BKK H&K တိကျ၊မြန်ဆန်၊မှန်ကန်တာ
𝗕𝗞𝗞 𝗛&𝗞 𝗖𝗼., 𝗟𝘁𝗱 ​စေတနာ
☎️𝟬𝟵𝟰𝟵𝟱𝟯𝟭𝟵𝟲𝟬, 𝟬𝟲𝟯𝟯𝟭𝟳𝟭𝟬𝟱𝟯

🏍️ ရေထဲဖြတ်မောင်းထားတဲ့ အော်တိုဆိုင်ကယ်များအတွက် အရေးကြီးတဲ့ အကြံပြုချက်အော်တိုဆိုင်ကယ်အုပ်နာများအနေဖြင့် မိမိတို့ဆိုင်က...
28/09/2026

🏍️ ရေထဲဖြတ်မောင်းထားတဲ့ အော်တိုဆိုင်ကယ်များအတွက် အရေးကြီးတဲ့ အကြံပြုချက်

အော်တိုဆိုင်ကယ်အုပ်နာများအနေဖြင့် မိမိတို့ဆိုင်ကယ်ကို ရေထဲဖြတ်မောင်းထားခဲ့တယ်ဆိုရင် အောက်ပါအချက်များကို ဂရုစိုက်ပေးဖို့ အကြံပြုလိုပါတယ်ခင်ဗျာ။

🔧 (၁) အင်ဂျင်ဝိုင် + ဂီယာဝိုင်
ရေထဲဖြတ်မောင်းထားပြီးနောက် အင်ဂျင်ဝိုင်နှင့် ဂီယာဝိုင်ကို တစ်ခါတည်း အသစ်လဲလှယ်ပေးပါ။

ပြီးနောက် ဆိုင်ကယ်ကို ၅၀၀–၇၀၀ ကီလိုမီတာခန့် မောင်းပြီးတာနဲ့ ဝိုင်ကို ထပ်မံစစ်ဆေးပြီး လိုအပ်ပါက အသစ်ထပ်လဲလှယ်ပေးဖို့ အကြံပြုပါတယ်။

🌬️ (၂) လေစစ် (Air Filter)
ရေထဲဖြတ်မောင်းတဲ့အချိန်မှာ လေစစ်အထိ ရေဝင်ရောက်ခဲ့တယ်ဆိုရင် လေစစ်ကိုလည်း အသစ်လဲလှယ်ပေးဖို့ လိုအပ်နိုင်ပါတယ်။

💡 မိမိအနေဖြင့် ကုန်ကျစရိတ်ကို တတ်နိုင်မယ်ဆိုရင် ရေဝင်ရောက်မှုရှိ/မရှိ မသေချာတဲ့အခြေအနေမှာလည်း လေစစ်ကို စစ်ဆေးပြီး လိုအပ်ပါက အသစ်လဲလှယ်ပေးတာ ပိုကောင်းပါတယ်။

⚠️ သတိပြုရန်
အထက်ပါအကြံပြုချက်များသည် ရေထဲဖြတ်မောင်းပြီးနောက် လက်ရှိအချိန်တွင် ဆိုင်ကယ်စက်နိုးနိုင်သေးသော ဆိုင်ကယ်များအတွက် အဓိကရည်ရွယ်ပါတယ်ခင်ဗျာ။

❌ ရေမြုပ်ခဲ့သော ဆိုင်ကယ်များ
❌ ရေထဲဖြတ်မောင်းနေစဉ် စက်ရပ်သွားသော ဆိုင်ကယ်များ

အဆိုပါအခြေအနေများတွင် မိမိဘာသာ ဆက်လက်စက်နိုးခြင်း၊ မောင်းနှင်ခြင်းမပြုဘဲ ကျွမ်းကျင်သော ဆိုင်ကယ်ဝပ်ရှော့တွင် အမြန်ဆုံး စစ်ဆေးပြုပြင်ပေးရန် အကြံပြုလိုပါတယ်ခင်ဗျာ။

🙏 ဆိုင်ကယ်ပျက်စီးမှု ပိုမိုမဖြစ်စေရန်အတွက် ရေဝင်ရောက်မှုအခြေအနေကို သေချာစစ်ဆေးပြီးမှ အသုံးပြုကြပါခင်ဗျာ။

#ရေကြီးရေလျှံမှု
#ဆိုင်ကယ်ထိန်းသိမ်းခြင်း
#အော်တိုဆိုင်ကယ်

28/09/2026
အားလုံးပဲမင်္ဂလာပါ၂၈ ရက်နေ့ 9 လပိုင်း 2026 ခုနှစ်တွင်အယုဒ္ဓယမှာ‌ (ဝေါ့ပါမစ်ကတ်ပြား) Work Permit card ထုတ်ယူရန်အတွက်...ရက...
26/09/2026

အားလုံးပဲမင်္ဂလာပါ
၂၈ ရက်နေ့ 9 လပိုင်း 2026 ခုနှစ်တွင်
အယုဒ္ဓယမှာ‌ (ဝေါ့ပါမစ်ကတ်ပြား) Work Permit card ထုတ်ယူရန်အတွက်...

ရက်စွဲ/အချိန်/နေရာ ပို့ပေးပြီးသားဖြစ်ပါတယ်ခင်ဗျာ။
အစိုးရလုပ်ငန်းစဥ်ဖြစ်သည့်အတွက်
မပျက်မကွက်လာရောက်ကြပါရန်မေတ္တာရပ်ခံအပ်ပါသည်။
( ကျွန်တော်တို့နှင့်ဝန်ဆောင်မှုရယူထားသည့်သူများအတွက်
ကျွန်တော်တို့ဘက်မှာ တာဝန်ကိုမပျက်မကွက်လုပ်ဆောင်ပေးနေပါသည်။}

*** မနက်ဖြန် ၂၇ ရက်နေ့တွင် ရာသီဥတုအခြေအနေများကို ကြည့်ရူ့ပြီး update အစီအစဉ်ကိုဆက်လက်အကြောင်းကြားပေးပါမယ်ခင်ဗျာ ***

Page

အသေးစိတ်သိရှိလိုပါက Messenger (သို့) အောက်ပါဖုန်းနံပါတ်များသို့
အခုပဲ ဆက်သွယ်စုံစမ်းနိုင်ပါသည်။

📞 စုံစမ်းမေးမြန်းရန်
☎️ 𝟬𝟵𝟰-𝟵𝟱𝟯-𝟭𝟵𝟲𝟬 — ကျော်မင်းထွေး
☎️ 𝟬𝟲𝟯-𝟯𝟭𝟳-𝟭𝟬𝟱𝟯 — ကိုထက်



#ဘတ်
#ပန်းရောင်ကတ်

📢 BKK H&K ရုံး ယာယီပိတ်ထားခြင်း အသိပေးကြေညာချက်မင်္ဂလာပါခင်ဗျာ 🙏လက်ရှိ ဘန်ကောက်မြို့အတွင်း နေရာအချို့တွင် မိုးသည်းထန်စွာ...
26/09/2026

📢 BKK H&K ရုံး ယာယီပိတ်ထားခြင်း အသိပေးကြေညာချက်

မင်္ဂလာပါခင်ဗျာ 🙏

လက်ရှိ ဘန်ကောက်မြို့အတွင်း နေရာအချို့တွင် မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေသည့်အတွက် လမ်းပန်းဆက်သွယ်ရေးနှင့် သွားလာရေးအခက်အခဲများ ဖြစ်ပေါ်နေပါသည်။

ထို့ကြောင့် ကျွန်တော်တို့၏ BKK H&K ရုံးအား ယနေ့နှင့် မနက်ဖြန် (၂) ရက်တာ ယာယီပိတ်ထားမည်ဖြစ်ကြောင်း လေးစားစွာ အသိပေးအပ်ပါသည်ခင်ဗျာ။

ရုံးယာယီပိတ်ထားသည့်ကာလအတွင်း—

📌 ဆိုင်ကယ်ဖြင့် စာရွက်စာတမ်းပို့ဆောင်ခြင်းများ
📌 စာတိုက်မှတစ်ဆင့် ပို့ဆောင်ပေးခြင်းများ
📌 အခြားပို့ဆောင်ရေးဝန်ဆောင်မှုများ

အနေဖြင့် ပုံမှန်ထက် အချိန်အနည်းငယ်ပိုမိုကြန့်ကြာနိုင်ပါသဖြင့် နားလည်ပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်ခင်ဗျာ။

ထို့အပြင် လိုအပ်သော စာရွက်စာတမ်းများ၊ အချက်အလက်များနှင့် ဝန်ဆောင်မှုဆိုင်ရာကိစ္စများကို ကျွန်တော်တို့၏ Page Messenger မှတစ်ဆင့် ဆက်သွယ်မေးမြန်း တောင်းယူနိုင်ပါသည် ခင်ဗျာ။ ရုံးပိတ်ထားသည့်ကာလအတွင်းလည်း လိုအပ်သည့်ကိစ္စများကို တတ်နိုင်သမျှ ဆက်လက်ကူညီပေးသွားပါမည်။

ယခုလို မိုးသည်းထန်ပြီး ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေသည့်ကာလအတွင်း အရေးကြီးကိစ္စမရှိပါက မလိုအပ်ဘဲ အပြင်ထွက်သွားလာခြင်းများကို ရှောင်ရှားပြီး မိမိတို့နေအိမ်များတွင် ဘေးကင်းလုံခြုံစွာ နေထိုင်နိုင်ကြပါစေကြောင်း BKK H&K မိသားစုမှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ခင်ဗျာ။ 🙏❤️

BKK H&K မိသားစုမှ လေးစားစွာ အသိပေးအပ်ပါသည်။

Page

အသေးစိတ်သိရှိလိုပါက Messenger (သို့) အောက်ပါဖုန်းနံပါတ်များသို့
အခုပဲ ဆက်သွယ်စုံစမ်းနိုင်ပါသည်။

📞 စုံစမ်းမေးမြန်းရန်
☎️ 𝟬𝟵𝟰-𝟵𝟱𝟯-𝟭𝟵𝟲𝟬 — ကျော်မင်းထွေး
☎️ 𝟬𝟲𝟯-𝟯𝟭𝟳-𝟭𝟬𝟱𝟯 — ကိုထက်



#ဘတ်
#ပန်းရောင်ကတ်

📢 အသိပေးကြေညာချက်📅 ၂၀၂၆ ခုနှစ် စက်တင်ဘာလ ၂၇ ရက်နေ့ တွင် ရုံးပိတ်ရက်ဖြစ်ကြောင်း အသိပေးကြေညာထားပါသည်။လိုအပ်သော ဝန်ဆောင်မှု...
25/09/2026

📢 အသိပေးကြေညာချက်

📅 ၂၀၂၆ ခုနှစ် စက်တင်ဘာလ ၂၇ ရက်နေ့ တွင် ရုံးပိတ်ရက်ဖြစ်ကြောင်း အသိပေးကြေညာထားပါသည်။

လိုအပ်သော ဝန်ဆောင်မှုများရှိပါက ရုံးဖွင့်ရက်များကို ကြိုတင်စီစဉ်ဆောင်ရွက်ပေးကြပါရန် အသိပေးအပ်ပါသည်။ 🙏

#အသိပေးကြေညာချက် #ရုံးပိတ်ရက်

21/09/2026

၁၂လပိုင်း သက်တမ်းတိုးအဖွဲ့တွေအတွက်
ဘာငွေကြေးမှ ကုန်ကျခံစရာမလိုဘဲ ၃ ဦးတိတိ အခမဲ့ဝန်ဆောင်မှုပေးသွားမဲ့ အကြောင်း

21/09/2026

တနေ့တာရုန်းကန်ရင်းလှုပ်ရှားရင်း

ကိုယ့်အလုပ်လေးလည်းလုပ်ရင်း

ကိုယ့်အလုပ်လေးနဲ့ကိုယ့်စိတ်ဓာတ်အကြောင်းလေးလည်း ရှင်းပြရင်း

စာရွက်စာတမ်းကိစ္စများအတွက် အသေးစိတ်သိရှိလိုပါက
အောက်ပါဖုန်းနံပတ်များကို 👇👇👇👇👇

မနက် 8️⃣::0️⃣0️⃣မှ ညပိုင်း 8️⃣::0️⃣0️⃣ နာရီအထိ

ဖုန်းဆက်မေးမြန်းနိူင်ပါတယ်ခင်ဗျာ

☎️- 094-953-1960
☎️- 062-318-1857


#စာရွက်စာတမ်းအထွေထွေဝန်ဆောင်မှု့
#ခရီးသွားအခန်းပြောင်းလည်ပတ်ဝန်ဆောင်မှု့
#အမြန်ယာဉ်မောင်းလိုင်စင်ဝန်ဆောင်မှု့

ရုံးပိတ်ထားတယ်ဆိုပေမဲ့လည်း ဒီကနေ့မှာသွားလာစရာကိစ္စ အလုပ်ကိစ္စ စကားပြောဖို့အတွက်ချိန်းဆိုထားတဲ့ကိစ္စ ညနေပိုင်းမှာလည်းပဲ က...
20/09/2026

ရုံးပိတ်ထားတယ်ဆိုပေမဲ့လည်း ဒီကနေ့မှာသွားလာစရာကိစ္စ အလုပ်ကိစ္စ စကားပြောဖို့အတွက်ချိန်းဆိုထားတဲ့ကိစ္စ ညနေပိုင်းမှာလည်းပဲ ကိစ္စလေးတွေရှိတော့ အစောထမှပဲ တနေ့တည်းပြီးမှာဆိုပြီး အစောထဖြစ်တယ်ပေါ့ဗျာ

5:30 နိူးစက်ထအော်တာနဲ့ ဒေါင်ကတည်းထ ဘာမှမလုပ်ရသေးခင်မှာတင် အပြင်မှာကမိုးတွယ်နေတော့ ဒီကနေ့ကတော့ အဖွင့်လှပြီလို့

9:00 ထိုးအိမ်ကစပြီးမဟာချိုင်ကိုဒိုး မဟာချိုင်မှာဆိုင်ကယ်ထားပြီးကားယူပြန် မြို့ထဲပြန်ရောက်တော့ သံရုံးမှာထောက်ခံစာဝင်ယူ ထောက်ခံစာလက်ထဲကိုရောက်တာနဲ့ အလုပ်အပ်ထားတဲ့ကိုယ့်ညီလေးစီကိုတန်းဝင်ပေး

အဲ့မှာအလုပ်ပြီးတာနဲ့ ချိန်းထားတဲ့ကိစ္စအတွက် 15 လမ်းမှာဆိုင်ဖွင့်ထားတဲ့ ကိုယ့်သူငယ်ချင်းဆိုင်ကိုအပြေးကလေးသွား

တကယ်တန်းပြန်တွေးကြည့်ရင် ကိုယ့်စတိုင်ကိုပြန်ပြီးပုံဖော်နေရချိန်မှာ မောတယ်လို့ကိုမခံစားရတာပါပဲ

KMH
်စပိုစ့်ကိစ္စအမျိုးမျိုးအကျိုးဆောင်
်ကိုးဆယ်သက်တမ်းတိုးပေးခြင်း
ီဇာသက်တမ်းတိုးပေးခြင်း
ေါ့ပါမစ်သက်တမ်းတိုးပေးခြင်း
#သူဌေးပြောင်းကျဲ့အော့ကျဲ့ခေါက်ပြုလုပ်ပေးခြင်း
်စပိုစ့်စာအုပ်အသစ်ပြုလုပ်ပေးခြင်း
ာအုပ်များလဲလှယ်ပေးခြင်း
်းရောင်ကဒ်ရိုက်ပေးခြင်း
#လူသစ်ဘတ်ရိုက်ပေးခြင်း
#ထိုင်းနိူင်ငံအတွင်းပက်စပိုစ့်ကိစ္စအထွေထွေအကျိုးဆောင်
📞094-953-1960
📞062-318-1857

20/09/2026

ထိုင်းနိူင်ငံအတွင်းနေထိုင်ကျကုန်သော မြန်မာပြည်သားများအတွက်သတင်းကောင်းလေးတခုတင်ဆက်ပရစေခင်ဗျ

အကိုတို့အနေနဲ့ ကား / ဆိုင်ကယ်အမောင်းလိုင်စင်လိုအပ်နေရင်ကျနော်တို့ကိုသတိရလိုက်ပါခင်ဗျာ

ကျနော်တို့စီမှာ ကားမောင်းလိုင်စင် ဆိုင်ကယ်
မောင်းလိုင်စင်တို့က်ို ၂ ရက်အတွင်းအရ အမြန်ဝန်ဆောင်မှု့ပေးနေပြီဖြစ်ပါတယ်ခင်ဗျာ

သက်တမ်းတိုးခြင်း မြန်မာလိုင်စင်မှထိုင်းလိုင်စင်ချိန်းခြင်းတို့ကိုတော့ နေ့ခြင်းပြီးဝန်ဆောင်မှု့ပေးပါတယ်ခင်ဗျာ

ကား / ဆိုင်ကယ် အမောင်းလိုင်စင်အမြန်ဝန်ဆောင်မှု့
အသေးစိတ်သိလိုသမျှအတွက် ဖုန်းလေးဆက်ပေးပ်ခင်ဗျာ

စာရွက်စာတမ်းကိစ္စများအတွက် အသေးစိတ်သိရှိလိုပါက
အောက်ပါဖုန်းနံပတ်များကို 👇👇👇👇👇

မနက် 8️⃣::0️⃣0️⃣မှ ညပိုင်း 8️⃣::0️⃣0️⃣ နာရီအထိ

ဖုန်းဆက်မေးမြန်းနိူင်ပါတယ်ခင်ဗျာ

☎️- 094-953-1960
☎️- 062-318-1857


#စာရွက်စာတမ်းအထွေထွေဝန်ဆောင်မှု့
#ခရီးသွားအခန်းပြောင်းလည်ပတ်ဝန်ဆောင်မှု့
#အမြန်ယာဉ်မောင်းလိုင်စင်ဝန်ဆောင်မှု့

ที่อยู่

Thailang
Bangkok
10150

เวลาทำการ

จันทร์ 09:00 - 19:30
อังคาร 09:00 - 19:30
พุธ 09:00 - 19:30
พฤหัสบดี 09:00 - 19:30
ศุกร์ 09:00 - 19:30
เสาร์ 09:00 - 19:30

เบอร์โทรศัพท์

+66949531960

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ BKK H&Kผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ทางลัด

แชร์