20/03/2026
ဒီကောင်မလေးက ...
ပျော်အောင်နေတတ်ပါတယ် ...
ငိုစရာတွေများရင်
ပေါက်တတ်ကရတွေ အများကြီး
ရှယ် တတ်ပြီး...
အဆင်မပြေတာတွေများရင်
စကားတွေ အများကြီးပြောရင်း
ပျော်အောင်နေတတ်ပါတယ် ။
မရီရတဲ့ ဟာသတွေကို
အထပ်ထပ်ကြည့်ရင်း
မျက်ရည်တွေကျတဲ့အထိ
ပျော်အောင်နေတတ်သလို
အဆင်ပြေရဲ့လားဆိုတဲ့ မေးခွန်းတွေနဲ့
အတုအယောင် စာနာမှုတွေကဝေးအောင်
စက်ကို ပိတ်ပြီးတော့
တစ်နေ့လုံးအိပ်ရင်း
ပျော်အောင်နေတတ်ပါတယ် ။
မပူပါနဲ့ ...
ဒီကောင်မလေးက
ဘယ်တော့မဆို
ပျော်အောင်နေတတ်ပါတယ် ။
စိတ်ချလက်ချ ကျောခိုင်းထားလို့ရသလို
မေ့မေ့ပျောက်ပျောက်ဖြစ်သွားတဲ့အထိ
ပစ်ထားလို့ရပါတယ်။
အေးဆေးပါပဲ ။
#ကျေးကို