ရှေ့နေ the Lawyer

ရှေ့နေ the Lawyer Legal Consultation and Advice

https://www.facebook.com/share/17cfeJLp6v/
17/12/2025

https://www.facebook.com/share/17cfeJLp6v/

မန္တလေးလူထုသပိတ်လှုပ်ရှားမှု ခေါင်းဆောင် ကိုထက်မြတ်အောင်ကို စစ်တပ်က ဖမ်းဆီးလိုက်တာကြောင့် ကိုထက်မြတ်အောင်ရဲ့အသက်အန္တရာယ်အတွက် အထူးစိုးရိမ်ပူပန်တဲ့အကြောင်း ရတနာပုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂက သတင်းထုတ်ပြန်ပါတယ်။

ကိုထက်မြတ်အောင်ကို စစ်တပ် ဖမ်းဆီးချိန်မှာ ရိုက်နှက်ထိုးကြိတ်ခံရတာတွေရှိခဲ့ပြီး အသက်အန္တရာယ်အတွက်ပါ စိုးရိမ် ပူပန်နေရတဲ့အခြေအနေဖြစ်တယ်လို့လည်း ဒီနေ့ညနေပိုင်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ဒီသတင်းအပြည့်အစုံနဲ့အတူ ဒီဇင်ဘာ ၁၇ ရက်သတင်းများကို ဘီဘီစီရဲ့တိုက်ရိုက်ထုတ်လွှင့်မှု ဒီလင့်ခ် https://www.bbc.com/burmese/live/cx25dvnkz74t ကိုနှိပ်ရုံနဲ့ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

#ဘီဘီစီမြန်မာပိုင်း #မြန်မာ #စစ်တပ် #လူငယ် #သပိတ် #ဖမ်းဆီးမှု

https://www.facebook.com/share/17Yumo3GLC/
29/11/2025

https://www.facebook.com/share/17Yumo3GLC/

သမ္မတ ဉီးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ကို ခြွင်းချက်မရှိ လွှတ်ပေးဖို့ ဥရောပပါလီမန် တောင်းဆို

(ဥရောပပါလီမန်က မြန်မာစစ်ကော်မရှင်ရဲ့ အတုအယောင်ရွေးကောက်ပွဲကို ပြတ်ပြတ်သားသား ပယ်ချ)

ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၂၉ ရက်

ဒီဇင်ဘာလနဲ့ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလအတွင်းပြုလုပ်မယ့် မြန်မာစစ်ကော်မရှင်ရဲ့ တရားမဝင် ရွေး ကောက်ပွဲကို ပယ်ချကြောင်း ဥရောပပါလီမန်က နိုဝင်ဘာလ ၂၇ ရက်မှာ ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောပါတယ်။

အဓမ္မ တပ်သားသစ်စုဆောင်းမှု၊ နှိပ်စက်မှု၊ တရားလက်လွှတ်သတ်ဖြတ်မှု၊ အကြောင်းမဲ့ ဖမ်းဆီးမှု၊ လိင်အခြေခံအကြမ်းဖက်မှုနဲ့ စနစ်တကျ ပြစ်ဒဏ်မှသက်ညှာခွင့်ရနေမှု အပါအဝင် မြန်မာစစ်ကော်မရှင်ရဲ့ ဖိနှိပ်မှုနည်းလမ်းတွေကို ဥရောပပါလီမန်က သတိပေးလိုက်ပါတယ်။

မြန်မာပြည်သူတွေအတွက် တာရှည်ခံသော ငြိမ်းချမ်းရေးရရှိရေး ချက်ချင်း အပစ်အခတ်ရပ်စဲဖို့နဲ့ အကြမ်းဖက်မှုတွေ အဆုံးသတ်ဖို့ ထုတ်ပြန်ချက်က တောင်းဆိုပါတယ်။

မြန်မာမှာ အကြမ်းဖက်မှုတွေရှိနေပြီး လက်ရှိအခြေအနေမှာ ပွင့်လင်းမြင်သာမှုနဲ့ အားလုံးပါဝင်မှုမ ရှိတဲ့ ရွေးကောက်ပွဲကျင်းပတာဟာ နိုင်ငံတကာစံနှုန်းအားလုံး ချိုးဖောက်ပြီး လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲလို့ ယူဆလို့မရဘူးလို့ ထုတ်ပြန်ချက်က ဖော်ပြပါတယ်။

နိုင်ငံရေးပုဒ်မတွေနဲ့ ထိန်းသိမ်းကာ အကျဉ်းချခံထားရတဲ့ သမ္မတ ဉီးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင် ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ခြွင်းချက်မရှိ ချက်ချင်း လွှတ်ပေးဖို့ ထုတ်ပြန်ချက်က တောင်းဆိုပါ တယ်။

မြန်မာစစ်ကော်မရှင်ကို နိုင်ငံရေး၊ စီးပွားရေးနဲ့ စစ်ရေးအရ ကျောထောက်နောက်ခံပြုနေတဲ့ ရုရှား နဲ့ တရုတ်အပါအဝင် ကမ္ဘာ့နိုင်ငံအချို့ကို ထုတ်ပြန်ချက်က ရှုတ်ချပါတယ်။

နိုင်ငံတကာရဲ့ တရားဝင်မှုရရှိဖို့ မြန်မာစစ်ကော်မရှင်ရဲ့ ကြိုးပမ်းမှုကို ကိုယ်စားပြုတဲ့ တရားမဝင် ရွေးကောက်ပွဲရလဒ်တွေကို ထုတ်ပြန်ချက်က ရှုတ်ချပါတယ်။

လွတ်လပ်မှု၊ ဂုဏ်သိက္ခာနဲ့ ဒီမိုကရေစီအရေး တိုက်ပွဲဝင်နေတဲ့ မြန်မာပြည်သူတွေ၊ တရားဝင် ဒီမို ကရေစီ ကိုယ်စားလှယ်တွေ၊ NUG၊ တိုင်းရင်းသား တော်လှန်ရေးအဖွဲ့တွေနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေ နဲ့ မဆုတ်မနစ် အတူရပ်တည်ကြောင်း ထုတ်ပြန်ချက်က ဆိုပါတယ်။

ကိုးကား - European Parliament
Ref; European Parliament resolution on the political situation in Myanmar including the humanitarian crisis of the Rohingya

26/11/2025

ဒေါ်အောင်ဆန်းစုကြည် လွှတ်ပေးဖို့ အချိန်တန်ပြီဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီး ပြော

ဧရာဝတီ၊ နိုဝင်ဘာ ၂၆၊ ၂၀၂၅

မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲပြီးသွားသည့်အချိန်မှာပင် အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) အနေဖြင့် ပြန်လည်ဆက်ဆံရန် ခက်ခဲသွားနိုင်ပြီး အကျဉ်းစံ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးရန် အချိန်တန်ပြီဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆီဟာဆက် ဖွန်းကတ်ကယိုး က နိုဝင်ဘာ ၂၅ ရက်နေ့တွင် ပြောကြားခဲ့သည်။

“သူမကို လွှတ်ပေးဖို့ အချိန်တန်ပြီလို့ ထင်ပါတယ်” ဟု ဆီဟာဆက်က ပြောကြားပြီး “အသက်အရွယ်လည်း ကြီးပြီ ဖြစ်တဲ့အတွက် စိုးရိမ်စရာ ကျန်းမာရေးအခြေအနေတွေကို မသိနိုင်တော့ပါဘူး” ဟုလည်း ထိုင်းနိုင်ငံ နိုင်ငံခြားသတင်းထောက်ကလပ် (FCCT) တွင် ပြောဆိုကြောင်း Reuters သတင်းတပုဒ်က ရေးသည်။

၂၀၂၁ ဖေဖော်ဝါရီ စစ်အာဏာသိမ်းအပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် ရွေးကောက်ခံအတိုက်အခံခေါင်းဆောင် အများအပြားကို စစ်တပ်က ဖမ်းဆီးပြီး အကျဉ်းချထားခဲ့သည်။ ထို့နောက် စစ်အာဏာသိမ်းဆန့်ကျင်ရေး လက်နက်ကိုင်ပုန်ကန်မှု မြန်မာနိုင်ငံတဝန်း ကျယ်ပြန့်စွာ ပေါ်ပေါက်လာသည်။

ပြင်းထန်ဆဲ ပြည်တွင်းစစ်ကြားတွင် ဒီဇင်ဘာ ၂၈ ရက်မှ စတင်၍ မြန်မာနိုင်ငံတွင် အဆင့်လိုက် ရွေးကောက်ပွဲများ ကျင်းပရန် စီစဉ်ထားသည်။ ၂၀၂၁ ဖေဖော်ဝါရီလ စစ်အာဏာသိမ်းပြီးနောက် စစ်အုပ်ချုပ်ရေးကို တိုးချဲ့ရန် ပြင်ဆင်ထားသည့် အစီအစဉ်သာ ဖြစ်ကြောင်း လေ့လာစောင့်ကြည့်သူများက ဝေဖန်နေကြသည်။

ဒီမိုကရေစီပါတီများအနက် အများအပြားကို ပိတ်ပင်ထားခြင်း သို့မဟုတ် ရွေးကောက်ပွဲတွင် မပါဝင်သည့်အပြင် ရွေးကောက်ပွဲကို တိုင်းပြည်အနှံ့ မပြုလုပ်နိုင်ကြောင်း အာဏာသိမ်းစစ်တပ်က လက်ခံကြေညာထားသည်။

“အခုလို အခြေအနေတွေအောက်မှာ အထူးသဖြင့် အားလုံးပါဝင်ပြီး လိုအပ်တဲ့ ဆွေးနွေးပွဲ မပြုလုပ်နိုင်သေးဘဲ ရွေးကောက်ပွဲ ကျင်းပတော့မယ်ဆိုရင် ASEAN အနေနဲ့ မြန်မာကို ပြန်လည်ချိတ်ဆက်ရတာကလည်း ခက်ခဲမယ်” ဟု ဆီဟာဆက်က ပြောကြားသည်။

၁၁ နိုင်ငံ ပါဝင်သည့် ASEAN သည် အောက်တိုဘာလတွင် မြန်မာ စစ်အာဏာပိုင်များကို အားလုံးပါဝင်သော ရွေးကောက်ပွဲ ပြုလုပ်ရန် တောင်းဆိုခဲ့ကြပြီး ဘုံသဘောတူထားသော ငြိမ်းချမ်းရေးအစီအစဉ်ကိုလည်း လိုက်နာရန် တောင်းဆိုခဲ့ကြသည်။

အသက် ၈၀ နှစ်အရွယ် အောင်ဆန်းစုကြည်သည် သူ၏သားအဆိုအရ နှလုံးရောဂါ မကြာခဏဖြစ်ပွားလာနေသဖြင့် အရေးပေါ် ဆေးကုသမှု လိုအပ်နေပြီ ဖြစ်သည်။

ဓာတ်ပုံ - ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆီဟာဆက် ဖွန်းကတ်ကယိုး/ Thai PBS

14/11/2025
01/11/2025

စစ်ခေါင်းဆောင် လက်မှတ်ရေးထိုးပြဋ္ဌာန်းခဲ့တဲ့ ရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွ.....

01/11/2025

စစ်တပ်ရဲ့ ရွေးကောက်ပွဲဝါဒဖြန့်ဇာတ်ကားအပေါ် ဝေဖန်တာကို ထောက်ခံတဲ့ ရုပ်ရှင်ဒါရိုက်တာ ၂ ယောက်ကို ဖမ်းဆီးလို.....

30/10/2025
29/10/2025
01/10/2025

လွတ်ရက်စေ့ နိုင်ကျဥ်း(၇)ဦး ကို အကြမ်းဖက်ပုဒ်မ ၅၂ကနဲ့ နောက်မှုကပ်

BVJ/ဇော် - အောက်တိုဘာ ၁၊ ၂၀၂၅

ပဲခူးတိုင်း၊သာယာဝတီအကျဉ်းထောင်ကနေ လွတ်ရက်စေ့လို့ ဒီနေ့လွှတ်ပေးရမယ့် နိုင်ငံရေး အကျဉ်းသူ (၁) ဦးနဲ့ နိုင်ငံရေးအကျဉ်းသား (၆)ဦးကို စစ်ကောင်စီက နောက်မှုကပ်ပြီး ထောင်ထဲပြန်ထည့် ထားတယ်လို့ သတင်းရရှိပါတယ်။

နောက်မှုကပ်ခံရတဲ့ နိုင်ငံရေးအကျဥ်းသား(၇)ဦး သာယာဝတီထောင်ထဲပြန်ထည့်ခံရတယ်ဆိုတဲ့ သတင်း နိုင်ငံရေး အကျဥ်းသူဟောင်း ကမ္ဘာညိုက Burma VJ ကို အတည်ပြုပါတယ်။

“ရဲစခန်းက ထောင်ပိုင်ကို အကြောင်းကြားပြီး နောက်မှုနဲ့ ထောင်ထဲပြန်ထည့်လိုက်တာပါ။ ထောင်ကလွတ်မှ အခုလို စိတ်ကိုယ်နှစ်ပါး ဒုက္ခပေးကြတာ။တကယ်ဆို အမှုအားလုံးရှိရင် စဖမ်းကထည်း က အကုန်စုပြောကပ်ရမှာလေ။ငွေပတ်ညှစ် ထောက်ထား မြုပ်ထား ရစ်စား ရှေ့မှု ပစ်ချပြီး သက်သက် လုပ်တာပါ ရဲနဲ့ တရားသူကြီး ပေါင်းလုပ်ကြတာပါ”လို့ နိုင်ငံရေး အကျဥ်းသူဟောင်း ကမ္ဘာညိုက ပြောပါတယ်။

ဒီနေ့ အောက်တိုဘာ၁ ရက်နေ့က သာယာဝတီအကျဉ်းထောင်ကနေ လွတ်ရက်စေ့လို့ လွတ်မြောက်လာတဲ့ နိုင်ငရေးအကျဥ်းသား ၁၃ဦးထဲက နိုင်ငံရေး အကျဉ်းသူ (၁) ဦးနဲ့ နိုင်ငံရေး အကျဉ်း သား (၄) ဦး အကျဉ်းထောင်ဗူးဝမှာ ပုဒ်မ၅၂(က)နဲ့ နောက်မှုကပ်ခံရပြီး ထောင်ထဲပြန်ထည့်ခံလိုက်ရတာဖြစ်ပါတယ်။

နောက်မှုကပ်ပြီးထောင်ထဲပြန်ထည့်ခံရတဲ့ ၆ဦးထဲမှာ တင်စိုး(ခ)နတ်ဆိုးနဲ့ သူ့ရဲ့ ဇနီးဖြစ်သူ မမေမြတ်သူတို့ ပါဝင်ပါတယ်။မမေမြတ်သူ နောက်မှုကပ်ပြီး ထောင်ထဲပြန်ထည့်ခံရတာနဲ့ ပတ်သက်ပြီး သူနဲ့ရင်းနီးတဲ့ အမည်မဖော်လိုသူ မြန်မာပြည်တွင်းက နိုင်ငံရေးအကျဥ်းသူဟောင်းတစ်ဦး ကလည်း သူ့ဖေ့စ်အကောင့်ကတဆင့် အခုလိုပြောပါတယ်။

“သာယာဝတီအကျဉ်းထောင်၊ ၄-ဆောင် (၃ပေါ်) မမေမြတ်သူ (ဘ) ဦးအောင်ကျော်ဆင့် ကို သာယာဝတီရဲစခန်းက ပြန်ခေါ်ထားလိုက်ပါတယ်တဲ့။ သေချာပါတယ်…နောက်မှုပါပဲ။ တွေးကြည့်ရုံနဲ့တင် ဘယ်လောက်ခံစားနေရမလဲ မြင်ယောင်မိတယ်။လူတွေကို သတ်တယ်။ စိတ်တွေကို သတ်တယ်။ မျှော်လင့်ချက်တွေကို သတ်တယ်။”

လွတ်ရက်စေ့လို့ ပြန်လွှတ်ပေးရမယ့် နိုင်ငံ‌ရေးအကျဉ်းသူ/သားတွေကို စစ်ကောင်စီက နောက်မှုနဲ့ထောင်ထဲပြန်ထည့်နေတဲ့ကိစ္စ အရင်ကလည်း ရှိထားပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ်လ ၇ ရက်နေ့က ၅၀၅ (က)၊ ၁၇(၁) တို့နဲ့ ထောင်ခြောက်နှစ် ချမှတ်ခံထားရတဲ့ NLD ပါတီ ဗဟိုလူငယ်တာ၀န်ခံ မမိုးဆန်းစုကြည်ကိုလဲ လွတ်ရက်စေ့နေပေမယ့် ပြန်မလွတ်ပေးပဲ ၅၂ (က) နဲ့ နောက်မှုကပ်ပြီး ဆက်လက်ဖမ်းဆီးထားပါတယ်။ဒါ့အပြင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ သက်တော်စောင့် ဒုရဲအုပ် မချယ်ရီထက်ဟာ ၂၀၂၄ ခုနှစ် ဩဂုတ်လ ၉ ရက်နေ့မှာ လွတ်ရက်စေ့နေပေမယ့် ယခုအချိန်အထိ ပြန်မလွတ်သေးဘဲ ရမည်းသင်းအကျဉ်းထောင်မှာ ချုပ်နှောင်ခံနေရဆဲဖြစ်ပါတယ်။

စစ်ကောင်စီဟာ လွတ်ရက်စေ့လို့ လွှတ်ပေးရမယ့် နိုင်ငံရေးအကျဥ်းသားတွေကို ထောင်ဗူးဝမှာ ပုဒ်မအမျိုးမျိုးတပ် ပြန်လည်ဖမ်းဆီး အမှုတပ်တာတွေ ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေပြီး မမိုးဆန်းစုကြည်နဲ့ မချယ်ရီထက် အပါအဝင် ပြန်လည်ဖမ်းဆီးခံသူ (၇၄)ဦး ရှိနေပြီလို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)က ထုတ်ပြန်ထားပါတယ်။

ပုံစာ- လွတ်ရက်စေ့ပေမယ့် ဆက်လက်ဖမ်းဆီးထိန်းသိမ်းခံထားရဆဲ NLD ပါတီ ဗဟိုလူငယ်တာ၀န်ခံ မမိုးဆန်းစုကြည်နဲ့ လူထုခေါင်း‌ဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ သက်တော်စောင့် မချယ်ရီထက်

10/09/2025

ရွေးကောက်ပွဲပျက်စေရန် လူမှုကွန်ရက်၌ လှုံ့ဆော်မှုဖြင့် အမျိုးသားတဦး ထောင် ၇ နှစ် ချခံရ

ဧရာဝတီ၊ စက်တင်ဘာ ၁၀၊ ၂၀၂၅

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ အေးသာယာ ရပ်ကွက် ၁ တွင် နေထိုင်သူ အမျိုးသားတဦးသည် စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပျက်ပြားစေရန် လူမှုကွန်ရက်ပေါ်၌ လှုံ့ဆော်ခဲ့သည်ဆိုကာ တောင်ကြီးမြို့နယ်တရားရုံးမှ အလုပ်နှင့်ထောင်ဒဏ် ၇ နှစ် ချမှတ်ခဲ့ကြောင်း စစ်ကော်မရှင်က ယနေ့ ထုတ်ပြန်သည်။

“Lashio Baegyi” အမည်ဖြင့် Facebook လူမှုကွန်ရက်၌ အကောင့်ဖွင့်ထားသူ အသက် ၃၆ နှစ်အရွယ် ကိုနေသွေးသည် ဩဂုတ် ၂၅ ရက်တွင် “မဲပေးဖို့ချည်း ဇွတ်ပြောပြီ၊ မင်းတို့က ဘာကောင်တွေလဲ၊ စောက်လုံးပါရင် သေချာကြည့် ပြည်သူဆီကမဲလိုချင်ရင် ပြည်သူကို ဘယ်လိုအကျိုးပြုရမလဲစဉ်းစား၊ အလကားနေ ဘာမှစောက်ဖြစ်မရှိဘဲ ပြည်သူဆီကပဲ လိုချင်ရင်တော့…” စသည့် စာသားများ ဖြန့်ဝေထားသည်ဟု ဆိုသည်။

ယင်းမှာ ရွေးကောက်ပွဲကို ပျက်ပြားစေရန်ရည်ရွယ်၍ ပြုလုပ်နေကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှကာကွယ်ပေးရေး ဥပဒေ ပုဒ်မ ၂၃(က) အရ အမှုဖွင့်ခဲ့သည်ဟု ဖော်ပြထားသည်။

တောင်ကြီးမြို့နယ်တရားရုံးက လက်ခံစစ်ဆေးပြီးနောက် ပြစ်မှုထင်ရှားသဖြင့် ထိုသို့ပြစ်ဒဏ်ချမှတ်ခဲ့ခြင်းဟု စစ်ကော်မရှင်က ဆိုထားသည်။

ဓာတ်ပုံ - CINCDS




စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR

Address

Bahan
Yangon
11201

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00

Alerts

Be the first to know and let us send you an email when ရှေ့နေ the Lawyer posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to ရှေ့နေ the Lawyer:

Share

Category