YAN MYO AUNG - Bangkok All Services

YAN MYO AUNG - Bangkok All Services ข้อมูลการติดต่อ, แผนที่และเส้นทาง,แบบฟอร์มการติดต่อ,เวลาเปิดและปิด, การบริการ,การให้คะแนนความพอใจในการบริการ,รูปภาพทั้งหมด,วิดีโอทั้งหมดและข่าวสารจาก YAN MYO AUNG - Bangkok All Services, หนังสือเดินทางและบริการวีซ่า, 64/1 , Soi Ekkamai 23 Alley, Bangkok.

မနက်ဖြန် ပန်းရောင်ကဒ် ထုတ်ချင်သူများအမြန်ဆက်သွယ်ပါ https://maps.app.goo.gl/KSiA2HSAbBVCthVx7?g_st=ilအပေါ်က လိပ်စာကို နေ့...
01/06/2026

မနက်ဖြန် ပန်းရောင်ကဒ် ထုတ်ချင်သူများအမြန်ဆက်သွယ်ပါ

https://maps.app.goo.gl/KSiA2HSAbBVCthVx7?g_st=il

အပေါ်က လိပ်စာကို နေ့လည်၂နာရီအရောက်လာပေးရပါမယ်ဗျ🙏😍

ပန်းရောင်ကဒ်ထုတ်ချင်သူများအပတ်စဉ်တိုင်း “တစ်ပတ်”နှစ်ကြိမ်ထုတ်ပေးတယ်ဗျာ/ပန်းရောင်ကဒ်ထုတ်ဖို့လိုအပ်သူများသူများ “အမြန်”ဆက်...
30/05/2026

ပန်းရောင်ကဒ်ထုတ်ချင်သူများအပတ်စဉ်တိုင်း

“တစ်ပတ်”နှစ်ကြိမ်ထုတ်ပေးတယ်ဗျာ/ပန်းရောင်က

ဒ်ထုတ်ဖို့လိုအပ်သူများသူများ “အမြန်”ဆက်

သွယ်ပေးပါ

✅ပန်းရောင်ကဒ်ထုတ်လို့ ရတဲ့ အုပ်စုများ

13/2/2027 ထိ သက်တမ်းတိုးလူဟောင်းအုပ်စု
ငွေချေ (1900)တန်အုပ်စု ထုတ်လို့ရပါမယ်

ငွေချေစာရွက် (1800)နဲ့ (100)တန်အုပ်စု
“ဝေါ့ပါမစ်ကဒ်”ပါမှ ထုတ်လို့ရပါမယ်

ဒီနှစ်ဘတ်သစ်သမား “ဝေါ့ပါမစ်”ကဒ်ထွက်ပြီးသား
သူ “ပန်းရောင်ကဒ်”ထုတ်လို့ရမယ်✅




#ပန်းရောင်ကဒ်

YAN MYO AUNG - Bangkok All Services
fans

ထိုင်းနိုင်ငံမှာ အလုပ်လုပ်နေတဲ့ ရွှေ့ပြောင်းလုပ်သားတွေရဲ့ ပတ်စပို့၊ အထောက်အထား Work Permit မူရင်းတွေကို အလုပ်ရှင်က ထိန်း...
27/05/2026

ထိုင်းနိုင်ငံမှာ အလုပ်လုပ်နေတဲ့ ရွှေ့ပြောင်းလုပ်သားတွေရဲ့ ပတ်စပို့၊ အထောက်အထား Work Permit မူရင်းတွေကို အလုပ်ရှင်က ထိန်းသိမ်းပေးတာ ဆိုတဲ့ အကြောင်းပြချက်မျိုးနဲ့ အတင်းသိမ်းထားပိုင်ခွင့် လုံးဝမရှိပါဘူး။

ထိုင်းနိုင်ငံရဲ့ ရွှေ့ပြောင်းအလုပ်သမားစီမံခန့်ခွဲမှုဆိုင်ရာ တော်ဝင်အမိန့်ဒီကရီ ပုဒ်မ ၄၉ အရ အလုပ်ရှင်အနေနဲ့ မိတ္တူ (Copy) ပဲ ယူထားခွင့်ရှိပြီး၊ မူရင်းစာရွက်စာတမ်းအားလုံးဟာ အလုပ်သမားရဲ့ လက်ထဲမှာပဲ ရှိနေရမှာ ဖြစ်ပါတယ်။

အကယ်၍ အလုပ်ရှင်က ဒါကိုချိုးဖောက်ပြီး မူရင်းတွေကို အတင်းသိမ်းထားရင် ဥပဒေပုဒ်မ ၁၃၁ အရ အမြင့်ဆုံး ထောင်ဒဏ် (၆) လအထိ ဖြစ်စေ၊ ဘတ်ငွေ ၁ သောင်းကနေ ၁ သိန်းအထိ ငွေဒဏ်ဖြစ်စေ ချမှတ်ခံရနိုင်တဲ့အထိ ပြစ်ဒဏ်ကြီးလေးပါတယ်။

> သင်တို့ ပတ်ဝန်းကျင်မှာရော အထောက်အထားကိစ္စ အခက်ကြုံနေရသူတွေရှိလား။

YAN MYO AUNG - Bangkok All Services

#ထိုင်းရောက်ရွှေမြန်မာ

Attention ✅✳️❇️ ဒီနေ့ ချင်းရိုင် ဝေါ့ပါမစ်ခရိုင်အကိုတစ်ယောက်ကို ဘန်ကောက်ထဲက ကျွန်တော်ရဲ့ သူဌေးနဲ့ပြောင်း ပြီး သူဌေးထောက်...
26/05/2026

Attention ✅✳️❇️

ဒီနေ့ ချင်းရိုင် ဝေါ့ပါမစ်ခရိုင်အကိုတစ်ယောက်ကို ဘန်ကောက်ထဲက ကျွန်တော်ရဲ့ သူဌေးနဲ့ပြောင်း ပြီး သူဌေးထောက်ခံစာ/ သူဌေးအိုင်ဒီ/ အိမ်ထောင်စုစာရင်း မိတ္ထူနဲ့အတူ SCB ( ခရမ်းရောင်ဘဏ်) ဖွင့်ပေးဖြစ်ပါတယ်😍🙏

SCB bank ဖွင့်ချင်သူများခင်ဗျာ

ကျွန်တော်တို့သူဌေးနဲ့ သူဌေးပြောင်းပြီးမှ SCB bank acc ဖွင့်ပေးတာပါခင်ဗော ကျွန်တော်တို့သူဌေးနဲ့မပြောင်းထားတဲ့ ဝေါ့ပါမစ်သမားတွေ
မရပါခင်ဗျာ ❌❌

ဘတ်သစ်သမားဆိုရင် သူဌေးပြောင်းဖို့ work permit card ( ဝေါ့ပါမစ်ကဒ်) လိုအပ်ပါတယ်ခင်ဗျာ

အသေးစိတ်YAN MYO AUNG - Bangkok All Services page cb မှာဆက်သွယ်ပေးပါခင်ဗျာ ✅🙏😍

📌 ဘွဲ့ရပြီး ထိုင်းနိုင်ငံသားခံယူထားတဲ့ ညီမလေးတစ်ယောက်ရဲ့ အတွေ့အကြုံကျွန်မရဲ့ “ထိုင်းနိုင်ငံသားဥပဒေ ပုဒ်မ 7 ทวิ အပိုဒ် ၂”...
25/05/2026

📌 ဘွဲ့ရပြီး ထိုင်းနိုင်ငံသားခံယူထားတဲ့ ညီမလေးတစ်ယောက်ရဲ့ အတွေ့အကြုံ

ကျွန်မရဲ့ “ထိုင်းနိုင်ငံသားဥပဒေ ပုဒ်မ 7 ทวิ အပိုဒ် ၂” အရ ထိုင်းနိုင်ငံသားစာရင်း (ลงรายการสัญชาติไทย) လျှောက်ထားခဲ့တဲ့ အတွေ့အကြုံကို မျှဝေပေးချင်ပါတယ်။
ကျွန်မက တက္ကသိုလ်ဘွဲ့ (ปริญญาตรี) ပြီးဆုံးပြီးနောက် လျှောက်ထားခဲ့တာဖြစ်ပါတယ်။

အကယ်၍ ရှင်းပြရာမှာ မှားယွင်းမှုတစ်ခုခုရှိခဲ့ရင် သို့မဟုတ် နားလည်ရခက်သွားခဲ့ရင် ကြိုတင်တောင်းပန်ပါရစေနော် 🙏

ကျွန်မရဲ့ကိစ္စမှာ စုစုပေါင်းကြာချိန် ၂ နှစ်ကျော် ကြာပြီးမှ ထိုင်းနိုင်ငံသားအဖြစ် အတည်ပြုရရှိခဲ့ပြီး ထိုင်းမှတ်ပုံတင် (เลขประชาชนไทย) ရရှိခဲ့ပါတယ်။

1️⃣ ပထမအဆင့် — အန်ဖေ (อำเภอ) အဆင့်

ကျွန်မက ဘွဲ့မရခင်ကတည်းက အန်ဖေရုံးရှိ တာဝန်ရှိအရာရှိများကို သွားရောက်ဆက်သွယ်မေးမြန်းထားခဲ့ပါတယ်။
“ဘွဲ့ရပြီးတာနဲ့ ချက်ချင်း နိုင်ငံသားလျှောက်လို့ရမလား” ဆိုတာကို ကြိုတင်မေးခဲ့တာပါ။

ကျွန်မရဲ့ကိစ္စမှာတော့ တာဝန်ရှိအရာရှိက “ဘွဲ့ရပြီးတာနဲ့ ချက်ချင်း နိုင်ငံသားလျှောက်ထားလို့ရပါတယ်” လို့ ပြောခဲ့ပါတယ်။
အဲဒီနောက်မှာတော့ တာဝန်ရှိသူညွှန်ကြားတဲ့ စာရွက်စာတမ်းတွေကို ပြင်ဆင်တင်ပြခဲ့ပါတယ်။

2️⃣ ခရိုင် / ပြည်နယ် (จังหวัด) အဆင့်

ဒီအဆင့်မှာတော့ ပြည်နယ်အထူးရဲတပ်ဖွဲ့ (ตำรวจสันติบาล) ဘက်က ဆက်သွယ်လာပြီး သတင်းပို့ / တွေ့ဆုံဖို့ ခေါ်ပါတယ်။

(မှတ်ချက် — ကျွန်မဘက်ကပဲ စန်တီဘန်ရုံးကို ကိုယ်တိုင်ဆက်သွယ်မေးမြန်းခဲ့တာပါ။
အကြောင်းကတော့ အန်ဖေရုံးဘက်က “စာရွက်စာတမ်းပို့ထားတာကြာပြီ” လို့ ပြောထားတာကြောင့်ပါ)

ဒီအဆင့်ပြီးသွားတဲ့နောက် Governor ( ผู้ว่าราชการจังหวัด )(ခရိုင်အုပ်ချုပ်ရေးမှူး)လက်မှတ်ထိုးဖို့ စောင့်ရပါတယ်။
Governor လက်မှတ်ထိုးပြီးမှသာ စာရွက်စာတမ်းတွေကို “กรมการปกครอง” (အုပ်ချုပ်ရေးဦးစီးဌာန) ကို ဆက်ပို့ပေးပါတယ်။

3️⃣ အုပ်ချုပ်ရေးဦးစီးဌာန กรม (กรมการปกครอง) အဆင့်

စာရွက်စာတမ်းတွေ กรม အုပ်ချုပ်ရေးဦးစီးဌာနကို ရောက်ပြီးประมาณ ၃ လလောက်အကြာမှာ ကျွန်မက ကိုယ်တိုင်ဆက်သွယ်မေးမြန်းခဲ့ပါတယ် —

“လိုအပ်တဲ့ စာရွက်စာတမ်းထပ်ရှိသေးလား”
“ပြင်ဆင်ရမယ့်အချက်ရှိသေးလား” ဆိုပြီး မေးခဲ့တာပါ။

ကျွန်မရဲ့ကိစ္စမှာတော့ กรม အုပ်ချုပ်ရေးဦးစီးဌာန အဆင့်ကနေประมาณ ၇ လလောက်ကြာပြီးမှ ထိုင်းနိုင်ငံသားเลข (เลขประชาชนไทย) ရရှိခဲ့ပါတယ်။

အခုလက်ရှိ နိုင်ငံသားလျှောက်ထားနေတဲ့သူတိုင်းကို အားပေးချင်ပါတယ် 💖
စိတ်ရှည်ရှည်ထားပြီး အကောင်းဆုံးကြိုးစားပါနော်။
တစ်နေ့နေ့မှာ ကိုယ့်အလှည့်လည်း ရောက်လာမှာပါ ✨💪💪


#ထိုင်းရောက်ရွှေမြန်မာ

#ผู้ติดตาม
#ထိုင်းနိုင်ငံသား
YAN MYO AUNG - Bangkok All Services

#ထိုင်းဘွဲ့




ဒီစာရွက်လေးကတော့ ဝေါ့ပါမစ်ကဒ် ထုတ်ယူရမဲ့ ရက်ချိန်းစာရွက်လေးဘဲဖြစ်ပါတယ် တချို့က ဒီစာရွက်လေးကို ဝေါ့ပါမစ်စာရွက်လို့ ပြောနေ...
24/05/2026

ဒီစာရွက်လေးကတော့ ဝေါ့ပါမစ်ကဒ် ထုတ်ယူရမဲ့
ရက်ချိန်းစာရွက်လေးဘဲဖြစ်ပါတယ်

တချို့က ဒီစာရွက်လေးကို ဝေါ့ပါမစ်စာရွက်လို့ ပြောနေ
ကြလို့ ဒီစာရွက်ရှိမှသာ ဝေါ့ပါမစ်ကဒ် ထုတ်ယူလို့ရမှာ
ဖြစ်ပါတယ်

ဝေါ့ပါမစ်ကဒ် ထုတ်ယူတဲ့အချိန်ကျရင် အကျိုးဆောင်
တွေ့လိုက်ပြီ ထုတ်ပေးတာရှိသလို တချို့ကလဲ ဒီစာရွက်
ရရှိထားပြီဆိုရင် ကိုယ်တိုင်သွားထုတ်ယူကြတာလဲရှိပါ
တယ်

ကဒ်ထုတ်တဲ့နေ့ဘာတွေ့ ယူဆောင်သွားရမလဲ ⁉️

1/ ရက်ချိန်းစာရွက်
2/ ဘိုင့်အနုမှတ်စာရွက်
3/ ပက်စ်ပို့စာအုပ်နဲ့ သက်တမ်းတိုးထားပါက ပက်စ်ပို့
စာအုပ်(မူးရင်)ကိုပါ ယူဆောင်သွားရပါမည်

မှတ်ချက် ။ ကဒ်သွားထုတ်ယူမဲ့သူများအနေနဲ့(၃၀)မီနစ်
ကြိုတင်အရောက်သွားရပါမည် ။



#ဝေါ့ပါမစ်ကဒ်ပြား

YAN MYO AUNG - Bangkok All Services

အခုဆိုရင်တော့ကျနော့်ဆီမှာထပ်တိုးအနေနဲ့ Krungsri ဘဏ် (အဝါရောင်ဘဏ်) ဝန်ဆောင်မှုလေးပါရပါပြီဗျလူဦးရေအနည်းငယ်သာလက်ခံတာမို့ က...
23/05/2026

အခုဆိုရင်တော့ကျနော့်ဆီမှာထပ်တိုးအနေနဲ့ Krungsri ဘဏ် (အဝါရောင်ဘဏ်) ဝန်ဆောင်မှုလေးပါရပါပြီဗျ

လူဦးရေအနည်းငယ်သာလက်ခံတာမို့ ကြိုတင်ပြောပေးပါဗျ

ရတုန်းဖွင့်ပေးတာမို့ အမြန်စာရင်းလာပေးထားကြပါဗျာ

အသေးစိတ် Cb သို့မဟုတ် 0626466746 သို့ဖုန်းဆက်ပြီးလဲမေးမြန်းနိုင်ပါတယ်ဗျ

မှတ်ချက်- ဘန်ကောက်မြို့နယ်တဝိုက်က ဝေါ့ပါမစ်သမားဘဲ ဖွင့်လို့ရပါဦးမယ်ဗျ 🙏🙏🙏
MYO AUNG - Bangkok All Services

အလုပ်ရှင်အဟောင်းဆီက(ဘိုင့်ကျဲ့အော်)ထုတ်ထားသူများ ရက်(၆၀)အတွင်း အလုပ်ရှင်သူဌေးအသစ်ရှာပြီး သူဌေးပြောင်း(ကျဲ့ခေါက်)လုပ်ဆောင...
22/05/2026

အလုပ်ရှင်အဟောင်းဆီက(ဘိုင့်ကျဲ့အော်)ထုတ်ထား

သူများ ရက်(၆၀)အတွင်း အလုပ်ရှင်သူဌေးအသစ်ရှာပြီး

သူဌေးပြောင်း(ကျဲ့ခေါက်)လုပ်ဆောင်ရမှာဖြစ်ပါတယ်

↪️အခုဆိုရင် ကျဲ့အော် / ကျဲ့ခေါက် ဒီ လုပ်ငန်းစဉ်တွေ

ကို(OS)အွန်းလိုင်စနစ်နဲ့လုပ်ဆောင်ရတာဖြစ်ပါတယ်

သူဌေးပြောင်းလုပ်တဲ့နေရာမှာ ✍️

ဘိုင့်ကျဲ့အော်သေနေဖြစ်စေ

သက်တမ်းကျန်နေသည်ဖြစ်စေ

သူဌေးပြောင်း(လုပ်ငန်းစဉ်) 100>300ငွေခြေတဲ့ အဆင့်

ထိကို လုပ်ဆောင်လို့ရပါတယ်

⏭️အဲဒီ အဆင့်ပြီသွားပါက(OS)က အချက်အလတ်စစ်ဆေး

ပါတယ် အဲဒါအဆင့်ပြီးရင် အလုပ်သမားရုံးမှ နောက်တကြိမ်

ထပ်မံစစ်ဆေးပါတယ်

⏱️အဲဒီအချိန်ကျရင်တော့(ဘိုင့်ကျဲ့အော်)ရက်လွန်နေပါ

က အလုပ်သမားရုံးကနေ လုံးဝ(အနုမှတ်)မလုပ်ပေးပါဘူး

ဆိုတော့ သူဌေးပြောင်းမယ့်သူများအနေနဲ့ ငွေခြေ 100/300

တန် ရရှိထားရုံနဲ့ သူဌေးပြောင်း(လုပ်ငန်းစဉ်)မပြီးပြတ်

သေးဘူးဆိုတာကို မမေ့ကြပါနဲ့

⁉️အသိပေးခြင်းတာကတော့

(ဘိုင့်ကျဲ့အော်)ထုတ်ထားသူများအနေနဲ့ ရက်(၆၀)အတွင်း

သူဌေးအသစ်ရှာပြီး သူဌေးပြောင်းဖို့လုံးဝမမေ့ကြပါနဲ့ (ဘိုင့်

ကျဲ့အော်)ရက်လွန်သွားပါက သက်တမ်းတိုးတဲ့အချိန်ကျ

ရင် အခက်ခဲကြုံတွေ့ရနိုင်ပါတယ် ။




ပတ္တရားရှိ ဟိုတယ်တစ်ခုတွင် မီးလောင်မှုဖြစ်ပွား၍ ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်နေရ​ကြာသပတေးနေ့ညပိုင်းက ပတ္တရားရှိ ဟိုတယ်...
21/05/2026

ပတ္တရားရှိ ဟိုတယ်တစ်ခုတွင် မီးလောင်မှုဖြစ်ပွား၍ ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်နေရ
​ကြာသပတေးနေ့ညပိုင်းက ပတ္တရားရှိ ဟိုတယ်တစ်ခုတွင် မီးလောင်မှုဖြစ်ပွားခဲ့ပြီး အဆောက်အအုံအတွင်း လူအများအပြား ပိတ်မိနေကြောင်း သိရကာ မီးသတ်သမားများက ကယ်ဆယ်ရေးလုပ်ငန်းများကို ဆက်လက်လုပ်ဆောင်နေကြသည်။
​မီးလောင်မှုသည် မေလ ၂၁ ရက်၊ ည ၂၁:၀၀ နာရီဝန်းကျင်ခန့်တွင် ချွန်ဘူရီခရိုင်၊ ပတ္တရား (Pattaya Third Road) ရှိ J.A. Plus ဟိုတယ်၌ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့များနှင့် မီးသတ်သမားများသည် အခင်းဖြစ်ပွားရာနေရာသို့ ရောက်ရှိနေကြပြီး ဟိုတယ်အတွင်း ပိတ်မိနေသူများကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းနိုင်ရန် ကြိုးပမ်းလျက်ရှိသည်။
​လက်ရှိအချိန်အထိ အခြေအနေမှာ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်သဖြင့် မီးလောင်ရသည့်အကြောင်းရင်း သို့မဟုတ် ထိခိုက်ဒဏ်ရာရသေဆုံးသူ အရေအတွက်ကိုမူ အာဏာပိုင်များက အတည်မပြုနိုင်သေးပေ။
​(ဓာတ်ပုံ - Fire & Rescue Thailand)

ထိုင်းနိုင်ငံဘက်ကို လာဖို့ပြင်နေတဲ့ ခရီးသွားတွေနဲ့ ဗီဇာအခြေအနေကို စောင့်ကြည့်နေသူတွေအတွက် ATM ကနေ နောက်ဆုံးရ သတင်းအချက်အ...
21/05/2026

ထိုင်းနိုင်ငံဘက်ကို လာဖို့ပြင်နေတဲ့ ခရီးသွားတွေနဲ့ ဗီဇာအခြေအနေကို စောင့်ကြည့်နေသူတွေအတွက် ATM ကနေ နောက်ဆုံးရ သတင်းအချက်အလက်ကို ပြန်လည်မျှဝေပေးလိုက်ပါတယ်ရှင်။

ထိုင်းနိုင်ငံက နိုင်ငံပေါင်း ၉၀ ကျော်အတွက် ပေးထားတဲ့ ရက်ပေါင်း ၆၀ ဗီဇာကင်းလွတ်ခွင့်အစီအစဉ်ကို တရားဝင် ဖျက်သိမ်းလိုက်ပြီ ဖြစ်ပါတယ်။ အစိုးရဘက်က ပြောကြားချက်အရ ခရီးသွားအများစုဟာ ယခင်က သတ်မှတ်ထားတဲ့ ရက် ၃၀ ကန့်သတ်ချက်ဆီ ပြန်ရောက်သွားမယ်လို့ သိရပါတယ်ရှင်။

နိုင်ငံပေါင်း ၉၀ ကျော်က လာမယ့် ခရီးသွားတွေအတွက် ရက်ပေါင်း ၆၀ ဗီဇာကင်းလွတ်ခွင့်ကို ဖျက်သိမ်းပြီး၊ ပုံမှန်အတိုင်း ရက်ပေါင်း ၃၀ ဝန်းကျင်ပဲ နေထိုင်ခွင့်ပြုတဲ့ စည်းမျဉ်းဟောင်းအတိုင်း ပြန်ပြောင်းဖို့ ထိုင်းအစိုးရအဖွဲ့က အတည်ပြုလိုက်ကြောင်း ခရီးသွားလာရေးနှင့် အားကစားဝန်ကြီးဌာန ဝန်ကြီး စူရဆပ် ဖန်ချာရွန်ဝမ်နားကူးလ်က ဒီနေ့ (မေလ ၁၉ ရက်) မှာ ပြောကြားခဲ့တာပါ။

ဝန်ကြီး စူရဆပ်ရဲ့ ပြောကြားချက်အရ - အခုလက်ရှိ အစီအစဉ်မှာ ပေးထားတဲ့ ဗီဇာအကြိမ်ကြိမ် အသုံးပြုနိုင်ခွင့် (Multiple Visa Privileges) ဆိုင်ရာ အခွင့်အရေးတွေကိုပါ ပယ်ဖျက်ပြီး၊ စည်းမျဉ်းဟောင်းတွေအတိုင်း ပြန်ပြောင်းဖို့ အစိုးရအဖွဲ့က သဘောတူညီခဲ့တာ ဖြစ်ပါတယ်။

ဒီလုပ်ငန်းစဉ်တွေ မစတင်ခင်မှာ အစိုးရအဖွဲ့ရဲ့ ဆုံးဖြတ်ချက်ကို သက်ဆိုင်ရာ ဌာနဆိုင်ရာတွေဆီ အရင်ဆုံး အကြောင်းကြားသွားမယ်လို့ ဆိုပါတယ်ရှင်။

ဒါ့အပြင် ဗီဇာမူဝါဒကော်မတီအနေနဲ့ လုံခြုံရေးနဲ့ စီးပွားရေးဆိုင်ရာ အခြေအနေတွေကို အခြေခံပြီး နိုင်ငံတစ်ခုချင်းစီအလိုက် ဗီဇာစည်းမျဉ်းတွေကို ပြန်လည်သုံးသပ်သွားမှာဖြစ်သလို၊ နိုင်ငံအလိုက် ဘယ်လိုဗီဇာအမျိုးအစားက သင့်တော်မလဲဆိုတာကို ဆုံးဖြတ်သွားမယ်လို့လည်း ဝန်ကြီးက ထည့်သွင်းပြောကြားခဲ့ပါသေးတယ်။

ဒီအပြောင်းအလဲကြောင့် ယခင်က ရက်ပေါင်း ၆၀ ဗီဇာကင်းလွတ်ခွင့်နဲ့ ဝင်လို့ရခဲ့တဲ့ နိုင်ငံတွေဟာ စည်းမျဉ်းဟောင်းတွေအတိုင်း ပြန်ဖြစ်သွားမှာမို့လို့ ခရီးသွားအများစုအနေနဲ့ ရက်ပေါင်း ၃၀ ဝန်းကျင်ပဲ နေထိုင်ခွင့် ရတော့မယ်လို့ မျှော်လင့်ရပါတယ်။

ထိုင်းနိုင်ငံတွင်း ဗီဇာစည်းကမ်းတွေ ဘယ်လိုပဲ ပြောင်းလဲပါစေ... လူကြီးမင်းတို့ရဲ့ ထိုင်းနိုင်ငံတွင်း ခရီးစဉ်တွေကို အဆင်ပြေချောမွေ့ပြီး စိတ်အေးချမ်းသာစွာ သွားလာနိုင်ဖို့အတွက် ATM ရဲ့ ဝန်ဆောင်မှုတွေကတော့ အမြဲတမ်း အသင့်ရှိနေပါတယ်ရှင်။ 🚐✨

"Where Every Journey Begins!" 🌍🤝

#ထိုင်းဗီဇာသတင်း #ထိုင်းနိုင်ငံခရီးစဉ် #ဗီဇာအပြောင်းအလဲ



ာသား




YAN MYO AUNG - Bangkok All Services
Crd

ที่อยู่

64/1 , Soi Ekkamai 23 Alley
Bangkok
10110

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ YAN MYO AUNG - Bangkok All Servicesผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์