19/09/2026
PJ Passport နဲ့ ပြန်ထွက်မယ်ဆို ဘာတွေလိုမလဲ‼️
🛬 ပြည်ပမှ ခွင့်ဖြင့် မြန်မာနိုင်ငံသို့ ပြန်လာသည့် PJ Passport ကိုင်ဆောင်သူများအနေဖြင့်
📑 ပြည်ပသို့ ပြန်လည်ထွက်ခွာရာတွင် မိသားစုထံ လွှဲပို့ထားသည့် ငွေလွှဲအထောက်အထားနှင့် အခွန်ပေးဆောင်ထားသည့် အထောက်အထားများတင်ပြရန် လိုအပ်လာကြောင်း အလုပ်သမားဝန်ကြီးဌာနက စက်တင်ဘာ ၁၉ ရက်တွင် အသိပေးထားပါသည်။
💰အသစ်ထပ်မံတောင်းခံလာသည့် အထောက်အထားများမှာ မိမိရရှိသည့် လုပ်ခလစာ၏၂၅% ကို သတ်မှတ်ထားသည့် တရားဝင်ငွေလွှဲ ဘဏ်များမှတစ်ဆင့် မိသားစုထံ လွှဲပို့ထားကြောင်းအထောက်အထားနှင့် လုပ်ခလစာ၏ ၂% ကို အခွန်ပေးဆောင်ထားကြောင်း အထောက်အထားတို့ ဖြစ်ပါသည်။
🪪 အဆိုပါအထောက်အထားများကို OWIC ကတ်ပြုလုပ်ခြင်း၊ OWIC သက်တမ်းတိုးခြင်းနှင့် ပြည်ပသို့ ပြန်လည်ထွက်ခွာခွင့်ပြုချက် လျှောက်ထားခြင်းတို့တွင် တင်ပြရန်လိုအပ်ကြောင်း သိရပါတယ်။
📌 ပြည်ပကနေ ခွင့်နဲ့ မြန်မာနိုင်ငံကို ပြန်လာတဲ့ PJ Passport ကိုင်ဆောင်သူများအနေနဲ့ ပြည်ပကို ပြန်ထွက်တဲ့အခါ အောက်ပါအထောက်အထားတွေ လိုအပ်ပါတယ်။
🔹 OWIC Card ရှိရပါမယ်
🔹 လုပ်ခလစာရဲ့ ၂၅% ကို မိသားစုထံ လွှဲပို့ထားကြောင်း အထောက်အထား
🔹 လုပ်ခလစာရဲ့ ၂% အခွန်ပေးဆောင်ထားကြောင်း အထောက်အထား
၂၅% ငွေလွှဲအထောက်အထားကို ၂၀၂၄ ဩဂုတ် ၂၈ ရက်မှစပြီး တွက်ချက်တောင်းခံထားတယ်လို့ သိရပါတယ်။
👉 ၂၀၂၄ ဩဂုတ် ၂၈ မတိုင်မီကတည်းက ပြည်ပရောက်နေသူတွေက သတ်မှတ်ကာလအတွင်း လစဉ်ငွေလွှဲအထောက်အထား ပြင်ဆင်ထားဖို့လိုပါတယ်။
👉 အဲဒီရက်နောက်ပိုင်းမှ ပြည်ပရောက်သူတွေကတော့ မိမိပြည်ပရောက်တဲ့လကနေစပြီး ငွေလွှဲအထောက်အထားတွေ လိုအပ်ပါတယ်။
⚠️ ပြည်ပပြန်ထွက်မယ့်သူတွေအနေနဲ့ OWIC၊ ငွေလွှဲအထောက်အထားနဲ့ အခွန်အထောက်အထားတို့ကို ကြိုတင်ပြင်ဆင်ထားသင့်ကြောင်း အကြံပြုပါရစေ။
Photo_credit
#ပြည်ပလုပ်သား