01/02/2026
တရားလိုနှင့် တရားခံတို့အတွက် ရာဇဝတ်မှုဆိုင်ရာ အချိန်ကန့်သတ်ချက် (Limitation)
၁။ တရားခံဘက်မှ ဆောင်ရွက်ခြင်း (Appeals & Revisions by Accused)
တရားခံသည် မိမိအပေါ် ချမှတ်သော ပြစ်ဒဏ် သို့မဟုတ် အမိန့်အပေါ် မကျေနပ်ပါက အောက်ပါအတိုင်း ဆောင်ရွက်နိုင်ပါသည် -
• 🎁သေဒဏ်စီရင်ချက်အပေါ် အယူခံဝင်ခြင်း
- (၇) ရက်အတွင်း တင်သွင်းရမည်။
- ကာလစည်းကမ်းသတ် အက်ဥပဒေ၊ ပထမဇယား၊ အပိုဒ် ၁၅၀။ တရားရုံးများလက်စွဲ အပိုဒ် ၅၈၄ နှင့် ၇၆၅ ။
-🎁ခရိုင်တရားရုံး (သို့မဟုတ်) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း/ဒေသ တရားရုံးသို့ အယူခံဝင်ခြင်း
(၃၀) ရက်အတွင်း တင်သွင်းရမည်။
ကာလစည်းကမ်းသတ် အက်ဥပဒေ၊ အပိုဒ် ၁၅၃။ ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၄၀၈၊ ပြည်ထောင်စုတရားစီရင်ရေးဥပဒေ ပုဒ်မ ၅၄။
🎁တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် တရားလွှတ်တော်သို့ အယူခံဝင်ခြင်း
(၆၀) ရက်အတွင်း တင်သွင်းရမည်။
ကာလစည်းကမ်းသတ် အက်ဥပဒေ၊ အပိုဒ် ၁၅၄။
ပြည်ထောင်စုတရားလွှတ်တော်ချုပ်သို့ အယူခံဝင်ခြင်း
(၉၀) ရက်အတွင်း တင်သွင်းရမည်။
ကာလစည်းကမ်းသတ် အက်ဥပဒေ၊ အပိုဒ် ၁၅၅။
🎁 ရာဇဝတ်ပြင်ဆင်မှု (Criminal Revision) တင်သွင်းခြင်း
ရက်ပေါင်း (၆၀) အတွင်း တင်သွင်းရမည် ။
တရားရုံးများလက်စွဲ အပိုဒ် ၇၆၆ ။ စီရင်ထုံး - မောင်သာမြ နှင့် ပြည်ထောင်စုမြန်မာနိုင်ငံ (၁၉၆၅၊ စာ- ၉၄၀) ။
၂။ တရားလို/အစိုးရဘက်မှ ဆောင်ရွက်ခြင်း (Appeals by Prosecution/Government)
အစိုးရရှေ့နေ သို့မဟုတ် ဥပဒေအရာရှိများသည် တရားသေလွှတ်မိန့် သို့မဟုတ် ပြစ်ဒဏ်လျှော့နည်းမှုများအတွက် အောက်ပါအတိုင်း ဆောင်ရွက်ရပါသည် -
🐰တရားသေလွှတ်မိန့်ကို အယူခံဝင်ခြင်း (Appeal against Acquittal)
(၆) လအတွင်း တင်သွင်းနိုင်သည်။
ကာလစည်းကမ်းသတ် အက်ဥပဒေ၊ အပိုဒ် ၁၅၇။ ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၄၁၇ ။
🐰နစ်နာသူမှ တရားသေလွှတ်မိန့်ကို အယူခံဝင်ပေးရန် ဥပဒေရုံးသို့ လျှောက်ထားခြင်း
(၃၀) ရက်အတွင်း လျှောက်ထားရမည် ။
တရားရုံးများလက်စွဲ အပိုဒ် ၈၀၉ ။
🐰ဥပဒေအရာရှိများမှ ပြင်ဆင်မှု တင်သွင်းရန် ဆောင်ရွက်ခြင်း
ရက်ပေါင်း (၆၀) အတွင်း သက်ဆိုင်ရာ တရားရုံးသို့ တင်သွင်းရမည် ။
ပြည်ထောင်စုရှနေချုပ် နည်းဥပဒေများ နည်းဥပဒေ ၁၃၀ ။
၃။ ကာလစည်းကမ်းသတ် ရေတွက်ခြင်းနှင့် သက်တမ်းတိုးခြင်းဆိုင်ရာ အထွေထွေပြဋ္ဌာန်းချက်များ
🌹 အချိန်ကာလ ထုတ်ပယ်ခြင်း (Exclusion of Time)
အယူခံမှု သို့မဟုတ် ပြန်လည်သုံးသပ်မှုများအတွက် စီရင်ချက်ချသည့်နေ့နှင့် ဒီကရီ/အမိန့် မိတ္တူရရှိရန် လိုအပ်သော အချိန်ကာလကို ထုတ်ပယ်ရေတွက်ရမည်။ ( ကာလစည်းကမ်းသတ် အက်ဥပဒေ ပုဒ်မ ၁၂) ။
🌹လုံလောက်သောအကြောင်းပြချက်ဖြင့် သက်တမ်းတိုးခြင်း (Extension of Period)
အယူခံသူ သို့မဟုတ် လျှောက်ထားသူသည် သတ်မှတ်ကာလအတွင်း အဘယ်ကြောင့် မတင်သွင်းနိုင်သည်ကို တရားရုံးက ကျေနပ်အောင် လုံလောက်သောအကြောင်းပြချက် (ဥပမာ- နေမကောင်းခြင်း၊ ထောင်တွင်းရောက်နေခြင်း) ပြနိုင်လျှင် တရားရုံးက လက်ခံနိုင်သည်။ (ကာလစည်းကမ်းသတ် အက်ဥပဒေ ပုဒ်မ ၅) ။
🌹 ပိတ်ရက်အတွင်း ကာလကုန်ဆုံးခြင်း
စည်းကမ်းသတ်ကာလသည် တရားရုံးပိတ်ရက်တွင် ကုန်ဆုံးပါက ရုံးပြန်ဖွင့်သည့်နေ့တွင် တင်သွင်းနိုင်သည်။ ( ကာလစည်းကမ်းသတ် အက်ဥပဒေ ပုဒ်မ ၄)
#ဥပဒေအတိုအထွာ
#ဥပဒေ