15/08/2026
📣၂၀၂၆ ခုနှစ် ဒီဇင်ဘာလ ၁၁ ရက်နေ့တွင်
Workpermit သက်တမ်းကုန်ဆုံးမည့် လာအို / မြန်မာ
နှင့် ဗီယက်နမ် ၃ နိုင်ငံသား အလုပ်သမားများအနေဖြင့်
Workpermit သက်တမ်းတိုးခြင်းကို ၂၀၂၆ ဒီဇင်ဘာလ
၁၁ ရက်နေ့ နောက်ဆုံးထား၍ လျှောက်ထားရမည်
ဖြစ်ကြောင်း ထိုင်းအလုပ်အကိုင်ဦးစီးဌာနမှ အသိပေး
ထုတ်ပြန်
📆 အရေကြီးရက်စွဲ
Workpermit သက်တမ်းတိုး လျှောက်ထားရန် နောက်ဆုံး
ရက် - ၁၁ ဒီဇင်ဘာ ၂၀၂၆
📝 ဆောင်ရွက်ရမည့်အဆင့်များ
၁| ကျန်းမာရေးစစ်ဆေးခြင်း
၂| Online E-Workpermit စနစ်မှ Workpermit သက်တမ်း
တိုး လျှောက်ထားခြင်း
၃| နိုင်ငံကူးလက်မှတ် Passport / Visa ဆောင်ရွက်ခြင်း
📌 Workpermit သက်တမ်းတိုး လျှောက်ထားပြီးပါက
သတ်မှတ်ထားသော လျှောက်လွှာလက်ခံဖြတ်ပိုင်း နှင့်
ငွေလက်ခံပြေစာကို အလုပ်လုပ်ခွင့်အတွက် အထောက်
ထားအဖြစ် အသုံးပြုနိုင်ပါတယ်။
အလုပ်ရှင်များ| ကုမ္ပဏီ / စက်ရုံများနှင့် အလုပ်သမားများ
အနေဖြင့် လိုအပ်သော စာရွက်စာတမ်းများကို ကြိုတင်ပြင်
ဆင်ထားကြပါရန် အထူးအကြံပြုပါတယ်။
📌 Online စနစ် စတင်ဖွင့်လှစ်မည့်ရက်ကို အလုပ်အကိုင်
ဦးစီးဌာနမှ ထပ်မံ အသိပေးကြေညာမည်ဖြစ်ပါတယ်။