KSL Legal Service Business & Corporate Consultant

KSL Legal Service Business & Corporate Consultant Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from KSL Legal Service Business & Corporate Consultant, Lawyer & Law Firm, New University Avenue Road, Yangon.

Declaration of Objection                ForDagon Township.  #   KSL Legal Service      Business & CorporateOffice :  No....
23/10/2024

Declaration of Objection
For
Dagon Township.

# KSL Legal Service
Business & Corporate

Office :
No.26/4A, New University Avanue Road,Nat Mauk Yeik Thar Street, Sayar San Quarter , BahanTownship,Yangon .
ph : 09450072380
: 09980894579
Email : [email protected]

Declaration of Objection                ForMTH Residence Tower -ANo - 404, North Okkalapa Township.  #   KSL Legal Servi...
23/10/2024

Declaration of Objection
For
MTH Residence Tower -A
No - 404, North Okkalapa Township.

# KSL Legal Service
Business & Corporate

Office :
No.26/4A, New University Avanue Road,Nat Mauk Yeik Thar Street, Sayar San Quarter , BahanTownship,Yangon .
ph : 09450072380
: 09980894579
Email : [email protected]

Declaration of Objection                ForShwe Gone Daing Tower -ANo - 301, Bahan Township.  #   KSL Legal Service     ...
23/10/2024

Declaration of Objection
For
Shwe Gone Daing Tower -A
No - 301, Bahan Township.

# KSL Legal Service
Business & Corporate

Office :
No.26/4A, New University Avanue Road,Nat Mauk Yeik Thar Street, Sayar San Quarter , BahanTownship,Yangon .
ph : 09450072380
: 09980894579
Email : [email protected]

🙏🙏🙏
17/10/2024

🙏🙏🙏

Partnership Agreementအပိုင်း - ၄ - အစုအစပ်လုပ်ငန်းအဖြစ်တည်ထောင်ပါက   သဘောတူညီမှုဘယ်လိုထားထားလဲ ?- လုပ်ငန်း ဘယ်လိုဆောင်ရွ...
17/10/2024

Partnership Agreement
အပိုင်း - ၄

- အစုအစပ်လုပ်ငန်းအဖြစ်တည်ထောင်ပါက
သဘောတူညီမှုဘယ်လိုထားထားလဲ ?
- လုပ်ငန်း ဘယ်လိုဆောင်ရွက်သလဲ ?
ဘယ်လိုစီမံခန့်ခွဲမှာလဲ ?
- လုပ်ငန်းမှာထိမ်းချုပ်ပိုင်ခွင့် တာဝန်ဝတ္တရား
ဘယ်လိုထားရှိမှာလဲ ?
- လုပ်ငန်းမှာစာရင်းတွေကိုဘယ်လိုထိန်းသိမ်းမ
လဲ ?
- အဲဒီစာရင်းဇယားတွေကို ဘယ်လိုစစ်ဆေးခွင့်
ရှိလဲ ?
- စာရင်းရှင်းတမ်းတွေ ဘယ်ချိန်ဘယ်လို တင်ပြ
မှာလဲ?
- အစုဝင်တွေ လက်ခံရယူတာတွေ နဲ့ပတ်သက်
ပြီးတော့ ဘယ်လို‌ ဆောင်ရွက်မလဲ ?
- အငြင်းပွားမှု ဖြစ်ပေါ် လာရင်ဘယ်လို ဖြေရှင်း
မလဲ?
- အစုအစပ်လုပ်ငန်းကို ဘယ်အတိုင်းအတာ
အထိလုပ်မှာလဲ ?
- ဘယ်ကာလအထိလုပ်မှာလဲ?
- ကာလသက်မှတ်မထားရင်လည်းမထား
ကြောင်း၊သက်မှတ်ထားရင်လည်းကာလကို
ထည့်သွင်းဖော်ပြရမယ်၊
(အစုအစပ်လုပ်ငန်းကို ကာလအပိုင်းအခြားသက်မှတ် လုပ်ကိုင်ထားရင် ရိုးရိုးအစုအစပ်လုပ်ငန်းဟုခေါ်တယ် ၊ ကာလအပိုင်းအခြားသက်မှတ်မထားရင် အလိုရှိသမျှလုပ်ကိုင်နိုင်တဲ့ဖို့တည်ထောင်တဲ့အစုအစပ်လုပ်ငန်းအမျိုးအစားလို့ခေါ်တယ်)၊
- အစုအစပ်လုပ်ငန်းကို လုပ်ငန်းပြီးဆုံးတဲ့အချိန်
ကာလ သို့မဟုတ် လုပ်ငန်းပြီးဆုံးသည့်
စည်းကမ်း ချက်များကို သက်မှတ်ထားမလဲ ?

❗စသည့်အချက်အလက်များကို မဖြစ်မနေ ထည့်သွင်း ဆွေးနွေး ထားရမှာ ဖြစ်ပြီး
စာချုပ်မှာ တစ်ခါတည်း ထည့်ချုပ်ရပါမယ်။

❗အဲဒီလိုပြုလုပ်ထားမှသာ လုပ်ငန်း
ဖျက်သိမ်းးတာ (သို့)စာရင်းတွေရှင်းလင်းပေးဖို့ တရားစွဲဆိုတာ မျိုးတွေ ပြုလုပ်နိုင်တယ်။

❗စာချုပ်သက်တမ်းစေ့လို့ ဆက်လက်လုပ်ကိုင်လိုလျှင် လုပ်ကိုင်နိုင်ပြီး မူလစာချုပ်အတိုင်း သက်တမ်းတိုး၍ လုပ်ကိုင်နိုင်တယ်။

❗ဒါကြောင့်အစုအစပ်လုပ်ငန်း လုပ်ကိုင်မည်ဆိုပါက လုပ်ငန်း၏ရေရှည်အကျိုးစီးပွား၊ အစုဝင် တို့ရဲ့ အခွင့်အရေးအတွက် စာချုပ်ဖြင့်သာလုပ်သင့်ပါကြောင်း။

🍀 # KSL Legal Service
Business & Corporate

Office :
No.26/4A, New University Avanue Road,Nat Mauk Yeik Thar Street, Sayar San Quarter , BahanTownship,Yangon .
ph : 09450072380

Email : [email protected]

မင်္ဂလာချိန်ခါသီတင်းကျွတ်ရက်မြတ်မှာမိတ်ဆွေသဟာ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်းကြပါစေ🙏🙏🙏🌕🌕🌕ဆီမီးထိန်ထိန်လင်းသော သီတင်းကျ...
16/10/2024

မင်္ဂလာချိန်ခါ
သီတင်းကျွတ်ရက်မြတ်မှာ
မိတ်ဆွေသဟာ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်းကြပါစေ🙏🙏🙏

🌕🌕🌕

ဆီမီးထိန်ထိန်လင်းသော
သီတင်းကျွတ်ကာလကဲ့သို့
ဘ၀အလင်းရောင်များ
လင်းလက်တောက်ပကြပါစေကြောင်း မင်္ဂလာရှိသော သီတင်းကျွတ်ကာလအချိန်လေးမှာ ဆုမွန်ကောင်းတောင်းပေးလိုက်ပါသည် 😊

🍀 KSL Legal Service
Business & Corporate

Office :
No.26/4A, New University Avanue Road,Nat Mauk Yeik Thar Street, Sayar San Quarter , BahanTownship,Yangon .
ph : 09450072380
: 09980894579
Email : [email protected]

Partnership Agreementအပိုင်း - ၃ အစုစပ်လုပ်ငန်းအစုဝင် ဖြစ်မဖြစ် နှင့်၎င်းတို့၏ တာဝန် ?- အစုစပ်လုပ်ငန်းမှာ အဖွဲဝင်တစ်ဦးသည...
16/10/2024

Partnership Agreement
အပိုင်း - ၃

အစုစပ်လုပ်ငန်းအစုဝင် ဖြစ်မဖြစ် နှင့်
၎င်းတို့၏ တာဝန် ?

- အစုစပ်လုပ်ငန်းမှာ အဖွဲဝင်တစ်ဦးသည်
အမြတ်ငွေ ခွဲဝေရရှိသည့် သူမဟုတ်ပဲ
ထိုလုပ်ငန်းတွင် တာဝန်ယူရသည့် လူတစ်ဦး
ဖြစ်ယုံနဲ့ အစုစပ်ဝင်မဟုတ်ပါ။
- အမြတ်ငွေရတိုင်းလည်း အစုဝင်မဟုတ်ပါ။
- အဲဒီ အမြတ်ငွေသည် သူ၏ တာဝန်ယူရသည့်
နေရာ မှ အစုဝင်အနေဖြင့်ရရှိသည့် အမြတ်ငွေ
ဖြစ်ရပါမယ်။
- အစုအစပ်လုပ်ငန်း လုပ်ကိုင်သည့် အစုဝင် တို့
ဟာ အမြတ်ငွေကို ဝေခွဲယူရသလို ကျရှုံးတာ
ကိုလည်း မျှဝေခံစားဖို့ တာဝန်ရှိပါတယ်။
- ကျရှုံးခြင်းရဲ့တာဝန်ကို မခံစားလိုတဲ့ အစုဝင်
ဟာ စာချုပ်ချုပ်ဆိုစဉ်ကတည်းက အဖွဲ့ဝင်
ဘယ်သူကိုဖြင့်အရှုံးအတွက်တာဝန် ယူရခြင်း
မှ ကင်းလွတ်ခွင့် ပြုပါတယ်လို့ ထည့်သွင်း
ရေးသားထားလျှင်တော့ အရှုံးအတွက်
ကင်းလွတ်ခွင့်ရပါတယ်။
(သူများလုပ်နေတဲ့လုပ်ငန်းကို အစုဝင်အနေနဲ့ သွားဝင်ပြီး လုပ်ချင်ရင် အဲလုပ်ငန်းကို ကိုယ်လည်းနားမလည်ဘူး အကျွမ်းတဝင် မရှိဘူးဆိုရင် ဒီအချက်ကို ထည့်ချုပ်သင့်ပါတယ် )
- အစုစပ်လုပ်ငန်းအက်ဉပဒေမှာ အမြတ်ကို
ခွဲဝေဖို့ဖော်ပြထားပြီး အရှုံးကို မခံယူယုံနဲ့
အစုဝင်မဟုတ်လို့ ငြင်းလို့မရဘူး။
- ဒါကြောင့် စာချုပ် ချုပ်ရင် လုပ်ငန်းမှာ မ
မျှော်မှန်းနိုင်တဲ့ ဆုံးရှုံးမှုအတွက် အရှုံးကို
ဘယ်လိုမျှခံမယ်ဆိုတာပါ ဆွေးနွေးညှိနှိုင်း
ထားပြီး တစ်ခါတည်း ထည့်ချုပ်သင့်ပါတယ်။
- အစုစပ်လုပ်ငန်းတွေမှာ အစုဝင်တစ်ဦးတိုင်း
ဟာ ထိုလုပ်ငန်း၏ ကိုယ်စားလှယ်ဖြစ်တယ်။
- ဒါကြောင့် အစုဝင်တစ်ဦးချင်းစီရဲ့လုပ်ငန်းနဲ့
ပတ်သက်တဲ့လုပ်ကိုင်ဆောင်ရွက်မှုတိုင်းဟာ
လုပ်ငန်းမှာတာဝန်ရှိပါသည်။
- အစုအစပ်လုပ်ငန်းရဲ့ သဘောသဘာဝကိုက
ကိုယ်စားလှယ် လွှဲအပ်တယ်ဆိုတဲ့
သဘောသဘာဝပါဝင်နေပါတယ်။
- အစုဝင်တစ်ဦး၏ဆောင်ရွက်မှု သည်
ကျန်တဲ့အစုဝင်များတွင်ပါ တာဝန်ရှိပါတယ်။
- မှတ်ပုံတင်ထားတဲ့ ကုမ္ပဏီတွေမှာ အကြွေးမှီ
ကိစ္စများပေးရန်တာဝန်တွေကို ကန့်သက်ထား
ပေမဲ့ အစုစပ်လုပ်ငန်းတွေမှာ ကန့်သက်ထား
ခြင်းမရှိပါ။

မှတ်ချက်။ ။ ဥပဒေဗဟုသုတ ရစေခြင်းငှာ မျှဝေခြင်းဖြစ်ပြီး တစ်စုံတစ်ရာ လိုအပ်ချက်သည် ကျွန်ုပ်တို့၏ လေ့လာမှုအားနည်းချက်သာ
ဖြစ်ပါသည်။

** လိုအပ်ပါက အခမဲ့ ဆွေးနွေး နိုင်ပါသည်။

# KSL Legal Service
Business & Corporate

Office :
No.26/4A, New University Avanue Road,Nat Mauk Yeik Thar Street, Sayar San Quarter , BahanTownship,Yangon .
ph : 09450072380
Email : [email protected]

Partnership Agreementအပိုင်း - ၂ ❓အစုအစပ် လုပ်ငန်းလုပ်ရင် စာချုပ်ချုပ်ဖို     လိုမလား ? ❓မှတ်ပုံတင်ဖို့လိုမလား ?     - အ...
12/10/2024

Partnership Agreement
အပိုင်း - ၂

❓အစုအစပ် လုပ်ငန်းလုပ်ရင် စာချုပ်ချုပ်ဖို
လိုမလား ?
❓မှတ်ပုံတင်ဖို့လိုမလား ?

- အစုအစပ် လုပ်ငန်းလုပ်ရင်
စာချုပ်ချုပ်ဖို့လိုမလား ?
မှတ်ပုံတင်ဖို့လိုမလား ? ဆိုပါက
အစုအစပ် လုပ်ငန်းလုပ်ကိုင်ရန် ယင်းလုပ်ငန်း
အားမှတ်ပုံတင်ကိုတင်ရမည်ဟု ဉပဒေတွင်
ပြဌာန်း ထားခြင်းမရှိပါ။
တင်လည်းရ/မတင်လည်းရ။
(သို့သော် မှတ်ပုံမတင်လျှင် အစုစပ်လုပ်ငန်းနှင့်ပတ်သက်သည့်ကိစ္စများ အတွက် တရားစွဲခွင့်မရှိလို့ အစုစပ်လုပ်ငန်းအက်ဥပဒေပြဌာန်း ထားပါတယ်)
- စာချုပ်ချုပ်ဖို့ လိုလားဆိုတော့ စာဖြင့်
ရေးမှတ်သဘောတူညီမှု ယူ၍ ဆောင်ရွက်
နိုင်သလို
နှုတ်ဖြင့်လည်း သဘောတူညီမှုယူပြီး လုပ်ကိုင်
နိုင်ပါတယ် လို့ အစုအစပ်လုပ်ငန်းအက်ဉပဒေ
မှာတော့ ဆိုပါတယ် ။
(သို့သော် ပြဿနာတစ်စုံတရာ / အငြင်းပွားမှုတစ်စုံတစ်ရာဖြစ်ပေါ်ပါကအစုစပ်လုပ်ငန်းဖြစ်ကြောင်းမြင်သာထင်းရှားခိုင်မာတဲ့ သက်သေတင်ပြနိုင်ရမည် လို့ဆိုတဲ့အတွက် စာချုပ်ကို မဖြစ်မနေချုပ်သင့်ပါတယ်။)
- နှုတ်နဲ့လည်းမပြော ၊ စာနှင့်လည်းမရေး ပဲ
လုပ်ကိုင်နေလျှင်တော့ လုပ်ငန်း၏
လုပ်ပုံကိုင်ပုံနည်းလမ်းနှင့် အမြတ်ခွဲဝေပုံ
နည်းလမ်းကို ကြည့်ပြီး ဒီလုပ်ငန်းဟာ
"အစုစပ်လုပ်ငန်း" ဖြစ်တယ်လို့
မှတ်ယူပါတယ်။
- ဘယ်လိုလုပ်ငန်းအမျိုးအစားတွေက
အစုစပ်လုပ်လို့ရလည်း ဆိုရင်
ကုန်သွယ်မှုလုပ်ငန်း၊ ကုန်ထုတ်လုပ်ခြင်း
လုပ်ငန်း၊ အတတ်ပညာဖြင့်
အသက်မွေးမှုလုပ်ငန်း၊ ဝန်ဆောင်မှုလုပ်ငန်း၊
တွေအားလုံးပါပါတယ်။
ဉပဒေနှင့် ညီသော တရားဝင်လုပ်ငန်းတွေ
ဖြစ်ဖို့ပဲ လိုတာပါ။
- အစုစပ်လုပ်ငန်းတည်ထောင်ရာမှာ
အမြတ် ရဖို့ သာ အဓိကဖြစ်ပြီး
အစုအစပ်လုပ်ငန်းအက်ဉပဒေ အရ အမြတ်
ဆိုသည်မှာ အသားတင်အမြတ် ကိုသာဆို
ခြင်းဖြစ်ပါသည်။
- အမြတ်ခွဲဝေရာတွင်လည်း မူလစာချုပ်ပါ
အချိုးအစားအတိုင်းရယူရမှာဖြစ်ပါတယ်။

☀️ နောက်ပိုင်းတွေမှာ အစုစပ်လုပ်ငန်း အဖွဲ့ဝင် တွေရဲ့ တာဝန်နဲ့ ဝတ္တရား၊ ရပိုင်ခွင့် တွေကို မျှဝေ သွားပါမယ် ။

မှတ်ချက်။ ။ ဥပဒေဗဟုသုတ ရစေခြင်းငှာ မျှဝေခြင်းဖြစ်ပြီး တစ်စုံတစ်ရာ လိုအပ်ချက်သည် ကျွန်ုပ်တို့၏ လေ့လာမှုအားနည်းချက်သာ
ဖြစ်ပါသည်။

# KSL Legal Service
Business & Corporate

Office :
No.26/4A, New University Avanue Road,Nat Mauk Yeik Thar Street, Sayar San Quarter , BahanTownship,Yangon .
ph : 09450072380
Email : [email protected]

စီးပွားရေးလုပ်ငန်းတစ်ခုလုပ်ဆောင်ရာမှာ ဘယ်လိုပူးပေါင်းလုပ်ဆောင်ရမလဲ ?အစုအစပ်လုပ်ငန်းဘယ်အချိန်မှာ ဖြစ်ပေါ်လဲ ?အပိုင်း - ၁-...
10/10/2024

စီးပွားရေးလုပ်ငန်းတစ်ခုလုပ်ဆောင်ရာမှာ ဘယ်လိုပူးပေါင်းလုပ်ဆောင်ရမလဲ ?
အစုအစပ်လုပ်ငန်းဘယ်အချိန်မှာ ဖြစ်ပေါ်လဲ ?

အပိုင်း - ၁
- စီးပွားရေးလုပ်ငန်းလုပ်ကိုင်ဆောင်ရွက်
ရာတွင် လူတစ်ဦးနှင့်တစ်ဦး ၊
လုပ်ငန်းတစ်ခုနှင့်တစ်ခု
စတင်တွေ့ဆုံညှိနှိုင်းရာကစပြီး ညှိနှိုင်းလို့
သဘောတူညီမှုရသွားတာနဲ့
သဘောတူညီချက်တွေ ကတိကဝတ်တွေ
ရှိလာပါပြီ
- အဲဒီ ကတိကို အကောင်အထည်ဖော်လိုက်
တာကို ပဋိညာဉ် ပြုတယ် လို့ဆိုပြီး
ဉပဒေအရတော့ အစုအစပ် လုပ်ငန်းစတင်ပြီ
ဖြစ်ပါသည်။
- စီးပွားရေးလုပ်ငန်း တစ်ခု စလိုက်ပြီဆိုတာနဲ့
ပဋိညာဉ်သဘော မပါမဖြစ်ပါလာရပါတယ်။
- အစုအစပ်လုပ်ကိုင်တယ် အစုအစပ်ဉပဒေ
နှင့်အညီ လုပ်ကိုင်ရမည်ဖြစ်ပြီး
အစုအစပ်ဉပဒေဆိုတာ အစုစပ်လုပ်ကိုင်သူ
တွေရဲ့ တာဝန် ၊အခွင့်အရေး နှင့် ရပိုင်ခွင့်
တွေကိုကန့်သတ်ပေးတဲ့ဉပဒေ ဖြစ်ပါတယ်။
- စီးပွားရေးလုပ်ငန်းတစ်ခုကို ကိုယ်တစ်ဦး
တည်းလုပ်မယ် ဆိုရင် ရှင်းပါတယ် ။
တာဝန်နဲ့ အခွင့်အရေး ကိုယ့်မှာပဲ ရှိတယ်
- အစုစပ်လုပ်ငန်းအဖြစ် နှစ်ဦးထက်ပိုလုပ်
မည် ဆိုရင်တော့ သိထားရမည့်အချက်များ
စွာရှိပါသည်။
- ဘယ်လိုလုပ်ငန်းတွေကို ဘယ်လို
ရည်ရွယ်ချက်နဲ့လုပ်မယ် ၊
အစုဝင်တွေ ကဘယ်လိုတာဝန်တွေယူမယ် ၊
ဒီလုပ်ငန်းရဲ့တာဝန်တွေ အခွင့်ရေးတွေကို
ဘယ်လိုခွဲဝေယူကြမယ်၊
ဒီလုပ်ငန်းကို ဘယ်အချိန်မှာစပြီး
ဘယ်အချိန်မှာ ဆုံးမလဲ၊
လုပ်ငန်းဖျက် သိမ်းရင် ဘယ်လိုလုပ်မလဲ
ဆိုတဲ့အချက် တွေကို မဖြစ်မနေ ထည့်သွင်း
ဆွေးနွေးညှိနှိုင်းထားသင့်ပါတယ်။
- အစုအစပ်လုပ်ငန်း ဟုတ်မဟုတ်/ဖြစ်မဖြစ်
ဆိုတာ ရေဘူယျအားဖြင့် အချက်သုံးချက်နဲ့
ကြည့်ပါတယ်။
၁- အစုအစပ်လုပ်ကိုင်ရန်သဘောတူညီချက်၊
၂- အမြတ်ခွဲဝေခြင်း၊
၃- လုပ်ငန်းကို အားလုံးက ဖြစ်စေ၊
တစ်ဦးတည်းမှအားလုံးအတွက်ဖြစ်စေ
ကိုယ်စားပြုုလုပ်ကိုင်ဆောင်ရွက်ရမယ်။

❓အစုအစပ် လုပ်ငန်းလုပ်ရင် စာချုပ်ချုပ်ဖို
လိုမလား ?
❓မှတ်ပုံတင်ဖို့လိုမလား ?
စတဲ့ အကြောင်းအရာတွေကို နောက်အပိုင်းတွေ မှာ ဗဟုသုတ အလို့ငှာ ဝေမျှပေးသွားပါမယ်။

# KSL Legal Service
Business & Corporate

Office :
No.26/4A, New University Avanue Road,Nat Mauk Yeik Thar Street, Sayar San Quarter , BahanTownship,Yangon .
ph : 09450072380
Email : [email protected]

Non-Disclosure Agreement ❓Non -Competition Agreement❓ကုမ္ပဏီအဖွဲ့အစည်း၊ အသင်းအဖွဲ့၊SME စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့...
09/10/2024

Non-Disclosure Agreement ❓
Non -Competition Agreement❓

ကုမ္ပဏီအဖွဲ့အစည်း၊ အသင်းအဖွဲ့၊
SME စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့်
မိမိတို့မူပိုင်ခွင့် များ ၊ ပိုင်ဆိုင်မှုများ ၊
လုပ်ငန်းအချက်အလက်များ နှင့်ပတ်သက်၍ သဘောတူစာချုပ်များ ၊
ကတိစာချုပ်များ ချုပ်ဆိုပြီးနောက် နောက်ဆက်တွဲစာချုပ် များကို ချုပ်ဆို ထား ရန်လည်း လိုအပ်ပါသည်။
လုပ်ငန်းအလိုက် နောက်ဆက်တွဲ
စာချုပ်အမျိုးအစား အမျိုးမျိုးရှိနိုင်ပါသည်။

ဉပမာ - အလုပ်ခန့်အပ်စာချုပ်(Employment Contract )များ နှင့် အစုအစပ်လုပ်ငန်း စာချုပ်များ၊ ဖက်စပ်လုပ်ငန်းစာချုပ်များ ချုပ်ဆိုရာတွင် Non-Disclosure Agreement (NDA) လျှို့ဝှက်ထိန်းသိမ်းရေးကတိစာချုပ် နှင့် Non - Competition Agreement( ယှဉ်ပြိုင်မှုတား မြစ်ချက်ကတိစာချုပ်) ကို မဖြစ်မနေ ချုပ်ဆိုသင့်ပါတယ် ။

❗Non-Disclosure Agreement (NDA)လျှို့ဝှက်ထိန်းသိမ်းရေးကတိစာချုပ် ကို ဘယ်သူတွေနဲ့ ဘယ်အချိန်မှာ ချုပ်ဆိုဖို့လိုအပ်လဲ ?

၁။ မိမိတို့လုပ်ငန်းနှင် လာရောက်ပူပေါင်းလုပ်ကိုင်သူ( Partner )များ၊
၂။အလုပ် ခန့်အပ်ခြင်းခံရသည့်ဝန်ထမ်း (Employee)များ ကို ၎င်းတို့ပါဝင် ရသော၊
တာဝန်ယူ ရသော လုပ်ငန်းများပေါ်မူတည်၍ အဆိုပါလုပ်ငန်းများ၏ လျှို့ဝှက်ရမည့်
အချက်အလက်များ၊ ဈေးကွက်ဖော်ဆောင်ရေးမဟာဗျူဟာများ၊ ဖောက်သည် စာရင်းများ၊
ကုန်ထုတ်လုပ်သည့်နည်းဗျူဟာများ
ဖော်မြူလာများ၊ ငွေကြေးကိစ္စများ
စသည့် တို့ကို ပြင်ပသို့လည်းကောင်း၊
ဝန်ထမ်းများကြားလည်းကောင်း
ပေါက်ကြားမှုမရှိစေရန် နှင့်
လုပ်ငန်း၏ရေရှည်အကျိုးစီးပွား အတွက်
ချုပ်ဆိုရန်လိုအပ်ပါသည်။

❗Non -Competition Agreement ( ယှဉ်ပြိုင်မှုတားမြစ်ချက် ကတိစာချုပ်) ကို ဘယ်သူတွေနဲ့ ဘယ်အချိန်မှာ ချုပ်ဆိုဖို့လိုအပ်လဲ ?

မိမိတို့လုပ်ငန်းနှင့် လာရောက်ပူပေါင်းလုပ်ကိုင်သူ( Partner )များ၊ အလုပ်ခန့်အပ်ခြင်းခံရ သည့်ဝန်ထမ်း (Employee)များ သည်စာချုပ်သက်တမ်းပြည့်၍လည်းကောင်း၊
နုတ်ထွက်လို၍ လည်းကောင်း မိမိတို့နှင့် ဆက်လက်လက်တွဲမှုကို ရပ်နားသည့်နောက်ပိုင်းတွင် မိမိတို့၏ လုပ်ငန်းနှင့် တူညီသောလုပ်ငန်းကို တည်ထောင်ခြင်း၊ (သို့) တူညီသော မိမိတို့၏ပြိုင်ဖက်လုပ်ငန်းများ နှင့် သွားရောက်လက်တွဲ လုပ်ကိုင်ခြင်းကြောင့်ဖြစ်ပေါ်လာမည့် အကျိုးဆက်များကို တားမြစ်ရန် လိုအပ်သည့် စာချုပ်အမျိုးအစားဖြစ်ပါသည်။

စီးပွားရေးလုပ်ငန်း၊
ရင်းနှီးမြုပ်နှံငွေထည့်ဝင်ခြင်းလုပ်ငန်း ၊ အစုအစပ်လုပ်ငန်း စသည့်
လုပ်ငန်းအမျိုးအစားတွေနဲ့ပတ်သက်ပြီး
လိုအပ်တဲ့ စာချုပ်စာတမ်းတွေ ၊
စာရွက်စာတမ်းတွေ
သက်ဆိုင်ရာဉပဒေနှင့်အညီ ပြင်ဆင်ပေး ဖို့ KSL Legal Service မှာ ယုံကြည်စွာအပ်နှံနိုင်ပါတယ်။

Legal Service
(Business & Corporate)

🏢 No.26/4A, တက္ကသိုလ်ရိပ်သာလမ်းသစ်ကြီး၊ နတ်မောက်ရိပ်သာလမ်း၊ ဆရာစံရပ်ကွက်၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့။

☎️ - 09450072380
09980894579
Email :
[email protected]

"စာချုပ်ချုပ်ဆိုရာတွင် ပါဝင်ရမည့် အရေးကြီးသောအချက်လက်များ"လူကြီးမင်းတို့ရဲ့ လုပ်ငန်းပိုင်းဆိုင်ရာကိစ္စရပ်တွေအတွက် လိုအပ်...
03/10/2024

"စာချုပ်ချုပ်ဆိုရာတွင် ပါဝင်ရမည့် အရေးကြီးသောအချက်လက်များ"

လူကြီးမင်းတို့ရဲ့ လုပ်ငန်းပိုင်းဆိုင်ရာကိစ္စရပ်တွေအတွက် လိုအပ်တဲ့စာချုပ်စာတမ်းတွေနဲ့
အိမ်ခြံမြေကိစ္စများ ကတိကဝတ်ချုပ်ဆိုရာမှာ ပါဝင်ရမည့် အရေးကြီးသော အချက်အလက်များကို ကျွန်တော်တို့ရဲ့ KSL Legal Service မှရှင်းပြပါရစေ။ ☑️

၁။ စာချုပ်ဝင်များ၏အချက်အလက်များ ၊
၂။ အာမခံခြင်းနှင့်ကိုယ်စားပြုချက်များ ၊
၃။ ပစ္စည်းအမျိုးအစား၊တည်နေရာနှင့်အချက်အလက်များ ၊
၄။ အဖိုးစားနားဖော်ပြချက် ၊
၅။ စာချုပ်ချုပ်ဆိုရခြင်းအကြောင်း (ဖြစ်စဉ်)
၆။ စာချုပ်ဝင်များ၏တာဝန်များ ၊
၇။ လိုက်နာရမည့်တာဝန်များ၊ စည်းကမ်းသက်မှတ်ချက်များ ၊
၈။ လုပ်ဆောင်ရမည့်အသေးစိတ်အချက်အလက်များ
၉။ ငွေပေးချေမှုပုံစံ(သက်မှတ်ချက်များ)
၁၀။ ပျက်ကွက်ခဲ့လျှင် တာဝန်ယူရမည့်အချက်များ
၁၁။ နစ်နာသူ၏အကျိုးခံစားခွင့်
၁၂။ အငြင်းပွားလျှင်ဖြေရှင်းမည့်ပုံစံ
၁၃။ မလွန်ဆန်နိုင်သောဖြစ်ရပ်များနှင့်ပတ်သက်သည့်အချက်များ
၁၄။ စာချုပ်အားမည့်သည့်နေရာ၊မည့်သည့်အချိန်၊မည်သည့်ရက်တွင်ချုပ်ဆိုကြောင်း ၊
၁၅။ စာချုပ်အားမည်သူများ၏ရှေ့မှောက်တွင်ချုပ်ဆိုကြောင်းကို
အတိအလင်း ထည့်သွင်းချုပ်ဆိုရန်လိုအပ်ပါတယ်ခင်ဗျာ။ ✅

သတ်မှတ်ဥပဒေများအလိုက် လိုက်နာရမည့်အချက်များနဲ့ ကန့်သတ်ချက်များကို လိုက်နာမှုမရှိခြင်း၊ ထည့်သွင်းဖော်ပြချုပ်ဆိုခြင်းသည်
စာချုပ်အား မူလကပင် ပျက်ပြယ်စေမှာဖြစ်ပါတယ်။ ⚠️

ဒါကြောင့်
📌လူကြီးမင်းတို့ရဲ့ ရပိုင်ခွင့်များ ၊တောင်းဆိုပိုင်ခွင့်များ၊ သက်သာခွင့်များ မဆုံးရှုံးစေရန် စာချုပ်စာတမ်းများကို ဥပဒေနဲ့အညီ ကျွမ်းကျင်ရှေ့နေများဖြင့်သာ ပြုလုပ် ချုပ်ဆိုသင့်ပါကြောင်းအကြံပြုပါရစေ။ ❕

ဒီအတွက် လူကြီးမင်းတို့ရဲ့ အကျိုးစီးပွား နစ်နာ ဆုံးရှုံးမှု မရှိစေရန်နှင့်
အချိန်ကုန်သက်သာကာ ငွေကြေးကုန်ကျမှု သင့်တင့်စေရန် အတွက်
🎯 KSL Legal Service ကိုသာ လာရောက်မေးမြန်းစုံစမ်းရင်း လက်တွဲလိုက်ပါခင်ဗျာ။

-------------------------------------------------------------

🎯 KSL Legal Service (Business & Corporate)

🏢 No.26/4A, တက္ကသိုလ်ရိပ်သာလမ်းသစ်ကြီး၊
နတ်မောက်ရိပ်သာလမ်း၊ ဆရာစံရပ်ကွက်၊
ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့။

☎️ ဖုန်းနံပါတ် - 09450072380 , 09980894579

📥Email Address :
[email protected]

"KSL မှာရရှိနိုင်တဲ့ ဥပဒေဆိုင်ရာဝန်ဆောင်မှုများ"🎯 KSL Legal Service ဟာဆိုရင် -ကျွမ်းကျင်တဲ့ တရားလွှတ်တော် ရှေ့နေများနဲ့ ...
30/09/2024

"KSL မှာရရှိနိုင်တဲ့ ဥပဒေဆိုင်ရာဝန်ဆောင်မှုများ"

🎯 KSL Legal Service ဟာဆိုရင် -
ကျွမ်းကျင်တဲ့ တရားလွှတ်တော် ရှေ့နေများနဲ့ ဖွဲ့စည်း ထားပြီး
ဥပဒေဆိုင်ရာ အကြံဉာဏ်များပေးကာ ဝန်ဆောင်မှုအမျိုးမျိုး ပေးနေသော ကုမ္ပဏီတစ်ခု ဖြစ်ပါတယ်ခင်ဗျာ

KSL Legal Service မှာရရှိနိုင်တဲ့ ဥပဒေဝန်ဆောင်မှုများအား ရှင်းပြရရင် -

🎯 အိမ်ခြံမြေ ကိစ္စရပ်များ လိုက်ပါဆောင်ရွက်ခြင်း

- အရောင်းအဝယ်စာချုပ် ချုပ်ဆိုပေးခြင်း
- အိမ်ခြံမြေ ဂရန်အမည်ပေါက်/ အမည်ပြောင်းလျှောက်ထားပေးခြင်း
- သက်တမ်းတိုး၊ အမည်ပြောင်း လျှောက်ထားပေးခြင်း
- အခွန်ရုံးဆိုင်ရာကိစ္စများ ဆောင်ရွက်ပေးခြင်း
- စာချုပ်စာတမ်း မှတ်ပုံတင် ချုပ်ဆိုပေးခြင်း
- အထွေထွေကိုယ်စားလှယ်လွှဲစာ/ အထူးကိုယ်စားလှယ်လွှဲစာလျှောက်ထားခြင်း
- မြေငှားစာချုပ်ချုပ်ဆိုပေးခြင်း
- မြေအမျိုးအစားအလိုက် ဥပဒေနှင့်အညီလျှောက်ထားခြင်း
- အိမ်ရှင်၊အိမ်ငှားစာချုပ် ချုပ်ဆိုပေးခြင်း
- အိမ်၊ ခြံ၊ မြေ၊ တိုက်ခန်း၊ ကွန်ဒိုများကို အမျိုးအစားအလိုက် ဥပဒေနှင့်အညီ လိုက်ပါဆောင်ရွက်ပေးခြင်းများနှင့်

🎯 စီးပွားရေးဆိုင်ရာ ဥပဒေအကြံပေးခြင်း/စာချုပ်စာတမ်းများ ချုပ်ဆိုပေးခြင်း

🔹ကုမ္ပဏီတည်ထောင်ခြင်း
🔹Share Agreement (ရှယ်ယာရှင်များကြား သဘောတူစာချုပ်ချုပ်ဆိုပေးခြင်း)
🔹ရှယ်ယာထည့်ဝင်ခြင်းဆိုင်ရာ စာချုပ်ချုပ်ဆိုပေးခြင်း
🔹အစုစပ်လုပ်ငန်းဆိုင်ရာ စာချုပ်ချုပ်ဆိုပေးခြင်း
🔹အစုစပ် ဖျက်သိမ်းခြင်းဆိုင်ရာများ
🔹ကုန်အမှတ်တံဆိပ် မြွက်ဟကြေညာစာချုပ်
🔹 ဖက်စပ်လုပ်ငန်းစာချုပ်
🔹ရှယ်ယာဝယ်ယူခြင်း/ ရောင်းချခြင်းဆိုင်ရာ စာချုပ်ချုပ်ဆိုပေးခြင်း
🔹Supplier စာချုပ်များ
🔹ပစ္စည်းဝယ်ယူ/ ရောင်းချခြင်းဆိုင်ရာစာချုပ်များ
🔹Dealer စာချုပ်များ
🔹 အခွန်ဆိုင်ရာဥပဒေအကြံပေးခြင်းနှင့်ရှင်းလင်းမှုများ
🔹 အခွန်ကြေညာလွှာတင်သွင်းခြင်း
🔹Audit (စာရင်းစစ်ဝင်ခြင်း)
🔹အလုပ်သမားခန့်ထားခြင်းဆိုင်ရာ စာချုပ်များ
🔹လျှို့ဝှက်ထိန်းသိမ်းရေး ကတိစာချုပ်
🔹ယှဉ်ပြိုင်မှုတားမြစ်ချက် ကတိစာချုပ်များ
🔹လုပ်ငန်းလိုင်စင်အမျိုးမျိုးလျှောက်ထားခြင်းနှင့်
ဝန်ကြီးဌာနခွင့်ပြုချက်များ ရယူပေးခြင်း
🔹မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုမိန့်လျှောက်လွှာ ရယူပေးခြင်း (MIC)

အစရှိတဲ့ စီးပွားရေးလုပ်ငန်းဆိုင်ရာ လိုအပ်သည့် စာချုပ်စာတမ်းများ၊ သဘောတူညီချက်များ၊ ကတိကဝတ်များကို
လုပ်ငန်းဆိုင်ရာ ဥပဒေများနဲ့အညီ လုပ်ဆောင်ပေးနေပြီဖြစ်ပါတယ်

ဒီအတွက်

⚠️ လူကြီးမင်းတို့ရဲ့ ကိုယ်ရေး အချက်အလက် များ၊ စာရွက်စာတမ်းများ၊ အကြောင်းအရာ ပြဿနာများနဲ့ အားလုံးသောကိစ္စရပ်များကို ပြင်ပသို့ ပေါက်ကြားမည်မဟုတ်ကြောင်း " KSL Legal Service " မှ တာဝန်ယူပါတယ်ခင်ဗျာ။

လူကြီးမင်းတို့ရဲ့ အကျိုးစီးပွား နစ်နာ ဆုံးရှုံးမှု မရှိစေရန်နှင့်
အချိန်ကုန်သက်သာကာ ငွေကြေးကုန်ကျမှု သင့်တင့်စေရန် အတွက်
🎯 KSL Legal Serviceကိုသာ ယုံကြည်စိတ်ချလိုက်ပါခင်ဗျာ

-------------------------------------------------------------

🎯 KSL Legal Service (Business & Corporate)

🏢 No.26/4A, တက္ကသိုလ်ရိပ်သာလမ်းသစ်ကြီး၊
နတ်မောက်ရိပ်သာလမ်း၊ ဆရာစံရပ်ကွက်၊
ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့။

☎️ ဖုန်းနံပါတ် - 09450072380 , 09980894579

📥Email Address :
[email protected]

Address

New University Avenue Road
Yangon

Website

Alerts

Be the first to know and let us send you an email when KSL Legal Service Business & Corporate Consultant posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share