Shwe Sin Moe - ရွှေစင်မိုး

Shwe Sin Moe - ရွှေစင်မိုး အိမ်ခြံမြေနှင့်သက်ဆိုင်သောစာချုပ်စာတမ်းအကျိုးဆောင်လုပ်ငန်း

.☯️         🍀 " Pre-planned  life "" ကြိုတင်စီမံခံဘဝ " လို့သိပ္ပပညာရှင်တွေဆိုလာပြီ၊ဗုဒ္ဓကအတိတ် ကံများရဲ့အကျိုးပေးနဲ့ဒီဘဝ...
24/10/2024

.

☯️
🍀 " Pre-planned life "

" ကြိုတင်စီမံခံဘဝ " လို့
သိပ္ပပညာရှင်တွေဆိုလာပြီ၊

ဗုဒ္ဓက
အတိတ် ကံများရဲ့အကျိုးပေးနဲ့
ဒီဘဝဖြစ်လာကြရတာလို့ ဟောထားလေတော့
သိပ္ပံရဲ့တွေ့ရှိချက်က ဗုဒ္ဓအဟောကို
ထောက်ခံပေးလိုက်သလိုပါပဲ၊
ဒါကြောင့်လဲ အိုင်စတိုင်းက -

" သိပ္ပံရဲ့တွေ့ရှိချက်တွေဟာ
ဗုဒ္ဓဟောကြားချက်တွေကို
အတည်ပြုပေးနေသလိုပါပဲ "
... လို့ မှတ်ချက်ပေးခဲ့တာပါ၊
...........

အလွန်ထူးခြားတဲ့ သိပ္ပံရဲ့
နောက်ဆုံး တွေ့ရှိချက်တခုကတော့....

" အတိတ်၊ ပစ္စုပ္ပာန်နဲ့ အနာဂါတ် " တွေဟာ
တပြိုင်နက်ထဲ ဖြစ်တည်နေကြပါသတဲ့၊

Time travelers ဆိုတဲ့
အချိန်ခရီးသွားတွေ အတိတ်နဲ့ အနာဂါတ်ကို
သွားရောက်နိုင်တယ်ဆိုတဲ့အချက်ရယ်
တကယ်အာရုံအားကောင်းတဲ့
အနာဂါတ်မြင် သူတော်စင်တွေအနေနဲ့
အနာဂါတ်ကိုမြင်နိုင်စွမ်းရှိတာနဲ့
ထောက်ချင့်ရင် ဖြစ်နိုင်တာကိုတွေ့နိုင်ပါတယ်၊
( ဗုဒ္ဓရဲ့ ဗျာဒိတ်ဆိုတာ ကမ္ဘာချီကြိုတင်ပြီး
မြင်တာကို ကြိုမိန့်ခဲ့တာမျိုးပါ )
..............

စာရေးမစပ် ( စကားမစပ် )
ပုဂ္ဂိုလ်ကြီးတဦး "လ" ပေါင်းများစွာက
ကြိုပြောခဲ့တာတခုကို မှတ်မိလိုက်ပါတယ်၊

- ဆင်ဖြူ (၂) စီးထွက်မယ်
- ဓါတ်ငွေ့သိုက်တွေ့မယ်၊
- အလားတူ သိုက်တွေထပ်တွေ့ဦးမယ်

( ရေ၊ ကုန်းပေါ်မှာ )
အပေါ် (၂) ခုကတော့ မှန်သွားခဲ့ပါပြီ
ဘာကြောင့် ကြိုပြောနိုင်ရပါသလဲ ?
Pre-planned ကြောင့်လို့
အလွယ်တကူ နားလည်နိုင်ကြပါလိမ့်မယ်၊
.............

သိပ္ပံနဲ့ အာကာသ သတင်းတပုဒ်မှာ
" ကြယ်တွေဟာ ကောင်းကင်မှာ
အစက်အပြောက်လေး " ဆိုတဲ့ ဓါတ်ပုံ

" နဂါးငွေ့တန်းဆိုတာလဲ
အစက်အပြောက်လေးမျှသာ " ဆိုတဲ့ပုံ

" စင်္ကြာဝရဠာ ဆိုတာတောင် နောက်ဆုံးမှာ
အစက်အပြောက်ပဲ " ဆိုတဲ့ ပုံ (၃) ပုံကို

ဓါတ်ပုံနဲ့ နှိုင်းယှဉ်ပြထားတာ တွေ့လိုက်ရတယ်၊
ဗုဒ္ဓက စင်္ကြာဝဠာ၊ မဟာစင်္ကြာဝဠာ စသဖြင့်
ဟောထားခဲ့ပြီးဖြစ်တယ်၊
အင်မတန် ကျယ်ပြန့်ပြီး အစမရှိ၊ အဆုံးမရှိ လို့
စင်္ကြာဝဠာ အကြောင်း စူးစမ်းခြင်းဟာ
အကျိုးမရှိဘူး လို့ ဟောခဲ့ပြီး ဖြစ်ပါတယ်၊
...........

သတ္တဝါတွေအနေနဲ့
ဘဝတခုမှာ ရှင်သန်နေဆဲအချိန်
ကုသိုလ်၊ အကုသိုလ်တွေကို လုပ်ဖြစ်ကြတယ်၊
အတိတ်ဘဝများစွာက ပြုခဲ့တဲ့
ကုသိုလ်၊ အကုသိုလ်တွေရဲ့ အကျိုးတရားကို
ဒီဘဝမှာ ပိုင်ဆိုင် ခံစားကြရတယ်၊

တနည်းပြောရရင်
အတိတ်ဘဝရဲ့ ကောင်းမှု၊ မကောင်းမှုက
ဒီဘဝကို ပြဌာန်းပေးလိုက်တာပါပဲ၊
သိပ္ပံပညာရှင်တွေ စတင်တွေ့ရှိလာတဲ့
Pre-planned life ဆိုတာ
ဗုဒ္ဓရဲ့ ဟောကြားချက်ကို
အတည်ပြုပေးလိုက်တဲ့ သဘောဖြစ်လာတယ်၊။

NayZinLatt ( 24.10.22 ) 🙏

.

23/10/2024

.

☯️

( သတိ အကြီးကြီးထားသင့်တယ် )


🔱လူတစ်ယောက် ဘာကြောင့်
ကံညံ့ သွားတတ်သလဲ ⁉️

၁။ ကံကြီးထိုက်နေသူနဲ့ပေါင်းမိတာ🚫

ကျေးဇူးရှင် ခင်ပွန်းကြီးဆယ်ပါးကို
ပြစ်မှားမိထားသူတွေဟာ မတောင်းပန်မချင်း တစ်ဘဝစာ ⛔️ကံ Block
ဖြစ်နေတတ်ပါတယ်။ ❌

သူလုပ်လိုက်မှ ပျက်တာ၊
သူ ပါလာမှ လွဲကုန်တာ၊ ဝင်ငွေမရှိ
အလုပ်မရ ညှင်းသိုးသိုးနဲ့
block ဖြစ်နေတတ်တယ်။ ⛔️

အဲ့ဒီလိုလူတွေနဲ့ အလုပ်တွဲလုပ်မိတာ
ပဲဖြစ်ဖြစ် ကိုယ့်အခန်း ၊
ကိုယ့်အိမ်မှာ လာနေတာပဲဖြစ်ဖြစ်
သူ့ကိုပေးချင်ကျွေးချင်လို့
ရည်ရွယ်မိတာပဲဖြစ်ဖြစ်
အဆင်မပြေဖြစ်လာတတ်တယ်။ 🚫

⚠️ကံကူးတဲ့ သဘော ပါ။⚠️

ကံတူလာတဲ့အခါ အကျိူးပေးတွေ
💯တူလာတတ်ပါတယ်။✅

၂။ သူများထိခိုက်နစ်နာမှုကို
ဝမ်းမြောက်ဝမ်းသာဖြစ်တာ📛

သူများကျရှုံးမှု ၊ ထိခိုက်နစ်နာမှုကို
မသိစိတ်က ဝမ်းသာမိတဲ့အခါ
အဲ့ဒီကံရဲ့ reflection အဖြစ် ကိုယ့်ဆီ တိတိကျကျ ပြန်ရောက်လာပြီး
ကံ့ညံ့လာစေပါတယ်။ 💯‼️

၃။ ⚠️သူများငွေ၊ ပစ္စည်းဥစ္စာကို
မတရားယူမိတာ🆘

တခါတလေ ဒီလောက်နဲ့တော့
ဘာမှမဖြစ်ပါဘူးဆိုပြီး
သူများငွေ ၊သူများအကျပ်အတည်းကို
အခွင့်ကောင်း ယူမိတာတွေ၊

⭕️အမြတ်ကြီးစားမိတာတွေ၊
သူ မသိလောက်ပါဘူးဆိုပြီး
လုပ်မိတာတွေဟာ ကိုယ့်ရဲ့
ရောက်လာမယ့်
ကံကောင်းခြင်းတွေကိုပါ
ဖယ်ရှားပစ်လိုက်ပြီး
နှစ်ဆပြန်ပေးဆပ်နေ
ရတတ်ပါတယ်။ 💯✅

၄။ သူတပါး အခွင့်အလမ်း၊ အလုပ်၊ လာဘ်လာဘကို ပိတ်ပင်တားဆီးမိတာ⛔️

💢သူတပါး မျှော်လင့်ချက်ကို
ဖျက်ဆီးမိ၊
ကိုယ့်အလုပ်သမားရဲ့ လုပ်အားခ
ကို နှိမ်မိ၊
သူများရမယ့်အခွင့်အလမ်း
အလုပ်ကို ကိုယ်ကကြားကနေ
ဘာရယ်မဟုတ် ပုတ်ခတ်ဖျက်
စီးမိတဲ့အခါ ကိုယ့်လုပ်ငန်းတွေ
ရပ်ဆိုင်းကြန့်ကြာနေရတတ်ပါတယ်။ ⚠️

💢သူတပါးကိုနင်းပြီး လုပြီး
ရလာတဲ့နေရာဟာဘယ်တော့မှ
မြဲ တဲ့ ထုံးစံမ ရှိ ပါဘူး💯✅

၅။ သူတပါးအပေါ်
🔱မကောင်းမြင်၊မနာလိုစိတ်များနေတာ

တခါတလေ ကိုယ့်ဟာကိုယ်
နေနေပေမယ့် ဘေးကလူတွေရဲ့
အတင်းစကားတွေကြား လိုက်ရုံနဲ့
အဲ့ဒီလူကို ကိုယ်ပါ အမုန်းစိတ်တွေ
ဖြစ်ပေါ်လာတာမျိုးရှိတတ်တယ် ။🚷

ပြီးတော့ လူတကာအပေါ်
မကောင်းမြင်စိတ်
negative များနေတဲ့အခါ စိတ်
တွေ အုံ့မှိုင်းလာပြီး
ကံ့ညံ့လာတတ်ပါတယ်။❌

မရှိလို့ လူတွေကို ညစ်တွန်းတွန်းလေ
ကံညံ့လေလေဘဲ။‼️✅

၆။ ကိုယ့်အပေါ် စေတနာ-မေတ္တာ မှန်သူကို #ပစ်မှားမိတာ💔

⚠️ဒါက မိဘဆရာ၊
အလုပ်ရှင် မှ မဟုတ်ဘူး။

❌လင်မယား ၊ ချစ်သူကြား၊
သူငယ်ချင်းမိတ်ဆွေကြား လည်း
အဲ့လိုပဲ ကိုယ့်အပေါ် မေတ္တာ ၊
စေတနာမှန်သူကို ပြစ်မှား
စော်ကား ခံစားရစေ
မျက်ရည်ကျရစေတဲ့အခါ
ဘဝဟာ မပြောင်ရောင်တော့ပါ။💔

💢ကြုံလာသမျှကအတုတွေနဲ့ကြီးပဲ
ရင်ဆိုင် ရတတ်ပါတယ်😌

⚠️နောက်တစ်ခု သတိပေးချင်တာက
စတေနာ-မတ်ေတာထားသူကို
ပြစ်မှားမိသူတွေဟာ
ခန္ဓာကိုယ်ပိုင်းဆိုင်ရာမှာ
ကျန်းမာရေး ချိူ့တဲ့ပြီး
ကံညံ့တတ်ပါတယ်။💯‼️

၇။ သူတပါးကို
#နာမည်ဖျက်အပုတ်ချမိတာ🚫

မကောင်းသတင်း မဟုတ်မမှန်
အပုပ်ချမိတဲ့သူတွေဟာ
အမြဲ လာဘ်ပိတ်ပြီး ခန္ဓာကိုယ်
ဖျော့တော့ ညိုးနွမ်း
အရောင်မှိန်နေတတ်ပါတယ်။ 😌

၈။ ပစ္စည်းထားသိုမှု၊
#နေထိုင်မှုမှားယွင်းတာ❌

မိမိခေါင်းရင်းမှာ
ခြေအိတ်တွေ အောက်ပိုင်းပစ္စည်းတွေ
မသန့်စင်တဲ့အရာတွေ ထားမိတာမျိူး မျက်နှာသုတ်ပုဝါကိုအောက်ပိုင်း
တွေသုတ်၊ ခြေနင်းဖတ်မှာထားမိတာမျိုး

မိမိအဝတ်အစားကို အိုးပူကိုင်၊
ကြမ်းတိုက် တာတွေလုပ်မိတာ။ 😰

မိမိကို ထမင်းကျွေးနေတဲ့
လုပ်ငန်းသုံးပစ္စည်း ၊ စာရွက်စာတမ်း
စတာတွေကို မရိုသေတာ
အောက်ချထားတာ။ ☹️

အိမ်အဝင်ဝ၊ ဆိုင်အဝင်ဝကို
ကြောပေးထိုင်နေတာ 🫣

၉။ 🛑အတိတ်နိမိတ်၊ ပါးစပ်က အမြဲ #ညည်းတွားမိတာ😰

တခါတလေ အကျင့်ပါပြီး
နိမိတ်မရှိတာတွေ ပိုက်ဆံမရှိတဲ့စကားတွေ ညည်းတွားတာတွေကို
ပြောမိကြပါတယ်။⚠️💯

အချိန် စက္ကန့် မိနစ်တွေမှာ
နက္ခတ်မိတဲ့အချိန်တွေ ရှိတာမို့
အဲ့လိုအချိန်တွေနဲ့
ကိုယ့်နူတ်ထွက်ချိန်နဲ့ ကွက်တိ
ကျတဲ့အခါ အမှန်ဖြစ်လာ
တတ်ပါတယ်။



BaMg ☯️

23/10/2024
23/10/2024

.
☯️

( နည်းချင်တာနည်း.... ဉာဏ်မနည်းဖို့လိုတယ် )

🐠
တချိန်က Dark age ဆိုတဲ့ အမှောင်ခေတ်ကို
ကမ္ဘာကြီးဖြတ်ခဲ့ဘူးတယ်၊ ကမ္ဘာကြီး "လုံး" တာကို
သက်သေပြပါမယ်ဆိုတဲ့သူ အသတ်ခံရတယ်၊

🐠
လူတွေရဲ့ မညီမျှမှုကိုကြည့်ပြီး ဘုရားလဲ ....
"မတရားဘူး"... ဆိုတဲ့ Clip ကိုကြည့်လိုက်ရတယ်၊
ကိုယ့်အသိဉာဏ်ကိုဖေါ်ပြသလိုဖြစ်နေတယ်၊
ဗုဒ္ဓဆိုတဲ့ဘုရားက လောကထဲမှာမရှိတော့ဘူး
လောကလွန်နယ်ပယ် ( နိဗ္ဗာန် ) ကိုရောက်နေပြီ
မညီမျှမှုက ကံတရားကြောင့်ဖြစ်တာ၊ ကံ၊ ကံရဲ့
အကျိုးပေးပုံ၊ သဘောတရားကိုမသိပဲ လက်ညှိုး
ထိုးတာ ဉာဏ်နည်းလွန်းနေတယ်၊
ဗုဒ္ဓဆိုတာ သဘာဝနိယာမ၊ ဓမ္မနိယာမကို ဖေါ်ထုတ်
ပေးခဲ့သူ၊ အသိဉာဏ်သုံးနှိုင်အောင် ဦးဆောင်ခဲ့သူ၊
အခြားဘုရား (နတ်၊ဗြဟ္မာ) တွေလိုဖန်ဆင်းရှင်
မဟုတ်ဘူး၊

လူတွေမညီမျှကြတာ အတိတ်ကံနဲ့ ပစ္စုပ္ပန်ကံ
ကြောင့်သာဖြစ်တာ၊ ကံ အလိုကျသာဖြစ်ပြီး
ဘုရားအလိုကျမဟုတ်ဘူးဆိုတာ အခြေခံ
လောက်တော့သိထား ရလိမ့်မယ်၊

🐠
မြန်မာတွေ အသိနည်းလို့ တိုင်းပြည်ပျက်ရတာ
ဒီမိုကရေစီ၊ လူ့အခွင့်အရေးဗန်းပြပြီး ဖျက်ခဲ့
တာက အရင်းခံတယ်၊ အစိုးရအဖွဲ့ထဲ တိုင်းတပါး
သားတွေခြယ်လှယ်ခွင့်ပေးခဲ့လို့ စနစ်တကျ
အဖျက်ခံလိုက်ရတာ၊ ပညာနည်းပြီး ပုဂ္ဂိုလ်စွဲ
သဒ္ဓာလွန်ခဲ့ကြ တာကိုး၊

ဗုဒ္ဓက ပညာနဲ့ သဒ္ဓာကိုမျှတအောင်သုံးဖို့မှာတယ်
မြန်မာတွေက သဒ္ဓာအားကြီးပြီး ပညာနည်းလွန်း
တာကြောင့် သူတပါးဖျက်တာအလွယ်တကူ
ခံလိုက်ကြရတယ်၊ ဒါလဲ အခုထိသင်္ခန်းစာကို
မယူနိုင်ကြသေးဘူး၊

🐠
ဘမောင်စာရေးတယ်၊ အချိန်နည်းပါးလို့
စာရေးဆရာအသင်းမဝင်ခဲ့ဘူး၊ စာရေးဆရာ
အသင်းက ဘမောင်ကို စာရေးဆရာလို့ အသိ
အမှတ်ပြုချင်မှပြုမှာ၊

ဘမောင် စီးပွားရေးလုပ်တယ်၊ ကုန်သည်ကြီး
အသင်းမဝင်ဘူး၊ ဘမောင်ကို လုပ်ငန်းရှင်တဦး
ရယ်လို့ အသိအမှတ်ပြုချင်မှပြုလိမ့်မယ်၊

တက္ကသိုလ်မှ ဘွဲ့ပေးနိုင်တယ်၊ College ကဘွဲ့
မပေးနိုင်ဘူးလို့ တချို့မြန်မာတွေအယူရှိတယ်
LSE- London School of Economics ဆိုတာ
ကမ္ဘာမှာအထင်ကရ၊ School လို့ပဲရေးထားတာ
နော်၊ University လို့ရေးမထားဘူး၊

ဘမောင်ငယ်ငယ်ကနေတဲ့ကျောင်းက
" St.John Diocesan Boys' School."
Diocesan ဆိုတာ ခရစ်ယာန်ဂိုဏ်းအုပ်
ဘုန်းတော်ကြီးတွေနဲ့ဆိုင်တဲ့ကျောင်း၊
အစိုးရကဝင်စွက်ပိုင်ခွင့်မရှိဘူး၊
ကျောင်းမဟုတ်ပါဘူးလို့ ဘယ်သူမှပြောလို့
မရဘူး၊ သူ့အခြေအနေတရပ်နဲ့သူပဲ ။
Dark age မှာ ကမ္ဘာပြားတယ်လို့အမှားကို
လက်ခံထားတော့၊ အမှန်လုံးပါတယ်ဆိုသူက
အမှားဖြစ်သွားတယ်၊ ဒီနေ့အထိအပြားလို့
လက်ခံထားတဲ့ မျက်ကန်းတွေရှိနေသေးတယ်၊
အသိလူစဉ်မမှီကြရင် အမှန်ကအမှား
အမှားကအမှန်တွေဖြစ်သွားတတ်တယ်
ဒါပေမဲ့ သူ့အကုသိုလ်နဲ့သူပဲ ။

🐠
ရုပ်အဆင်နည်းလဲ တချိန်အိမ်ထောင်ကျတာပဲ
ဥစ္စာနည်းပါးလဲ ရှင်သန်နိုင်တာပဲ၊ အဲ... ပညာနည်း
ရင်တော့ သံသရာပါတယ်၊
ဒုဂတိဆိုတဲ့အောက်ဘုံ မရောက်စေနဲ့ဆိုတာကို
အလကား ဘုရားကဟောခဲ့တာမဟုတ်ဘူး၊
အောက်ဘုံရောက်ရင် တရားမနာနိုင်ဘူး၊ အသိ
ဉာဏ်ဖြည့်ဆည်းနိုင်ခွင့်မရှိဘူး၊ အထက်ပြန်
တက်ခွင့် အလွန့်အလွန်နည်းပါးသွားပြီ၊

ကံလေးကောင်းလို့ လူဘဝရလာကြတာ
သူများထက် ပိုပြီးကံကောင်းပြန်လို့ တရားစစ်
တရားမှန်ရှိရာမှာ လူဖြစ်လာကြရတာ၊
အနန္တော အနန္တပေါ်မှာသာ အကုသိုလ်မဖြစ်စေနဲ့
တော်ရုံ အကုသိုလ်အသေးတွေကို ကုသိုလ်က
ကျော်နိုင်တယ်၊

မလိုင်အိုးပေါ်မှာထိုင်ပြီး မလိုင်မစားလိုက်နှိုင်
ရင်တော့ ဒီဘဝလူဖြစ်ရှုံးလိမ့်မယ်၊ ပါတ်လည်မှာ
ဝိုင်းရံနေတဲ့ မလိုင်ကိုတော့ တတို့လောက်ဖြစ်ဖြစ်
စားဖြစ်အောင် စားသွားသင့်ကြတယ်၊

နည်းချင်ရာနည်းပါ
ဉာဏ်လေးတော့မနည်းကြစေလိုပါ ။

Nay Zin Latt ( 22.10.24 ) ☯️

🌟 ✨💘သီတင်းကျွတ်ရာသီမှာ🎵 ✨✨🌵  ကျန်းမာခြင်း⛵🎏 ✨✨💐  ချမ်းသာကြွယ်ဝခြင်း🚀 ✨✨🌷  ပျော်ရွှင်ခြင်း🌅 🎆 ✨✨🍀ချစ်သူခင်သူပေါများခြင်း🌈...
16/10/2024

🌟 ✨💘သီတင်းကျွတ်ရာသီမှာ🎵 ✨
✨🌵 ကျန်းမာခြင်း⛵🎏 ✨
✨💐 ချမ်းသာကြွယ်ဝခြင်း🚀 ✨
✨🌷 ပျော်ရွှင်ခြင်း🌅 🎆 ✨
✨🍀ချစ်သူခင်သူပေါများခြင်း🌈 🎑 ✨
✨🌺 စိတ်နှလုံးချမ်းမြေ့ခြင်း😄 💪 ✨
✨🌻 ကြံစဉ်သမျှအောင်မြင်ခြင်း🎉 🎯 ✨
✨🌹 အလှူရေစက်လက်နှင့်မကွာ လှူတန်းနိုင်ခြင်း🙏 🎇 ✨
✨💐 လာဘ်လာဘကြွယ်ဝခြင်း 💰 ✨🌷 🎎 ✨
✨☀ 🙌 🈵 ✨ဝါကျွတ်အချိန်အခါမှာ ပြည့်စုံပါစေကြောင်း
✨🌸 ဆုမွန်ကောင်းခြွေပါတယ်👏 🎰 ✨🌺 🉐 ☀✨🍀 🎐 👍 ✨

ပျော်ရွှင်စရာ သီတင်းကျွတ်ဖြစ်ပါစေ 🎁🎁

.☯️လောကမှာပုထုဇဉ်တွေမို့လို့ အကုသိုလ်နဲ့ မလွတ်ကင်းကြဘူး ဆိုပေမဲ့ -ကံထိုက်တဲ့ အကုသိုလ်မျိုးကိုတော့ ရှောင်သင့်တယ်၊ အထူးသဖြ...
04/10/2024

.

☯️

လောကမှာ
ပုထုဇဉ်တွေမို့လို့ အကုသိုလ်နဲ့ မလွတ်ကင်းကြဘူး ဆိုပေမဲ့ -

ကံထိုက်တဲ့ အကုသိုလ်မျိုးကိုတော့ ရှောင်သင့်တယ်၊ အထူးသဖြင့် ( ကံကြီးထိုက် ) တဲ့ အကုသိုလ်မျိုး ကျူးလွန်မိရင် ပေးဆပ်ရမှာက တနင့်တပိုးပဲ ။

ကံကြီးထိုက်ပြီဆိုရင် တဖက်က ခွင့်လွှတ်ပေမဲ့ ကမ္မနိယာမ၊ လောကနိယာမတွေက ခွင့်မလွှတ်ကြဘူး၊

ဒါကြောင့် ( တောင်းပန်မရတဲ့ ကံကြီး ) လို့ လူကြီးသူမတွေက သတိပေးထားခဲ့ကြတာ ။

BaMg ☯️

.☯️ပါချုပ်ဆရာတော်ဘုရားကြီးရဲ့တရားတော်တွေက သာမန်သူတွေနားလည်နိုင်အောင် ဟောထားလို့ နာကြစေချင်တယ်၊ အဘိဓမ္မာကိုဟောထားတာတွေလဲ ...
28/08/2024

.

☯️

ပါချုပ်ဆရာတော်ဘုရားကြီးရဲ့တရားတော်တွေက သာမန်သူတွေနားလည်နိုင်အောင် ဟောထားလို့ နာကြစေချင်တယ်၊ အဘိဓမ္မာကိုဟောထားတာတွေလဲ ရှင်းလင်းလွယ်ကူအောင် ဟောထားပါတယ်၊

FB ပေါ်မှာ ( ကုသိုလ်အကျိုးပေး ) ( အကုသိုလ် အကျိုးပေး ) နဲ့ပါတ်သက်ပြီး ( အကြိမ်ကြိမ် အဖန်ဖန် ) အကျိုးပေးခံရတဲ့ အကြောင်း နားထောင်လိုက်ရတယ်၊

သာမန်အားဖြင့် ဘဏ်ချေးငွေလို ၁၀၀,၀၀၀ ချေးထားပြီး၊ အတိုးနဲ့ ချေးငွေပြန်ပေးလိုက်ရင် ပြီးသွားပြီဆိုတဲ့ ပုံစံမျိုးနဲ့ မစဉ်းမိဖို့လိုပါတယ်၊

- ကုသိုလ်လုပ်လုပ်
- အကုသိုလ်လုပ်လုပ်

ဗုဗ္ဗ ၊ မုဉ္စ၊ အပရ ဆိုတဲ့ စေတနာ ( မပြုခင်၊ ပြုဆဲ၊ ပြုပြီး ) စေတနာဖြစ်နေစဉ် " ဇော " စိတ်တွေရှိနေတယ်၊

အဲ့ဒီကာလ (၃) ပါးမှာဖြစ်နေတဲ့ ဇောတွေက သွားစုနေတော့တာပါပဲ၊

စိတ်ဖြစ်တ်ုင်း ဇော (၇) တန်ဖြစ်တယ်
အခုဘဝသေပြီး နောက်ဘဝ ( ကပ်လျက်ဘဝ) ကို သတ္တမဇော ကဆောင်ရွက်တယ်၊ တနည်း ဆိုရရင် သတ္တမဇောက ပဋိသန္ဓေကိုပေးတယ်၊

ပြဿနာက အလယ်ဇာ (၅) ချက်ပဲ
အဲ့ဒီအလယ်ဇော (၅) ချက်က ကုသိုလ် ၊ အကုသိုလ်ဖြစ်ဖြစ်ဖြစ် ပဝတ္ထိ အကျိုးကိုပေးတယ်၊

ပဝတ္ထိ အကျိုးဆိုတာ ပဋိသန္ဓေနဲ့ စုတိကြားကာလ ( အသက်ရှိစဉ်ကာလတလျောက် ) လုံးမှာ လိုက်ပြီး အကျိုးပေးနေတာမျိုး၊
နိဗ္ဗာန် မရောက်မချင်း အကျိုးပေးသတ္တိရှိနေတာဆိုတော့.... တဘဝထဲလို့ဆိုလိုတာ မဟုတ်ပါဘူး၊ ဘဝတွေဖြစ်နေသမျှ အကျိုးပေးနေတဲ့သဘောလို့ သိထားရမှာပါ၊

ဒီသဘောတရားကို သိထားရင် လူတွေအကုသိုလ် လုပ်ဖြစ်ကြမှာ မဟုတ်ပါဘူး၊

ဥပမာ - လူတယောက်ကို ပျက်စီးဖို့ ကြံလိုက်တယ်၊ ငွေလိမ်လိုက်တာ၊ ဖြစ်စဉ်ကတော့ တဘဝထဲ အတွက်ပဲ၊ လိမ်ညာပြီး၊ မတရားနည်းနဲ့ ချမ်းသာမှုဟာ တဘဝစာဖြစ်ပေမဲ့၊ ပြန်ပေးဆပ်ရမှာက အလယ် (၅) ဇောကြောင့် သံသရာအထိ ဖြစ်ပါတယ်၊

ပိုဆိုးတာက
အားကြီးတဲ့ အကျိုးပေးတွေဖြစ်တဲ့
- ဘုရား
- တရား
- သံဃာ
- မိဘ
- ဆရာ နဲ့

ခင်ပွန်းကြီး (၁၀) ပါးအပေါ် ပြုလိုက်တဲ့ အကုသိုလ် အကျိုးပေးက အခြားအားသေးတဲ့ ကောင်းကံတွေရဲ့ အကျိုးပေးကို ဖြတ်ကျော်ပြီး အကျိုးပေးလိမ့်မယ်ဆိုတာကို အလေးအနက် သိထားကြရင်...

အားလုံး အကုသိုလ်ကို ရှောင်ရှားနိုင်ကြပါလိမ့်မယ်၊

မြန်မာနိုင်ငံသူ နိုင်ငံသားများ အကုသိုလ် ကင်းကြပါစေ။

Crd

ဘ၀မှာ အနှစ်သာရရှိတာနဲ့ အနှစ်သာရမရှိတာ ခွဲခြားသိသင့်တယ်။ဘယ်ဟာ အနှစ် သာရရှိပြီး ဘယ်ဟာက အနှစ်သာရ မရှိတုန်းလို့ဆို အကြမ်းဖျင...
29/03/2024

ဘ၀မှာ အနှစ်သာရရှိတာနဲ့ အနှစ်သာရမရှိတာ ခွဲခြားသိသင့်တယ်။

ဘယ်ဟာ အနှစ် သာရရှိပြီး ဘယ်ဟာက အနှစ်သာရ မရှိတုန်းလို့ဆို အကြမ်းဖျင်း နည်းနည်းစဉ်းစားကြည့်ပေါ့။

ကိုယ်ရထားတဲ့ ရုပ်ခန္ဓာ မိခင်၀မ်းထဲဖြစ်လာတဲ့ အချိန်ကစပြီး တစ်နေ့တခြား တစ်ဆင့်ဆင့်ကြီးထွား တစ်ဆင့်ထက်တစ်ဆင့် အို’အိုလာ၊ နောက်ဆုံး အိုမင်းရင့်ရော်လာ တစ်နေ့ထက်တစ်နေ့ အို’အို လာတယ်။

ခန္ဓာကိုယ်ကြီးဟာ တစ်နေ့ကျတော့ ပျက်စီးသွားတယ်။

လူ့ခန္ဓာကိုယ်ထဲမှာ အနှစ်သာရ ဆိုတာ ဘာမှမရှိဘူး။သိမ်းထားစရာ ဘာမှမရှိဘူး။

၁၀-နှစ် နေရမယ့် ပုဂ္ဂိုလ်၊ ၁၀-နှစ်နေပြီး သေသွားရင် ဒီရုပ်ခန္ဓာကိုယ်ကြီးဟာ အသက်နဲ့ ခန္ဓာ ကွဲသွားတာနဲ့တစ်ပြိုင်နက် အသုံး၀င်မှု ရပ်ဆိုင်းသွားတယ်။

သူ့ရဲ့အတိုင်းအတာတစ်ခု အသက် (၆၀)၊ (၇၀)၊ (၈၀)။အသက်နဲ့ ခန္ဓာကိုယ် အိုးစားကွဲသွားတာနဲ့ ဟောဒီရုပ်ခန္ဓာကြီးမှာယူ ပြီး သိမ်းထားစရာ ဘာမှမရှိဘူး။

မြတ်မြတ်နိုးနိုးနဲ့ သိမ်းထားစရာ မရှိဘူး။ အားလုံး ပစ်လိုက်ရမှာ ချည်းပဲ။

လူ့ခန္ဓာကိုယ်ထဲကနေ မပစ်လိုက်ရတာဆိုတာ ဘာတစ်ခုမှ မရှိဘူး။

အားလုံး ပစ်လိုက်ရမှာ ချည်းပဲ။ အသက်ရှင်တုန်းမှာတော့ တန်ဖိုးရှိသလိုဖြစ်ပြီးတော့ အသက်နှင့်ခန္ဓာကိုယ် ကွဲသွားပြီဆို တာနဲ့ တစ်ပြိုင်နက် ဘာမှ တန်ဖိုးမရှိတော့ဘူး။

ချစ်ခင်လှပါတယ်ဆိုတဲ့ မိသားစုကတောင်မှ အိမ်မှာကြာကြာ မထားနိုင်ကြပါဘူး။ ဒါသဘာ၀ပဲ။

အဲဒီ ရုပ်ခန္ဓာကိုယ်ကြီးမှာ အနှစ်ရှာမယ်ဆိုရင် လုံး၀မတွေ့နိုင်ဘူး။ ဘာမှ မတွေ့နိုင်ဘူး။

နာမ်ထဲမှာ အနှစ်ရှာဦးမလားဆိုတော့ နာမ်ဆိုတာ အခုဖြစ်ပြီး အခုချက်ချင်း ပျက်သွားတာ ဆိုတော့ သူ့ကို အနှစ်ရှာဖို့ဟာ အလွန်ခက်တယ်။

အနှစ်သာရဆိုတာ ဘာမှမရှိဘူး။ နာမ်ဆိုတာ တစ်ခဏလေးအတွင်းမှာ ဖြစ်ပျက်သွားတာ။

အနှစ်သာရ ပြောစရာ ခန္ဓာကိုယ်ကြီးမှာ တစ်ခုမှမရှိ ဘူး။

နာမ်ထဲမှာလည်း ဖြစ်တာမြန်လို့ အနှစ်သာရဆိုတာ ဘာမှ မရှိဘူး။

သို့သော် နာမ်တရားကို မှီဖြစ်တဲ့ အနှစ်သာရလေးကို ရအောင်ယူနိုင်မယ်ဆိုလို့ရှိရင်တော့ ခန္ဓာကိုယ်ထဲက အနှစ်ကို ထုတ်ယူလို့ ရနိုင်သေးတယ်လို့။

အနှစ်နဲ့အကာကို ခွဲခြားပြီး သိမယ်ဆိုလို့ရှိရင် အကာအတွက် အချိန်များများ မပေးတော့ ဘူး။

အနှစ်သာရ ရဖို့အတွက် အချိန်များများပေးရမယ်။

တကယ့်အနှစ်သာရက ကိုယ်ကျင့်တရား သာ ဖြစ်တယ်။

အဲဒီအနှစ်သာရလေးကို ဖျက်ပြီးတော့ ဘာမှ အနှစ်မရှိတဲ့ ခန္ဓာကြီးအတွက် သီလ တွေ ရပ်နားပြီးတော့ အနှစ်သာရကို ဖယ်ရှားပြီး အနှစ်မဲ့တဲ့အရာကို ယူတယ်။

ထို့အတူပဲ အကု သိုလ်ဖြစ်တာ ကြည့်မယ်ဆိုရင် အကာအတွက် အကုသိုလ်ဖြစ်တာ များတယ်။

အနှစ်သာရအတွက် အကုသိုလ်ဖြစ်တာ နည်းတယ်။

ဘယ်ဟာက အကာ၊ ဘယ်ဟာက အနှစ်ဆိုတာ သိဖို့လိုတယ်။

သိလာပြီးတဲ့နောက်မှာ အကာကို ဂရုမစိုက်ဘဲနဲ့ အနှစ်သာရကို ရအောင်ယူတတ်ဖို့ အနှစ်သာရမှ ရအောင်မယူတတ်ဘူး ဆိုရင် နောက်ဆုံးမှာ ဘာမှ မကျန်ရစ်တဲ့ အနေအထားမျိုး ရောက်မယ်။

အကာကို ခင်တွယ်နေတဲ့ အတွက်ကြောင့် အနှစ်မရဘူး။ အကာကြီးကလဲ ကိုယ်ခင်တွယ်ပြီးနောက် စွန့်ပစ်ရမယ့် အနေ အထားမျိုးရောက်သွားတယ်။

ကိုယ်ဘာမှ မရတဲ့ အနေအထားဖြစ်တယ်။

ဒါကြောင့်မို့လို့ မြတ်စွာဘုရားက အဂုင်္တ္တရနိကာယ် ဝဍ္ဎိသုတ္တန်မှာ ဟောထားတယ်။

ဘ၀ မှာ ရနိုင်တဲ့ အနှစ်တွေက ဘာတွေလဲဆိုရင် သဒ္ဓါဆိုတဲ့ အနှစ်၊ သီလဆိုတဲ့ အနှစ်၊ သုတဆိုတဲ့ ဘုရားဟောထားတဲ့ တရားဒေသနာ ကြားနာမှု အနှစ်၊ စာဂလို့ဆိုတဲ့ စွန့်လွှတ်မှု လှူဒါန်းပေးကမ်း နိုင်မှု အနှစ်၊ ပညာလို့ဆိုတဲ့ အနှစ်၊ နာမ်တရားထဲမှာ ဒီအနှစ်သာရတွေရှိပြီးတော့ နေတယ်။ သို့သော် အနှစ်ဟာ ထုတ်မယူတတ်လို့ရှိရင် မရပါဘူး။ ထုတ်မယူတတ်လို့ရှိရင် အကာပဲ ရမယ်။

ဆိုပါစို့ သစ်ပင်တစ်ပင်ရဲ့ အနှစ်ဟာ အကာတွေဖုံးထားတဲ့ အတွင်းမှာရှိတယ်။

အရွက်ထဲ မှာလည်း မရှိဘူး။ အခက်ထဲမှာလည်း မရှိဘူး။ ပင်စည်ထဲမှာသာ ရှိတယ်။

အနှစ်ရှိတဲ့ နေရာကို သိပြီး အဲဒီအနှစ်ကို ယူတတ်ဖို့ အရေးကြီးတယ်။

မိမိ ရုပ်ခန္ဓာကိုယ်ထဲမှာလည်း အနှစ်မရှိဘူး။ အပေါ်ယံနာမ်မှာလည်း အနှစ်မရှိဘူး။

နာမ်ကိုမှီပြီး ဖြစ်ပေါ်လာတဲ့ သဘာ၀တရားမှာသာ အနှစ် တွေရှိတယ်။

အဲဒီအနှစ်သာရတွေကို ယူတတ်ရင်ရမယ်။

မယူတတ်ဘူးဆိုရင် ရမှာမဟုတ်ဘူး။ လွတ်သွားမှာ။

နာမ်တရားမှာ ဖြစ်ပေါ်တဲ့ သဒ္ဓါဆိုတဲ့ ယုံကြည်မှု၊ ယုံကြည်တယ်ဆိုတာ ဘာကိုယုံကြည် တာလဲဆိုရင် ကောင်းတာလုပ်ရင် ကောင်းတဲ့အကျိုးရမယ်၊ မကောင်းတာလုပ်ရင် မကောင်းတဲ့ အပြစ်ကို ရလိမ့်မယ်၊ အဆိုးတရားလာမယ်။

စာပေက ကံ’ကံ၏ အကျိုးကို ယုံကြည်တယ်လို့ ဆိုတယ်။

ကံဆိုတာ ကိုယ့်သန္တာန်မှာရှိတဲ့ စေတနာစွမ်းအားကို ခေါ်တယ်။

အဲဒီ စေတနာစွမ်းအား ကို အသိအမှတ်ပြုတယ်။

အဲဒီ စေတနာစွမ်းအားမှ ရလာတဲ့အကျိုးတရားကို အသိအမှတ်ပြုတယ်။

ကောင်းတာလုပ်ရင် ကောင်းကျိုးရနိုင်တယ်။

မကောင်းတာလုပ်ရင် မကောင်းကျိုးရနိုင်တယ်လို့ ကံ’ ကံ၏ အကျိုးကို ယုံကြည်တာ၊ သိမြင်တာဟာ ကမ္မဿကတာ- သမ္မာဒိဋ္ဌိ ဖြစ်တယ်၊ အမှန်အတိုင်း မြင်တာ။

ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော်
ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ
🙏🙏🙏

ဘယ်အရာမှ မမြဲဘူး ဆိုတာကိုမကြာခဏ ဆင်ခြင်စဉ်းစားမိရင်ဘယ်အရာကိုမှ မတွယ်တာတော့ဘူး။------------------------------------------...
09/03/2024

ဘယ်အရာမှ မမြဲဘူး ဆိုတာကို
မကြာခဏ ဆင်ခြင်စဉ်းစားမိရင်
ဘယ်အရာကိုမှ မတွယ်တာတော့ဘူး။
-------------------------------------------------------
🌷ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး

16/02/2024

လူကြီးမင်းတို့ရဲ့ အိမ်ခြံမြေနှင့်သက်ဆိုင်သော

Gp , Sp လွှဲပြောင်းခြင်း ကျမ်းကျိန်လွှာ အမွေဆက်ခံပိုင်ဆိုင်ကြောင်းကြေညာစာချုပ်
အရောင်းအဝယ်စာချုပ်ကြီးချုပ်ဆိုခြင်း အမည်ပြောင်းခြင်းအစရှိသော စာရွက်စာတမ်းနှင့်ပတ်သက်သော ကိစ္စတို့အတွက် ကျွင်္နတော်တို့ရဲ့ အကျိုးဆောင်လုပ်ငန်းနဲ့ဆက်သွယ်လိုက်ပါ

၀၉ ၄၀၉၂၅၀၀၂၂ ကိုဆက်သွယ်လိုက်ပါ

Address

Kan Bae Street, Yankin Township
Yangon

Website

Alerts

Be the first to know and let us send you an email when Shwe Sin Moe - ရွှေစင်မိုး posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category