JLM Visa Support Limited Partnership Chiangmai

JLM Visa Support Limited Partnership Chiangmai Visa Support

04/01/2026

မင်္ဂလာရှိသော တနင်္ဂနွေမနက်ခင်းပါ။ မနက်ဖြန် ၂၀၂၆ ခုနှစ်ရဲ့ ပထမဦးဆုံး ထိုင်းအစိုးရရုံးပြန်ဖွင့်ရက်ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းမှာ ဗီဇာသက်တမ်းကုန်ဆုံးသွားတဲ့သူတွေအနေနဲ့ မနက်ဖြန်ကစပြီး ဗီဇာသက်တမ်းတိုးနိုင်ပြီဖြစ်ကြောင်း အသိပေးအပ်ပါတယ်ရှင့်။
ဗီဇာသက်တမ်းတိုးခြင်းပဲဖြစ်ဖြစ်၊ အစိုးရရုံးဌာနတွေနဲ့ တခြားကိစ္စရပ်တွေ ဆောင်ရွက်တာပဲဖြစ်ဖြစ် အားလုံးအတွက် ဒီနှစ်ဟာ အဆင်ပြေချောမွေ့တဲ့နှစ်တစ်နှစ် ဖြစ်ပါစေ။🫶🫶🫶

29/12/2025

နှစ်ကုန်ပိုင်း အစိုးရရုံးပိတ်ရက် ရှည်များအတွက် ကြိုတင်ပြင်ဆင်နိုင်ရန် အသိပေးကြေညာခြင်း
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၃၁) ရက်နေ့မှ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ (၄) ရက်နေ့အထိ အစိုးရရုံးများ ပိတ်မည်ဖြစ်ပါသည်။
အစိုးရရုံးများကို ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ (၅) ရက် (တနင်္လာနေ့) တွင် ပြန်ဖွင့်လှစ်မည်ဖြစ်ကြောင်း အများသိစေရန် အသိပေးအပ်ပါသည်။
✅ဗီဇာသက်တမ်းကုန်ဆုံးရက်သည် ရုံးပိတ်ရက်ရှည်အတွင်း ကျရောက်နေပြီး၊ ရုံးပြန်ဖွင့်သည့် ဇန်နဝါရီလ ၅ ရက်၊ ၂၀၂၆ တွင် သွားရောက်သက်တမ်းတိုးပါက Overstay (ဗီဇာသက်တမ်းကျော်လွန်ခြင်း) ဟု မသတ်မှတ်ပါ။

မင်္ဂလာပါ 🙏အလုပ်လက်ခံခြင်းနှင့်ပတ်သက်သည့် အသိပေးချက် (Update):• ကန့်သတ်ချက်: ၂၀၂၅ ခုနှစ်အတွင်း ကမ္ဘောဒီးယားနိုင်ငံသို့ (...
23/12/2025

မင်္ဂလာပါ 🙏
အလုပ်လက်ခံခြင်းနှင့်ပတ်သက်သည့် အသိပေးချက် (Update):
• ကန့်သတ်ချက်: ၂၀၂၅ ခုနှစ်အတွင်း ကမ္ဘောဒီးယားနိုင်ငံသို့ (၁) ကြိမ်ထက်မက ဝင်/ထွက်သွားလာထားသည့် နိုင်ငံခြားသားများ။
• လက်မခံသည့်အလုပ်များ:
တက္ကသိုလ် (University) နှင့် သာမန်ကျောင်း (Normal Language School) များအတွက် ကျောင်းသားဗီဇာ (Education Visa) ပြောင်းလဲပေးခြင်းကို လက်မခံပါ။
• အခြားအချက်အလက်:
အခြားနယ်စပ်ဂိတ်များမှတစ်ဆင့် ဝင်/ထွက်ခြင်းနှင့်ပတ်သက်သည့် အချက်အလက်များကို ထုတ်ပြန်ကြေညာခြင်း မရှိသေးပါ။ လောလောဆယ်တွင် ဤအချက်များသာ ရှိပါသဖြင့် အသိပေးအပ်ပါသည်။

🇹🇭 ကျောင်းသားဗီဇာ (Language ED visa short course) နှင့်ပတ်သက်အကြောင်းပြောချင်ပါတယ် -• ချင်းမိုင်မှာရှိတဲ့တက္ကသိုလ်တစ်ခုက...
02/12/2025

🇹🇭 ကျောင်းသားဗီဇာ (Language ED visa short course) နှင့်ပတ်သက်အကြောင်းပြောချင်ပါတယ် -
• ချင်းမိုင်မှာရှိတဲ့တက္ကသိုလ်တစ်ခုကတစ်နှစ်စာဗီဇာပေးပေမဲ့ လဝက မှ ဗီဇာသက်တမ်းတိုးသည့်အခါ ၃ လ ၁ ကြိမ်သာ ဗီဇာတံဆိပ်တုံးထုပေးလေ့ရှိပါသည်။
• ထိုင်းဘာသာကို ရွေးချယ်သင်ယူသူများသည် ဗီဇာသက်တမ်းတိုးသည့်အခါ လဝက များက မိမိတို့ရွေးချယ်ထားသော ဘာသာစကားအတွက် စစ်ဆေးမေးမြန်းခြင်း (သို့မဟုတ် စာမေးပွဲ) ပြုလုပ်လေ့ရှိသည်။
• အကယ်၍ မိမိကိုယ်တိုင် စာမေးပွဲ မဖြေဆိုနိုင်မည်ကို သေချာပါက၊ ဗီဇာကို ကိုယ်တိုင် သွားသက်တမ်းမတိုးသင့်ပါ။ ကိုယ်တိုင်သွားရောက် တိုးပြီးမှ ပြဿနာဖြစ်ပါက၊ နောက်ပိုင်းတွင် အေဂျင့် က လာရောက်ကူညီဖြေရှင်းပေးရလျှင် အေဂျင့်တို့ကပါအပြစ်တင်ခံရနိုင်ပါသည်။
(အချို့ကိစ္စများတွင် ကူညီနိုင်သော်လည်း အချို့တွင် မကူညီနိုင်သည်များလည်း ရှိသည်)
မိမိက စျေးသက်သာတဲ့ ကျောင်းကို ရွေးချယ်မယ်ဆိုရင် ဗီဇာသက်တမ်းတိုးတဲ့အခါမှာ အရာရှိရဲ့ မေးခွန်းတွေကို ကိုယ်တိုင်ဖြေဆိုနိုင်ရပါမယ်။ စျေးသက်သာတဲ့ ကျောင်းကို ရွေးချယ်ခြင်းရဲ့ အားနည်းချက်ကတော့ ဗီဇာသက်တမ်းတိုးဖို့အတွက် ဘယ်သူကမှ လာရောက်ကူညီပေးမှာမဟုတ် အဆင်ပြေအောင်ဆောင်ရွက်ပေးမှာ မဟုတ်ပါဘူး။
စျေးကြီးတဲ့ ကျောင်းကို ရွေးမယ်ဆိုရင်တော့ ဗီဇာသက်တမ်းတိုးတဲ့အခါမှာ အေဂျင့်က အစစအရာရာ ကူညီပေးပြီး အဆင်ပြေအောင် လုပ်ဆောင်ပေးပါလိမ့်မယ်။ မိမိလုပ်ရမှာက ဓာတ်ပုံလာရိုက်ပြီးစနစ်ထဲဝင်ဖို့ အချိန်လေးပဲစောင့်ဆိုင်းရမှာပါ။ ဒါကဈေးနှုန်းနှစ်ခုရဲ့ ကွာခြားချက်ပဲ ဖြစ်ပါတယ်။
ဒါပေမဲ့ ဒါက မိမိရဲ့ အဆင်ပြေမှုကို မူတည်ပါတယ်။ ဒါကို အသေးစိတ်ရှင်းပြရုံသက်သက်ပါ။ မိမိသာ ဒီမှာ ဆက်နေဖို့ရှိတယ်ဆိုရင် မိမိအတွက် စိတ်ချရတဲ့၊ အန္တရာယ်ကင်းတဲ့အရာကိုပဲ ရွေးချယ်ပါ။ ဘာလို့လဲဆိုတော့ ဖြေရှင်းလို့မရတဲ့ ပြဿနာတစ်ခုခု ဖြစ်လာရင် နောက်ဆုံးမှာ မိမိကဆက်နေလို့မရတာ ဒါမှမဟုတ် တရားမဝင်နေထိုင်ရတာမျိုး ဖြစ်နိုင်ပါတယ်။ ထိုင်းနိုင်ငံရဲ့ ဥပဒေအရ ဗီဇာသက်တမ်း ၁ ရက်လေးပဲကျော်လွန် over stay နေရင်တောင် လဝက ကဘာအကြောင်းပြချက်မှမလိုဘဲ ချက်ချင်း ဖမ်းဆီးပိုင်ခွင့်ရှိပါတယ်။
• စျေးပေါသော သင်တန်းကို ရွေးချယ်သင်ယူသော်လည်း ဗီဇာသက်တမ်းတိုးသည့်အခါ ထိုင်းဘာသာကို ပြန်မဖြေဆိုနိုင်ပါက၊ နောက်ဆုံးတွင် ငွေကြေး ပိုမိုကုန်ကျပြီး စုစုပေါင်းကုန်ကျစရိတ်သည် စျေးကြီးသော သင်တန်းနှင့် မကွာခြားတော့ပါ။
• စာမေးပွဲကျမယ်လို့ ထင်တဲ့သူတွေအတွက် ပထမဆုံးအကြိမ်ကတည်းက အေဂျင့်၏ အကူအညီကိုယူသင့်ပါသည်။
• လေးနှစ်သင်တန်း အစစ်အမှန် တက်ရောက်သူများ: တက္ကသိုလ်၏ လေးနှစ်သင်တန်း (ဘွဲ့/ဒီပလိုမာ) အစစ်အမှန် တက်ရောက်နေသူများသည် ဗီဇာသက်တမ်းတိုးပြဿနာမရှိနိုင်ပါ။
"ဒီပြဿနာကို ခဏခဏဖြေရှင်းပေးနေရလို့ အချက်အလက်တွေကို ဝေမျှပေးနိုင်တာ ဖြစ်ပါတယ်"

မင်္ဂလာပါရှင်! 🙏🇹🇭 ထိုင်းနိုင်ငံမှာ ထိုင်းဘဏ်စာရင်းဖွင့်တာ (Thai Bank Account opening) နဲ့ ပတ်သက်ပြီးတော့ အသိပေးမျှဝေပေး...
29/07/2025

မင်္ဂလာပါရှင်! 🙏

🇹🇭 ထိုင်းနိုင်ငံမှာ ထိုင်းဘဏ်စာရင်းဖွင့်တာ (Thai Bank Account opening) နဲ့ ပတ်သက်ပြီးတော့ အသိပေးမျှဝေပေးချင်ပါတယ်ရှင့်

အခုလက်ရှိမှာ Tourist Visa (TR) နဲ့ ထိုင်းနိုင်ငံရောက်နေတဲ့ မြန်မာနိုင်ငံသားများအနေနဲ့ ထိုင်းဘဏ်အကောင့်ဖွင့်လို့မရနိုင်တော့ပါဘူး❗ ဖွင့်လို့ရအောင် ဖွင့်ပေးတဲ့ Agent များလဲရှိကြမှာပါ။ ဒါပေမယ့် Agent များမှတဆင့် လတ်တလော ဖွင့်လို့ရခဲ့တယ်ဆိုရင်တောင်မှ TR Visa နဲ့ဖွင့်ထားတဲ့အကောင့်တွေဟာ နောက်ပိုင်းမှာ ဘဏ်ကနေ အလိုအလျောက်ပိတ်သိမ်းခံရနိုင်ပါတယ်။

ထိုင်းနိုင်ငံကို Tourist Visa နဲ့ဝင်လာပြီးနောက် Retirement Visa တို့ Guardian Visa တို့ အစရှိတဲ့ Bank Statement/Show Money ပြရတဲ့ Non-O Visa တွေပြောင်းလျှောက်ဖို့်အတွက် ထိုင်းဘဏ်စာရင်းပြဖို့ ထိုင်း bank account ဖွင့်မယ်ဆိုရင် လက်ရှိ TR Visa နဲ့နေတာဖြစ်တာကြောင့် ဖွင့်လို့မရနိုင်ပါဘူးရှင်။

💡 ဘယ်လိုအဆင်ပြေအောင်လုပ်မလဲ?

ဒါကြောင့် Show Money ပြရတဲ့ Visa တွေလျှောက်မယ်ဆိုရင် ကိုယ့်ဆီမှာ နဂိုတည်းက ဘဏ်စာရင်းရှိထားမှသာ အဆင်ပြေပါမယ်။

🔹ထိုင်းနိုင်ငံကို မဝင်လာခင် မိမိလက်ရှိနေထိုင်ရာ နိုင်ငံမှာရှိတဲ့ ထိုင်းသံရုံးမှာ Non-O Visa တွေကို တစ်ခါတည်းလျှောက်ခဲ့ရင်တော့ ပိုအဆင်ပြေပါလိမ့်မယ်ရှင်။ Visa လျှောက်လို့ ဘဏ်စာရင်းပြတဲ့အခါမှာလဲ သတ်မှတ်ထားတဲ့ ထိုင်းငွေနဲ့ညီမျှတဲ့ Foreign Currency Account ကိုပြနိုင်ရင် ရပါတယ်ရှင့်။ (ဥပမာ - Retirement Visa အတွက် ဘတ် ၈ သိန်း နဲ့ညီမျှတဲ့ MMK, USD, SGD, EUR စသည်ဖြင့်)

🔹ထိုင်းကို အထက်ဖော်ပြပါ Non-O Visa တခုခုနဲ့ဝင်လာတယ်ဆိုရင်တော့ Thai Bank Account ကို ဖွင့်လို့ရပါပြီ။ အဲ့တာဆိုရင်တော့ နောက်ပိုင်း Visa သက်တမ်းတိုးလို့ ဘဏ်စာရင်းပြတဲ့အခါမှာတော့ Thai Bank Account ကိုပြလို့ရပြီပေါ့။

ဒီအချက်တွေသိထားရင် Visa Process အတွက် အဆင်ပြေမှာပါ! မေးစရာရှိရင် JLM Visa Support ကိုဆက်သွယ်နိုင်ပါတယ်ရှင့်။ 😊

ကျေးဇူးတင်ပါတယ်ရှင် 🙏

📍 JLM Visa Support Limited Partnership, Chiang Mai

မင်္ဂလာပါရှင်! 🙏🇹🇭 ချင်းမိုင်မှာ Language Course ED Visa ဖြင့်နေထိုင်သူများအတွက် အသိပေး ပြောပြပေးချင်တာလေးရှိပါတယ်ရှင်ကျ...
18/07/2025

မင်္ဂလာပါရှင်! 🙏

🇹🇭 ချင်းမိုင်မှာ Language Course ED Visa ဖြင့်နေထိုင်သူများအတွက် အသိပေး ပြောပြပေးချင်တာလေးရှိပါတယ်ရှင်

ကျောင်းပျက်/ကျောင်းမတက်သူများအနေနဲ့ Passport ထဲက Visa Stamp အရကြည့်ရင် Visa သက်တမ်းကျန်နေသေးသလို ထင်ရပေမယ့်၊ Student Status Dismissal ဖြစ်သွားပါက Immigration ဘက်က Visa ကို Auto Cancel လုပ်ပါတယ်။

ဒီအခြေအနေကို မသိဘဲ Visa သက်တမ်းကျန်တယ်ထင်ပြီး ထိုင်းကနေ ပုံမှန်ထွက်သွားမယ်၊ Visa Cancellation မလုပ်ဘဲထွက်မယ်ဆိုရင်…

▫️ လေဆိပ်အထွက်မှာ စစ်ဆေးလို့ ပေါ်နေရင် → Overstay ဒဏ်ကြေးပေးဆောင်ရနိုင်ပါတယ်။
▫️ စစ်ဆေးလို့ မပေါ်နေသေးရင် → ဘာမှမဖြစ်ဘဲ ထွက်သွားနိုင်ပါတယ်။

⚠️ ဒါပေမယ့်!
ဒီလို ဘာမှမဖြစ်ဘဲ ထွက်သွားပြီး နောက်တစ်ခါ ထိုင်းကို အခြား Visa နဲ့ပြန်ဝင်လာပြီး ချင်းမိုင် Immigration မှာ သက်တမ်းတိုးတဲ့အခါ…
▫️ ကျောင်းပျက်ခဲ့တာ Student Dismissal + Visa Auto Cancel + Overstay ဖြစ်ခဲ့တဲ့ Record ပေါ်လာမှာဖြစ်ပါတယ်
▫️ ဒီပြဿနာတွေကို အရင်ရှင်းမှသာ Visa သက်တမ်းတိုးလို့ရမှာပါ။

-----------------------

❓ ဘယ်လိုရှင်းမလဲ ❓
▫️ ဒီလိုအခြေအနေမျိုးဆိုရင် အရင် Visa လုပ်ခဲ့တဲ့ Agent (သို့) ယုံကြည်ရတဲ့သူနဲ့ဆက်သွယ်ပြီး အောက်ပါအတိုင်း ဆောင်ရွက်ရပါမယ်။ အောက်မှာဖော်ပြထားတဲ့ အချက်တွေအလိုက် ငွေကြေးကုန်ကျနိုင်ပါတယ်ရှင်

1️⃣ ပထမအချက် (Overstay ကြေးပေးဆောင်ရန်)
• Overstay ဖြစ်ထားတဲ့သူဆိုရင် Immigration မှာ Overstay ဒဏ်ကြေး ရက်အလိုက်ကျသင့်ငွေကိုပေးဆောင်ရပါမယ်။

2️⃣ ဒုတိယအချက် (Visa အဟောင်းကို Cancel Stamp ပြန်ထုရန်)
• အရင်က Visa Cancellation မလုပ်ခဲ့ပဲထွက်သွားပြီး မှ ထိုင်းကိုပြန်ဝင်လာတာကြောင့် Visa Cancellation အတွက်ကို Immigration ကနေ Back Date နဲ့ Cancel Stamp ပြန်ထုပေးပါလိမ့်မယ်။ ဒီလို Back Date Cancel လုပ်ဖို့လည်း ကျသင့်ငွေရှိပါတယ်။

3️⃣ တတိယအချက် (လက်ရှိဗီဇာသက်တမ်းတိုးရန်)
• အပေါ်က (၂) ချက်ပြီးမှ လက်ရှိ Visa သက်တမ်းတိုးဖို့ လိုအပ်တဲ့ စာရွက်စာတမ်းတွေ + ကျသင့်ငွေ နဲ့ တိုးလို့ရပါပြီ။

မှတ်ချက် 📌 Overstay မဖြစ်ခဲ့ရင် → ပထမအချက် (Overstay ဒဏ်ကြေး) မပေးရပါဘူး။ ဒုတိယနဲ့ တတိယအဆင့်ပဲ လုပ်ရမှာဖြစ်ပါတယ်။

🙏 အားလုံး Visa ကိစ္စ အဆင်ပြေကြပါစေ!

📍 JLM Visa Support Limited Partnership, Chiang Mai

⚠️ အရေးကြီးသတိပေးချက် ⚠️မင်္ဂလာပါရှင် 🙏📌 ချင်းမိုင်မှာ အထောက်အထားမရှိပဲနေထိုင်သူများ၊ Passport စာအုပ်ရှိသော်လဲ ပန်းရောင်...
15/07/2025

⚠️ အရေးကြီးသတိပေးချက် ⚠️

မင်္ဂလာပါရှင် 🙏

📌 ချင်းမိုင်မှာ အထောက်အထားမရှိပဲနေထိုင်သူများ၊ Passport စာအုပ်ရှိသော်လဲ ပန်းရောင်ကတ်လုပ်မှာမို့လို့ လတ်တလော မိမိလက်ထဲမှာ Passport စာအုပ်မရှိသူများ၊
Visa သက်တမ်းကုန်နေတာကို သက်တမ်းမတိုးပဲ ဆက်လက်နေထိုင်သူများအနေဖြင့် Immigration မှ အိမ်ကို လိုက်လံ ဧည့်စာရင်း စစ်ရင် အထောက်အထားမရှိ တာကြောင့် အဖမ်းခံရနိုင်ပါတယ်။

▫️ အဖမ်းခံရလို့ ဘာမှဖြေရှင်းလို့ အဆင်မပြေရင် ကိုယ့်နိုင်ငံပြန်ပို့ခံရမှာဖြစ်ပါတယ်။

▫️ ကိုယ့်နိုင်ငံကို ပြန်ပို့ခံရင် ပြန်သွားလို့ အဆင်ပြေတဲ့သူရှိသလို လုံးဝကို ကိုယ့်နိုင်ငံပြန်လို့မရတဲ့ အခြေအနေရှိတဲ့သူတွေလဲရှိပါတယ်၊ အမျိုးမျိုးပေါ့။

▫️ ကိုယ့်နိုင်ငံပြန်လို့မရတဲ့သူဆိုရင်တော့ ထိုင်းလဲဝင်မရ၊ ကိုယ့်နိုင်ငံလဲ ဝင်မရပဲ နယ်စပ် တံတားပေါ်မှာ လေဆိပ်မှာ လမ်းပျောက်နေမှာဖြစ်ပါတယ်

🔒 ကာကွယ်ရန် အရေးကြီးသော အချက်များ
1️⃣ အထောက်အထားမရှိပါက အထူးသတိထားနေထိုင်ပါ။
2️⃣ Immigration ဧည့်စာရင်းစစ်ဆေးမှုများတွင် အိမ်တွင်ဖမ်းဆီးခံရနိုင်သောကြောင့် ရှောင်ရှားနေထိုင်ပါ။

------------------------

🚨ပြန်ပို့ခံရခြင်းအတွက် မိမိကို ကူညီကယ်ဆယ်ပေးမယ်သူများရှိလို့ ချိတ်ဆက်ပြီးလမ်းကြောင်းများနဲ့ ထိုင်းကို ပြန်ဝင်လာရင်လည်း ...

▫️ ယခင်နေထိုင်ရာနေရာကို ရှောင်ပါ။ အရင်နေထိုင်ခဲ့တဲ့ အိမ်/နေရာမှာ မနေထိုင်ပါနဲ့။
▫️ အရင်သုံးခဲ့သော ထိုင်းဖုန်းနံပါတ်ကို မသုံးပါနှင့်။
▫️ ယုံကြည်ရသူ/Agent များနှင့် ကြိုတင်ဆက်သွယ်ပါ။

🙏 လုံခြုံစွာနေထိုင်ပြီး ဘေးကင်းကြပါစေ!

📍 JLM Visa Support Limited Partnership, Chiang Mai

မင်္ဂလာပါရှင် 🙏🇹🇭 ထိုင်းနိုင်ငံ ဗီဇာလျှောက်တဲ့အခါ Show Money အတွက် ဘဏ်အကောင့်ပြရာနှင့် ပတ်သက်ပြီး အရေးကြီးသော အချက်လေးကိ...
11/07/2025

မင်္ဂလာပါရှင် 🙏

🇹🇭 ထိုင်းနိုင်ငံ ဗီဇာလျှောက်တဲ့အခါ Show Money အတွက် ဘဏ်အကောင့်ပြရာနှင့် ပတ်သက်ပြီး အရေးကြီးသော အချက်လေးကို Sharing လုပ်ပေးချင်ပါတယ်။

📌 အထူးသတိထားရန်

• Retirement Visa (သို့မဟုတ် အခြား Show Money လိုအပ်သောဗီဇာ) လျှောက်ထားသူများအနေဖြင့် ထိုင်းအပြာရောင်ဘဏ် (ကြာပန်းတံဆိပ်ဘဏ်) တွင် မိမိကိုယ်ပိုင်ငွေ (သို့) တစ်စုံတစ်ဦးကထည့်ပေးသော ငွေဖြင့် Show Money ပြပါက ဘဏ်ဘက်မှ ပြထားသောငွေကို ပြန်ထုတ်လို့မရအောင် အချိန်(၄)လအကြာ သိမ်းထားပါလိမ့်မည် ❗

• ဆိုလိုသည်မှာ Visa အတွက် Show Money ပြရန် Bank Balance Certificate ကိုဘဏ်ထံမှတောင်းခံပါက ဘဏ်ဘက်မှ certificate ထုတ်ပေးမည်ဖြစ်သော်လည်း ထိုပြထားတဲ့ ငွေပမာဏကို အကောင့်ထဲမှ နောက်ရက်များတွင် ချက်ချင်းထုတ်ယူ၍ရမည်မဟုတ်ပဲ အချိန် ၄ လ ကျော်မှသာ ပြန်ထုတ်နိုင်မှာဖြစ်ပါတယ်။ ဘဏ်ကသတ်မှတ်ထားတဲ့ Policy ဖြစ်ပါတယ်.

• ဘဏ်အကောင့်ကိုလဲ ဆက်လက်အသုံးပြုနိုင်ပါတယ်။ အကောင့်ပိတ်ခြင်းမဟုတ်ပါ။

💡 အကြံပြုချက်

• အခြားဘဏ်များ (ဥပမာ - အစိမ်းရောင်ဘဏ်) တွင် Show Money ပြပါက ထိုကဲ့သို့ ကန့်သတ်ချက်များ မရှိ‌သေးဟု သိရပါတယ်။ ဒါကြောင့် တခြားဘဏ်တွေနဲ့လဲ Show Money ပြကြဖို့ အကြံပြုချင်ပါတယ်ရှင် (အစိမ်းရောင်ဘဏ်တို့ ဘာတို့နဲ့ Show Money ပြတာတို့ဘာတို့လုပ်ပေါ့)

• အပြာရောင်ဘဏ်ကို ရွေးချယ်မည်ဆိုပါက ဤအချက်ကို သတိပြုပါ။ အချိန်(၄)လလောက်ကြာအောင် အကောင့်ထဲက ပြထားတဲ့ငွေတွေ ထုတ်လို့မရပဲ ဖြစ်နေမှာကြောင့် ဖြစ်ပါတယ်။

⚠ သတိပြုရန်
ဘဏ်မူဝါဒများသည် အချိန်နှင့်အမျှ ပြောင်းလဲနိုင်သောကြောင့် Show Money နှင့်ပတ်သက်လျှင် ဘဏ်ကို ကြိုတင်စုံစမ်းပြီးမှ ဆောင်ရွက်ပါရန်။

🙏 အားလုံးအဆင်ပြေကြပါစေ 😊

📍 JLM Visa Support Limited Partnership, Chiang Mai

မင်္ဂလာပါရှင်🙏ချင်းမိုင် ED Visa နှင့် ပတ်သက်သည့် လတ်တလော အရေးကြီးသတိပေးချက် ❗ ⚠️ အရေးပေါ်သတိပေးချက်⚠️ • ချင်းမိုင်ရှိ တ...
02/07/2025

မင်္ဂလာပါရှင်🙏

ချင်းမိုင် ED Visa နှင့် ပတ်သက်သည့် လတ်တလော အရေးကြီးသတိပေးချက် ❗

⚠️ အရေးပေါ်သတိပေးချက်⚠️
• ချင်းမိုင်ရှိ တက္ကသိုလ်တစ်ခုတွင် Student Status: Dismissal ဖြစ်ထားသူများအနေဖြင့် ထိုင်းနိုင်ငံမှ အမြန်ဆုံး (ချက်ချင်း) ထွက်သွားရန် လိုအပ်ပါသည်။

📌အကြောင်းရင်း
• ဘာကြောင့်လဲဆိုတော့ လတ်တလောမှာ ထိုကျောင်းကို ရဲများ (ဘန်ကောက်ဘက်ကလာစစ်တဲ့ရဲများ) ကလာစစ်တဲ့အချိန်မှာ ကျောင်းဘက်က လည်း Dismissal ဖြစ်ထားသူများစာရင်းကိုပေးလိုက်ရပါတယ်၊ ရဲဘက်က အဲ့စာရင်းထဲက Dismissal ဖြစ်ထားတဲ့လူတွေကို Visa Cancel လုပ်လိုက်ပါတယ်။ ဒါကြောင့် Visa Cancal လုပ်လိုက်တာနဲ့ Overstay ဖြစ်သွားပါပြီ။

• Visa Cancel လုပ်တာကလဲ ကျောင်းမတက်လို့ Dismisal ဖြစ်တဲ့အချိန်ကာလကိုကြည့်ပြီး/ကျောင်းကစာရင်းပေါ်မူတည်ပြီး‌တော့ Back Date နဲ့လုပ်တာပါ။ (ဥပမာ အခုJuly မှာ ရဲကလာစစ်တဲ့အခါ စာရင်းထဲမှာ ကျောင်းသားက April လလောက်ကတည်းက ကျောင်းလုံးဝမတက်တာတို့ ဘာတို့ရှိခဲ့ရင် အဲ့ April လကနေစပြီး Back date နဲ့ Visa Cancel လုပ်တာဖြစ်ပါတယ်။ May ကတည်းက မတက်ခဲ့ပါက၊ May မှစ၍ Visa Cancel လုပ်ကာ Overstay စတင်သတ်မှတ်တာဖြစ်ပါတယ်။

• ဒါကြောင့် ခုချိန်မှာ အဲ့လိုလူမျိုးဆိုရင်Overstay ရက်အများကြီး ဖြစ်နေမှာပါ ဒဏ်ကြေးလဲဆောင်ရမှာပါ။ Overstay ကလည်း ရက်(၉၀)ကျော်သွားရင် Black list ဖြစ်မှာပါ၊ ထိုင်းနိုင်ငံသို့အဝင်လဲ ပိတ်ခံရမှာပါ။

📌ဘာလုပ်သင့်လဲ?

1️⃣ Dismissal ဖြစ်ပြီး Visa Cancel ခံရသူများ
• အမြန်ဆုံး ထိုင်းနိုင်ငံမှ ထွက်ခွာပါ။
• လေယာဉ် (လေဆိပ်) သို့မဟုတ် ကား (နယ်စပ်ဂိတ်) မှ ထွက်ပါက Overstay ဒဏ်ကြေးကို ထွက်တဲ့‌နေရာမှာပေးဆောင်ရမည်။

2️⃣ ကျောင်းပြီးသော်လည်း Visa Active ဖြစ်နေသူများ
• ကျောင်းပြီးသွားသော်လည်း Visa Active ဖြစ်နေသေးတဲ့သူတွေ အနေနဲ့လည်း ကျောင်းရဲ့ Chat Group ထဲမှာကျောင်းက Visa Cancellation Letter ကိုလာယူလို့ရပြီလို့ပြောတဲ့အခါ မြန်မြန်ယူပြီး Visa Cancel လုပ်ကာ ထွက်ခွာပါ။ (နောက်မှ အခြားဗီဇာဖြင့် ပြန်ဝင်နိုင်သည်) or Visa အသစ်မြန်မြန်ချိန်းပါ။

🚨အထက်တွင် ဖော်ပြခဲ့သော Visa Cancel လုပ်ခြင်းကိစ္စကို ကျောင်းဘက်မှလည်း ရဲများရုတ်တရက်လာစစ်တာကြောင့် ကျောင်းသားများ/Agent များ ကို ကြိုတင် Warning ပေးခြင်းမျိုးလည်းမရှိသဖြင့် ကျွန်မတို့အနေဖြင့် ကျောင်းသားများကို ကြိုတင်အကြောင်းကြားနိုင်ခြင်းမရှိခဲ့သည်ကို နားလည်ပေးစေလိုပါတယ်။

Visa Active ဖြစ်နေပြီးတော့ တခြားပို Safe ဖြစ်တဲ့ ကျောင်းကိုပြောင်းချင်ရင်လည်း စီစဉ်ဆောင်ရွက်ပေးမှာမယ်ရှင်။ ကျောင်းသားဗီဇာတွေက ဒီလိုတွေဖြစ်လို့ တစ်ခြားဗီဇာ ပြောင်းမယ်ဆိုရင်လည်း သေချာ စဉ်စားကြပါလို့။
(အဲ့ဒီလို Visa Cancel ဖြစ်သွားခြင်း၊ Overstay ဖြစ်သွားခြင်း ကိစ္စတွေကို ကျောင်းသားတစ်ဦးအတွက် ချင်းမိုင် Immigration ပုံမှန်လုပ်နေကြ Visa Type Change ဖို့ Visa Cancelသွားလုပ်တဲ့အခါမှာ Visa Cancel ဖြစ်သွားပြီး Overstay ဖြစ်နေလို့ တုံးထုပေးလို့မရကြောင်း Immigration ပြောတဲ့အခါမှာ သိခဲ့ရတာပါ)

🛑 Overstay ဒဏ်ကြေးနှင့်ပတ်သက်၍ ထပ်မံသိရှိရန်

Overstay ဒဏ်ကြေးနှင့်ပတ်သက်၍ ပြောချင်တာလည်း တစ်ခုရှိပါသေးတယ်။ ကိုယ်က ချင်းမိုင် Immigration ရုံးရဲ့ System ထဲ Overstay ဖြစ်နေတယ်။ ဒါပေမယ့် ထိုင်းနိုင်ငံမှ ထွက်ခွာချိန်မှာ လေဆိပ်၊ နယ်စပ်ဂိတ်တို့မှာ System တွင် စစ်ဆေးသောအခါ Overstay ဟုမပေါ်ပါက ဒဏ်ကြေးပေးစရာလိုမှာတော့ မဟုတ်ပါဘူး။ သို့သော် ထိုင်းကိုပြန်ဝင်လာပြီး Immigration မှာ Visa သက်တမ်းတိုးတွေ ဘာတွေလုပ်တဲ့အခါမှာတော့ Overstay ဖြစ်ခဲ့တာကြောင့် ဒဏ်ကြေးပေးရမှာပါ။ (ဒါကြောင့် ဒဏ်ကြေးကတော့ ပေးကိုပေးရမှာပါ။ အခုပေးရတာနဲ့ နောက်မှပေးရတာပဲ ကွာတာပါ)

🛑 လတ်တလောသိရသလောက်ဆိုရင် 25 April လောက်က Student Dismissal/Visa Cancel ဖြစ်ထားသူတွေ အများကြီးရှိနေပါတယ်။ အဲ့လူတွေက 20 July လောက်ဆို Overstay ရက်(၉၀) ကျော်သွားမှာပါ။ ဒါကြောင့် 20 July မတိုင်ခင် ထိုင်းနိုင်ငံမှ ချက်ချင်းထွက်ခွာရန် လိုအပ်ပါတယ်။ ထွက်တာ ဝင်တာတွေအတွက်လည်း ကျွန်မတို့နဲ့ တိုင်ပင်ဆွေးနွေးလို့ရပါတယ်။ Overstay ရက်(၉၀) မကျော်သေးလို့ Black List မဖြစ်သေးဘူးဆိုရင် တော့ ထိုင်းကနေ ထွက်ဖို့၊ ပြန်ဝင်လာဖို့ အတွက်ကတော့ လမ်းကြောင်းတွေရှိပါတယ်။

💡 ထွက်ခွာရန်/ပြန်ဝင်ရန် အကြံဉာဏ်လိုပါက ဆက်သွယ်မေးမြန်းနိုင်ပါသည်။

❗ သတိပြုရန်: ဤအခြေအနေသည် ချင်းမိုင် ED Visa အတွက်သာမက၊ အခြားဒေသများရှိ ကျောင်းသားဗီဇာများအတွက်လည်း သတိထားသင့်ပါသည်။

🙏 အားလုံး ဘေးကင်းလုံခြုံစွာ နေထိုင်နိုင်ကြပါစေ 🙏
📍 JLM Visa Support Limited Partnership, Chiang Mai


မင်္ဂလာပါရှင် 🙏📌 ထိုင်းနိုင်ငံ  🇹🇭 ချင်းမိုင်မြို့ကို (၁၄)ရက် Visa Free နဲ့ဖြစ်ဖြစ်၊ Tourist Visa နဲ့ဖြစ်ဖြစ် အကြောင်းအမ...
06/06/2025

မင်္ဂလာပါရှင် 🙏

📌 ထိုင်းနိုင်ငံ 🇹🇭 ချင်းမိုင်မြို့ကို (၁၄)ရက် Visa Free နဲ့ဖြစ်ဖြစ်၊ Tourist Visa နဲ့ဖြစ်ဖြစ် အကြောင်းအမျိုးမျိုးနဲ့ရောက်လာကြသူများအတွက် ချင်းမိုင်တွင်ဗီဇာ (၁)လသက်တမ်းတိုး (Visa 1 month extension) အတွက်လိုအပ်သော စာရွက်စာတမ်းများကို ဖော်ပြပေးလိုက်ပါတယ်ရှင် ✨

1. Immigration ရုံးတွင် လျှောက်လွှာပုံစံ (T.M.7) ဖြည့်ရန်။
2. TM6 (Thailand Digital Arrival Card (TDAC) online before arrival (ထိုင်းနိုင်ငံကို မဝင်ရောက်ခင် online မှဖြည့်ခဲ့သော TDAC)
3. လိုင်စင် ဓာတ်ပုံတစ်ပုံ။
4. Passport ကိုယ်ရေးအချက်အလက်ပါ စာမျက်နှာ။
5. လက်ရှိဗီဇာတံဆိပ်တုံးပါသော Passport စာမျက်နှာ။
6. TM 30 (ဧည့်စာရင်းတိုင်စာရွက်)
7. Immigration ရုံးတွင်ပေးသွင်းရမည့်ငွေ ဘတ် 1900။

🔸မှတ်ချက်။ 14 days Visa Free သမားဆိုရင် မြန်မာသံရုံးထောက်ခံစာလိုအပ်ပါတယ်။ TR Visa သမားများဆိုရင်တော့ ဒုတိယအကြိမ် သက်တမ်းတိုး ကနေစပြီးတော့ မြန်မာသံရုံးထောက်ခံစာလိုအပ်ပါတယ်။

သက်တမ်းတိုးကို E-extension လဲလုပ်လို့ရပါတယ်။ အဲ့တာကို ဒီမှာဖတ်ကြည့်ပါ။ https://www.facebook.com/share/p/1B1MKki4oH/

အားလုံးအဆင်ပြေကြပါစေ 🙏
JLM Visa Support Limited Partnership Chiangmai

မင်္ဂလာပါရှင် 😊🔹 ချင်းမိုင်မှာ 1-Year Course ED Visa နဲ့နေသူများ အနေဖြင့် လတ်တလောမှာ ရပြီးသားဗီဇာကိုတောင် Immigration ကသ...
19/05/2025

မင်္ဂလာပါရှင် 😊

🔹 ချင်းမိုင်မှာ 1-Year Course ED Visa နဲ့နေသူများ အနေဖြင့် လတ်တလောမှာ ရပြီးသားဗီဇာကိုတောင် Immigration ကသေချာ ပြန်လည်စိစစ်နေကြတာကို အားလုံးလဲသိကြမှာပါ။

🔹 ကျောင်းလုံးဝမတက်လို့ ကျောင်းဘက်ကနေ Student Status မှာ Active မဖြစ်တော့ရင် ဗီဇာလဲ ရုတ်သိမ်းခံရနိုင်ပါတယ်❗

🔹 အကယ်၍ Course ကလဲမပြီးသေးဘူး၊ ကျောင်းက System ထဲမှာ ဝင်ကြည့်လို့ Active လဲမဖြစ်တော့ဘူး၊ Dismissal ဖြစ်သွားတာ ဆိုရင် စိုးရိမ်စရာဖြစ်ပါတယ်၊ အဲ့လိုမျိုးဖြစ်ရင် ဗီဇာ Cancel ဖြစ်မှာပါ။⚠️ ဗီဇာValid ဖြစ်မဖြစ်၊ ဗီဇာရုတ်သိမ်းခံရ/မခံရ ကိုစစ်ချင်ရင် မိမိတို့ရဲ့ Visa Agent ကိုဆက်သွယ်ပြီး စစ်လို့တော့ရပါတယ်။➡️ ဒါပေမယ့် ဒါကပုံမှန်စစ်ပေးတဲ့ဟာ မဟုတ်တာကြောင့် ကုန်ကျစရိတ်ကို စစ်ဆေးလိုသူဘက်က ပေးဖို့လိုအပ်ပါတယ်။

🔹 အကယ်၍ မိမိအနေဖြင့် ဗီဇာ Status မှာ Visa Cancel/Invalid ဖြစ်သွားခဲ့ပါက ထိုင်းပြင်ပကိုထွက်ကိုထွက်ရမှာဖြစ်ပါတယ်။ ထိုကဲ့သို့ Visa Cancel/Invalid ဖြစ်သွားသည့် အတွက် ထိုင်းနိုင်ငံမှ အထွက်တွင်လည်း ကျသင့်ဒဏ်ကြေးငွေပေးဆောင်ရအုံးမှာ ဖြစ်ပါတယ်။

✈️ ထိုင်းပြင်ပထွက်ပြီး ED Visa လျှောက်ကာ ပြန်ဝင်မယ်ဆိုရင် ED Visa + VIP Pass တို့ဖြင့် အဆင်ပြေပြေပြန်ဝင်လာလို့ရတဲ့ လမ်းကြောင်းလဲရှိပါတယ်။ သို့သော် ပုံမှန်ကုန်ကျသည့်ထက် ပိုမိုပြီးကုန်ကျစရိတ်များမှာဖြစ်တာကို သတိပြုစေလိုပါတယ်။

🔹 အကယ်၍ Agent များမှတစ်ဆင့် ဗီဇာ Status ကို System ထဲမှာစစ်ဆေးတဲ့အခါ စစ်ဆေးတဲ့နေ့တွင် Visa Cancel/Invalid မဖြစ်သေးဘူးဆိုရင်တောင် ကျောင်းပျက်ရက်များသူ၊ ကျောင်းလုံးဝမတက်သူများအနေဖြင့် အချိန်မရွေး Visa Cancel/Invalid ဖြစ်နိုင်ပါတယ်။ ဒါကြောင့် Visa Status အဆင်ပြေနေသေးတယ်ဆိုရင်တောင် Visa Cancel မဖြစ်ခင် Course အသစ်အပ်တာ၊ ကျောင်းအသစ်အပ်တာ စသဖြင့်ကို ထိုင်းပြင်ပ မထွက်ပဲနဲ့ Visa အသစ်ရရှိအောင် အမြန်ဆုံး လုပ်ရမှာဖြစ်ပါတယ်။ ဒါမှပဲ Valid ဖြစ်တဲ့ Visa အသစ်ရမှာဖြစ်ပါတယ်။ ထိုင်းပြင်ပမထွက်ပဲ Visa အသစ်လုပ်တာဖြစ်တာကြောင့် ပုံမှန်ကုန်ကျသည့်ထက် ပိုမိုပြီးကုန်ကျစရိတ်များမှာဖြစ်တာကို သတိပြုစေလိုပါတယ်။ ဒါမှမဟုတ် Visa Cancel မဖြစ်ခင် ထိုင်းပြင်ပ အမြန်ဆုံးထွက်ပြီး ED Visa လျှောက်ကာ ပြန်ဝင်မယ်ဆိုရင် ED Visa + VIP Pass တို့ဖြင့် ပြန်ဝင်လာလို့လဲရပါတယ်။ သူကလဲ အပေါ်မှာပြောခဲ့သလို ပုံမှန်ကုန်ကျသည့်ထက် ပိုမိုပြီးကုန်ကျစရိတ်များမှာဖြစ်တာကို သတိပြုစေလိုပါတယ်။

🔸🔸🔸မှတ်ချက်။ Student Status မှာ Dismissal ဖြစ်သွားပေမယ့် Visa က Valid ဖြစ်နေသေးတယ်ဆိုရင်တောင် ကျောင်းဘက်ကနေ Cancellation Letter မထုတ်ပေးတော့ပါဘူး ❗❗ ဒါကြောင့် Visa အသစ်တစ်ခုခု အမြန်ဆုံးပြန်လျှောက်ဖို့ လက်ရှိ Visa ကို Cancellation လုပ်ဖို့အတွက်ဆိုရင် Immigration မှာ ကျောင်း Cancellation letter မပါပဲ Visa Cancel လုပ်ရမှာဖြစ်တာကြောင့် ကုန်ကျစရိတ်ရှိမှာဖြစ်ပါတယ်။ (ကျောင်း Cancellation letter ရှိရင်တော့ Visa Cancel လုပ်ဖို့ တပြားမှ မပေးရပါဘူး)

🔹 ကျောင်းပုံမှန်တက်သောသူများ အနေဖြင့် Student Status နဲ့ Visa Status ကို စိုးရိမ်စရာမလိုပါ

🔹 ကျောင်းလုံးဝမတက်သူ၊ ကျောင်းပျက်ရက်များသူများ အနေနဲ့ကတော့
❌ Visa Status အတွက် တစ်ခုခုဖြစ်လာခဲ့ပါက Visa Agent များဘက်ကလည်း ကူညီပေးနိုင်မည် မဟုတ်ကြောင်း နားလည်ထားရန်လိုအပ်ပါတယ်ရှင်။
ℹ️ Visa Status စစ်ပေးတာနဲ့ Visa အသစ်လျှောက်တာတွေကိုတော့ ကူညီဆောင်ရွက်ပေးလို့ရပါတယ်

🙏 ကျေးဇူးတင်ပါတယ်ရှင် 😊
JLM Visa Support Limited Partnership Chiangmai

မင်္ဂလာပါရှင်! 🇹🇭✨ထိုင်းနိုင်ငံမှာ ဗီဇာတွေ ကို သေချာပိုပြီးစိစစ်နေတာ အားလုံးလဲ သိကြမှာပါ။အခုတစ်ခါမှာတော့ 1-Year Universi...
15/05/2025

မင်္ဂလာပါရှင်! 🇹🇭✨

ထိုင်းနိုင်ငံမှာ ဗီဇာတွေ ကို သေချာပိုပြီးစိစစ်နေတာ အားလုံးလဲ သိကြမှာပါ။
အခုတစ်ခါမှာတော့ 1-Year University Language Course ED Visa သမားများအတွက် ကြိုတင်ပြင်ဆင်ထားနိုင်ရန် ဖြစ်နိုင်ချေရှိသော ပြောင်းလဲလာနိုင်သော ချင်းမိုင်မှာဗီဇာ သက်တမ်းတိုးတုံးထုရတဲ့ ပုံစံကိုဖော်ပြပေးလိုက်ပါတယ်ရှင်။ (ဒါကို June လမှာစပြီး ဖြစ်လာနိုင်ပါတယ်)

📌 လက်ရှိဗီဇာပုံစံ

TR Visa → ED Visa
TR Visa နဲ့ဝင်လာပြီး ED Visa ပြောင်းတဲ့ အခါမှာ 3 + 12 months ရပါတယ်
✅ 3 + 12 months (ပထမ ၃လပြည့်ပြီး ၁၂လ တုံးထုပေးခြင်း)

ED Visa → နောက်နှစ် ED Visa
ED Visa ကနေ နောက်နှစ် ED Visa နဲ့ထပ်နေတဲ့ အခါမှာ 12 months ရပါတယ်
✅ 12 months (၁၂လတုံး တစ်ခါတည်းထုပေးခြင်း)

------------------------

🔄 ပြောင်းလဲလာနိုင်သည့် ဗီဇာတုံးထုပေးသည့်ပုံစံ

TR Visa → ED Visa
TR Visa နဲ့ဝင်လာပြီး ED Visa ပြောင်းတဲ့ အခါမှာ 3 + 6 + 6 months ရပါမယ်
🔄 3 + 6 + 6 months (ပထမ ၃လ → ၆လ → ၆လ အဆင့်ဆင့်တုံးထုပေးခြင်း)

ED Visa → နောက်နှစ် ED Visa
ED Visa ကနေ နောက်နှစ် ED Visa ထပ်တိုးတဲ့ အခါမှာ 6+ 6 months ရပါမယ်
🔄 6 + 6 months (၆လ ၂ကြိမ် တုံးထုပေးခြင်း)

❗ သတိထားရမည့်အချက်များ
🚫 ကျောင်းလုံးဝ မတက်တာမျိုးလုပ်လို့မရပါဘူး။ အပြည့်မတက်နိုင်ရင်တောင်မှ ကျောင်းကသတ်မှတ်ထားတဲ့ အနည်းဆုံးတက်ရမယ့် အချိန်ကိုတော့ ပြည့်အောင်တက်ပေးဖို့ လိုအပ်ပါလိမ့်မယ်

✅ ဒါကြောင့် ဗီဇာရုတ်သိမ်းခံရတာမျိုးမဖြစ်စေရန် သတ်မှတ်စည်းကမ်းများကို လိုက်နာသင့်ပါကြောင်း၊ စည်းကမ်းလိုက်နာပါက ဗီဇာအဆင်ပြေစွာသက်တမ်းတိုးနိုင်မည်ဖြစ်ကြောင်း အသိပေးအပ်ပါတယ်ရှင်။

ကျေးဇူးတင်ပါတယ်ရှင် 🙏

JLM Visa Support Limited Partnership Chiangmai🌟

ที่อยู่

City Home Place 3, 179/66, Soi 3, Moo 8, Ton Pao Subdistrict, San Kamphaeng
Chiang Mai
50000

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ JLM Visa Support Limited Partnership Chiangmaiผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ ธุรกิจของเรา

ส่งข้อความของคุณถึง JLM Visa Support Limited Partnership Chiangmai:

แชร์