Point အိမ်ခြံမြေနှင့်ခရီးသွားဝန်ဆောင်မှုလုပ်ငန်း

  • Home
  • Myanmar
  • Yangon
  • Point အိမ်ခြံမြေနှင့်ခရီးသွားဝန်ဆောင်မှုလုပ်ငန်း

Point အိမ်ခြံမြေနှင့်ခရီးသွားဝန်ဆောင်မှုလုပ်ငန်း အိမ်ခြံမြေနှင့်ခရီးသွားဝန်ဆောင်မှု?

05/06/2022

သက်တမ်းမရှိတဲ့ SP/GP

အိမ်ခြံမြေ တစ်ခုအား Special Power ဖြင့် ဝယ်ယူခဲ့ပြီး ကာလ ၃ နှစ်ကျော် ကြာခဲ့၍ (Sp) Expired ဖြစ်သွားသော အခါ မည်ကဲ့သို့ဆက်လက်ဆောင်ရွက်ရမည်နည်း
*******************************************

ယခု စာဖတ်သူသိချင်နေတဲ့မေးခွန်း က ၃နှစ်ကျော်သွားပြီ သက်တမ်း ကုန်သွားပြီလို့ထင်နေတာ မဟုတ်ပါဘူး လို့ရှေးဦးစွာပြောကြားချင်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့မိတ်ဆွေ ကိုဘဲစာချုပ်စာတမ်း ရုံး မှာ မှတ်ပုံတင်ထားပြီ တဲ့..အထူးကိုယ်စားလှယ် လွှဲစာ (speical power) က ၃ နှစ်ကျော်သွားရင် သုံးမရတော့ဘူးလို့လူအများ နားလည်နေကြပါတယ် ။

ဒီလိုထင်မြင်တာလည်း မှားတယ်လို့မပြောနိုင်ပါဘူး ။ ဘာကြောင့် ‘‘အမှတ်မှား’’ ကြသလဲလို့ ထင်နေကြသလဲလို့မေးခွန်း ထုတ်ကြည့်ရင် ရန်ကုန် မြို့တော် စည်ပင်သာယာရေးကော်မတီ၊ မြို့ပြစီမံကိန်း နဲ့မြေစီမံခန့်ခွဲ မှု ဌာန ကစတင် သတ်မှတ် ခဲ့ တယ်လို့ဆိုရင် မှားအံမထင်ပါ ။ အဲဒီ ဌာနမှာ စုံစမ်းမေမြန်း ဖို့ Complane Section ဖွင့်ထားပါတယ် ။ ကျွန်ုပ်လည်း ၃ နှစ်ကန့်သတ်ချက် နဲ့ပတ်သက် လို့ စောဒက တက်ပြီးမေးမြန်း ဖူးပါတယ်။ အဲဒီ ဌာန ကအကြီးအကဲ ကရှင်းပြတာကတော့သက်တမ်း (၅) နှစ် (၁၀ ) နှစ် စသည် ဖြင့် (speical power), (general power ) (SP, GP ) ပေးထားသူတွေမှာ အချို့က သက်ရှိ ထင်ရှားရှိမနေကြတော့ပါဘူး။ သေကုန်ကြပါ ပြီ ။ ဒီလို GP,SP power ပေး သူသေရင် GP ,SP Power ကလည်းသူသေရင် သုံးလို့မရတော့ဘူး ။ ပါဝါ လည်းလိုက်သေသွားတယ်လို့ပြောရမှာပေါ့။ ဒါပေမဲ့ GP ,SP ပါဝါ ရထားတဲ့သူတွေ ကပါဝါပေးသူသေသွားကြတာကို ဖုံးကွယ် ထားကြတယ်တဲ့ ။ ကာယကံရှင် ထံက GP,SP ပါဝါ ယူထားသူ အတော်များများ ဟာ ဝယ်ထား တဲ့ဂရန် မြေကွက် ကို အမည်မပြောင်းချင်ဘဲ အမည်ပေါက်ထံက GP ,SP ပါဝါ ယူထားတက်ကြလို့ဘဲ။

ဂရန် အမည်ပေါက် ထံ က( GP,SP) ပါဝါ ယူထားရင်အခွန်ဆောင်စရာမလို၊ အမည်ပြောင်း စရာမလိုဘူးပေါ့။ မိမိဝယ်ထားတယ်ဆိုတာလည်း အခွန်ဦးစီးဌာန ကမသိဘူးပေါ့။ ပွင့်ပွင့်လင်းလင်းပြောရရင် အခွန်ရှောင်တာပါပဲ။ အဲ…ဒါပေမဲ့ ‘‘ လူဘဝ ဆိုတာက ကိုယ် ဖြစ်ချင်တာမဖြစ် ၊သူဖြစ်ချင်သလို ဖြစ်တက်တဲ့ အနတ္တ အစိုးမရတဲ့သဘော တရားရှိတယ် ’’ မဟုတ်လား။ မမျှော်လင့်ဘဲ …ဂရန် အမည်ပေါက် သူကရုတ်တရက် နှုတ်မဆက် ပဲသေဆုံးသွားတဲ့အခါ (GP,SP ) ပါဝါ ကိုင်ထားတဲ့သူဟာ‘‘မျောက်မီးခဲ ကိုင်မိသလို’’ ဖြစ်တော့တာပါပဲ။ အမည်ပြောင်းဖို့ အမြန်ပြောင်းမှ ဖြစ်မယ်။ နို့မဟုတ်ရင် အမည်ပေါက် ရဲ့ဇနီး၊ ခင်ပွန်း သားသမီး များ ကဝင်နှောင့်ယှက်ရင် ဘယ်လိုလုပ်မလဲ ဟုအတွေးဝင်လာတဲ့အခါ၊ GP, SP ပါဝါ ပေးသူမှာ ယနေ့တိုင် အသက် ထင်ရှားရှိပါကြောင်း ၊သူပေးထားတဲ့power ဟာလည်း ယနေ့တိုင် ပြန် လည်ရုပ်သိမ်းခြင်း မရှိသေးပါဘူးလို့လိမ်လည် ကျမ်းကျိန်ပြီး …ရန်ကုန် မြို့တော် ခန်း မမှာ ‘‘အရောင်းအဝယ်စာချုပ်ရန် ’’ဆိုပြီး မြေပုံ မြေရာဇဝင် လာကူးတော့တာပဲ ။ ဌာနကလည်း အထောက်အထား ခိုင်မာတယ် ဆိုပြီး မြေအရောင်းအဝယ်စာချုပ်ချုပ်ဖို့မြေပုံ/ မြေရာဇဝင်ထုတ်ပေးလိုက်တဲ့အခါ၊ အဲဒီမှာ ပြသာနာပေါ်တော့တာဘဲ၊ ‘‘ အဲဒီလူကြီးဝယ်ထားတဲ့ မြေနှင့်အိမ် အမည်ပေါက်ပိုင်ရှင် ဟာသေသွားတာ က (၅) နှစ် (၁၀) နှစ်ရှိပါပြီဆိုပြီး၊ အသိမိတ်ဆွေကဖြစ်စေ၊ အိမ်နီးနားချင်းကဖြစ်စေ၊ သေသူအမည်ပေါက်ရဲ့သားသမီးတို့ကဖြစ်စေ လာရောက် ကန့်ကွက်တဲ့အခါ လိမ်စဉ်ကြီးပေါ်တော့တာဘဲ။ ဒီတော့မြို့တော်ခန်းမမှာ နှစ်ဖက်ခေါ်ယူညှိနိုင်းဖြေရှင်းပေး ရတာတွေရှိလို့(၃) နှစ်ကျော် ပါဝါတွေလက်မခံဖို့ရုံးတွင် အမိန့်ထုတ်ထားတာဖြစ်တယ်လို့သိရပါတယ် ။

နောက်ထပ်မံသိရတာကတော့ကန်ထရိုက် နဲ့မြေရှင် General Power (အထွေထွေ ကိုယ်စားလှယ် လွှဲစာ) ပေးတဲ့ကိစ္စပါပဲ။မြေရှင်နဲ့ကန်ထရိုက် တိုက်ဆောက်တဲ့အခါ သက်မှတ်ချိန်ကာလ မပြီးတာတို့၊ ကန်ထရိုက်ဘက် ကအကြောင်းအမျိုးမျိုးကြောင့် ရပ်ဆိုင်းတာတို့ဖြစ်ပေါ်လာရင် ကန်ထရိုက်တာက(GP) ကိုမြေရှင်ထံ ပြန်မပေးကြဘူး။ နှစ်အကြာကြီးကိုင်ထားတက် ကြတယ်။အဲဒီအခါမှာ မြေရှင် နဲ ကန်ထရိုက်တာ နဲ့အငြင်းအခုံဖြစ်ကြတာ မပြီးနိုင်တော့ဘူး။ သတင်းစာတွေမှာ ရှေ့နေတွေနဲ အပြန်အလှန် ပြောကြတာတွေ အဆွေတော် ဖတ်ဖူးမှာပါ ။အဲဒီလိုကိစ္စမျိုတွေကြောင့်ပထမ SP/GP ပါဝါ တစ်နှစ်လို့သတ်မှတ်တယ်။နောက်ပိုင်း သုံးနှစ် ဆိုပြီး သတ်မှတ်လိုက်တယ်။ အခုတော့ အဲဒီ သတ်မှတ် ချက်ကို 2014 နှစ်လယ်ပိုင်း ကစပြီး ရုပ်သိမ်း လိုက်တယ် လို့သိရပါတယ် ။

ဒါကြောင့်အဆွေတော် လက်ထဲမှာရှိတဲ့(SP ဖြစ်စေ ၊GP ဖြစ်စေ )(၃) နှစ်ကျော်သွားပေမယ့်မြို့တော်စည်ပင်သာယာ မြေစီမံခန် ခွဲမှု ဌာန ကလက်ခံပါ တယ်လို့ သတင်းကောင်းပါ လိုက်ပါရစေ ။ သတိပြုရန် ကိုယ်စားလှယ် လွှဲစာ (SP/GP )ကို လွှဲအပ် သူကိုယ်တိုင် ရုပ်သိမ်းပြီး ၊လက်ခံသူကိုယ်တိုင် ကိုယ်စားလှယ် လွှဲစာပြန်အပ်ခြင်း၊ လက်ခံသူပြန်အပ်သူ နှစ်ဦးစလုံးသေခြင်း၊ စိတ်မနှံရူးသွပ်သွားခြင်း၊ လူမွဲ ဖြစ်သွားခဲ့လျှင်တော့ကိုယ်စားလှယ်ရဲ့အခွင့်အရေး ဆုံးရှံးသွားကြောင်း ပဋိညာန် ဥပဒေပုဒ်မ -၂၀၁ နှင့်ကိုယ်စားလှယ် လွှဲအပ်ခြင်း ဥပဒေ (The power of Attorney Act ) ပုဒ်မ-၃ မှာပြဌာန်းထားပါတယ်။
ကူးယူဖော်ပြခြင်းဖြစ်ပါသည်။

04/06/2022

"ဝယ်ထားသည့် ပါမစ်မြေကွက်မှာ ဂရန်သစ်
လျှောက်ထားသူရှိနေလျှင် ဘယ်လိုလုပ်ပါ့မလဲ"

အိမ်၊ ခြံ၊ မြေ အရောင်းအဝယ်လောကတွင်
အိမ်၊ ခြံ၊ မြေ များ ရောင်းကြ ဝယ်ကြသောအခါ
ရောင်းသူ ဝယ်သူများမှာ မြေကွက်ဖြစ်စေ၊
မြေနှင့် အိမ်ဖြစ်စေ၊
တိုက်ခန်းဖြစ်စေ၊
ယင်းမြေနှင့်အိမ်၊ တိုက်ခန်းတို့နှင့်
ပတ်သက်၍ မှန်ကန်မှု ရှိမရှိ စုံစမ်းကြလေ့ရှိသည်။

အဓိကအားဖြင့် ရောင်းမှား ဝယ်မှား ဖြစ်မှာ စိုးရိမ်သည့်
အတွက် စေ့စပ်သေချာအောင် ဆောင်ရွက်ကြခြင်း
ဖြစ်သည်။

ယင်းသို့ တက်စွမ်းသလောက် လေ့လာသည့်ကြားမှာပင်
မမျှော်လင့်သော အခက်အခဲများနှင့် ကြုံတွေ့ကြလေ့
ရှိကြသည်။

မကြာသေးမီက အိမ် ခြံ မြေ ဝယ်ရောင်း အမျိုးသမီး တစ်ဦး
ကျွန်ုပ်ထံ ရောက်လာသည်။

သူဝယ်ထားသည့် ပါမစ်မြေကွက်မှာ အတု-အစစ် သိလို၍
ရန်ကုန်မြို့ မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနသို့
သွားရောက်ကာ တာဝန်ရှိသူများထံတွင် ပြသစစ်ဆေးရာ
မှန်ကန်ကြောင်း သိခဲ့ရသည်။

ထိုမျှနှင့်အားရကျေနပ်မှုမရှိသဖြင့်
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊
မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှု ဌာနတွင်လည်း
နာမည်ပေါက်မှန်ကန်မှု ရှိ / မရှိ သွားရောက် စစ်ဆေးရာ
အမည်ပေါက်မှန်ကန်ကြောင်း ပြန်ကြားစာ ရရှိခဲ့သည်။

ထို့ကြောင့် ယင်းမြေကွက်ကို ဝယ်ယူပြီး မိမိအမည်ပေါက်
ဖြစ်ရန် နှစ် ၆၀ ဂရန်သစ်ထုတ်ပေးရန် မြေယာဌာနတွင်
လျှောက်ထားခဲ့သည်။

ပါမစ်မှ ဂရန်သစ်လျှောက်ထားပြီး ၁၄ ရက်ခန့် အကြာတွင်
ယခင်က မူလ အမည်ပေါက်ပိုင်ရှင်က ၂၀၁၀ ခုနှစ်က
ဂရန်သစ်လျှောက်ထားသည့် မှတ်ချက်ရှိ၍ ရှင်းလင်းရန်
စည်ပင်မြေယာဌာနမှ အကြောင်းကြားစာ ရောက်လာ
သဖြင့် ဘယ်လိုဆောင်ရွက်ရမည်မသိ၍ ကျွန်ုပ်ထံ
ရောက်လာ မေးမြန်းခြင်း ဖြစ်သည်။

ဒီလို ဂရန်သစ် လျှောက်တဲ့အခါမှာ ပါမစ်တစ်ခုထဲတွင်
ဂရန်လျှောက်သူနှစ်ဦး ပေါ်တတ်ကြောင်း သိရသည်။

ယင်းသို့ဖြစ်ရခြင်းမှာ မူလ ဂရန်သစ်လျှောက်ထားသူ က
လျှောက်ထားသည့် မြေကွက်ပေါ်တွင် တစ်သက်လုံးနေရန်
ရည်ရွယ်၍ ဂရန်သစ်လျှောက်ထားသည်ကို တွေ့ရသည်။

နောက်ပိုင်းတွင် မိသားစု စီးပွားရေး အတွက် ဖြစ်စေ၊
စျေးကောင်းရ၍ပြန်ရောင်းရသည့်အခါမျိုးတွင် ဖြစ်စေ၊
မိမိ ယခင်က ဂရန်သစ် လျှောက်ထားဖူးကြောင်း ပြောဆိုရန်
မေ့နေတက်ကြသည်။

"ဂရန် မထုတ်ရသေးတာပဲ၊ အရေးမကြီးပါဘူးလေ"
ဟူသော အထင်ဖြင့် မေ့မေ့လျော့လျော့ နေတတ်ကြသည်။

ပါမစ်မူရင်းကို အခြားသူ တစ်ဦးဦးသို့ ရောင်းချပြီးသော်လည်း
မိမိလျှောက်ထားခဲ့သည့် ဂရန်အသစ်အမှုတွဲမှာ အရေးမပါဟု
ယူဆကြသဖြင့် မြေကွက်အရောင်းအဝယ်လုပ်သည့် အခါ
မိမိထံမှ ဝယ်ယူသူကို ဂရန်သစ်လျှောက်ထားသည့်
အကြောင်း မပြောဘဲ နေခဲ့မိသည်။

ထို့အတူ
"ဂရန်လျှောက်ထားစဉ်က ဂရန်သစ်လျှောက် အမှုတွဲအမှတ်
ပါသည့် ဝန်ဆောင်ခ ပေးသွင်းသည့်ပုံစံလျှောက်လွှာ"
တို့ကိုပါ ပေးအပ်ရန် မေ့တတ်ကြသည်။

"သတိမမူတော့ ဂူမမြင်၊ သတိမူတော့ မြူစင်၍ ဂူမြင်သည်"
ဆိုသော ဆိုရိုးစကားအတိုင်း မူလအမည်ပေါက်ထံ မှ
ထပ်မံဝယ်ယူသူက ဂရန်သစ်လျှောက်သည့်အခါ ယခုလို
ဂရန်သစ်လျှောက်ထားသည့် မှတ်ချက်ကြီး က ပေါ်လာတော့
ဌာနက လာရောက်ရှင်းလင်းချက်ရေးသာတင်ပြပါဆိုပြီး
ခေါ်ယူတော့ စိတ်ညစ်စရာတွေနဲ့ ကြုံရတာပေါ့။

ဒီလို ကြုံရတဲ့အခါ မူလရောင်းသူအမည်ပေါက် သို့မဟုတ်
စာချုပ်အဆက်ဖြင့် ဂရန်လျှောက်ဖူးသူကို ပြန်ပြီးခေါ်၍
မြို့တော်ခန်းမ လက်ထောက်ဌာနမှူးရှေ့မှာ မိမိလျှောက်
ခဲ့သည့် ဂရန်သစ်အမှုတွဲ ပိတ်သိမ်းပေးဖို့
အခြားသူတစ်ဦးဦးအား ရောင်းချထားခြင်းကြောင့်
မိမိလျှောက်ထားချက်ရုတ်သိမ်းကြောင်း
စာတင်ခဲ့ရတယ်။

ကိုယ်တိုင်လာရောက်အမှုပိတ်သိမ်းသူမှန်ကန်ကြောင်း
၎င်းအရာရှိရှေ့မှာ လက်မှတ်ထိုးရတယ်။

အမှုပိတ်သိမ်းတဲ့ အမှုတွဲတင်ပြချက်နှင့် အတူ ပိတ်သိမ်းသူရဲ့
မှတ်ပုံတင်မိတ္တူ၊ ပါမစ်မိတ္တူ တစ်စုံစီကို ပူးတွဲတင်ပြရတယ်။

အဲဒီတင်ပြချက်တွေကို အရာရှိရှေ့မှာ ဒီအတိုင်း ထားခဲ့လို့
မရဘူး။ ဝင်စာလက်ခံတဲ့သူထံမှာ တင်ခဲ့ ရတယ်။
အဲဒီဝင်စာလက်ခံသူက ဝင်စာအမှတ် ( ) နဲ့ နေ့စွဲကို
ပြောပြတယ်။

ဥပမာ ဝင်စာအမှတ် ၉၉၉/ နေ့စွဲ ၂၉-၅-၂၀၁၄ လို့ပြောရင်
မှတ်သားထားရတယ်။ အဲဒီဝင်စာအား ဂရန်သစ်
လျှောက်ထားတဲ့မြေကွက်ပေါ်မှာ ရှိတဲ့ မှတ်ချက်ကို
ဖျက်ပေးလိုက်တယ်။

အဲဒီအခါမှ ဂရန်သစ်လျှောက်ထားသူအတွက်
- ဌာနက မြေတိုင်းကွင်းဆင်းစစ်ဆေးခြင်း
- သတင်းစာကြော်ငြာပေးခြင်း၊
- ဂရန်သစ်ထုတ်ပေးသည့်ဘုတ်အဖွဲ့သို့ တင်ပြခြင်း၊
- ခွင့်ပြုချက်ရလျှင် မြေကွက်တန်းဖိုး ငွေသွင်းခြင်း၊
ယင်းနောက်
- တာဝန်ရှိသူ အဆင့်ဆင့် လက်မှတ်ရေးထိုးပေးပြီး
- ဂရန်သစ်ထုတ်ပေးဖို့ အဆင်သင့်ဖြစ်တဲ့နေ့မှာ
လျှောက်ထားသူထံကို အကြောင်းကြား ပါတယ်။

ရုံးက အကြောင်းကြားစာရောက်မလာမီ မိမိကိုယ်တိုင်
မြို့တော်ခန်းမမှာ မကြာခဏ သွားစုံစမ်းလို့လည်း
ရပါတယ်။

မြတ်ဗုဒ္ဓ ဟောတယ်မဟုတ်လား။
"အတ္တာဟိ..အတ္တနော နာထော" တဲ့လေ။
"ကိုယ့်ကိုယ်ကိုပဲ အားကိုးရာပါ" ဆိုတော့ အမြန်ရအောင်
ခဏခဏ သွားစုံစမ်းပေါ့။

ဤသို့ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်အဆင့်ဆင့်ကို
ကျွန်ုပ်က ပြောပြလိုက်သည့်အခါ လာရောက်မေးသူ
အမျိုးသမီးမှာလည်း သဘောပေါက်နားလည်ပြီး
ကျေးဇူးတင်ကြောင်း ပြော၍ ပြန်သွားလေတော့သည်။

credit - Shwe Sethtagan Journal

08/05/2022

လချုပ်ဖြင့် အိမ်ခန်းဌားရမ်းခြင်းစာချုပ် နမူနာပုံစံ

လချုပ်ဖြင့်အိမ်ခန်းဌားရမ်းခြင်း နှစ်ဦးသဘောတူကတိစာချုပ်

၂၀၁၁ ခုနှစ်၊ ဇူလိုင်လ (၁၅) ရက်နေ.တွင် အောက်ပါအမည်ပါသူတို.သည်ဤအိမ်ခန်းကို နှစ်ချုပ်ဖြင့်ဌားရမ်းခြင်းကတိစာချုပ်တစ်ရပ်ကို ရန်ကုန်မြို.၌ ပြုလုပ်ချုပ်ဆိုကြပါသည်။

အိမ်ရှင် ။ ။ ဦးပြုံး (မှတ်ပုံတင် ……………)
အမှတ်( …..) အနောက်မြင်းပြိုင်ကွင်းလမ်း၊ ကျိုက္ကဆံရပ်ကွက်၊
ဗဟန်းမြို.နယ်၊ ရန်ကုန်မြို.။

အိမ်ဌား ။ ။ ဒေါ်ရီ (မှတ်ပုံတင် …………..)
အမှတ် (……….) ၊ ဦးချစ်မောင်လမ်း၊ ဆရာစံတောင်ရပ်ကွက်၊
ဗဟန်းမြို.နယ်၊ ရန်ကုန်မြို.။

(အထက်အမည်ပါ အိမ်ရှင်နှင့် အိမ်ဌားဟုဆိုရာ၌ ထိုစကားရပ်၏အဓိပ္ဗာယ်တွင် ၎င်းတို.အသီးသီးကိုယ်တိုင်အပြင် ၎င်းတို.၏ အမွေခံများ၊ တရားဝင်ကိုယ်စားလှယ်များနှင့် လွဲှပြောင်းခြင်းခံရသူ အားလုံးပါဝင်သည်ဟု မှတ်ယူကြပါသည်)

၁။ အထက်အမည်ပါ အိမ်ရှင်နှင့်အိမ်ဌားတို.သည် အိမ်ရှင်ဥပဒေနှင့်အညီ တရားဝင်ပိုင်ဆိုင်ပြီး ဌားရမ်းပိုင်ခွင့်ရှိသည့် အောက်အညွှန်းဇယားတွင် တိကျစွာ ဖော်ပြထားသည့် နေအိမ်ခန်းအား လချုပ်စနစ်ဖြင့် အထက်အမည်ပါ အိမ်ဌားအား အောက်ပါစည်းကမ်းများနှင့်အညီ ဌားရမ်းရန် နှစ်ဦးသဘောတူညီကြပါသည်။

အိမ်ခန်းဌားရမ်းခြင်း စည်းကမ်းချက်များ

(၁) ဌားရမ်းသည့်အိမ်ခန်းကို တစ်လချင်းပေးစနစ်ဖြင့် တစ်လလ ျှင် ၂၀၀၀၀၀ (ကျပ် နှစ်သိန်းတိတိ) ဖြင့် (၁၅.၇.၂၀၁၅) မှ (၁၅.၇.၂၀၁၆) ထိ (၁၂)လ တိတိ ဌားရမ်းပါသည်။ ဌားရမ်းခများကို အိမ်ဌား၏ဆန္ဒအရ အိမ်ရှင်သို. ကြိုတင်၍ အပြီးပေးချေပါမည်။

(၂) နေအိမ်ခန်းအား လူနေထိုင်ရန် အိမ်ရှင်မှ သဘောတူပါသည်။ လူဦးရေ (……..) ဦးသာ နေထိုင်ခွင့်ရှိပါသည်။

(၃) အိမ်ဌားဖြစ်သူသည် အခြားသူအားထပ်ဆင့်ဌားရမ်းခြင်း၊ အခမဲ့ထားရှိခြင်း မပြုလုပ်ရပါ။

(၄) အိမ်ဌားသည် အိမ်ရှင်၏ ခွင့်ပြုချက်မဘဲ နေအိမ်အား ပြင်ဆင်ခြင်း၊ တိုးချဲ.ခြင်း၊ တစ်ဆင့်ဌားရမ်းခြင်း မပြုလုပ်ရပါ။
(၅) အိမ်ဌားမှ ဥပဒေနှင့်မညီသောကိစ္စများ မပြုလုပ်ပါဟု ဝန်ခံကတိပြုပါသည်။

(၆) အိမ်ဌားမှ ဌားရမ်းသည့်ကာလအတွင်း မိမိသုံးစွဲ.သည့် လ ျှပ်စစ်မီတာခများ၊ ရေခွန်တို.ကို ပေးဆောင်ရန် သဘောတူညီပါသည်။

(၇) အိမ်ဌား၏ ပေါ့ဆမှုကြောင့် ဌားရမ်းသည့်နေအိမ်အိမ်ခန်း၊ ရေပိုက်၊ လ ျှပ်စစ်ပစ္စည်းများ ပျက်စီးပါက တန်ဖိုးကိုပေးလေ ျှာ်ခြင်း (သို.) ပြန်လည်ပြုလုပ်ပေးရန်

(၈) အိမ်ရှင်မှ ဌားရမ်းထားသည့် ဖော်ပြပါအိမ်ခန်းအတွင်းသို. ဝင်ရောက်စစ်ဆေးလိုပါက အိမ်ဌားမှနံနက် ၆ နာရီမှ ည ၆ နာရီအတွင်း ခွင့်ပြုရန်။

(၉) အိမ်ဌား၏ ဥပဒေနှင့်မညီညွတ်သော လုပ်ဆောင်မှုကြောင့် အိမ်ရှင်၌ နစ်နာဆုံးရှုံးမှု ပေါ်ပေါက်က ပြန်လည်၍ ပေးလေ ျှာ်ပါမည်ဟု အိမ်ဌားမှ သဘောတူဝန်ခံကတိပြုပါသည်။

(၁၀) အိမ်ဌားမှ ဆက်လက်မနေလို၍သော်လည်းကောင်း၊ အိမ်ရှင်မှ ဆက်လက်၍ မဌားရမ်းလို၍သော်လည်းကောင်း၊ တစ်ဦးကိုတစ်ဦး ဌားရမ်းကာလ မစေ့ရောက်မီ (၁)လကြိုတင်၍ အသိပေး အကြောင်းကြားရန်။

(၁၁) အိမ်ရှင်နှင့် အိမ်ဌားတို.သည် ဖေါ်ပြပါ နေအိမ်ခန်းအား ဆက်လက်၍ ဌားရမ်းလိုပါက နှစ်ဦးညှိနှိုင်း၍ စာချုပ်အသစ် ထပ်မံချုပ်ဆိုရမည် ဖြစ်ပါသည်။

(၁၂) အိမ်ဌားသည် ဌားရမ်းကာလ စေ့ရောက်သည့် (၁၅.၇.၂၀၁၆) နေ.ရက်မှ နောက်ဆုံးထား၍ ဖော်ပြပါနေအိမ်ခန်းအား အိမ်ရှင်သို. အေးချမ်းသာယာစွာဖြင့် စနစ်တကျ ပြန်လည်လွှဲပြောင်းပေးအပ်၍ ဖယ်ရှားထွက်ပေးရပါမည်။ အိမ်ရှင်မှ မိမိသော့ဖြင့်ခတ်၍ အခန်းလက်ရောက်ရယူရန် သဘောတူပါသည်။

(၁၃) ဌားရမ်းကာလစေ့ရောက်၍ အိမ်ဌားသည် နေအိမ်ခန်းမှ ဖယ်ရှားသည့်အခါ အပိုငွေကြေးတစ်စုံတစ်ရာ မတောင်းခံပါဟု ဝန်ခံကတိပြုပါသည်။

(၁၄) ဌားရမ်းကာလ မစေ့ရောက်မီ အိမ်ဌားမှ အိမ်ပြန်အပ်က ငွေပြန်မအမ်းပါ။

(၁၅) အိမ်ဌားမှ ပတ်ဝန်ကျင်အားဆူညံခြင်း၊ နှောက်ယှက်ခြင်းမပြုလုပ်ပါဟု ဝန်ခံကတိပြုပါသည်။ ၎င်းအပြင် အိမ်ဌားစည်းကမ်းချက်နှင့်အညီ နေထိုင်ပါမည်ဟု ဝန်ခံကတိပြုပါသည်။

ဌားရန်သည့် အိမ်ခန်းစာရင်းဇယား

ရန်ကုန်မြို.၊ ဗဟန်းမြို.နယ်၊ ဆရာစံတောင် (စံပြ) ရပ်ကွက်၊ ငွေလရောင်းလမ်း ၊ အမှတ် (……) (၆)ထပ်တိုက်၊ မြေညီထပ်၊ (၂၀’ x ၄၀’) ပေရှိ ရေးမီးစုံ တိုက်ခန်း (၁)ခန်း

၂။ သို.ဖြစ်ရာ အိမ်ဌားမှ (၁၂)လအတွက် ဌားရမ်းခငွေ စုစုပေါင်း ကျပ် ၂၄၀၀၀၀၀ိ/- (ကျပ်နှစ်ဆယ့်လေးသိန်းတိတိ) ကို ကနေ.တွင် ကြိုတင်၍ပေးချေရာ အိမ်ရှင်မှ အပြည့်အဝ လက်ခံရရှိပါကြောင်းဤစာချုပ်ဖြင့် ဝန်ခံပါသည်။

၃။ ထိုနည်းတူ အိမ်ဌားဖြစ်သူမှလည်း မိမိဌားရမ်းသည့် အထက်ဖော်ပြပါ နေအိမ်ခန်းအား နေအိမ်ခန်းအား လွှဲပြောင်းလက်ခံရရှိကြောင်း ဝန်ခံပါသည်။

၄။ အထက်စာချုပ်ပါ စကားရပ်များကို မိမိကိုယ်တိုင် သေချာစွာ ဖတ်ရှု၊ သိရှိ၊ နားလည်းသဘောပေါက်ကြပြီး အောက်ပါအသိသက်သေများ၏ ရှေ.တွင် လက်မှတ်ရေးထိုး ချုပ်ဆိုကြပါသည်။

(ဦးပြုံး) (ဒေါ်ရီ)
အိမ်ရှင် အိမ်ဌား

အသိသက်သေများ

၁။ အမည် …………
မှတ်ပုံတင် …………
နေရပ် …………………..

၂။ အမည် …………………
မှတ်ပုံတင် …………………
နေရပ် …………………..

Credit : U Myint Lwin ( Lawyer )

မြေဝယ်သူတွေ စိစစ်ရမယ့် အရေးကြီးဆုံး အချက် (၂၃) ချက်အိမ်ဆောက်ဖို့ပဲဖြစ်ဖြစ်  ၊တိုက်ခန်းဆောက်လုပ်ဖို့ပဲဖြစ်ဖြစ် မြေကို ဝယ်...
06/05/2022

မြေဝယ်သူတွေ စိစစ်ရမယ့် အရေးကြီးဆုံး အချက် (၂၃) ချက်

အိမ်ဆောက်ဖို့ပဲဖြစ်ဖြစ် ၊တိုက်ခန်းဆောက်လုပ်ဖို့ပဲဖြစ်ဖြစ် မြေကို ဝယ်ယူတော့မယ်ဆိုရင် သိရထားရမယ့်အချက်တွေ ရှိနေပါတယ်။ မိမိကိုယ်တိုင်က သေစိစစ်မပြီး မဝယ်ယူခဲ့ဘူးဆိုရင် နောင်တစ်ချိန်မှာ ပိုင်ဆိုင်မှု သက်သေခံခံတဲ့နေရမှာ မှာ အထောက်အထားမပြည့်မစုံရင် မိမိမှာသာ ဆုံးရှုံးမှုများ ဖြစ်ပေါ်စေမှာပါ။ ထို့ကြောင့် မြေဝယ်ယူရာမှာသိသင့်တဲ့ အချက်အလက်တချို့ရှိပြီး စိစစ်ရွေးချယ်နိုင်တဲ့ အချက် (၂၃) ချက် ကိုတော့ သိရှိထားဖို့တော့ လိုပါမယ်။



အဲ့ဒီ အချက် (၂၃) ချက်ကတော့ -



၁။ မြေကွက်တည်နေရာနဲ့အလားအလာ



၂။ မြေကွက်အမျိုးအစား



၃။ မြေကွက်တန်ဖိုးဈေးနှုန်း (ဆိုဈေးနဲ့ အလျှော့အတင်းအခြေအနေ)



၄။ မြေကွက်အကျယ်အဝန်း (နယ်နိမိတ်တိုင်းတာသတ်မှတ်တဲ့ မြေပုံနဲ့ တိုက်ဆိုင်စစ်ဆေးပြီး အမှန်တကယ်ရှိမရှိ လက်တွေ့တိုင်းကြည့်ရန် )



၅။ အမည်ပေါက်ပိုင်ရှင်ကိုယ်တိုင် ရောင်းချခြင်းဟုတ်မဟုတ်



၆။ ပိုင်ဆိုင်မှုအဆင့်ဆင့်နဲ့ သက်ဆိုင်တဲ့ စာချုပ် ၊ စာရွက်စာတမ်း အပြည့်အစုံမှုရှိမရှိ



၇။ ရောင်းသူဟာ အမှန်တကယ် ပိုင်ဆိုင်ခွင့် ၊ ရောင်းချခွင့်ရှိသူဟုတ်မဟုတ်



၈။ လိုအပ်ရင် အနည်းဆုံးလူနှစ်ဦးက လက်မှတ်ရေးထိုးပေးနိုင်ခြင်းရှိမရှိ



၉။ လိုအပ်ရင် ဝယ်ယူမယ့်အကြောင်းကို သတင်းစာမှာ ကြော်ငြာတာတွေ လက်ခံ ၊ လက်မခံ



၁၀ ။ လွှဲပြောင်း၊ ရောင်းချ ၊ ပေါင်နှံ ၊ စွန့်လွတ် ၊ လှူဒါန်း၊ အာမခံတင်သွင်းထားခြင်းရှိမရှိတို့ကို သိထားသင့်ပါတယ်။အထက်ကဖော်ပြထားတဲ့အချက်တွေ အပြင် နောက်ထပ်သိရှိထားရမယ့်အချက်လေးတွေကိုလည်း မှတ်ထားရပါမယ်။



၁၁။ မြေကွက် အမှတ် ၊ အိမ်အမှတ်



၁၂။ မြေကွက်မျက်နှာပြုလုပ်ရာအရပ်



၁၃။ လမ်းပန်းဆက်သွယ်ရေးနဲ့ ကားဝင်နိုင်မှုအခြေအနေ



၁၄။ ရေဝပ် ၊ မဝပ်နဲ့ ရေဆင်းကောင်းမကောင်း



သဘာဝဘေးအန္တရာယ်ကြောင့် ပေါ်ပေါက်နိုင်တဲ့ အန္တရာယ်ရှိမရှိ (မြစ်ရေကြီးတာတွေ ၊ တာကျိုးရေလျှံတာတွေ ၊ ထူးကဲဒီရေမြှုပ်ခြင်း ၊ မြစ်ရေတိုက်စားတာတွေ ၊ ပတ်ဝန်းကျင် မီးဘေးအန္တရာယ်ရှိမရှိ )





၁၅။ လျှပ်စစ်မီးရှိမရှိ



၁၆။ ရေရှိမှုအခြေအနေ



၁၇။ အနီးပတ်ဝန်းကျင်အခြေအနေ



၁၈။ လမ်းမကြီး (ခရီးသည်တင်ဘတ်စ်ကားလိုင်း) က ဘယ်လောက်ကွာဝေးတယ်



၁၉ ။ မိမိလုပ်ကိုင်မယ့် လုပ်ငန်းနဲ့ ကိုက်ညီမှုရှိမရှိ



၂၀ ။ အနီးဆုံးဈေးနဲ့ အနီးဆုံးကျောင်းတွေ



၂၁။ သစ်ပင်နဲ့ စားပင်တွေ ပါဝင်မှု



၂၂။ ပြန်ရောင်းရန် အလွယ်တကူပြန်ရောင်းရနိုင် မရနိုင်



၂၃။ အနီးအနားပတ်ဝန်းကျင် အခြေအနေ စတဲ့အချက်အလက်တွေကို လေ့လာပြီး စိစစ်ဝယ်ယူသင့်ပါတယ်။



ဒါတွေ အပြင် မရွှေ့မပြောင်းနိုင်တဲ့ အိမ်မြေကိုဝယ်ရင်၊ တရားဝင် ဝယ်ယူခြင်းမြောက်အောင် ဘာတွေလုပ်ရမလဲဆိုတာ ဥပဒေမှာ ပြဋ္ဌာန်းထားပြီးသားဖြစ်ပါတယ်။ ပိုင်ဆိုင်မှု အတွက် အခိုင်အာဖြစ်စေဖို့အတွက်ကို လည်း ဥကဒေနဲ့အညီလုပ်ဆောင်ဖို့လည်း လိုပါမယ်။



(၁) စာချုပ်ချုပ်ရမယ်။



(၂) ဝယ်ယူတဲ့ တန်ဖိုးအလျောက်တံဆိပ်ခေါင်း ထမ်းဆောင်ရမယ်။



(၃) စာချုပ်မှာ ရောင်းသူနဲ့ဝယ်သူတို့လက်မှတ်ထိုးရမယ်။



(၄) သက်သေ(၂)ယောက် လက်မှတ်ရေးထိုးရမယ်။



(၅) စာချုပ်ကို စာချုပ်စာတမ်းမှတ်ပုံတင်ရုံးမှာ မှတ်ပုံတင်ကြေး ပေးဆောင်ပြီး မှတ်ပုံတင်ရမယ်။ဒါမှသာ အပြည့်အဝ၊ တရားဝင်၊ ဥပဒေနဲ့အညီဝယ်ယူခြင်းဖြစ်ကြောင်း၊



- ပစ္စည်းလွှဲပြောင်းခြင်းအက်ဥပဒေ၊



- စာချုပ်စာတမ်း မှတ်ပုံတင်အက်ဥပဒေ၊



- အခွန်တော်ခေါင်းအက်ဥပဒေ၊ ပဋိညာဉ်အက်ဥပဒေတွေမှာ ပြဋ္ဌာန်းထားတယ်။



အချက်၂၃ ချက်အပြင် ဥပဒေနဲ့အညီဆောင်ရွက်ပြီးပြီးဆိုရင်တော့



ဒီလိုမှတ်ပုံတင်စာချုပ်နဲ့ ဝယ်ယူ ပြီးနောက် - ပြန်လည်ရရှိလာတဲ့ မှတ်ပုံတင်စာချုပ်နဲ့ သက်ဆိုင်ရာမြေစာရင်း၊ မြို့တော်စည်ပင်ဌာနမှာ မိမိ ဝယ်ယူတဲ့မြေအမျိုး အစားအလျောက် အမည်ပြောင်း၊ ဂရန်အမည်ပေါက်ဖောက်ပေးဖို့ ဆက်လက်လုပ်ဆောင်ရပါတယ်။ ဘိုးဘွားပိုင်မြေဆိုရင် မိမိအမည်နဲ့ ဂရန်မြေဆိုရင် မိမိအမည်ပေါက်ဂရန်စာချုပ်နဲ့အတူ မြေစာရင်းပုံစံ (၁၀၅)မြေပုံ၊ မြေစာရင်းပုံစံ(၁၀၆)မြေရာဇဝင် ထွက်လာပါမယ်။ ဒါဆိုရင် မိမိကဝယ်ယူတဲ့ အိမ်မြေရဲ့ပိုင်ရေးဆိုင်ခွင့်ကို သက်သေခံစာချုပ် စာတမ်းများနဲ့အတူ ပိုင်ဆိုင်တယ်လို့ မှတ်ယူပါတယ်။ အပြည့်အ၀ တရားဝင် ဥပဒေနဲ့အညီဝယ်ယူခြင်းဟာ အပြည့်အ၀ တရားဝင်ပိုင်ဆိုင်ခွင့်ရရှိစေပါတယ်။ ကိုယ်ဝယ်ယူထား တဲ့ အိမ်မြေက နင်ထုတ်လို့မရဘူး။ သူများကျူးကျော်ဝင်ရောက်လို့မရဘူး။ ကိုယ်သေရင် ကိုယ့်ရဲ့အမွေခံများ ဆက်ဆံခွင့်ရကြတယ်။ မသက်ဆိုင်သူများကို အိမ်မြေ နှင်ထုတ်လို့ရတယ်။ ကိုယ်က အခြားသူကို လွှဲပြောင်းရောင်းချလို့ရတယ်။ နောက်ဝယ် တဲ့သူဟာ တရားဝင်ပိုင်ဆိုင်ခွင့်ရတယ်။



အိမ်ခြံမြေဆိုင်ရာ စာချုပ်ချုပ်ဆိုတဲ့ အခါမှာ သတိထားရမယ့် အချက်တွေနဲ့ အရေးကြီးအချက်တွေကို ရောင်းဝယ်သူ တချို့အမှတ်တမဲ့ ထားရှိတတ်ပါတယ်။ မြေ အမျိုးအစားအလိုက် ပိုင်ဆိုင်မှုအထောက်အထားတွေကို နားလည်တတ်ကျွမ်းသူ တွေနဲ့ စစ်ဆေးသင့်ပါတယ်။ ဝယ်ရောင်း တချို့က စာရွက်စာတမ်းတွေကို အပေါ်ယံလောက်ပဲ ကြည့်ရှုစစ်ဆေးတတ်ကြတာ ကြောင့် သေချာစစ်ဆေးဖို့ လိုအပ်ပါတယ်။ ယခုနောက်ပိုင်းမှာ ဂရန်၊ စလစ်မြေ၊ ပါမစ်မြေတွေရဲ့ စာရွက်စာတမ်း အတုတွေ ထွက်နေတဲ့အတွက် သေချာစစ် ဆေးသင့်တာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါတွေကို ကိုယ်တိုင်မစစ်ဆေးဘူး။ မလေ့လာထားဘူးဆိုရင် နစ်နာသူက မိမိကိုယ်တိုင်ဖြစ်တယ်ဆိုတာ သိထားရမှာပါ။



စာချုပ်စာတမ်းပါ အချက်အလက် တွေကိုလည်း သေချာစွာဖတ်ရှုသင့်ပါ တယ်။ ငွေကြေးဆိုင်ရာ ကိန်းဂဏန်းတွေ၊ ရက်စွဲတွေ၊ စာချုပ်ပါစကားလုံးတွေကို တစ်လုံး ချင်းစီ သေသေချာချာစစ်ဆေးမှ သာ စာချုပ်ပါအချက်အလက်နဲ့ ကွဲပြားမှု တွေကို သိရှိနိုင်မှာပါ။ မှတ်ပုံတင် ပါ အချက်အလက်တွေ၊ တိုက်ခန်းမြေကွက် တည်နေရာတွေကိုလည်း စာချုပ်စာတမ်းနဲ့ ကိုက်ညီမှု ရှိ မရှိ တိုက်ဆိုင်စစ်ဆေးသင့်တယ်လို့ သိရပါတယ်။နောက်တစ်ခု သတိထားရမှာကတော့ စာချုပ်ပါအချက်တချို့ကို အမှားပြင်ဆင် ချက်နဲ့ အမှားပြင်ဆင်တာတွေ ဖြစ်ပါ တယ်။ စာချုပ်ထဲမှာ အမှားတစ်စုံတစ်ရာ ရှိပါက ပြင်ဆင်ချက်ကို သေချာစွာ စစ်ဆေးရပါမယ်။ စာချုပ်တွေကို စစ်ဆေးတဲ့အခါ အမှားတွေ့ရင် correction pen ကို မသုံးဖို့ ကလည်း သတိပြုစရာတစ်ခု ဖြစ်တယ်လို့ သိရပါတယ်။ ဘာကြောင့်လဲဆိုတော့ correction pen အသုံးပြုမိပြီး အမှား ပြင်ဆင်ချက်ကို initial sign (လက်မှတ်အတို ကောက်) ထိုးထားပေမဲ့ မသမာသူတွေက correction pen ကို အသုံးပြုပြီး ထပ်ပြီး အမှားပြင်ဆင်နိုင်တာကြောင့် ဖြစ်ပါ တယ်။





လက်မှတ်အတိုကောက်ထိုး



စာချုပ်မှာ အမှားတွေ့ရှိမယ်ဆိုရင် လုပ်ဆောင်ရမယ့် အကောင်းဆုံးအချက် ကတော့ အမှားစကားလုံးပေါ်မှာ cross မျဉ်းတစ်ကြောင်းသာခြစ်ပြီး အပေါ်မှာ အမှားပြင်ဆင်ချက်ရေးကာ initial sign (လက်မှတ်အတိုကောက်) ထိုးပေးခြင်းပဲ ဖြစ်ပါတယ်။ အခုလို အမှားမျိုးတွေကို စာချုပ်မှာ တွေ့ရှိလာတယ်ဆိုရင် အရောင်းအဝယ် ပိုင်းမှာ အခက်အခဲတချို့ရှိလာပြီး ပြဿနာတက်နိုင်တာကြောင့် ရောင်းသူနဲ့ ဝယ်သူကြားမှာ နှစ်ဦးသဘောတူ စာချုပ်အသစ် တစ်ခု ထပ်မံချုပ်ဆိုလို့ရတယ်လို့ သိရပါတယ်။ ဝယ်ယူသူအနေနဲ့ သံသယရှိတယ် ဆိုရင် ရောင်းသူကို မူရင်း ပထမပိုင်ရှင်နဲ့ တိုက်ရိုက် စာချုပ်ချုပ်ဆိုခွင့် တောင်းဆိုလို့ ရသလို ချုပ်ဆိုခွင့်လည်းရှိပါတယ်။ သက်သေထည့်သွင်းတဲ့ နေရာမှာလည်း နားလည်သူတွေကိုသာ သက်သေအဖြစ် ထည့်သွင်းသင့်တယ်ရပါတယ်။ ဂရန်အကြောင်း ပြောကြတဲ့အခါ မြို့မြေဆိုတာ ဘာလဲ၊ အစိုးရမှ စီမံချထားနိုင်သော မြေဆိုတာ ဘာလဲဆိုတာကို အစပြုပြောရပါတယ်။ မြို့မြေ အဝန်းအဝိုင်းအတွင်း ကျရောက်ပြီး အစိုးရမှ ချထားနိုင်သောမြေ ဖြစ်မှ သာလျှင် ဂရန်ပေးလို့ ရပါတယ်။



(က) အစိုးရစီမံချထားပိုင်ခွင့် ရှိသောမြေ ( LAND AT THE DISPOSAL OF GOVERNMENT)၊



အစိုးရမှစီမံချထားပိုင်ခွင့်ရှိသောမြေ (Land atthe disposal of Government) ဆိုတာကတော့ မြို့မြေမှာ အသုံးများတဲ့ ဝေါဟာရတစ်ခုပါ။ Disposal Land လို့ ဖေါ်ကြပါတယ်။ အောက်မြန်မာပြည် မြို့နှင့် ကျေးရွာမြေများအက်ဥပဒေ ပုဒ်မ (၂)၊ ပုဒ်မ (၃)၊ ပုဒ်မ (၄)တို့မှာ ဖေါ်ပြထားချက်အရ မြို့မြေ ရွာမြေအဖြစ် သတ်မှတ်ထားတဲ့ ဧရိယာအတွင်း ကျရောက်ပြီး မည်သူ တစ်ဦးတစ်ယောက်ကိုမျှ အစိုးရ အနေဖြင့် အပိုင်ဖြစ်စေ၊ အငှားဖြစ်စေ ပေးအပ်ချထားခြင်း၊ မြေပိုင်ဆိုင်ခွင့် (သို့) မြေရှင် ဆိုင်ရာဆိုင်ခွင့် အတွက် မည်သူ့ကိုမျှ ပေးအပ်ထားခြင်း မရှိသေးတဲ့ မြေများ၊ လက်ရှိ ဦးပိုင်ပေါက် ပိုင်ဆိုင်ထားခြင်း မရှိတဲ့ မြေများ၊ မည်သူမျှ လက်ဝယ်ထားရှိပိုင်ခွင့် မရရှိသေးတဲ့ မြေများကို ခေါ်တာဖြစ်ပါတယ်။ အစိုးရမှ ချထားပိုင်ခွင့်ရှိတယ်ဆိုတဲ့ မြေထဲမှာ လူနေထိုင်ရန်အတွက်လည်းကောင်း၊ စိုက်ပျိုးရေးအတွက် လည်းကောင်း၊ အသုံးပြုခွင့် ရရှိထားတဲ့၊ သုံးနေတဲ့ မြေတွေ မပါရပါဘူး။



ထို့အတူ ရုံး၊ စက်ရုံ အလုပ်ရုံ၊ တပ်ရင်းတပ်ဖွဲ့၊ မီးရထား၊ သစ်တော၊ ဆည်မြောင်း၊ လမ်း တံတားစတဲ့ အစိုးရဌာနများမှ အသုံး ပြုရန် သတ်မှတ်ထားပြီးတဲ့ မြေများလည်း မပါဝင်ပါဘူး။ ထို့အတူ သာသနာ၊ သုဿန်၊ အင်းအိုင် စတဲ့ သီးခြား သတ်မှတ် ချထားပေးပြီး မြေများလည်း မပါဝင်ပါဘူး။ ယခင်က Disposal Land ဖြစ်ခဲ့လို့ မြေငှား ဂရန် ထုတ်ပေးထားတဲ့ မြေသည်ပင် နိုင်ငံတော်ပိုင် မြေဖြစ်သော်လည်း အဆိုပါ ထုတ်ပေးထားတဲ့ မြေငှား ဂရန် သက်တမ်းကုန်ဆုံးခြင်း မရှိသေးသမျှ အစိုးရမှ ချထားပေးနိုင်မြေအဖြစ် ချထားပေးလို့ မရနိုင်သေးပါဘူး။ ဂရန်သက်တမ်းအရ သုံးစွဲခွင့် ကျန်ရှိနေသေးတဲ့မြေကို (Land at the disposal of Government) အစိုးရမှ ချထားနိုင်သောမြေလို့ မသတ်မှတ်နိုင်ပါဘူး။ တစ်ဦးတစ်ယောက်ကို ချပေးပြီးဖြစ်နေတဲ့ သက် တမ်းအတွင်း သက်တမ်းမကုန်မချင်း ယင်းမြေကွက်ကို အခြားတစ်ယောက်သို့ ပြောင်းလဲချထား၍မရပါဘူး။ ချထားလိုရင်တော့ မူလအမှှုတွဲကို ပြန်လည် ဖျက်သိမ်းပေးရပါမယ်။ မူလချထားပေးမှုကို ပြန်ဖျက်မှ အစိုးရမြေလွတ် ပြန်ဖြစ်၊ ဒါမှသာ နောက် တစ်ယောက်ကို ချနိုင်ပါတယ်)။



သက်တမ်း မကုန်သေးတဲ့မြေကို ချထားမိရင် Law of Contract ပဋိဉာဉ်ဥပဒေကို ဖေါက်ဖျက်ရာ ကျပါတယ်။ မြေတစ်ကွက်ကို ဂရန် ချထားပေးနိုင်ရန်မှာ အစိုးရမှ ချထားပေးပိုင်ခွင့် ရှိသောမြေ ဖြစ်မှသာလျှင် ချထားပေးနှိုင်တာ ဖြစ်တဲ့အတွက် အစိုးရမှ ချထားပေးပိုင်ခွင့် ရှိသောမြေ ဟုတ်/မဟုတ်အတွက် မြေယာ မှတ်တမ်းထိန်းသိမ်းကိုင်တွယ်တဲ့ မြေစာရင်းဌာနရဲ့ မှတ်ချက်ဟာ အလွန် အရေးပါတယ်ဆိုတာ သတိပြု ရပါမယ်။ အစိုးရမှ ချထားပေးပိုင်ခွင့်ရှိသောမြေ မဟုတ်ရင် မဟုတ်ကြောင်းကို မြေစာရင်းရဲ့ ပြန်ကြားချက် မှာ တိတိကျကျ ဖေါ်ပြရန် လိုပါတယ်။ဖော်ပြပါအချက်တွေက ဗဟုဟုတမှဝေပြီး စာဖြင့်ရေးသားဖော်ပြချင်းတို့ကြောင့် အလုံးစုံအပြည့်အဝတော့ မဟုတ်သေးပါဘူး။ နိုင်ငံတော်ကချမှတ်ထားတဲ့ဥပဒေများနှင့် သက်ဆိုင်ရာ ဥပဒေကိုလည်း ထပ်မံလေ့လာသိရှိဖို့လည်း လိုပါသေးတယ်။ ဘယ်လိုအလုပ်မျိုးပဲဖြစ်ပါစေ ကြိုတင်ပြင်ဆင်မှုများများရှိလေးအောင်မြင်လေပါပဲ။ ဒါကြောင့် ကိုယ့်ပိုင်ဆိုင်မှုမှုများ ဆုံးရှုံးများမရှိစေရန် အတွက် အသေအချာစုံစမ်းလေ့လာဖို့ လိုပါတယ်။



အရပ်ကတိစာချုပ်နှင့် ဝယ်ယူခြင်း.....



အိမ်မြေတွေကို အရပ်စာချုပ်နဲ့ဝယ်ခြင်း ဟအပြည့်အဝဆောင်ရွက်ခြင်း၊ဝယ်ယူခြင်းမဟုတ်ဘူး။ တရားဝင်ဝယ်ယူခြင်း မမြောက်ဘူး။ အကြောင်းက ဘာလဲဆိုတော့



(၁) စာချုပ်ဟာ မှတ်ပုံတင်စာချုပ်မဟုတ်ဘူး။ အရပ်စာချုပ်။



(၂) တံဆိပ်ခေါင်းခွန် (၇%) ထမ်းဆောင်မထားဘူး။



(၃) စာချုပ်ကို မှတ်ပုံတင်ကြေးပေးပြီး မှတ်ပုံတင်ရုံးမှာ မှတ်ပုံတင်မထားဘူး။ ရုံးမှာ စာချုပ်မရှိဘူး။



(၄) မြေစာရင်းနဲ့စည်ပင်ဌာနမှာ မိမိအမည်ပြောင်းလျှောက်ထားလို့မရဘူး။ မိမိအမည်ပေါက်နိုင်ဘူး။ ဂရန်မရနိုင်ဘူး။



(၅) မြေပုံ၊ မြေရာဇဝင်မှာ မိမိအမည်မပေါက်ဘူး။ဒီလိုအရပ်စာချုပ်နဲ့သာ ဝယ်ယူထားခြင်းကို - တစ်ပိုင်းတစ်စဆောင်ရွက်ခြင်း PART PERFORMANCE လို့ခေါ်တယ်။ အပြည့်အဝဆောင်ရွက်ထားခြင်းမဟုတ်တဲ့အတွက် ပိုင်ဆိုင်ခွင့်မရနိုင်ဘူး။ တစ်ပိုင်းတစ်စ အခွင့်အရေးသာရနိုင်တယ်။



မြေရဲ့ ပိုင်ဆိုင်ခွင့်အကြောင်း တရားရုံးမှာ အရေးဆိုလို့မရဘူး။ အကြောင်းကတော့ တရားဝင်ဝယ်ယူခဲ့ခြင်းမဟုတ်လို့ တရားဝင်ပိုင်ရေး ဆိုင်ခွင့်မရဘူး။ ပိုင်ရေးဆိုင်ခွင့်ကိုအကြောင်းပြုပြီးတော့ အိမ်မြေအပေါ်ကျူးကျော်သူကို နင်ထုတ်လို့မရဘူး။ ကိုယ်ကအခြားသူကို တရားဝင်ပြန်လည်ရောင်းချလို့မရဘူး။ ရောင်းချခဲ့ရင်လည်း ဝယ်သူဟာတရားဝင်ပိုင်ရှင်အဆင့် မရနိုင်ဘူး။ ဒါပေမဲ့ ရောင်းသူက ကိုယ့်ကိုဒီမြေပေါ်ကနှင်ထုတ်လိုမှုဆိုလာရင်တော့ - သူနဲ့ကိုယ်နဲ့ ချုပ်ဆိုထားတဲ့ အရပ်ကတိစာချုပ်ကို ရုံးတော်ကိုတင်ပြပြီး အဖြစ်ခုခံကာကွယ်နိုင်တယ်။ ကိုယ့်ကို နှင်ထုတ်လို့မရဘူး။ ဒါကြောင့် တစ်ပိုင်းတစ်စ ဆောင်ရွက်ခြင်း၊ ဝယ်ယူခြင်းဟာ ဓားအဖြစ် ထိုးခုတ်လို့မရဘူး။ ဒိုင်းအဖြစ်သာ ခုခံကာကွယ်နိုင်တယ်။ (PART PERFORMANCE IS A SHIELD, NOT A SWORD) လို့ ဥပဒေဆိုရိုးစကားရှိပါတယ်။ ဒါက ဥပဒေ ပြဋ္ဌာန်းချက်ကို တင်ပြရတာပါ။ မြေဝယ်မယ်ဆိုရင်တော့ ဒါတွေကို သိရှိနားလည်ထားလို့လည်း လိုပါတယ်နော်။ ဘယ်အရာမဆို နားလည်သဘောပေါက်ထားမယ်ဆိုရင် ကိုယ့်ဘက်က နစ်နာမှုနည်းလေဖြစ်မှာပါ။ ဥပဒေသက်ရောက်မှုက ပိုမို ထိရောက်တာဖြစ်လို့ ဘာပဲလုပ်လုပ်နားလည်သဘောပေါက်အောင်လုပ်ထားဖို့ကတော့ အရေးဆုံးပါပဲ။

Credit: Shweproperty
Written By : Khine Zar (ShweProperty.com)
Posted By : Sint Sint (ShweProperty.com)
ပြန်လည်ကူးယူဖော်ပြပါသည်။

မြန်မာနိုင်ငံအတွင်း ရှိ အိမ်ရာစီမံကိန်းအသစ်များ၊ ရောင်းရန် နှင့််ငှားရန်ရှိသော အိမ်ခြံမြေပေါင်း ၂၅၀၀၀၀ကျ...

29/04/2022

ကျွန်တော် ဝယ်ချင်သောအိမ်၏
မူလဂရန်ပိုင်ရှင်သည် သေသွားပါပြီ၊
ကျန်ရစ်သူ သားသမီးများဆီမှ ဝယ်လိုလျှင်
ဂရန်အမည်ဖောက်၍ ရနိုင်ပါလားခင်ဗျာ။

ကွယ်လွန်သွားသည့်ပိုင်ရှင်၏ အိမ် နှင့် မြေ သို့မဟုတ် မြေကွက်ကို အမွေဆိုင်များက ရောင်းချခြင်း၊ငှားရမ်းခြင်း ပြုလုပ်လိုပါက လိုက်နာဆောင်ရွက်ရန် နည်းလမ်း

၁။ အမွေဆိုင် သားသမီးများ သို့မဟုတ် အမွေဆိုင် ညီအစ်ကိုမောင်နှမများက စာချုပ်စာတမ်း မှတ်ပုံတင်ရုံးတွင် ပိုင်ဆိုင်ကြောင်းမြွက်ဟကြေညာစာတမ်း လျှောက်ထားရရှိပြီး ဖြစ်လျှင်ဖြစ်စေ၊ စီရင်ပိုင်ခွင့်ရှိသော တရားရုံး တော်သို့ အမွေထိန်းလက်မှတ် လျှောက်ထားရပြီးလျှင် ဖြစ်စေ၊ ကွယ်လွန်သူပိုင် အိမ်၊ မြေ သို့မဟုတ် မြေကွက် ကို လွှဲပြောင်းရောင်းချခြင်း သို့မဟုတ် ငှားရမ်းခြင်းတို့ကို ဥပဒေနှင့်အညီပြုလုပ်နိုင်ခွင့်ရှိပါသည်။

၂။ စာချုပ်စာတမ်းမှတ်ပုံတင်ရုံးတွင် အမွေဆိုင်အားလုံးပါဝင်၍ ပိုင်ဆိုင်ကြောင်း မြွက်ဟကြေညာ စာတမ်း ပြုလုပ်ပါက ကနေဦးမြေပုံ မြေရာဇဝင်ကူးယူရပါမည်။ အမည်ပေါက်ပိုင်ဆိုင်သူ အမှန်တကယ်သေဆုံးကြောင်း သက်ဆိုင်ရာက တရားဝင်ထုတ်ပေးသော သေစာရင်း တင်ပြနိုင်ရပါမည်။

၃။ မြေပုံမြေရာဇဝင်ကူးယူရာတွင် အမွေဆိုင်အားလုံးက တရားရုံးတော်၌ အမွေဆိုင်များ ဖြစ်ကြောင်း၊ အခြား အမွေဆိုင်များ မကျန်ရှိတော့ကြောင်း၊ ကွယ်လွန်သူ၏ အမွေဆိုင်များ မှန်ကန်ကြောင်း ဖော်ပြ၍ ကျမ်းကျိန် လွှာပြုလုပ်၍ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ၊ မြေပုံမြေရာဇဝင်ဌာနသို့ အမည်ပြောင်းရန် အတွက်နှင့် ရောင်းချရန်အတွက် မြေပုံမြေရာဇဝင် ( ၂ )စုံ ကူးယူခွင့် လျှောက်ထားရပါမည်။ မြေပုံကူးရာတွင် မြေပုံမြေရာဇဝင်ဌာန၏ သတ်မှတ်ချက်များနှင့်အညီ လျှောက်ထားခြင်းနှင့် ကျသင့်သော ကူးခများ ပေးသွင်း ရခြင်း ပြုလုပ်ရပါမည်။

၄။ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ မြေပုံမြေရာဇဝင်ဌာနက သတင်းစာတွင် ကြော်ငြာ ထည့်သွင်းပြီး ကန့်ကွက်သူ မရှိသည့်အခါကျမှ အမည်ပြောင်းနှင့် ရောင်းချရန်အတွက် မြေပုံမြေရာဇဝင် ထုတ် ပေးမည်ဖြစ်ပါသည်။ ကန့်ကွက်မှုတစ်စုံတစ်ရာ ပေါ်ပေါက်လာပါက ကန့်ကွက်သူဘက်မှ အထောက်အထား ခိုင်ခိုင်လုံလုံ မတင်ပြနိုင်ပါက ကန့်ကွက်ချက်ကို မြေပုံမြေရာဇဝင်ဌာနက စဉ်းစားပေးမည် မဟုတ်ပါ။

( မှတ်ချက် ၊ အမည်ပေါက်ကိုယ်ပိုင် မြေပုံကူးယူပါက သတင်းစာတွင် ကြော်ငြာရန် မလိုအပ်ဟု သိရှိရပါသည်။

၅။ ပိုင်ဆိုင်ကြောင်း မြွက်ဟကြေညာစာတမ်းနှင့် အရောင်းစာချုပ်ကို တစ်ကြိမ်တည်း မှတ်ပုံတင်ရန် ဆောင် ရွက်နိုင်ခွင့်ရှိပါသည်။
အဓိကလိုအပ်ချက်မှာ စာချုပ်စာတမ်း မှတ်ပုံတင်ရုံး၏ လိုအပ်ချက်များကို ပြည့်ပြည့်စုံစုံ တင်ပြနိုင်ရပါမည်။

၆။ အကယ်၍ အမွေဆိုင်တစ်ဦးတစ်ယောက်မှာ ခရီးလွန်နေပါက အထူးကိုယ်စားလှယ်ပေးအပ်၍ ခရီးလွန် နေသော အမွေဆိုင်အတွက် ဆောင်ရွက်နိုင်ခွင့်ရှိပါသည်။

( မှတ်ချက် ) ။ အမွေဆိုင်တစ်ဦးတစ်ယောက်ကို ထိန်ချန်ပါက မှတ်ပုံတင်စာချုပ်မှာ တရားဝင်မည် မဟုတ်ပါ။
သေဆုံးသွားသော အမွေဆိုင်၏ဇနီး သို့မဟုတ် သားသမီးများကိုပါ ထည့်သွင်းဆောင်ရွက်ပါမှ စာချုပ်မှာ တရားဝင်မည်ဖြစ်ပါသည်။

၇။ အထူးသတိပြုသင့်သောအချက်မှာ အမွေဆိုင်များကို ချန်လှန်၍ မှတ်ပုံတင်အရောင်းအဝယ် စာချုပ်စာ တမ်းပြုလုပ်ပါက ဥပဒေနှင့်ဆန့်ကျင်သဖြင့် ယင်းစာချုပ်မှာ ကနေဦးကပင် ပျက်ပြယ်နေပါသည်။

၈။ အမွေထိန်းစာဖြင့် ရောင်းချခြင်းဖြစ်ပါက ရောင်းချခွင့်ပြုရန် တရားရုံး၏ခွင့်ပြုမိန့် ပါရှိရပါမည်။

[ဦးဗကြိုင်(ဘီအေ၊ အီအယ်လ်)၊ မရွှေ့မပြာင်းနိုင်သည့် အိမ် ခြံ မြေ တိုက်ခန်း စသည်များရောင်းချခြင်း၊ ဝယ်ယူခြင်း ငှားရမ်းခြင်းဆိုင်ရာ ဥပဒေသိမှတ်ဖွယ်ရာ၊ စာ ၈ ) ] ။
Crd.

29/04/2022

ကျူးကျော်တွေ ထွက်ခွာသွားအောင် ဥပဒေအရ ဘယ်လိုလုပ်ရမလဲဆို တာကို သိပါရစေ

ဆင်ခြေဖုန်းမြို့နယ်တစ်ခုမှာ မြေတစ်ကွက်ဝယ်ထားတာ ၇ နှစ်လောက်လောက်ရှိပါပြီ ။ အခုသွားပြန်ကြည့် တော့ ကျွန်တော့မြေကွက်ထဲမှာ တဲ ၄ လုံးလောက်ဆောက်ထားပြီး ကျူးကျော်သူတွေ အခြေတကျနေထိုင် နေတာ တွေ့ရပါတယ် ။ မြေရှင်ဖြစ်ကြောင်းနဲ့ နေရာကဖယ်ပေးဖို့ပြောပြန်တော့ တစ်အိမ်ကို သိန်း ၂၀ စီပေး မှ ထွက်ပေးနိုင်မယ်လို့ ပြောနေပါတယ် ။ ကျူးကျော်တွေ ထွက်ခွာသွားအောင် ဥပဒေအရ ဘယ်လိုလုပ်ရမလဲဆို တာကို သိပါရစေ ။


ဝယ်ထားတဲ့ မြေကွက်က ဂရန်အမည်ပေါက်မြေကွက်လား၊ ပါမစ်မြေလား၊ လယ်ယာမြေလားဆိုတာ ခွဲခွဲခြားခြား သိဖို့ လို့ပါတယ်။ ဂရမ်မြေဆိုရင် တရားဝင်မှတ်ပုံတင်စာချုပ်နဲ့ ဝယ်ထားဖို့လိုပါတယ်။

မှုလပိုင်ရှင် အမည်ပေါက် ပုဂ္ဂိုလ်ထံမှ စာချုပ်စာတမ်းရုံးမှာ လွဲပြောင်းတဲ့ (GP) အထွေထွေ ကိုယ်စားလှယ်လွဲစာ၊ (SP) အထူးကိုယ်စား လှယ်လွဲစာ၊ ရရှိထားဖို့ လို အပ်ပါတယ်။ မှုလပိုင်ရှင် ဝယ်တဲ့အချိန်မှာ တရားဝင်လွဲပြောင်းလက်ခံ ရယူခဲ့တာလား ၊ လက်ရောက်ရယူခဲ့တာလား၊ ခြံစည်းရိုး အကာအရံများ ကာထားသလား ဆိုတဲ့ အထောက်အထား ခိုင်လုံစွာ တင်ပြနိုင်မယ် ဆိုရင် တရားစွဲဆိုရမယ့် အခြေခံလိုအပ်ချက်တွေ ပြည့်စုံပြီလို့ ပြောလို့ရပါတယ်။

သို့သော်လည်း ကျူးကျော်သူကို မိမိဝယ်ထားတဲ့ မြေကွက်ကို ဖယ် ရှားပေးဖို့ ရှေ့နေက တစ်ဆင့် နို့တစ်စာ အရင်ပို့ရတယ်။ ပို.တဲ့အခါမှာ တရားဝင် လက်ရောက်ရပြီး ခိုင်လုံရင်၊ ဖယ်ရှားဖို့ ငြင်းဆိုရင် ၊ မလိုက်နာတဲ့အခါ တရားစွဲဆိုရန် အကြောင်း ပေါ်လာလိမ့်မယ်။ ပေါ်လာတဲ့အခါကျမှ ရာဇဝတ်ကြောင်းအရစွဲရင် ရာဇသတ်ကြီးပုဒ်မ ၄၄၇ အရစွဲ ရမယ် ၊ တရားမကြောင်း အရဆိုရင်တော့ ကျူးကျော်သူကို မြေပေါ်မှ ထွက်ခွာပေးစေရန်နှင့် မြေကို လက် ရောက်ပေးစေဆိုတဲ့ တရားမမှု စွဲလို့ရပါတယ်။ ရာဇသတ်ကြီးနဲ့ စွဲမယ်ဆိုရင် ပုဒ်မ ၄၄၇ နဲ့စွဲလို့ရတယ်။ တရားမ ကြောင်းအရဆိုရင်တော့ လက်ရောက်ပေးစေလိုမှုနဲ့ စွဲလို့ရပါတယ်။ နှစ်ခုစလုံးနဲ့ စွဲမယ်ဆိုရင် ထိရောက်မှုရှိ နိုင်ပါတယ်။

Credit : DVB Law Lab
ပြန်လည်ကူးယူဖော်ပြပါသည်။

29/03/2022

မေး။ အနောက်ပိုင်းတက္ကသိုလ်နားကလယ်မြေတွေကို သိန်း၄၀ ကျော်နဲ့ အရစ်ကျရောင်းနေပါတယ် အဲဒါအမှန်လား သိချင်ပါတယ်။ ဝယ်ပြီးရင်အိမ်ဆောက်နေလို့ကောရလား အမှန်ဆိုရင် ဘာတွေလိုအပ်လဲ ဘယ်သူ့ထောက်ခံချက် တွေလိုလဲသိချင်ပါတယ် ၊ အစိုးရကတကယ်ခွင့်ပြုထားတာလား။

ဖြေ။ အနောက်ပိုင်းတက္ကသိုလ်နားက လယ်မြေတွေကို အရစ်ကျရောင်းခြင်းတော့မှန်ကန်ပါတယ်။ မှန်ကန်မှုရှိ/မရှိ အိမ်ဆောက်နေလို့ရ/မရ ဆိုသည့်ကိစ္စကို အောက်ပါအချက်အလက်များကို စစ်ဆေးဖို့လိုအပ်ပါသည်။

လယ်ယာမြေနဲ့ပတ်သက်ပြီး ရှင်းပြရမည်ဆိုလျှင် လယ်ယာ မြေမှာ လယ်ခွန်၊ မြေခွန် ပုံစံ(၁၀)ဖြင့်် တရား၀င် မှတ်ပုံတင် အရောင်းအ၀ယ်လုပ်လို့မရပါဘူး။ အချို့နေရာများတွင် ကျေးရွာဥက္ကဌ၏ရှေ့တွင် ရောင်းသူ၊ ၀ယ်သူ၊ သက်သေ(၂)ဦးလက်မှတ်ထိုးရောင်းချပါသည်။ ကျေးရွာဥက္ကမှတဆင့် လယ်မြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ကို တင်ပြပါသည်။ ထိုအခါ နောက်နှစ် လယ်ယာမြေအခွန်ကောက်ခံ တဲ့အချိန်တွင် ၀ယ်သူအမည်ဖြင့် လယ်ယာမြေ ပြေစာထွက်လာပါသည်။ ထိုကဲ့သို့ အရောင်းအ၀ယ်ပြုလုပ်ကြခြင်းရှိပါတယ်။

လယ်ခွန်၊ မြေခွန် ပုံစံ(၁၀)ရပြီးလျှင် လယ်မြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနတွင် လယ်ယာမြေ လုပ်ပိုင်ခွင့်လက်မှတ် ပုံစံ(၇)လျှောက်ထားရပါသည်။ ပုံစံ(၇)ရလျှင် လယ်ယာမြေလုပ်ခွင့်ရပါပြီး တနည်းအားဖြင့် တရား၀င်မှတ်ပုံတင်အရောင်းအ၀ယ်စာချုပ်ချုပ်ဆို၍ အရောင်းအ၀ယ် လုပ်လို့ရပြီဖြစ်ပါသည်။ ပုံစံ(၇)ရပြီး အချိန် နည်းနည်းကြာလျှင်တော့ အခြားနည်းသုံးစွဲခွင့် (လ/ယ ၃၀) လျှောက်ထားလို့ရပါသည်။ အခြားနည်းသုံးစွဲခွင့် ရရှိသည့်အခါ ကြိုက်သလို ရောင်းချခွင့်၊ အိမ်ဆောက်ခွင့်ရရှိသွားပြီဖြစ်ပါသည်။

တင်ပြရတဲ့အဆင့်တွေကတော့ ရပ်ကွက်/ကျေးရွာ၊ မြို့နယ် ၊ခရိုင်၊ တိုင်းနဲ့ဗဟိုလယ်ယာမြေစီမံခန့်ခွဲရေး အဖွဲ့ထံက ခွင့်ပြုချက်ရတဲ့အထိ တင်ပြရပါတယ်။ ဗဟိုရဲ့ခွင့်ပြုချက်အရ အခြားနည်းသုံးစွဲခွင့် ရပြီဆိုရင် နိုင်ငံတော်ကသတ်မှတ်နှုန်းထားအတိုင်း ငွေသွင်းရပါတယ်။ အခွန်ဆောင်စရာ မလိုပါ။ ထို့ကြောင့် လူကြီးမင်း ဝယ်ယူမည့် မြေကွက်သည့် အနည်းဆုံး ပုံစံ(၇)ရရှိမှ ၀ယ်ယူသင့်ကြောင်း ရှင်းလင်းအကြံပြု အပ်ပါသည်။

အိမ်ခြံမြေဝယ်ယူလိုသူများ သတိပြုစရာ ယုံလွယ်လျှင် အမှားဖြစ်တတ်သည့် အိမ်မြေဝယ်ယူခြင်း''အိမ်ဆောက်နေလာတာ ၁ဝ နှစ်ခန့်ရှိမှ သူ့...
26/03/2022

အိမ်ခြံမြေဝယ်ယူလိုသူများ သတိပြုစရာ ယုံလွယ်လျှင် အမှားဖြစ်တတ်သည့် အိမ်မြေဝယ်ယူခြင်း
''အိမ်ဆောက်နေလာတာ ၁ဝ နှစ်ခန့်ရှိမှ သူ့မြေပါဆိုပြီး ဖယ်ပေးဖို့ နို့တစ်ပို့့တယ်ဆရာ၊ အဲဒါ ဘာဖြစ် လာနိုင်ပါသလဲ''ဟု မိတ်ဆွေတစ်ဦးက စာရေးသူထံ လာရောက်တိုင်ပင်ဆွေးနွေးလာပါသည်။
''အကြောင်းကြားစာအရတော့ သူ့အမည်ပေါက် ပါမစ်မြေလို့ဆိုထားပါလား''
''ဟုတ်တယ်ဆရာ''
''ခင်ဗျားတို့ ဝယ်စဉ်က စာရွက်စာတမ်းတွေ သေချာမစိစစ်ခဲ့ဘူးနဲ့ တူတယ်''
''တကယ်တော့ ကျွန်တော်တို့ကလည်း တစ်ဆင့်ဝယ်တဲ့ အိမ်ဖြစ်တယ်''
''ကဲ-ဖြစ်စဉ်လေး ပြောပြပါဦး''
''ကျွန်တော်ဝယ်စဉ်က ခြံစည်း ရိုးက တစ်ခြမ်းပဲ ကာရံထားတယ်။ ဒါပေမယ့် အိမ်သေးသေးတစ်လုံးရှိ တယ်။ မီးရှိတယ်။ ရေကတော့ လက် တုန်ကင်လုပ်ပေးထားတယ်။ ဒါနဲ့ အဆင်ပြေတယ်ဆိုပြီး ဝယ်ဖြစ်သွားတာပဲ''
''ဘေးပတ်ဝန်းကျင်မှာ အိမ်တွေရှိသလား''
''ညာဘက်ခြမ်းမှာတော့ အိမ်ရှိတယ်။ လူတွေလည်းနေကြတယ်။ ဘယ်ဘက်ခြမ်းမှာတော့ မြေကွက်လပ်အနေနဲ့ရှိတယ်။ အခုတော့ အိမ် တွေနဲ့ စည်ကားနေပါပြီ''
''အခုမှလာပြီး သူ့မြေကွက်ပါ။ ဖယ်ပေးပါဆိုပြီး နို့တစ်ပေးတာမ ဟုတ်လား။ ဒါကလည်း မကြာမကြာ ဖြစ်တတ်တဲ့ ပြဿနာတစ်ခုပဲ''
''အိမ်ဆောက်တုန်းကလည်း ဘယ်သူမှ မကန့်ကွက်ခဲ့ဘဲနဲ့ အခုမှ လာပြီးသူ့မြေပါဆိုလို့ ဥပဒေကခွင့်ပြုပါသလား''
''လောလောဆယ် စိတ်ကို တည် တည်ငြိမ်ငြိမ်ထားပြီး ကျွန်တော်မေး တာလေးဖြေပေးပါ''ဟု စာရေးသူက မိတ်ဆွေဖြစ်သူကို အေးဆေးစွာပြောလိုက်ပါသည်။
''ရုတ်တရက် စာရောက်လာတော့ စိတ်ထဲမှာ အတော်ရှုပ်သွားတယ်''
''မှန်ပါတယ်။ ကျွန်တော် ခံစား မိပါတယ်။ အခုဝယ်ထားတဲ့ မြေနဲ့ ပတ်သက်ပြီး ဘာစာရွက်စာတမ်း အထောက်အထားရှိပါသလဲ။ မြေဂရန် စာချုပ်ရှိသလား''
''ဂရန်တော့ မလျှောက်ရသေး ဘူးဗျာ။ သူတို့က ဒီမြေချပါမစ်ပြ တယ်။ ပြီးတော့ သူတို့ အဆင့်ဆင့် လက်လွှဲဝယ်ထားတဲ့ စာချုပ်နှစ်ခုပေး တယ်''ဟုဆိုပြီး စာရေးသူအား အရပ်စာချုပ်နှစ်ခုကို ပြသပါသည်။
''ဒီအရပ်စာချုပ်တွေကတော့ အထောက်အထားတစ်ခုအဖြစ် တင် ပြနိုင်တာပေါ့လေ။ အဓိကအချက်က အဲဒီမြေကွက်ရဲ့ ပါမစ်စာချုပ်ပါတယ် မဟုတ်လား။ သူငယ်ချင်းပြတဲ့ အခုဒီပါမစ်စာချုပ်က မိသားစုဓာတ်ပုံလည်း မပါလာပါလား''
''ဟုတ်တယ်။ ကိုယ်ဝယ်စဉ်က အမည်ပေါက် တိုက်ရိုက်မဟုတ်တော့ သူပေးတာပဲယူထားလိုက်တာ''
''အင်း-လွယ်လွယ်ကူကူလုပ် တော့လည်း အမှားပါတတ်တယ် သူ ငယ်ချင်း။ ကိုယ့်အမြင်တော့ ဒီပါမစ်စာချုပ်က အတုဖြစ်မယ်ထင်တယ်။ မြေစာရင်းဌာနကို သွားမစုံစမ်းဘူးလား''
''အခုသွားစုံစမ်းတော့ နို့တစ် ပေးတဲ့ သူရဲ့ အမည်ပေါက်လို့ သိရတယ်။ ဒါကြောင့် အတော်ထိတ်လန့် သွားတာသူငယ်ချင်း''
''မိမိထံရောင်းသွားတဲ့ သူကိုဆက်သွယ်လို့ရသေးလား''
''၉ နှစ် ၁ဝ နှစ်လောက်ရှိပြီဆို တော့ လိပ်စာလည်း မသိတော့ဘူး။ ရောင်းစဉ်က အခုအိမ်လိပ်စာနဲ့ ရောင်းသွားတာဆိုတော့ ဘယ်ဆက် သွယ်ရမှန်းမသိတော့ဘူး''
''ဟုတ်ပြီလေ၊ ဥပဒေအရ ကျွန် တော်တို့ စဉ်းစားကြည့်တာပေါ့။ ပြီး တာတွေတော့ ပြီးခဲ့ပြီ။ အိမ်လည်း ဆောက်နေခဲ့ပြီ။ ဒီတော့ လက်ဝယ် ရှိနေပြီဆိုတဲ့အတွက် နည်းနည်းတော့အခွင့်အရေးရှိပါသေးတယ်''
''အချို့ကပြောတော့ ကျွန်တော် တို့က မူလပိုင်ရှင်ရှိမှန်းမသိလို့ ဝယ် မိတာဆိုရင် ဆင်းပေးရန် တာဝန်မရှိဘူးဆိုတာ ဟုတ်ပါသလား''
''အိမ်ကတော့ ကိုယ်ပိုင်ငွေနဲ့ ဆောက်ထားတဲ့အတွက် မိမိပိုင်အိမ် လို့ ပြောပိုင်ခွင့်ရှိပေမယ့် မြေက ပိုင် ရှင်အစစ်ထံက ဝယ်ယူခဲ့ခြင်းမဟုတ် လို့ ပိုင်ဆိုင်ခွင့်ရမှာမဟုတ်ဘူး''
''တကယ်လို့ တရားစွဲဆိုလာရင် ဖယ်ပေးရမှာလား''
''ဒါနဲ့ ပတ်သက်လို့ ရှင်းအောင် ပြောရရင် တရားရုံးချုပ်က ဆုံးဖြတ် ထားတဲ့ ဒေါ်ခင်လှမူနှင့် ဒေါ်စိန်စိန် ၂ဝဝ၃ ခုနှစ်၊ မြန်မာနိုင်ငံ တရားစီရင် ထုံး စာမျက်နှာ -၁ဝ၅ အမှုမှာ ပိုင် ရှင်လက်ရှိ ဝင်ရောက်နေထိုင်ခြင်းမရှိ သေးမီ အခြားသူဝင်ရောက်၍ အိမ် ဆောက်နေထိုင်ခြင်းသည် ကျူးကျော် နေထိုင်ခြင်းဖြစ်သည်။ မြေပိုင်ရှင်က မြေကွက်ကို စွန့်လွှတ်သည်ဟု မဆို နိုင်ကြောင်း ဆုံးဖြတ်ထားပါတယ်။ ဒါကြောင့် မြေကွက်ပိုင်ရှင်က အဆို ပါ မြေကွက်ကို စွန့်လွှတ်ထားကြောင်း အထောက်အထားပြဖို့ လိုအပ်မှာ ဖြစ်ပါတယ်''
''အိမ်က ဆောက်လုပ်ထားတဲ့ အတွက် အမှုရှုံးရင် အိမ်တန်ဖိုးရနိုင် ပါသလား''
''ဒါကတော့ တရားရုံးရဲ့ ဆုံး ဖြတ်ချက်ပေါ်မှာ မူတည်မှာဖြစ်ပါ တယ်။ အမှုဖြစ်စဉ်က မတူညီတဲ့အ တွက် တစ်ထစ်ချတော့ မပြောနိုင်ဘူး သူငယ်ချင်း၊ ဒါပေမယ့် သူငယ်ချင်း ကို ရောင်းလိုက်တဲ့ သူအပေါ်မှာတော့ လျော်ကြေးတောင်းပိုင်ခွင့်ရှိမှာဖြစ်ပါ တယ်''
''သူက လိပ်စာရှာမတွေ့ဖြစ်နေတော့ အဆင်မပြေဘူး''
''ဒါကတော့ ကြိုးစားရှာရမယ်။ မဖြစ်ရင် တရားစွဲဆိုရမယ် သူငယ်ချင်း''
''မဖြစ်တော့ဘူးဆိုရင်တော့ ပွဲစားလုပ်ပေးတဲ့ သူကတစ်ဆင့်ရှာရမှာပဲ''
''သူငယ်ချင်းရဲ့ အရောင်းအ ဝယ် ကတိစာချုပ်မှာ အရှုပ်အရှင်း ပြဿနာတစ်စုံတစ်ခုရှိလျှင် ပြေလည်သည်အထိ ဆောင်ရွက်ပေးပါမည်။ ပြေလည်ခြင်းမရှိပါက ဝယ်သူကို နစ်နာမှုမရှိစေရန် ပေးလျော်မည်လို့ ဖော်ပြထားတဲ့အတွက် တရားစွဲဆို တောင်းပိုင်ခွင့်ရှိပါတယ်''
''အခုကိစ္စက အရောင်းအဝယ် ထပ်တဲ့ သဘောမဟုတ်ဘူးလား''
''အရောင်းအဝယ်ထပ်တယ်ဆို တာက ပစ္စည်းပိုင်ရှင်က ၎င်းပိုင်မြေ နဲ့ အိမ်တို့ကို တစ်ဦးထံ ရောင်းချ လိုက်မယ်။ ဝယ်သူက ဝင်မနေဘဲ ကာလအကြာမှာ အိမ်မြေပိုင်ရှင်က အခြားတစ်ဦးကို ထပ်ရောင်းတာမျိုး ဖြစ်တယ်''
''ပိုင်ရှင်တစ်ဦးတည်းက နှစ်ခါ ရောင်းတဲ့ သဘောပေါ့''
''ဟုတ်ပါတယ်။ ဒီလိုကိစ္စမျိုးမှာ လည်း လက်မဲ့ဖြစ်သူက ရောင်းသူ အပေါ် ဝယ်ဈေးအပြင်နစ်နာကြေးပါ ရထိုက်တယ်လို့ တရားရုံးချုပ်က ဆုံး ဖြတ်ထားတဲ့ ဦးအဘူနှင့် ဒေါ်ကမာလ် ဇံပါ (၄)၊ ၁၉၉၄ ခုနှစ် မြန်မာနိုင်ငံ တရားစီရင်ထုံးစာမျက်နှာ - ၁၁၈ အမှုမှာဆုံးဖြတ်ထားပါတယ်။ ဒါ ကြောင့် ဥပဒေနဲ့အညီ နစ်နာကြေး ရပိုင်ခွင့်ရှိပါတယ်''
''ယုံလွယ်ရင် အမှားဖြစ်တတ် တယ်ဆိုတာ သဘောပေါက်သွားပြီ။ အမှန်တော့ ဝယ်စဉ်ကတည်းက စာရွက်စာတမ်း မှန်မမှန်သေချာလေ့လာရမှာ''
''မှန်ပါတယ်။ အိမ် ခြံ မြေဆို တာက အမျိုးမျိုးရှိတယ်။ ဥယျာဉ်ခြံ မြေ၊ ပါမစ်မြေ၊ ဂရန်မြေ၊ လယ်ယာ မြေ စသဖြင့် ရှုပ်ထွေးတယ်။ ဒီအ ပေါ်မှာ အခွင့်အရေးယူပြီး အမြတ်ထုတ်တဲ့ သူတွေလည်း ရှိကြတယ်။ ဒါကြောင့် ဘယ်သူမဆို အိမ်မြေဝယ်မယ်ဆိုရင် နားလည်တတ်ကျွမ်းသူ တွေနဲ့ သေချာလေ့လာစုံစမ်းပြီးမှ ဝယ်သင့်တယ် သူငယ်ချင်း''ဟု ဆွေးနွေးလိုက်ပါသည်။
Credit: ထီယု (ဥပဒေ အတိုင်ပင်ခံ)

>>>--------------------------------------------

Read and learn about Myanmar real estate law

Address

Yangon

Telephone

09263499990

Website

Alerts

Be the first to know and let us send you an email when Point အိမ်ခြံမြေနှင့်ခရီးသွားဝန်ဆောင်မှုလုပ်ငန်း posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category