Lawyer Daw Soe Soe Nwe

Lawyer Daw Soe Soe Nwe Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Lawyer Daw Soe Soe Nwe, Lawyer & Law Firm, Yangon.

2025- 2026 ခုနှစ် ရန်ကုန်တိုင်း မြေကွက် စံနှုန်းအသစ်
24/04/2025

2025- 2026 ခုနှစ် ရန်ကုန်တိုင်း

မြေကွက် စံနှုန်းအသစ်

ရန်ကုန်တိုင်းဒေသကြီး အတွက် ၂၀၂၄-၂၀၂၅ ခုနှစ်အတွက် အိမ်ခြံမြေ အစိုးရသတ်မှတ်ဈေးနှုန်း အသစ်အိမ်ခြံမြေ ဝယ်မည့်သူများလည်း ဈေးန...
01/04/2024

ရန်ကုန်တိုင်းဒေသကြီး အတွက် ၂၀၂၄-၂၀၂၅ ခုနှစ်အတွက် အိမ်ခြံမြေ အစိုးရသတ်မှတ်ဈေးနှုန်း အသစ်

အိမ်ခြံမြေ ဝယ်မည့်သူများလည်း ဈေးနှုန်းများကို ကိုယ်တိုင်တွက်ချက်လို့ရအောင် တင်ပေးလိုက်ပါပြီ

မြို့နယ်တရားရုံးများကို တရားမမှု စီရင်ပိုင်ခွင့် အာဏာတိုးမြှင့်
18/02/2024

မြို့နယ်တရားရုံးများကို တရားမမှု စီရင်ပိုင်ခွင့် အာဏာတိုးမြှင့်

⚜️ရန်ကုန်တိုင်းအတွင်း မြေ/ယာ(မရွှေ့မပြောင်းပစ္စည်းများကို) တန်ဖိုးဖြတ် တင်ပြမည်ဆိုပါက      (ယခင်ကဲ့သို့) အမွေဆက်ပိုင်ဆို...
30/11/2023

⚜️ရန်ကုန်တိုင်းအတွင်း မြေ/ယာ(မရွှေ့မပြောင်းပစ္စည်းများကို) တန်ဖိုးဖြတ် တင်ပြမည်ဆိုပါက

(ယခင်ကဲ့သို့) အမွေဆက်ပိုင်ဆိုင်ကြောင်း မှတ်ပုံတင်စာချုပ်ဖြင့် အခွန်ရာပြတ်တင်ပြသော်လည်း ရာပြတ်အဖွဲ့မှ လက်မခံတော့ပါ။

⚜️အမွေဆက်ခံသူ/များ မှ ရန်ကုန်မြို့တော်စည်ပင်တွင် အမည်ပေါက် ရရှိအောင် အရင်လျှောက်ထားရပါမည်။
ရောင်းသူ အမည်ပေါက်ဖြင့်ထုတ်ထားသည့် မြေပုံ/မြေရာဇဝင် ပါရှိမှသာ ရာပြတ် လို့ရမည်ဖြစ်ပါသည်
(တိုင်းရာပြတ်ရုံးတွင် စာကပ်ထားသည်မှာ သက်တမ်းရှိ ရောင်းသူအမည်ပေါက် မြေပုံမြေရာဇဝင် မတင်ပြနိုင်ပါက အမှုတွဲ ဆိုင်းငံ့ထားမည်ဟု )

⚜️(၃၀-၁၁-၂၀၂၃) ရက်နေ့ နောက်ပိုင်းမှ လွှဲထားသည့် GP/SP တို့ဖြင့် မြေပုံ/မြေရာဇဝင်ကူးခြင်း၊ မှတ်ပုံတင်စာချုပ်ချုပ်ဆိုခြင်းများ ဆောင်ရွက်လို့ မရတော့ကြောင်း

03/08/2023

အိမ်ခြံမြေ တစ်ခုအား Special Power ဖြင့် ဝယ်ယူခဲ့ပြီး ကာလ ၃ နှစ်ကျော် ကြာခဲ့၍ (Sp) Expired ဖြစ်သွားသော အခါ မည်ကဲ့သို့ဆက်လက်ဆောင်ရွက်ရမည်နည်း
*******************************************
ယခု စာဖတ်သူသိချင်နေတဲ့မေးခွန်း က ၃နှစ်ကျော်သွားပြီ သက်တမ်း ကုန်သွားပြီလို့ထင်နေတာ မဟုတ်ပါဘူး လို့ရှေးဦးစွာပြောကြားချင်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့မိတ်ဆွေ ကိုဘဲစာချုပ်စာတမ်း ရုံး မှာ မှတ်ပုံတင်ထားပြီ တဲ့..အထူးကိုယ်စားလှယ် လွှဲစာ (speical power) က ၃ နှစ်ကျော်သွားရင် သုံးမရတော့ဘူးလို့လူအများ နားလည်နေကြပါတယ် ။
ဒီလိုထင်မြင်တာလည်း မှားတယ်လို့မပြောနိုင်ပါဘူး ။ ဘာကြောင့် အမှတ်မှား ကြသလဲလို့ ထင်နေကြသလဲလို့မေးခွန်း ထုတ်ကြည့်ရင် ရန်ကုန် မြို့တော် စည်ပင်သာယာရေးကော်မတီ၊ မြို့ပြစီမံကိန်း နဲ့မြေစီမံခန့်ခွဲ မှု ဌာန ကစတင် သတ်မှတ် ခဲ့ တယ်လို့ဆိုရင် မှားအံမထင်ပါ ။ အဲဒီ ဌာနမှာ စုံစမ်းမေမြန်း ဖို့ Complane Section ဖွင့်ထားပါတယ် ။ ကြှနျုပျလညျး ၃ နှစ်ကန့်သတ်ချက် နဲ့ပတ်သက် လို့ စောဒက တက်ပြီးမေးမြန်း ဖူးပါတယ်။ အဲဒီ ဌာန ကအကြီးအကဲ ကရှင်းပြတာကတော့သက်တမ်း (၅) နှစ် (၁၀ ) နှစ် စသည် ဖြင့် (speical power), (general power ) (SP, GP ) ပေးထားသူတွေမှာ အချို့က သက်ရှိ ထင်ရှားရှိမနေကြတော့ပါဘူး။ သေကုန်ကြပါ ပြီ ။ ဒီလို GP,SP power ပေး သူသေရင် GP ,SP Power ကလည်းသူသေရင် သုံးလို့မရတော့ဘူး ။ ပါဝါ လည်းလိုက်သေသွားတယ်လို့ပြောရမှာပေါ့။ ဒါပေမဲ့ GP ,SP ပါဝါ ရထားတဲ့သူတွေ ကပါဝါပေးသူသေသွားကြတာကို ဖုံးကွယ် ထားကြတယ်တဲ့ ။ ကာယကံရှင် ထံက GP,SP ပါဝါ ယူထားသူ အတော်များများ ဟာ ဝယ်ထား တဲ့ဂရန် မြေကွက် ကို အမည်မပြောင်းချင်ဘဲ အမည်ပေါက်ထံက GP ,SP ပါဝါ ယူထားတက်ကြလို့ဘဲ။
ဂရန် အမည်ပေါက် ထံ က( GP,SP) ပါဝါ ယူထားရင်အခွန်ဆောင်စရာမလို၊ အမည်ပြောင်း စရာမလိုဘူးပေါ့။ မိမိဝယ်ထားတယ်ဆိုတာလည်း အခွန်ဦးစီးဌာန ကမသိဘူးပေါ့။ ပွင့်ပွင့်လင်းလင်းပြောရရင် အခွန်ရှောင်တာပါပဲ။ အဲဒါပေမဲ့ လူဘဝ ဆိုတာက ကိုယ် ဖြစ်ချင်တာမဖြစ် ၊သူဖြစ်ချင်သလို ဖြစ်တက်တဲ့ အနတ္တ အစိုးမရတဲ့သဘော တရားရှိတယ် မဟုတ်လား။ မမျှော်လင့်ဘဲ ဂရန် အမည်ပေါက် သူကရုတ်တရက် နှုတ်မဆက် ပဲသေဆုံးသွားတဲ့အခါ (GP,SP ) ပါဝါ ကိုင်ထားတဲ့သူဟာမျောက်မီးခဲ ကိုင်မိသလို ဖြစ်တော့တာပါပဲ။ အမည်ပြောင်းဖို့ အမြန်ပြောင်းမှ ဖြစ်မယ်။ နို့မဟုတ်ရင် အမည်ပေါက် ရဲ့ဇနီး၊ ခင်ပွန်း သားသမီး များ ကဝင်နှောင့်ယှက်ရင် ဘယ်လိုလုပ်မလဲ ဟုအတွေးဝင်လာတဲ့အခါ၊ GP, SP ပါဝါ ပေးသူမှာ ယနေ့တိုင် အသက် ထင်ရှားရှိပါကြောင်း ၊သူပေးထားတဲ့power ဟာလည်း ယနေ့တိုင် ပြန် လည်ရုပ်သိမ်းခြင်း မရှိသေးပါဘူးလို့လိမ်လည် ကျမ်းကျိန်ပြီး ရန်ကုန် မြို့တော် ခန်း မမှာ အရောင်းအဝယ်စာချုပ်ရန် ဆိုပြီး မြေပုံ မြေရာဇဝင် လာကူးတော့တာပဲ ။ ဌာနကလည်း အထောက်အထား ခိုင်မာတယ် ဆိုပြီး မြေအရောင်းအဝယ်စာချုပ်ချုပ်ဖို့မြေပုံ/ မြေရာဇဝင်ထုတ်ပေးလိုက်တဲ့အခါ၊ အဲဒီမှာ ပြသာနာပေါ်တော့တာဘဲ၊ အဲဒီလူကြီးဝယ်ထားတဲ့ မြေနှင့်အိမ် အမည်ပေါက်ပိုင်ရှင် ဟာသေသွားတာ က (၅) နှစ် (၁၀) နှစ်ရှိပါပြီဆိုပြီး၊ အသိမိတ်ဆွေကဖြစ်စေ၊ အိမ်နီးနားချင်းကဖြစ်စေ၊ သေသူအမည်ပေါက်ရဲ့သားသမီးတို့ကဖြစ်စေ လာရောက် ကန့်ကွက်တဲ့အခါ လိမ်စဉ်ကြီးပေါ်တော့တာဘဲ။ ဒီတော့မြို့တော်ခန်းမမှာ နှစ်ဖက်ခေါ်ယူညှိနိုင်းဖြေရှင်းပေး ရတာတွေရှိလို့(၃) နှစ်ကျော် ပါဝါတွေလက်မခံဖို့ရုံးတွင် အမိန့်ထုတ်ထားတာဖြစ်တယ်လို့သိရပါတယ် ။
နောက်ထပ်မံသိရတာကတော့ကန်ထရိုက် နဲ့မြေရှင် General Power (အထွေထွေ ကိုယ်စားလှယ် လွှဲစာ) ပေးတဲ့ကိစ္စပါပဲ။မြေရှင်နဲ့ကန်ထရိုက် တိုက်ဆောက်တဲ့အခါ သက်မှတ်ချိန်ကာလ မပြီးတာတို့၊ ကန်ထရိုက်ဘက် ကအကြောင်းအမျိုးမျိုးကြောင့် ရပ်ဆိုင်းတာတို့ဖြစ်ပေါ်လာရင် ကန်ထရိုက်တာက(GP) ကိုမြေရှင်ထံ ပြန်မပေးကြဘူး။ နှစ်အကြာကြီးကိုင်ထားတက် ကြတယ်။အဲဒီအခါမှာ မြေရှင် နဲ ကန်ထရိုက်တာ နဲ့အငြင်းအခုံဖြစ်ကြတာ မပြီးနိုင်တော့ဘူး။ သတင်းစာတွေမှာ ရှေ့နေတွေနဲ အပြန်အလှန် ပြောကြတာတွေ အဆွေတော် ဖတ်ဖူးမှာပါ ။အဲဒီလိုကိစ္စမျိုတွေကြောင့်ပထမ SP/GP ပါဝါ တစ်နှစ်လို့သတ်မှတ်တယ်။နောက်ပိုင်း သုံးနှစ် ဆိုပြီး သတ်မှတ်လိုက်တယ်။ အခုတော့ အဲဒီ သတ်မှတ် ချက်ကို 2014 နှစ်လယ်ပိုင်း ကစပြီး ရုပ်သိမ်း လိုက်တယ် လို့သိရပါတယ် ။
ဒါကြောင့်အဆွေတော် လက်ထဲမှာရှိတဲ့(SP ဖြစ်စေ ၊GP ဖြစ်စေ )(၃) နှစ်ကျော်သွားပေမယ့်မြို့တော်စည်ပင်သာယာ မြေစီမံခန် ခွဲမှု ဌာန ကလက်ခံပါ တယ်လို့ သတင်းကောင်းပါ လိုက်ပါရစေ ။ သတိပြုရန် ကိုယ်စားလှယ် လွှဲစာ (SP/GP )ကို လွှဲအပ် သူကိုယ်တိုင် ရုပ်သိမ်းပြီး ၊လက်ခံသူကိုယ်တိုင် ကိုယ်စားလှယ် လွှဲစာပြန်အပ်ခြင်း၊ လက်ခံသူပြန်အပ်သူ နှစ်ဦးစလုံးသေခြင်း၊ စိတ်မနှံရူးသွပ်သွားခြင်း၊ လူမွဲ ဖြစ်သွားခဲ့လျှင်တော့ကိုယ်စားလှယ်ရဲ့အခွင့်အရေး ဆုံးရှံးသွားကြောင်း ပဋိညာန် ဥပဒေပုဒ်မ -၂၀၁ နှင့်ကိုယ်စားလှယ် လွှဲအပ်ခြင်း ဥပဒေ (The power of Attorney Act ) ပုဒ်မ-၃ မှာပြဌာန်းထားပါတယ်။
ကူးယူဖော်ပြခြင်းဖြစ်ပါသည်။

အွန်လိုင်းရှော့ပင်း ရောင်းချနေသူများ (၆)လအတွင်း မှတ်ပုံတင်ရန် အမိန့်/ ညွှန်ကြားချက်
23/07/2023

အွန်လိုင်းရှော့ပင်း ရောင်းချနေသူများ (၆)လအတွင်း မှတ်ပုံတင်ရန် အမိန့်/ ညွှန်ကြားချက်

၂၀၂၃ ပြည်ထောင်စု အကောက်ခွန်ဥပဒေ
28/04/2023

၂၀၂၃ ပြည်ထောင်စု အကောက်ခွန်ဥပဒေ

ရန်ကုန် 2023-2024 ရာပြတ်
28/04/2023

ရန်ကုန် 2023-2024 ရာပြတ်

03/04/2023
31/03/2023
မြေအမျိုးအစား အလိုက်စာရွက်စာတမ်း စစ်ဆေးရမည့် ပုံစံများ======================================အိမ်ခြံမြေဈေး ကွက်အတွင်းမှာ ...
22/10/2022

မြေအမျိုးအစား အလိုက်စာရွက်စာတမ်း စစ်ဆေးရမည့် ပုံစံများ
======================================
အိမ်ခြံမြေဈေး ကွက်အတွင်းမှာ မြေ၊ တိုက်ခန်းရောင်းဝယ်မှုတွေမှာရောင်းမှား ဝယ်မှားမဖြစ်ပေါ်စေဖို့ မြေအမျိုးအစားအလိုက်စစ်ဆေးရမယ့် စာရွက် စာတမ်းတွေကို ဖော်ပြပေးလိုက်ပါတယ်။

အိမ်ခြံမြေ၊တိုက်ခန်း ဝယ်ယူမယ်ဆို ရင် အိမ်ခြံမြေ၊ တိုက်ခန်းအမျိုးအစား အလိုက် လိုအပ်တဲ့ စာရွက်စာတမ်းတွေက အပြည့်အဝမတူညီနိုင်ပါဘူး။

ဒါကြောင့် အိမ်ခြံမြေ၊ တိုက်ခန်း ဝယ်ယူတဲ့အခါပိုင်ဆိုင်မှုအထောက်အထား စာရွက်စာတမ်း အပြည့်အစုံကိုတိုက်ဆိုင်စစ်ဆေးသင့်ပါတယ်။ဒါကြောင့် အိမ်ခြံမြေဝယ်ယူသူတွေ အနေနဲ့ လိုအပ်တဲ့ စာရွက်စာတမ်းတွေကို သိရှိထားဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။

ဂရန်မြေ

- ဂရန်မြေဝယ်မယ်ဆိုရင် ဂရန်အမည် ပေါက်"မှန် မမှန်၊ စစ် မစစ်" ကိုသက်ဆိုင်ရာ ရုံးမှာ သွားရောက် စစ်ဆေးရမှာ ဖြစ်ပါတယ်။ - ဂရန်မြေနဲ့ ပတ်သက်လို့ စစ်ဆေးရမယ့် စာရွက်စာ တမ်းကနည်းပါတယ်။ ဂရန်အမည်ပေါက် မှန် မမှန်ကိုသာရုံးမှာ သွားရောက် စစ်ဆေးဖို့ပဲ လိုအပ်ပါတယ်။

ပါမစ်မြေ

ပါမစ်မြေဆိုတာကတော့ မြို့သစ်ဘက်တွေမှာ ချထားပေးတဲ့မြေအမျိုးအစား ဖြစ်ပါတယ်။ - ပါမစ်မြေကို ဝယ်ယူမယ် ဆိုရင် ချ ထားပေးတဲ့ပါမစ် မှန် မမှန်၊အဆို ပါ ပါမစ်ကို အင်ထရီပြင်ထားဖို့ လိုအပ်ပါ တယ်။အင်ထရီဆိုတာက မြေနေရာ အ ကွက် ချ ပြီး ထုတ်ပေးလိုက်တဲ့ပါမစ်ကိုပြန်လည် စစ်ဆေးပြီး နေထိုင်ခွင့်ပြုတဲ့အမှတ် တံဆိပ် ဖြစ်ပါတယ်။

အင်ထရီဝင်ပြီးသား ပါမစ်ဆိုရင် နောက်ကျောဘက်မှာ လေးထောင့်တံဆိပ်တုံးလေးနဲ့ ပြန်လည်စိစစ် ပြီးဖြစ်ကြောင်း ပါရှိရမှာ ဖြစ်ပါတယ်။အင် ထရီ မဝင်ရသေးတဲ့ မြေကွက်တွေက ဈေး ကွက်အတွင်းမှာဈေးနှုန်းကွဲလွဲမှုရှိတယ် လို့ သိရတယ်။“ ဈေးနှုန်းမကွာဘူးဆိုရင်တောင် ရာ တန်အကွက်တွေမှာဈေး ငါးသိန်း၊ ၁၀ သိန်း ကွာတယ်၊ထောင်တန် အကွက်တွေမှာဆိုရင် အင်ထရီမဝင်ရသေးလို့ပွဲပျက် တာတွေတောင် ရှိတယ်”လို့မြန်မာ့ရတနာ မြေ အိမ်ခြံမြေအကျိုးဆောင်မှအမ်ဒီ ကို ဝင်းနိုင်ဦးက ဆိုပါတယ်။ - ပါမစ်မြေမှာ စာရွက်စာတမ်းလည်း မှန်ကန်မှုရှိပြီးအင်ထရီလည်း ဝင်ထား မယ်ဆိုရင်အမည်ပေါက်ပိုင်ရှင်ရဲ့ မှတ်ပုံ တင် မိတ္တူ၊သန်းခေါင်စာရင်းမိတ္တူ ပါရှိရပါမယ်။အဆိုပါ မိတ္တူတွေကိုလည်း မူရင်းနဲ့ တိုက်ဆိုင် စစ်ဆေးသင့်ပါတယ်။

လယ်မြေ

လယ်မြေ ဝယ်ယူမယ်ဆိုရင်တော့ လယ်မြေအတွက်

- အစိုးရကို အခွန်ပေးထားတဲ့ စလစ်၊လယ်ယာမြေမှတ်ပုံတင် စာအုပ်၊စလစ် up to date ဖြစ် မဖြစ် စစ် ဆေးရပါမယ်။စလစ် up to date ဆိုတာကတော့ အစိုးရကို အခွန်ငွေပေးသွင်းထား တဲ့နှစ်က အနီးဆုံးနှစ် ဖြစ်ရပါမယ်။ - လယ်ယာမြေမှာ ပိုင်ဆိုင်မှု စာရွက်စာ တမ်းဆိုတာ "လယ်ယာမြေ လက်ဝယ်ရှိသူတိုင်း" ရဲ့လက်ထဲမှာ မရှိနိုင်ပါဘူး။လယ်ယာမြေကို စိုက်ပျိုးလုပ်ကိုင်တဲ့အပေါ်အခွန် စည်းကြပ်ခံထားရတဲ့ မြေခွန် ပြေစာ သည်သာ ပိုင်ဆိုင်မှု ဖြစ်ပါတယ်။- အမှန် တကယ် လယ်ယာမြေကို လုပ်ကိုင်နေပြီးအခွန်စည်းကြပ်မှုကိုလည်း ထမ်းဆောင်ထားမယ်ဆိုရင်လယ်ယာမြေ လက်ရှိ ရှိသူအနေနဲ့ အင်္ဂ ါရပ်ညီညွတ်ပြီလို့ ဆိုနိုင်ပါ တယ်။လယ်ယာမြေလုပ်ကိုင်သူတွေကို မြေစာရင်းဌာနကအခွန်စည်းကြပ်မှု မှတ်ပုံတင်စာရင်းနဲ့ မြေပုံမှာမှတ်သားထား လေ့ရှိပါတယ်။
- တချို့လယ်ယာမြေတွေက အခွန်ပြေစာအပြင်မြေစာရင်းပုံစံ ၁၀၅ ကိုလည်း ရေးကူးရယူထားရှိနိုင်ပါတယ်။ - မြေစာရင်းပုံစံ ၁၀၅ ဆိုတာက မြေစာရင်းဌာနကမှတ် ပုံတင်စာရင်း၊ မြေပုံ စသည်တို့မှာ မှတ်သား ထားတဲ့အတိုင်း မှတ်တမ်းထိန်းသိမ်းတဲ့ မြေစာရင်းဌာန က ပုံစံတူရေးကူးပေးတဲ့ပုံစံ တစ်ခု ဖြစ်ပါတယ်။

မြေစာရင်းပုံစံ ၁၀၅ မှာ မြေကွက်နဲ့ ပတ်သက်တဲ့ အချက်အလက်တွေကိုတစုတစည်း သိရှိနိုင်ပါတယ်။ ပုံစံ ၁၀၅ မှာ ဖော်ပြချက်အရမြေကွက်တည်ရှိ တဲ့ မြို့၊ ရပ်ကွက်၊ ကျေးရွာ၊ ကွင်း၊ ဧရိယာ၊မြေအမျိုးအစား စတာတွေကို အလွယ်တကူ သိရှိနိုင်ပါတယ်။ “လယ်ယာမြေကို စလစ်တစ်ခုတည်းနဲ့ အရောင်းအဝယ်လုပ်တာတွေရှိတယ်၊ အဲ ဒါတွေက ရေရှည်မှာ အဆင်မပြေပါဘူး”လို့ကိုဝင်းနိုင်ဦးက ဆိုပါတယ်။ - ယခုအချိန်မှာ လယ်ယာမြေကို အရပ် သဘောရောင်းဝယ်နေကြပြီးစာချုပ်စာ တမ်းမှတ်ပုံတင်ရုံးမှာ လယ်ယာမြေဥပဒေ သစ်အရမှတ်ပုံတင်ပြီးမှသာ တရားဝင် ဆောင်ရွက်လို့ရမှာ ဖြစ်တယ်။

လန ၃၉ မြေ

- လန ၃၉ ဆိုတာက လယ်ယာမြေမှ တစ်ဆင့် အခြားမြေအဖြစ်ပြောင်းလဲ အ သုံးပြုခွင့် ပြုထားတဲ့ မြေအမျိုးအစားဖြစ်ပါ တယ်။ လန ၃၉ မြေ ဝယ်ယူမယ်ဆိုရင် လယ်ယာမြေကနေ အခြားမြေပြောင်းလဲ အသုံးပြုခွင့်ပြုထားတဲ့ လန ၃၉ စာရွက် ရှိ ရပါမယ်။ - ဒါမှသာ လယ်ယာမြေကို အိမ် ယာမြေ၊ စက်မှုထုတ်ကုန် တစ်ခုခုပြောင်း လဲ အသုံးပြုမယ်ဆိုရင် လန ၃၉ ချထား ပေးတဲ့ စာရွက်ရှိမှအဆင်ပြေမှာ ဖြစ်ပါ တယ်။

တိုက်ခန်းဝယ်မယ်ဆိုရင်

တိုက်ခန်း အရောင်းအဝယ် ပြုလုပ်တဲ့ အခါမှာဆက်စပ်စာချုပ်တစ်ခုရှိရုံ နဲ့ ပိုင် ဆိုင်မှု အထောက်အထားပြည့်စုံပြီလို့ မထင်မှတ်သင့်ပါဘူး။ တိုက်ခန်းအရောင်း အဝယ်ပြုလုပ်တဲ့နေရာ မှာ မရှိမဖြစ်လိုအပ်တဲ့စာရွက်စာတမ်းတွေကတော့

- ဆက်စပ် စာချုပ်၊

- BCC (လူနေထိုင်ခွင့်)

- မြေ ရှင်လက်မှတ်

- ရေမီတာ၊ မီးမီတာ စာရွက်စာတမ်းတွေ လို အပ်ပါတယ်။အဲသည် စာရွက်စာတမ်းတွေ ပါရှိရင်တော့ ပိုင်ဆိုင်မှု သေချာနိုင်တယ်လို့သိရပါတယ်။

ဘိုးဘွားပိုင်မြေ

ဘိုးဘွားပိုင်မြေ ဖြစ်ခဲ့မယ်ဆိုရင်တော့သက်ဆိုင်ရာ မြေပိုင်ဆိုင်မှုမှတ်တမ်းမှာ ပိုင်ရှင်အဖြစ်မှတ်တမ်းရှိပြီး ဖြစ်ရမှာ ဖြစ် ပါတယ်။
Credit: The kumudra journal

29/04/2022

Address

Yangon
80

Alerts

Be the first to know and let us send you an email when Lawyer Daw Soe Soe Nwe posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Lawyer Daw Soe Soe Nwe:

Share

LRE Law Firm

A law firm is a business entity formed by one or more lawyers to engage in the practice of law.

The primary service rendered by a law firm is to advise clients (individuals or corporations) about their legal rights and responsibilities.

We will represent clients in business transactions, property law and other matters in which legal advice and other assistance are sought.