Millionaire

Call Directions Website Contact the practice

Millionaire Welcome to Multi-Millionaire Alliance Co., Ltd. Contact us - 09779922193 / 09779922194 Call us to get the best service...

27/08/2026

အိမ်ခြံမြေ လက်ကြီးဝယ်ရောင်းသမားများအား အခွန်ရှောင်မှုဖြင့် စစ်ဆေးနေ

ဧရာဝတီ၊ ဩဂုတ် ၂၇၊ ၂၀၂၆

အာဏာသိမ်းအစိုးရက ရန်ကုန်နှင့် နေပြည်တော်ရှိ အိမ်ခြံမြေ ရောင်းဝယ်နေသူ လက်ကြီးသမားတချို့ကို အခွန်ရှောင် တိမ်းမှု ရှိမရှိ အကြောင်းပြချက်ဖြင့် ယခုရက်ပိုင်း အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန(စစစ)က ခေါ်ယူ စစ်ဆေးနေသည်။

ထိုသို့ဖြစ်ရခြင်းမှာ ဝယ်သူမှ အခွန်ဆောင်သော်လည်း ရောင်းသူမှ အခွန်တိမ်းရှောင်မှုကြောင့် ဖြစ်ကြောင်း ရန်ကုန်မြို့ရှိ အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းရှင်တဦးက ဧရာဝတီသို့ ပြောသည်။

“အခုအစစ်ခံရတာ ဝယ်/ရောင်းသမားတွေများတယ်။ အိမ်ခြံမြေဈေးကွက်ကလည်း အာဏာသိမ်းပြီးကတည်းက အမှန် အကန်ဝယ်မယ့်သူထက် ငွေရင်းပြီး စီးပွားရေးဝင်လုပ်သူများတယ်၊ ဥပမာ မြောက်ဒဂုံမှာ ပေ ၄၀x ၆၀ လောက်ဝယ်ထား မယ်၊ တလကြာရင် ကျပ်သိန်းတထောင်လောက် တင်ပြီးပြန်ရောင်းမယ်။ ဒီလိုလူတွေပဲ ဖြစ်တယ်။ ဘယ်နှစ်ယောက် လောက် ခေါ်စစ်ဆေးခံနေရတယ်တော့ သေချာမသိဘူး” ဟု ၎င်းက ပြောသည်။

မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနနှင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၌ မှတ်တမ်းတင်ထားသည့် ဝယ်သူ၊ ရောင်းသူ အမည်ပေါက် အမှုတွဲများအလိုက် ခေါ်ယူစစ်ဆေးနေခြင်းဖြစ်ကြောင်း အိမ်ခြံမြေလုပ်ငန်းရှင်များက ပြောသည်။

ထို့ပြင် ရန်ကုန်မြို့ရှိ မြေကွက်တချို့ကို အမှန်တကယ်နေဖို့မဟုတ်ဘဲ အရောင်းအဝယ်လုပ်ရန် ကျပ်သိန်း ထောင်သောင်းချီ ရင်းနှီးဝယ်ယူထားခြင်းများရှိသဖြင့် ထိုအခြေအနေများကိုပါ စစ်ဆေးလာကြောင်း အိမ်ခြံမြေအကျိုးဆောင်များက ပြော သည်။

အိမ်ခြံမြေ အဆောက်အအုံ၊ တိုက်ခန်းများ ဝယ်ယူရောင်းချရာ၌ ဝယ်သူက အမည်ပြောင်းလျှင် ဝင်ငွေခွန်စည်းကြပ် ပြီးစီးကြောင်း အထောက်အထားများ တင်ပြရသလို ရောင်းသူဘက်မှ အခွန်မဆောင်ပါက ဝယ်သူအမည်ပေါက် ပြောင်း မရကြောင်း၊ ရောင်းသူဝယ်သူ နှစ်ဖက်လုံးအခွန်ကင်းရှင်းကြောင်း တင်ပြနိုင်မှသာ အမည်ပေါက် မှတ်ပုံတင်ပေးမည့် လုပ်ငန်းစဉ်ကို လာမည့် စက်တင်ဘာ ၁ရက်က စ၍ လုပ်ဆောင်သွားမည်ဟု ပြည်တွင်းအခွန်များဦးစီး ဌာန၏ ထုတ်ပြန် ချက်အရ သိရသည်။

ယင်းအခြေအနေကြောင့် အိမ်ခြံမြေဈေးကွက်အတွင်း အရောင်းအဝယ် ကျဆင်းနိုင်ပြီး အကျိုးဆောင်များနှင့် ဝယ်ရောင်း သမားများအပေါ်လည်း သက်ရောက်မှုရှိလာနိုင်ကြောင်း ရန်ကုန်မြို့ရှိ နောက်ထပ်အိမ်ခြံမြေလုပ်ငန်း လုပ်ကိုင်သူတဦးက ပြောသည်။

“အိမ်ခြံမြေဈေးကွက်က အေးနေတာတော့ ကြာပြီ အခုရောင်းသူဝယ်သူ နှစ်ဖက်လုံးက အခွန်ဆောင်ရမယ်ဆိုတော့ သိန်းထောင်ချီ သောင်းချီနဲ့ လုပ်တဲ့အပိုင်းတွေကတော့ ငွေကျပ်သွားမှာပေါ့။ ရပ်ကွက်အကျိုးဆောင်တွေ၊ ဝယ်/ရောင်း သမားတွေတော့ အမြတ်နည်းသွားတော့ ထိခိုက်နိုင်တယ်။ ဒါကြောင့် အခုက ဝယ်စရာရှိတာ ဝယ်ရောင်းစရာရှိတာ မြန်မြန်ရောင်း” ဟု ၎င်းက ပြောသည်။

ပြည်တွင်းအခွန်များဦးစီးဌာန၏ ထုတ်ပြန်ချက်အရ အိမ်ခြံမြေများကို တနှစ်အတွင်း ရောင်းချခြင်း၊ အခြားနည်းလမ်းဖြင့် လွှဲပြောင်းခြင်းလုပ်ပြီး ထိုမှရသည့် အမြတ်အစွန်းက ကျပ်သိန်း ၁၀၀ထက်ပိုပါက ရက် ၃၀အတွင်း သက်ဆိုင်ရာအခွန်ရုံး တွင် ဝင်ငွေကြေညာလွှာတင်သွင်း၍ ကျသင့်အခွန်ပေးဆောင်ရမည်ဖြစ်သည်။

ထို့ပြင်ရန်ကုန်တိုင်းအတွင်း အိမ်ခြံမြေ၊ အဆောက်အအုံ ရောင်းဝယ်ဆောက်လုပ်မှုအပေါ် အခွန်စည်းကြပ်ရန် သတ်မှတ် ထားစံနှုန်းများမှာ ယနေ့ခေတ်ပေါက်ဈေးနှင့် များစွာကွာဟနေကြောင်း အာဏာသိမ်းအစိုးရ၏ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ဩဂုတ် ၄ ရက်က ထုတ်ပြန်ထားသည်။

ထို့အတွက် အိမ်ခြံမြေအရောင်းအဝယ်သမားများသည် အခွန်ဆိုင်ရာစည်းမျဉ်းများကို ထည့်သွင်းတွက်ချက်လာနိုင်ပြီး အရောင်းအဝယ်အေးနေသည့် အိမ်ခြံမြေဈေးကွက်အပေါ် သက်ရောက်နိုင်သော်လည်း မြေဈေးနှုန်းမှမူ သိသိသာသာ ပြန်ကျနိုင်ဖွယ်မရှိကြောင်း အိမ်ခြံမြေလုပ်ငန်းလုပ်ကိုင်သူများက သုံးသပ်သည်။

မြန်မာနိုင်ငံတွင် စစ်တပ် အာဏာသိမ်းပြီးနောက် အိမ်ခြံမြေဈေးကွက်ကို စီးပွားရေးသဖွယ်လုပ်ကိုင်လာသူများနှင့် ငွေကြေး ခဝါချမှုအပေါ် ဝေဖန်မှုများရှိသည့် ခရိုနီလုပ်ငန်းရှင်များကပါ ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်လာခြင်းကြောင့် အိမ်ခြံမြေဈေးနှုန်း များ သိသိသာသာ မြင့်တက်လာခဲ့သည်။

လက်ရှိ ရန်ကုန် မြောက်ဒဂုံမြေဈေးမှာ သိသိသာသာ တက်နေပြီး နေရာနှင့် အကျယ်အဝန်းပေါ်မူတည်၍ ကျပ်သိန်း ရာဂဏန်းမှ သိန်းသောင်းချီရှိနေကြောင်း သိရသည်။

အလားတူ အာဏာသိမ်းအစိုးရ ရုံးစိုက်ရာ နေပြည်တော်တွင်လည်း မြေဂရန်အတုများလုပ်၍ ရောင်းချခြင်းနှင့် အာမခံ ထား ကာ ငွေချေးခြင်း လိမ်လည်မှုတို့ကြောင့် နစ်နာသူအများအပြားရှိနေပြီး စစ်တပ်အရာရှိကြီးအချို့ပင် အလိမ်ခံထားရကြောင်း လူမှုကွန်ရက်တွင် သတင်းများထွက်ပေါ်နေသည်။

အိမ်ခြံမြေ လုပ်ငန်းရှင်တဦးက "မြေဂရန်အတုထွက်တာမျိုးတွေ ရှိတယ်။ ပြဿာနာ ကြီးကြီးမားမား ရှိလာနိုင်တယ်ဆိုရင် တော့ ခေါ်စစ်တာမျိုးတွေ ရှိလာနိုင်တယ်" ဟု ဧရာဝတီသို့ ပြောသည်။

ထိုသို့ အလိမ်ခံရသော်လည်း နစ်နာသူများသည် စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ (စရဖ) ၏ ခေါ်ယူ စစ်ဆေးခြင်းခံရပါက ငွေကြေးရင်းမြစ် စစ်ဆေးခံရမည်ကို စိုးရိမ်သဖြင့် လူသိရှင်ကြား ထုတ်ဖော်ပြောဆိုခြင်းမပြုဘဲ ကြိတ်ခံနေရကြောင်းလည်း ဆိုကြသည်။

Website တွင် ဖတ်ရန် https://burma.irrawaddy.com/news/2026/08/27/415820.html

အကြံကုန်ပြီဆို ဂဠုန် ဆားချက်ပါတယ်ဆိုမှ 🤣
26/08/2026

အကြံကုန်ပြီဆို ဂဠုန် ဆားချက်ပါတယ်ဆိုမှ 🤣

အိမ်ခြံမြေဈေးကွက်အေးနေသော်လည်း အခွန်မကြောက်ဘဲ စျေးနှုန်း ၁၃ % တင်ရောင်းရန် ပွဲစားများအကြံပြု

ရန်ကုန်မြို့ရဲ့ အိမ်ခြံမြေအရောင်းအဝယ်ဈေးကွက်ဟာ အခွန်ဆိုင်ရာ စည်းမျဉ်းတွေ တင်းကျပ်လာမယ့်သတင်းတွေကြောင့် အေးစက်နေပြီး ဝယ်သူတွေဘက်ကလည်း ရွှေနဲ့ ဒေါ်လာဘက်ကို ပိုမိုဦးစားပေးလာနေပါတယ်။

အထူးသဖြင့် စက်တင်ဘာ ၁ ရက်ကစပြီး အိမ်ခြံမြေအရောင်းအဝယ်တွေမှာ ဝင်ငွေခွန်နဲ့ တံဆိပ်ခေါင်းခွန် စတဲ့ အခွန်အခတွေကို စိစစ်ကောက်ခံမှု ပိုမိုတင်းကျပ်လာမယ်ဆိုတဲ့ သတင်းတွေကြောင့် အရောင်းအဝယ်လုပ်ဖို့ စောင့်ကြည့်နေသူတွေ များလာတာဖြစ်ပါတယ်။

အဲဒီလို ဈေးကွက်အေးနေချိန်မှာ အိမ်ခြံမြေပိုင်ရှင်တွေအနေနဲ့ အခွန်ကို စိုးရိမ်ပြီး ဈေးလျှော့ရောင်းတာထက် အခွန်အခတွေကို ထည့်တွက်ပြီး မူလရောင်းဈေးထက် ၁၃ ရာခိုင်နှုန်းခန့် ဈေးတင်သတ်မှတ်ရောင်းချနိုင်တယ်လို့ အိမ်ခြံမြေပွဲစားတွေက အကြံပြုထားပါတယ်။

အိမ်ခြံမြေဟာ ရေရှည်မှာ တန်ဖိုးကျဆင်းမှုနည်းတဲ့ ရင်းနှီးမြှုပ်နှံမှုတစ်ခုအဖြစ် ယူဆထားကြတာကြောင့် လက်ရှိဈေးကွက်အေးနေမှုနဲ့ အခွန်ကိစ္စကို အလွန်အမင်း စိုးရိမ်စရာမလိုဘူးလို့လည်း အိမ်ခြံမြေအကျိုးဆောင်တွေက ပြောဆိုနေကြပါတယ်။ ဒါ့အပြင် ဂရမ်ပဲ သတိထားရမှာဖြစ်ပြီး ပါမစ်အပေါ်မှာ ရောင်းခွန်မပါလို့ ပါမစ်တွေကို ဝယ်ယူလို့ရပါတယ်လို့လည်း တိုက်တွန်းနေတာပါ။

တစ်ဖက်မှာတော့ အိမ်ခြံမြေဈေးကွက် အရောင်းအဝယ်နှေးကွေးလာတာနဲ့အမျှ ရင်းနှီးမြှုပ်နှံသူအချို့က ငွေကြေးတန်ဖိုးထိန်းသိမ်းနိုင်မယ့် ရွှေနဲ့ ဒေါ်လာဘက်ကို ယာယီပြောင်းရွှေ့ထားလာကြတယ်လို့ သိရပါတယ်။

အဟမ်း အဟမ်း မြေရှင်တွေရဲ့  ရောင်းခွန်/ဝယ်ခွန် ၂% ယူတာ၊ အနိုင်ကျင့် ရေဖြတ်/မီးဖြတ်လုပ်နေတာ ဘယ်လိုလုပ်ပေးမလဲ မေးတာ အစိုးရအ...
26/08/2026

အဟမ်း အဟမ်း

မြေရှင်တွေရဲ့ ရောင်းခွန်/ဝယ်ခွန် ၂% ယူတာ၊ အနိုင်ကျင့် ရေဖြတ်/မီးဖြတ်လုပ်နေတာ
ဘယ်လိုလုပ်ပေးမလဲ မေးတာ
အစိုးရအခွန်ကိစ္စတွေချည်း ပြောသွားတယ်
😁😁😁

12/08/2026
12/08/2026

အမေရိကန်သမ္မတဟောင်း ကနေဒီတို့ ဇနီးမောင်နှံ နေထိုင်ခဲ့တဲ့ သမိုင်းဝင် "Marbury House" စံအိမ်ကြီး ဒေါ်လာ ၆ သန်းကျော်နဲ့ တရားဝင် ရောင်းထွက်သွားပြီ! 🏠✨

သမ္မတဟောင်း ဂျွန်အက်ဖ် ကနေဒီ (John F. Kennedy) နဲ့ ဇနီးဖြစ်သူ ဂျာကီတို့ အိမ်ဖြူတော် မပြောင်းရွှေ့ခင်က နေထိုင်ခဲ့ဖူးတဲ့ ဝါရှင်တန်ဒီစီက သမိုင်းဝင် Marbury House စံအိမ်ကြီးကို ပြီးခဲ့တဲ့ ၂၀၂၆ ခုနှစ်၊ မေလ ၁၂ ရက်နေ့ မှာ တရားဝင် ရောင်းချလိုက်ပြီ ဖြစ်ပါတယ်။

၁၈၁၁ ခုနှစ်တွင် Federal ဗိသုကာလက်ရာဖြင့် တည်ဆောက်ခဲ့ပြီး, အိမ်ခန်း ၅ ခန်းနှင့် ရေချိုးခန်း ၅.၅ ခန်း ပါဝင်ကာ အကျယ်အဝန်း စတုရန်းပေ ၅,၂၀၀ ကျော် ရှိတဲ့အိမ်ကြီးမှာ
မူလအတိုင်းထိန်းသိမ်းထားတဲ့ ကြမ်းခင်းများ၊ ရှေးဟောင်းမီးလင်းဖို ၆ ခု၊ ကိုယ်တိုင်ပြင်ဆင်မွမ်းမံခဲ့သည့် စာကြည့်တိုက်နှင့် ဧည့်ခန်းကြီး (Double Parlor) တို့ ပါဝင်ပါတယ်။
သီးသန့် အုတ်တံတိုင်းခတ်ထားသည့် စိမ်းလန်းသော ဥယျာဉ်ခြံဝင်းနှင့်အတူ ကားဂိုဒေါင်တစ်ခုလည်း ပါရှိပါတယ်။

အိမ်ခြံမြေ အရောင်းအဝယ် မှတ်တမ်းများအရ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလတွင် အမေရိကန်ဒေါ်လာ ၇.၅ သန်းဖြင့် ဈေးကွက်အတွင်း စတင်ရောင်းချခဲ့တာ ဖြစ်ပါတယ်။၂၀၂၆ မေလမှာတော့ ဈေးနှုန်းအနည်းငယ်လျော့ချကာ ဒေါ်လာ ၆.၁၂၅ သန်း နဲ့ ဝယ်ယူသူဆီသို့ တရားဝင် လွှဲပြောင်းရောင်းချနိုင်ခဲ့တာပါ။

🤝 အရောင်းအဝယ် လုပ်ဆောင်ပေးခဲ့သူများကတော့ ရောင်းချသူကိုယ်စားလှယ် အဖြစ် (Listing Agent): TTR Sotheby's International Realty မှ Michael Rankin က ဆောင်ရွက်ပေးခဲ့တာ ဖြစ်ပြီး၊ ဝယ်ယူသူကိုယ်စားလှယ် အဖြစ် (Buyer's Agent): TTR Sotheby's မှပင် Kelly Basheer Garrett က ဆောင်ရွက်ပေးခဲ့ခြင်း ဖြစ်ပါတယ်။

ဝယ်ယူသူ (Buyer)ကိုတော့ လက်ရှိမှာ လူသိရှင်ကြား ထုတ်ပြန်ကြေညာထားခြင်း မရှိသေးပါဘူး။ (အမေရိကန် အိမ်ခြံမြေများတွင် ကိုယ်ရေးကိုယ်တာလုံခြုံမှု Privacy အတွက် ကုမ္ပဏီ (သို့) Trust အဖွဲ့အစည်း၏ အမည်ဖြင့်သာ ဝယ်ယူလေ့ရှိကြပါတယ်)။

ကနေဒီတို့ဆီကနေ ပိုင်ရှင်အဆင့်ဆင့် အဆင့်ဆင့်ပြောင်းလဲလာပြီးနောက် ဒီအိမ်ကြီးကိုနောက်ဆုံးပိုင်ဆိုင်ပြီး ပြန်လည်ရောင်းချသူတွေကတော့ အနုပညာ၊ ဘဏ္ဍာရေးဆိုင်ရာ ကျွမ်းကျင်သူ Vincent Griski နှင့် အမေရိကန်စစ်တပ်၏ စိတ်ကျန်းမာရေးပရိုဂရမ်များတွင် ပါဝင်ကူညီခဲ့သည့် လူမှုရေးဝန်ထမ်းဖြစ်သူ Cameron Knight တို့ ဇနီးမောင်နှံဘဲ ဖြစ်ကြပါတယ်။

ဒီလို သမိုင်းဝင် ဇိမ်ခံအိမ်ကြီးထဲမှာ နေခွင့်ရမယ်ဆိုရင် ဘယ်လိုနေမလဲ? Comment မှာ မျှဝေသွားပေးပါဦးနော် 👇



(Source: Town & Country Magazine - Emily Burack)

စျေးနှုန်းမှန်၊ နေရာကောင်း၊ အဆင့်မြင့်ပြင်ဆင်မှု—လိုချင်တာအားလုံး တစ်နေရာတည်းမှာ ရရှိနိုင်မယ့် ဒေါပုံမြို့နယ်ရဲ့ No.1 Ch...
10/12/2025

စျေးနှုန်းမှန်၊ နေရာကောင်း၊ အဆင့်မြင့်ပြင်ဆင်မှု—လိုချင်တာအားလုံး တစ်နေရာတည်းမှာ ရရှိနိုင်မယ့် ဒေါပုံမြို့နယ်ရဲ့ No.1 Choice!

ကိုယ်တိုင်နေဖို့ အခန်းအသစ် ရှာနေတာလား? ဒါမှမဟုတ် အမြတ်အစွန်းရမယ့် Investment လား? ဒီအခန်းက နှစ်မျိုးလုံးအတွက်ပါပဲ!

သင် ရှာဖွေနေတဲ့ အိမ်မှာ...
✅ သွားရေးလာရေး အလွယ်တကူရှိရမယ်
✅ သက်တမ်းနုပြီး လုံခြုံစိတ်ချရမယ်
✅ ပြင်ဆင်စရာမလိုဘဲ အသင့်တက်နေလို့ ရရမယ်
✅ စာရွက်စာတမ်း ခိုင်မာမှု အပြည့်ရှိရမယ်
လို့ စဉ်းစားထားတာ ဆိုရင် ဒါလေးသာ အမြန်လာကြည့်လိုက်ပါ

🏘️ နေရာအနေအထား
• ဒေါပုံမြို့နယ်၊ ဗိုလ်ထွန်းဇံရပ်ကွက်၊ ဗိုလ်အောင်ကျော်လမ်း။
• မင်းနန္ဒာလမ်းမကြီး ကနေ ၅ မိနစ် လမ်းလျှောက်စာပဲရှိလို့ ဘယ်သွားသွား အဆင်ပြေ။
• Fortune Plaza အနီးမှာရှိတာကြောင့် ဝက်စုမှတ်တိုင်နဲ့လည်း နီး။

🔑 အခန်းအနေအထား
• အကျယ်: 12' x 50'
• အလွှာ: တတိယထပ်စစ်စစ် (မှန်ခန်းမပါ)
• အရှေ့ဘက်လှည့်
• သက်တမ်း (၁) နှစ်သာရှိသေးသော တိုက်သစ်

🌟 အခန်းပြင်ဆင်မှုအသေးစိတ်
• ကျန်းမာရေးနဲ့ညီညွတ်တဲ့ ကိုရီးယားပါကေး အထူသားခင်းထား
• အိပ်ခန်း ၁ ခန်းဖွဲ့
• လုံခြုံရေးအတွက် သံပန်းတံခါး၊ ဝရန်တာသံပန်းဘောက်နှင့် ပြူတင်းပေါက်တိုင်း သံပန်းအပြည့် တပ်ဆင်ထား
• လိုသလို ချိန်ညှိနိုင်တဲ့ အလှမီးလိုင်းအသစ်များ
• ကြွေပြား အပြည့်ခင်းထားသော မီးဖိုခန်းနဲ့ သပ်ရပ်သန့်ရှင်းသော သန့်စင်ခန်း ( ဘိုထိုင်အိမ်သာပါ )

📋 စာရွက်စာတမ်း
• BCCရော ကိုယ်ပိုင်မီတာပါ ကျပြီးသား
• မြေရှင်ဘက်အခြမ်း
• ဆက်စပ်စာရွက်စာတမ်း အပြည့်အစုံရှိ

🧑‍🧑‍🧒‍🧒 အရေးကြီးဆုံး အဓိကအကျဆုံး ထည့်စဉ်းစားရမယ့် အချက်ဖြစ်တဲ့ တိုက်မစောင်း တိုက်မစုတ် အမြဲအတူ ယှဉ်တွဲနေရမယ့် မြေရှင်တွေ အပေါက်မဆိုးပါ

🙏 ထားလို့လည်းကောင်း ပြန်ရောင်းရင်လည်းစွံပြီး အငှါးတင်မယ်ဆိုလည်း လွယ်ကူတာမျိုးမှ ကြိုက်တာဆို ရွေးကို ရွေးသင့်သော ဝယ်ကိုဝယ်သင့်သော အခန်းလေး

📍လာမကြည့်ခင် နေရာလေး အတိအကျ သိချင်တာဆိုရင် ခါတိုင်းလိုဘဲ CB ဒါမှမဟုတ် viber - whatsapp မှာ google map လေး တောင်းယူနိုင်ပါတယ် ( Public မှာ လိပ်စာအတိအကျ မေးခြင်းသည်းခံပါရန် )

စျေးနှုန်း - 1080 သိန်း ( ပါးပါးညှိ )

👀 အသေးစိတ်ပိုသိချင်တာတို့ ခေါင်းစားချင်တာတို့ရှိတယ်ဆိုရင်တော့ ပိုင်ရှင်ကို တိုက်ရိုက် ဆက်သွယ်နိုင်ပါတယ် ( ခေါင်းစားမယ့်သူများ ပိုင်ရှင်ကိုသာ တိုက်ရိုက်ဆက်မေးကြပါ 🥹🥹🥹 )
ပိုင်ရှင်ဖုန်း - 09450025947

🙏 အစဉ်တစိုက် အားပေးနေသော ရောင်းသူ၊ ၀ယ်သူလုပ်ငန်းတူ အားလုံး ဘေးဘယာ ဝေးကွာပြီး စိတ်ချမ်းသာ ကိုယ်ကျန်းမာ နှင့် အိမ်ကောင်း ရာကောင်း ပိုင်ဆိုင်နိုင်ကြပါစေကြောင်း ဆုမွန်ကောင်း တောင်းလိုက်ပါတယ်ရှင်

Millionaire
Real Estate & General Service
Multi-Millionaire Alliance Co., Ltd
Hotline : 09 968 813 872 ( Viber , Whatsapp )
Office. : 09 779 922 193 , 09 779 922 194
https://www.facebook.com/millionairemyanmar/

Address

No. (354), 1st Floor(A), Pyithaya Road, 16/3 Quarter, Thingangyun Township
Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Telephone

959968813872

Alerts

Be the first to know and let us send you an email when Millionaire posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Millionaire:

Shortcuts

Share

Category