုံနှင့် School Quotation လေး တွက်ပေးပါတယ်။

ဖုန်းပြောပြီး ဆွေးနွေးချင်ရင် Booking ကြိုယူပေးပါတယ်ရှင်

🍀 Visa Application

ကလေးကျောင်းအပ်ပြီးလိူ့ school document တွေရလာရင်လဲ မြန်မာနိုင်ငံကနေ visa တစ်ခါတည်း လျှောက်ဖို့ E Visa application service လေးကိုလဲ ဆက်လက်ဆောင်ရွက်ပေးပါတယ်ရှင်

ကဲ ဒီလောက်ပြည့်စုံနေတာမို့
Trip Trek page လေးကို hello လိုက်လို့ရပါပြီရှင်

Trip Trek Education Service
Viber / WhatsApp
+959975882662
+959979331084



11/07/2025

Trip Trek Medical & Education Service (Thailand)

သားသားမီးမီးလေးတွေရဲ့ ပညာရေးအတွက် Education consultation လေး လုပ်ချင်ပါသလား

Admin တို့ရဲ့ Trip Trek ရှိပါတယ်နော် 😇

ထိုင်းနိုင်ငံ ချင်းမိုင်မြို့လေးမှာ international school ထားဖို့အတွက် မိဘ နဲ့ ကျောင်းသား ကိုယ်တိုင် လာရောက် လေ့လာနိုင်ပါတယ်။ ကျောင်းအလည်အပတ် school visit စီစဉ် ပေးပါတယ်။

နိုင်ငံတကာတက္ကသိုလ်ဆက်တက်နိုင်ဖို့အတွက် အထောက်အကူ‌ကောင်းကောင်းရစေတဲ့ ချင်းမိုင်က International School ကျောင်းတွေနဲ့ ချိတ်ဆက်ပေးမှာမို့ စိတ်ဝင်စားတယ်ဆိုရင် အောက်ပါ အချက်လက်လေးတွေ Trip Trek ကို ပေးပို့ပေးပါရှင် 🥰

1.. Passport
2.. Birth Certificate
3.. House hold List အိမ်ထောင်စုစာရင်း
4.. Transcript (နောက်ဆုံးတက်ခဲ့တဲ့ အတန်း နှစ်တန်း ရဲ့ အမှတ်စာရင်း) လိုပါတယ်။

ကျောင်းလခ ခန့်မှန်းခြေ၊ စတက်နိုင်တဲ့အတန်းတွေ သိရဖို့ တိုင်ပင်ဆွေးနွေးနိုင်ပါတယ်။

နောက်တစ်ပို့စ်မှာ Average cost လေးတွေနဲ့ ကျောင်းလေးတွေ အကြောင်းလေးတွေ Introduction လေးတွေ တင်ပေးပါမယ်နော်

Stay tuned ပါ 😉
Trip Trek for your peace of mind!
စိတ်ချမ်းမြေ့ရဖို့ Trip Trek ကိုဆက်သွယ်ပါလို့ 😇

Trip Trek

07/07/2025

Celebrating my 1st year on Facebook. Thank you for your continuing support. I could never have made it without you. 🙏🤗🎉

07/07/2025

Visiting Rajavej Hospital Chiangmai ……😍

Trip Trek medical services လေးက ဝန်ဆောင်မှုပေးတဲ့ Rajavej Hospital မှာ MedicalCheckUp နှုန်းထားလေးတွေ Package များက ၁၂၉၀ ဘတ်ကနေ ဘတ် ၇၅၉၀ (၂ သိန်းကနေ ၁၀သိန်းခန့်အထိ) ဖြစ်ပါတယ်။

လက်ထပ်ဖို့ ပြင်ဆင်တဲ့ ချစ်သူများ အတွက် PreMarriage check-up service လည်းရှိပါတယ်။

သားသမီးမွေးဖွားမယ့် ကိုယ်ဝန်ဆောင် အမျိုးသမီးလေးတွေအတွက်လည်း စိတ်ချမ်းသာ ကိုယ်ကျန်းမာ ဖွားမြင်ဖို့ package လေးတွေ ရှိပါတယ်။

Appointment လေးယူပြီး ကိုယ်လိုချင်တဲ့ အချိန်မှာ ဆေးစစ် ဆေးကုသ နိုင်ပါတယ်။

ကျန်းမာရေးအတွက် Reservation ပြုလုပ်ဖို့၊ ဆေးရုံနှင့် ဆက်သွယ်ဖို့၊ မေးမြန်းနိုင်ပါတယ်။

လိုအပ်ပါက လေဆိပ်-ဆေးရုံ/ ဟိုတယ်သို့နေအိမ်-ဆေးရုံ ကြိုပို့ဝန်ဆောင်မှုကိုလည်းကြိုတင်စီစဉ်ပေးပါတယ်။

ထိုင်းရောက်တုန်း ဆေးစစ်ဖို့ သိချင်သူတွေအသက်အရွယ်အလိုက် Medical Check-up တွေလည်း သက်သက်သာသာနဲ့ ရပါတယ်။

လိုချင်တဲ့အချိန်မှာ စစ်ဆေးဖို့ booking appointment ယူလို့ရပါတယ်။

‌ဆေးရုံ နဲ့ ကျွန်မတို့ ကုမ္ပဏီ အတူလက်တွဲ ပြီး MOU လည်း ထိုးပြီးသားဖြစ်လို့ ဝန်ဆောင်ခ လုံးဝ ပေးစရာ မလိုပဲ အပြည့်အဝ ဂရုစိုက်မှု နဲ့ စိတ်ချမ်းသာရပါစေမယ်။

(video လေးကတော့ ဖိုးဖိုးကြီး ဆေးရုံပြတဲ့နေ့ကလေ။ စကားမစပ် ဖိုးဖိုးကြီး ကို admin ဖြစ်တဲ့ သူ့သမီး က ဂရုစိုက်လိုက်တာဟယ်။ 💕💕💕)


Trip Trek for your rest …. 🥰

Mobile / Viber / WhatsApp
+959975882662 , +959979331084
+66622057816
Line : arpaytu.mts

အဆင်ပြေသက်သာ တိကျစွာ ဆေးစစ်ကြပါ Rejavej မှာလို့ 🤩🩺⛑️Full checkup Price အားလုံး အပြည့်အစုံ စစ်တဲ့ fully check up ကိုမှ 😍အ...
06/07/2025

အဆင်ပြေသက်သာ တိကျစွာ
ဆေးစစ်ကြပါ Rejavej မှာလို့ 🤩🩺⛑️

Full checkup Price

အားလုံး အပြည့်အစုံ စစ်တဲ့ fully check up ကိုမှ

😍အမျိုးသားဆိုရင် ဘတ် ၅၇၉၀
😍အမျိုးသမီးဆိုရင် ဘတ် ၇၉၅၀ ဘတ်

သာ ကျသင့်တာမို့ ချင်းမိုင်မြို့လေး အလည်လဲထွက် လေကောင်းလေသန့်လေးလဲရှုရင်း ကျန်းမာရေးအတွက် ဆေးစစ်ကြပါစို့နော်

Rejavej hospital ဆေးစစ် package လေးတွေထဲမှာ

✅ နောက်ဆုံးပေါ် နည်းပညာများဖြင့် စစ်ဆေးခြင်း
✅ တိကျမှန်ကန်ပြီး၊ ရလဒ်များကိုဆရာဝန်နှင့်ဆွေးနွေးတိုင်ပင်ခြင်း
✅ ဆေးရုံမြန်မာဘာသာပြန်
✅ ဆေးရုံဟိုတယ် အကြိုပို့

အားလုံး ပါဝင်တာမို့ ထိုင်းမှာဆေးစစ်ကြမယ်ဆို Trip Trek ကိုဆက်သွယ်လိုက်ပါနော်။

Trip Trek Medical Serice

Viber / WhatsApp
+959975882662 +959979331084

Trip Trek Medical Checkup Service ⛑️🏥🚑ထိုင်းနိုင်ငံ ချင်းမိုင်မြို့လေးက Rajavej Hospital နဲ့ ကျွန်မတို့ကုမ္ပဏီ MOU ထိုးတ...
06/07/2025

Trip Trek Medical Checkup Service ⛑️🏥🚑

ထိုင်းနိုင်ငံ ချင်းမိုင်မြို့လေးက Rajavej Hospital နဲ့ ကျွန်မတို့ကုမ္ပဏီ MOU ထိုးတဲ့နေ့က ဓာတ်ပုံလေးပါ။

ဆေးကုဖို့ ၊ ဆေးစစ်ဖို့ လိုအပ်ရင် ဆက်သွယ်ပါ။

ကောင်းမွန်သောဝန်ဆောင်မှု ၊ အလွန်သက်သာသော ကုသစရိတ် နှုန်းထားများ နဲ့ သောကတွေ လျော့ကျစေပါမယ်။

လာကြည့်လိုက်ပါနော်။

✅ နောက်ဆုံးပေါ် နည်းပညာများဖြင့် စစ်ဆေးခြင်း
✅ တိကျမှန်ကန်ပြီး၊ ရလဒ်များကိုဆရာဝန်နှင့်ဆွေးနွေးတိုင်ပင်ခြင်း
✅ ဆေးရုံမြန်မာဘာသာပြန်
✅ ဆေးရုံဟိုတယ် အကြိုပို့

စသဖြင့် ချစ်ခြင်းဖြင့် ပေးမယ့် ဝန်ဆောင်မှုများနဲ့ပါ။

Yangon ~ Chaingmai

Flight + hotel + medical + tour + visa
All in one ဝန်ဆောင်မှုက Trip Trek မှာ အပြည့်အဝရမှာပါရှင် 🫶🏻🌸

Trip Trek for your rest ❤️

+95 9975882662
+95 997933184
Viber / WhatsApp
Line : arpaytu.mts

❗️ချင်းမိုင် ရေကြီးနိုင်တဲ့ မြို့နယ်များ ❗️အမျိုးသား ရေအရင်းအမြစ်ရုံး တိုင်းဒေသကြီး (၁) (NWRO 1) သည် ၂၀၂၅ ခုနှစ်၊ မေလ ၂၆...
26/05/2025

❗️ချင်းမိုင် ရေကြီးနိုင်တဲ့ မြို့နယ်များ ❗️

အမျိုးသား ရေအရင်းအမြစ်ရုံး တိုင်းဒေသကြီး (၁) (NWRO 1) သည် ၂၀၂၅ ခုနှစ်၊ မေလ ၂၆ ရက်နေ့တွင် ထိုင်းနိုင်ငံမြောက်ပိုင်းရှိ ရေဘေးအန္တရာယ်ကျရောက်နိုင်ခြေရှိသောနေရာများကို အကဲဖြတ်သုံးသပ်ခဲ့ပါသည်။ (💹 သုံးသပ်မှုတွင်အသုံးပြုခဲ့သည့် အချက်အလက်များမှာ အမျိုးသား ရေအရင်းအမြစ် သတင်းအချက်အလက်ဌာန၏ ရှေးယခင်မိုးရွာသွန်းမှုအညွှန်းကိန်း (API) နှင့် ကြိုတင်ခန့်မှန်းမိုးရေချိန်တို့ ဖြစ်ပါသည်။) ပြည်နယ်နှင့်ခရိုင်အလိုက် ရေဘေးအန္တရာယ်ကျရောက်နိုင်ခြေရှိသောနေရာများမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

ရေဘေးအန္တရာယ်မြင့်မားသောနေရာများတွင် အောက်ပါတို့ပါဝင်ပါသည်-

❗️ချင်းမိုင် မြို့နယ်များ❗️
⛈ Chom Thong District, Ban Pae Sub-district
⛈ Chiang Dao District, Mae Na Sub-district
⛈ Doi Tao District, Pong Thung Sub-district
⛈ Fang District, Pong Nam Ron Sub-district
⛈ Phrao District, Pa Nai and San Sai Sub-districts
⛈ Mae Chaem District, Chang Khoeng and Mae Na Chon Sub-districts
⛈ Mae Taeng District, K*t Chang, Ban Chang, Pa Pae, Sop Poeng, and Inthakhin Sub-districts
⛈ Mae Wang District, Mae Win Sub-district
⛈ Mae On District, Mae Tha Sub-district
⛈ Mae Ai District, Mae Ai Sub-district
⛈ Samoeng District, Mae Sa and Samoeng Tai Sub-districts
⛈ San Pa Tong District, Ban Mae Sub-district
⛈ Hang D**g District, Ban Pong Sub-district
⛈ Omkoi District, Mae Tuen and Mae Long Sub-districts

⚠️ အန္တရာယ်ရှိသည်ဟု သတ်မှတ်ထားသောနေရာများတွင် နေထိုင်သူများအနေဖြင့် သက်ဆိုင်ရာဒေသဆိုင်ရာအဖွဲ့အစည်းများထံမှ ထုတ်ပြန်သည့် သတင်းအချက်အလက်များ၊ မိုးရွာသွန်းမှုသတင်းများနှင့် ရေကြီးရေလျှံမှုအခြေအနေများကို အနီးကပ်စောင့်ကြည့်ကြပါရန် တိုက်တွန်းအပ်ပါသည်။

❗️The National Water Resources Office Region 1 (NWRO 1) has assessed and analyzed the flood risk areas in Northern Thailand on May 26, 2025. (💹 The data used in the analysis are from the Antecedent Precipitation Index (API) and forecasted rainfall from the National Water Resources Information Institute). The flood risk areas by province and district are as follows:

High flood risk areas include:
❗️Chiang Mai Province❗️
⛈ Chom Thong District, Ban Pae Sub-district
⛈ Chiang Dao District, Mae Na Sub-district
⛈ Doi Tao District, Pong Thung Sub-district
⛈ Fang District, Pong Nam Ron Sub-district
⛈ Phrao District, Pa Nai and San Sai Sub-districts
⛈ Mae Chaem District, Chang Khoeng and Mae Na Chon Sub-districts
⛈ Mae Taeng District, K*t Chang, Ban Chang, Pa Pae, Sop Poeng, and Inthakhin Sub-districts
⛈ Mae Wang District, Mae Win Sub-district
⛈ Mae On District, Mae Tha Sub-district
⛈ Mae Ai District, Mae Ai Sub-district
⛈ Samoeng District, Mae Sa and Samoeng Tai Sub-districts
⛈ San Pa Tong District, Ban Mae Sub-district
⛈ Hang D**g District, Ban Pong Sub-district
⛈ Omkoi District, Mae Tuen and Mae Long Sub-districts

⚠️ Residents in the identified risk areas are advised to closely follow information, rain updates, and flood conditions from the relevant local agencies.

ချင်းမိုင် သင်္ကြန်ကတော့ အကလေးနဲ့ စဖွင့်ခဲ့ပါပြီ🌸🌸🌸 💦💦💦💦🌸🌸🌸
12/04/2025

ချင်းမိုင် သင်္ကြန်ကတော့ အကလေးနဲ့ စဖွင့်ခဲ့ပါပြီ

🌸🌸🌸 💦💦💦💦🌸🌸🌸

Sawadee p*e Mai kha 🌸❤️💦🔫🚨အိပ်ကပ်ထဲက ဘတ်လေးတွေ ခိုင်ခိုင်မြဲဖို့ သတိထားကြပါစို့ 🚨ချင်းမိုင်မှာ င်္သကြန်ရက် စီမံချက်ကတော့...
11/04/2025

Sawadee p*e Mai kha 🌸❤️💦🔫

🚨အိပ်ကပ်ထဲက ဘတ်လေးတွေ ခိုင်ခိုင်မြဲဖို့ သတိထားကြပါစို့ 🚨

ချင်းမိုင်မှာ င်္သကြန်ရက် စီမံချက်ကတော့ အုံလိုက်ကျင်းလိုက်ပါနော်

ညဘက် အသွား အလာလေးတွေ ဆင်ခြင်ကြပါနော် အဖွဲ့လိုက် Main နေရာတွေပဲ စစ်ဆေးတာပါ သောက်ထားရင်တော့ မှုတ်ခိုင်းတာနဲ့တိုးရင် ဘတ် ၁ သောင်းလောက် ထိသွားနိုင်ပါတယ်ရှင်

အထောက်အထားမရှိတဲ့သူတွေ visa မခိုင်တဲ့သူတွေ Ed visa သမား ကျောင်းပြေး roll call မပြည့်ကြသူတွေ အားလုံး အသွားအလာ သတိထားကြပါလို့

🚨💦🔫ထိုင်းဆုန်ကရန်ပွဲတော်အတွင်း ရေကစားရာမှာ လိုက်နာရမဲ့ စည်းကမ်းချက်များ Hello ခါ့ 🤗မေ့ရဲ့ မိတ်ဆွေ သူငယ်ချင်းတို့ရေ မကြာခ...
10/04/2025

🚨💦🔫ထိုင်းဆုန်ကရန်ပွဲတော်အတွင်း ရေကစားရာမှာ လိုက်နာရမဲ့ စည်းကမ်းချက်များ

Hello ခါ့ 🤗

မေ့ရဲ့ မိတ်ဆွေ သူငယ်ချင်းတို့ရေ မကြာခင်မှာ ထိုင်းရဲ့ Songkrang Festivalကြီးလဲ စတော့မှာပေါ့ 💦💦

ထိုင်းဆုန်ကရန်ပွဲတော်အတွင်း ရေကစားကြရာမှာ လိုက်နာရမဲ့ စည်းကမ်းချက်များ (၁၀) ချက်ကို ထိုင်းအစိုးရက ထုတ်ပြန်ထားပါတယ်။

ထိုင်းနိုင်ငံမှာ ရောက်ရှိ နေတဲ့ မြန်မာတွေအနေနဲ့ ထိုင်းဆုန်ကရန်ပွဲတော်မှာ ပါဝင်ဆင်နွဲကြမယ်ဆိုရင် ထုတ်ပြန်ထားတဲ့ အချက်တွေကို လိုက်နာဖို့ လိုအပ်တာကြောင့် မျှဝေပေးပါမယ်နော် 🌸

💦🔫◾သူတစ်ပါး လက်မခံဘဲ ရေပက်ခြင်း၊ ပေါင်ဒါမှုန့်သုတ်လိမ်းခြင်းပြုလုပ်ပါက (၁) လထက်မပိုသောထောင်ဒဏ်၊ (သို့မဟုတ်) ဒဏ်ငွေ ဘတ် ၁၀၀၀၀ ချမှတ်ခံရမည်။ (သို့မဟုတ်) ပြစ်ဒဏ်နှစ်ရပ်စလုံး ချမှတ်ခံရမည်။

💦🔫◾ပြည်သူအများသွားလာနေသည့် နေရာများတွင် မလုံ့တလုံ ဝတ်စားဆင် ယင်ပါက ‌ဒဏ်ငွေ ဘတ် ၅၀၀၀ ချမှတ်ခံရမည်။

💦🔫◾သူတစ်ပါးကို ကာအိ‌န္ဒြေပျက်ပြားအောင် ပြုမူလုပ်ဆောင်ပါက (၁၀) နှစ်ထက်မ‌ပိုသောထောင်ဒဏ်၊ ဒဏ်ငွေ ဘတ် ၂ သိန်း ချမှတ်ခံရမည်။

💦🔫◾ရေထွက်အားပြင်းသည့် ရေပြွတ်သေနတ်အကြီးများဖြင့် ရေးကစားရာ၌ သူတစ်ပါးအား ထိခိုက်နာကျင်စေပါက (၂) နှစ်ထက်မပိုသော ထောင်ဒဏ်၊ (သို့မဟုတ်) ဒဏ်ငွေ ဘတ် ၄၀၀၀ ချမှတ်ခံရမည်။ (သို့မဟုတ်) ပြစ်ဒဏ်နှစ်ရပ်စလုံး ချမှတ်ခံရမည်။

💦🔫◾ယာဉ်မောင်းနှင်နေစဉ် ရေပက်ဖြန်းခြင်းကြောင့် အက်စီးဒင့်ဖြစ်ပေါ်ပါက (၁) လထက်မပိုသောထောင်ဒဏ်၊ (သို့မဟုတ်) ဒဏ်ငွေ ဘတ် ၁၀၀၀၀ ချမှတ်ခံရမည်။ (သို့မဟုတ်) ပြစ်ဒဏ်နှစ်ရပ်စလုံး ချမှတ်ခံရမည်။

💦🔫◾ခွင့်ပြုချက်မရှိဘဲ လမ်းပိတ်ပြီး ရေကစားပါက ယာဉ်စည်းကမ်းဥပဒေအရ အရေးယူခြင်းခံရမည်။

💦🔫◾ပစ်ကပ်ကားအနောက်တွင် ၆ ဦးထက်ပို၍ တင်ဆောင်ခြင်း၊ (သို့မဟုတ်) Space cab ကားအနောက်တွင် ၃ ဦးထက်ပိုပြီး မတ်တတ်ရပ်၍ လိုက်ပါခြင်း၊ ကားဘောင်ပေါ်တွင် ထိုင်းခြင်းနှင့်၊ ၁ နာရီကို ကီလိုမီတာ ၆၀ အထက်ပို၍မောင်းနှင်ပါက ဒဏ်ငွေ ဘတ် ၂၀၀၀ ချမှတ်ခံရမည်။

💦🔫◾အရက်သေစာအား ကားပေါ်နှင့် ပြည်သူအများ သွားလာနေသည့်နေရာများတွင် သောက်သုံးပါက ဒဏ်ငွေ ဘတ် ၁၀၀၀၀ ချမှတ်ခံရမည်။

💦🔫◾အရက်သေစာသောက်စားပြီး ယာဉ်မောင်းနှင်ပါက (၁) နှစ်အထက်မပို‌ သော ထောင်ဒဏ်၊ (သို့မဟုတ်) ဒဏ်ငွေ ဘတ် ၅၀၀၀ မှ ၂၀၀၀၀ အထိ ချမှတ်ခံရမည်။ (သို့မဟုတ်) ပြစ်ဒဏ်နှစ်ရပ်စလုံး ချမှတ်ခံရမည်။

💦🔫◾သူတစ်ပါး လက်မခံဘဲ ရေခဲရေဖြင့်ပက်ဖြန်းခြင်း၊ ပေါင်ဒါမှုန့်သုတ်လိမ်းခြင်းပြုလုပ်ပါက ဒဏ်ငွေ ဘတ် ၅၀၀၀ ချမှတ်ခံရမည်။

🌸🌸🌸
အဓိကကတော့ ထိုင်းနိုင်ငံမှာ ရေကစားခွင့် သောက်စားခွင့်က ရေပက်ခွင့်ပြုထားတဲ့ နေရာတွေမှာသာ ပျော်ပါးခွင့်ရှိတာမို့ အပျော်ကနေ အပျက်မဖြစ်ရအောင် သတိပြုကြပါလို့ မျှဝေပေးလိုက်ပါတယ်ရှင့်


Crd to
#မြဝတီမဲဆောက်မီဒီယာ

ที่อยู่

Chiang Mai
50300

เบอร์โทรศัพท์

+959975882662

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Trip Trekผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ ธุรกิจของเรา

ส่งข้อความของคุณถึง Trip Trek:

ทางลัด

แชร์