23/10/2020
🙏🙏🙏 မဂင်္ လာပါ 🙏🙏🙏
👉👉👉 ကုန်အမှတ်တံဆိပ်၊ ဝန်ဆောင်မှု
အမှတ်တံဆိပ်များ နှင့်ပတ်သက်၍ သိရှိစေရန်
လူကြီးမင်းများကို သတင်းလေးပေးပါရစေ👩💻👨💻
☘️☘️☘️ ယခင်က လယ်ယာစိုက်ပျိုးရေးဝန်ကြီးဌာန
ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန၊
စာချုပ်စာတမ်း မှတ်ပုံတင်ရုံးများတွင်
💢 မှတ်ပုံတင်ထားသော ကုန်အမှတ်တံဆိပ်များ၊
💢 ဝန်ဆောင်မှုအမှတ်တံဆိပ်များကို
💢 ယခုအခါ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနတွင် ပြန်လည် မှတ်ပုံတင်ရပါမည်။
🍀🍀🍀 ထိုသို့တင်သွင်းခြင်း အားဖြင့်
WIPO (World Intellectual Property Organization) မှ အသိအမှတ်ပြု ကုန်အမှတ်တံဆိပ်အဖြစ်
ရရှိမည် ဖြစ်ပါသည်။
👉👉👉ကုန်အမှတ်တံဆိပ် ပြန်လည် မှတ်ပုံတင်ပေးရန် လိုအပ်ချက္်များ
💢 ၁။ စာချုပ်စာတမ်းမှတ်ပုံတင်ရုံးတွင်
ယခင်တင်သွင်းခဲ့သည့် မှတ်ပုံတင်စာချုပ်မူရင်း၊
💢 ၂။ မှတ်ပုံတင်သွင်းပြီးနောက်ပိုင်း(သို့မဟုတ်)
မတင်သွင်းမှီကတည်းက သုံးစွဲခဲ့သည့်
အထောက်အထားမူရင်းများ
ဥပမာ ♦️♦️♦️ဘောင်ချာစာရွက္်မူရင်း၊
♦️♦️♦️စည်ပင်သာယာမှ ထုတ်ပေးထားသည့်
လုပ်ငန်းလိုင်စင်၊ အခွန်ပေးသွင်းခဲ့သည့်
ပြေစာများ……………
💢 ၃။ ကုန်အမှတ်တံဆိပ်တင်သွင်းခဲ့သူ၏
⭐မှတ်ပုံတင်မူရင်း၊
⭐(ကုမ္ပဏီဖြင့် တင်သွင်းခဲ့ပါက ကုမ္ပဏီလိုင်စင်မူရင်း၊ ကုမ္ပဏီနှင့် ပတ်သက်သည့် စာရွက်စာတမ်းအထောက် အထားများ)
💢 ၄။ ကုန်အမှတ်တံဆိပ် မှတ်ပုံတင်သွင်းပြီးနောက်
သတင်းစာတွင်ထည့်သွင်းကြော်ငြာခဲ့ပါက
⭐ သတင်းစာကြော်ငြာများ၊
💢 ၅။ Logo
⭐(ကုန်ပစ္စည်း၊ ကုန်အမှတ်တံဆိပ် ၊ ဝန်ဆောင်မှု
အမှတ်တံဆိပ်မူရင်း) မည်သည့်အရောင်များ
သုံးစွဲထားကြောင့်ဖော်ပြပေးရန်)
💢 ၆။ ထုတ်လုပ်မှု၊ ဝန်ဆောင်မှု အစရှိသော
ပစ္စည်းနမူနာများ ရှိခဲ့လျှင်ပေးရန်
(လက်ကမ်းကြော်ငြာ၊ ပစ္စည်းနမူနာများ
အစရှိသဖြင့်……)
💢 ၇။ လုပ်ငန်းတည်နေရာလိပ်စာ အတိအကျဖော်ပြ
ပေးရန်
💢 ၈။ လုပ်ငန်းအမျိုးအစား ကို တိကျစွာဖော်ပြပေးရန်
💢 ၉။ အမှတ်တံဆိပ်မှာ အတိုကောက် စာလုံးဖြစ်ခဲ့လျှင်
စာလုံး၏ အဓိပ္ပါယ်အရှည်ကိုတိကျစွာဖော်ပြပေးရန်
လိုအပ်ပါတယ်
လူကြီးမင်းများ ဆက်သွယ်လိုပါက
☎️ 09 550 6146 , 09 45550 6146
တို့ကို ဆက်သွယ်မေးမြန်းစုံစမ်း ဆောင်ရွက်နိုင်ပါသည်။
🏘️ ရုံးခန်းလိပ်စာ - ဟိန်းထက်စံ ဥပဒေနှင့် အိမ်ခြံမြေ
အမှတ်(၁၅)ပထမထပ်၊ သံသုမာလမ်းနှင့် ရတနာလမ်းဆုံ
(၁၄)ရပ်ကွက်၊ တောင်ဥက္ကလာပမြို့နယ် ။