08/08/2026
ခေတ်ကာလတွေ ဘယ်လိုပဲပြောင်းပြောင်း တန်ဖိုး အမြဲခိုင်မာနေမယ့် ရန်ကုန်မြို့ရဲ့ Prime Location မြေကွက်ကောင်း (၅) ကွက်
လူကြီးမင်းတို့ရဲ့ စီးပွားရေး တိုးချဲ့ဖို့နဲ့ အနာဂတ် ပိုင်ဆိုင်မှုတွေကို ရင်းနှီးမြှုပ်နှံထားဖို့အတွက် ရန်ကုန်မြို့ရဲ့ အချက်အချာကျပါတယ်ဆိုတဲ့ နေရာ (၅) ခုမှာရှိတဲ့ မြေကွက်အရောင်းစာရင်းများကို ယုန်မိသားစု မှ သေသေချာချာ စိစစ်ရွေးချယ်ပြီး တင်ဆက်ပေးလိုက်ပါတယ်ရှင်။
၁။ သင်္ဃန်းကျွန်းမြို့နယ် သံသုမာလမ်းမကြီးပေါ်က စီးပွားရေးအချက်အချာကျလှသော မြေကွက်
အကျယ်အဝန်း (၄၀ × ၆၀) ပေရှိပြီး ကားအဝင်အထွက်နဲ့ လူစည်ကားမှုအပြည့်ရှိတဲ့ သံသုမာလမ်းမကြီးပေါ်မှာ တည်ရှိပါတယ်။ Showroom တွေ၊ ကုမ္ပဏီရုံးချုပ်တွေ ဒါမှမဟုတ် စီးပွားရေးလုပ်ငန်းကြီးတွေ စတင်ဖို့အတွက် အထူးသင့်တော်တဲ့ နေရာဖြစ်ပြီး ခေါ်ဈေးမှာ သိန်း ၆၈,၀၀၀ (ညှိနှိုင်း) ဖြစ်ပါတယ်ရှင်။
၂။ တောင်ဥက္ကလာပမြို့နယ် ၁၁ ရပ်ကွက် သီဟသူလမ်းမကြီးပေါ်က မြေကွက်ကျယ်
အကျယ်အဝန်း စတုရန်းပေ ၃,၄၉၀ ထိ ကျယ်ဝန်းတာကြောင့် စီးပွားရေးနဲ့ လူနေထိုင်မှု နှစ်မျိုးစလုံးကို ဟန်ချက်ညီညီ ပေါင်းစပ်ဆောက်လုပ်နိုင်မယ့် နေရာကောင်းတစ်ခုပါ။ တောင်ဥက္ကလာပမြို့နယ် ၁၁ ရပ်ကွက် သီဟသူလမ်းမကြီးပေါ်မှာ တည်ရှိပြီး ခေါ်ဈေး သိန်း ၄၅,၀၀၀ (ညှိနှိုင်း) ဖြင့် ရရှိနိုင်ပါမယ်ရှင်။
၃။ မရမ်းကုန်းမြို့နယ် အောင်သိဒ္ဓိလမ်းက ဆိတ်ငြိမ်မြေကွက်
ပတ်ဝန်းကျင်သန့်၊ လမ်းသန့်ပြီး (၄၅ × ၇၅) ပေ အကျယ်ရှိတဲ့ မရမ်းကုန်းမြို့နယ် အောင်သိဒ္ဓိလမ်းထဲက မြေကွက်လေးဟာ ကိုယ်ပိုင် လုံးချင်းအိမ်ရာ ဆောက်လုပ်နေထိုင်ချင်သူတွေအတွက် အလွန်သင့်တော်ပါတယ်။ ခေါ်ဈေး သိန်း ၃၅,၀၀၀ (ညှိနှိုင်း) ဖြစ်ပါတယ်ရှင်။
၄။ ရန်ကင်းမြို့နယ် ပါရမီရိပ်သာထဲက VIP အိမ်ရာ မြေကွက်
ရန်ကင်းမြို့နယ်ရဲ့ အချက်အချာကျပြီး အဆင့်မြင့်ဆိတ်ငြိမ်သောအိမ်ရာဝန်းထဲမှာ တည်ရှိတဲ့ (၅၀ × ၆၀) ပေ အကျယ် မြေကွက်ဖြစ်ပါတယ်။ ရင်းနှီးမြှုပ်နှံသူတွေနဲ့ အိမ်ကောင်းကောင်းလေးဆောက်ပြီး နေထိုင်ချင်သူတွေ သဘောကျမယ့် နေရာကောင်းလေးဖြစ်ပြီး ခေါ်ဈေး သိန်း ၃၅,၀၀၀ (ညှိနှိုင်း) ဖြင့် အရောင်းတင်ထားပါတယ်ရှင်။
၅။ သင်္ဃန်းကျွန်းမြို့နယ် ပြည်သာယာလမ်းမကျောကပ် လမ်းသန့်မြေကွက်
(၃၀ × ၆၀) ပေ အကျယ်ရှိပြီး ပြည်သာယာလမ်းမကြီးဆီ အဝင်အထွက် လွယ်ကူတဲ့ လမ်းသန့်နေရာလေး ဖြစ်ပါတယ်။ သင့်လျော်တဲ့ ဈေးနှုန်းနဲ့ နေရာကောင်း ပိုင်ဆိုင်ချင်သူများအတွက် ခေါ်ဈေး သိန်း ၁၆,၅၀၀ (ညှိနှိုင်း) ဖြင့် ရောင်းချပေးသွားမှာ ဖြစ်ပါတယ်ရှင်။
ကျွန်မတို့ဆီမှာ "အပြောင်းအလဲများတဲ့ စကားလုံးတွေ" မရှိပါဘူး။ ဝယ်သူရော ရောင်းသူပါ အမြဲယုံကြည်စိတ်ချရမယ့် "ဈေးကွက်ပေါက်ဈေးအမှန်" နဲ့ စေ့စပ်သေချာတဲ့ ဝန်ဆောင်မှုပဲ ရှိပါတယ်ရှင်။
အသေးစိတ် စုံစမ်းမေးမြန်းလိုပါက Chat Box မှာဖြစ်စေ၊ ဖုန်းဆက်ပြီးဖြစ်စေ အချိန်မရွေး လွတ်လပ်စွာ ဆက်သွယ်စုံစမ်းနိုင်ပါတယ်ရှင်။ 🤝
𝐂𝐨𝐧𝐭𝐚𝐜𝐭 𝐔𝐬
𝐏𝐡𝐨𝐧𝐞 - 09799991090, 09799991095, 09775560071, 09775560072
𝐕𝐢𝐛𝐞𝐫 - +959253251133
Premium အရောင်းစာရင်းသစ်များကို မိမိရဲ့ Messenger Inbox ထဲမှာ အချိန်နဲ့ တပြေးညီ စောင့်ကြည့်နိုင်ဖို့ ယုန်မိသားစုရဲ့ သီးသန့် Messenger Channel ကိုလည်း Join ထားနိုင်ပါတယ်ရှင်။
🔗 Messenger Channel သို့ ဝင်ရောက်ရန်:
https://www.messenger.com/channel/yonemitharsu
#ယုန်မိသားစုအိမ်ခြံမြေ