Beyond Borders Visa & Education Service

Beyond Borders Visa & Education Service Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Beyond Borders Visa & Education Service, Passport and visa service, အမှတ် (၃)၊ မြောက်ဘက်တန်း၊ ဗိုလ်ချုပ်အောင်ဆန်းဈေး, Yangon.

🇺🇸 US နိုင်ငံမှာ ကျောင်းတက်ချင်တာပဲဖြစ်ဖြစ်၊ အလုပ်လုပ်ချင်တာပဲဖြစ်ဖြစ် Visa လျှောက်တာကစလို့ လေယာဉ်လတ်မှတ်စီစဉ်ပေးတာအဆုံး One-Stop Service ပေးနိုင်တဲ့ Beyond Boarders Visa & Education

US မှာကျောင်းတက်ရင်း အလုပ်လုပ်တဲ့အခါ ကျောင်းစရိတ် ကာမိနိုင်လား? ဒီမေးခွန်းကိုတော့ တိုင်းတပါးမှာ မိမိရဲ့ပညာရေးကို ငွေတွေပ...
23/10/2024

US မှာကျောင်းတက်ရင်း အလုပ်လုပ်တဲ့အခါ ကျောင်းစရိတ် ကာမိနိုင်လား?

ဒီမေးခွန်းကိုတော့ တိုင်းတပါးမှာ မိမိရဲ့ပညာရေးကို ငွေတွေပုံပေး ရင်းနှီးမြှပ်နှံထားပေးတဲ့ မိသားစုအတွက် ကိုယ့်ကျောင်းစရိတ်ထောက်ပံ့ပေးစရာမလိုတော့အောင် မေးကြဟန်တူပါတယ်….

US မှာမြန်မာကျောင်းသားအများစု ကျောင်းသွားတက်ပြီဆို Community College 4 Years Programme တက်ကြတာများပါတယ်။Community College တက်ရင်း အလုပ်လုပ်လို့ရနိုင်လားဆိုတော့

✔️ ရနိုင်ပါတယ်
✔️ ကျောင်းဖွင့်ရက်တွေထက်ကျောင်းပိတ်ရက်တွေမှာ Part-time ရှာဖွေလုပ်ကိုင်မယ်ဆို ကျောင်းချိန်လည်း မထိခိုက်တော့ဘူးပေါ့။
✔️ အတန်းချိန်နည်းတဲ့ရက်တွေမှာလည်း part-time job လုပ်နိုင်ပါတယ်။

‼️ အရေးကြီးတာတစ်ခုသိထားရမှာက F1 Visa နဲ့ရောက်လာတဲ့ကျောင်းသားတွေက တရားဝင် တစ်ပတ်ကို နာရီ ၂၀ ထက်ပိုပြီး အလုပ်လုပ်ကိုင်လို့မရပါဘူး။ ဒါကြောင့် နာရီ ၂၀ ထက်ပိုတဲ့ side-job တွေဆို Cash ပေးတဲ့ အလုပ်တွေကိုပဲ ရွေးပြီးလုပ်ကိုင်မှ အဆင်ပြေပါလိမ့်မယ်နော် ‼️

နောက်ထပ်တရားဝင်လုပ်နိုင်တဲ့ အလုပ်ကတော့ Campus-Job တွေပါ။ International Student တွေအနေနဲ့ Campus တက်ရောက်ပြီး ၃ လကျော်တာနဲ့ Campus Job တွေစတင်လုပ်ကိုင်နိုင်ပါတယ်။

📍International Student တစ်ယောက်က ဒီလို Part-time Job တွေလုပ်ကိုင်ရင်း ကိုယ့်ကျောင်းစရိတ် ကိုယ်ရှာနိုင်တယ်ဆိုတာကတော့ ရာခိုင်နှုန်းတအားကိုနည်းပါးပါတယ်။
Community College ကျောင်းစရိတ်ဟာလည်း အတော်တန်မြင့်မားတာမို့ ကျောင်းစာတစ်ဖက် အလုပ်တစ်ဘက်ဆို လူပင်ပန်းပြီး ပညာရှာရမယ့်အစား ငွေနောက်လိုက်သလိုသာဖြစ်နေပါလိမ့်မယ်။ ကျောင်းစရိတ်ကာမိဖို့တော့ခက်ခဲပေမယ့် မိမိရဲ့အသုံးစရိတ်၊နေထိုင် စားသောက်စရိတ်တွေကိုတော့ လောက်င အောင်ရှာနိုင်ပါလိမ့်မယ်။

Beyond Borders အနေနဲ့အကြံပေးချင်တာကတော့ ကျောင်းသားတစ်ယောက်အနေနဲ့ကျောင်းသွားတက်ပြီဆိုမှတော့ ပညာကိုသာဆုံးခန်းတိုင်တက်ရောက်စေချင်ပါတယ်။ Community College 2 နှစ်တက်ပြီး Associate Degree ရပြီဆိုရင် US မှာလည်း အခြေကျသလောက်ရှိသွားပြီမို့ Full-time Job နဲ့တစ်နှစ်လောက်ပိုက်ဆံစုပြီးမှ ကျန်တဲ့ 2 နှစ်ကိုလည်းတက်ရောက်နိုင်တဲ့နည်းလမ်းရှိပါသေးတယ်။

ဒါ့ကြောင့် US စရောက်ရောက်ချင်း အလုပ်လုပ်ရင်း ကျောင်းစရိတ်ကာမိဖို့ဆိုတာတော့ အလှမ်းဝေးတဲ့ အနေထားတစ်ခုလို့သာပြောပြပေးချင်ပါတယ်နော်!!

📢 US က Community College / College or University ရွေးချယ်တက်ရောက်တာနဲ့ပတ်သက်ပြီး အတွေ့အကြုံရှိတဲ့ Consultant နဲ့အသေးစိတ်ဆွေးနွေးချင်တယ်ဆိုရင်တော့ Beyond Borders ကိုသာဆက်သွယ်လိုက်ပါ ✔️

ဝန်ဆောင်မှုနှုန်းထားအသက်သာဆုံးနဲ့ ကျောင်းသားတစ်ဦးချင်းရဲ့ လိုအပ်ချက်အလိုက် ကျောင်းရွေးချယ်လျှောက်ထားတာကနေ Visa ရရှိပြီး လေယာဉ်လက်မှတ်ဝယ်ယူတာအထိ တစ်နေရာတည်းမှာ ဆောင်ရွက်ပေးနိုင်တဲ့ Beyond Borders ရှိပါတယ်နော် 💯

All In One Service for Your Career!

အသေးစိတ်သိရှိလိုပါက Page Messenger မှတဆင့် မေးမြန်းနိုင်သလို၊ ဖုန်းဆက်၍လည်း သိလိုသမျှကို စုံစမ်းနိုင်ပါတယ်။

Yangon Address 🏠 အမှတ် (၃)၊ မြောက်ဘက်တန်း၊ ဗိုလ်ချုပ်အောင်ဆန်းဈေး၊ ပန်းဘဲတန်း မြို့နယ်၊ ရန်ကုန်။
Yangon Phone ☎️ 09-43023591.

#ကျောင်းစရိတ် #ကာမိနိုင်လား

US Student Visa Interview မေးခွန်းတွေကိုဘယ်လိုရင်ဆိုင်ကြမလဲ? US Student Visa Interview ကို စင်းလုံးချောဖြစ်အောင်ဖြေဆိုနိ...
07/08/2024

US Student Visa Interview မေးခွန်းတွေကိုဘယ်လိုရင်ဆိုင်ကြမလဲ?

US Student Visa Interview ကို စင်းလုံးချောဖြစ်အောင်ဖြေဆိုနိုင်ဖို့ဆို ကျောင်းသားဘက်က အများကြီးပြင်ဆင်သွားဖို့လိုအပ်ပါတယ်။ လိုအပ်တဲ့ စာရွက်စာတမ်းတွေကို အကွက်ကျကျပြင်ဆင်သွားတာအပြင် Interview မှာမေးလာနိုင်တဲ့ မေးခွန်းတွေကိုလည်း ကြိုတင်လေ့လာထားပြီး လေ့ကျင့်နေဖို့လိုအပ်ပါသေးတယ်။ ဒါမှ Interviewer - VO နဲ့တွေ့တဲ့အခါ အထစ်အငေါ့ မရှိဘဲ ဖြေဆိုနိုင်မှာပါ။

Beyond Borders က US Student Visa ဖြေဆိုမယ့်ကျောင်းသားကျောင်းသူတွေအတွက် Interviewer - VO တွေမေးလေ့ရှိတဲ့မေးခွန်းတွေကိုပြောပြရင်း မေးလာတဲ့မေးခွန်းတွေအပေါ်ယုံကြည်ချက်ရှိရှိနဲ့ဘယ်လို ဖြေဆိုရမလဲဆိုတာ ဖော်ပြပေးသွားပါမယ်နော်🤜🏻🤛🏻

1. Introduce Yourself?
Ans - ဒီမေးခွန်းကတော့ VO တွေမေးတာရှားတယ်ဆိုပေမဲ့ ရံဖန်ရံခါ မေးတတ်သလို VO မမေးလည်း သူ့ကိုနှုတ်ဆက်တဲ့အနေနဲ့ အရင်ဆုံးမိတ်ဆက်လိုက်လို့လည်းရပါတယ်။
အဖြေကိုတော့ တိုတိုတုတ်တုတ်နဲ့ US embassy ကို ဘာလာလုပ်တယ်ဆိုတဲ့အကြောင်းအရာမျိုးသာပြန်ဖြေသင့်ပါတယ်။ Example - Hello, Good Morning, Officer. My name is Jennie. Today I am applying for an F1 Visa to study Business Administration major at Orange Coast College.

2. When did you finish high-school?
Ans - ကိုယ်အထက်တန်းကျောင်းပြီးခဲ့တဲ့ ခုနှစ်ကို အတိအကျပြောပြပေးပါ။ IGCSE ကျောင်းသားဆိုရင်လည်း IGCSE ဖြေပြီးတဲ့ နှစ်ကိုပြောပြရုံပါပဲ။ Example - I finished in 2017.

3. What is your Major?
Ans - US ကျောင်းမှာ တက်ရောက်ဖို့ ကိုယ်လျှောက်ထားတဲ့မေဂျာကိုပြောပြပေးပါ။ Example - My major is Business Administration.

4. Why did you choose USA?
Ans - ဒီမေးခွန်းက သိပ်အရေးကြီးပါတယ်။ အဓိကဖြေပေးရမှာက ကိုယ်ရွေးထားတဲ့ မေဂျာနဲ့ အမေရိကန်နိုင်ငံရဲ့ ပညာရေး၊ နိုင်ငံရေး၊ စီးပွါးရေး စတဲ့အခြေအနေတွေနဲ့ ဘယ်လို ဆက်စပ်မှုရှိနေတာလဲ။ အမေရိကန်နိုင်ငံရဲ့အခြေအနေတွေက ကိုယ့်အတွက် Practically လေ့လာနိုင်ဖို့ ဘယ်လိုအထောက်အပံ့ဖြစ်နေတာလဲ။ ကိုယ့်နိုင်ငံကို ပြန်လာတဲ့အခါမှာလည်း ရရှိခဲ့တဲ့ အတွေ့အကြုံတွေကို ဘယ်လို အကျိုးရှိစွာ အသုံးချနိုင်မယ်။ စတဲ့ အားသားချက်တွေကို ကိုယ်ရွေးချယ် တက်ရောက်မယ့် မေဂျာနဲ့ ချိတ်ဆက်ပြီးပြောပေးဖို့မမေ့ပါနဲ့နော်။ Example - As US is a highly developed economy, I believe that studying in the US can provide me with a deeper understanding of economic theory and I will gain a strong foundation in business principles that will prepare me for a successful career. And the US’s multicultural society will prepare me to study in a globalized business environment and as well as how entrepreneurship develop economic growth.

5. Why that college or university? How did you know about that college or university?
Ans - ဒီမေးခွန်းကတော့ Individualized မေးခွန်းဖြစ်တဲ့အတွက် Example မပြောပြတော့ဘူးနော်။ အဓိကဖြေကြားပေးရမယ့် အကြောင်းအရာက ကိုယ်လျှောက်ထားတဲ့ကျောင်းရဲ့အားသာချက် ( High Academic Base, Myanmar Community, Well-known for bachelor programs, Affordable) / ဒီကျောင်းကို မလျှောက်ခင်မှာ ကိုယ်က research တွေပြုလုပ်ပြီး Option များစွာထဲက ဒီကျောင်းရဲ့ အားသာချက်တွေကြောင့် ရွေးချယ်ခဲ့တဲ့အကြောင်း အဓိကထား ဖြေပေးဖို့လိုအပ်ပါတယ်။

6. Why that State ( California/ NewYork / Chicago )
Ans - ဒီမေးခွန်းကိုလည်း ရံဖန်ရံခါမေးလေ့ရှိတာဆိုတော့ ကိုယ်သွားမယ့် ပြည်နယ်အကြောင်း အကြမ်းဖျင်းလေ့လာထားဖို့လိုပါတယ်။ ပြည်နယ်အကြောင်း ပြောတဲ့အခါ Accommodation fee, Living Expenses, World-Class College / University တွေပေါများပြီး ကိုယ့်အတွက် ဘယ်လိုအကျိုးရှိနိုင်ကြောင်းတွေ ထည့်ပြောပြပေးပါ။

7. Where that College/University is located?
Ans - ဒါကလည်း ကိုယ်တက်ရောက်မယ့်ကျောင်းလိပ်စာကို ပြောပြရုံပါပဲ။ အဓိကပြောပြရမှာက ဘယ်လမ်း၊ ဘယ်မြို့နယ် ( County ) မှာရှိလဲဆိုတာလောက်ပြောပြရင်လုံလောက်ပါပြီ။

8. What about your accommodation ? / Where will you live in US?
Ans - US ရောက်တဲ့အခါ ဘယ်မှာနေမလဲဆိုတဲ့မေးခွန်းပါ။ ဒီမေးခွန်းသိပ်အရေးကြီးပါတယ်။ ကိုယ်က Visa မရသေးပဲ ဘယ်မှာနေပါမယ်ဆိုပြီး သွားဖြေလိုက်လို့ လုံးဝ မဖြစ်ပါဘူး။ ပြင်ဆင်ထားတယ်၊ Option တွေရွေးချယ်ထားပြီး Visa ရမှသာ Option ထဲကအကောင်းဆုံးနေရာကိုရွေးချယ်ပါမယ်ဆိုပြီး ပညာသားပါပါ ဖြေတတ်ဖို့လိုပါတယ်နော်။ Example - I do a lot of research about accommodation. I contact accommodation providers that recommend from my college (College Name) and also I am ready to choose option to pick after I got my visa.

9. Do you aware transportation system in that state?
Ans - ဒီမေးခွန်းဟာလည်း မေးလေ့မရှိပေမယ့် ကြိုတင်ပြင်ဆင်ဖို့လိုအပ်တဲ့ မေးခွန်းတစ်ခုပါပဲ။ ကိုယ်သွားမယ့် ပြည်နယ်ရဲ့ Public Transportation System ကိုလေ့လာထားကြောင်းနဲ့ ကျောင်းကိုဘယ်လိုသွားမလဲဆိုတာတွေပြေပြပေးလိုက်ပါ။ ပြည်နယ်တစ်ခုနဲ့တစ်ခုကွဲပြားနိုင်တာကို သတိရပါနော်။ Example - Yes, I aware that public transportation system is not really strong. But I do research that I can go to school and for my living there have buses and bike.

10. Do you have plan to do part-time job?
Ans - ဒါကလည်း သတိကြီးကြီးထား ဖြေရမယ့်မေးခွန်းပါပဲ။ ကိုယ်က စာသွားသင်မှာဖြစ်တဲ့အတွက် အစပိုင်းမှာတော့ ကျောင်းစာကိုပဲအာရုံစိုက်မယ့်အကြောင်း ၊ ကိုယ့်ပညာရေးအတွက် ထောက်ပံ့ပေးမယ့် sponsor ကငွေရေးကြေးရေး အပြည့်အဝပံ့ပိုးပေးမှာဖြစ်တဲ့အတွက် အလုပ်လုပ် ဖို့ မသေချာဘူးဆိုတာတွေကို ပြောပြပေးပါ။ ဒါမှ ကိုယ်တကယ်ကျောင်းသွားတက်မှာကို VO ကယုံကြည်လက်ခံပေးမှာဖြစ်ပါတယ်။ Example - My Friends told me that there are campus job for students and also they are doing. But I am not sure to do because I want to focus on my study fully and I have to learn a lot. I have any financial concern, my parents will fully support my education.

11. What is your study plan?
Ans - ဒါက Bachelor မရခင် Study Plan ဘယ်လိုရှိမလဲ မေးတာဖြစ်ပါတယ်။ College or Community College တက်ရောက်မယ့်ကျောင်းသားက ဘယ်လိုဖြေသင့်လဲဆိုတော့ ဒီ College or Community College မှာ Associated degree ကိုအကောင်းဆုံးကြိုးစား ရယူပြီး ကိုယ့်အမှတ် ကိုလက်ခံပေးတဲ့ University ကို Transfer လုပ်ပါမယ်ဆိုပြီးပြောပြနိုင်ပါတယ်။ အဲ့တာနဲ့ ဆက်စပ်မေးခွန်းအနေနဲ့ မေးလာနိုင်တာကတော့ Why not join University? ပါ။ University ကိုဘာလို့တန်းမတက်တာလဲ မေးတဲ့အခါ ကိုယ်က study plan ကို quality foundation နဲ့ အခြေခံပိုင်နိုင်အောင် သေချာကြိုးစားပြီး well-structured ဖြစ်မှ University ကိုပြောင်းမဲ့အကြောင်းနဲ့ 2+2 programs ရဲ့ အားသာချက်တွေကြောင့်ပါ ဆိုပြီးဖြေပေးနိုင်ပါတယ်။

12. What will you do after graduation? What is your future plan?
Ans - Bachelor Degree ရပြီးတာနဲ့ မြန်မာနိုင်ငံကိုတန်းပြန်လာပြီး ကိုယ်သင်ယူလေ့လာခဲ့တဲ့ ပညာနဲ့ Career ကိုဘယ်လိုဆက်လျှောက်သွားပါမယ်။ နိုင်ငံကိုအကျိုးပြုတာ ဒါမှမဟုတ် မိသားစုစီးပွါးရေးအတွက် တိုးတက်အောင်မြင်
အောင်ထောက်ပံ့ပေးမယ်ဆိုတဲ့ အကြောင်းအရာတွေပြောပြပေးပါ။ အဓိက ကတော့မြန်မာပြည်ကိုပြန်လာမယ်ဆိုတဲ့အကြောင်းရာပါပဲ။ Example - After I got Bachelor Degree, I will come back to my home country. Because my father knows a lot about company business and I will set up a company with my father with the knowledge I learned.

13. Do you have relatives in US?
14. Have you been to any other countries before?
15. Have you applied for a visa before?
16. Who is your Sponsor?
17. What does he do?

ဒီမေးခွန်းတွေကတော့ တစ်ဦးချင်း မိမိနဲ့သက်ဆိုင်တဲ့အကြောင်းအရာတွေဖြစ်လို့ Example မရေးပြတော့ဘူးနော်။ အမေးများတဲ့မေးခွန်းတွေဖြစ်ပြီး တိုတိုတုတ်တုတ်နဲ့ဖြေနိုင်ဖို့ မဖြစ်မနေ ကြိုတင်လေ့ကျင့်သွားဖို့လိုအပ်သလို အဖြေပေးတဲ့အခါ ကိုယ်ဖြေလိုက်တဲ့ အကြောင်းအရာတိုင်းက DS-160Form ထဲကအဖြေတွေနဲ့ ထပ်တူကျနေဖို့ အထူးအရေးကြီးပါတယ်‼️

ဒီလောက်ဆို Beyond Borders က sharing လုပ်ပေးတဲ့ မေးခွန်းတွေက F1 Visa Interview ဖြေတဲ့အခါ ကျောင်းသားတွေအတွက် အထောက်ကူဖြစ်မယ်လို့ ယုံကြည်ပါတယ်။
နောက်ထပ်လည်း F1 Visa နဲ့ပတ်သက်ပြီး ကျောင်းသားတွေ သိသင့်သိထိုက်တဲ့အကြောင်းအရာ အားလုံးကို Sharing လုပ်ပေးမှာဖြစ်လို့ Beyond Border Page ကို Like & Follow လုပ်ထားပေးဦး🫶🏻

F1 Visa နဲ့ပတ်သက်ပြီး တစ်ဦးချင်းဆွေးနွေးချင်တာမျိုးဖြစ်ဖြစ်၊ English Test ဖြေပြီး ကျောင်းလျှောက်တာကအစ Visa Interview ဖြေတဲ့အထိ ကိစ္စအဝဝအတွက် စိတ်ရှည်လက်ရှည်နဲ့ အကောင်းဆုံးဆောင်ရွက်ပေးနိုင်မယ့် Agency ရှာနေတယ်ဆိုရင်တော့ Beyond Borders Visa & Education Service ကိုသာသိရလိုက်ပါနော်✔️

F1 Visa ဖြေကြမယ့် ကျောင်းသား ကျောင်းသူတွေအတွက် ကျောင်းရွေးချယ်လျှောက်ထားတာကနေ Visa Interview Process အထိ Consultation ပြုလုပ်ပြီး အစ အဆုံး တာဝန်ယူဆောင်ရွက်ပေးမှာပါ ✔️

All In One Service for Your Career!

အသေးစိတ်သိရှိလိုပါက Page Messenger မှတဆင့် မေးမြန်းနိုင်သလို၊ ဖုန်းဆက်၍လည်း သိလိုသမျှကို စုံစမ်းနိုင်ပါတယ်။

Yangon Phone ☎️ 09-43023591.


F1 Visa မဖြေခင် ဒီ post ကိုဖတ်ဖြစ်အောင်ဖတ်သွားပါ!! F1 ကျောင်းသားတွေအတွက် Visa Interview ကို အထစ်အငေါ့မရှိ ဖြေဆိုနိုင်ဖို...
10/07/2024

F1 Visa မဖြေခင် ဒီ post ကိုဖတ်ဖြစ်အောင်ဖတ်သွားပါ!! F1 ကျောင်းသားတွေအတွက် Visa Interview ကို အထစ်အငေါ့မရှိ ဖြေဆိုနိုင်ဖို့ သတိထားလိုက်နာရမယ့် အရေးကြီးဆုံး အချက် ၅ ချက်ကို Beyond Borders ကမျှဝေပေးပါမယ်🤜🏻🤛🏻

🇺🇸 လိုတိုရှင်း
- Interviewer (VO) နဲ့တွေ့တဲ့အခါ သူမေးလာတဲ့မေးခွန်းအားလုံးကို အရှည်ကြီးရှင်းပြပြီးမဖြေပါနဲ့။ Interview အချိန်ဟာ အလွန်ဆုံးကြာမှ ၁၅ မိနစ်ဖြစ်တဲ့အတွက် မလိုအပ်ပဲ ရှင်းပြနေတာဟာ ကိုယ့်အပေါ် concern များစေသလို Interviewer ကလည်း အချိန်ပြည့်ကိုယ့်အဖြေတွေကို အာရုံစိုက်နေမှာမဟုတ်ပါဘူး။ မေးခွန်းရဲ့ Main Point ကို အကြောင်းပြချက် ခိုင်ခိုင်လုံလုံနဲ့သာဖြေပေးပါ။ စကားကြောရှည်လွန်းနေတဲ့အခါ အမှားယွင်းဖြစ်နိုင်သလို Yes/No လောက်သာဖြေနေရင်လည်း Impression ကျနိုင်တာကို သတိထားပေးပါ။ မေးခွန်းကိုမကြားလိုက်ဘူးဆိုရင် ချက်ချင်းပြန်မေးပါ။ မသေချာပဲ အဖြေကို ရမ်းသမ်းမပြောသင့်ဘူးနော်။

🇺🇸 မှန်မှန်ကန်ကန်
- မှန်မှန်ကန်ကန် ဆိုတဲ့နေရာမှာ ဘာမှန်ကန်ရမှာလဲဆိုတော့ ကိုယ်ဖြေတဲ့အဖြေတွေကိုလုံးဝ လိမ်မပြောမိပါစေနဲ့။ ဥပမာပြောပြရရင် US မှာအမျိုးရှိတာကို မရှိဘူးလိမ်တာမျိုးပေါ့။ ဒါမျိုးလုံးဝ ရှောင်ပေးပါ။ US Embassy ကိုသွားရူပ်လို့မရပါဘူး။ သူတို့မှာ Record အကုန်ရှိတဲ့အတွက် လိမ်လိုက်တာနဲ့ တန်းပေါ်သွားမှာမို့ ဘယ်အချက်အလက်ကိုမှ မလိမ်မိပါစေနဲ့နော်။ နောက်ပြီး DS160 Form မှာဖြည့်ခဲ့တဲ့အချက်အလက်တွေနဲ့ Interview မှာဖြေတဲ့အဖြေတွေဟာ ထပ်တူကျနေမှရပါမယ်။ ဒါကအရေးကြီးဆုံးပါပဲ။ DS160 Form ကိုကြည့်ပြီး မေးနေမှာဖြစ်တဲ့အတွက် အဖြေတွေသာလွဲနေခဲ့ရင် သူတို့ဆီက Sorry ဆိုတဲ့အဖြေကိုပဲရလာနိုင်ပါတယ်။

🇺🇸 မကြောက်မရွံ့
- Interviewer က Good Morning ပြောလိုက်တာနဲ့ သူတို့ပြန်နှုတ်ဆက်တဲ့အချိန် ကိုယ့်အသံကတုန်၊ ခြေတုန်၊ လက်တုန် ဖြစ်မနေစေနဲ့ဦးနော်။ စိတ်လှုပ်ရှားတာမျိုးအထိ Interviewer တွေကလက်ခံနားလည်ပေးပေမဲ့ ကြောက်ရွံ့နေတာမျိုးကျတော့ Interviewer ဘက်ကနေ သံသယတွေသာတိုးစေသွားမှာပါ။ တစ်ခြားနိုင်ငံထိ တစ်ယောက်တည်းကျောင်းသွားတတ်မယ့်သူက Visa Interview မှာတင် ထိတ်လန့်တကြားပုံစံဖြစ်နေရင် သူတို့ဘက်က Visa Approve ပေးဖို့ လက်တွန့်ကြပါတယ်။ ဒါ့အပြင် အဝတ်အစားကလည်း သိပ်အရေးကြီးပါတယ်။ ပေါ့ပေါ့ပါးပါး ကျောင်းသားတစ်ယောက် ဟန်ပန်ပေါက်စေအောင် Jeans, T-shirt, Skirt အစရှိသလို သက်တောင့်သက်သာဖြစ်တာမျိုးပဲဝတ်ပါ။ Casual Wear တွေ, အလုပ် Interview ဖြေသလို အဖြူ အမဲ ဝတ်သွားတာတွေက မလုပ်ပါနဲ့နော်။ F1 ဟာ Student Visa ဖြစ်တဲ့အလျောက် ကျောင်းသားပုံစံသာဝတ်သွားဖို့လိုပါတယ်။

🇺🇸 နောက်မတွန့်
- ဘာကိုနောက်မတွန့်ခိုင်းတာလဲ ဆိုရင်တော့ F1 Visa ရဖို့ကြိုးစားနေသူဆိုရင် ဘယ်လိုအဖြေပဲပြန်ရပါစေ လက်မလျော့ပါနဲ့။ အကောင်းဆုံးကြိုးစားပြင်ဆင်ထားပါ။ ရပါ့မလားဆိုပြီး ကိုယ့်ကိုယ်ကို Negative Energy တွေမဖုံးပါစေနဲ့။ Negative Energy ဟာ Interview ဖြေနေတဲ့အချိန်အတွင်းမှာတင် ကိုယ့်ကိုယ်ကို ယုံကြည်မှုမရှိတာ၊ စိုးရိမ်ကြောက်ရွံ့တာ၊ အမှားယွင်းဖြစ်စေတာမျိုးတွေ ရှိသွားနိုင်တာကြောင့်ပါနော်။ တကယ်လို့သာ လွဲချော်သွားခဲ့ရင် နောက်တစ်ကြိမ် ထပ်ကြိုးစားဖို့လည်း လက်မတွန့်ပါနဲ့။ အမှားယွင်းတွေ ပြင်ဆင်ပြီး ကိုယ့်ရည်မှန်းချက်ကို ရအောင်ပြန်ယူဖို့ကလည်း လိုက်နာရမဲ့အချက်တစ်ခုပါပဲ။

🇺🇸 ဆွေးနွေးတိုင်ပင်
- အရေးကြီးဆုံးဖြစ်တဲ့ နောက်ဆုံးအချက်ကတော့ တစ်ယောက်တည်း တတ်ယောင်ကန်းမလုပ်မိပါစေနဲ့။ Agency တွေမအပ်ချင်ဘူးဆိုရင်တောင် Approve ရသွားတဲ့ အသိမိတ်ဆွေတွေနဲ့တိုင်ပင်ဆွေးနွေးပြီးပါ။ Research ကောင်းကောင်းလုပ်ပါ။ ဖြစ်နိုင်ရင်တော့ အတွေ့အကြုံများစွာရှိတဲ့ Consultant တွေနဲ့တိုင်ပင်ပါ။ ဒါမှ DS160 Form မှာတိတိကျကျဖြည့်နိုင်မှာဖြစ်သလို Sponsorship ကိစ္စ၊ကျောင်းရွေးချယ်လျှောက်ထားတဲ့ကိစ္စ၊ Interview Tips အားလုံးကို နည်းလမ်းတကျ လုပ်ဆောင်နိုင်မှာပါ။

ဒီအချက် ၅ ချက်ကိုကတော့ F1 Visa Interview အတွက် အထောက်အကူဖြစ်စေမဲ့အချက်တွေမို့ Share / Saved ထားဖို့မမေ့နဲ့နော်!

F1 Visa အတွက် အတွေ့ကြုံရှိတဲ့ Consultant တွေနဲ့ သေချာတိုင်ပင်ဆွေးနွေးပြီး အစအဆုံး ဝန်ဆောင်မှုအားလုံး အပြင် Consultation / Mock Interview တွေကို F1 Visa Interview မဝင်ခင် ပိုင်ပိုင်နိုင်နိုင် ပြင်ဆင်ချင်တယ်ဆို Beyond Borders Visa & Education Service ကိုသာသိရလိုက်ပါနော်✔️

All In One Service for Your America Dream🇺🇸!

အသေးစိတ်သိရှိလိုပါက Page Messenger မှတဆင့် မေးမြန်းနိုင်သလို၊ ဖုန်းဆက်၍လည်း သိလိုသမျှကို စုံစမ်းနိုင်ပါတယ်။

Yangon Phone ☎️ 09-43023591.


ရန်ကုန်အမေရိကန်သံရုံးမှာ Non-Immigrant နဲ့ Visit Visa တွေအတွက် July 8 ရက်နေ့ကစပြီး Appointment ယူလို့ရပါပြီ‼️‼️မနှစ်က Au...
07/07/2024

ရန်ကုန်အမေရိကန်သံရုံးမှာ Non-Immigrant နဲ့ Visit Visa တွေအတွက် July 8 ရက်နေ့ကစပြီး Appointment ယူလို့ရပါပြီ‼️‼️

မနှစ်က August လကတည်းက Appointment slots တွေတရားဝင်ကြေငြာ ဖွင့်ပေးပြီး ကတည်းက ပြန်မဖွင့်တော့တာ အခုမှ ထပ်ဖွင့်တာပါ။နောက်ဆုံးတော့ မြန်မာမှာ Appointment Date ရဖို့တိုးလို့နိုင်ပါပြီ။

US Visa Interview ကို သူများနိုင်ငံ ( Third Country ) မှာသွားဖြေတာထက် ဒီနိုင်ငံသားက ဒီနိုင်ငံက အမေရိကန်သံရုံးမှာ ဖြေဆိုတာက ရလဒ်ကောင်းတွေရဖို့ပိုမျှော်လင့်လို့ရပါတယ်။ Second Attempt , Third Attempt ဖြေမဲ့သူတွေကလည်း ဒီတစ်ခါအခွင့်အရေးကို လက်လွတ်မခံပါနဲ့။ ပထမဆုံးအကြိမ်မဟုတ်ရင် မြန်မာပြည်မှာဖြေတာအကောင်းဆုံးမို့ပါ။ နောက်ပြီး သူများနိုင်ငံမှာ အနှိမ်ခံပြီး ဖြေစရာမလိုသလို အကုန်အကျလည်း သက်သာတာကြောင့် July 8 ပြန်ဖွင့်တဲ့အခါ Appointment ရအောင်ယူကြပါလို့ တိုက်တွန်းလိုက်ပါတယ်🤜🏻🤛🏻

ဒါပေမဲ့ အချိန်ကအရမ်းကပ်နေပြီ Appointment ယူဖို့အတွက်ဆို DS-160 ဖောင်သေချာပြင်ဆင်ရမယ်။ Appointment ကလည်း အများနဲ့လုယူရတာမို့ အချိန် ၅ ရက်တည်းနဲ့ တစ်ယောက်တည်းလုပ်ဖို့ခဲယဉ်းသွားပါပြီ။
စိတ်မပူပါနဲ့။ Beyond Borders Visa & Education Service ကိုသာ ယုံယုံကြည်ကြည်အပ်နှံလိုက်ပါ✔️

🔹 DS-160 form မပြင်ဆင်ရသေးသူတွေအတွက်လည်း အချိန်မှီပြင်ဆင်ပေးပြီး ပြင်ဆင်ပြီးသား form တွေကိုလည်း အသေးစိတ်ပြန်လည်စစ်ဆေးပေးပါတယ်။
🔹 Student Visa တင်မဟုတ်ပဲ Visit Visa ကိုလည်း အတွေ့အကြုံရှိတဲ့ Consultant တွေနဲ့အကောင်းဆုံးဖြစ်အောင် ပြင်ဆင်ပေးပါတယ်။
🔹 Appointment Date ရအောင်လည်း ကြိုးစားယူပေးသလို Appointment Date ရတာနဲ့ ဆက်လက်ပြင်ဆင်ရမယ့် အချက်အလက်
အားလုံးကို ခရေစေ့တွင်းကျ ဆောင်ရွက်ပေးပါတယ်။
🔹Interview မဝင်ခင် Mock Interview session တွေနဲ့အကြိမ်ကြိမ်လေ့ကျင့်ပေးလိုက်မှာမို့ သံရုံးမှာသွားဖြေတဲ့အခါ ယုံကြည်မှုရှိရှိဖြေနိုင်အောင်လေ့ကျင့်ပေးမှာဖြစ်ပါတယ်။

ပြောနေရင်ကြာပါတယ်။ သင်က US visa ရဖို့ကြိုးစားနေသူတစ်ယောက်ဆိုရင် Beyond Borders ကိုသာ အမြန်ဆက်သွယ်လိုက်ပါ။ US Visa အတွက် လိုအပ်သမျှ အချက်အလက်အားလုံးကို ထောင့်စေ့အောင် ပြင်ဆင်ဆောင်ရွက်ပေးဖို့အတွက် အသင့်ရှိနေပါတယ်။ ✔️

ဝန်ဆောင်မှုနှုန်းထားအသက်သာဆုံးနဲ့ တစ်ဦးချင်းရဲ့ လိုအပ်ချက်အလိုက် စိတ်ရှည်လက်ရှည် ဆောင်ရွက်ပေးမှာဖြစ်လို့ မတုံ့ဆိုင်းပဲ Beyond Borders ဆီသာလာခဲ့ဖို့ ဖိတ်ခေါ်လိုက်ပါတယ်💯

All In One Service for Your Career!

အသေးစိတ်သိရှိလိုပါက Page Messenger မှတဆင့် မေးမြန်းနိုင်သလို၊ ဖုန်းဆက်၍လည်း သိလိုသမျှကို စုံစမ်းနိုင်ပါတယ်။

Yangon Address 🏠 ဗိုလ်ချုပ်အောင်ဆန်းဈေးဟောင်း၊ ပန်းဘဲတန်း မြို့နယ်၊ ရန်ကုန်။
Yangon Phone ☎️ 09-43023591.


မိတ်ဆွေတို့အနေနဲ့ နိုင်ငံရပ်ခြားသွားပြီး Hotel လုပ်ငန်းတွေမှာ အလုပ်ဝင်လုပ်ဖို့ အတွက် စဉ်းစားနေပါသလား။ အလုပ်ဝင်ဖို့ အလျှေ...
04/07/2024

မိတ်ဆွေတို့အနေနဲ့ နိုင်ငံရပ်ခြားသွားပြီး Hotel လုပ်ငန်းတွေမှာ အလုပ်ဝင်လုပ်ဖို့ အတွက် စဉ်းစားနေပါသလား။

အလုပ်ဝင်ဖို့ အလျှောက်တဲ့အခါမှာ ပထမဆုံး တွေ့ကြုံရမယ့် စိန်ခေါ်မှုတစ်ခုကတော့ Interview ဖြေတဲ့အခါ လက်တွေ့လုပ်ဆောင်ပြရမယ့် အချက်ပါ။ အလုပ်အင်တာဗျူးကို လက်တွေ့ ဖြေဆိုတဲ့အခါ ကိုယ်လျှောက်ထားတဲ့ F&B/ Housekeeping position နဲ့ ပတ်သက်ပြီး လုပ်ငန်းအတွေ့အကြုံမရှိလို့ အင်တာဗျုးမှာ ကောင်းကောင်းမလုပ်ပြနိုင်ရင် အလုပ်ရဖို့ ခက်ခဲပါလိမ့်မယ်။

ဒီအတွက် မပူပါနဲ့။ မိတ်ဆွေတို့အတွက် အချိန်တိုအတွင်းမှာ F&B နဲ့ Housekeeping အပိုင်းကို လုပ်ငန်းအတွေ့အကြုံရှိထားတဲ့ လူတစ်ယောက်လို တက်မြောက်သွားစေဖို့ သင်ကြားပေးမယ့် အနီးကပ်သင်တန်းလေး တစ်ခုနဲ့ မိတ်ဆက်ပေးပါရစေ။ ကျွန်တော်တို့ရဲ့ HITS (Hospitality Industary Training Service) သင်တန်းမှာဆိုရင်ဖြင့် စာတွေ့ လက်တွေ့ အဖြစ်သင်ကြားပေးမယ့် သင်ခန်းစာများကတော့

𝗙&𝗕 𝗰𝗼𝘂𝗿𝘀𝗲𝘀 🍽️🍷🤵
✔️ Role of waitstaff and service protocols
✔️ Basics of food and beverage service
✔️ Food safety and hygiene standards
✔️ Alcoholic and non-alcoholic beverages
✔️ Beverage knowledge, including wines and spirits
✔️ Table setting and arrangement
✔️ Health and safety regulations compliance

𝗛𝗼𝘂𝘀𝗲𝗸𝗲𝗲𝗽𝗶𝗻𝗴 𝗰𝗼𝘂𝗿𝘀𝗲𝘀 🛌🏾🧹👩🏻‍💼
✔️ Standard operating procedures for room cleaning
✔️ Standards and expectations for bed presentation
✔️ Cleaning procedures and standards
✔️ Inventory and supply management
✔️ Room inspection and quality control
✔️ About cleaning chemicals and equipment
✔️ Compliance with health and safety regulations

ဒီသင်ခန်းစာတွေကို သင်တန်းသားတွေအနေနဲ့ ဒီသင်ခန်းစာတွေကို စာတွေ့အပြင် အချိန်လောက်ငှစွာ လက်တွေ့ လေ့ကျင့်နိုင်စေဖို့ အပတ်စဉ်တိုင်း သင်တန်းသားဦးရေကို အနည်းငယ်သာ လက်ခံသင်ကြားပေးပါတယ်။ Hotel Industary မှာ +11 years ကျော် အတွေ့အကြုံရှိတဲ့ ဆရာဦးဇော်ရဲ ကိုယ်တိုင်က အနီးကပ် သင်ကြားပေးမယ့် ဒီသင်တန်းကိုတော့ ရန်ကုန်မြို့ရဲ့ အချက်အခြာနေရာတစ်ခုဖြစ်တဲ့ ဗိုလ်ချုပ်စျေးမှာ ဖွင့်လှစ်ထားပါတယ်။

သင်တန်း ကို အလုပ်တစ်ဖက် နှင့် တက်လို သူများ အတွက် စနေ၊ တနင်္ဂနွေ (Weekends) ၄ ပတ် အတန်း နဲ့ နိုင်ငံခြား ထွက်ဖို့ နီးနေ ပြီ အမြန်အပြီး တက်ချင် သူ များ အတွက် အင်္ဂါ မှ သောင်္ကြာ (Weekdays) ၂ ပတ် အတန်း ဆို ပြီးကြိုက်နှစ်သက် ရာရွေးတက်လို့ ရပါတယ်။

သင်တန်း အချိန် မှာ မနက် ၁၀ နာရီ မှ ညနေ ၃:၃၀ နာရီ အထိ ဖြစ်ပါတယ်။

နောက်ဖွင့် မည့်သင်တန်းရက် -

Weekends Class - July 6-7, 13-14, 20-21, 27-28 (4 Weeks)

Weekdays Class - July 9-12, 16-19 (2 Weeks )

သင်တန်းကြေး - 350,000 ကျပ်။

အရေအတွက်ကန့်သတ်ထားတာ မို့ ကြိုတင်စာရင် ပေးသွင်းထားလို့ရပါတယ် ဗျ။

ဖုန်း - ၀၉-၄၃၀၂၃၅၉၁။
သင်တန်းနေရာ - HITS(Hospitality Industry Training Service), ဗိုလ်ချုပ်အောင်ဆန်းဈေးဟောင်း၊ ပန်းဘဲတန်းမြို့နယ်၊ ရန်ကုန်။

Duolingo Test ကိုမြန်မာနိုင်ငံမှာဆို Visa Card နဲ့အလွယ်ကူဆုံးဝယ်ယူနိုင်ပါတယ်။ အရင်ဆုံး Visa Card ဘဏ်မှာဖွင့် ဘဏ်အကောင့်ထ...
02/07/2024

Duolingo Test ကိုမြန်မာနိုင်ငံမှာဆို Visa Card နဲ့အလွယ်ကူဆုံးဝယ်ယူနိုင်ပါတယ်။ အရင်ဆုံး Visa Card ဘဏ်မှာဖွင့် ဘဏ်အကောင့်ထဲ 70$ တစ်ခါတည်းထည့်ခဲ့ရုံပါပဲ။( Duolingo Test တစ်ခါဝယ်ရင် 65$ ကျပါတယ်) ပြီးတာနဲ့ Duolingo App ကို Laptop မှာ Download ဆွဲ၊ အကောင့်ဖွင့်ပြီး Buy 1 Test ဆိုတာကိုရွေး ကိုယ့် Credit Card နာပါတ်ထည့်လိုက်ရုံနဲ့ Test ဝယ်ပြီးသားဖြစ်သွားပါပြီ။ တစ်ခုသိထားရမှာက Test ဝယ်ပြီးတာနဲ့နောက် 21 ရက်အတွင်း Final Test ဖြေဆိုရပါမယ်။ ဒါကြောင့် ကိုယ်ဖြေတော့မှာသေချာပြီဆိုမှဝယ်ပါနော်။

နောက်ပြီး Test ဖြေမယ်ဆိုကိုယ့် Laptop နဲ့ဖြေတာထက် Exam Center တွေမှာသွားဖြေတာကို ပို Recommend ပေးချင်ပါတယ်။ ဘာ့ကြောင့်လဲဆိုရင် Duolingo Test ကကိုယ်ကြိုက်တဲ့အချိန် ကြိုက်တဲ့နေရာမှာ ဖြေဆိုရတော့ စည်းကမ်းက လည်း တင်းကြပ်ပါတယ်။ ဖြေနေချိန် အခန်းထဲမှာတစ်ယောက်တည်းရှိနေရမှာဖြစ်ပြီး ဘေးကဆူညံသံတွေပါလာတာဖြစ်ဖြစ်၊ Laptop Screen ကနေမျက်လုံးလွှဲသွားတာမျိုးဖြစ်ပါစေ၊ Mouse Casa ကဖြေနေတဲ့ screen ရဲ့အပြင်ကိုခဏခဏ ချော်ထွက်သွားတာမျိုး ဒါမှမဟုတ် Background Apps တွေဖွင့်ထားတာမျိုးတို့ဆို ဘယ်လောက်ပဲကောင်းကောင်းဖြေခဲ့ပါစေ Test Invalid ဆိုပြီး Invalid ဖြစ်ရတဲ့ Reason နဲ့ Test Fail ဖြစ်ကြောင်း 2 ရက်နေတဲ့အခါ Mail ပို့ပါတယ်။

ဒါကြောင့် Exam Center တွေမှာသွားဖြေတာကတော့အကောင်းဆုံးရွေးချယ်မှုဖြစ်ပြီး ကိုယ့် Laptop နဲ့ပဲဖြေမယ်ဆို Laptop က Background App တွေပိတ်ထားဖို့နဲ့ ဘေးကဆူညံသံတွေဝင်မလာအောင် သတိထားရပါမယ်။ မဖြေခင်မှာ စည်းကမ်းချက်တွေကို အသေးစိတ် ပြောပြပေးသလို Duolingo App ထဲမှာလည်း ကြိုဖတ်ထားလို့ရပါတယ်။ တကယ်လို့ကိုယ်က Test Fail (Invalid) ဖြစ်ခဲ့တယ်ဆို Test ကိုထပ်ဝယ်စရာမလိုပဲ နောက်ထပ် နှစ်ကြိမ်တိတိထပ်မံဖြေဆိုခွင့်ရှိပါသေးတယ်။

Final Test ဖြေပြီးပြီဆိုတာနဲ့ 2 ရက်အတွင်း Result ကို ကိုယ်ဖြည့်ထားတဲ့ Mail ထဲပို့ပေးပါတယ်။ Test Result အသေးစိတ်ကို Duolingo App ထဲမှာပဲဝင်ကြည့်လို့ရပြီးတော့ ကိုယ်ရတဲ့အမှတ်အသေးစိတ် Skills တစ်ခုချင်းစီကို ဖော်ပြထားပေးပါတယ်။ Result ကို ကမ္ဘာပေါ်ကကျောင်းပေါင်း 5000 ကျော်ဆီတိုက်ရိုက်ပို့လို့ရပါသေးတယ်နော်။ Test အောင်ပြီးလို့ ကိုယ့်အမှတ်ကို အားမရလို့ဆိုပြီး နောက်တစ်ခေါက်ထပ်ဖြေမယ်ဆိုရင်တော့ 65$ ထပ်ပေးပြီးဖြေလို့ရနိုင်ပါတယ်။

ကိုယ်တိုင်ဘာမှလုပ်စရာမလိုပဲ Test ဖြေပြီးတာနဲ့ကျောင်းလျှောက်တာကနေ Visa process အစအဆုံးကို ဈေးနှုန်းသက်သာစွာနဲ့ Service ပေးနေပါပြီ ✔️
ကျောင်းရွေးတာအစ Visa အဆုံး Consultation အပြည့်လည်းရယူနိုင်သေးတာမို့ နိုင်ငံခြားမှာကျောင်းတက်တော့မယ်ဆို Beyond Borders Visa and Education Service ကိုသတိရလိုက်ပါနော်!

အသေးစိတ်သိရှိလိုပါက Page Messenger မှတဆင့် မေးမြန်းနိုင်သလို၊ ဖုန်းဆက်၍လည်း သိလိုသမျှကို စုံစမ်းနိုင်ပါတယ်။

Yangon Address 🏠 အမှတ် (၃)၊ မြောက်ဘက်တန်း၊ ဗိုလ်ချုပ်အောင်ဆန်းဈေး၊ ပန်းဘဲတန်း မြို့နယ်၊ ရန်ကုန်။
Yangon Phone ☎️


🦉 Duolingo Test အကြောင်းသိကောင်းစရာ🦉IELTS ထက် စာမေးပွဲကြေးသက်သာ၊ Result မြန်မြန်ထွက်ပြီး Laptop ရှိရုံနဲ့ ဖြေလို့ရတဲ့ Du...
20/06/2024

🦉 Duolingo Test အကြောင်းသိကောင်းစရာ🦉

IELTS ထက် စာမေးပွဲကြေးသက်သာ၊ Result မြန်မြန်ထွက်ပြီး Laptop ရှိရုံနဲ့ ဖြေလို့ရတဲ့ Duolingo အကြောင်းကို ဒီပို့စ်မှာပြည့်ပြည့်စုံစုံဖော်ပြပေးသွားပါမယ်။

အခုနောက်ပိုင်း US Community College ဒါမှမဟုတ် College တွေလျှောက်မယ်ဆို Duplingo Test ကိုပဲ ကျောင်းသားအများစုဖြေဆိုလာကြပါတယ်။ Duolingo Test Result နဲ့ဆို US ကကျောင်းအတော်များများကို လျှောက်ထားလို့ရနိုင်သလို UK , SG ကတစ်ချို့ကျောင်းတွေဆိုလည်း Duoingo Result နဲ့ ကျောင်းလျှောက်ထားလို့ရနေပါပြီ။

ကဲဒါဆ်ို Duolingo Test အကြောင်းစပါမယ်နော်!

Duolingo Test က IELTS နဲ့ယှဉ်ရင် သိပ်ကိုလွယ်ကူတဲ့ English Test တစ်ခုပါ။ Duolingo မှာ အမှတ် 10 ကနေ 160 ထိရှိပါတယ်။
▶️10-55 Basic
▶️60-85 Intermediate
▶️90-115 Upper-Intermediate
▶️125-160 Advanced
ဆိုပြီး သတ်မှတ်ပေးထားပါတယ်။

US က Community College အတော်များများက Duolingo Score အနည်းဆုံး 75 ကနေ စလက်ခံကြပါတယ်။ ကျောင်းပေါ်မူတည်ပြီး အနည်းဆုံးအဆင့်သတ်မှတ်ပုံ ကွဲသွားပေမဲ့ ကိုယ့်ဘက်က အမှတ် 90 အထက်ရထားရင်တော့ ဘယ်ကျောင်းမဆိုရွေးလျှောက်လို့ရတာပေါ့။

Duolingo test ကို English Intermediate Level ရှိတဲ့ကျောင်းသားတစ်ယောက်က စာမေးပွဲပုံစံကိုပဲလေ့လာပြီး ဖြေမယ်ဆိုရင်တောင် အနည်းဆုံး အမှတ် 75 အထက်ရနိုင်တာသေချာပါတယ်။
Duolingo Test ကလည်း သာမာန် English Level Test တွေလို 4 skills ကိုပဲစစ်ဆေးတာဖြစ်ပါတယ်။ Listening, Reading , Writing, Speaking skills တွေကို မေးခွန်းပုံစံမျိုးစုံနဲ့ English Language သင်တန်းမှာ စာလေ့ကျင့်နေရသလိုဖြေရတဲ့ Test မျိုးမို့ ကြောက်စရာမလိုပါဘူး။

နောက်တစ်ခုက Duolingo ဖြေဖို့အတွက်
အချိန်အများကြီးပေးပြီးလေ့ကျင့်နေစရာမလ်ိုပါဘူး။ အပေါ်မှာပြောခဲ့သလို ကိုယ်က English စာအသင့်အတင့်ရှိတဲ့သူဆို ၁ လလောက်အချိန်ပေးပြီး Duolingo Test အကြောင်း Youtube မှာ self-study လုပ် Duolingo App ထဲမှာ Practice Test ခဏခဏလေ့ကျင့်လိုက်မယ်ဆိုရင် ကိုယ်လိုချင်တဲ့အမှတ်ရကိုရနိုင်ပါတယ်။ Free Practice Test တွေလည်း ကိုယ်လေ့ကျင့်ချင်သလောက် Duolingo App ထဲသွားပြီးလေ့ကျင့်နေလို့ရသလို နောက်ဆုံး Duolingo Final Test ကို ဖြေတော့မယ်ဆိုရင် Final Test အတိုင်းမေးခွန်းပုံစံပေးထားပြီး ဖြေရတဲ့ Practice Test ကို တစ်ကြိမ် Free ဖြေခွင့်ရှိပါတယ်။ အမှတ်ကိုလည်းတစ်ခါတည်းပြပေးတာဆ်ုတော့ အဲ့ဒီ တစ်နာရီ အစမ်း Test မှာ အမှတ် 70-90 ကြားရတယ်ဆို တော်တော်အခြေနေကောင်းနေပါပြီ။ Final Test ကိုအေးအေးဆေးဆေးဖြတ်ကျော်နိုင်မှာပါ။

Duolingo ဖြေတော့မယ်ဆို ဖြစ်နိုင်ရင် Self-study သာလုပ်ပါ။ သင်တန်းတွေလိုက်တက်နေတာက အချိန်ကုန်ငွေကုန်ရုံပါပဲ။ ကိုယ်တိုင် self-study ဆို Duolingo Test အကြောင်းလည်းပိုပြီးထဲထဲဝင်ဝင်သိသလို Youtube မှာသင်ပြထားတဲ့ Practice Test Video များစွာရှိတာမို့ကိုယ်တိုင်လေ့လာဖို့သာတိုက်တွန်းချင်ပါတယ်။
Youtube မှာဆ်ို Teacher Luke က Duolingo အတွင်အကောင်းဆုံး Channel ပါ။ Teacher Luke Channel တစ်ခုတည်းကိုပဲကြည့်ပြီး Duolingo self-study လုပ်နိုင်ပါတယ်။

ဒါတွေကတော့ Duolingo Test အကြောင်း အပြည့်အစုံပါပဲနော်။ Duolingo Test ကိုကိုယ်တိုင်မဝယ်ချင်ပဲ Service ယူပြီးကျောင်းလျှောက်တဲ့အထိအစအဆုံး process အားလုံးကို Beyond Borders မှာအပ်လို့ရနိုင်ပါတယ်နော် 😍

Duolingo Test ဘယ်လိုဖြေရမလဲနဲ့ စျေးနှုန်းအသေးစိတ်ကို ထပ်တင်ပေးသွားမှာဖြစ်လို့ Page လေးကို Like & See First လေး လုပ်ထားပေးနော်။

အသေးစိတ်သိရှိလိုပါက Page Messenger မှတဆင့် မေးမြန်းနိုင်သလို၊ ဖုန်းဆက်၍လည်း သိလိုသမျှကို စုံစမ်းနိုင်ပါတယ်။

Yangon Address 🏠 အမှတ် (၃)၊ မြောက်ဘက်တန်း၊ ဗိုလ်ချုပ်အောင်ဆန်းဈေး၊ ပန်းဘဲတန်း မြို့နယ်၊ ရန်ကုန်။
Yangon Phone ☎️ 09-43023591


Office Admin ဝန်ထမ်းအမြန်အလိုရှိသည်📣 Beyond Borders Visa & Education Service အတွက် အောက်ပါအချက်များ လုပ်ကိုင်နိုင်သော Of...
06/06/2024

Office Admin ဝန်ထမ်းအမြန်အလိုရှိသည်📣

Beyond Borders Visa & Education Service အတွက် အောက်ပါအချက်များ လုပ်ကိုင်နိုင်သော Office Admin တစ်ယောက် ခေါ်ယူနေပါတယ်။

Job Requirements
- English စာ အရေး၊အဖတ် ကျွမ်းကျင်ရပါမယ်။
- Microsoft office သုံးတတ်ရပါမယ် ( Word & Excel)
- Email ကျွမ်းကျင်စွာ ရေးတတ်၊ ပို့တတ်ရပါမယ်
- ရေရှည်လုပ်ကိုင်နိုင်သူကို ဦးစားပေးပါမယ်

တစ်ပတ်မှာ Monday တစ်ရက်ပိတ်ပေးမှာဖြစ်ပြီး ကျန်တဲ့ ရက်တွေမှာတော့ 9AM-5PM ရုံးတက်ရမှာဖြစ်ပါတယ်။ စိတ်ဝင်စားတယ်ဆိုရင်တောဘ [email protected] ကို CV ပေးပို့ပေးပါခင်ဗျာ။

ဈေးသက်သက်သာသာနဲ့ ဗီဇာ 15 လရမယ့် Maha Chulalongkorn Rajavidyalaya University က Thai Language Program ကို Beyond Borders န...
20/05/2024

ဈေးသက်သက်သာသာနဲ့ ဗီဇာ 15 လရမယ့် Maha Chulalongkorn Rajavidyalaya University က Thai Language Program ကို Beyond Borders နှင့်အတူ အပ်နှံလို့ရနေပါပြီ 🥰 (Program လေးလူမပြည့်ခင် အမြန်လေးအပ်ဖို့တော့လိုမယ် နော်)

📌 Thai Language Program ရဲ့ အားသာချက်တွေက
🔰 ထိုင်းတွင် နေထိုင်ခွင့် ဗီဇာ 15 လ ရရှိခြင်း
🔰 Thai Language တတ်မြောက်ကြောင်း Certificate ပေးခြင်း
🔰 တစ်ပတ်ကို ပိတ်ရက်များတွင်သာ 3နာရီလောက် အတန်းတက်ရခြင်း
🔰 Semester 2 ခုသာတက်ရမှာဖြစ်ခြင်း

📌 ကျောင်းအပ်ဖို့အတွက်လိုအပ်သောစာရွက်စာတမ်းများ
🔰 အထက်တန်းအောင်လက်မှတ် (သို့) ဘွဲ့လက်မှတ် Notary
🔰 အနည်းဆုံးရက် 30 ကျန်ရှိသေးတဲ့ Tourist Visa
🔰 အပြာရောင်နောက်ခံတွင်ရိုက်ထားသော 1 လက်မခွဲ ဓာတ်ပုံ
🔰 TM 30 Copy
🔰 Visa တုံးထုထားသော Passport Copy

စာရွက်စာတမ်းတွေပြည့်စုံပြီဆိုရင်တော့ ကျောင်းစ‌အပ်လို့ရပါပြီ ။ TM 30 မရှိသေးသူတွေအတွက် Service Fees - 300 Bath နဲ့ Beyond Borders မှာ၀န်ဆောင်မှုယူလို့ရပါတယ်ခင်ဗျာ။

📌 ကျောင်းအပ်ရာတွင်ကုန်ကျစရိတ်များ
✅ Application Form - 300 Bath
✅ ကျောင်းလခ - 13000 Bath
✅ Uniform ဖိုး - 250 Bath
✅ ကျောင်းသားကတ် - 150 Bath

စုစုပေါင်း Bath 13700သာ ကုန်ကျမှာဖြစ်ပါတယ်။ ကျောင်းအပ်ဖို့အတွက် အစအဆုံး၀န်ဆောင်မှုကို Bath 3500 နဲ့ Beyond Borders တွင် ရယူနိုင်ပါတယ်ခင်ဗျာ။

📌 Education Visa
ကျောင်းအပ်ပြီးပြီးဆိုရင်တော့ တစ်လကြာတဲ့အခါမှာ Education Visa လျှောက်လို့ရပါပြီ။ Immigration Feesကို ပထမ 3 လစာအတွက် 1900 Bath တစ်ခါသွင်းပြီး နောက်ထပ် 12 လအတွက် 1900 Bath ကို တစ်ခါထပ်သွင်းပေးရမှာဖြစ်ပါတယ်။ Visa လျှောက်ဖို့အတွက်ကိုလည်း Service Fee - 1000 Bath တည်းနဲ့ Beyond Borders မှ လျှောက်ပေးပါတယ်ခင်ဗျာ။

အခြား Language Program တွေလို ဈေးမများဘဲနဲ့ စရိတ်သက်သာတဲ့အတွက် ကျောင်းအပ်မယ့် ကျောင်းသားဦးရေများတာမို့ လူမပြည့်ခင်လေး အမြန်အပ်ထားမှစိတ်ချရမှာပါ။

Service များကို တစ်ခုချင်းစီခွဲယူလို့လည်းရသလို အစအဆုံးဆိုလည်း အဆင်ပြေစေဖို့အတွက် Beyond Borders Visa and Education Service မှ ဈေးသက်သာစွာနဲ့ ၀န်ဆောင်မှုပေးနေပါတယ်ခင်ဗျာ 🥰

အသေးစိတ်သိရှိလိုပါက Page Messenger မှတဆင့် မေးမြန်းနိုင်သလို၊ ဖုန်းဆက်၍လည်း သိလိုသမျှကို စုံစမ်းနိုင်ပါတယ်။

Yangon Address 🏠 အမှတ် (၃)၊ မြောက်ဘက်တန်း၊ ဗိုလ်ချုပ်အောင်ဆန်းဈေး၊ ပန်းဘဲတန်း မြို့နယ်၊ ရန်ကုန်။
Yangon Phone ☎️
09 683366405

🇺🇸 US ကျောင်းလျှောက်ဖို့နှင့် Visa အတွက် ဘာတွေလိုမလဲ⁉️ကျောင်းလျှောက်တော့မယ်ဆိုရင် လိုအပ်တဲ့ စာရွက်စာတမ်းတွေကတော့🔹 Passpo...
10/05/2024

🇺🇸 US ကျောင်းလျှောက်ဖို့နှင့် Visa အတွက် ဘာတွေလိုမလဲ⁉️

ကျောင်းလျှောက်တော့မယ်ဆိုရင် လိုအပ်တဲ့ စာရွက်စာတမ်းတွေကတော့

🔹 Passport
🔹High School Diploma/ GED / ဆယ်တန်းအောင်လတ်မှတ်
🔹Master တက်မယ်ဆိုရင်တော့ Bachelor Degree
🔹 English Proficiency Test
🔹Bank Statement
🔹 Personal Statement

US သွားမယ်ဆိုရင်တော့ English Test အနေနဲ့ Duolingo အဖြေများကြပြီး 65 USD ကျသင့်ပါတယ်။

Bank Statement အနေနဲ့ ကိုယ်တက်မယ့်ကျောင်းရဲ့ Tuition Fees တစ်နှစ်စာရယ် နေထိုင်စရိတ်တစ်နှစ်စာ ပေါင်းတဲ့ ပမာဏကို Bank ထဲမှာ ရှိကြောင်းပြနိုင်ရင်ရပါတယ်ခင်ဗျာ။

ကျောင်းလျှောက်ခ အနေနဲ့ တစ်ကျောင်းကို 55-100 USD လောက်ကျသင့်နိုင်ပါတယ်။ ကျောင်းကလက်ခံလိုက်ပြီဆိုတာနဲ့ I-20 ရမှာဖြစ်ပြီး Student Visa စလျှောက်လို့ရပါပြီ။

DS-160 Form အွန်လိုင်းကနေ ဖြည့်ရမှာဖြစ်ပြီး Visa fee အနေနဲ့ 185 USD ကျသင့်မှာပါ။

Visa လျှောက်ဖို့လိုအပ်တာတွေကတော့
🔸Passport
🔸 Appointment Confirmation Letter
🔸 2” ပတ်လည် ဓာတ်ပုံ
🔸I90( SEVIC)
🔸 I20
🔸 DS 160
🔸 Bank Statement တို့ဖြစ်ပါတယ်။

ကျောင်းလျှောက်တာကစလို့ Visa ရဖို့ထိ အဆင့်ဆင့် ပြင်ဆင်ရမှာတွေက အချိန်ယူရပါတယ်။ Beyond Borders ကို Service အပ်လိုက်ပြီဆိုတာနဲ့ ဒီ Process ကြီးတစ်ခုလုံးကို ဆောင်ရွက်ပေးမှာမို့ အချိန်ကုန်၊လူပန်း၊ခေါင်းရှုပ် သက်သာစေမှာပါ။

အတွေ့အကြုံရှိ Consultants များမှ သေချာလေး လမ်းညွှန် ကူညီပေးမှာဖြစ်ပြီး တခုခုမပြည့်စုံတာရှိရင်လည်း အကောင်းဆုံးဖြစ်အောင်ဆောင်ရွက်ပေးမှာမို့ အပြည့်အဝ ယုံကြည်စိတ်ချနိုင်ပါတယ်ခင်ဗျာ။

အသေးစိတ်သိရှိလိုပါက Page Messenger မှတဆင့် မေးမြန်းနိုင်သလို၊ ဖုန်းဆက်၍လည်း သိလိုသမျှကို စုံစမ်းနိုင်ပါတယ်။

Yangon Address 🏠 အမှတ် (၃)၊ မြောက်ဘက်တန်း၊ ဗိုလ်ချုပ်အောင်ဆန်းဈေး၊ ပန်းဘဲတန်း မြို့နယ်၊ ရန်ကုန်။
Yangon Phone ☎️
0943023591

Address

အမှတ် (၃)၊ မြောက်ဘက်တန်း၊ ဗိုလ်ချုပ်အောင်ဆန်းဈေး
Yangon

Website

Alerts

Be the first to know and let us send you an email when Beyond Borders Visa & Education Service posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share