19/08/2026
🇹🇭 ပန်းရောင်ကတ် (Pink Card ) ရှိခြင်းနဲ့ မရှိခြင်း… ဘာတွေကွာသလဲ?
ထိုင်းနိုင်ငံမှာ ဘတ်ရိုက်ပြီး အလုပ်လုပ်ရင်း
နေထိုင်သူ တော်တော်များများက ပန်းရောင်ကတ် (Pink Card) ကမဖြစ်မနေလုပ်ရမှာလား? ဆိုပြီး မေးလေ့ရှိကြပါတယ်။
တကယ်တော့ ပန်းရောင်ကတ် က မဖြစ်မနေရှိရမယ့်ကတ် မဟုတ်ပါဘူး။ Visa၊ Passport ဒါမှမဟုတ် Work Permit ကိုလည်း အစားထိုးပေးတာ မဟုတ်ပါဘူး။
ဒါဆို ပန်းရောင်ကတ် ရှိထားရင် ဘာတွေ ပိုအဆင်ပြေလဲ?
ထိုင်းအစိုးရက နိုင်ငံသားမဟုတ်သူများအတွက် အထောက်အထားကတ်အဖြစ်ထုတ်ပေးထားတာဖြစ်လို့ ထိုင်း 13-digit ID Number ရရှိထားတာကြောင့် အချို့သော အစိုးရဝန်ဆောင်မှုများ၊ ဘဏ်လုပ်ငန်းများ၊ SIM Card မှတ်ပုံတင်ခြင်းနဲ့ အခြားဝန်ဆောင်မှုအချို့မှာ Identity Verification ပြုလုပ်ရာမှာ ပိုမိုလွယ်ကူစေနိုင်ပါတယ်။
✅ နေ့စဉ်အချို့သောကိစ္စတွေမှာ Passport ကို အမြဲယူဆောင်သွားစရာမလိုဘဲ အထောက်အထားအဖြစ် အသုံးပြုနိုင်တဲ့ အခြေအနေတွေရှိနိုင်ပါတယ်။ ဥပမာ-ထိုင်းနိုင်ငံတွင်းခရီးသွားသည့်အခါ Passport အစား ပန်းရောင်ကတ်ကို အထောက်အထားအဖြစ်အသုံးပြုနိုင်ပါတယ်။
ဒါပေမယ့် ပန်းရောင်ကတ် မရှိရင်ရော?
✔️ Visa နဲ့ နေထိုင်ခွင့် မပျက်ပါဘူး။
✔️ Work Permit ရှိပြီး အလုပ်လုပ်နေသူဆိုရင်လည်း အလုပ်လုပ်ခွင့် မဆုံးရှုံးပါဘူး။
✔️ Passport နဲ့ အခြားလိုအပ်တဲ့ စာရွက်စာတမ်းတွေကို အသုံးပြုပြီး ပုံမှန်လုပ်ငန်းစဉ်တွေကို ဆက်လက်ဆောင်ရွက်နိုင်ပါတယ်။
အကျဉ်းချုပ်ပြောရရင်…
👉 ပန်းရောင်ကတ် ရှိထားရင် ပိုအဆင်ပြေတဲ့အချက်တွေရှိပါတယ်။
👉 မရှိလို့လည်း နေထိုင်ခွင့် ဒါမှမဟုတ် Visa အပေါ် သက်ရောက်မှုမရှိပါဘူး။
ပန်းရောင်ကတ်မရှိသေးလို့ လုပ်ချင်တယ်ဆိုရင်တော့ အစိုးရဖွင့်ပေးထားတဲ့ကာလအတွင်းမှာ ပြုလုပ်ထား
သင့်ပါတယ်နော်။
ဘတ်အသစ်လုပ်ထားပြီး သူဋ္ဌေးစာရွက်စာတမ်း အစုံရှိပါက ဧကရာဇ်မှာ✨ပန်းရောင်ကတ် (Pink Card) Service✨ ဝန်ဆောင်မှုရယူနိုင်ပါတယ်။ ✅
💸 ဝန်ဆောင်ခအနေနဲ့ကတော့ - ၈၀၀ ဘတ်ဖြစ်ပါတယ်။
📄 လိုအပ်တဲ့ စာရွက်စာတမ်းတွေကတော့
▪️ Passport Bio Page
▪️ Non-LA Visa Page
▪️ Work Permit Smart Card
📌 လူသစ်ဘတ်သမားများအတွက် Passport နဲ့ CI မရှိသေးရင်တောင် Work Permit Smart Card ရှိရုံနဲ့ Pink Card ပြုလုပ်နိုင်ပါတယ်။
⏳ အချိန်နောက်မကျခင် ပန်းရောင်ကတ်ပြုလုပ်ထားဖို့
အခုပဲဧကရာဇ်ကိုဆက်သွယ်လိုက်ပါနော်✅
📩 အသေးစိတ်သိရှိလိုပါက Page Messenger မှတစ်ဆင့်ဆက်သွယ်လို့ရသလို…
📱IT Square ရုံးဖုန်းနံပါတ် - 092-341-3777 / 095-843-0508
📱Bangkapi ရုံးဖုန်းနံပါတ် - 0970244155
Viber – +6692-341-3777 / +6695-843-0508
Line ID – mical007 သို့ဆက်သွယ်မေးမြန်းနိုင်ပါတယ်။
#အများချစ်တဲ့ဧကရာဇ် #1လတိုး #လာအို #ထိုင်း #ဗီယန်ကျင်း #ဧကရာဇ် #ဘတ် #ဘတ်သက်တမ်းတိုး #လူဟောင်းဘတ် သက်တမ်းတိုး