KST Prime Education

KST Prime Education ALL IN ONE SERVICES (VIP Pass, ED Visa, ED Plus Visa, Related Employment Services)

🎓 လာမယ့် Aug / Sep Intake အတွက် တက္ကသိုလ် ကျောင်းဝင်ခွင့် (Acceptance Letter) ရရှိထားပြီးပြီလား?ထိုင်းနိုင်ငံရှိတက္ကသိုလ...
24/07/2026

🎓 လာမယ့် Aug / Sep Intake အတွက် တက္ကသိုလ် ကျောင်းဝင်ခွင့် (Acceptance Letter) ရရှိထားပြီးပြီလား?

ထိုင်းနိုင်ငံရှိတက္ကသိုလ်ကျောင်းဝင်ခွင့်ရရှိပြီး ED Plus Visa လျှောက်ထားဖို့ စီစဉ်နေသူများအတွက် ဗီဇာလျှောက်ထားမှု လုပ်ငန်းစဉ်တစ်ခုလုံးကို အမှားအယွင်းမရှိ ချောမွေ့မြန်ဆန်စွာ ဆောင်ရွက်နိုင်အောင် KST Prime Education မှ အစစအရာရာ အသေးစိတ် ကူညီဆောင်ရွက်ပေးနေပါပြီ။

✈️ KST Prime Education မှ ဆောင်ရွက်ပေးနေသော အခြား Visa Services များ

1. ED Plus Visa Service (Aug/Sep Intake တက္ကသိုလ်ကျောင်းသား/သူများအတွက် အထူးဆောင်ရွက်ပေးခြင်း)

2. ED Visa Service (အထွေထွေ ပညာရေး/ဘာသာစကားသင်တန်းများအတွက်)

3. TR Visa (Tourist Visa) (ထိုင်းနိုင်ငံသို့ အလည်အပတ်ခရီးစဉ်များအတွက်)

4. DTV Visa (Destination Thailand Visa) (Remote worker, Freelancer, Muay Thai, Thai cooking သို့မဟုတ် Soft Power လှုပ်ရှားမှုများအတွက် ၅ နှစ်သက်တမ်းရှိ ဗီဇာ)

အချက်အလက် မပြည့်စုံမှုကြောင့် စာရွက်စာတမ်း ကြန့်ကြာမှုမရှိစေဘဲ စိတ်အေးချမ်းသာစွာနဲ့ ဗီဇာလျှောက်ထားနိုင်ဖို့ အခုပဲ KST Prime Education သို့ ဆက်သွယ်တိုင်ပင်လိုက်ပါ။

📞 ဆက်သွယ်ရန် Phone : 093 63 71811
Viber / Whatsapp / Telegram: +66 93 63 71811

🇹🇭 ED Plus လား? DTV လား? ဘာပဲလျှောက်လျှောက် အခက်အခဲမရှိ အလွယ်တကူ လျှောက်ထားလိုက်ပါ! 🎓✈️ထိုင်းနိုင်ငံမှာ ရေရှည်နေထိုင်ဖို...
22/07/2026

🇹🇭 ED Plus လား? DTV လား?

ဘာပဲလျှောက်လျှောက် အခက်အခဲမရှိ အလွယ်တကူ လျှောက်ထားလိုက်ပါ! 🎓✈️

ထိုင်းနိုင်ငံမှာ ရေရှည်နေထိုင်ဖို့အတွက် ဗီဇာကိစ္စတွေ စဉ်းစားပြီး ခေါင်းခဲနေပါသလား? 🤔

စာရွက်စာတမ်းစုံရုံနဲ့ မလိုလားအပ်တဲ့ ရှုပ်ထွေးမှုတွေမရှိဘဲ KST Prime Education ကနေ စနစ်တကျ ကူညီဆောင်ရွက်ပေးနေပါပြီနော်!

💡 ဘာလို့ KST Prime Education ကို ရွေးချယ်သင့်တာလဲ?

✅ ဈေးနှုန်းသက်သာခြင်း

ဝန်ဆောင်ခကို မြန်မာငွေကျပ် သိန်းဂဏန်းလေးနဲ့တင် ဝန်ဆောင်မှုပေးနေတာမို့ အိတ်စိုက်သက်သာပြီး အဆင်ပြေဆုံးဖြစ်စေရမယ်! 💸

✅ မြန်ဆန်စိတ်ချရခြင်း

ကြာချိန် အများဆုံး (၂) ပတ်အတွင်း လုပ်ငန်းစဉ်ပြီးမြောက် စိတ်အေးရမယ်!⏰

✅ တိကျသေချာခြင်း

စာရွက်စာတမ်းစုံတာနဲ့ ကျွမ်းကျင်သူများက Seamless Process နဲ့ အစအဆုံး တာဝန်ယူ ဆောင်ရွက်ပေးသွားမှာပါ!

🎓 ED Plus Visa လည်းရနိုင်သလို 💼 DTV Visa လျှောက်ထားချင်သူများအတွက်ပါ Expert Guidance နဲ့ အထိရောက်ဆုံး ကူညီပေးနေတာမို့ ဒီနေ့ပဲ ဆက်သွယ်မေးမြန်းလိုက်ပါ!

📞 Contact Us Now:

Phone: 093 63 71811

Viber: +66 93 63 71811

11/07/2026

ဘန်ကောက်မှာရှိတဲ့ Onnut BTS Station နားက WiFi လဲရှိ အေးအေးဆေးဆေးထိုင်လို့လဲကောင်းတဲ့ The Woodland ဆိုတဲ့ Coffee ဆိုင်လေး

Digital Nomads တွေပတွက် အလုပ်လုပ်လို့ကောင်းတဲ့နေရာလေးဖြစ်သလို Community တို့ Discussion တို့အတွက်လဲ သင့်တော်တဲ့နေရာလေးပါ

သွားဖြစ်အောင်သွားကြည့်ကြနော်

10/07/2026

🇹🇭 ထိုင်းရောက် နိုင်ငံခြားသားများ မမေ့သင့်တဲ့အရေးကြီးဆုံးတဲ့တစ်ခု 🚨

💥ဟုတ်ပါတယ် ဗီဇာသက်တမ်းကိစ္စပါ💥

👉 အလည်အပတ်ခဏဆိုပြီး TR visa/Arrival (14 Days) ရောက်လာအကြောင်းကြောင်းကြောင့် ကိုင်ဆောင်ထားတဲ့ ဗီဇာသက်ကျော်လွန်သည်အထိ ဆက်နေဖို့လိုအပ်လာပြီဆို ဗီဇာသက်တမ်းတိုးဖို့ မမေ့ကြနဲ့နော်။

✅ အချိန်ပိုင်းလေးနဲ့ Immigration မှာ ရစ်ခြင်း၊ မေးမြန်းခြင်း မရှိပဲ စိတ်ကြိုက် ဗီဇာသက်တမ်းတိုးနိုင်ဖို့ KST Prime Education မှ ဝန်ဆောင်မှုပေးနေပါပြီနော်။။

အသေးစိတ်သိရှိလိုပါက —

Phone : 093 63 71811
Viber : +66 93 63 71811

#ထိုင်းရောက်မြန်မာများအတွက်

09/07/2026

🚨ထိုင်းနိုင်ငံရောက်ရှိနေသူများထဲက အသုပ်/အထောင်း ကြိုက်သူများ အထူးသတိထားနော် 🚨

လတ်တလော လူပြောအများနေတဲ့ "ကင်ဆာဖြစ်စေနိုင်တဲ့ အသည်းတုန်ကောင် (Liver Fluke)" ကပ်ပါးပိုးအန္တရာယ်အကြောင်း ကြားသိပြီးကြမှာပါ။

အထူးသဖြင့် ထိုင်းက ကျောင်းသားလူငယ်တွေကြားထဲမှာပါ ကူးစက်မှုတွေရှိနေပြီး ထိုင်းနိုင်ငံတစ်ဝန်းမှာ လူဦးရေသန်းနဲ့ချီ ကူးစက်ခံထားရနိုင်တယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

အထူးသဖြင့် မြန်မာလူမျိုးအများစုက ထိုင်းအစားအစာဖြစ်တဲ့ သဘ်ောသီးထောင်းအပါအဝင် အသုပ်နဲ့ ထိုင်းအချဉ်နဲ့ အသားစိမ်း/ငါးစိမ်းတွေတို့စားရတာကို အကြိုက်တွေ့တတ်ကြတာမို့ ရှိခဲ့ရင် လောလောဆယ်သတိပြုဆင်ခြင်နိုင်တာ အကောင်းဆုံးပါပဲ။

💡 ကူးစက်တက်ပုံတွေက

ဒီကပ်ပါးပိုး (Opisthorchis viverrini) ဟာ ရေချိုငါးတွေကို အစိမ်းလိုက်ဖြစ်စေ၊ မကျက်တကျက် ဖြစ်စေ စားသုံးရာကနေ ကူးစက်တတ်ပါတယ်။

အဓိကကတော့ သင်္ဘောသီးထောင်းတွေထဲ ထည့်လေ့ရှိတဲ့ "ငါးပိရည် (Pla Ra)" ကို သေချာကျိုချက်မထားဘဲ အစိမ်းအတိုင်း သုံးစွဲတဲ့ဆိုင်တွေကနေတစ်ဆင့် ကူးစက်တာလို့ သိရပါတယ်။

ဒီပိုးဟာ ရေရှည်မှာ အသည်းတွင်း သည်းခြေပြွန်ကင်ဆာ (Cholangiocarcinoma) အထိ ဖြစ်ပွားစေနိုင်တဲ့အထိ အန္တရာယ်ကြီးမားလာနိုင်ပါတယ်။

🛡️ ကာကွယ်လို့ရမယ့်နည်းတွေက

1️⃣ အကျက်ပဲ စားပါ - သင်္ဘောသီးထောင်း၊ အသုပ်တွေ စားတဲ့အခါ ငါးပိရည် (Pla Ra) ကို သေချာကျိုချက်ပြီးသား သုံးတဲ့ ယုံကြည်စိတ်ချရတဲ့ ဆိုင်မျိုးကိုပဲ ရွေးချယ်ပါ။

2️⃣ အစိမ်း/အချဉ်တွေကို ရှောင်ပါ - ရေချိုငါးအစိမ်းတွေ၊ အကင်မကျက်တကျက်တွေနဲ့ အချဉ်တည်ထားတဲ့ ငါးအစိမ်း (ငါးချဉ်) တွေကို အပူမပေးဘဲ စားခြင်းကို လုံးဝရှောင်ကြဉ်ပါ။

3️⃣ သန့်ရှင်းမှု ဂရုစိုက်ပါ - ဟင်းသီးဟင်းရွက်တွေနဲ့ အစားအသောက်တွေကို မစားသုံးမီ သန့်ရှင်းစင်ကြယ်အောင် ဆေးကြောပါ။

စိုးရိမ်တကြီးနဲ့ ကြောက်လန့်နေဖို့ မလိုပေမဲ့ နေ့စဉ်စားသောက်မှုပုံစံမှာ "အကျက်စား၊ အပူစား၊ သန့်ရှင်းအောင်နေ" ဆိုတဲ့ စည်းကမ်းလေးကို ဂရုစိုက်ရုံနဲ့တင် ဒီကပ်ပါးပိုးအန္တရာယ်ကနေ စိတ်ချလက်ချ ကာကွယ်နိုင်ပါတယ်။

သူငယ်ချင်းမိတ်ဆွေတွေကိုလဲ သတိထားနိုင်အောင် လက်တို့လိုက်ကြပါဦးနော် 😍🥰

KSTStrategicRelocationSolutions
#ထိုင်းရောက်မြန်မာများ #ကျန်းမာရေးသတိပေးချက်

08/07/2026

Single Subject Bachelor တက်ချင်သူများအတွက် August Intake မှာ Logistic Program ရှိပါမယ်နော် ✨

Semester တစ်ခုကို ဘတ် ၃၀,၀၀၀ တည်းနဲ့ (၅) နှစ်တိတိ ED Plus နဲ့ နေထိုင်ခွင့်ရမယ့် Logistic Program လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ် 🎓

💥ဘယ်သူတွေတက်သင့်လဲ?

▪️၁၀/၁၂ တန်း/GED/IGCSE အောင်ပြီး သမားရိုးကျ ဘာသာရပ်အားလုံးကိုတက်ရမှာထက် ကိုယ်ဆက်သွားမယ့် လုပ်ငန်းပိုင်းဆိုင်ရာ Single Subject Bachelor ယူချင်သူများ

▪️ကျောင်းတက်ရင်း အခြားအသက်မွေးဝမ်းကြောင်းလုပ်ကန်းဆိုင်ရာများကို ပူးတွဲလေ့လာချင်သူများ

▪️ခိုင်မာတဲ့ Long term ဗီဇာနဲ့ အတူ ထိုင်းဘဏ်အကောက်လိုအပ်နေသော Freelancers များနဲ့ Digital Nomads များ

▪️မွမ်းမံသင်တန်းအတူ နှစ်ရှည်ဗီဇာလိုပ်နေသော Remote Worker များနဲ့ Hybrid employees များအတွက် လက်မလွှတ်သင်တဲ့ Program ဖြစ်ပါတယ်။

💥အားသာချက်တွေကတော့

✅ ဗီဇာသက်တမ်းတိုးခ Semester တစ်ခုလုံးကိုမှ ဘတ် ၁,၉၀၀ ပဲ ကုန်ကျပါမယ်။

✅ ဗီဇာကသီးခြားမကုန်ပဲ စျေးသက်သက်သာသာနဲ့ နိုင်ငံတကာအဆင့်မီ ဘွဲ့တစ်ခုလည်း ရမယ်။

✅ Multi Entry ဖြစ်လို့ (၅) နှစ် ဗီဇာသက်တမ်းအတွင်း နိုင်ငံပြင်ပကို လွတ်လပ်စွာသွားလာနိုင်မယ်။

✅ ဗီဇာသက်တမ်းကိစ္စအတွက်လည်း နိုင်ငံပြင်ပကို ခဏခဏ ထွက်စရာမလိုဘူး။

✅ Sunday (On Campus) & Thursday (Online)

ဒီလိုဆိုတော့ ဒီ Program လေးက သင့်အတွက် အကောင်းဆုံး ရွေးချယ်မှုပါပဲ။

🎍သင်ယူရမည့်ဘာသာရပ်များ?

ယနေ့ခေတ်စီးပွါးရေးလုပ်ငန်းများအတွက်အသက်သွေးကြောဖြစ်တဲ့ ကုန်စည်ပို့ဆောင်စီးဆင်းမှုနှင့် ပတ်သက်တဲ့ အဓိကကျွမ်းကျင်ဖို့လိုအပ်တဲ့

▪️Supply Chain Management

▪️Warehouse & Inventory Control

▪️Transportation & Distribution

▪️Business Operations

စတဲ့ ကုန်ကျစရိတ် အသက်သာဆုံးနှင့် အချိန်အမြန်ဆန်ဆုံးဖြစ်အောင် လုပ်ငန်းလည်ပတ်မှုကို အကောင်းဆုံး အသုံးချနည်းတွေကို နိုင်ငံတကာအဆင့်မီ လေ့လာသင်ယူနိုင်မှာဖြစ်ပါတယ်။

လူအကန့်အသက်ရှိလို့ အမြန်ဆုံးလက်ဦးမှ ရမယ်နော်

Program နဲ့ပတ်သက်ပြီး ဆွေးနွေးတိုင်ပင်ရန် 👇👇👇

Phone: 093 63 71811
Viber : +66 93 63 71811


မြန်မာသံရုံးမှာ စာအုပ်အနီသွားလဲတော့မယ်ဆိုရင် ကုန်ကျစရိတ်တွေက အကြမ်းဖျင်းသိထားသင့်တဲ့ဒါတွေ သိပြီးပြီလား???Passport စာအုပ်...
07/07/2026

မြန်မာသံရုံးမှာ စာအုပ်အနီသွားလဲတော့မယ်ဆိုရင် ကုန်ကျစရိတ်တွေက အကြမ်းဖျင်းသိထားသင့်တဲ့ဒါတွေ သိပြီးပြီလား???

Passport စာအုပ်သက်တမ်းကုန်တော့မှာမို့လို့ စာအုပ်လဲတော့မယ်သူတွေအတွက် မဖြစ်မနေသိထားရမယ့် ကုန်ကျစားရိတ်လေးတွေကို ပြန်ပြောပြပေးပါမယ်။

ဒီလိုမျိုးစာအုပ်လဲတော့မယ်ဆိုရင် သိထားသင့်တဲ့ အကြမ်းဖျင်းကုန်ကျစားရိတ် (၃) မျိုးရှိပါတယ်

👉 အခွန်ဖိုး၊ စာအုပ်ဖိုးနဲ့ ဗီဇာချိန်း ကုန်ကျစားရိတ်တွေပဲ ဖြစ်ပါတယ်။

▪️စာအုပ်ဖိုး - ၁၂၅၀ ကျသင့်မှာ ဖြစ်ပါတယ်။ ခုထိတော့ မပြောင်းလဲသေးပါ။

▪️အခွန်ခကတော့ တစ်လကို ၁၅၀ နှုန်းနဲ့ အများဆုံး ၄၉၅၀ ထိဖြစ်နိုင်ပါတယ်။

▪️ဗီဇာချိန်းကုန်ကျစားရိတ်ကဆိုရင်တော့ ဒါထိုင်းရုံးမှာ ၅၀၀ ဘတ် ပေးဆောင်ရမှာဖြစ်ပါတယ်။

ခုဒီကုန်ကျစားရိတ်တွေက အကြမ်းဖျင်းကုန်ကျစားရိတ်ပဲ ရှိပါသေးတယ်။

ကုန်ကျစားရိတ်အတိအကျမဟုတ်သေးပါဘူး။

ထပ်ရှိလာနိုင်တဲ့ ကုန်ကျစားရိတ်တွေက ဒဏ်ငွေဆောင်ရမယ့် စာအုပ်တွေဆိုရင် ဒါဏ်ကြေးရှိမယ် ပြီးရင် မိတ္ထူဖိုး၊ ဓါတ်ပုံဖိုးတွေရှိနိုင်သေးတယ်။

စာအုပ်လဲဖို့အတွက် ကုမ္ပဏီနဲ့ဝင်ကြတဲ့သူဆိုရင် ကုမ္ပဏီကို ထပ်ပေးရတာရှိပါမယ်။

ကုန်ကျစားရိတ်တွေက တစ်ယောက်နဲ့ မတူညီနိုင်တဲ့အတွက် အတိအကျသက်မှတ်လို့မရနိုင်ပါဘူး။

အဲ့တော့ ကိုယ်က စာအုပ်လဲတော့မယ်ဆိုလိုရှိရင် ကိုယ်ကိုယ်တိုင်သံရုံးမှာ စာအုပ်လဲတာပဲဖြစ်ဖြစ် Passport ရုံးတွေမှာ Service အပ်တာပဲ ဖြစ်ဖြစ် ဒီကုန်ကျစားရိတ်တွေကို မဖြစ်မနေသိထားရပါမယ်။

ဗီဇာနဲ့ စာအုပ်ကိစ္စရပ်များကို KST က အကောင်းဆုံး ကူညီဆောင်ရွက်ပေးနေပါပြီ။

📞 အသေးစိတ် ဆက်သွယ်စုံစမ်းရန်

ဗီဇာသက်တမ်းတိုးခြင်းနှင့် Passport သက်တမ်းတိုးခြင်းပတ်သက်ပြီး အကြံဉာဏ်ရယူလိုပါက သို့မဟုတ် ဝန်ဆောင်မှုရယူလိုပါက အောက်ပါဖုန်းနံပါတ်များမှတစ်ဆင့် ယုံကြည်စိတ်ချစွာ တိုက်ရိုက်ဆက်သွယ် မေးမြန်းနိုင်ပါတယ်။

Phone: 093 63 71811
Viber: +66 93 63 71811


06/07/2026

ဘဏ်အကောင့်နဲ့ ကျောင်းထောက်ခံစာအတွက် ခေါင်းစားစရာမလိုတဲ့ ED Plus 🇹🇭🎓

ဒီတစ်ခါ Up-skills ရှာဖွေနေသူများ မွမ်းမံသင်တန်းကတော့ လက်ရှိ Jul Intake အတွက် Semester တစ်ခုကို ဘတ် ၃၀,၀၀၀ ထဲနဲ့ တက်လို့ရမယ့် Logistic Program လေးဖြစ်ပါတယ်။

ဗီဇာ (၅) နှစ်နဲ့ကိုမှာ On-Campus ကို Sunday တစ်ရက်ပဲတက်ဖို့လိုပြီး Thursday မှာ Online Join ရုံရမှာမို့ ဘယ်သူတွေတက်ရောက်လေ့လာသင့်လဲ ဆိုရင်

▪️လက်ရှိ Full-Time Job လုပ်နေသည့်တိုင် Weekend မွမ်းမံသင်တန်း တွဲတက်ပြီး Skills-Up ရှာဖွေနေသူများ

▪️လက်ရှိအခြားအတန်းရှိနေသည့်တိုင် Weekend Class တွဲတက်ပြီး Dual Qualifications ရှာဖွေနေသူများ

▪️တတိယနိုင်ငံတွေကို ဆက်လက်ထွက်ခွာဖို့အတွက် ခိုင်မာတဲ့ Background နဲ့ နှစ်ရှည်ဗီဇာလိုအပ်သူများ

▪️Digital Nomads၊ Remote Worker နဲ့ ကိုယ်ပိုင်လုပ်ငန်းလုပ်ရင်း ခိုင်မာတဲ့ဗီဇာနဲ့အတူအတက်ပညာ တစ်ခုဆက်လက်လေ့ချင်သူများ

အားသာချက်များ

▪️ Student ID Card ရရှိမှာမို့ Access Opportunity များစွာ အသုံးပြုလို့ရမယ်။

▪️ကျောင်းထောက်ခံစာရယူနိုင်လို့ ကျောင်းအတွက်ဖြစ်စေ၊ တတိယနိုင်ငံသို့ ဗီဇာလျှောက်လိုခြင်းကြောင့်ဖြစ်စေ လိုအပ်တဲ့ စာရွက်စာတမ်း အထောက်အထား အပြည့်အစုံရရှိနိုင်မယ်။

▪️ ခိုင်မာတဲ့နှစ်ရှည်ဗီဇာဖြစ်လို့ Third Country သွားဖို့ပြင်ဆင်နေသူများလိုအပ်နေတဲ့ နှစ်ရှည်ခိုင်မာတဲ့ Program၊ University Background နဲ့ လမ်းစတစ်ခု ရရှိစေမယ်။

▪️Multiple Entry ဗီဇာဖြစ်လို့ ထိုင်းနိုင်ငံပြင်ပကို စိတ်ကြိုက် လွတ်လပ်စွာ အဝင်အထွက်လုပ်နိုင်မယ်။

▪️သက်တမ်းတဲ့အချိန်ရောက်ရင်လဲ ကျောင်းက ကြိုတင် သတိပေးသလို လိုအပ်တဲ့ ကျောင်းထောက်ခံစာနဲ့ စာရွက်စာတမ်းတွေပါ ပြင်ဆင်ပေးတဲ့အတွက် စိတ်ပေါ့ပေါ့ပါးပါးနဲ့ လွယ်လွယ်ကူကူ အချိန်မီ သက်တမ်းတိုးနိုင်မယ်။

▪️ ထိုင်းဘဏ် Account လိုအပ်သူများအတွက် ထိုင်းဘဏ်အကောင့်ကိုပါ တစ်ခါတည်း ဖွင့်နိုင်မယ်။

ED Plus Visa တစ်ခုရှိရုံနဲ့ အရာအားလုံးကိုတစ်နေရာတည်းမှာတင် All in one service ရနိုင်ပါပြီ။

ဗီဇာအတွက်၊ အလုပ်အတွက်နဲ့ နေထိုင်ရေးအတွက်ပါမက စီးပွါးရေးအတွက်ပါ အကောင်းဆုံးနဲ့ အသေချာဆုံး ရွေးချယ်မှုက ED Plus ပါပဲ။

​အသေးစိတ်ကို သိရှိလိုပါက Messenger ကနေ အခုပဲ ဆက်သွယ်စုံစမ်းလိုက်ပါ! 📩

Phone : 093 63 71811
Viber : +66 93 63 71811

အကြောင်းအမျိုးမျိုးကြောင့် ထိုင်းနိုင်ငံကို ရောက်ရှိနေပြီး ဗီဇာသက်တမ်းတိုးဖို့ လိုအပ်နေပြီလား။ 🤔အလုပ်ကိစ္စကြောင့်ပဲဖြစ်ဖ...
05/07/2026

အကြောင်းအမျိုးမျိုးကြောင့် ထိုင်းနိုင်ငံကို ရောက်ရှိနေပြီး ဗီဇာသက်တမ်းတိုးဖို့ လိုအပ်နေပြီလား။ 🤔

အလုပ်ကိစ္စကြောင့်ပဲဖြစ်ဖြစ်၊ ပညာရေးနဲ့ တခြားသော အကြောင်းအမျိုးမျိုးကြောင့်ပဲဖြစ်ဖြစ် ထိုင်းနိုင်ငံမှာ စိတ်ပေါ့ပေါ့ပါးပါး နေထိုင်နိုင်ဖို့အတွက် "ဗီဇာ" က အရေးကြီးဆုံးပါပဲ။

ဗီဇာသက်တမ်းကုန်တော့မယ့်ရက် နီးကပ်လာလို့ ဘယ်လိုဆက်လုပ်ရမလဲ စိတ်ပူနေတယ်ဆိုရင်တော့ KST Prime Education ရှိပါတယ်။

✅ စိတ်ချရပြီး သေချာမြန်ဆန်တဲ့ ဝန်ဆောင်မှု

✅ ရှုပ်ထွေးတဲ့ ဗီဇာကိစ္စရပ်တွေကို အဆင်ပြေအောင် အစအဆုံး တာဝန်ယူပေးခြင်း

✅ လူကြီးမင်းတို့ရဲ့ အခြေအနေနဲ့ ကိုက်ညီမယ့် အကောင်းဆုံး အကြံဉာဏ်များဆွေးနွေးပေးခြင်း

ဘာသာစကားလည်းသင်ယူရင်း ထိုင်းနိုင်ငံမှာ ရေရှည်နေထိုင်ခွင့်ရမယ့် ED Plus Visa နဲ့ ED Visa အပြင် အခြားဗီဇာ ဝန်ဆောင်မှုမျိုးစုံကို ကျွမ်းကျင်သူများ ကိုယ်တိုင် အစအဆုံး အဆင်ပြေအောင် ဆောင်ရွက်ပေးနေပါပြီ။

ဗီဇာသက်တမ်းတိုးဖို့ ကိစ္စအတွက် အချိန်ကုန်၊ လူပင်ပန်းမခံဘဲ KST Prime Education ကို အခုပဲ ယုံကြည်စိတ်ချစွာ ဆက်သွယ်လိုက်ပါ။

Phone : 093 63 71811
Viber : +66 93 63 71811

04/07/2026

🇲🇲🇹🇭ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများ Passport သက်တမ်းတိုးမယ်ဆိုဒါတွေသိထားဖို့လိုမယ်နော် . . .

ထိုင်းနိုင်ငံအတွင်း ရောက်ရှိနေထိုင်နေကြတဲ့ ကျောင်းသူး ကျောင်းသားလူငယ်များနှင့် လုပ်ငန်းခွင်ဝင်နေကြသူများအတွက် Passport သက်တမ်းတိုးဖို့ ပြင်ဆင်နေတယ်ဆိုရင် ဒီအချက်လေးတွေကို လေ့လာထားဖို့ မျှဝေချင်ပါတယ်။

ဒါတွေသိထားရင် လိုအပ်တဲ့ စာရွက်စာတမ်းများနှင့် လုပ်ငန်းစဉ်များကို ကြိုတင်လေ့လာပြင်ဆင်ထားနိုင်ပါတယ်။

💥 လိုအပ်တဲ့ စာရွက်စာတမ်းများ

📝 မူရင်းလိုအပ်ချက်များ

၁) Passport စာအုပ်မူရင်း

၂) နိုင်ငံသားစိစစ်ရေးကတ်ပြား (မှတ်ပုံတင်) မူရင်း

၃) ပတ်စပို့စ်ဆိုဒ် ဓာတ်ပုံ (၂) ပုံ (နောက်ခံအဖြူ၊ (၆) လအတွင်းရိုက်ထားသော ဓာတ်ပုံဖြစ်ရပါမည်)

၄) ကျောင်းသားကတ် (Optional)

၅) ကျောင်းထောက်ခံစာ (Optional)

📝 မိတ္တူလိုအပ်ချက်များ

၁) Passport စာအုပ်မိတ္တူ (Bio Page နှင့် Visa တုံးများပါသော စာမျက်နှာများ)

၂) မှတ်ပုံတင် မိတ္တူ

၃) သန်းခေါင်စာရင်း မိတ္တူ

⏳ ကြာမြင့်ချိန်

နေ့ချင်းပြီးရနိုင်သော်လည်း တစ်နေ့ကုန် အချိန်ပေးရနိုင်တာမျိုးဖြစ်နိုင်ပါတယ်။

🛂 သက်တမ်းတိုးလို့ရနိုင်သည့် Passport အမျိုးအစားများ

သက်တမ်းတိုးခြင်းများကို အဆင်ပြေချောမွေ့အောင် ဝန်ဆောင်မှုပေးနေသည့်အမျိုးအစားများကတော့ 👇
PV to PJ
PV to PE
PJ to PJ
PE to PE
PE to PJ

📞 ဆက်သွယ်ရန်နှင့် စုံစမ်းမေးမြန်းရန်

ပတ်စပို့စ်သက်တမ်းတိုးခြင်း လုပ်ငန်းစဉ်များအတွက် လူကိုယ်တိုင် လိုက်လံဆောင်ရွက်ရမှာ ရှုပ်ထွေးပြီး အချိန်မပေးနိုင်သူများအတွက် အစစအရာရာ အဆင်ပြေအောင် အမြန်ဆုံးနှင့် အစိတ်ချရဆုံး ဝန်ဆောင်မှုပေးနေပါပြီ။

စုံစမ်းလိုပါက -
📩 Messenger / Inbox သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။

📱 Phone: 093 63 71811
📍 Viber: +66 93 63 71811


ที่อยู่

Bangkok

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ KST Prime Educationผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ทางลัด

แชร์