J C Hein-Law Firm

J C Hein-Law Firm 9 to 5

22/12/2020

လူတန်းစားအလွှာလွှာမှာ စီးပွားရေးအရသော်လည်းကောင်း၊ လူမှုရေးအရသော်လည်းကောင်း စာချုပ်များချုပ်ဆိုလေ့ရှိကြပါတယ်။

စာချုပ်များချုပ်ဆိုတဲ့အခါ စာချုပ်စာတမ်းများမှတ်ပုံတင်ဥပဒေအရ မဖြစ်မနေမှတ်ပုံတင်ပေးရမည့် စာချုပ်စာတမ်းများနှင့် တင်လိုက တင်နိုင်တဲ့ စာချုပ်စာတမ်းများကို ဖော်ပြပေးသွားပါမယ်။

မှတ်ပုံမတင်မနေရ စာချုပ်စာတမ်းများ (မှတ်ပုံတင်မှ တရားဝင်မည့် စာချုပ်များ)_

၁။ မရွှေ့မပြောင်းနိုင်သောပစ္စည်းများကို အပိုင်ပေးသည့်စာချုပ်စာတမ်းများ၊

၂။ မရွှေ့မပြောင်းနိုင်သော ပစ္စည်း၌ဖြစ်စေ၊ ယင်းနှင့်စပ်လျဥ်း၍ဖြစ်စေ တနးဖိုငွေ ကျပ်တစ်သိန်းနှင့် အထက်ရှိသည့် မရွှေ့မပြောင်းနိုင်သောပစ္စည်းများ ရောင်းချခြင်း၊ ဆိုင်ရာဆိုင်ခွင့်အကျိုးစီးပွားတစ်စုံတစ်ရာဖြစ်စေရေးအတွက် ကြေညာခြင်း၊ လွှဲအပ်ခြင်း၊ ကန့်သတ်ခြင်း၊ စွန့်လွှတ်ခြင်းနှင့် ဖျက်သိမ်းခြင်းတို့ကို ခိုင်မာစေရန်ပြုလုပ်သည့် သေတမ်းစာမဟုတ်သော စာချုပ်စာတမ်းများ၊ ယင်းစာချုပ်စာတမ်းတို့နှင့် သက်ဆိုင်သည့် ပိုင်ဆိုင်ခွင့်အပေါ် တရားရုံးက ချမှတ်သည့် စီရင်ချက်၊ ဒီကရီ၊ အမိန့်၊

၃။ တန်းဖိုးငွေကျပ်တစ်သိန်းနှင့် အထက်ရှိသည့်ပိုင်ဆိုင်ခွင့်စာချုပ်ကို အပ်နှံ၍ပေါင်နှံငွေချေးခြင်းမှတစ်ပါး ပေါင်နှံခြင်းကိုပေါင်နှံသူလက်မှတ်ရေးထိုးပြီးအနည်းဆုံးအသိသက်သေနှစ်ဦးက မှန်ကန်ကြောင်း ဝန်ခံလက်မှတ်ရေးထိုးထားသည့် ပေါင်နှံခြင်းစာချုပ်များနှင့် ပေါင်နှံခြင်းဖျက်သိမ်းသော စာချုပ်များ၊

၄။ မရွှေ့မပြောင်းနိုင်သော ပစ္စည်းကို တစ်နှစ်ပြီးတစ်နှစ် ငှားရမ်းခြင်း၊ တစ်နှစ်ထက်ပို၍ ငှားရမ်းခြင်း၊ ငှားရမ်းခကို နှစ်အလိုက်သတ်မှတ်၍ ငှားရမ်းခြင်းစာချုပ်များ၊

၅။ ကုမ္ပဏီအသင်းအဖွဲ့တို့က မရွှေ့မပြောင်းနိုင်သောပစ္စည်း ပိုင်ဆိုင်ခွင့်အားလုံးကိုဖြစ်စေ၊ အချို့အဝက်ကိုဖြစ်စေ၊ ယင်းပစ္စည်းနှင့် သက်ဆိုင်သည့် အကျိုးစီးပွားကိုဖြစ်စေ ယုံမှတ်အပ်နှံသူသို့ ပေါင်နှံခြင်း၊ ပေးအပ်ခြင်း သို့မဟုတ် အခြားနည်းဖြင့် လွှဲအပ်ခြင်းပြုသည့် စာချုပ်စာတမ်းများ၊

၆။ ကိတ္တိမသားသမီးမွေးစားခြင်း စာချုပ်စာတမ်းများ၊

၇။ နိုင်ငံတော်အစိုးရက အခါအားလျော်စွာသတ်မှတ်သည့် စာချုပ်စာတမ်းများ။

အထက်ပါစာချုပ်များသည် မှတ်ပုံတင်မှသာ တရားဝင် စာချုပ်ဖြစ်ပါမည်။

************************************************************************************************

 #ဂရန်လျှောက်နိုင်သည့်မြေ1)လိုင်စင်မြေ2)ပါမစ်မြေ(သို့)လိုင်စင်မိတ္တူ3)စကွာတာမြေ #ဂရန်သစ်လျှောက်လျှင်ဘာတွေလိုလဲ 1)နိုင်ငံ...
21/12/2020

#ဂရန်လျှောက်နိုင်သည့်မြေ
1)လိုင်စင်မြေ
2)ပါမစ်မြေ(သို့)လိုင်စင်မိတ္တူ
3)စကွာတာမြေ

#ဂရန်သစ်လျှောက်လျှင်ဘာတွေလိုလဲ
1)နိုင်ငံသားစီစစ်ရေးကတ်ပြား
2)ပါမစ်(သို့)လိုင်စင်မြေ
3)မှတ်ပုံတင်စာချုပ်စာတမ်းး(စကွာတာမြေ)
4)နောက်ဆုံးပေးဆောင်ထားသည့် မြေခွန်ပြေစာ(မူရင်း) တို့နှင့်အတူဋ္ဌာနမှ သတ်မှတ်ပုံစံတွင် ဖြည့်စွက်လျှောက်ထားရမည်။

#စီစစ်/လက်ခံခြင်း
အထောက်အထားမိတ္တူများကို မူရင်းနှင့် တိုက်ဆိုင်စီစစ်ပါသည်။ တင်ပြသည့်အထောက်အထားများနှင့် မြေစာရင်းရှိ အထောက်အထားများ တူညီမှန်ကန်မှုရှိပါက မြို့နယ်ထွေ/အုပ် ဦးစီး အုပ်ချုပ်ရေးမှုးရုံးနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှုးရုံးများတွင် (၁၄) ရက်မတွင်း ကန့်ကွက်ရန် ရှိ/မရှိ ကြော်ငြာနိုင်ပါသည်။
အမည်ပေါက် မဟုတ်ပါက #၁၄ရက်အတွင်း ကန့်ကွက်ရန်ရှိ/မရှိ ကြော်ငြာနိုင်သည်။

#ဂရန်သစ်ထုတ်ပေးခြင်း
ကန့်ကွက်မှုတစုံတရာ မရှိပါက ဋ္ဌာနမှခွင့်ပြုပေးပြီး သတ်မှတ်ဝန်ဆောင်ခများ ပေးသွင်းရပါမည်။
ပါမစ်(သို့) လိုင်စင်မူရင်းကို ဋ္ဌာနသို့အပ်နှံရပါမည်။
ဋ္ဌာနမှုးနှင့် လျှောက်ထားသူတို့သည် နှစ်ဖက်သက်သေ(၁) ဦးစီဖြင့် မြေငှားစာချုပ်ပေါ်တွင်လက်မှတ်ရေးထိုး၍ မြေငှားစာချုပ်(ဂရန်) ထုတ်ပေးပါသည်။

#ဒါတွေသင်လုပ်ရမည်
လျှောက်ထားသူသည် ရရှိသည့် မြေငှားစာချုပ်(ဂရန်)တွင် အခွန်ရုံးမှ မြန်မာနိုင်ငံတံဆိပ်ခေါင်းအခွန်ဥပဒေအရ သတ်မှတ်နှုန်းအတိုင်း အထူးကပ်တံဆိပ်ခေါင်း သွားရောက်ကပ်ရပါမည်။ မြေငှားစာချုပ်(ဂရန်) ထုတ်ပေးခံရသူအမည်ဖြင့် ၃လတစ်ကြိမ်၊ ၁နှစ် (၄)ကြိမ် စည်းကြပ်သောမြေငှားခ(မြေခွန်)ပေးဆောင်ရမည်။ သတ်မှတ်သက်တမ်းကာလ ကုန်ဆုံးသောအခါ ဂရန်စာချုပ်သက်တမ်းတိုးလျှောက်ထားရမည်။

#မြေငှားစာချုပ်(ဂရန်)ပျောက်ဆုံး/ပျက်စီးလျှင်မြေငှားဂရန်စာချုပ်မူရင်း ပျောက်ဆုံးလျှင်သော်လည်းကောင်း၊ ပျက်စီးလျှင်သော်လည်းကောင်း မြေငှားဂရန်စာချုပ်မိတ္တူ လျှောက်ထားနိုင်ပါသည်။ ထို့သို့ လျှောက်ထားလာပါက မူလအမည်ပေါက်ဖြင့်ပင်မြေငှားစာချုပ် (ဂရန်)မိတ္တူမှန် ထုတ်ပေးပါမည်။ နိုင်ငံသားစီစစ်ရေးကတ်ပြား၊မြေငှားဂရန်စာချုပ်အမှန်တကယ် ပျောက်ဆုံးပျက်စီးကြောင်း တရားရုံးကျမ်းကျိမ်လွှာ၊ပျောက်ဆုံးခြင်းကြောင့်ဖြစ်ပါက မြို့နယ်ထွေ/အုပ် ဦးစီး အုပ်ချုပ်ရေးမှုးရုံး ထောက်ခံချက်၊ ရဲစခန်းသို့တိုင်ကြားချက်၊ မှတ်ပုံတင်စာချုပ်စာတမ်း(သို့မဟုတ်)တရားရုံးစီရင်ချက်နှင့် ဒီဂရီအရလျှောက်ထားခြင်းဖြစ်လျှင် ယင်းအထောက်အထားများ၊ နောက်ဆုံးပေးဆောင်ထားသည့် မြေခွန်ပြေစာ(မူရင်း) တို့နှင့်အတူဋ္ဌာနမှ သတ်မှတ်ပုံစံတွင် ဖြည့်စွက်၍ လျှောက်ထားရမည်။

#စီစစ်ထုတ်ပေးခြင်း
-ဋ္ဌာနမှကွင်းဆင်းစစ်ဆေးခြင်း
-မြို့နယ်ထွေ/အုပ် ဦးစီးဋ္ဌာန အုပ်ချုပ်ရေးမှုးရုံးနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှုးရုံးများတွင် (၁၄)ရက်အတွင်း -ကန့်ကွက်နိုင်ကြောင်းကြေငြာခြင်းနှင့် သတင်းစာများတွင်သီးခြားကြေငြာခြင်းတို့ကို ပြုလုပ်ပါသည်။
-ကန့်ကွက်သူမရှိ၊ တရားရုံးအမှုအခင်းများ ကင်းရှင်းပြီး မြေပြင်တွင် ပြဿနာတစ်စုံတရာမရှိပါက ဂရန်သစ်ထုတ်ပေးစဉ်သကဲ့သို့ပင် -သတ်မှတ်ဝန်ဆောင်ခပေးသွင်းစေပြီး မြေငှားဂရန်မိတ္တူ ထုတ်ပေးပါသည်။
-မြေငှားဂရန်စာချုပ်အမှန်တကယ် ပျောက်ဆုံးပျက်စီးကြောင်း တရားရုံးကျမ်းကျိမ်လွှာ
ဂရန်မိတ္တူ တွင် အခွန်တံဆိပ်ခေါင်းကပ်ရန် မလိုပါ။

#မြေငှားစာချုပ်(ဂရန်) #သက်တမ်းတိုးခြင်း
-သတ်မှတ်သက်တမ်းကာလ ကုန်ဆုံးသောအခါ သက်တမ်းတိုးလျှောက်ထားရမည်။
-အမည်ပေါက်သူ၊ မှတ်ပုံတင်စာချုပ် အဆင့်ဆင့်ဖြင့်နောက်ဆုံးပိုင်ဆိုင်သူ၊ ပိုင်ဆိုင်မှုနှင့်ပတ်သက်၍ တရားရုံးစီရင်ချက်နှင့် -ဒီဂရီရထားသူကသာ လျှောက်ထားနိုင်သည်။
-ဌာနမှ သတ်မှတ်ပုံစံနှင့်အတူ နိုင်ငံသားစီစစ်ရေးကတ်ပြား၊ သက်တမ်းကုန်ဂရန်နှင့် အမည်ပေါက်ပိုင်သူမဟုတ်ပါက -ပိုင်ဆိုင်မှုစာချုပ်စာတမ်း(သို့) တရားရုံးစီရင်ချက် ဒီဂရီနှင့် နောက်ဆုံးပေးဆောင်ထားသည့် မြေခွန်ပြေစာမူရင်း တို့ဖြင့်လျှောက်ထားရမည်။
-သက်တမ်းကုန်ဆုံးသောအခါ ဂရန်အားပြန်လည်အပ်နှံရမည်ဖြစ်ပြီး ဂရန်ပျောက်ဆုံးနေပါက သတ်မှတ်ဒဏ်ကြေးငွေ ပေးဆောင်ရမည်။

#မြေငှားဂရန်စာချုပ်ခွဲစိတ်ပေးခြင်း
-သက်တမ်းရှိမြေငှားစာချုပ်ကို ဂရန်ခွဲအဖြစ်ထုတ်ပေးနိုင်ပါသည်။
-ဌာနမှ သတ်မှတ်ပုံစံနှင့်အတူ နိုင်ငံသားစီစစ်ရေးကတ်ပြား၊ ပိုင်ဆိုင်မှုအထောက်အထားများနှင့်အတူ ဋ္ဌာနမှ ခွင့်ပြုထုတ်ပေးထားသည့် -မြေကွက်ခွဲ အတည်ပြုပုံစံနှင့်မြေကွက် ခွဲစိတ်တိုင်းတာသည့်မြေပုံများတင်ပြရမည်။
-အမည်ပေါက်ကိုယ်တိုင်မှ လျှောက်ထားလျှင် သတင်းစာကြေငြာခြင်းမပြုဘဲ အမည်ပေါက်သူမှလျှောက်ထားခြင်းမဟုတ်ပါက -သတင်းစာတွင်(၁၄)ရက်အချိန်ပေး ကြေငြာပါသည်။
-ကန့်ကွက်သူမရှိပါက သတ်မှတ်ဝန်ဆောင်ခပေးသွင်းစေပြီး မြေကွက်အမှတ်အသစ်ဖြင့် ဂရန်ခွဲထုတ်ပေးပြီး မူလမြေငှားစာချုပ်အား ပြန်လည်သိမ်းယူမည်။
-မူလမြေငှားစာချုပ်(ဂရန်)၏ အစိတ်အပိုင်းကိုသာ ဂရန်ခွဲထုတ်ခြင်းဖြစ်ပါက ထို့သို့ဂရန်ခွဲထုတ်ကြောင်းကို မူလစာချုပ်ပေါ်တွင် ရေးမှတ်ပေးပါသည်။ဂရန်ခွဲထုတ်ပေးသူအမည်ဖြင့် မြေခွန်စည်းကြပ်နိုင်ရေး ဆောင်ရွက်ပါသည်။

#အမည်ပေါက်ပြောင်းလဲပေးခြင်း
-မြေပိုင်မြေ၊ မစိုက်ပျိုးသော ဘိုးဘွားပိုင်မြေ၊ ဂရန်ရှိမြေပိုင်မြေနှင့် သက်တမ်းရှိသော မြေငှားဂရန်မြေတို့ကို မြေအမည်ပေါက် ပြောင်းလဲမှတ်သားပေးပါသည်။
-ဌာနမှ သတ်မှတ်ပုံစံနှင့်အတူ နိုင်ငံသားစီစစ်ရေးကတ်ပြား၊ မြေပိုင်မြေဖြစ်ပါက အမည်ပေါက်စာချုပ်၊ ဂရန်မြေဖြစ်ပါက မြေငှားဂရန်၊ -နောက်ဆုံးပေးဆောင်ထားသည့် မြေခွန်ပြေစာ၊ စာချုပ်အဆက်ဆက်ဖြင့် ပိုင်ဆိုင်သူဖြစ်ပါက မြေငှားဂရန်၊ -နောက်ဆုံးပေးဆောင်ထားသည့် မြေခွန်ပြေစာ၊ စာချုပ်အဆက်ဆက်ဖြင့် ပိုင်ဆိုင်သူဖြစ်ပါက စာချုပ်သက်တမ်း၊ -တရားရုံးအမိန့်ရရှိထားသူဖြစ်ပါက ပိုင်ဆိုင်မှုနှင့်ပတ်သက်၍ စီရင်ချက်နှင့် အမိန့်ဒီဂရီများနှင့် လျှောက်ထားရမည်။
-ဂရန်သစ်လျှောက်ထားစဉ်သကဲ့သို့ပင် စီစစ်ပြီး ကန့်ကွက်သူမရှိပါက သတ်မှတ်ဝန်ဆောင်ခပေးသွင်းစေပြီး စာချုပ်မူရင်း -(သို့မဟုတ်)မြေငှားဂရန်မူရင်းတွင် အမည်ပြောင်းလဲခြင်းမှတ်တမ်းရေးဖြည့်၍ ပြည်လည်ထုတ်ပေးမည်။
-ဂရန်မြေဖြစ်ပါက အမည်ပြောင်း၍ မြေခွန်စည်းကြပ်နိုင်ရေး ဆက်လက်ဆောင်ရွက်ပါသည်။

Credit Photo YCDC

Credit to ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ

25/07/2020
21/07/2020

ယ​​နေ့ Member ပြောင်းလဲပေးခဲ့သော company 💎💎💎

ကန့်ကွက်နိုင်ကြောင်းကြော်ငြာ
21/07/2020

ကန့်ကွက်နိုင်ကြောင်းကြော်ငြာ

✅ AR တင်ပေးခဲ့သောကုမ္ပဏီများ ✅
16/07/2020

✅ AR တင်ပေးခဲ့သောကုမ္ပဏီများ ✅

မနေ့ကမှတ်ပုံတင်ပေးခဲ့သော ကုမ္ပဏီများ 📌📌📌
15/07/2020

မနေ့ကမှတ်ပုံတင်ပေးခဲ့သော ကုမ္ပဏီများ 📌📌📌

မတည်ငွေလျော့ပေးခဲ့သောကုမ္ပဏီပါ
12/07/2020

မတည်ငွေလျော့ပေးခဲ့သောကုမ္ပဏီပါ

၂၀၂၀ ပြည့်နှစ် ဇွန်လအတွင်း MyCO ဖြင့် ကုမ္ပဏီမှတ်ပုံတင်မှုအခြေအနေ
01/07/2020

၂၀၂၀ ပြည့်နှစ် ဇွန်လအတွင်း MyCO ဖြင့် ကုမ္ပဏီမှတ်ပုံတင်မှုအခြေအနေ

11/06/2020

🌐🌐ကုမ္ပဏီနဲ့သက်ဆိုင်သော ဝန်ဆောင်မှုများ🌐🌐

🌠နိုင်ငံသားပိုင် private ကုမ္ပဏီ မှတ်ပုံတင်ပေးခြင်း။

🌠နိုင်ငံသား၊ နိုင်ငံခြားသားဖက်စပ် private ကုမ္ပဏီမှတ်ပုံတင်ပေးခြင်း။

🌠 နိုင်ငံခြားသားပိုင် private ကုမ္ပဏီ မှတ်ပုံတင်ပေးခြင်း။

🌠 ကုမ္ပဏီနဲ့ပတ်သက်သော အသေးစိတ်အချက်အလက်များ ပြောင်းလဲပေးခြင်း။

🌠 ကုမ္ပဏီ Extract လျှောက်ပေးခြင်း။

🌠 နှစ်စဥ်အစီရင်ခံစာ (Annual Return) တင်ပေးခြင်း။

🌠 ဆိုင်းငံ့ခံထားရသောကုမ္ပဏီအား ပြန်လည်လျှောက်ထားပေးခြင်း။

🌠 Myco online registration (or) Annual Return တို့ဖြင့်ဆောင်ရွက်ရန် ပျက်ကွက်မှုကြောင့် ဖျက်သိမ်းခံရသော ကုမ္ပဏီများအား တရားရုံး၏ ကင်းလွတ်ခွင့်ပြုသော အမိန့်တောင်းပေးခြင်း။

🌠 သွင်းကုန်၊ ထုတ်ကုန် လိုင်စင်လျှောက်ထားပေးခြင်း။

🌠 UMFCCI အသင်းဝင် မှတ်ပုံတင် လျှောက်ပေးခြင်း။

🌠 ကုန်အမှတ်တံဆိပ် မှတ်ပုံတင်ပေးခြင်း။

☎ 09784018989

05/06/2020

MyCO မှာရှိ ပုံစံ ည၊ J- form များသည် လက်ရှိဖျက်သိမ်းရေး လုပ်နေသော ကုမ္ပဏီများကိုသာ အသုံးပြုရမည်ဖြစ်ပြီး လူမွဲခံယူခြင်းဆိုင်ရာနည်းဥပဒေ (Insolvency Rule) ထွက်ရှိပြီး နောက်ပိုင်း MyCO တွင် ဖျက်သိမ်းလိုသော ကုမ္ပဏီများသည် လူမွဲခံယူခြင်းဆိုင်ရာ နည်းဥပဒေနှင့် အညီ MyCO တွင် အသစ်ထပ်မံ ဖော်ပြသွားမည့် ပုံစံများဖြင့်သာ ဖျက်သိမ်း ရမည်ဖြစ်ပါသဖြင့် ထိုအချိန်တွင် ဖျက်သိမ်းလိုသည့် ကုမ္ပဏီများသည် ပုံစံ ည၊ J- form များကို အသုံးပြု၍ ရမည်မဟုတ်တော့ပါကြောင်း ကြို တင်အသိပေးလိုပါတယ်.

ကုမ္ပဏီအားစာရင်းရှင်းလင်း ဖျက်သိမ်းခြင်းနှင့် သက်ဆိုင်သည့်ပုံစံများ (Form Relating Winding Up) နှင့် ဆန္ဒအလျောက်ဖျက်သိမ်းခြင်း (Voluntary Winding Up)

မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ ၂၀၁၇ အရ ကုမ္ပဏီတစ်ခု ဖျက်သိမ်းခြင်းဆိုင်ရာ နည်းလမ်းများမှာ တရားရုံးအမိန့်ဖြင့် ဖျက်သိမ်းခြင်း (Winding up by Court)၊ တရားရုံး၏ ကြီ:ကြပ်မှုဖြင့် ဖျက်သိမ်းခြင်း (Winding up subject to Supervision of Court)၊ ဆန္ဒအလျောက်ဖျက်သိမ်းခြင်း (Voluntary Winding up) တို့ ဖြစ်ပါတယ်။ ဆန္ဒအလျောက် ဖျက်သိမ်းခြင်းမှာ ကုမ္ပဏီတွင်ပါဝင်သူများက ဆန္ဒအလျောက်ဖျက်သိမ်းခြင်း (Members - Voluntary Winding Up) နှင့် မြီရှင်များက ဆန္ဒအလျောက် ဖျက်သိမ်းခြင်း (Creditors - Voluntary Winding Up) ဆိုပြီး နှစ်မျိုးရှိပါတယ်။

ကုမ္ပဏီတစ်ခုအား ဆန္ဒအလျောက်ဖျက်သိမ်းခြင်းများ ပြုလုပ်မည်ဆိုပါက MyCO တွင် ပုံစံ ည-၄၊ ည-၇၊ ည-၅(က) (J-4,7,5(A)) တင်ပြပေးရုံဖြင့် လုံလောက်မှုရှိပါတယ်။ အခြား အချက်အလက်များ ပြင်ဆင်တင်ပြလိုသည်များကို ဒီဆောင်းပါးတွင် ဖော်ပြထားသည့် လုပ်ငန်းစဉ်အတိုင်း MyCO တွင် တင်ပြနိုင်ပါတယ်။

ဆန္ဒအလျောက် ဖျက်သိမ်းခြင်းတွင် ကြွေးမြီပေးချေနိုင်ကြောင်း ကြေညာချက် (Declaration of solvency in support of voluntary winding up)

မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ ၂၀၁၇ ပုဒ်မ ၃၅၀(က) တွင် “ကုမ္ပဏီတစ်ခုအား ဆန္ဒအလျောက် ဖျက်သိမ်းရန် ဆောင်ရွက်ခဲ့လျှင် ကုမ္ပဏီ၏ဒါရိုက်တာများ သို့မဟုတ် ဒါရိုက်တာ နှစ်ဦးထက် ပိုမိုပါရှိသော ကုမ္ပဏီဖြစ်လျှင် ဒါရိုက်တာအများစုသည် လည်းကောင်း၊ ဒါရိုက်တာတစ်ဦးတည်းရှိသည့် ကုမ္ပဏီတွင် အဆိုပါဒါရိုက်တာသည်လည်းကောင်း၊ ကုမ္ပဏီအား ဆန္ဒအလျောက် ဖျက်သိမ်းရန်အတွက် ဆုံးဖြတ်ချက် ချမှတ်မည့် အစည်းအဝေးအတွက် အကြောင်းကြားစာများ ပေးပို့သည့်နေ့ရက်မတိုင်မီ ကျင်းပပြုလုပ်သည့် ဒါရိုက်တာများ အစည်းအဝေး၌ ကုမ္ပဏီကိစ္စရပ်များကို အပြည့်အ၀ စစ်ဆေးဆောင်ရွက်မှု ပြုလုပ်ပြီးကြောင်း၊ ထိုသို့ပြုလုပ်ပြီးနောက် ကုမ္ပဏီအား ဖျက်သိမ်းရန် စတင်သည့်နေ့ရက်မှ သုံးနှစ်ထက်မပိုသည့် ကာလတစ်ရပ်အတွင်း ကုမ္ပဏီသည် ကြွေးမြီများကို အပြည့်အဝ ပေးချေနိုင်မည်ဟု ယူဆကြောင်း ကျန်းကျိန်လွှာတစ်ရပ်ဖြင့် အတည်ပြုထားသည့် ကြေညာချက်တစ်ရပ်ကို ထုတ်ပြန်နိုင်သည်” ဟုပြဋ္ဌာန်းထားပါတယ်။

မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ ၂၀၁၇ ပုဒ်မ ၃၂၃(င) တွင် “စာရင်းအား စစ်ဆေးပြီးသည့်အခါ ယင်း၏မိတ္တူတစ်စောင်ကို တရားရုံးတွင် မှတ်တမ်းပြုစု ထိန်းသိမ်းထားရှိရမည် ဖြစ်ပြီး အခြားမိတ္တူတစ်စောင်ကို မှတ်တမ်းပြုစုထားရှိရန်အတွက် မှတ်ပုံတင်အရာရှိထံသို့ ပေးပို့ရမည်။ ထိုမိတ္တူတစ်စောင်စီကို မြီရှင်များ သို့မဟုတ် သက်ဆိုင်သည့် ပုဂ္ဂိုလ်များက စစ်ဆေးကြည့်ရှုနိုင်စေရန်ထားရှိရမည်” ဟုပြဋ္ဌာန်းထားပါတယ်။

ကုမ္ပဏီ၏ ဒါရိုက်တာများသည် ကုမ္ပဏီ၏ကိစ္စရပ်များကို အပြည့်အဝ စစ်ဆေးဆောင်ရွက်မှု ပြုလုပ်ပြီးကြောင်းနှင့် ထိုသို့ ပြုလုပ်ပြီးနောက် ကုမ္ပဏီအား ဖျက်သိမ်းရန် စတင်သည့်နေ့ရက်မှ သုံးနှစ်ထက်မပိုသော ကာလတစ်ရပ်အတွင်း ကုမ္ပဏီသည် ကြွေးမြီများကို အပြည့်အဝပေးချေနိုင်မည်ဟု ယူဆကြောင်း ကြေညာချက်၊ ကြွေးမြီပေးချေနိုင်ကြောင်း ကြေညာချက်ကို အတည်ပြုထားသော ဒါရိုက်တာများ၏ ကျမ်းကျိန်လွှာ ပူးတွဲရန်၊ ကုမ္ပဏီကိစ္စရပ်များနှင့်စပ်လျဉ်း၍ ကုမ္ပဏီစာရင်းစစ်များ၏ အစီရင်ခံစာတို့နှင့်အတူ ပူးတွဲ၍ MyCO တွင် ပုံစံ ည-၄ (J-4) ဖြင့် တင်ပြရပါမယ်။

စာရင်းရှင်းလင်း ဖျက်သိမ်းရေးအရာရှိ ခန့်အပ်မှုအကြောင်းကြားစာ (Notice of appointment of liquidator)

မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ (၂၀၁၇) ပုဒ်မ ၃၇၆ (က) တွင် ပြဋ္ဌာန်းထားသည်မှာ စာရင်းရှင်းလင်း ဖျက်သိမ်းရေးအရာရှိက အကြောင်းတစ်စုံတစ်ရာကြောင့် မရှိသည့်ကိစ္စရပ်များတွင် တရားရုံးသည် စာရင်းရှင်းလင်း ဖျက်သိမ်းရေး အရာရှိတစ်ဦးကို ခန့်အပ်နိုင်သည်။ ပုဒ်မ ၃၇၆ (ဂ) တွင် ဖော်ပြထားသည်မှာ စာရင်းရှင်းလင်း ဖျက်သိမ်းရေး အရာရှိသည် ၎င်းအား ခန့်အပ်ပြီးနောက် ၂၁ ရက်အတွင်း မှတ်ပုံတင်ဆောင်ရွက်နိုင်ရေးအတွက် သတ်မှတ်ဖော်ပြထားသည့် ပုံစံ ည-၇ (J-7) ဖြင့် ခန့်အပ်မှုအကြောင်းကြားစာကို မှတ်ပုံတင်အရာရှိထံသို့ ပေးပို့တင်ပြရပါမယ်။

ကုမ္ပဏီတွင်ပါဝင်သူများ၏ ဆန္ဒအလျောက်ဖျက်သိမ်းရာတွင် စာရင်းရှင်းလင်း ဖျက်သိမ်းရေးအရာရှိ၏ အပြီးသတ်စာရင်း (Liquidator’s final account in members’ voluntary winding up)

မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ (၂၀၁၇) ပုဒ်မ ၃၅၇(က) တွင် ပြဋ္ဌာန်းထားသည်မှာ Liquidator တစ်ယောက်သည် ကုမ္ပဏီ၏ ကိစ္စရပ်များကို အပြည့်အဝ စာရင်းရှင်းလင်း ဖျက်သိမ်းပြီးသည်နှင့် တစ်ပြိုက်နက် စာရင်းရှင်းလင်းဖျက်သိမ်းစာရင်းကို တင်ပြရန်နှင့် ယင်းအတွက် ရှင်းလင်းပြောဆိုရန်အလို့ငှာ ကုမ္ပဏီ၏ အထွေထွေအစည်းအဝေးတစ်ရပ်ကို ခေါ်ယူကျင်းပရမှာဖြစ်ပါတယ်။

မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ (၂၀၁၇) ပုဒ်မ ၃၅၇(ဂ) တွင် “အစည်းအဝေး ကျင်းပပြီး နောက် ခုနစ်ရက်အတွင်း စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိသည် စာရင်းမိတ္တူတစ်စောင် ကို မှတ်ပုံတင်အရာရှိထံသို့ ပေးပို့ရမည့်အပြင် အစည်းအဝေးကျင်းပခြင်းနှင့် ကျင်းပသည့် နေ့ရက်တို့ကို ၎င်းထံသို့ ပြန်ကြားရမည်။ အစည်းအဝေး၌ အစည်းအဝေးအထမြောက်ရန် တက်ရောက်ရမည့် လိုအပ်သည့် ဦးရေမပြည့်ဝခဲ့လျှင် စာရင်းရှင်းလင်းဖျက်သိမ်းရေး အရာရှိသည် အစည်းအဝေးကို တရားဝင်ဆင့်ခေါ်ခဲ့ကြောင်း၊ ထိုအစည်းအဝေးသို့ အစည်းအဝေး အထမြောက်ရန် တက်ရောက်ရမည့် လူဦးရေ အပြည့်အဝမတက်ရောက်ခဲ့ကြောင်း ဖော်ပြပါရှိသည့် ပြန်ကြားချက်တစ်စောင်ကို ပြုလုပ်ရမည်။ ထိုပြန်ကြားချက်အား ပြုလုပ်ပြီးသည့်အခါ ပြန်ကြားချက်ပြုလုပ်ခြင်းနှင့် သက်ဆိုင်သော ဤပုဒ်မခွဲပါ ပြဋ္ဌာန်းချက်များအရ ပြန်ကြားချက်ကို အဆိုပါအတိုင်း လိုက်နာဆောင်ရွက်ပြီး ဖြစ်သကဲ့သို့ မှတ်ယူရမည်” ဟု ပြဋ္ဌာန်းထားပါ သည်။

ကုမ္ပဏီတွင်ပါဝင်သူများ၏ ဆန္ဒအလျောက်ဖျက်သိမ်းရာတွင် စာရင်းရှင်းလင်းဖျက် သိမ်းရေးအရာရှိ၏ အပြီးသတ်စာရင်းအား စာရင်းရှင်း လင်းဖျက်သိမ်းရေးဆိုင်ရာ စာရင်း၊ ပြည်တွင်းအခွန်များဦးစီးဌာနမှ ကုမ္ပဏီအတွက် အခွန်ကင်းရှင်းကြောင်း စာမိတ္တူတစ်စောင်တို့ကို ပူးတွဲ၍ MyCO တွင် ည-၅(က) (J-5(A)) ဖြင့် တင်ပြရပါမယ်။

ကုမ္ပဏီ ဖျက်သိမ်းသည့် တရားရုံးအမိန့် (Court Order concerning winding up of company)

မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ (၂၀၁၇) ပုဒ်မ ၃၀၉(က)၊ “ကုမ္ပဏီဖျက်သိမ်းသည့် အမိန့်တစ်ရပ်ကို ချမှတ်သည့်အခါတွင် ကုမ္ပဏီဖျက်သိမ်းပေးရန် တရားစွဲဆိုသည့်အမှုမှ လျှောက်ထားသူနှင့် ကုမ္ပဏီတို့သည် ထိုအမိန့်အား ချမှတ်သည့်နေ့ရက်မှ တစ်လအတွင်း ထိုအမိန့်၏ မိတ္တူတစ်စောင်ကို မှတ်ပုံတင်အရာရှိထံသို့ တင်ပြရန်တာဝန်ရှိသည်” ဟုပြဋ္ဌာန်းထားရာ ကုမ္ပဏီဖျက်သိမ်းသည့် တရားရုံးအမိန့်၏မိတ္တူတစ်စောင်ကို MyCO တွင် ည-၁ (J-1) ဖြင့် တင်ပြရပါမယ်။

စာရင်းရှင်းလင်း ဖျက်သိမ်းရေးအရာရှိက စာရင်းစစ်ပြုစုထားသော စာရင်းကို မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ ၂၀၁၇ ပုဒ်မ ၃၂၃(င) နှင့်အညီ MyCO တွင် ပုံစံ ည-၂ (J-2) ဖြင့် တင်ပြရပါမယ်။

မြီရှင်များက ကုမ္ပဏီကို ဆန္ဒအလျောက်ဖျက်သိမ်းရာတွင် စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိ၏ အပြီးသတ်စာရင်းကို မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ ၂၀၁၇ ပုဒ်မ ၃၇၀(ဂ)နှင့်အညီ MyCO တွင် ပုံစံ ည-၆(က) (J-6(A)) ဖြင့် တင်ပြရပါမယ်။

စာရင်းရှင်းလင်းဖျက်သိမ်းခြင်းတွင် စာရင်းရှင်းလင်း ဖျက်သိမ်းရေးအရာရှိ၏ ရေးသား ဖော်ပြချက် (Liquidator’s statement in ongoing winding up)

စာရင်းရှင်းလင်းဖျက်သိမ်းခြင်းတွင် စာရင်းရှင်းလင်း ဖျက်သိမ်းရေးအရာရှိ၏ ရေးသား ဖော်ပြချက်ကို မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ ၂၀၁၇ ပုဒ်မ ၄၀၈(ဂ) နှင့် အညီ MyCO တွင် ပုံစံ ည-၁၀ (J-10) ဖြင့် တင်ပြရပါမယ်။

နိုင်ငံတော်အတွင်းရှိ ပြည်ပကော်ပိုရေးရှင်း ဖျက်သိမ်းခြင်း၊ မိခင်နိုင်ငံရှိ ကုမ္ပဏီအပါ ဖျက်သိမ်းခြင်းဟူ၍ နှစ်မျိုးရှိပါတယ်။

နိုင်ငံတော်အတွင်း ပြည်ပကော်ပိုရေးရှင်းကစီးပွားရေးလုပ်ငန်း လုပ်ကိုင်ဆောင်ရွက်မှုကို ရပ်စဲကြောင်းအကြောင်းကြားစာ (Notice of ceasing to carry on business in the Union by overseas corporation)

နိုင်ငံတော်အတွင်း ပြည်ပကော်ပိုရေးရှင်းက စီးပွားရေးလုပ်ငန်း လုပ်ကိုင်ဆောင်ရွက်မှုကို ရပ်စဲကြောင်းအကြောင်းကြားစာကို မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ ၂၀၁၇ ပုဒ်မ ၅၅(က) နှင့် အညီ MyCO တွင် ပုံစံ င-၉ (E-9) ဖြင့် တင်ပြရပါမယ်။

ပြည်ပကော်ပိုရေးရှင်းသည် ဖွဲ့စည်းတည်ထောင်သည့်နေရာတွင် စာရင်းရှင်းလင်း ဖျက်သိမ်း ခြင်း၊ ဖျက်သိမ်းခြင်း သို့မဟုတ် မှတ်ပုံတင်ထားခြင်းမှ ပြန်လည်ပယ်ဖျက်ခြင်းဆိုင်ရာ အကြောင်းကြားစာ (Notice of winding up, dissolution or deregistration of overseas corporation in place of incorporation)

ပြည်ပကော်ပိုရေးရှင်းသည် ဖွဲ့စည်းတည်ထောင်သည့်နေရာ (မူလနိုင်ငံ)တွင် စာရင်း ရှင်းလင်း ဖျက်သိမ်းခြင်း၊ ဖျက်သိမ်းခြင်း သို့မဟုတ် မှတ်ပုံတင်ထားခြင်းမှ ပြန်လည်ပယ် ဖျက်ခြင်းဆိုင်ရာ အကြောင်းကြားစာကို မြန်မာနိုင်ငံကုမ္ပဏီ များဥပဒေ ၂၀၁၇ ပုဒ်မ ၅၅ (စ) (၁) နှင့် အညီ MyCO တွင် ပုံစံ င-၁၀ (E-10) ဖြင့် တင်ပြရပါမယ်။

ပြည်ပကော်ပိုရေးရှင်း၏ စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိကို နိုင်ငံတော်အတွင်း ခန့်အပ်ကြောင်း အကြောင်းကြားစာ (Notice of appointment of liquidator of overseas corporation in the Union)

မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ ၂၀၁၇ ပုဒ်မ ၅၅ (စ) (၂) အရ တရားရုံးသည် ပြည်ပကော်ပိုရေးရှင်း၏ မူလနိုင်ငံအတွက် တာဝန်ပေးထားသော စာရင်းရှင်းလင်း ဖျက်သိမ်းရေး အရာရှိ သို့မဟုတ် မှတ်ပုံတင်အရာရှိမှ လျှေက်ထားတင်ပြလာလျှင် ပြည်ပကော်ပိုရေးရှင်း၏ စာရင်းရှင်းလင်း ဖျက်သိမ်းရေး အရာရှိတစ်ဦးကို နိုင်ငံတော်အတွင်းခန့်အပ်ပေးရမည်ဟု ပြဋ္ဌာန်းထားရာ ပြည်ပကော်ပိုရေးရှင်း၏ စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိကို နိုင်ငံတော်အတွင်း ခန့်အပ်ကြောင်း အကြောင်းကြားစာကို MyCO တွင် ပုံစံ င-၁၁ (E-11) ဖြင့်တင်ပြရပါမယ်။

ပြည်ပကော်ပိုရေးရှင်းတစ်ခုသည် မှတ်ပုံတင်စာရင်းမှ ပယ်ဖျက်ရန်ကြောင်းကြားစာ (Notice to remove an overseas corporation from Register following winding up)

မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ ၂၀၁၇ ပုဒ်မ ၅၅ (င) အရ မှတ်ပုံတင်အရာရှိသည် အခန်း (၅) ပါပြဋ္ဌာန်းချက်များနှင့်အညီ တရားဝင်စာရင်းရှင်းလင်းဖျက်သိမ်းရေး အရာရှိက ပေးပို့သည့် အကြောင်းကြားစာကို လက်ခံရရှိပြီးနောက် ပြည်ပကော်ပိုရေးရှင်းအား မှတ်ပုံတင်စာရင်းမှ ပယ်ဖျက်ရမည်ဟု ပြဋ္ဌာန်းထားရာ ပြည်ပကော်ပိုရေးရှင်းတစ်ခုသည် မှတ်ပုံတင် စာရင်းမှ ပယ်ဖျက်ရန်ကြောင်းကြားစာကို MyCO တွင် ပုံစံ င-၁၂ (E-12) ဖြင့် တင်ပြရပါမယ်။

အထက်ပါ ပုံစံ ည၊ J- form များသည် လက်ရှိဖျက်သိမ်းရေး လုပ်နေသော ကုမ္ပဏီများကိုသာ အသုံးပြုရမည်ဖြစ်ပြီး လူမွဲခံယူခြင်းဆိုင်ရာနည်းဥပဒေ ထွက်ရှိပြီးနောက် ပိုင်း MyCO တွင် ဖျက်သိမ်းလိုသော ကုမ္ပဏီများသည် လူမွဲခံယူခြင်းဆိုင်ရာ နည်းဥပဒေနှင့် အညီ MyCO တွင် အသစ်ထပ်မံ ဖော်ပြသွားမည့် ပုံစံများဖြင့်သာ ဖျက်သိမ်းရမည်ဖြစ်ပါသဖြင့် ထိုအချိန်တွင် ဖျက်သိမ်းလိုသည့် ကုမ္ပဏီများသည် ပုံစံ ည၊ J- form များကို အသုံးပြု၍ ရမည်မဟုတ်တော့ပါကြောင်း ကြိုတင်အသိပေးလိုပါသည်။

Credit

27/08/2019

# #ဘီနာမီ​အ​ကြောင်းသိ​ကောင်း
******************
စရာ # #
******

📖📖📖 "ဘီနာမီဆိုသည်​မှာ" ပါရှန်​စကားဖြစ်​ပြီး အမည်​မရှိ​သော တစ်​နည်းအားဖြင့်​ မိမိအမည်​ဖြင့်​ မပြုလုပ်​ဘဲ အခြားသူနာမည်​ဖြင့်​ ပြုလုပ်​ခြင်း(အမည်​ငှါး) ဟု အဓိပ္ပါယ်​ရပါသည်​။ အမှန်​တကယ်​ ပိုင်​ဆိုင်​​သောသူ၏ နာမည်​ဖြင့်​ မဟုတ်​ဘဲ အခြားသူ၏ အမည်​ဖြင့်​ ပစ္စည်းကိုရယူခြင်း၊ လက်​ဝယ်​ထားရှိခြင်း၊ စီးပွား​ရေးလုပ်​ငန်းလုပ်​ကိုင်​ခြင်းကို ဘီနာမီ စနစ်​ဟု​ခေါ်​လေသည်​။

📖📖📖 ဘီနာမီစနစ်​သည်​ အာ​ရေဗျနိုင်​ငံများတွင်​ စတင်​သုံးစွဲခဲ့ပြီး ယင်းနိုင်​ငံရှိ မူဆလင်​များ အိန္ဒိယနိုင်​ငံသို့ ​ပြောင်း​ရွှေ့​နေထိုင်​ရာ ၎င်းတို့နဲ့အတူ ဘီနာမီစနစ်​ပါလာပြီး အိန္ဒိယနိုင်​ငံတစ်​ခုလုံးထွန်းကားခဲ့ရာ ထိုမှတစ်​ဆင့်​မြန်​မာနိုင်​ငံသို​​ရောက်​ရှိခဲ့​လေသည်​။ ထိုစနစ်​သည်​ မြန်​မာလူမျိုးတို့နှင့်​ စိမ်း​နေ​သော်​လည်း လုံးဝပစ်​ပယ်​မှုမရှိ​ပေ။

(၃) ဘီနာမီအရ ပြုလုပ်​မှုတစ်​ခုတွင်​-
၁။ ပစ္စည်း၏တန်​ဖိုးကို​ပေး​ချေသူ (ပိုင်​ရှင်​အစစ်​)
၂။ ပစ္စည်းဝယ်​ယူရာတွင်​ အမည်​ငှါးအသုံးခံရသူ (ပိုင်​ရှင်​ဟန်​ လက္ခဏာရှိသူ)
၃။ ပစ္စည်း​ရောင်းသူဟူ၍ (၃) ဦး ပါဝင်​ရပါသည်​။

📖📖📖 အ​ရောင်းအဝယ်​ပြုလုပ်​ရာတွင်​ အမှန်​တကယ်​ဝယ်​ယူခဲ့​သောသူ၏ အမည်​ကိုမ​ဖော်​ပြဘဲ အခါးအမည်​တစ်​ခုဖြင့်​အ​ရောင်းအဝယ်​ပြုလုပ်​ခဲ့ရာ အ​ရောင်းအဝယ်​စာချုပ်​တွင်​ ​ဖော်​ပြထား​သော ဝယ်​သူ၏အမည်​မှာ ပိုင်​ဆိုင်​ဟန်​လက္ခဏာရှိသူသာဖြစ်​ပြီး အမှန်​တကယ်​ ​ငွေစိုက်​​ပေးခဲ့​သောသူမှာ ပိုင်​ရှင်​အစစ်​ဖြစ်​သည်​။ ပိုင်​ဆိုင်​ဟန်​ လက္ခဏာ ရှိသူကို "ဘီနာမီဒါ"ဟု​ခေါ်သည်​။ ဤကဲ့သို့အ​ရောင်းအဝယ်​ပြုလုပ်​ခြင်းကို ဘီနာမီ (ခ) အမည်​ငှါးဖြင့်​ အ​ရောင်းအဝယ်​ပြုလုပ်​သည့်​စနစ်​ဟု​ခေါ်​လေသည်​။

📖📖📖 ဘီနာမီစနစ်​သည်​ ​ရွှေ့​ပြောင်းနိုင်​​သောပစ္စည်း၊ မ​ရွှေ့​ပြောင်းနိုင်​​သောပစ္စည်းအားလုံးနှင့်​ အကျုံးဝင်​ပါတယ်​။ ကုမ္ပဏီတစ်​ခုတွင်​ရှယ်​ယညအဖြစ်​သွင်းထား​သောပစ္စည်းများအထိ အကျုံးဝင်​ပါတယ်​။

📖📖📖 အင်္ဂလိပ်​ဥပ​ဒေတစ်​ရပ်​ဖြစ်​တဲ့ ( Indended Advancement ) ​ခေါ် က​လေးများအကျိုးအတွက်​ ၎င်းတို့၏ အမည်​ဖြင့်​ ပစ္စည်းဝယ်​ယူခြင်းသည်​ ဘီနာမီ​ဆောင်​ရွက်​မှုနှင့်​ ပတ်​သက်​အကျုံးဝင်​ခြင်းမရှိ​သော်​လည်း တစ်​ဦးတစ်​​ယေညက်​​သောအကျိုးအတွက်​ ပစ္စည်းဝယ်​ယူခဲ့ခြင်းဖြစ်​သည်​ဟု ​ချေပနိုင်​ပါတယ်​။

📖📖📖 ဘီနာမီ ဟုတ်​၊ မဟုတ်​ စံထားရမည့်​အချက်​များမှာ-
၁။ ဘီနာမီအ​ရောင်းအဝယ်​ကိစ္စတွင်​ ပါဝင်​သူများ၏ ရပ်​တည်​ချက်​အ​နေအထား
၂။ ၎င်းတို့၏ဆက်​ဆံ​ရေး
၃။ ပစ္စည်းလက်​ရှိထားရှိမှု
၎။ ပစ္စည်းနှင့်​ပတ်​သက်​သည့်​စာချုပ်​စာတမ်း
၅။ အ​ရောင်းအဝယ်​ပြုသည့်​​ငွေကို မည်​သူ​ပေးသနည်း
၆။ ဘီနာမီအ​ရောင်းအဝယ်​တွင်​ ပါဝင်​​သောသူများ၏ ယခင်​ဆက်​ဆံ​ရေးအမှုအရာနှင့်​ ​နောက်​ပိုင်းအမူအရာများ

📖📖📖 ဘီနာမီသည်​ ယုံကြည်​၍အပ်​နှံခြင်းခံသူဖြစ်​​သော​ကြောင့်​ ၎င်းကလည်း အခြားသူများအ​ပေါ် တရားစွဲခွင့်​ရှိသကဲ့သို့ ၎င်းကိုလည်း အခြားသူများက တရားစွဲခွင့်​ရှိပါတယ်​။ သို့​သော်​ ပိုင်​ရှင်​အစစ်​က တရားစွဲဆိုခြင်းကို ခွင့်​မပြုပါက ဘီနာမီဒါက တရားစွဲခွင့်​မရှိပါ။ တရားရုံးကချမှတ်​သည့်​စီရင်​ချက်​သည်​ ဘီနာမီဒါနှင့်​ ၎င်း၏ပိုင်​ရှင်​အစစ်​အ​ပေါ် အကျိုးသက်​​ရောက်​မှုရှိပါတယ်​။

📖📖📖 ဘီနာမီဒါအမည်​ဖြင့်​ချုပ်​ဆိုထား​သော စာချုပ်​ကို ပယ်​ဖျက်​​ပေးရန်​ သီးခြားသက်​သာခွင့်​ဥပ​ဒေပုဒ်​မ-၃၉ အရ တရားစွဲဆိုပိုင်​ခွင့်​ရှိပါတယ်​။

#ဆက်​လက်​​မျှ​ဝေပါမည်​။ #

Address

Yangon

Telephone

+959784018989

Website

Alerts

Be the first to know and let us send you an email when J C Hein-Law Firm posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to J C Hein-Law Firm:

Share