Future bright legal consultation services

Future bright legal consultation services Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Future bright legal consultation services, Legal Service, Yangon.

စာချုပ်စာတန်းများချုပ်ဆိုခြင်း၊ တရားမ/ပြစ်မ
ဥပေဒေဆ်ိုင်ရာ ကိစ္စရပ်များ ဝန်ဆောင်မှု-

ရုံးခန်းသို့ လူကိုယ်တိုင်လာ​ရောကိဆွေးနွေးလိုပါကကြိုတင်ရက်ချိန်းယူ၍ ရုံးချိန်အတွင်း ဆွေးနွေးတိုငိပင်နိုငိပါသည် ။

မည်သူကိုမျှ အခမဲ့ဆွေးနွေးတိုငိပင်ခြင်းမပြုပါ။

27/07/2025

"မြေဝယ်သူများအနေဖြင့် ​မြေဝယ်လျှင် စိစစ်ရမည့် အချက်အလက် ၂၃ ချက်"
*******************************************

၁။ မြေကွက်တည်နေရာနဲ့ အလားအလာ၊

၂။ မြေကွက်အမျိုးအစား၊

၃။ မြေကွက်တန်ဖိုးဈေးနှုန်း
(ဆိုဈေးနဲ့ အလျှော့အတင်းအခြေ အနေ)

၄။ မြေကွက်အကျယ်အဝန်း
(နယ်နိမိတ်တိုင်းတာသတ် မှတ်တဲ့ မြေပုံနဲ့
တို.က်ဆိုင်စစ်ဆေး ပြီး အမှန်တကယ်ရှိမရှိ လက်တွေ့ တိုင်းကြည့်ရန်)

၅။ အမည်ပေါက် ပိုင်ရှင်ကိုယ်တိုင်
ရောင်းချခြင်း ဟုတ်မဟုတ်၊

၆။ ပိုင်ဆိုင်မှုအဆင့် ဆင့်နဲ့ သက်ဆိုင်တဲ့
စာချုပ်၊ စာရွက်စာတမ်း အပြည့်အစုံမှုရှိမရှိ၊

၇။ ရောင်းသူဟာ အမှန်တကယ် ပိုင်ဆိုင်ခွင့်
ရောင်းချခွင့်ရှိသူ ဟုတ်မဟုတ်၊

၈။ လိုအပ်ရင် အနည်းဆုံးလူနှစ်ဦးက
လက်မှတ်ရေးထိုးပေးနိုင်ခြင်း ရှိ မရှိ

၉။ လိုအပ်ရင်ဝယ်ယူမယ့်အ ကြောင်းကို
သတင်းစာမှာ ကြော်ငြာ တာတွေ လက်ခံ၊
လက်မခံ၊

၁၀။ လွှဲပြောင်း၊ ရောင်းချ၊ ပေါင်နှံ၊ စွန့်လွှတ်
လှူဒါန်း၊ အာမခံတင်သွင်းထားခြင်း ရှိမရှိ
တို့ကို သိထားသင့်ပါတယ်

၁၁။မြေကွက်အမှတ်၊ အိမ်အမှတ်၊

၁၂။ မြေကွက်မျက်နှာ ပြုလုပ်ရာအရပ်၊

၁၃။ လမ်းပန်းဆက်သွယ်ရေးနဲ့
ကားဝင်နိုင်မှုအ ခြေအနေ

၁၄။ ရေဝပ်၊ မဝပ်နဲ့ ရေဆင်းကောင်းမကောင်း၊

၁၅။ သ ဘာဝဘေးအန္တရာယ်ကြောင့်
ပေါ် ပေါက်နိုင်တဲ့ အန္တရာယ်ရှိမရှိ ( မြစ်ရေကြီးတာတွေ၊ တာကျိုးရေလျှံတာတွေ၊ ထူးကဲဒီရေမြုပ်ခြင်း၊ မြစ် ရေ တိုက်စားတာတွေ၊ ပတ်ဝန်းကျင် မီးဘေးအန္တရာယ်ရှိမရှိ)၊

၁၆။ လျှပ်စစ်မီးရှိမရှိ၊

၁၇။ ရေရှိမှုအခြေ အနေ၊

၁၈။ အနီးပတ်ဝန်းကျင်အခြေအနေ၊

၁၉။ လမ်းမကြီး (ခရီး သည်တင်ဘတ်စ်ကားလိုင်း) က ဘယ်လောက်ကွာဝေးတယ်၊

၂၀။ မိမိလုပ်ကိုင်မယ့် လုပ်ငန်းနဲ့ ကိုက်ညီမှုရှိမရှိ၊

၂၁။ အနီးဆုံးဈေးနဲ့ အနီးဆုံး ကျောင်းတွေ၊

၂၂။ သစ်ပင်နဲ့စားပင်တွေ ပါဝင်မှု၊

၂၃။ ပြန် ရောင်းရန် အလွယ်တကူပြန် ရောင်းရနိုင် မရနိုင် စတဲ့ အချက်အလက်တွေကို စိစစ်ဝယ်သူသင့်ပါ တယ်။

Credit

အားလုံးဘဲ မင်္ဂလာပါရှင် 🩷 ဒီနေ့ ဥပဒေရေးရာဆိုင်ရာမေးခွန်း အချို့ထဲက မေးမြန်းထားရှိသော မေးခွန်းဖြစ်တဲ့ “ လင်မယား ကွာရှင်း ...
04/07/2025

အားလုံးဘဲ မင်္ဂလာပါရှင် 🩷 ဒီနေ့ ဥပဒေရေးရာဆိုင်ရာမေးခွန်း အချို့ထဲက မေးမြန်းထားရှိသော မေးခွန်းဖြစ်တဲ့ “ လင်မယား ကွာရှင်း ပြီး လျှော် ကြေး / နစ်နာကြေး တောင်းခံခွင့် ရှိပါသလား” ဆိုတဲ့ မေးခွန်း လေးနဲ့ ပတ်သက်ပြီး ဖြေကြား မျှဝေ ပေးပါမယ်ရှင့် ……..

မြန်မာ/ဗုဒ္ဒဘာသာဝင် တစ်ဦး အနေဖြင့် မြန်မာ့ဓလေ့ထုံးတမ်း ဥပဒေ အရ လင်မယားအဖြစ်မှကွာရှင်းပြတ်စဲပီး နစ်နာကြေး/လျော်ကြေးတောင်းခံခွင့်မရှိပါ ။ ဒါဆို ဘာတောင်းဆိုပိုင်ခွင့်ရှိသလဲ ဆိုတဲ့နောက်ဆက်တွဲမေးခွန်းအရ - လင်မယား နှစ်ဦးပိုင် ပစ္စည်းတစ်စုံတစ်ရာ ရှိပါက ထိုပစ္စည်းများနဲ့ပတ်သက်ပြီး ခွဲဝေဖို့တောင်း
ဆို ပိုင်ခွင့်ရှိပါတယ် ။

နစ်နာကြေး /လျော်ကြေး တောင်းခံနဲ့ ပတ်သတ်ပြီး ဘယ်လိုအခြေနေမျိုးမှာတောင်းခံနိုင်သလဲဆိုရင်တော့ —- မြန်မာဗုဒ္ဓဘာသာဝင် အပျို /လူပျ်ို - ယောက်ကျား/မိန်းမ လက်မထပ်ရသေးဘဲ လက်ထပ်ပါမည်ဟု ယုံကြည်အောင် ပြောဆ်ိုပီး အတူနေပီး
ကာမှ လက်ထပ်ဖို့ ငြင်းဆန်သည့်အချိန် ခါမျိုးတွင် နစ်နာကြေး/လျော်ကြေးအနေဖြင့်တောင်း ဆိုပိုင်ခွင့်ရှိကြောင်း ဖော်ပြပေးလိုက်ပါတယ်နော် …….

#နစ်နာကြေး

#မြန်မာ့ဓလေ့ထုံးတမ်း

လူပြောများပြီး ခေတ်ကာလအခြေအနေအရ တစ်လင်တစ်မယားဥပဒေ အကြောင်း မြန်မာနိုင်ငံတွင်း နေထိုင်သူတိုင်း သိထားရန် အထူး လိုအပ်ပါသည်။...
04/07/2025

လူပြောများပြီး ခေတ်ကာလအခြေအနေအရ တစ်လင်တစ်မယားဥပဒေ အကြောင်း မြန်မာနိုင်ငံတွင်း နေထိုင်သူတိုင်း သိထားရန် အထူး လိုအပ်ပါသည်။

သမ္မတ ဦးသိန်းစိန် အစိုးရ တုန်းက အတည်ပြု ပြဌာန်းလိုက်သော တစ်လင်တစ်မယား ဥပဒေအသစ်နှင့်အမျိုးသမီးများ၏ ခံစားခွင့်များဆိုပြီး ၂ပိုင်း ရှိပါတယ်။

တစ်လင်တစ်မယားဥပဒေ အတည်ပြုပြီး ရက်ဖြစ်သော (၃၁.၈.၂၀၁၅) နေ့ နောက်ပိုင်းတွင် အိမ်ထောင်ရှိသူများ နောက်အိမ်ထောင်ထားခဲ့၇င် အပြစ်ဒဏ် ခံ၇ပါမယ်ဟု ဖေါ်ပြထားပါသည်။

ဥပဒေ ခြွင်းချက်အရ (၃၁.၈.၂၀၁၅) မတိုင်မီ နောက် အိမ်ထောင်ပြထားသူများအား မတိုင်ကြားနိုင်ပါ သို့သော်လည်း မယား ၂ယောက်စလုံးနှင့် ပေါင်းသင်းနေထိုင်ခြင်း မပြုလုပ်နိုင်ပေ။
______________________________________________________
တစ်လင်တစ်မယား ဥပဒေ၏ ပြဌာန်းချက်များ အောက်ပါအတိုင်း ဖြစ်ပါသည်။

(၁) - အိမ်ထောင်ရှိသူ (ယောက်ျား/ မိန်းမ) အိမ်ထောင်ရှိလျက်ဖြင့် တရားဝင်ဖြစ်စေ၊ တရားမဝင်ဖြစ်စေ လုံးဝ နောက်အိမ်ထောင်ပြုခွင့်မရှိ

(၂) - အိမ်ထောင်ရှိနေဆဲဖြင့် နောက်အိမ်ထောင်ပြုလျှင် ထောင်(၇) နှစ် အပြင် (ငွေဒဏ်)ပါ ချမှတ်နိုင်သည်

(၃) - နောက်အိမ်ထောင်ပြုသူကို ကျန်တဦး (ယောက်ျား/မိန်းမ)က ကွာရှင်းခွင့်တောင်းနိုင်သည်

(၄) - နောက်အိမ်ထောင်ပြုသူ(ယောက်ျား/မိန်းမ)သည် နှစ်ဦးကိုင် ပိုင်ဆိုင်မှုကို ခံစားခွင့်မရှိစေရ

(၅) - နောက်အိမ်ထောင်ပြုသူထံ အမွေဆက်ခံခွင့် မရှိစေရ

(၆) - ပထမ အိမ်ထောင်မှ မွေးဖွားသော ကလေးများ အမွေဆက်ခံခွင့်ရှိသည်။ ေ

(၇) - နောက် အိမ်ထောင်မှ မွေးဖွားသူများအား နောက် (အိမ်ထောင်ပြုသူ မိခင်/ ဖခင်)၏ ရှေ့အိမ်ထောင်နှင့် စပ်လျဉ်းသည့် မည်သည့် ပိုင်ဆိုင်မှုမှ အမွေး ဆက်ခံခွင့် မရှိပေ။

(၈) - အိမ်ထောင်ရှိခြင်းကို ထိန်ချန်၍ လက်ထပ်လျှင် ထောင်ဒဏ်(၁၀) နှစ် ကျခံနိုင်သည့်အပြင် (ငွေဒဏ်)ပါ ချမှတ် နိုင်သည်

(၉) - အိမ်ထောင်ရှိခြင်း ကို ကိုးကွယ်ရာဘာသာ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းများအရ သတ်မှတ်သည်
______________________________________________________
ပြဌာန်းလိုက်သော ဥပဒေသစ်အရ
---------------------------
(က) ပထမအိမ်ထောင်ရှင်အမျိုးသမီး(မယားကြီး) အနေဖြင့်

(၁) နောက်အိမ်ထောင်ပြုသော ယောက်ျားအား ကွာရှင်းခွင့် တောင်းခံလာနိုင်သည်

(၂) မိမိအား လက်ဖွဲ့ထားသော အရာမှန်သမျှ မိမိတို့နှစ်ဦးရှာဖွေထားသော ပိုင်ဆိုင်မှု (ကလေးများအုပ်ထိန်းခွင့်ပါ/မပါ မသေချာ) အားလုံး ပိုင်ဆိုင်ခွင့်ရှိလာသည်

(၃) ယောက်ျားဖြစ်သူရော နောက်မယားဖြစ်သူကိုပါ တရားစွဲ ထောင်ချခွင့်ရှိလာသည်
______________________________________________________
(ခ) ဒုတိယအိမ်ထောင်အမျိုးသမီး (မယားပြိုင်)သည်
မိမိနှင့်ငြိစွန်းသူ အိမ်ထောင်သည်အမျိုးသားအား

(၁) အိမ်ထောင်ရှိလျက် ကာမလိမ်လည်ရယူမှုဖြင့် တိုင်တောထောင်ချနိုင်လာသည်

(၂) ပထမအိမ်ထောင်အား ကွာရှင်းစေကာ မိမိအား လက်ထပ်ရန် တောင်းဆိုလာနိုင်သည်

(၃) ပထမအိမ်ထောင်အမျိုးသမီးထံ ယောက်ျားဖြစ်သူ၏ အ်မ်ထောင်ရှိလျက် ဖောက်ပြန်မှု ထောင်၁၀နှစ်ဖြင့် ခြိမ်းခြောက်ပြီး ပစ္စည်းရွှေငွေ တောင်းခံနိုင်ရုံ မျှတပါး အိမ်ထောင်ရှင်အမျိုးသားဖြင့်စပ်လျဉ်း၍ အခြားသော အမွေဆက်ခံခွင့် မရှိပါ
______________________________________________________
(ဂ) နောက်ယောက်ျား(လင်ငယ်) မှာ မူလ ရှိရင်းစွဲ ဥပဒေပြဌာန်းချက် အတိုင်းပင် မယားခိုးမှုဖြင့် ထောင်ကျနိုင်သည်။

(၁) မပြဌာန်းခင်က ပြုလုပ်မှုများ သည် အဆိုပါ ဥပဒေ နှင့် အကျုံးမ၀င်ပါ။ တရား၀င် အိမ်ထောင်ရှိသူက နောက်ထပ်ထပ်မံထိမ်းမြားလျှင် သို့မဟုတ် တရားမ၀င်ပေါင်းသင်းလျှင် ပုဒ်မ ၁၃ အရ (၇) နှစ်ထက်မပိုသော ထောင်ဒဏ်အပြင် ငွေဒဏ်လည်းတပ်ရိုက်နိုင်ပါတယ်။
ယခင်ထိမ်းမြားမှုကို ထိန်ချန်ပြီး ကျူးလွန်တယ်ဆိုရင် ပုဒ်မ ၁၇ အရ (၁၀) နှစ်ထက်မပိုတဲ့ထောင်ဒဏ်ချမှတ်ရမည့်အပြင် ငွေဒဏ်လည်းတပ်ရိုက်နိုင်ပါတယ်။
ပုဒ်မ ၁၄ အရ တရား၀င်အိမ်ထောင်ဖက်က ကျူးလွန်သူကို ကွာရှင်းခွင့်ရှိပါတယ်။ ပုဒ်မ ၁၅ အရ ကွာရှင်းလျှင် ကျူးလွန်သူအနေနဲ့ နှစ်ဦးပိုင်ပစ္စည်းထဲက ၄င်းရဲ့ အခွင့်အရေးကို ဆုံးရှုံးခံရမှာ ဖြစ်ပါတယ်။
ပုဒ်မ ၁၆ အရ နောက်မိန်မ (အဲ့ဒီမှာ ကျူးလွန်သူကို ယျောက်ျားလို့ပဲပြောတာထူးဆန်းတယ်) ဟာ ယေက်ျားရဲ့ အမွေကို ဆက်ခံခွင့်မရှိသလို ကျူးလွန်သူယောက်ျားဟာ ပထမမယားနဲ့နောက်မိန်းတို့ရဲ့ အမွေကို ဆက်ခံခွင့်မရှိပါဘူး

(၂) တရား၀င်အိမ်ထောင်မရှိသူများအနေဖြင့် မည်သည့် အဆိုပါဥပဒေမှ မည်သည့်ပြစ်မှုကိုမှ ကျူးလွန်ရာမရောက်ပါ။

(၃) ငွေညစ်လာသူများပေါ်ပေါက်ခြင်းမပေါ်ပေါက်ခြင်းက အကြောင်းခြင်းရာ ပြဿနာဖြစ်ပါတယ် ။ဥပမာ သုံးလုံးဒိုင်ကိုင်သလိုပါပဲ။

(၄) အိမ်ထောင်သည် ဖြစ်လျှင် ကို တရားမ၀င်ပေါင်းသင်းခြင်း လို့ပါတဲ့ အတွက် အိမ်ထောင်သည်မှာ အပြစ်ရှိပါတယ်။ အပျိုလူပျိုမှာ အပြစ်မရှိပါ။

(၅) မယားကြီးမယားငယ်လို့ အဲ့ဒီဥပဒေမှာ မသုံးပါဘူး။ ပထမ မယားနှင့် နောက်မယားလို့သုံးပါတယ်။ ဥပဒေအရဖြစ်စေ၊ ဘာသာဓလေ့ထုံးတမ်းအရဖြစ်စေ ပထမဦးစွာ ပေါင်းသင်းနေထိုင်သူကို ပထမ မယားလို့သတ်မှတ်ပါတယ်။ နောက်မယားကို ပြစ်ဒဏ်သတ်မှတ်ခြင်းမဟုတ်ပါ။ အိမ်ထောင်တရား၀င်ရှိသူကိုသာ ပြစ်ဒဏ်သတ်မှတ်ခြင်းဖြစ်ပါတယ်။

(၆) မေးခွန်းပါ အကြောင်းအရာများကို ဥပဒေအရ နှင့် ဘာသာဓလေ့ထုံးစံ များအရ ဆုံးဖြတ်ရပါမည်။

(၇) ကျူးလွန်သူအမွေဆက်ခံခွင့်မရှိကြောင်းအထက်မှာ ဖြေပြီးဖြစ်ပါတယ်။ သားသမီး ကိစ္စမှာ တော့ ပုဒ်မ ၂၀ မှာ ကလေးသူငယ်အခွင့်အရေး မထိခိုက်စေ ရလို့ ပဲပါပြီး အခြား ပြဌာန်းချက် မပါပါ။
မူရင်းရေးသားသူအား

knowledge

-------------×------------×-----------×

Attention Please‼️ရန်ကုန် မြောက်ဒဂုံ 32 ရပ်ကွက်နားမှာ အိမ်ကခွေးလေးပျောက်သွားလို့ပါ ကလေးကအိမ်ပေါ်ကအိမ်အောက်မဆင်းတဲ့ကလေးပါ...
22/06/2025

Attention Please‼️

ရန်ကုန် မြောက်ဒဂုံ 32 ရပ်ကွက်နားမှာ အိမ်ကခွေးလေးပျောက်သွားလို့ပါ ကလေးကအိမ်ပေါ်ကအိမ်အောက်မဆင်းတဲ့ကလေးပါ အိမ်မှာလည်းအသက်ကြီးတဲ့လူကြီးတစ်ယောက်ပဲရှိတော့ တိုက်ခန်းတံခါးဖွင့်တဲ့အချိန်အောက်ကိုပြေးဆင်းသွားတာပါ ညီမတို့ကလည်းအဝေးရောက်နေတော့ ဒီနေ့မှသိရတာပါ ပျောက်သွားတာ ၂ရက်လောက်ရှိပါပြီတဲ့ ကလေးက ပုံထဲကအတိုင်း အနက်ရောင်လေးပါ ဗိုက်နားလေးမှာ အဖြူလေးတွေပါ ပါတယ် လက်လေးခြေထောက်လေးတွေမှာလည်းအဖြူလေးတွေပါပါတယ် နာမည်လေးက Micky ပါ

တွေ့ရှိခဲ့ပါက ဒီဖုန်းနံပါတ်လေးကို ဆက်ပြီးအကြောင်းကြားပေးပါရှင့် 09454200186

Chatbox မှာလဲပြောလို့ရပါတယ်ရှင့် အဒေါ်အိမ်က ခလေးလေးပါ အိမ်မှာလဲ လူကြီးတွေနဲ့
နေရပီး အိမ်ပေါ်ကအိမ်အောက်မဆင်းရတဲ့ခလေး အိမ်ကလဲ ပြောင်းထားတာ မကြာသေးလို့ပါရှင့်

ကျွန်မခြံထဲကို နဘေးချင်းကပ်ရပ်ခြံက သရက်ပင်အကိုင်းတွေ ကြောင့် အမှိုက်ကျတဲ့အပြင် မိုးလေပြင်းရင် ကျိုးပဲ့တာတွေလည်း ဖြစ်လေ့ရ...
22/06/2025

ကျွန်မခြံထဲကို နဘေးချင်းကပ်ရပ်ခြံက သရက်ပင်အကိုင်းတွေ ကြောင့် အမှိုက်ကျတဲ့အပြင် မိုးလေပြင်းရင် ကျိုးပဲ့တာတွေလည်း ဖြစ်လေ့ရှိပါတယ်။ ခြံစည်းရိုးကိစ္စနဲ့လည်း မကြာခဏစကားများလေ့ရှိတဲ့အတွက် ဖက်ပြိုင် ပြီး မပြောချင်ပါဘူး ။ ကျွန်မတို့ခြံထဲရောက်နေတဲ့သစ်ကိုင်းကို ကိုယ့်ဖာသာကိုယ်ခုတ်ရင် ဥပဒေနဲ့ ငြိစွန်းနိုင် ပါသလား ။ ဘယ်လိုလုပ်ရမလဲဆိုတာကို အကြံပေးစေချင်ပါတယ် ။
======================

သစ်ပင်ပိုင်ရှင်သဘောမတူဘဲနဲ့ ခုတ်ခွင့်မရှိပါဘူး။ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၄၂၆၊ ၄၂၇ အရစွဲလို့ရပါတယ်။ ရာဇသတ်ကြီး ပုဒ်မ ၄၂၆ ဆိုရင် ထောင်ဒဏ် ၃ လနဲ့၊ ပြစ်ဒဏ်နှစ်ရပ်စလုံးကျရောက်နိုင်ပါတယ်။ ရာဇသတ်ကြီး ၄၂၇ ဆိုရင် ၂ နှစ်နဲ့ ပြစ်ဒဏ် နှစ်ရပ်လုံးကျရောက်နိုင်ပါတယ်။ သစ်ပင်ပိုင်ရှင်သဘောမတူဘဲနဲ့ မခုတ်ပါနဲ့။ သစ် ပင် ပိုင်ရှင်နဲ့ ညှိုနိုင်ပြီး ခုတ်နိုင်ပါတယ်။ ဒီလိုမှမဟုတ်ဘဲ သူနဲ့ညှိုနိုင်းလိုလည်းမရရင် ကိုယ်အိမ်ဘက်မှာ လည်း သစ်ကိုင်းတွေက အရမ်းနောက်အယှက်ဖြစ်နေတယ်၊ ဥပမာ မှန်တွေကွဲ၊ ခေါင်မိုးတွေပေါက်စတဲ့ နစ်နာ ဆုံးရှုံး တာတွေဖြစ်နေတယ်ဆိုရင် ရာဇဝတ်ကြောင်းအရ၊ ရာဇသတ်ကြီးပုဒ်မ ၄၂၆ / ၄၂၇ အရ သစ်ပင်ပိုင်ရှင်ကို တရားစွဲလို့ရပါတယ်။ တရားမကြောင်းအရ နစ်နာဆုံးရှုံးမှု အပေါ်မှာလည်း သစ်ပင်ပိုင်ရှင်ကို တရားမနစ်နာမှုစွဲ လို့ရပါ။အကောင်းဆုံးကတော့ညှိုနိုင်းပြီးလုပ်ကြပါလို့အကြံပေးချင်ပါတယ်။

#ရာဇသတ်ကြီး၄၂၆/၄၂၇

(Zawgyi)

#ဥပဒေရေးရာ

ဆရာခင်ဗျား ။ ယုံကြည်အပ်နှံရေးဖောက်ဖျက်မှု နဲ့ လိမ်လည်မှု ဆိုတာကို ရှင်းသလိုလိုနဲ့ မရှင်းမလင်းဖြစ် နေပါတယ် ။ အဲဒီနှစ်ခု ဘ...
20/06/2025

ဆရာခင်ဗျား ။ ယုံကြည်အပ်နှံရေးဖောက်ဖျက်မှု နဲ့ လိမ်လည်မှု ဆိုတာကို ရှင်းသလိုလိုနဲ့ မရှင်းမလင်းဖြစ် နေပါတယ် ။ အဲဒီနှစ်ခု ဘယ်လိုကွဲပြားခြားနားသလဲ ဆိုတာကို ဥပဒေဗဟုသုတအနေနဲ့ သိပါရစေ ။
============================

🚫ယုံကြည်အပ်နှံတယ်ဆိုတာက လူတစ်ယောက်က ကိုယ်စားငွေသွားထည့်ခိုင်းတာကို မထည်ဘဲနဲ့ အလွဲသုံးစား လုပ်ရင် ၄၀၆ ၊ စီမံခန့်ခွဲမှုအတိုင်း မဆောင်ရွက်တာလို့ ပြောလို့ရပါတယ်။ ၄၀၆ နဲ့ ၄၂၀ နဲ့က ဘာကွာသလဲ ဆိုတော့ ဥပမာ- ရှင်ပြုအလှူတစ်ခုမှာ ဝတ်ဖို့အတွက်ဆိုပြီး ရွှေ၊ငွေ လက်ဝတ်ရတနာ တွေကို ငှားတယ်။ နောက်ပြန်မပေးဘူး။ သူပြန်မပေးရင် ပုဒ်မ ၄၀၆ ပါ။ သူက ဖောက်ဖျက်တယ်၊ ပြန်မပေးဘူး၊ ၄၀၆ ရဲ့ သဘာဝ ပါ။

🙅၄၂၀ ရဲ့သဘာဝကတော့ ရှင်ပြုအလှူတစ်ခုမှာ ဝတ်ဖို့ဆိုပြီးငှားတယ်။ ဒါပေမယ့် ရှင်ပြုအလှူက တကယ် မရှိဘူး။ လုပ်လည်း မလုပ်ဘူး၊ ယုံအောင်လို့ တမင်ပြောပြီး ယူသွားတာ။ ဒါက ၄၂၀ ပါ။ ဘာကွာသလဲဆိုတော့ ပစ္စည်းကို ယူစဉ်တုန်းက မရိုးမဖြောင့်တဲ့ သဘောက ၄၂၀ မှာပါနေတာ။ ၄၀၆ မှာက မရိုးမဖြောင့်တဲ့ သဘော မပါဘူး။ မရိုးမဖြောင့်တာကို ရာဇသတ်ကြီး ဥပဒေ ၂၃ မှာ အဓိက ဖွင့်ထားတာက လူတစ်ယောက်က မရိုးမ ဖြောင့်တဲ့ သဘောနဲ့ မတရားရယူရန် အကြံနဲ့ ဖြစ်စေ၊ မတရားဆုံးရှုံးစေရန် အကြံနဲ့ ဖြစ်စေ ပြုမှုရင် လိမ်လည်မှု မြောက်တယ်လို့ ဖွင့်ထားပါတယ်။ အဲတော့ သူက မတရားရယူရန် အကြံရှိတယ်၊ ဆုံးရှုံးစေရန် အကြံလည်း ရှိနေတယ်ဆိုတော့ လိမ်လည်မှုမြောက်ပါတယ်။ ၄၂၀ က ထောင်ဒဏ် ၇ နှစ်ထိရှိပါတယ်။ ၄၀၆ က ထောင်ဒဏ် ၃ နှစ်ရှိပါတယ်။

#လိမ်လည်မှု

#ဥပဒေရေးရာ

ကလေးစရိတ် ထောက်ပံ့ဘို့ လုံးဝ မစဉ်းစားတဲ့ ကလေးအဖေ ကို ဘယ်လိုတရားစွဲမလဲ ။ ကလေးစရိတ် ပေးဖို့ ဝင်ငွေမရှာနိုင်တို့ ကလေးအဖေကို...
07/06/2025

ကလေးစရိတ် ထောက်ပံ့ဘို့ လုံးဝ မစဉ်းစားတဲ့ ကလေးအဖေ ကို ဘယ်လိုတရားစွဲမလဲ ။ ကလေးစရိတ် ပေးဖို့ ဝင်ငွေမရှာနိုင်တို့ ကလေးအဖေကို ဘယ်လို အရေးယူလို့ ရနိုင်ပါမလဲ ဆိုတာကို ဥပဒေဗဟုသုတအဖြစ် သိပါရစေရှင် ။
============================

အမျိုးသမီးတွေရဲ့ဘဝလုံခြုံမှု ကာကွယ်စောင့်ရှောက်ဖို့ အစိုးရမှာ လူမှုရေးအရ တာဝန်ရှိတယ်။ ဘယ်ဘာ သာဘယ်လူမျိုး ဘယ်ဘာသာကိုပဲ ကိုး ကွယ်.. ကိုးကွယ်၊ ထိမ်းမြားရေး၊ ကလေးစရိတ်၊ မယားစရိတ်ရလိုမှု ဆိုတာက အင်မတန်မှ သိမ်မွေ့တဲ့ လူမှုရေးဆိုင်ရာပြဿနာတွေ ဖောက် ဖျက်တာတွေ ပျက်ကွက်တာ တွေ ဖြစ်တယ် ။ အဲ့တော့ ညှိနိုင်းတောင်းဆိုကြတယ်။ ပထမ တောင်းတယ်.. first step ။ မရဘူးဆိုရင် ဥပဒေ အာ ဏာစက်နဲ့တောင်းဆိုဖို့အတွက် ပြဋ္ဌာန်းချက်တွေရှိတယ်။ တရားစွဲပြီးတောင်းမယ်။ ရာဇဝတ်ကြောင်းအရ တရား စွဲပြီးတောင်းမယ်ဆိုရင်တော့ စရိတ် စ က ကုန်ကျသက်သာတဲ့ အချိန်တိုအတွင်းမှာ လိုရင်းရောက်မယ်။

ဒါပေမဲ့ စရိတ်ကျတော့ အကန့်အသတ်ရှိတယ်။ ရာဇဝတ်ကျင့်ထုံးဥပဒေ ၄၈၈ ပြင်ဆင်ချက်အရ ရာဇဝတ်ရုံး တွေနဲ့ ကျပ်ငါးသောင်းထက် မပိုတဲ့စရိတ်ချမှတ်ပေးနိုင်တယ်။ အဲ့ဒါကို အမိန့်ချမှတ်ပါလျက် မဆောင်ရင် ဘာလုပ်မလဲ .. ထွက်ပြေးရင်ဘာလုပ်မလဲ ရှောင်တိမ်းရင်ဘာလုပ်မလဲ.. ဆိုတဲ့ပြဋ္ဌာန်းချက်တွေလဲ သူ့မှာရှိပါ တယ်။ အဲ့တော့ ပုဒ်မ ၄၄၈ မှာ ပြောထားတာက child ဆိုတဲ့က စကားက သားသမီးကို ဆိုလိုခြင်းဖြစ်တယ်။ အရွယ်ရောက်ခြင်း ဆိုင်ရာ ဥပဒေနဲ့လဲ မဆိုင်ဘူး။ သားသမီးကို ထောက် ပံ့တဲ့နေရာမှာ အသက်အရွယ် အကန့် အသတ်မရှိဘူး။ သားသမီးက မိမိကိုယ်ကို မိမိ..မထောက်ပံ့နိုင်သမျှ ဖခင်မှာတာဝန်ရှိတယ် ။

အသက်အရွယ်ကို ကန့်သတ်ထားခြင်း ၊ ပြဋ္ဌာန်းထားခြင်းမရှိကိုက ဥပဒေက ရည်ရွယ်ချက်ရှိတယ်။ သားသမီးတွေရဲ့စိတ်မှာ ဖြစ်စေ၊ ကိုယ်မှာဖြစ်စေ၊ မိမိကိုယ့်ကိုမိမိ မထောက်ပံ့နိုင်လို့ရှိရင် ဖခင်က ဆက်လုပ်ပြီးတော့ ထောက်ပံ့ရမယ်။ တက္ကသိုလ်သွားမယ်ဆိုရင် တက္ကသိုလ်အထိ .. သင် ကြားထားတဲ့သူက အသက်၂၀ ပင် ရှိစေကာမူ တက္ကသိုလ် ပညာသင်တဲ့သူကို ထောက်ပံ့ရမယ်ဆိုပြီးတော့ ဦးဟန်တင်နဲ့ ဒေါ်ခင်မိမိ ၁၉၇၀ ခုနှစ် စီရင်ထုံးမှာ ထုံးဖွဲ့ထား တာကို တွေ့ရတယ်။ ယဉ်ကျေးတဲ့နိုင်ငံတွေမှာ ကလေးတစ်ဦးအား အဝတ်အစား ထောက်ပံ့ရုံဖြင့်မပြီး ကလေး ၏ တိုး တက်နေသောစိတ်တို့ကိုလည်း ထောက်ပံ့ရန်လိုသည် ။ ပုဒ်မ ၄၄၈ ပါထောက်ပံ့မှုတွင် တိုင်းပြည်က လက်ခံထားသော အနည်းဆုံးပညာရေးလဲ ပါဝင်တယ်ဆိုပြီးတော့ ၁၉၃၈ ခုနှစ်ကတည်းက ထုံးဖွဲ့ထားတဲ့ စီရင်ထုံးတွေရှိပါတယ်။

အဲ့တော့ သားငယ်တွေက မိမိနဲ့အတူတူမနေလို့ မထောက်ပံ့နိုင်ဘူးဆိုတာလဲ ဒါပျက်ကွက်ခြင်း ၊ ထောက်ပံ့ရန် ငြင်းဆန်ခြင်းက ဥပဒေအရ ဖခင်ရဲ့တာဝန်ပျက်ကွက်ခြင်းဖြစ်တယ်လို့ ဆိုပြီးတော့ ၁၉၆၆ခုနှစ် စီရင်ထုံးက လည်း ဆိုထားပါတယ်။ အဲ့တော့ ဒီထက်ပိုမိုကာမိစေတဲ့ ထောက်ပံ့ခြင်းကို လိုချင်တယ်၊ ၅၀၀၀၀ ကတော့ နည်း တယ်ဆိုလို့ရှိရင်လည်း တရားမနစ် နာမှုဥပဒေအရ တရားစွဲလို့ရပါတယ်။ အဲ့မှာလည်း တောင်းဆိုတဲ့ပမာဏ ထက် လင်မယားနှစ်ယောက်ပေါင်းတုန်းက သူတို့ရဲ့ လူနေမှုအဆင့် အတန်းက ဘယ်လို ၊ ကလေးတွေကို ကျွေး မွေး စောင့်ရှောက်ပညာသင်တဲ့ အဆင့်အတန်းက ဘယ်လို ၊ ဖခင်ရဲ့အလုပ်အကိုင်ဝင်ငွေကကော ဘယ် လောက်ရှိသလဲ ၊ အဲ့ဒီအချက်တွေကို အခြေပြုပြီးတော့ ပေးဆောင်ရမယ်စရိတ်ပမာဏကို သတ်မှတ်ပြီးတော့ ဆုံးဖြတ်သတ်မှတ်ပေးတယ်။ မေးခွန်းရှင်အနေနဲ့ ဒီအချက် ၂ချက်ရှိတယ်။ ချင့်ချိန်စဉ်းစားပြီးတော့ တရားစွဲဆို တောင်းခံပါ။ သေချာပေါက်ရမယ်လို့ပဲ ကျွန်မအနေနဲ့ အကြံပြုချင်ပါတယ်။

#ကလေးစရိတ်
ကူးယူဖော်ပြပါသည်။

#ဥပဒေရေးရာ

အချင်းဖြစ်  မြေကွက်သည် လင်မယားအဖြစ် ပေါင်းသင်းစဉ် နှစ်ဦးပိုင်ပစ္စည်းအဖြစ် ရရှိခဲ့သော ‘လက်ထပ်ပွါးပစ္စည်း’ဖြစ်ကြောင်း ထင်ရ...
06/06/2025

အချင်းဖြစ် မြေကွက်သည် လင်မယားအဖြစ် ပေါင်းသင်းစဉ် နှစ်ဦးပိုင်ပစ္စည်းအဖြစ် ရရှိခဲ့သော ‘လက်ထပ်ပွါးပစ္စည်း’ဖြစ်ကြောင်း ထင်ရှားပေါ်လွင် သက်သေပြနိုင်ပါက ကွာရှင်း
စဉ် မခွဲဝေရသေးသော လက်ထပ်ပွါးပစ္စည်း အဖြစ် တည်ရှိနေကြောင်းဖြစ်၍ အငြင်းပွါး ခြင်း မပြုနိုင်။ ထိုပစ္စည်းတွင် ကွာရှင်းပြီးနောက် တစ်ဦးဦး၏ ဂရန်အမည်ပေါက် ဖြစ်လာသည်ဆိုရုံမျှဖြင့် မူလ လက်ထပ်ပွါးပစ္စည်းအဖြစ် သာ တည်ရှိနေမည် ဖြစ်ကြောင်း အမည်ပေါက်သူတစ်ဦးတည်ပိုင် ပစ္စည်းအနေဖြင့် ပြောင်းလဲသွားမည်မဟုတ်ကြောင်း ဥပဒေရေးရာ ဆိုင်ရာ ဗဟုသုတ အနေဖြင့် လေ့လာဖတ်ရှုထားခြင်းမှ ပြန်လည် ဝေမျှ ဖော်ပြပေးခြင်း ဖြစ်ပါသည် ။

လူကြီးမင်းတို့၏ ဥပဒေရေးရာ ဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေးတိုင်ပင် အကြံပြုနိုင်ရန် အတွက် ကျွန်မတို့ legal services group မှ ဆရာ/ဆရာမများ အမြဲနွေးထွေးစွာ အသင့်ရှိနေပါသည်ရှင် 🙏🏻

#ဥပဒေရေးရာ

#ဂရန်
#ဦးမြစိန် (မြန်မာဓလေ့ထုံးတမ်းဥပဒေ)

အိမ်ဂရန်ကို အပေါင်ထားပြီး ငွေချေးယူထားလို့ ပြန်မဆပ်နိုင်ပါက အိမ်ကို သိမ်းဆည်းနိုင်ပါသလား ။။။။။။။။။။။။။။။။။။။။။။။။။။။။။။။...
20/05/2025

အိမ်ဂရန်ကို အပေါင်ထားပြီး ငွေချေးယူထားလို့ ပြန်မဆပ်နိုင်ပါက
အိမ်ကို သိမ်းဆည်းနိုင်ပါသလား ။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

အိမ်ဂရန်ကို အပေါင်ထားတယ်ဆိုတာ ရပ်ကွက်ထဲမှာ ထားတာလား၊ ဒါမှမဟုတ်ရင် ဘဏ်မှာ အပေါင်ထားတာ လား ။ ရပ်ကွက်ထဲမှာ အပေါင်ထားရင် အဲ့ဒီလူသည် အပေါင်ခံခွင့် ၊ ပိုင်ခွင့် ရှိရဲ့လား ဆိုတဲ့အပိုင်းလေးတွေ စဉ်းစားရမှာ ဖြစ်ပါတယ်။ သို့သော် အပေါင်ထားပြီး ငွေချေးတဲ့အခါမှာ အတိုးမပါဘဲနဲ့ ပြန်ဆပ်ခိုင်းတဲ့ အခါမျိုး ကျရင်လည်း သူ့ကို တရားမ ကြောင်း အရ တရားစွဲဆိုပြီး မြေကို လက်ရောက်ရလို့မှုတွေနဲ့ စွဲသွားရင် အိမ်ပါသွား နိုင်ပါတယ်။ ဘဏ်ဆိုရင်တော့ ဘဏ်ရဲ့ လုပ်ထုံးလုပ်နည်းအရ အိမ်ကို သိမ်းပိုင်ခွင့်ရှိပါတယ်။ ဘဏ်က ထိန်း သိမ်းထားမှာမဟုတ်ဘဲ ဒီအိမ်ကို ချိတ်ပိတ်သိမ်းဆည်းပြီးတော့ လေလံပစ်ပြီး ဘဏ်က ငွေပြန်ရအောင် ယူမှာပါ။

ပုဂ္ဂလိက အနေနဲ့ကတော့ အသေးစားငွေရေးကြေးရေးအဖွဲ့များဥပဒေအရတော့ သူသည် ငွေချေးပိုင်ခွင့်ရှိရင် လည်း တရားမဥပဒေများအရ ဒီမြေနဲ့ အိမ်ကို လက်ရောက်ယူမှု တရားမကြောင်းစွဲ ပြီးလုပ်ပါလိမ့်မယ်။ ရပ်ကွက် ထဲမှာ ကိုယ့်အချင်းချင်း အပေါင်ထားတဲ့ ကိစ္စကတော့ နဂိုတည်းက ဥပဒေ က ခွင့်မပြုထားတဲ့ကိစ္စကို လုပ်ထား တာဖြစ်တဲ့အတွက် ပေါင်သူကော အပေါင်ခံသူကော နှစ်ယောက်စလုံးက ဥပဒေကို ကျုးလွန်နေကြတာ ဖြစ်လို့ ဒီကိစ္စအပေါ်မှာ ဝေဖန်ချက်မပေးလိုပါဘူး ။ နည်းနည်းလေးဖြည့်ပြောချင်တာက ဂရန်ကို ပေါင်ထားတယ်ဆိုရင် ဂရန်မှာ ပါတဲ့စည်းကမ်းချက်တွေ ကို ဖတ်ကြည့်ပါ ။ ဂရန်ထုတ်ပေးတဲ့ ကောလိတော် အရာရှိရဲ့ ခွင့်ပြု ချက် မရရှိ ဘဲ ဘာတွေမလုပ်ရဘူးဆိုတဲ့ တားမြစ်ချက်တွေ ပါ ပါတယ်။ အဲဒီတားမြစ်ချက်ကို လုပ်လိုက်တာနဲ့ ကောလိ တော် အရာရှိက အဲဒီသူ့
ဂရန်ကို ဖျတ်သိမ်းပြီး မြေပေါ်က နှင်ပိုင်ခွင့်လည်း ရှိပါတယ်။ ဒါကိုလည်း ဂရန်ရတဲ့ သူ တွေအနေနဲ့ သိထားဖို့ လိုပါတယ်။

#မြေငှားဂရန် #ပေါင်နှံခြင်း

2025-2026
23/04/2025

2025-2026

ဆရာခင်ဗျား ။ ယုံကြည်အပ်နှံရေးဖောက်ဖျက်မှု နဲ့ လိမ်လည်မှု ဆိုတာကို ရှင်းသလိုလိုနဲ့ မရှင်းမလင်းဖြစ် နေပါတယ် ။ အဲဒီနှစ်ခု ဘ...
21/04/2025

ဆရာခင်ဗျား ။ ယုံကြည်အပ်နှံရေးဖောက်ဖျက်မှု နဲ့ လိမ်လည်မှု ဆိုတာကို ရှင်းသလိုလိုနဲ့ မရှင်းမလင်းဖြစ် နေပါတယ် ။ အဲဒီနှစ်ခု ဘယ်လိုကွဲပြားခြားနားသလဲ ဆိုတာကို ဥပဒေဗဟုသုတအနေနဲ့ သိပါရစေ ။
============================

🚫ယုံကြည်အပ်နှံတယ်ဆိုတာက လူတစ်ယောက်က ကိုယ်စားငွေသွားထည့်ခိုင်းတာကို မထည်ဘဲနဲ့ အလွဲသုံးစား လုပ်ရင် ၄၀၆ ၊ စီမံခန့်ခွဲမှုအတိုင်း မဆောင်ရွက်တာလို့ ပြောလို့ရပါတယ်။ ၄၀၆ နဲ့ ၄၂၀ နဲ့က ဘာကွာသလဲ ဆိုတော့ ဥပမာ- ရှင်ပြုအလှူတစ်ခုမှာ ဝတ်ဖို့အတွက်ဆိုပြီး ရွှေ၊ငွေ လက်ဝတ်ရတနာ တွေကို ငှားတယ်။ နောက်ပြန်မပေးဘူး။ သူပြန်မပေးရင် ပုဒ်မ ၄၀၆ ပါ။ သူက ဖောက်ဖျက်တယ်၊ ပြန်မပေးဘူး၊ ၄၀၆ ရဲ့ သဘာဝ ပါ။

🙅၄၂၀ ရဲ့သဘာဝကတော့ ရှင်ပြုအလှူတစ်ခုမှာ ဝတ်ဖို့ဆိုပြီးငှားတယ်။ ဒါပေမယ့် ရှင်ပြုအလှူက တကယ် မရှိဘူး။ လုပ်လည်း မလုပ်ဘူး၊ ယုံအောင်လို့ တမင်ပြောပြီး ယူသွားတာ။ ဒါက ၄၂၀ ပါ။ ဘာကွာသလဲဆိုတော့ ပစ္စည်းကို ယူစဉ်တုန်းက မရိုးမဖြောင့်တဲ့ သဘောက ၄၂၀ မှာပါနေတာ။ ၄၀၆ မှာက မရိုးမဖြောင့်တဲ့ သဘော မပါဘူး။ မရိုးမဖြောင့်တာကို ရာဇသတ်ကြီး ဥပဒေ ၂၃ မှာ အဓိက ဖွင့်ထားတာက လူတစ်ယောက်က မရိုးမ ဖြောင့်တဲ့ သဘောနဲ့ မတရားရယူရန် အကြံနဲ့ ဖြစ်စေ၊ မတရားဆုံးရှုံးစေရန် အကြံနဲ့ ဖြစ်စေ ပြုမှုရင် လိမ်လည်မှု မြောက်တယ်လို့ ဖွင့်ထားပါတယ်။ အဲတော့ သူက မတရားရယူရန် အကြံရှိတယ်၊ ဆုံးရှုံးစေရန် အကြံလည်း ရှိနေတယ်ဆိုတော့ လိမ်လည်မှုမြောက်ပါတယ်။ ၄၂၀ က ထောင်ဒဏ် ၇ နှစ်ထိရှိပါတယ်။ ၄၀၆ က ထောင်ဒဏ် ၃ နှစ်ရှိပါတယ်။

#လိမ်လည်မှု

#ဥပဒေရေးရာ

Address

Yangon

Telephone

+9595650194

Website

Alerts

Be the first to know and let us send you an email when Future bright legal consultation services posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Future bright legal consultation services:

Share

Category