29/08/2025
🚍 မိတ်ဆွေများအတွက် Bangkokမြို့အနှံ့ ဘတ်စ်ကားဖြင့် သွားလာရန်နည်းလမ်း 🚍
ဘန်ကောက်မှာ BTS, MRT တို့ဖြင့် အဓိကနေရာတော်တော်များများသွားလာလို့ရသော်လည်း စျေးနှုန်းများပြီး နေရာအနှံ့မရောက်ပါ။ ဒါကြောင့် မိတ်ဆွေတို့အတွက် Bus ကားစီးကာ အကုန်အကျသက်သာပြီး နေရာအနှံ့အပြားသွားလာနိုင်သည့် အဆင်ပြေမယ့် နည်းလမ်းလေးညွှန်းပေးလိုပါတယ်။
Step 1 – Google Maps ကို သုံးပြီး လမ်းကြောင်းရှာမယ်
1. Google Maps ကို ဖွင့်ပြီး သင်သွားချင်တဲ့နေရာကို ရိုက်ထည့်ပါ။
2. “Directions” ကို နှိပ်ပြီး “Public Transport” ကို ရွေးချယ်ပါ။
3. ဘတ်စ်ကားနံပါတ်၊ သွားတဲ့လမ်းကြောင်း၊ ကြာချိန် အတိအကျ မြင်ရပါမယ်။
👉 အကျိုးကျေးဇူး – ဘယ် bus နံပါတ်စီးရမလဲ၊ ဘယ်မှတ်တိုင်ကနေ စီးရမလဲဆိုတဲ့အချက်တွေကို တိကျစွာပြပေးပါတယ်။
Step 2 – ViaBus Application နဲ့ တိကျမှုပိုမိုစစ်မယ်
1. ViaBus app ကို Play Store / App Store ကနေ ဒေါင်းပါ။
2. App ထဲမှာ မိတ်ဆွေနဲ့အနီးဆုံးမှတ်တိုင်ကို လာနေသည့် ဘတ်စ်ကားများကို Live tracking ဖြင့် နေရာတိကျစွာ မြင်နိုင်ပါတယ်။
3. ဘတ်စ်ကားနဲ့ လက်ရှိမှတ်တိုင်နဲ့ ဘယ်လောက်ကွာဝေးတာ၊ ဘယ်အချိန်လောက်ကြာမှ မှတ်တိုင်ကိုရောက်လာမယ်ဆိုတာ တိကျစွာ တိုက်ရိုက် ကြည့်ရှုလို့ရပါတယ်။
👉 အကျိုးကျေးဇူး – မှတ်တိုင်ရောက်လာမယ့်ဘတ်စ်ကားကို ဘယ်နေရာ၊အချိန်ဘယ်လောက်ကြာမယ်ဆိုတာကို ကြိုသိပြီး ဆက်လက်လုပ်ဆောင်နိုင်ပါတယ်။
Step 3 – Bus စီးရင် သိထားရမယ့်အချက်များ
• ဘတ်စ်ကားစီးမယ်ဆိုရင် အကြွေသေချာပြင်ထားပါ (20THB, coins)။
• Conductor (ticket seller) က ကျသင့်ငွေကောက်ပြီး ခရီးစဉ်အလိုက် လက်မှတ်ပေးပါမည်။
• aircon bus တွေမှာတော့ ပုံမှန်ကားတွေထက်စာရင် စျေးနှုန်းအနည်းငယ်ပိုများနိုင်ပါတယ်။
• Google Maps / ViaBus ကနေတဆင့်ကြည့်နေပြီး သွားလိုတဲ့ မှတ်တိုင်ရောက်ခါနီးရင် bell button ကိုနှိပ်ပြီး ဆင်းရန် signal ပေးဖို့ရာမမေ့ဖို့ သတိပြုပါ။
Step 4 – Useful Tips
✅ Google Maps နဲ့ ViaBus ကို ထိရောက်စွာသုံးပါ – တစ်ခုက လမ်းကြောင်းပြပြီး တစ်ခုက နေရာ၊အချိန်တိကျမှုကိုပြသပေးပါတယ်။
✅ ညဘက် (9 pm နောက်ပိုင်း) → ဘတ်စ်ကား အချို့က အလုပ်နားသွားတာမျိုးတွေရှိတာမလို့ ViaBus ကနေ ကားရှိမရှိသေချာစစ်ပါ။
✅ မှတ်တိုင်ဘယ်မှာရှိလဲမသိတဲ့အခါမျိုးမှာ Google Maps ရဲ့ walking navigation ကို သုံးပြီး bus stop ရှိရာကို သွားပါ။
Bonus* အချို့သော Bus ကားများက ခရီးစဥ်အဆုံးထိမသွားဖဲ ပြန်ကွေ့တာမျိုးရှိတဲ့အတွက် လက်ထဲပိုက်ဆံအမြဲဆောင်ထားဖို့ သတိပေးစေလိုပါတယ်၊
🌟 Why bus in Bangkok?
• BTS/MRT မရှိသေးတဲ့ နေရာတွေသွားလာရာတွင် အဆင်ပြေ။
• ဈေးသက်သာ (8 – 30 Baht ).သာကျသင့်
• မြို့အနှံ့အပြား သွားနိုင်ပြီး, ခရီးစဉ်ပိုကြာသော်လည်း သုံးဖို့တန်။
💙 YEN အကြံပေးချက် – ဘန်ကောက်မှာ စျေးသက်သက်သာသာနဲ့ သွားလာချင်ရင် Google Maps နဲ့ ViaBusက အသုံးပြလို့လို့ ကောင်းတဲ့ application တွေဖြစ်ပါတယ်။ မသေချာတာ/ မေးမြန်းလိုတာ/ နားမလည်တာတွေရှိပါပါက YEN Page သို့ မေးမြန်းနိုင်ပါတယ်။
👉 သင့်နေထိုင်ခွင့် + ဗီဇာ + ဘဏ်အကောင့်နှင့် ပတ်သက်သည့်သတင်းထူးသတင်းသစ်များ ၊စိတ်ဝင်စားဖွယ်အကြောင်းအရာများမလွတ်စေရန် Like & Follow လုပ်ထားပေးပါ✔️
#မြန်မာထိုင်း #လိုတရ