08/10/2018
စာချုပ်စာတမ်းအကြောင်းအခြေခံသိကောင်းစရာများ
အပိုင်း - (၅)
စာချုပ်စာတမ်းများအားမှတ်ပုံတင်ထားခြင်းဖြင့်
ရရှိနိုင်သည့်အကျိုးကျေးဇူးများ
မှတ်ပုံတင်အက်ဥပဒေပုဒ်မ ၁၇(၁) (က)၊
(ခ)၊(ဂ)နှင့်(ဃ)၊ ပုဒ်မ၁၈(က)နှင့်(ခ)တွင်
ပါဝင်သော မရွှေ့ပြောင်းနိုင်သောပစ္စည်းနှင့်
သက်ဆိုင်သည့် စာချုပ်များအား မှတ်ပုံတင်
ထားခဲ့ပါက မှတ်ပုံမတင်ထားသော
အခြားစာချုပ်များအား လွမ်းမိုးနိုင်ကြောင်း
မှတ်ပုံတင်အက်ဥပဒေပုဒ်မ(၅၀)တွင်
ဖော်ပြထားရာ မှတ်ပုံတင်ထားသော စာချုပ်
သည် အခြားမှတ်ပုံမတင်ထားသော စာချုပ်
အားလွမ်းမိုးနိုင်မည်ဖြစ်သည်။
မှတ်ပုံတင်အက်ဥပဒေပုဒ်မ(၁၇)အရပြဌာန်း
ထားသည့် စာချုပ်စာတန်းတစ်ရပ်ရပ်အား
မှတ်ပုံတင်ရန်ပျက်ကွက်ခဲ့ပါလျှင်ထိုပစ္စည်း
အပေါ်တွင်ရရှိမည့် အခွင့်အာဏာနှင့်စပ်လျဉ်း
ပြီး အကျိုးခံစားခွင့်အရပ်ရပ်ဆုံးရုံးမည့်အပြင်
ခိုင်မာသည့်သက်သေအထောက်အထားဖြစ်
မလာနိုင်ကြောင်းမှတ်ပုံတင်အက်ဥပဒေ
ပုဒ်မ(၄၉)တွင် ပြဌာန်းထားသည်။
ရေးသားသူ - ရဲထက်အောင်
Reference; Registration Act