Z&N Biz

Z&N Biz စျာန် စီးပွားရေး

အခုတလော  #ဆောက်လုပ်ခွင့်ပါမစ် ကိစ္စနဲ့ပက်သက်ပြီးဂယက်ထလို့ အိမ်ဆောက်မယ်ဆို ဆောက်လုပ်ခွင့်ပါမစ်လျှောက်ထားပုံလေးကို ပြောပြခ...
23/08/2026

အခုတလော #ဆောက်လုပ်ခွင့်ပါမစ် ကိစ္စနဲ့ပက်သက်ပြီးဂယက်ထလို့ အိမ်ဆောက်မယ်ဆို ဆောက်လုပ်ခွင့်ပါမစ်လျှောက်ထားပုံလေးကို ပြောပြချင်ပါတယ်။

ကျနော်က သန်လျှင် Base Construction ဖြစ်လို့ သန်လျှင်မှာ အိမ်ဆောက်မယ်ဆို သန်လျှင်စည်ပင်မှာ ဆောက်လုပ်ခွင့်လျောက်ပုံကို ပြောပြမယ်။

သန်လျှင်မြို့နယ် စည်ပင်သာယာရေးအဖွဲ့တွင် အိမ်ဆောက်လုပ်ခွင့် (ပါမစ်) လျှောက်ထားရန်အတွက် အောက်ပါအတိုင်း အဆင့်ဆင့် ဆောင်ရွက်ရပါမည်။

အဆင့် (၁) - လျှောက်လွှာထုတ်ယူခြင်း
* မိမိ၏ မြေပိုင်ဆိုင်မှုအထောက်အထား (ပုံစံ-၁၀၅) အား ယူဆောင်၍ သန်လျှင်မြို့နယ်စည်ပင်ရုံးတွင် အိမ်ဆောက်လုပ်ခွင့် လျှောက်လွှာပုံစံကို ထုတ်ယူပါ။
* (မှတ်ချက်။ ။ ပုံစံ-၁၀၅ သက်တမ်းကုန်နေပါက မြေစာရင်းဦးစီးဌာနရုံးတွင် သက်တမ်းတိုးခြင်းကို ကြိုတင်ဆောင်ရွက်ထားရပါမည်။)

အဆင့် (၂) - လိုအပ်သော စာရွက်စာတမ်းပြင်ဆင်ခြင်း
လျှောက်လွှာနှင့်အတူ ပူးတွဲတင်ပြရန် ပြင်ဆင်ရမှာတွေကတော့

2ထပ်ခွဲနှင့်အောက် အဆောက်အဦးများအတွက်
* ပိုင်ဆိုင်မှုအထောက်အထား အနေနဲ့ မြေပုံနှင့် မြေရာဇဝင် (ပုံစံ-၁၀၅) မူရင်း။
* ပိုင်ရှင်အထောက်အထား အဖြစ် အိမ်ထောင်စုဇယားမိတ္တူနှင့် မှတ်ပုံတင်မိတ္တူ၊ မှတ်ပုံတင်ပြီး အရောင်းဝယ်စာချုပ် မိတ္တူ။
* အနည်းဆုံး RE (Construction) လက်မှတ်ထိုးထားသော Architecture Drawing တစ်စုံ

3ထပ်နှင့်အထက် အဆောက်အဦးများအတွက်
အထက်ပါစာရွက်စာတမ်းများအပြင်
* Architecture Drawing၊ Structure Drawing တို့ကိုမှတ်ပုံတင်အင်ဂျင်နီယာ RSE Engineer လက်မှတ်
ရေးထိုးထားရမည်။ (မြန်မာနိုင်ငံအဆောက်အအုံဆိုင်ရာ လုပ်ထုံးလုပ်နည်း MNBC-2025 နှင့်အညီ ဖြစ်ရမည်)။
* Etab Soft Copy & Structure Calculation: အဆောက်အအုံ ကြံ့ခိုင်မှုတွက်ချက်မှုနှင့် ဆော့ဖ်ဝဲလ်ဖိုင်။
* Stability Checking: အဆောက်အအုံ တည်ငြိမ်မှုစစ်ဆေးချက်။
* Soil Test: မြေစမ်းသပ်ချက် အစီရင်ခံစာ။
* ရေဆွဲပုံစံများ: အဆောက်အအုံ၏ အရှေ့၊ အနောက်၊ ဘေးတိုက်အမြင်ပုံများ၊ ဖြတ်ပိုင်းပုံများနှင့် အင်ဂျင်နီယာဌာနက သတ်မှတ်ထားသော ပုံစံအတိုင်း ပြည့်စုံစွာ ဆွဲသားထားသော ရေဆွဲပုံစံ။

အဆင့် (၃) - လျှောက်လွှာဖြည့်စွက်ခြင်းနှင့် ဝန်ခံကတိပြုခြင်း

* အဆောက်အအုံဆောက်လုပ်ခွင့်လျှောက်လွှာ မှာအိမ်ရှင်အမည်၊ ဆောက်လုပ်မည့်နေရာ ၊ အဆောက်အအုံအမျိုးအစား ၊ အခြေခံအုတ်မြစ် အမျိုးအစား၊ နံရံ၊ ကြမ်းခင်း၊ အမိုး၊ အလျား/အနံ/အမြင့် တို့ကို ပြည့်စုံစွာ ဖြည့်စွက်ရပါမည်။
* ဝန်ခံချက် : ခွင့်ပြုချက်ရရှိသည့်အတိုင်း ဆောက်လုပ်ရန်၊ (၃ ထပ်နှင့်အထက်ဖြစ်ပါက) ဖောင်ဒေးရှင်း၊ တိုင်၊ ယက်မ ဆောက်လုပ်ပြီးတိုင်း စည်ပင်သို့ အဆင့်ဆင့် အစစ်ဆေးခံရန်၊ အစစ်ဆေးမခံဘဲ ကွန်ကရစ်လောင်းပါက အရေးယူမှုခံယူရန် ဝန်ခံလက်မှတ်ရေးထိုးရပါမည်။
* ဝန်ခံကတိပြုလွှာ : သတ်မှတ်ထားသော မြေနေရာနှင့် စတုရန်းဧရိယာထက် ကျော်လွန်ဆောက်လုပ်ခြင်း၊ လွဲမှားခြင်းရှိပါက ဖြိုဖျက်သည်အထိ အရေးယူမှုကို ခံယူပါမည်ဟု အိမ်ရှင်မှ ဝန်ခံကတိပြု လက်မှတ်ရေးထိုးရပါမည်။

အဆင့် (၄) - ပတ်ဝန်းကျင်နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူး ထောက်ခံချက်ရယူခြင်း

* မိမိဆောက်လုပ်မည့် အဆောက်အအုံအနီးပတ်ဝန်းကျင်ရှိ အရှေ့၊ အနောက်၊ တောင်၊ မြောက် အိမ်နီးနားချင်းများမှ ကန့်ကွက်ရန်မရှိကြောင်း (အမည်နှင့် လက်မှတ်) ရယူရပါမည်။
* ၎င်းနောက် သန်လျှင်မြို့နယ်၊ သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး သို့သွားရောက်၍ ကန့်ကွက်ရန်မရှိကြောင်း စစ်ဆေးမှုခံယူကာ ရပ်ကွက်အုပ်ချုပ်ရေးမှူး၏ ထောက်ခံချက် လက်မှတ်နှင့် တံဆိပ် ရယူရပါမည်။

အဆင့် (၅) - စည်ပင်ရုံးသို့ လျှောက်လွှာတင်ပြခြင်းနှင့် ကွင်းဆင်းစစ်ဆေးခံခြင်း
* ဖြည့်စွက်ထားသော လျှောက်လွှာ၊ ထောက်ခံချက်များနှင့် အင်ဂျင်နီယာပုံစံများကို စည်ပင်ရုံးသို့ တင်ပြပါ။
* သန်လျှင်မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ရပ်ကွက်တာဝန်ခံအင်ဂျင်နီယာ က မြေပြင်သို့ လာရောက်ကွင်းဆင်းစစ်ဆေးပါမည်။
* (သတိပြုရန်။ ။ ​ပေ(၄၀×၆၀) မြေ၌ အနည်းဆုံးအဆောက်အအုံ၏ ဘေးနှစ်ဘက်တွင် ၃​ ပေ၊ ရှေ့နောက်ကို ၅​ ပေ ချန်လှပ်၍ ဆောက်လုပ်ရပါမည်။)

အဆင့် (၆) - ကျသင့်ငွေပေးသွင်းခြင်းနှင့် ပါမစ်ထုတ်ယူခြင်း

* ကွင်းဆင်းစစ်ဆေးမှု အောင်မြင်ပြီးနောက် စည်ပင်သာယာရေးအဖွဲ့မှ သတ်မှတ်ထားသော အဆောက်အအုံ တန်ဖိုးဖြတ်ခွန်နှင့် စည်ပင်အခွန်အခများကို ပေးသွင်းရပါမည်။
* ငွေသွင်းပြီးပါက စည်ပင်သာယာရေးအဖွဲ့၏ အတည်ပြုချက်ဖြင့် တရားဝင် "အဆောက်အအုံဆောက်လုပ်ခွင့်ပါမစ်" ကို ထုတ်ယူရရှိမည် ဖြစ်သည်။ ပါမစ်ရရှိပြီးမှသာ အိမ်ဆောက်လုပ်ခြင်းလုပ်ငန်းကို စတင်ရပါမည်။

Crd. Thiha Su Aung

Onlineကနေ မီတာဘယ်လိုလျောက်ထားရမလဲလျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေနဲ့ မီတာလျောက်ထားမှုကို Onlineစနစ်နဲ့ ပြောင်းလဲကျင့်သ...
15/08/2026

Onlineကနေ မီတာဘယ်လိုလျောက်ထားရမလဲ

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေနဲ့ မီတာလျောက်ထားမှုကို Onlineစနစ်နဲ့ ပြောင်းလဲကျင့်သုံးမည်ဖြစ်ပါကြောင်း ကုန်ကျမည့်ငွေနှင့်တကွ ကြေညာချက်ထုတ်ပြန်ခဲ့ပြီးဖြစ်ပါတယ်။ ရည်ရွယ်ချက်ကတော့ မီတာများငှားရမ်းအသုံးပြုရာတွင် လွယ်ကူမြန်ဆန်စွာရရှိစေရန်နှင့် တဆင့်ခံပွဲစား၊ ဝန်ထမ်းများပါဝင်ပတ်သတ်မှုများမှ ကင်းဝေးစေပြီး အချိန်နှင့် စရိတ်စကများသက်သာစေရန် ဖြစ်ပါတယ်။ ဒီနေရာမှာ ငှားရမ်းအသုံးပြုရာတွင်ဆိုတဲ့ စကားလုံးကို အနည်းငယ် ရှင်းပြရရင် မီတာသည် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန (နိုင်ငံတော်ပိုင်)ပစ္စည်းဖြစ်ပြီး ဓာတ်အားသုံးစွဲသူများအနေဖြင့် အခကြေးငွေပေးသွင်း၍ ငှားရမ်းအသုံးပြုရတယ်လို့ ဆိုလိုပါတယ်။ ကောင်းပါပြီ အဲ့ငှားသုံးရတဲ့ မီတာကြီး Onlineနဲ့ ဘယ်လိုလျောက်ထားရသလဲ ပြောပြပါ့မယ်။

(က) လျောက်ထားရနိုင်သည့် အဖွဲ့အစည်းများနှင့် ဒေသများ
၁။ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဓာတ်အားသုံးစွဲလိုသူအားလုံး
၂။ မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း
မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ဓာတ်အားသုံးစွဲလိုသူအားလုံး
၃။ နေပြည်တော်ကောင်စီနယ်မြေ
နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ဓာတ်အားသုံးစွဲလိုသူအားလုံး
၄။ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း
ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် နေပြည်တော်ကောင်စီနယ်မြေမှ အခြားတိုင်းဒေသကြီးအားလုံးတွင် ဓာတ်အားစနစ်တည်ရှိ၍ ဓါတ်အားသုံးစွဲလိုသူအားလုံး
မည်သည့်အတွက် ခွဲခြားရသည်ဟုဆိုရလျှင် ဓါတ်အားသုံးစွဲလိုသူများအနေဖြင့် မိမိလျောက်ထားသုံးစွဲလိုသည့် နေရာဒေသအလိုက် သက်ဆိုင်ရာအဖွဲ့အစည်းများကို သေချာရွေးချယ်၍ လျောက်ထားမှသာ ရရှိနိုင်မည့်အတွက်ကြောင့် ဖြစ်ပါသည်။

(ခ) လျောက်ထားနိုင်မည့် မီတာအမျိုးအစားများ

ဓါတ်အားရယူသုံးစွဲလိုသူများအနေဖြင့် အောက်ဖော်ပြပါ မီတာအမျိုးအစားများအား လျောက်ထားနိုင်ပါသည်။
၁။ အိမ်သုံးမီတာ လျောက်ထားခြင်း
၂။ အိမ်သုံးပါဝါမီတာ လျောက်ထားခြင်း
၃။ ကန်ထရိုက်တိုက်အိမ်သုံးမီတာ လျောက်ထားခြင်း
၄။ စက်မှုသုံးပါဝါမီတာလျောက်ထားခြင်း
ဟူ၍ လေးမျိုးအား လျောက်ထားနိုင်မည်ဖြစ်ပါသည်။ လတ်တလောအခြေအနေများအရ ထရန်စဖော်မာမီတာလျောက်ထားမှုအား Online စနစ်ဖြင့် လျောက်ထားနိုင်ခြင်း မရှိသေးပါ။ ပုံ(၁)တွင် ကြည့်ပါ။

(ဂ) လျောက်ထားရရှိနိုင်မည့် ပုံစံနှင့် Website linkများ

မီတာလျောက်ထားလိုသူများအနေဖြင့် Google Chrome သို့မဟုတ် Websiteဝင်ရောက်နိုင်သည့် Application အား အသုံးပြုနိုင်သည့် Moblie Phone သို့မဟုတ် Laptop သို့မဟုတ် Computer စသည့် Device တခုခု လိုအပ်မည်ဖြစ်ပါသည်။
ဝင်ရောက်လျောက်ထားနိုင်မည့် Website linkမှာ
https://meter.moee.gov.mm/ ဖြစ်ပါသည်။ သို့တည်းမဟုတ် Google Chrome သို့မဟုတ် Websiteဝင်ရောက်နိုင်သည့် Applicationတွင် moee သို့မဟုတ် moepဟု ရိုက်ရှာပြီး https://www.moep.gov.mm အား ဝင်ရောက် အောက်သို့ဆွဲကာ Digital Smart မီတာအသစ် လျောက်ထားခြင်းတွေ ဝင်ရောက်၍ လျောက်ထားရမည်ဖြစ်ပါသည်။

(ဃ) လျောက်ထားရမည့်လုပ်ငန်းစဥ်အဆင့်ဆင့်
အပိုဒ်(ဂ)ပါ Website linkအား Google Chrome သို့မဟုတ် Websiteဝင်ရောက်နိုင်သည့် Application အား အသုံးပြုနိုင်သည့် Moblie Phone သို့မဟုတ် Laptop သို့မဟုတ် Computer စသည့် Device တခုခုဖြင့်ဝင်ရောက်ပါ။

၁။ ညာထောင့်တွင် အစိမ်းရောင်ဖြင့် ပြသထားသော အကောင့်ဖွင့်ရန်အား နှိပ်ပါ။

၂။ ပုံ(၂)တွင်ပြသထားသည့်အတိုင်း gmail accountဖြင့် လည်းကောင်း၊ ပုံ(၃)တွင် ပြသထားသည့်အတိုင်း ဖုန်းနံပါတ်ဖြင့်လည်းကောင်း အကောင့်(၁)ခု ဖွင့်လှစ်ရန် မဖြစ်မနေလိုအပ်မည်ဖြစ်ပါသည်။ Password အနေဖြင့် ဂဏန်း (၈)လုံး မဖြစ်မနေလိုအပ်မည်ဖြစ်ပါသည်။

၃။ gamilသို့ ဖုန်းနံပါတ်တွင် ရရှိလာသော Code (၆)လုံးအား ရိုက်ထည့်အတည်ပြုပြီးနောက် အကောင့်အသစ်တခု ရရှိမည်ဖြစ်ပြီး ပုံ(၄)အတိုင်း မြင်တွေ့ရမည်ဖြစ်ပါသည်။

၄။ ပုံ(၄)အတိုင်း မြင်တွေ့ရသည့် Website linkစာမျက်နှာရှိ လျောက်လွှာအသစ်စတင်ရန်အားနှိပ်ပါ။

၅။ ပုံ(၅)တွင်ဖော်ပြထားသည့်အတိုင်း အပိုဒ်(က)ပါ စာအရ မိမိလျောက်ထားလိုသော နေရာဒေသအလိုက် လျောက်ထားရမည့် အဖွဲ့အစည်းတွင်ရှိသော လျောက်ထားလိုသည့် မီတာ အမျိုးအစားအား နှိပ်လျှက် ရွေးချယ်ပေးပါ။

၆။ ပုံ(၆)တွင် ပြသထားသည့်အတိုင်း စည်းကမ်းချက်များ(၁၀ချက်)အား ဖော်ပြထားမည်ဖြစ်ပြီး အောက်ရှိ #အထက်ပါစည်းမျဥ်းစည်းကမ်းများကို_သိရှိနားလည်ပါက_လိုက်နာရန်_အမှန်ခြစ်ပါအား အမှန်ခြစ်၍ ဆက်လက်လုပ်ဆောင်မည်အား နှိပ်ပါ။

၇။ ပုံ(၇)တွင် ပြသထားသည့်အတိုင်း ကတိပြုဝန်ခံချက်အား ဖတ်၍ #အထက်ပါစည်းမျဥ်းစည်းကမ်းများကို_လဝန်ခံကတိပြုရန်_အမှန်ခြစ်ပါအား အမှန်ခြစ်၍ ဆက်လက်လုပ်ဆောင်မည်အား နှိပ်ပါ။

၈။ ပုံ(၈)၊ ပုံ(၉)၊ ပုံ (၁၀)တွင် ပြသထားသည့်အတိုင်း မိမိလျောက်ထားသုံးစွဲလိုသည့် ကီလိုဝပ်အလိုက် ကျသင့်ငွေအား ရွေးချယ်၍ သိမ်းဆည်း #ဆက်လက်လုပ်ဆောင်မည်အား နှိပ်ပါ။

၉။ ပုံ(၁၁)တွင် ပြသထားသည့်အတိုင်း အချက်အလက်များအား မှန်ကန်ပြည့်စုံစွာ မြန်မာဘာသာဖြင့် (မြန်မာဘာသာဖြင့်)ဖြည့်သွင်းရမည်ဖြစ်ပါသည်။ ၎င်းနောက် #ဆက်လက်ဆောင်ရွက်မည်ကိုနှိပ်ပါ။
၁၀။ ပုံ(၁၂)တွင် ပြသထားသည့်အတိုင်း လျောက်ထားသူ၏ မှတ်ပုံတင် ရှေ့မျက်နှာနှင့် နောက်မျက်နှာအား မူရင်းကာလာဖြင့်ရိုက်၍ ထည့်ပါ။၎င်းနောက် #ဆက်လက်ဆောင်ရွက်မည်ကိုနှိပ်ပါ။
၁၁။ ပုံ (၁၃)တွင် ပြသထားသည့်အတိုင်း လျောက်ထားသူ၏ အိမ်ထောင်စုစာရင်း အား ရှေ့မျက်နှာနှင့် နောက်မျက်နှာအား မူရင်းကာလာဖြင့်ရိုက်၍ ထည့်ပါ။၎င်းနောက် #ဆက်လက်ဆောင်ရွက်မည်ကိုနှိပ်ပါ။
၁၂။ ပုံ (၁၄)တွင် ပြသထားသည့်အတိုင်း လျောက်ထားသူ၏ အမှန်တကယ်နေထိုင်ကြောင်းနှင့် ကျူးကျော်မဟုတ်ကြောင်း ရပ်ကွက်/ကျေးရွာထောက်ခံစာအား မူရင်းကာလာဖြင့်ရိုက်၍ ထည့်ပါ။၎င်းနောက် #ဆက်လက်ဆောင်ရွက်မည်ကိုနှိပ်ပါ။
၁၃။ ပုံ (၁၅)တွင် ပြသထားသည့်အတိုင်း ပိုင်ဆိုင်မှု မြေဂရံ (သို့) အရောင်းအဝယ်စာချုပ်၏ မူရင်းအားကာလာဖြင့်ရိုက်၍ ထည့်ပါ။၎င်းနောက် #ဆက်လက်ဆောင်ရွက်မည်ကိုနှိပ်ပါ။

၁၅။ပုံ (၁၆)တွင် ပြသထားသည့်အတိုင်း လျောက်ထားသူ၏ အဆောက်အဦနှင့် ဓါတ်အားလိုအပ်သည့်နေရာအား ပြသည့် ဓါတ်ပုံများ အဆောက်အဦ၏ ရှေ့/နောက်၊ ဝဲ/ယာဘက် အားဓါတ်ပုံမှတ်တမ်းများ ထည့်သွင်းပါ။ ၎င်းနောက် #ဆက်လက်ဆောင်ရွက်မည်ကိုနှိပ်ပါ။

၁၆။ ပုံ (၁၇)တွင် ပြသထားသည့်အတိုင်း အချက်အလက်များ ဖြည့်သွင်းပြီးပါက ထည့်သွင်းထားသောအချက်အလက်များအတိုင်း လျောက်လွှာပုံစံကျလာမည်ဖြစ်ပြီး မှန်ကန်မှုရှိ/မရှိအား သေချာစီစစ်ရမည်ဖြစ်ပါသည်။ပြင်ဆင်ရန်လိုအပ်ပါက ပြင်ဆင်ရန်အား နှိပ်၍ ပြင်ဆင်နိုင်မည်ဖြစ်ပါသည်။ ၎င်းနောက် #ဆက်လက်ဆောင်ရွက်မည်ကိုနှိပ်ပါ။

(၁၇)ပုံ (၁၈)တွင် ပြသထားသည့်အတိုင်း ဤလျောက်လွှာအား ရုံးသို့ပို့မည် သေချာပြီလားဟုသော မေးခွန်းတွင် #လျောက်လွှာတင်သွင်းမည်အား နှိပ်ပါက လုပ်ငန်းစဥ်ပြီးဆုံးမည် ဖြစ်ပါသည်။

အချုပ်အားဖြင့် Online မီတာလျောက်ထားမှုလုပ်ငန်းစဉ်ဟာ လွယ်ကူလျှင်မြန်ပြီး အချိန်ကုန်သက်သာစေနိုင်မှာဖြစ်လို့ (၁၅.၈.၂၀၂၆)ရက်နေ့ကစပြီး လျောက်ထားနိုင်ပြီဖြစ်ကြောင်းနဲ့ လျောက်ထားသူများအနေဖြင့် ရရှိမည့် အချက်အလက်များ၊ ပွင့်လင်းမြင်သာမှုများကို ထပ်မံရေးသားဖော်ပြပေးပါမည်။

မူရင်း - ကေအက်စ်(ခွဲမှူး)

 #လမ်းမတန်း  #ဈေးတန်အရောင်း-အင်းစိန်၊ ကြို့ကုန်း၊ ခဝဲခြံ၊ အလယ်ဗဟိုလမ်းမကြီးမေးတင်- အင်းစိန် ကညန ရုံးရှိရာလမ်းမ၊ ခဝဲခြံ M...
31/07/2026

#လမ်းမတန်း #ဈေးတန်အရောင်း

-အင်းစိန်၊ ကြို့ကုန်း၊ ခဝဲခြံ၊ အလယ်ဗဟိုလမ်းမကြီးမေးတင်

- အင်းစိန် ကညန ရုံးရှိရာလမ်းမ၊ ခဝဲခြံ Makro ၊ ခဝဲခြံ KBZ bank ၊ ခဝဲခြံမျက်မမြင်ကျောင်းများအနီး၊

- sqft 3312 (မျက်နှာစာ ပေ ၇၀x အနောက်သို့ ပေ ၅၀ ခန့်) ၊ ထောင့်ကွက်၊ BN နှစ်ထပ်အိမ်အသင့်အတင့်+ ဆိုင်ခန်း ၂ ခန်း၊ အိမ်သုံးမီတာ ၂ လုံး၊ အဝီစိရေ

- နေထိုင်ရန် ပတ်ဝန်းကျင်သန့်၊ လမ်းသန့် သည့်အပြင် ဆေးရုံ၊ ကျောင်း၊ ဘဏ်၊ ကားနှင့်စပ်ဆက်သော စီးပွါးရေးလုပ်ငန်းများနှင့် ကွန်ဒိုဆောက်လုပ်ရန် နေရာကောင်း

- လက်ရှိအနေအထားအတိုင်း ငှါးရမ်းလျှင် ငှါးရမ်းခ သိန်း ၅၀ ဝန်းကျင်ခန့် ရရှိသောနေရာ

- မြေပိုင်မြေအမည်ပေါက်၊ အရပ်စာချုပ်၊ အရှုပ်အရှင်းကင်း၊

- ၂၇၀၀၀ သိန်း

- အကျိုးတူ 1:1 ရ

ဆက်သွယ်ရန်..
ဖုန်း - 09761800119, 09790744841

For rent  CITY- 19th Floor (City View)- 1205 Sqft (1MBR, 2BR)- 30 Lakh (Nego)- 095055748, 09761800119 (Agent)
15/06/2026

For rent CITY
- 19th Floor (City View)
- 1205 Sqft (1MBR, 2BR)
- 30 Lakh (Nego)
- 095055748, 09761800119 (Agent)

အကယ်၍ အိုင်ဆက်နယူတန် သာမြန်မာနိုင်ငံမှာ မွေးလာခဲ့မယ်ဆိုရင်Crd. Thayellma - သရဲမ
20/02/2026

အကယ်၍ အိုင်ဆက်နယူတန် သာ
မြန်မာနိုင်ငံမှာ မွေးလာခဲ့မယ်ဆိုရင်

Crd. Thayellma - သရဲမ

26/01/2026

စာချုပ်စာတမ်းမှတ်ပုံတင်လုပ်ငန်း နှင့် မြေအမည်ပြောင်းကိစ္စ။

မူရင်း - ဦး​ကျော်​ဇေယျ
(အိမ်ခြံ​မြေ ဝယ်​ရောင်းငှား ဥပ​ဒေ)

 #အချစ် နဲ့ စခဲ့ပေမဲ့... 👱‍♀️👱‍♂️ #သည်းခံခြင်း နဲ့ အိုမင်းခဲ့ကြတယ်... 👵👴Copy from internetကျွန်မတို့ လက်ထပ်ခဲ့ကြတာ နှစ်ပ...
16/01/2026

#အချစ် နဲ့ စခဲ့ပေမဲ့... 👱‍♀️👱‍♂️
#သည်းခံခြင်း နဲ့ အိုမင်းခဲ့ကြတယ်... 👵👴
Copy from internet

ကျွန်မတို့ လက်ထပ်ခဲ့ကြတာ နှစ်ပေါင်း (၅၀) ကျော်ခဲ့ပြီ။
လူတွေက မေးကြတယ်... "ဘွားဘွားတို့ အဘိုးနဲ့ အခုထိ ဘယ်လိုများ အဆင်ပြေအောင် နေကြတာလဲ?" တဲ့။

ကျွန်မ ပြုံးပြီး ပြန်ပြောလေ့ရှိတာက "အချစ်ဆိုတာ အိမ်တစ်လုံးကို ဆောက်တဲ့ အုတ်မြစ်ဆိုရင်၊ သည်းခံခြင်းဆိုတာကတော့ အဲဒီအိမ်ကြီး မပြိုလဲအောင် ထိန်းထားပေးတဲ့ တိုင်ကြီးတွေပဲ" လို့။

အိမ်ထောင်ရေးရဲ့ အစောပိုင်းနှစ်တွေမှာ ကျွန်မတို့လည်း အများကြီး ရန်ဖြစ်ခဲ့ကြတာပေါ့။

သူက အလုပ်ကိစ္စနဲ့ စိတ်တိုရင် ကျွန်မက ပြန်အော်ခဲ့ဖူးတယ်။

ကျွန်မက အိမ်မှုကိစ္စတွေ ပင်ပန်းရင် သူက နားမလည်ပေးခဲ့ဖူးဘူး။

အဲဒီတုန်းကတော့ အချစ်ဆိုတာ "ငါ့ကို သူ ဘယ်လောက် ဂရုစိုက်သလဲ" ဆိုတဲ့ အပေါ်မှာပဲ မူတည်နေခဲ့တာလေ။

ဒါပေမဲ့ အသက်တွေ ကြီးလာတဲ့အခါ... သူ့ရဲ့ ဆံပင်တွေ ဖြူလာတယ်၊ နားကလည်း သိပ်မကြားတော့ဘူး။

ကျွန်မကလည်း အရင်လို သွက်လက်မနေတော့ဘဲ ဒူးတွေ နာလာခဲ့တယ်။

အခုဆိုရင်... သူ နားမကြားလို့ တစ်ခုခုကို (၁၀) ခါလောက် ထပ်မေးရင် ကျွန်မ စိတ်မတိုတော့ဘူး။

"အို... သူ နားမကြားရှာဘူးပဲ" ဆိုတဲ့ ကိုယ်ချင်းစာစိတ်နဲ့ စိတ်ရှည်လက်ရှည် ပြန်ပြောပြတတ်လာတယ်။

ကျွန်မ နေမကောင်းလို့ ဟင်းချက်တာ ငန်သွားရင်လည်း သူက အပြစ်မတင်တော့ဘူး။

"မင်း ပင်ပန်းနေမှာပေါ့" ဆိုပြီး ငန်ငန်ကြီးကိုပဲ ပြုံးပြုံးကြီး စားပေးတတ်လာတယ်။

အိမ်ထောင်ရေးဆိုတာ အကောင်းတွေကိုပဲ စုဆောင်းတာမဟုတ်ဘူး။ တစ်ယောက်ရဲ့ အားနည်းချက်ကို တစ်ယောက်က ဖုံးဖိပေးတာ၊ တစ်ယောက်ရဲ့ အမှားကို တစ်ယောက်က မမြင်ချင်ယောင်ဆောင်ပေးတာ... အဲဒါကို "သည်းခံခြင်း" လို့ ခေါ်ပါတယ်။

အခု ကျွန်မတို့ တစ်ယောက်လက်ကို တစ်ယောက်တွဲပြီး လမ်းလျှောက်ရင် အရင်လို ရင်ခုန်သံတွေ တဒိန်းဒိန်း မမြည်တော့ပေမဲ့... ရင်ထဲမှာတော့ အရမ်းကို ငြိမ်းချမ်းပါတယ်။

သူ မရှိရင် ကျွန်မ ဘဝက ခြောက်ကပ်သွားမှာဖြစ်သလို၊ ကျွန်မ မရှိရင်လည်း သူ နေတတ်မှာ မဟုတ်တော့ဘူး။

အချစ်က သင့်ကို လက်ထပ်ပေးနိုင်ပေမဲ့၊ သည်းခံခြင်းကသာ သင့်ကို အိုအောင်မင်းအောင် အတူနေစေနိုင်တာပါ။

📌 နက်ရှိုင်းတဲ့ အမှန်တရား... အလှအပဆိုတာ ခဏပါ၊ ပိုက်ဆံဆိုတာလည်း လှည့်ပတ်နေတာပါ။ ဒါပေမဲ့ သင့်ရဲ့ အဆိုးဆုံးအချိန်တွေကို စိတ်ရှည်လက်ရှည်နဲ့ အတူဖြတ်ကျော်ပေးမယ့် "သည်းခံခြင်း" ရှိတဲ့ လက်တွဲဖော်မျိုး ရထားပြီဆိုရင်တော့ သင်ဟာ ကမ္ဘာပေါ်မှာ အချမ်းသာဆုံးလူပါပဲ။

* စာဖတ်သူတို့ရော... ကိုယ့်ရဲ့ လက်တွဲဖော်အပေါ်မှာ ဘယ်လောက်အထိ စိတ်ရှည်သည်းခံပေးနိုင်ကြပြီလဲ?

ရုပ်နာမ်သေတယ်ဆိုတာရေနံသုတ်တာပဲ ဒကာမလေး ...တန်ခူးလမှာ ကိုရင်ဝတ်ခဲ့ပေမယ့်တစ်ဦးတစ်ယောက်ရဲ့ဘဝမှာကိုယ်အရင်မဖြစ်ခဲ့ပါဘူး ...ဘ...
14/01/2026

ရုပ်နာမ်သေတယ်ဆိုတာ
ရေနံသုတ်တာပဲ ဒကာမလေး ...

တန်ခူးလမှာ ကိုရင်ဝတ်ခဲ့ပေမယ့်
တစ်ဦးတစ်ယောက်ရဲ့ဘဝမှာ
ကိုယ်အရင်မဖြစ်ခဲ့ပါဘူး ...

ဘဝမှာ ...
အဆင့်တစ်ရယ်
အချစ်စစ်ရယ်
တစ်ခါမှမရဖူးတဲ့ ...

အရှင်ဒုတိယ 😁

Credit to Myat Htut

ပိုက်ဆံကလေ ဘဏ်မှာထားရင် ၁ ကျပ်တိုးရတယ်ချေးထားရင် ၃ /၅/၁၀ ကျပ်တိုးရတယ်လုပ်ငန်းရှိလို့ ရင်းထားရင် ၁၀/၁၅ အမြတ်ရနိိုင်တယ်ရွှ...
05/01/2026

ပိုက်ဆံကလေ ဘဏ်မှာထားရင် ၁ ကျပ်တိုးရတယ်
ချေးထားရင် ၃ /၅/၁၀ ကျပ်တိုးရတယ်
လုပ်ငန်းရှိလို့ ရင်းထားရင် ၁၀/၁၅ အမြတ်ရနိိုင်တယ်
ရွှေဝယ်ထားရင် ပြန်တွက်ကြည့် ၁၂ % လောက် အမြတ်ရနိုင်တယ်။
ဘာမှ မလုပ်ဘဲ ထိုင်သုံးနေရင်တော့ ကုန်သွားမှာပဲ။

ဘဏ်တွေက စိတ်မချရရင်
၁၀ ရက်တခါ စာရင်းသေအပ်ပါ။
အတိုးကို အများကြီးမယူဘဲ
ယုံကြည်ရသူဆီ ချေးငှါးပါ။
အရောင်းအဝယ်ကတော့
တကယ်ကျွမ်းကျင်တာကိုပဲ လုပ်ပါ။
လုပ်ငန်းရှိရင် စီစစ်ပြီးရင်းပါ။
ရွှေဝယ်မယ်ဆို အခေါက်ရွှေသာ ဝယ်ပါ။

မြေရင်း ဘာညာက သူ့အလွှာနဲ့သူမို့
မပြောတော့ပါဘူး။

မီးဖိုဆောင်မှာ လွှတ်ပစ်ရတာ
ပုပ်သိုးတာတွေ မရှိအောင်
အလေအလွင့်နည်းအောင် စီမံပါ
ဥစ္စာဖြို စားဖိုကမို့ လိုအပ်တာ မလိုအပ်တာ သေချာစီစစ်ပါ။
ဖုန်းဘေ စီစစ်သုံးပါ
ဝိုင်ဖိုင်ရနေလျင် Viber က ပြောကြပါ။
မလိုအပ်တဲ့ planတွေ မသိဘဲ နှိပ်မိသလားစစ်ပါ
လောင်းကစား ရှောင်ပါ။

#အသုံးမလျှော့နိုင်လျင်_ပိုရှာပါ
#ပိုမရှာနိုင်သေးလျင်_မဖြုန်းတီးပါစေနှင့်။
#စုဖို့ဖယ်ပြီးမှ_ကျန်တာကို_ခွဲတမ်းချ_သုံးစွဲပါ။

Crd.

ဆိုင်တစ်ဆိုင် ဖွင့်တော့မည်ဆိုလျှင်Creditပြည့်စုံရာအိမ်ဆောက်ပစ္စည်းဆိုင်pageမှ ကူးယူ​ဖော်ပြသည်အပိုင်း1ဆိုင်(အိမ်ဆောက်ပစ္စ...
27/12/2025

ဆိုင်တစ်ဆိုင် ဖွင့်တော့မည်ဆိုလျှင်

Credit
ပြည့်စုံရာအိမ်ဆောက်ပစ္စည်းဆိုင်pageမှ ကူးယူ​ဖော်ပြသည်

အပိုင်း1
ဆိုင်(အိမ်ဆောက်ပစ္စည်း)တစ်ဆိုင် ဖွင့်တော့မည်ဆိုလျှင် အခြေခံအားဖြင့် သိသင့်တာလေးတွေကို ဗပာုသုတအဖြစ် ဖော်ပြပေးလိုက်ပါတယ်။ နားလည်သလောက်လေး ရေးပြတာဖြစ်လို့ အမှားမျာပါပါက ခွင့်လွတ်ပေးကြပါရန်။
ဆိုင်ဖွင့်တော့မည်ဆိုလျှင် အကြမ်းအားဖြင့် အပိုင်းငါးပိုင်း ခွဲခြားနိုင်သည်။
၁။အရင်းအနှီး
၂။တည်နေရာ
၃။ပစ္စည်းမှာယူရောင်းချခြင်း
၄။ဆိုင်အနေအထားကို ပြန်လည် သုံးသပ်ခြင်း
၅။ရှေ့ဆက်ရမည့်လမ်းကြောင်းနှင့် အနာဂတ်အလားအလာ
တို့ဖြစ်သည်။
၁။အရင်းအနှီး
ဆိုင်ဖွင့်တော့မည်ဆိုလျှင် ပထမဆုံး အနေနှင့် သေချာပေါက်လိုအပ်မည်မှာ မတည်ရင်းနှီးငွေ(အရင်းအနှီး)ပင် ဖြစ်သည်။
အတန်သင့်စုံလင်ပြီး လှပစွာ ခင်းကျင်းရောင်းချနိုင်ဖို့ရန်အတွက် လိုအပ်သောအရင်းအနှီးမှာ ခန့်မှန်းချေ(၁၀၀)သိန်း ဝန်းကျင်ရှိသည်။
သူ့ထက်နည်းတော့ရော မရဘူးလားဆိုလျှင်တော့လည်း ရပါသည်။ ကိုယ့်အတိုင်းအတာနှင့်ကိုယ်။ ကိုယ်ရွေးချယ်သော့ ပတ်ဝန်းကျင် အခြေအနေကို လိုက်ပြီး ကွာခြားနိုင်ပါသည်။
ဥပမာ။ ။လူစည်ကားသော မြို့လယ် လမ်းမတန်း ဆိုင်ကြီးနားများတွင် ဖွင့်လှစ်မည်ဆိုပါက အရင်းအနှီးများပြားနိုင်ပြီး ရပ်ကွက်အတွင်း၊ နယ်မြို့လေးများတွင် ဖွင့်လှစ်ပါက အသင့်အတင့်လောက်သာ လိုအပ်နိုင်ပါသည်။
အဓိကအားဖြင့် ကိုယ်ရွေးချယ်သည့် Market အနေအထားပေါ်မူတည်ပြီး ကွဲပြားသွားနိုင်ပါသည်။
ကျွန်တော် ခန့်မှန်းခဲ့သော့ (၁၀၀)သိန်း ပမာဏသည် အလယ်အလတ် တန်းစားဆိုင်မျိုးအတွက် လုံလောက်နိုင်သော်လည်း Market ကြီးမားသော နေရာမျိုးတွင်တော့ အားနည်းနိုင်ပါသည်။
၂။တည်နေရာရွေးချယ်ခြင်း
နေရာရွေးချယ်ခြင်းနှင့်ပတ်သတ်ပြီး ကိုယ်ကဘယ်နေရာမှာ ဖွင့်မှာလဲ။
၁။ကိုယ်ပိုင်ဆိုင်ခန်း(သို့) အိမ်မှာပဲဖွင့်မှာလား။
၂၊ဆိုင်ခန်းဌားရမ်းပြီး ဖွင့်မှာလား။
နံပါတ်(၁)နှင့်ပတ်သတ်ပြီးလျှင်တော့ အထွေအထူးပြောစရာ မလို။
နံပါတ်(၂) အနေအားဖြင့် ၂ ပိုင်းရှိသည်။
Location(1)
အချက်အခြာကျပြီး စျေးကွက်ပြိုင်ဆိုင်မှုပြင်းထန်သည့် ပတ်ဝန်းကျင်ကို ရွေးချယ်ပါက အားသာချက်အနေဖြင့် စျေးကွက်ကြီးမားခြင့်၊ အချိန်တိုအတွင်း အောင်မြင်နိုင်ခြင်း၊ ငွေကြေးစီးဆင်းမှုမြန်ဆန်ခြင်း စသည်တို့ရရှိနိုင်ပြီး
အားနည်းချက်အနေဖြင့်ပြိုင်ဆိုင်မှု ပြင်းထန်ခြင်း၊ ဆိုင်ခန်းဌားရမ်းခြင်း စရိတ်စက ကြီးမားခြင်း၊ ရင်းနှီးမြုတ်နှံရသော ပမာဏ များပြားနိုင်ခြင်း၊ ဝယ်လိုအားကို ကိုယ့်ဖက်သို့ရောက်အောင် ခက်ခဲစွာ ဆွဲဆောင်ရခြင်း စသည်တို့ကြုံတွေ့ရနိုင်ပါသေးသည်။
Location(2)
ရပ်ကွက်အတွင်း တစ်နိုင်တစ်ပိုင်သဘောမျိုး ဖွင့်ပါက ဆိုင်ခန်းစရိတ်စကသက်သာခြင်း၊ သာမန်မျှကြိုးစားအားထုတ်ရုံမျှပင် သင့်တင့်လျှောက်ပတ်သော ပုံမှန်ဝင်ငွေအနေအထား ရရှိနိုင်ခြင်း စသည့် အားသာချက်များရှိသလို
စျေးကွက် ဝယ်လိုအားနည်းပါခြင်း၊ လက်ကားပြန်လည်ဖြန့်ဖြူးနိုင်မှု အခြေအနေ နည်းပါးခြင်း စသည့်အားနည်းချက်များလည်းရှိနိုင်ပါသည်။
မိမိရင်းနှီးနိုင်သည့် ငွေပမာဏပေါ်မူတည်ပြီး ဆိုင်ခန်းနေရာ ရွေးချယ်ခြင်းကို ပြုလုပ်နိုင်ပါသည်။
၃။ပစ္စည်းမှာယူရောင်းချခြင်း
ကိုင်း………..အရင်းအနှီးရှိပြီ ဆိုင်ခန်းရှိပြီဆိုတော့ စပြီးတော့ ရာင်းချဖို့လိုအပ်လာပါပြီ။
ဘာတွေရောင်းမလဲ?
ဘယ်ကမှာပြီးရောင်းမလဲ?
ဘယ်လိုရောင်းမလဲ?
အိမ်ဆောက်ပစ္စည်းချည်းပဲ သီးသန့်ရောင်းမလား၊ အပေါင်းအဖော်လေးနဲ့ ရောင်းမလား။
အဖော်အလှော်လေးနဲ့ ရောင်းမည်ဆိုလျှင် များသောအားဖြင့် တွဲဖက်ရောင်းချတက်ကြတာကတော့
-အိမ်ဆောက်ပစ္စည်းနှင့် လျှပ်စစ်ပစ္စည်း
` -အိမ်ဆောက်ပစ္စည်းနှင့် ကုန်စုံဆိုင်
-အိမ်ဆောက်ပစ္စည်းနှင့် ပလတ်စတစ်ပစ္စည်းဆိုင်တို့ ဖွင့်လှုစ်ရောင်းချတက်ကြသည်။
အိမ်ဆောက်ပစ္စည်းနှင့် လူသုံးဆေးဝါး တွဲရောင်းတာလည်း တွေ့ဖူးသည်။ နည်းတော့ နည်းပါသည်။
Location(1) အနေနှင့်ဆိုလျှင်တော့ အိမ်ဆောက်ပစ္စည်း သီးသန့်ရောင်းတာပိုကောင်းသည်။ သူတစ်မျိုးတည်းကိုကပင် အမျိုးအစား များပြားလှသည်။
Location(2) ကတော့ နှစ်မျိုးတွဲဖွင့်တာ ပိုပြီး အဆင်ပြေမည်ပာု ယူဆသည်။ တစ်လိုင်းက မပေါက်ရင်တောင် နောက်တစ်လိုင်းကပေါက်ဆိုသည့် သဘောမျိုးဖြစ်သည်။
ဒါကတော့ ကျွန်တော့ ယူဆမှုသာဖြစ်သည်။ ကိုယ့် အားသန်ရာ အဆင်ပြေသလို ဖွင့်လှစ်နိုင်ပါသည်။
ဆိုင်ခန်းနေရာရွေးပြီး ဘာတွေရောင်းမလဲ ဆုံးဖြတ်ပြီးပြီဆိုလျှင်တော့ ပစ္စည်းမှာယူတဲ့အပိုင်းကို ရောက်လာပါပြီ။
ဘယ္လိုမွာၾကၿပီး၊ ဘယ္မွာ မွာၾကမလဲ။
သိန်ပေါင်းများစွာရင်းနှီးပြီး လုပ်ကိုင်မည့်သူများကတော့ အတွေ့အကြုံရှိတဲ့ သူများကို လခပေးပြီး မန်နေဂျာ သဘောမျိုးခန့်လိုက်လျှင် အဆင်ပြသွားပေမယ့်
တစ်နိုင်တစ်ပိုင် လုပ်ကိုင်သူများကတော့ ယခုမှ လုပ်ငန်းစတင်မှာ ဖြစ်တဲ့အတွက် အပိုမသုံးနိုင်ပါ။ ဒီတော့ ကိုယ်တိုင်မှာယူရပါလိမ့်မည်။
ကိုယ်နေထိုင်တဲ့မြို့က ဆိုင်ကြီးတွေက တဆင့် ပြန်ယူရောင်းမလား။
ဒါမှမပာုတ် ရန်ကုန်၊ မန္တလေး၊ မူဆယ် စသည့်မြို့ကြီးတွေကပဲ တိုက်ရိုတ်မှာယူမှာလား။(မှတ်ချက်။ ။နယ်မြို့လေးများအတွက် ရည်ရွယ်ပါသည်။)
စစခြင်းဆိုတော့ အရင်းအနှီးလည်းရှိတယ်။ ဆိုင်ကြီးတွေ တိုက်ရိုတ်၊ စက်ရုံတွေ တိုက်ရိုတ် ဆိုတော့ စျေးသက်သက်သာသာနဲ့ရတာပေါ့ မကောင်းဘူးလား ဆိုရင်တော့….
` လုပ်ငန်းအကြောင်းလည်း နားလည်တယ်၊ လုပ်ဖူးကိုင်ဖူူးလည်းရှိတယ်ဆိုရင်တော့ ကောင်းပါတယ်။
ခုမှ လုပ်ငန်းကို လေ့လာရင်း စတင်တဲ့သူများအတွက်တော့ ကိုယ်မြို့မှာရှိတဲ့ စျေးသက်သာတဲ့ဆိုင်မှာ မျက်မြင်ရွေးချယ်တာ အဆင်ပြေမယ်လို့ ထင်ပါတယ်။ ဘာလို့လည်း ဆိုတော့ ဘယ်ပစ္စည်းက အရာင်းသွက်တယ်၊ ဘယ်ပစ္စည်းက အရောင်းထိုင်းတယ် ဆိုတာ မသိနိုင်ဘူး။ နေရာ တစ်ခုနဲ့တစ်ခု ရောင်းရတဲ့ ပစ္စည်းတွေ ကွာခြား သွားနိုင်ပါတယ်။
ဒီတော့ တစ်ခြားမှာဆို စစခြင်း အကုန်စုပြုံမှာလိုက်ရင် ရောင်းရတဲ့ပစ္စည်းက အရင်ကုန်သွားပြီး အရောင်းထိုင်းတဲ့ ပစ္စည်းက တစ်ပုံတစ်ပင်ကြီးကျန်ခဲ့ရော။
ပိုက်ဆံတက်နိုင်ရင်တော့ ထပ်မှာရတာ ကိစ္စမရှိပေမယ့် ငွေချိန်နေရပြီဆို ကျန်နေတဲ့ ပစ္စည်းအတွက်ငွေက အောင်းနေလို့ လိပ်ပတ်လည်အောင် ထပ်မမှာနိုင်၊ ပစ္စည်းချင်း ပြန်ချိန်းရအောင်လည်း ခက်ခဲ လုံးလည်လိုက်သွားနိုင်ပါတယ်။
ဖြစ်နိုင်ရင်တော့ ပထမဆုံး ရင်းနှီးမြုတ်နှံချိန်မှာ အကုန်မသုံးလိုက်ပဲ သုံးပုံပုံတစ်ပုံလောက်ချန်ထားနိုင်ရင် ပိုကောင်းပါတယ်။
ကျွန်တော့်တုန်းကဆိုရင် အိမ်ဆောက်ပစ္စည်းနဲ့ ပတ်သတ်လို့ နကန်းတစ်လုံးမှ မသိလို့ ဝယ်မယ့်ဆိုင်ကိုသွား ပစ္စည်းတွေကို လက်ညိုးထိုးပြ “ဒါဘာခေါ်လဲ၊ ဘယ်မှာသုံးတာလဲ၊ အသုံးနည်းလားများလား၊ နည်းတယ်ဆို ပေး ၂ ခု၊ များတယ်ဆို ပေး ၅ ခု” အဲလိုဝယ်ခဲ့ရတာပါ။
ဆိုင်မှ ဝှိုက်ဘုတ်တစ်ချက်ဝယ် ကိုယ့်မှာမရှိတဲ့ပစ္စည်းတစ်မျိုးမျိုး စျေးဝယ် ၃၊၄ ယောက်လောက်က လာမေးပြီဆို ဝှိုက်ဘုတ်မှာရေး ၁၀မျိုးလောက်ရှိလာပြီဆို ဝယ်မယ့်ဆိုင်ကိုပြေး ဒီလိုစခဲ့တာပါ။
နောက်ပိုင်း တစ်ဖြည်းဖြည်းနားလည်လာပြီဆိုတော့မှ တဆင့်ထက်တဆင့် တိုးတိုးပြီးမှာတာက ပိုအဆင်ပြေမယ်လို့ ယူဆပါတယ်။ နားလည်လာပြီ ပိုက်ဆံရှိလာပြီဆိုရင် နိုင်ငံခြားထိ မှာမှာပေါ့ ဟုတ်တယ်မဟုတ်လား။
ဒါဆို ဆိုင်နေရာလည်းရှိပြီ ပစ္စည်းတွေလည်း ရောက်လာပြီဆို ရောင်းရုံပဲ ကျန်တော့တာပေါ့။
ဘယ်လိုရောင်းမလဲ။ လှပအောင် ခင်းကျင်းပြီးရောင်းရမှာပေါ့။ မဟုတ်ဘူးလား။ ပုံပြီးတော့ ရောင်းလို့မှ မရတာ။
ဆိုင်ခင်းတဲ့နေရာမှာလည်း ကိုယ့်ဆိုင်အနေအထားအလိုက် ကိုယ်ဘာကို ဦးစားပေးပြီး ရောင်းမှာလဲ စသည်ဖြင့် ထင်ရှားပေါ်လွင်အောင် ခင်းကျင်းရောင်းချနိုင်ရပါမယ်။
ကျွန်တော်တို့ ကြုံဖူးမှာပါ ပစ္စည်းတူရောင်းတဲ့ ဆိုင်ခြင်းအတူတူ လှတပတလေး ခင်းထားတဲ့ဆိုင်နဲ့ ဖြစ်သလို ခင်းထားတဲ့ဆိုင်နဲ့ဆို ဆိုင်ခြင်းကပ်နေတာတောင်မှ ဘယ်ဆိုင်ကို ကိုယ်ဝင် ဝယ်ဖြစ်သလဲ။ ပာုတ်တယ်မပာုတ်လား။နောက်ကြံုရင် သတိထားကြည့်စေချင်ပါတယ်။ဘာလို့ ဒီဆိုင်ကို ဝယ်ဖြစ်တာလဲ။ဘာထူးခြားချက်တွေ ဒီဆိုင်မှာရှိနေလို့လဲ။ကိုယ်ဖွင့်တဲ့အခါ အထောက်အကူရတာပေါ့။ ဆိုင်ခင်းခြင်း အကြောင်းကို နောက်မှ သတ်သတ် ရေးပါဦးမယ်။

Address

Thaketa Tsp
Yangon
11231

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00

Telephone

+9595055748

Website

Alerts

Be the first to know and let us send you an email when Z&N Biz posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Z&N Biz:

Shortcuts

Share

Category