02/10/2023
အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်း (Online Sales) လုပ်ငန်းများ မှတ်ပုံတင်နိုင်ရေးအတွက် eComReg System အား ၂၀၂၃ ခုနှစ် အောက်တိုဘာလ (၂) ရက်နေ့တွင် စတင်လျှောက်ထားနိုင်ပြီဖြစ်ပါသည်။
ယင်းတွင် အမျိုးစား (၂) မျိုးလျှောက်ထားနိုင်မည်ဖြစ်ပါသည်။
(၁) ကုမ္ပဏီ (သို့မဟုတ်) စီးပွားရေးအဖွဲ့အစည်းများ
(၂) Individual တစ်ဦးချင်းစီးပွားရေးလုပ်ငန်းများ တို့ဖြစ်ပါသည်။
လျှောက်ထားရမည့် Online ရောင်းချသူများ
----------------------------------
ပြည်တွင်း၌ အခြေပြုသည်ဖြစ်စေ၊ ပြည်ပ၌ အခြေပြုသည်ဖြစ်စေ မြန်မာနိုင်ငံအတွင်းနေထိုင်သူများအား ရောင်းချသည့် online အသုံးပြု၍ ကုန်ပစ္စည်း/ဝန်ဆောင်မှုရောင်းချမှု အားလုံးမှတ်ပုံတင်ရမည်ဖြစ်ပါသည်။
မှတ်ပုံတင်ကြေးများ
--------------
မှတ်ပုံတင်ကြေးနှင့် အခြားပေးဆောင်ရန်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်။
-မှတ်ပုံတင်ကြေး၊
-သက်တမ်းတိုးကြေး၊
-ပြင်ဆင်ကြေး၊
-Online Application Form ကြေး။
ငွေပေးချေခြင်း
-----------
ငွေပေးချေခြင်းအား Online Payment များဖြစ်သည့်
MPU (e-Commerce Pay)
AYA Pay,
Master/Visa Card,
JCB Card များနှင့်ပေးချေနိုင်ပါသည်။
လိုအပ်သည့်စာရွက်စာတမ်းများ ပြင်ဆင်ခြင်း
---------------------------------
၁။ ကုမ္ပဏီ (သို့မဟုတ်) စီးပွားရေးအဖွဲ့ အစည်းအတွက် လျှောက်ထားခြင်းအတွက် ပူးတွဲတင်ပြရန် ကုမ္ပဏီမှတ်ပုံတင် လက်မှတ် PDF (သို့) JPEG ပြင်ဆင်ထားခြင်း။
၂။ ကုမ္ပဏီ (သို့မဟုတ်) စီးပွားရေးအဖွဲ့ အစည်းအတွက် လျှောက်ထားခြင်းအတွက် ပူးတွဲတင်ပြရန်SME မှတ်ပုံတင်လက်မှတ် PDF (သို့) JPEG ပြင်ဆင်ထားခြင်း။
၃။ ဆိုင်လိပ်စာမှန်ကန်ကြောင်း ရပ်ကွက်ထောက်ခံစာရယူ၍ PDF (သို့) JPEG ပြင်ဆင်ထားခြင်း။
၄။ ရဲစခန်းထောက်ခံစာ ရယူ၍ PDF (သို့) JPEG ပြင်ဆင်ထားခြင်း။
၅။ Passport Photo (JPEG File Format) ပြင်ဆင်ထားခြင်း။
၆။ လျောက်ထားသူ Online Shop Owner ၏ မှတ်ပုံတင် ပူးတွဲတင်ပြရန် မှတ်ပုံတင် ရှေခြမ်းနှင့် နောက်ခြမ်းတို့အား Scan ပြုလုပ် PDF (သို့) JPEG ပြင်ဆင်ထားရန်
၇။ နိုင်ငံခြားသား လျှောက်ထားသူများ Passport ရှေ့ခြမ်း စာမျက်နှာအား PDF (သို့) JPEG ပြင်ဆင်ထားရန်
၈။ လျှောက်ထားသူ Owner ၏ နေထိုင်ကြောင်း လိပ်စာမှန်ကန်ကြောင်း ရပ်ကွက် နှင့် ရဲစခန်းထောက်ခံစာများ ပူးတွဲတင်ပြရန် PDF (သို့) JPEF file format ပြင်ဆင်ထားရန်။
၉။ မိမိတို့ လျှောက်ထားမည့် Online Shop များ၏ LOGO များ တင်ပြရန် JPEG file format ဖြင့် ပြင်ဆင်ထားရန်။ Individual စီးပွားရေးလုပ်ငန်းများ လျှောက်ထားရန်အတွက် Company မှတ်ပုံတင်လက်မှတ် တင်ပြရန် မလိုအပ်ပါ။
၃၁၊ ၁၂၊ ၂၀၂၃ ရက်နေ့အထိ မှတ်ပုံတင်ကြေးကင်းလွတ်ခွင့်ရပါမည်။ မှတ်ပုံတင်ကြေးကင်းလွတ်ခွင့်ဖြင့် မှတ်ပုံတင် သက်တမ်း (၆) လ ရပါမည်။